သူရဲဘောကြောင်သူ
Vol. 25 Ch. 479
ရှဲဖင်းကန်းတွက် ထိုလူက ပြည်တန်ဆာရုံသွားနေရခြင်းက သိပ်အရေးမကြီးပါ ။ ဒါ့အပြင် ဒီအမျိုးသားက အိမ်ထောင်မပြုသေးသော်လည်း သာမန်ထက် ဘာမျှ ပိုမလုပ်နေသောကြောင့် လုံလောက်နေပြီဖြစ်သည်။
အိမ်ထောင်ကျပြီးနောက်မှ ၎င်းကို ဆက်လုပ်နေလျှင်တော့ သူ့ခြေထောက်များကို ရိုက်ချိုးမိလိမ့်မည်။
လတ်တစ်လောတွင်တော့ သူ့ထက် ပိုကောင်းသည့် သတို့သားလောင်းကို မတွေ့သေးပေ။
ရှဲ့ချောင် ၏ အသက်မရှည်သောသတင်းက လူအ
များကြားတွင်ပျံ့နှံနေခဲ့သည်။ ထို့အတွက် သင့်တင့်လျောက်ပတ်သောမိသားစုက အသက်မရှည်သောသူတစ်ဦးကို မည်သို့လက်ထပ်နိုင်မည်နည်း။
ဤလူကမူ စည်းစိမ်နှင့်ပတ်သက်၍သာ ချို့ယွင်းချက်အချို့ရှိသည်။ သူက တခြားကဏ္ဍများတွင်တော့ အလွန်ပြည့်စုံပါသည်။ သူ့ရုပ်ရည်၊ စာပေအရည်အချင်း၊ ဥပဓိရုပ်စသဖြင့် ချို့ယွင်းချက်တစ်ခုမှ မရှိနေပေ။
သူမျှော်မှန်းထားသည့်အတိုင်းသာ ဖြစ်လာမည်ဆိုလျှင် ရှဲ့မိသားစုက သူ့ကို အနာဂတ်တွင် စောင့်ရှောက်ပေးမည်ဟုပင် တွေးနေခဲ့သည်။
အကယ်၍ သူသာ အလုပ်ကြိုးစားပါက နောင်စာမေးပွဲတွင် အမှတ်အများဆုံးဖြစ်လာနိုင်သည်။
"ဘယ်လိုလဲ? သူနဲ့တွေ့ချင်လား" ရှဲဖင်းကန်း က မျှော်လင့်တကြီး ကြည့်နေသည် ။
ရှဲ့ချောင် က ထိုလူ၏မျက်နှာကိုစိုက်ကြည့်ကာ သူ့အစ်ကိုပြောသည့်စကားကို တွေးနေခဲ့သည်။ သူမက သေချာခေါင်းညိတ်ပြီး "ဟုတ် ကိုကြီး၊ ကိုကြီးစီစဉ်ထားတာကို ဆက်လုပ်ပါ"
ဤဥပဓိရုပ်နှင့်လူက ဘာအတွက် ဆင်းရဲနေသလဲ သူမနားမလည်ပေ။
သူမ သိချင်နေ၏။
ရှဲဖင်းကန်း လည်း ပီတိဖြစ်နေသည်။
နောက်ဆုံးတော့ ရှဲ့ချောင် က မငြင်းသည့် သင့်တော်သူတစ်ဦးကို ရှာတွေ့ခဲ့လေပြီ။
ရှဲ့ချောင် က သူ့ကို သဘောကျသရွေ့ အဘိုးကြီး အိမ်ပြန်လာသည်နှင့် မင်္ဂလာပွဲကို ချက်ချင်း စီစဉ်ပေးရမည်။ မင်္ဂလာပွဲပြီးမှ ထိုအဖွားကြီးကို သတ်ပစ်ရမည့် နည်းလမ်းအား တွေးတော့မည်။ ဤနည်းအားဖြင့်၊ မိသားစုရှိ အခြားကလေးနှစ်ဦးက
သုံးနှစ်တိုင်တိုင် ဝမ်းနည်းကြေကွဲရပေလိမ့်မည်။
ရှဲဖင်းကန်းက အလွန်စိတ်ထားကောင်းသူဖြစ်သည်။ ရှဲ့ချောင် ကလည်း ပုံတူကို သိမ်းဆည်းခဲ့သည်။ အစ်ကိုကြီး၏ အကြည့်ကို သူ မမြင်လိုက်သည့်အတွက် “အစ်ကိုကြီး၊ ညီမလေးတို့အိမ်မှာ ကြွက်ရှိလား။ ဒီညီမလေးရဲ့ စပျစ်ဝိုင်တွေကို ခိုးသောက်သွားလားလို့ပါ။ ညီမလေးလုပ်ထားတဲ့ ဝိုင်ထက်ဝက်ကျော်လောက်ပြောင်သွားပြီ "
ရှဲဖင်းကန်း ၏မျက်နှာ ချက်ခြင်းပျက်သွားသည်။
ဝိုင်ကိုထုတ်ယူပြီး အိမ်ရှေ့စံမင်းသားထံ ပို့လိုက်ပြီးလေပြီ။
တခြားနည်းလမ်းမှ မရှိဘဲ။ အိမ်ရှေ့စံမင်းသားက ၎င်းကိုအထူးနှစ်သက်နေသည်လေ။ သူ့လက်အောက်ငယ်သားအနေဖြင့် အိမ်ရှေ့စံမင်းသား၏ အစာစားချင်စိတ်ကို အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးရမည်မလား..
“ကိုကြီး ညီမလေးရဲ့ဝိုင်တွေက ဘယ်လောက်စျေးကြီးလဲသိလား” ရှဲ့ချောင် က ထပ်မေးပြန်သည်။
"ငွေ?"
ရှဲဖင်းကန်း က အပြစ်ရှိကြောင်းပြောပြီး “ငါတို့က မောင်နှမသားချင်းတွေပဲကို ဘာလို့အဲ့လိုတွေ ပြောနေမှာလဲ အဲ့လိုငွေကိစ္စတွေပြောနေတာက ငါတို့ကို ပိုတောင်သွေးကွဲစေဦးမယ် ဟုတ်တယ် ဝိုင်အကုန်ကိုကြီး သောက်လိုက်မိတာ နင်သောက်ချင်ရင် ငါပြန်ဝယ်ပေးမယ်ဟာ"
ထိုစကားကိုပြောပြီးနောက် ရှဲဖင်းကန်း ချက်ချင်းထကာ အလျင်စလို ထွက်လာခဲ့သည်။
ထိုအကျင့်ပုတ်မလေးက ပါးနပ်သည်။ ယခင်က အဖေကသူ့ကိုကျိန်ဆဲခဲ့မိသဖြင့် ကံဆိုးခဲ့ရသည်။
ထိုကောင်မလေးတွင် သူ့ဆွေမျိုးတွေ ကံဆိုးစေမည့် လက်နက်တစ်ခုခုရှိနေလိမ့်မည်။ သူသာ ဒီမှာဆက်နေလျှင် သူ့အဖေခြေရာကို လိုက်နင်း နေရပေလိမ့်မည်။
ခဏလောက်ရှောင်နေတာက ပိုကောင်းသည်။
ရှဲ့ချောင် သည် သူမ၏ ဒေါသစိတ်ကို ဖြေဖျောက်ချင်သော်လည်း ရှဲဖင်းကန်းက ထိုမျှ သူရဲဘောကြောင်နေလေသည်။
သူမနှင့် သူမ အစ်ကိုတို့က အမေတူမောင်နှမ အရင်းဖြစ်ပြီး နှစ်ယောက်စလုံးက ဉာဏ်ကောင်းသူများဖြစ်သည်။ ကိုကြီးက သူ့အမေ သခင်မဖုန်ရဲ့ ဉာဏ်ရည်ဉာဏ်သွေးကို အမွေဆက်ခံထားပုံရသည်။ သို့သော် ပုံစံက အဖေနှင့်တူသည်။
ရှဲဖင်းကန်း က ရှဲ့ချောင် ပြောသည့်စကားကို အမြဲတစေ အာရုံစိုက်ခဲ့သည်။
သူမ၏ အကြံပေးချက်ကိုကြားပြီးသည့် နောက်
တစ်နေ့တွင် ရှဲ့မန်ရှန်း၏အလုပ်သို့ လေ့လာရန် သွားခဲ့သည်။
ထို စစ်ဆေးမှုက သူ့ကို ဒေါသတကြီး ဖြစ်စေခဲ့သည်။
ရှဲ့မန်ရှန်းက လုံးဝအရူးမဟုတ်ဟု သူထင်ခဲ့သည်၊ သို့သော် ဤလူက အသက်သေနိုင်သည်အထိ လောဘကြီးမည်ဟု သူ မမျှော်လင့်ထားပေ။
သူက စစ်မှုထမ်းမည့်လူများကို ကြီးကြပ်ရန် အဓိကတာဝန်ယူခဲ့သည်။ သူ၏ ကြီးကြပ်မှုအောက်တွင်ရှိသော လူများက ဆိုးရွားစွာ ခံစားနေခဲ့ရသည်။ ရှဲ့မန်ရှန်းက သူ့အား အကျိုးခံစားခွင့် ပေးစွမ်းနိုင်သူများကို သက်တောင့်သက်သာရှိစေမည့် နေရာတစ်ခုစီစဉ်ပေးမည်ပင်။ မိသားစုက ဆင်းရဲပြီး ဘာအကျိုးအမြတ်မှ ပေးနိုင်မည့်ပုံမပေါ်လျှင်... သူရဲ့ ဖိနှိပ်မှု ခံရမည်မှာ မလွဲဧကန်ပင်။
ရှဲဖင်းကန်း က ရှဲ့မန်ရှန်း၏ အခြေအနေကို
အစောပိုင်းထဲက သိသင့်သည်ဟု ထင်နေခဲ့သည်။
ဤသို့ လုပ်ရဲသည့် သတ္တိရှိလောက်မည်ဟု သူ မထင်ခဲ့ပေ။
ကံကောင်းထောက်မစွာဖြင့် ရှဲ့မန်ရှန်း က အစက ထိုသို့ပြုမူရန် သတ္တိမရှိခဲ့ပေ။
ယခုနှစ်မှသာ စတင်၍ လာဘ်ပေးလာဘ်ယူခဲ့သဖြင့် ကျူးလွန်ခံရသူ အရေအတွက်မှာ အထူးတလည် မြင့်မားခြင်းမရှိသေးပေ။
ရှဲဖင်းကန်း ကလည်း တာဝန်ရှိသူတစ်ဦးနှင့် ချက်ချင်းတိုင်ပင်ကာ ရှဲ့မန်ရှန်းကိုရာထူးမှ ထုတ်ပယ်ခဲ့သည်။
••••