← Chapters

ဘေးအန္တရာယ်

Vol. 25 Ch. 480

ဘေးအန္တရာယ်

Vol. 25 Ch. 480

ရှဲ့မန်ရှန်းကို ပစ်မှတ်မထားဘဲ ရှဲဖင်းကန်း သည် ၎င်းကို တွေးကာ စစ်တပ်တွင် အမှုထမ်းနေသူများအကြောင်းကို စတင်စုံစမ်းခဲ့သည်။

နှစ်များအလျောက် သူတို့၏အလုပ်ကြောင့် လူပေါင်းများစွာ သေဆုံးခဲ့ရကြောင်း သူတွေ့ရှိခဲ့ရသည်။ 

တစ်နည်းအားဖြင့် စစ်တပ်တွင် တာဝန်ထမ်းဆောင်နေသော လူများကို ကြီးကြပ်ကွပ်ကဲရသည့် ကြီးကြပ်ရေးမှူး အများအပြားမှာ  လာဘ်ထိုးငွေများ ရရှိခဲ့ပြီး ကွဲပြားစွာ ဆက်ဆံခဲ့ကြရကာ အကျိုးခံစားခွင့်ကိုဝယ်ယူရန် မတတ်နိုင်သည့်သူများကို နှိပ်စက်ညှဉ်းပန်းခဲ့ကြသည်။

ရှဲဖင်းကန်းကား ယင်းအခြေအနေအတွက် သက်သေများကို ဖြည်းဖြည်းချင်း ရှာဖွေတွေ့ရှိခဲ့သည်။

ရှဲ့မန်ရှန်းမှာသူ၏ရာထူးကို သူတို့၏ဖခင်အဆက်

သွယ်များဖြင့် ရရှိခဲ့ကြောင်း သူသိထားသည်။ ယခု သူက လူများစွာကို ထိခိုက်နစ်နာစေခဲ့သောကြောင့် ရှဲ့မိသားစုဘက်မှ တာဝန်ယူရတော့ပေမည်။

အမှားကို သူလက်ခံရပေလိမ့်မည်။

သို့သော်လည်း အထောက်အထားရှာရန် အချိန်ယူရဦးမည် ဖြစ်သည်။ ထိုအချိန်တွင် ရှဲ့မန်ရှန်းသည် ထိုသတင်းကို ရရှိနေပြီဖြစ်လောက်သည်။

ရှဲဖင်းကန်း မှာလည်း လူမိုက်မဟုတ်ပေ။ ရန်သူကို လက်တို့သယောင်ဖြစ်မည် ဆိုးသည့်အတွက် သူက ဦးဆောင်ခဲ့သည် ကို မသိစေဘဲလျှို့ဝှက်စွာလှုပ်ရှားခဲ့သည်။

ရှဲ့မန်ရှန်း၏ စိတ်ထဲတွင် ဆရာမမော့၏ စကားများဖြင့် ပြည့်နှက်နေပါသည်။

သူမစကားအမှန်ဖြစ်လာသည်!

သုံးရက်မပြည့်သေးဘဲ  သူ၏ ရာထူးပျောက်သွားခဲ့ပါသည်။

သူ့ အမှတ်အသားက ညိုနေသောကြောင့်ဘေးဥပဒ်တွေများ ထပ်လာဦးမလား။

ရှဲ့မန်ရှန်းက အမှန်တကယ် ထိတ်လန့်သွားသည်။

ဆရာမမော့မှာ  လောကီရေးရာ ကျွမ်းကျင်သူတစ်ဦးဖြစ်ကြောင်း အလွန်ကျော်ကြားပါသည်။ သူမက အမတ်များနှင့် ကောင်းမွန်သောဆက်ဆံရေးရှိပြီး သူ့ကို မမြင်ဖူးသောကြောင့် ပစ်မှတ်ထားခြင်းက ပို၍ပင် မဖြစ်နိုင်ပေ။ ထို့ကြောင့် ဆရာမမော့က သူရာထူးကျမည့်အကြောင်းကို ရိုးရိုးရှင်းရှင်းပင် ဟောကိန်းထုတ်ခဲ့ခြင်းသာဖြစ်လိမ့်မည်။

ရှဲ့မန်ရှန်းသည် ဆရာမမော့က သူ့ဆီက မျှော်ကိုးနေခြင်းလည်း မရှိနိုင်ပေ။

ပြောရလျှင် … ကြမာမာဥယျာဥ်ရှိ ထင်းကွဲတစ်ပိုင်းတောင်မှ  ငွေစတစ်ရာနှင့် ရောင်းထွက်

နိုင်သည်ဟု သိထားသည်။

သူသည် မည်သူမှ မဟုတ်ပေ။ ထို့မတွက် ဆရာမက သူ့ကိုလိမ်ညာစရာအကြောင်းမရှိချေ။

ယင်းကိုတွေးပြီး ရှဲ့မန်ရှန်းက မစောင့်နိုင်တော့သဖြင့် ကြမ္မာဥယျာဥ်သို့ ချက်ချင်းထွက်သွားတော့သည်။ 

ကံမကောင်းစွာဖြင့် ပထမနေ့တွင် ဆရာမမော့မရှိပေ။ ဒုတိယနေ့တွင်လည်း သူမ မရှိပြန်။

ထို့အတွက် သူ့တွင်လည်း လုပ်စရာအလုပ်မရှိသည့်အတူတူ  ကြမ္မာဥယျာဥ်တွင်ပင်နေပြီး ညပိုင်းအထိစောင့်နေခဲ့သည်။ ဆိုင်ရှင်ချန် သည် ရှဲ့ချောင် ၏အမိန့်ကို နားထောင်ပြီး သူ့ကို လျစ်လျူရှုကာ လူများကို ဆက်လက် စျေးရောင်းနေခဲ့သည်။

ငါးရက်၊ ခြောက်ရက်ကြာပြီးနောက် ရှဲ့ချောင် ပေါ်လာခဲ့သည်။

ရှဲ့မန်ရှန်းပြောင်းလဲသွားလေပြီ။

ရက်အနည်းငယ်ကြာပြီးနောက် သူ၏မုတ်ဆိတ်မွှေးများ ပိုရှည်လာကာ သူ့မျက်နှာမှာလည်း ဇယာထောင်းနေလေသည်။ သူသည် အသက်အတော်ရနေဟန်ပေါ်နေ၏။

"ဆရာမ!" ရှဲ့မန်ရှန်း ဒူးထောက်လိုက်သည် ။ 

သူက  ရှဲ့ချောင် ၏ တာအိုဝတ်ရုံကို ဆွဲကိုင်လိုက်ပြီး "ဆရာမ ကျုပ်ကို ကယ်ပါ! ဆရာမ စကားကိုနားထောင်ပြီး အိမ်ထောင်ပြုမယ့်ကိစ္စကို ရပ်ထားပေမယ့်  ကျုပ်ရဲ့ရာထူးပျောက်သွားပြီ.. ဖြေပေးပါဦး ကပ်ဘေးကြီးကို ရင်ဆိုင်ရတော့မှာလား။ ကျုပ်ဒီရက်တွေအတွင်း အသက်ရှည်ရှည်မနေရတော့ဘူးလို့ ခံစားနေရတယ် ”

ကံဆိုးမှုက ရေအေးသောက်ပြီးရင်တောင် သွားများကို ကျဉ်စေခဲ့သည်။ 

လှည့်ထွက်လာသည့် ပထမဆုံးနေ့တွင်ပင်  သူထမင်းစားရင်း ထမင်းလုံးနင်ခဲ့သည်။ ရင်ဘတ်ကိုမထုခဲ့ရင်  သေသွားနိုင်ပါသည်။

“ဒီရက်ပိုင်းတွေမှာ  ကျုပ်လမ်းလျှောက်နေရင်တောင်  လူတွေက ကျွန်တော့်ကို မတော်တဆ ဝင်တိုက်တယ် တံခါးဖွင့်ရင်လည်း တံခါးကပြန်ကန်တတ်တယ်။  မနေ့မနက်ကဆိုက ကျွန်တော့်ခေါင်းပေါ် ငှက်ချီးပါချသွားတယ်။ အရေးကြီးဆုံးက ဒီနေ့ ကြမ္မာဥယျာဥ်ကိုလာတဲ့လမ်းမှာ မြင်းခွါနဲ့ အနင်းခံရလုနီးနီးပါပဲ”

ကောင်းကင်ဘုံက သူ့ကို သတ်ရန် ဆုံးဖြတ်လိုက်သလိုပင်။

ရှဲ့မန်ရှန်း  ပြီးခဲ့သည့် ရက်အနည်းငယ်က သူ့ထံ ဖြစ်ခဲ့သမျှ အရာအားလုံးကို ဆရာမအား ပြောပြလိုက်သည်။

ရှဲ့ချောင် ထူးထူးခြားခြား ပြုံးလိုက်သည်။

သူ၏ကံမှာ အမှတ်အသားနှင့် လုံးဝ မသက်ဆိုင်ပေ။ အကြောင်းပြချက်က ထိုအချိန်က အဓိပ္ပါယ်မရှိလျှောက်ပြောခဲ့ခြင်းကြောင့်ပင်။

သို့သော် ကံမကောင်းပါဟု ယုံကြည်နေသရွေ့ အဖြစ်အပျက်သေးသေးလေးကိုတောင် ကြီးကြီးမားမား ချဲ့တွေးနေမိခြင်းဖြစ်သည်။

အချိန်ကြာလေ၊ သူ့အတွက် အဆိုးများ ပိုများလာလေ ဖြစ်ပေလိမ့်မည်။

ထို့ပြင် လူတိုင်း ကြောက်တတ်သူများက ကြောင်တောင်တောင်ဖြစ်သွားတတ်သည့်အတွက် စိတ်မသက်မသာဖြစ်နေမည်ဖြစ်သည်။  ထို့ကြောင့် မတော်တဆမှုဖြစ်နိုင်ခြေ ပိုများသည်။

“မင်းကံဆိုးနေတယ် မင်းရဲ့ခန္ဓာကိုယ်ထဲက မကောင်းဆိုးဝါးစွမ်းအင်တွေကို မဖယ်ရှားပစ်ရင် မင်းအေးဆေးနေရမှာမဟုတ်ဘူး…” ရှဲ့ချောင် က ထပ်ပြောသည်။

အမှန်ပင်။ 

လူတစ်ယောက်၏အသွင်အပြင်က အရာများစွာကို ဆုံးဖြတ်နိုင်သည်။

 ဥပမာအားဖြင့် ယခုလက်ရှိတွင်  ရှဲ့မန်ရှန်းသည် ပျာယာခတ်နေသဖြင့် သူ၏စိတ်ဝိညာဉ်သည် မတည်မငြိမ်ဖြစ်နေပြီဖြစ်သည်။ အမှောင်စွမ်းအင်နှင့် မကောင်းသော စွမ်းအင်တို့က သူ့ထံအလွယ်တကူ ရောက်လာမည် ဖြစ်သောကြောင့် သူ့ထံတွင် ကံဆိုးမှုများ ကျရောက်လာဦးမည်ဖြစ်သည်။

ထို့အပြင်…

ရှဲ့ချောင် က ခန့်မှန်းချက်တစ်ချို့ကိုသာ ပြောလိုက်သော်လည်း အမှန်တကယ် ဘေးအန္တရာယ်ဆိုးနှင့်ကြုံတွေ့ခဲ့ရကြောင်း တွေ့ရှိခဲ့ရသည်။

••••

All Chapters