← Chapters

ငွေကြေးဆုံးရှုံးမှုသည် ဘေးအန္တရာယ်ကိုကာကွယ်နိုင်မည်

Vol. 26 Ch. 481

ငွေကြေးဆုံးရှုံးမှုသည် ဘေးအန္တရာယ်ကိုကာကွယ်နိုင်မည်

Vol. 26 Ch. 481

ယခင် ရှဲ့ချောင် သူ့ကိုကြည့်စဉ်က ကံဆိုးမှုမပေါ်လာသေးချေ။ သို့သော်၊ အခြေအနေတစ်ခု မကြာသေးမီက ပေါ်လာခဲ့ပြီး ယင်းအခြေအနေက...

ရှဲ့ချောင်က သူ့သိထားသင့်သည်ဟု ထင်မိသည်။

သူမ တစ်ခဏမျှ တွေးလိုက်မိသည်။

မကြာသေးမီက သူမက ရှဲ့မန်ရှန်း၏အခြေအနေကို သူမ၏အစ်ကိုကြီးအားပြောပြခဲ့ဖူးသည်။ ထို့အတွက် ရှဲ့မန်ရှန်း၏ ကံဆိုးမှုက သူမ၏အစ်ကိုနှင့် ပတ်သက်မှုတစ်ခုခုရှိလိမ့်မည်။

"ဆရာမ! ဒီကပ်ဆိုးကြီးကို အမြန်ဖြေရှင်းပေးပါ…တောင်းပန်ပါတယ် ” ရှဲ့မန်ရှန်း၏ အမူအရာ ပြောင်းသွားခဲ့သည်။

သူကမည်သူမျှမဟုတ်ပါ။ရှဲ့နျိုရှန်း၏ ကျော်ကြားမှုအားကိုးဖြင့် ချမ်းသာလာခဲ့ခြင်းသာ။ သူကံကောင်းနေသဖြင့် အစားအသောက်အတွက် ပူစရာမလိုခဲ့ပေ။

သူတို့တစ်ယောက်စီတိုင်းတွင် ကျေးဇူးရှင် တစ်ယောက်စီရှိတတ်သည်။

ရှဲ့မန်ရှန်းအတွက် ရှဲ့နျိုရှန်းက အမှန်တကယ်ပင် သူ၏ ကျေးဇူးရှင်ဖြစ်သည်။

သို့သော် ဤကျေးဇူးရှင်၏ အရိပ်အာဝါသက ပို၍ ဝေးကွာလာနေသည်ဟု ခံစားရသဖြင့် နေရာပျောက်သွားမည်ကို သူကြောက်နေခဲ့သည်။

“ဒီကိစ္စကြီးက ဖြေရှင်းဖို့ မလွယ်ဘူး…”

ရှဲ့ချောင် က စဉ်းစားလိုက်ပြီး “ကုသိုလ်ကောင်းမှု

တွေ လုပ်လေ့ရှိလား”မေးလိုက်သည်။

ရှဲ့မန်ရှန်း၏ မျက်နှာပျက်သွားပြီး “ကုသိုလ်ကောင်းမှု လုပ်ရတာ မကြိုက်ပါဘူး…”

ဒီလိုအချိန်အခါမှာ သူ ဘယ်လိုလုပ် လိမ်ရဲပါ့မလဲ? 

"အဲဒါက ပိုဆိုးစေတာပဲ"

ရှဲ့ချောင် က သူမနှုတ်ခမ်းကို ကိုက်ကာ ခေါင်းကိုရမ်းလိုက်ပြီး "နေ့စဉ်နေ့တိုင်း ကုသိုလ်ပြုလို့ ကံတက်နေရင် ဒုက္ခအကြီးကျယ် ကြုံရရင်တောင် လျော့ပေါ့ သက်သာတတ်တယ် ဒါပေမယ့် မင်းက အဲ့လိုလည်းမလုပ်ထားဘူးဆိုတော့ ဒီကံက ပိုဆိုးလာဖို့ပဲရှိတယ်”

ရှဲ့ချောင် သည် အဓိပ္ပါယ်တစ်စက်မှ မရှိသည်များကိုသာ ပြောနေသည်။ 

လိမ်ညာတတ်သူများအကြောင်း သူမအနည်းငယ်

သိသည်လေ။ 

"ဆရာမ ကျုပ်က ဘာလုပ်ရမလဲ" ရှဲ့မန်ရှန်းစိတ်မရှည်စွာပြောလိုက်သည်။

“လူကြီးမင်း ကျွန်မလည်း မကူညီနိုင်ဘူး” ရှဲ့ချောင် က ခေါင်းခါပြသည်။

“ကျုပ်မှာ ငွေရှိတယ်။ ငွေကြေးဆုံးရှုံးမှုက ဘေးအန္တရာယ်ကို ကာကွယ်နိုင်တယ်လို့ ဆိုရိုးရှိတယ်မလား”

ရှဲ့မန်ရှန်း ရုတ်တရက် တစ်ခုခုကို တွေးကာ “ဒီကံက ဘယ်လောက်လောက်တန်မယ် ထင်လဲဟင်။ အိမ်နဲ့မြေကို ရောင်းရမယ်ဆိုရင်တောင် ဒီကပ်ကြီးကနေ ရအောင်ရုန်းထွက်ချင်ပါတယ်!”

သူ့ဘဝထက် ဘယ်အရာကမှ ပိုအရေးမကြီးပါ။ 

သူက ငယ်စဉ်ကတည်းက ဆင်းရဲဒုက္ခ ကြုံခဲ့ရပြီး ဆင်းရဲမွဲတေခဲ့သည်။ ယခုနှစ်များအတွင်း

ရုတ်တရက် ကောင်းမွန်သည့်ဘဝကို ပိုင်ဆိုင်ခဲ့ရသော်လည်း သူမပျော်မွေ့ခဲ့ပေ။

"ကိုယ့်လူ၊ ငွေဆိုတာ ဘာအစွမ်းအစမရှိဘူးဆိုတာ သိရမယ်လေ" ရှဲ့ချောင် အသက်ပြင်းပြင်းရှူရင်း "ဒါပေမယ့်... တကယ်စိတ်ရင်းနဲ့ပြောနေမှန်းကျွန်မသိတယ်."

“ဟုတ်တယ်!ကျုပ်တကယ်ပြောတာပါ!" ရှဲ့မန်ရှန်း၏ အသံသည် ဆူညံနေ၏။

“ဒီကံဆိုးမှုကနေ မလွတ်မြောက်နိုင်ဘူးလို့ မဆိုလိုဘူး တန်ရာတန်ကြေးကို မင်းတကယ်ပေးနိုင်ရင် မင်းအသက်ကို ကယ်နိုင်မှာပါ။ ကျန်တာတော့ ဒီဘေးဆိုးကြီးပြီးမှ ဖြည်းဖြည်းချင်း ပြန်ယူပေါ့” ဟု ရှဲ့ချောင် က ဖြည်းညှင်းစွာပြောသည်။

သို့သော်၊ ၎င်းသည် ရှဲ့မန်ရှန်း၏မျှော်လင့်ချက်ကို မီးမောင်းထိုးပြခဲ့သလို ဖြစ်နေသည်။

"ကောင်းဗျာ ကျုပ်အသက်ကို ရအောင်ကယ်ပေးပါ ကျုပ်အသက်ကိုပဲ ကယ်ရမှာပေါ့!" ရှဲ့မုန်ရှန်း၏ မျက်နှာသည် ချွေးများဖြင့် စုတ်ပျက်နေသည်။

“မင်းရဲ့ အခြေအနေကို ငါကြည့်ရသလောက် မင်းမိသားစုရဲ့ စည်းစိမ်တွေက ရိုးသားစွာရထားတာမျိုးမဟုတ်ဘူး အဲ့ဒါက မင်းရဲ့ လက်ရှိအခြေအနေကို ဖန်တီးနေတာလားပဲ ။ ဒါတွေအားလုံးကို ပြောင်းလဲချင်တယ်ဆိုရင်တော့ မင်းရိုးသားမှုရှိမရှိအပေါ် မူတည်ပါတယ်” လို့ ရှဲ့ချောင် ထပ်မံ ပြောလိုက်သည်။

ရှဲ့မန်ရှန်း ထိုစကားကိုကြားလိုက်သောအခါ သူ့နှလုံးသားများ တုန်လှုပ်သွားတော့သည်။

ဆရာမက အလွန်မှန်နေသည်ကို။

ဟုတ်သည်  သူ၏ မိသားစုရဲ့ စည်းစိမ်ဥစ္စာများကို သူရှာခဲ့ခြင်းမဟုတ်ပေ။

ထိုအိမ်ကို အလတ်ကောင်ကဝယ်ပေးခြင်းဖြစ်ပြီး  အိမ်မှာရှိတဲ့ စားစရာအားလုံးကိုလည်း အလတ်ကောင် မိသားစုက ပေးခဲ့ခြင်းဖြစ်သည်။

ဒီနှစ်မှသာ သူ့ညီက များစွာ မပေးခဲ့ခြင်းဖြစ်သည်။ ထို့တွက် ငွေက မလောက်ငှဘူးဟု ထင်နေသဖြင့် အခြားနည်းလမ်းများကိုရှာဖွေနေခြင်းဖြစ်ပေသည်။

သူက ဝဋ်လည်နေတာများလား။

“ဆရာမ ပွင့်ပွင့်လင်းလင်းပြောပေးပါ။ ကျုပ်အသက်ကို ကယ်နိုင်တယ်ဆိုသရွေ့ ကျုပ်ဘက်က ဘာလုပ်ရ လုပ်ရပါ" ရှဲ့မန်ရှန်းက ပြောသည်။

"မင်း ဘက်က စိတ်ရင်းမှန်ရင်တော့  ဒီကိစ္စကပြေလည်သွားမှာပါ" ဟု ရှဲ့ချောင် က လေးနက်စွာ ပြောလိုက်သည်။

" အကယ်၍ မင်းရဲ့ ကံအညံ့ကို ရှင်းထုတ်ပစ်ချင်ရင်တော့ မင်းနဲ့ မသက်ဆိုင်တဲ့ အရာအားလုံးကို

တတ်နိုင်သမျှ ပြန်ပေးရမယ်။ သုံးထားသမျှတွေကလွဲပြီးကြေးပြားကစလို့ငွေတစ်ကျပ်တောင် မကျန်စေရဘူး ပြောရရင် မင်းမပေးချင်လို့ ချန်ထားခဲ့လို့လည်းရတယ်။ ဒါပေမယ့် မင်းထားခဲ့တဲ့ အဲ့သေးသေးလေးဖြစ်ဖြစ် တစ်ခုခုကြောင့်လည်း ဘေးအန္တရာယ်က ပိုပြီးဆိုးလာနိုင်တာကို နားလည်ထားဖို့လိုတယ်?"

ရှဲ့မန်ရှန်းမှာ ထိုစကားကြောင့် ကျည်ဆန်ဖြင့်အဆက်မပြတ် ပစ်သတ်ခံလိုက်ရသလို ခံစားလိုက်ရတော့သည်။

••••

All Chapters