ကျေးဇူးရှင်နှင့် လူဆိုး
Vol. 26 Ch. 482
ရှဲ့မန်ရှန်းအံ့အားသင့်သွားကာ သူ့ရင်ဘတ်အောင့်သွားရသည်။
သူလွယ်လွယ်နှင့် ချမ်းသာလာခဲ့သည်မဟုတ်
သော်လည်း ယခုသူ့ပစ္စည်း အားလုံးကို စွန့်လွှတ်ရမည်တဲ့လား။ အနာဂတ်တွင် သူဘယ်လိုနေရတော့မလဲ။
မြေကြီးပေါ်တွင် အမြစ်တွယ်အောင်နေပြီးမှ မတ်တပ်ထရပ်ကာ သူစိတ်ပိုင်းဖြတ်လိုက်သည်။
ခေတ္တစဉ်းစားပြီး “ဆရာမ …ကျုပ်ညီအငယ်လေးဆီမှာ ထားလို့ရောရလား”
ရှဲ့ချောင် က ခေါင်းခါလိုက်ပြီး "မရဘူး မင်းဘဝမှာ ကျေးဇူးရှင်နဲ့ လူဆိုးတစ်ယောက်ရှိနေတယ် သေချာစမ်းစစ်ရမယ် မင်းအတွက် ကျေးဇူးရှင်ရဲ့အကူအညီက မရှိသလောက်ဖြစ်နေပြီး မင်းဘဝကို ဒုက္ခပေးမယ့်သူကတော့ နေရောင်လို လင်းနေတာ။ မင်းမိသားစုရဲ့ စည်းစိမ်ဥစ္စာတွေကို ကျေးဇူးရှင်ဆီကို ပြန်ပေးရမယ်။ လူဆိုးကို ပေးလိုက်ရင် ဒီကိစ္စကြီးပြီးတာနဲ့ မင်းအတွက် ဘာမှကျန်တော့မှာ မဟုတ်ဘူး။ မင်း စိတ်ဆင်းရဲနေရလိမ့်မယ်!"
သူ့နားထဲတွင် မိုးခြိမ်းသံကဲ့သို့ ဟိန်းနေတော့သည်။
ကျေးဇူးရှင်တစ်ဦးနှင့် လူဆိုးတစ်ယောက်၏ပုံရိပ်က ရှဲ့မန်ရှန်း၏ခေါင်းထဲတွင် အလိုအလျောက်ပေါ်လာသည်။
ကျေးဇူးရှင်က ရှဲ့နျိုရှန်းဖြစ်ရမည်။
သူက သူ ချမ်းသာရခြင်း၏ အကြောင်းရင်းပဲမဟုတ်လား။
လူဆိုးက ဘယ်သူများလဲ။ သူ့ညီလေးများဖြစ်နေမလား။
ထိုအတွေးများကို ပယ်ဖျောက်ပစ်လို့မရတော့တော့ပေ။အသေအချာ တွေးပြီး နောက် ဆရာမပြောသည့် စကားများက အဓိပ္ပာယ်ရှိလှသည် ဟုတွေးနေမိသည်။
သူ၏ ညီအငယ်က လောဘကြီးသူဖြစ်သည်။ညီအငယ် ကို သူ့ဥစ္စာများ အကုန်ပေးလိုက်လျှင် ဒီကိစ္စကြီးပြီးသွားလျှင်တောင် ပြန်ပေးလိမ့်မည်မထင်။
ဟုတ်တယ်၊ လူဆိုး က သူပဲဖြစ်လိမ့်မည်။
"ကျေးဇူးရှင်ကို ပေးရင် သူက ကျုပ်ကို နောင်ကျရင် ပြန်ပေးလို့ရနိုင်မလား" ရှဲ့မန်ရှန်းက အားငယ်စွာမေးသည်။
ရှဲ့ချောင် က သူ့လက်ညိုးများနှင့် တွက်ချက်ဟန်ပြုလိုက်ပြီး "ဒီဒုက္ခက အချိန်အတိုင်းအတာတစ်ခုအထိ ဆက်ရှိနေဦးမှာပဲ ဒါပေမယ့် ပြီးသွားတဲ့အခါ မင်းကျေးဇူးရှင်နဲ့အနေနီးသရွေ့ ပြန်ရနိုင်ပါတယ်"
ရှဲ့မန်ရှန်းသဘောပေါက်သွားသည်။
ညီလတ်၏ နှလုံးသားက စိမ်းကားနေသော်လည်း ပိုက်ဆံပြန်ပေးသည့်အခါ မိသားစု
လောက် ဘယ်အရာမှ အရေးမကြီးကြောင်း သူပြရပေလိမ့်မည်။ သို့မှသာ သူ့ညီလတ် စိတ်သဘောထားပြောင်းလဲသွားပြီး ယခင်ကထက် ပိုကောင်းစွာ ဆက်ဆံလာလိမ့်မည်။
“ဆရာမ … လူဆိုးက ခိုးယူထားတဲ့ စည်းစိမ်ဥစ္စာရှိရင်ရော ကျုပ်အပေါ်သက်ရောက်နိုင်ပါလားဟုတ်သားပဲ ယူတုန်းကအတူတူပဲကို သူကကြတော့ ဘာလို့ဝဋ်မလည်တာလဲ" ရှဲ့မန်ရှန်းက တွေးလေလေ ဝမ်းနည်းလေဖြစ်နေရသည်။
သူတို့ နှစ်ဦးလုံးက ညီလတ်ဆီမှ ငွေများကို လုယူခဲ့ကြသော်လည်း ညီအငယ်ဆုံးကကျ ဘာကြောင့် ဒဏ်ပြန်မခံရပါသလဲ။
"အမေအတူတူပဲလား" ရှဲ့ချောင် မေးလိုက်သည်။
"ဟုတ်ကဲ့ !" ရှဲ့မန်ရှန်းက ကမန်းကတန်း ခေါင်းညိတ်သည်။ ဆရာကြီးသည် အလွန်မှန်သော သူဖြစ်သည်မဟုတ်လား။
“တခါတရံမှာ မောင်နှမတွေက တစ်ယောက်ကိုတစ်ယောက် ကံကောင်းမှုတွေ ယူဆောင်လာတတ်ပြီး တစ်ခါတစ်ရံမှာ တစ်ယောက်ကိုတစ်ယောက် ကံဆိုးမှုတွေ ယူဆောင်လာတတ်တယ်။ နောက်ဆုံးတော့ မင်းရဲ့ကံကြမ္မာက အမေတစ်ယောက်တည်းက မို့လို့ ပါလာရတာပါ” ဟု ရှဲ့ချောင်က သေချာပြောလိုက်သည်။
“ဒါပေမယ့် ဒီကျေးဇူးရှင်နဲ့ မင်းရဲ့ ကံဇာတာကလည်း အတူတူပါပဲ၊ ဒါကြောင့် သူက မင်းရဲ့ စည်းစိမ်ဥစ္စာကို ကူညီပေးနေတာလို့ မြင်တယ်။ ကံမကောင်းစွာပဲ၊ ဒီလူက တစ်ခါတလေ မင်းနဲ့ရင်းနှီးပြီး တစ်ခါတစ်လေတော့ စိမ်းတယ်..."
"ဒီမင်းကိုဒုက္ခပေးမယ့်သူ လုံးဝမခံစားရတဲ့ အကြောင်းအရင်းက မင်းကပဲ ဝန်ထုပ်ဝန်ပိုးအားလုံးကို ကိုယ်တိုင်အစားထမ်းထားပေးနေလို့ပဲ"
ရှဲ့မန်ရှန်းက ခေါင်းညိတ်သည်။
ရှဲ့ချောင် ၏အာခေါင်ခြောက်သွေ့လာသဖြင့် လက်ဖက်ရည်တစ်လုတ်ကို အမြန်သောက်လိုက်သည်။
"ဆရာမ ပြောချင်တာက ဒီကောင်နဲ့ ကျုပ်က တစ်မိသားစုတည်းမို့လို့ ဖြစ်တာပေါ့ ကျုပ်တို့က မတရားသဖြင့်နည်းလမ်းတွေနဲ့ ဒီ စည်စိမ်တွေကို အတူရှာထားရတာကို ဒါမှ ကံဆိုးမှုလည်း ထွက်သွားနိုင်မှာ မဟုတ်လား” ရှဲ့မုန်ရှန်းမျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
"အဲ့လိုလည်းပြောလို့ရတယ် ဒါပေမယ့် မင်းဒီအဲ့လိုလုပ်ရင် ဒုက္ခပေးမယ့်ကောင်က မင်းကို အငြိုးထားလိမ့်မယ်"ဟုရှဲ့ချောင် ကပြောပပြောလိုက်သည်။
ရှဲ့မန်ရှန်းအစွမ်းကုန်ကြိုးစားနေသည်။
စဉ်းစားပြီးနောက် သူက ခေါင်းညိတ်ပြပြီး “ဆရာမ ကျုပ် နားလည်ပါပြီ….ကျုပ်ပြန်လာတဲ့
အခါဆရာမဟောတဲ့အတိုင်း တစ်သွေမတိမ်းလုပ်မှာပါ ဒါနဲ့ ဟောခက်ုဘယ်လောက်ယူပါသလဲ ဆရာမ”
ငွေပြန်ပေးရုံပဲ မဟုတ်လား?
၎င်းက သူ့ညီအတွက်ပဲလေ ။ သူ့ညီက ချမ်းသာသည့်အတွက် နောင်တစ်ချိန်တွင် သေချာပေါက် ပြန်ပေးပေလိမ့်မည်။
"ရေစက်ပါလို့ ဆုံကြရတာပါ ဗေဒင်တွက်ခ ငွေမယူပါဘူး မွေးလာတည်းကလည်း ရွှေငွေတွေပိုက်ပြီး မွေးလာရတာမဟုတ်သလို သေတဲ့နောက်ကိုလည်း ယူသွားလို့မရဘူးလေ၊ ဒါတွေကို မမက်တာမို့ တခြားဘာကိုမှ မလိုချင်ပါဘူး မင်း ငြိမ်းချမ်းပြီး ပျော်ရွှင်တဲ့ ဘဝနဲ့နေရဖို့ကိုပဲ မျှော်လင့်ပါတယ် ” ဟု ရှဲ့ချောင် က လေးနက်ပြီး ကြင်နာသောအမူအရာဖြင့် ပြောကြားခဲ့သည်။
သူမသည် ရှဲ့မန်ရှန်း၏ခေါင်းကိုပင် မြင်းမြီးတုတ်
တံမှအမွှေးနှင့် ပုတ်ပေးလိုက်သေးသည်။
သူမတွင် အပြစ်ပြောစရာတစ်ကွက်မှ ရှိမနေပေ။
••••