← Chapters

ခင်ပွန်းနှင့်ဇနီး

Vol. 26 Ch. 483

ခင်ပွန်းနှင့်ဇနီး

Vol. 26 Ch. 483

ရှဲ့မန်ရှန်းသည် ကြမ္မာဥယျာဥ်မှ ကြောင်စီစီဖြင့် ထွက်လာခဲ့သည်။ သူ၏ ပင်ပန်းနွမ်းနယ်နေသော မျက်လုံးများက ယုံကြည်ချက်များဖြင့် ပြည့်နှက်နေသည်။

သူ မသေနိုင်သေး။ သူဘယ်လောက်မှတောင် မနေရသေးပေ။ ထို့အတွက် သူလုံးဝ မသေနိုင်ပါ! 

အိမ်တွင် ဇနီးသည်က သူ့ကို စောင့်နေခဲ့သည်။

"ဒီရက်ပိုင်းတွင်း ရှင်ဘယ်တွေရောက်နေတာလဲ။ ကျွန်မနဲ့ကလေးတွေက သေပြီလားလို့တောင်

စိတ်ပူနေကြတာ…ဒီနေ့လည်း အမေကရှင့်ကိုလာမေးနေတယ်။ သူတို့ကလည်း မင်္ဂလာဆောင် ဖိတ်စာ လုပ်ပြီးပြီလားတဲ့။  မင်္ဂလာရှိတဲ့ ကိစ္စကို မကြာခင်ပဲ လုပ်သင့်တယ်လေ” ဟု သခင်မကျား က မကျေမနပ် ပြောနေသည်။

သူ့တူမ က ရှဲဖင်းကန်း ကို စောစောစီးစီးလက်ထပ်ရလေလေ၊ အကျိုးမြန်မြန်ခံစားခွင့်တွေ ရလေလေပင်။ 

တင်တောင်းမည့် ခန်းဝင်ပစ္စည်းကို သူမ မမက်နိုင်တော့ပေ။ နောင်တွင် ဟွမ်အာ က ရှဲဖင်းကန်း နှင့် လက်ထပ်ပြီး ကလေးတစ်ဦးမွေးပေးသည့်အခါ  သူမကို ဖြည့်ဆည်းပေးနိုင်လိမ့်မည်!

သခင်မကျား သည် သူမကိုယ်သူမ ငွေရေတွက်နေသည့်ပုံကို စိတ်ကူးယဉ်နေသဖြင့်  သူမ၏မျက်လုံး အရောင်က မီးတောက်များကဲ့သို့ တစ်လက်လက်တောက်ပနေတော့သည်။ 

ရှဲ့မန်ရှန်း၏ မျက်နှာကမူ ညို့မှိုင်းနေသည်။ ထိုစကားကိုကြားရသည့်အခါ ချက်ချင်း သခင်မ ကျား ကို စူးစူးရဲရဲစိုက်ကြည့်ရင်း "မင်းငါ့ကို ဘာတွေလာလောနေတာလဲ!"

“ရှင်…”သခင်မကျား အံ့အားသင့်သွားသည်။

“ ရှဲဖင်းကန်း က သူ့ကိုနှိမ်တာလည်းမပြောနဲ့ အသက်က ၁၇၊၁၈  ပဲရှိသေးတာကို ယောကျ်ားတစ်ယောက်အခန်းထဲ အတင်းဝင်ချင်နေတာ၊  ခဏတောင် မစောင့်နိုင်ဘူးလား၊  အပျိုတောင်ဟုတ်ရဲ့လား..ပြည့်တန်ဆာအိမ်က မိန်းမတွေတောင် သူ့ထက် စိတ်ရှည်တယ်!” ရှဲ့မန်ရှန်းက  စိတ်ဆိုးနေသဖြင့် ကြားမကောင်းသည့် စကားအကုန် ထွက်လာလေသည်။

သခင်မကျား က “ပြည့်တန်ဆာ” ဟူသော စကားလုံးကို ကြားရုံ ရှိသေး အစွယ်ငေါငေါနှင့် ခြေသည်းလက်သည်းများကို ပြင်ကာ “ရှင် ပြည့်တန်ဆာအိမ်ကို သွားခဲ့တာလား! အဲဒီကောင်မတွေဆီကို ထပ်သွားခဲ့တာလား ရှင်ကျွန်မကို ဘာ

ကတိပေးထားလဲ ရှင့်မှာ အသိတရားမရှိဘူးလား အခုရှင်က ချမ်းသာလာတော့ ကျွန်မကိုရှင့်ရဲ့ တရားဝင် မယားအဖြစ်တောင် မမြင်တော့ဘူး..ဟိုးတုန်းက တောမှာ ဒုက္ခရောက်တုန်းက ရှင့်ဘေးမှာ ဘယ်သူရှိလဲ ရှင်မမှတ်မိတော့ဘူးလား။"

“မင်းကပြောတတ်ပ။တောမှာတုန်းက မင်းက ငါ့ထက်တောင် ပိုဆင်းရဲသေးတယ်..မင်းငါ့ကိုမယူရင် အရာရှိမယားဖြစ်မှာတဲ့လား၊  ငါ့ကြောင့်သာ မဟုတ်ရင် မင်း ဒီနေ့ဒီနေရာမှာ ရှိနေမှာမဟုတ်ဘူး !" ရှဲ့မန်ရှန်းက ပြန်အော်လိုက်သည်။

သခင်မကျား ဝမ်းနည်းသွားကာ သူမ ဘယ်လိုတုံ့ပြန်ရမှန်း မသိတော့ပေ။

ခဏစဉ်းစားပြီးနောက် သူမမျက်ရည်ဝဲလာကာ “အဲဒီ့လူတွေနဲ့ ကျွန်မကို မယှဉ်ပါနဲ့…ရှင်ဆင်းရဲရဲ ချမ်းသာသာ ရှေ့ဘေးမှာ ကျွန်မက နေမှာပါ ကျန်တဲ့သူတွေက ကျွန်မတို့ မိသားစုရဲ့ စည်းစိမ်ဥစ္စာတွေကိုပဲ လိုချင်ကြတာလေ”

ထိုသို့ပြောပြီးနောက် ရှဲ့မန်ရှန်း နောက်က စကားဆက်ပြောလိုက်သည်။

"မင်း ငါ့ပိုက်ဆံကို မမက်ဘူးလို့ ပြောတာလား" ရှဲ့မန်ရှန်းက မေးလိုက်သည်။

"ဟုတ်တယ်လေ  ကျွန်မတို့က လင်မယားတွေပဲလေ!" သခင်မကျား က တကယ်ကို မှားသွားသယောင် ခံစားလိုက်ရသည်။

သူ့ယောက်ျားက သည်ကနေ့ အလွန်မူးလာသဖြင့် အိမ်မှာ ဝုန်းဒိုင်းကြဲနေခြင်းဖြစ်ရမည်။

သို့သော်လည်း သူမ ယောက်ျားကို မနှောင့်ယှက်ဝံ့ပေ။ သူက ချမ်းသာပြီး ပိုက်ဆံရှိသည်။ မယားငယ်ကောက်ယူလိုက်လို့ရတယ် ဟုလည်းပြောတတ်သည်။ သူ့တို့ထံမှာ သားသမီးမရှိရင် သူ့မိန်းမကို စွန့်ခဲ့တာကြာပြီဲပင်။

“ဟုတ်ပြီ၊ မင်းသေတ္တာထဲမှာ သိမ်းထားတဲ့ လက်ဝတ်လက်စားတွေကို စာရင်းနဲ့ ငါ့ကိုပေး ငါ

မြင်အောင် အကုန်စုထားပေး” ရှဲ့မန်ရှန်းက ဆိုသည်။

သခင်မကျား က ထိုကိစ္စကို သိပ်မစဉ်းစားခဲ့ပေ။

ပိုက်ဆံကို သူ့ယောက်ျားထက် ပိုချစ်သည့်သူမရှိဘူးမလား။ 

ထို့အပြင် သူ့ယောက်ျားက မိသားစု၏ငွေကို ကိုင်သည့်သူဖြစ်သည့်အတွက်  သူမ ဝှက်ထားသည့်ငွေလည်း များများစားစားမရှိပေ။ 

"မင်းဖွက်ထားတာရော စုထားတာရော ကလေးတွေရဲ့ ငွေတွေရော အကုန်ငါ့ကိုထုတ်ပေး ဘယ်လောက်ရှိလဲ ငါတွက်ကြည့်မယ် ” ဟု ရှဲ့မန်ရှန်းက ဆက်ပြောသည်။

ထိုအခါ သခင်မကျားက "ကလေးတွေရဲ့ ပိုက်ဆံကို ဘာလုပ်ဖို့လိုချင်တာလဲ"

“စီးပွားရေးလုပ်ငန်းကြီး တစ်ခုစချင်တဲ့သူကို ငါသိထားတယ်။  သူ့လက်ထဲမှာ ပိုက်ဆံမလောက်ဘူးတဲ့လေ အဲ့ဒါကြောင့်  ငါတို့က ပိုက်ဆံစိုက်ပေးပြီး နောက်သူတို့ငွေရတဲ့အခါ ခွဲယူလိုက်လို့ရပြီလေ။ တွေ့သမျှအကုန်ယူလာခဲ့နော်။ အခု များများပေးလေ နောက်ကျများများရလေပဲ” ဟု ရှဲ့မန်ရှန်းက ပြောသည်။

သူလည်း ပိုက်ဆံအတွက် စိတ်မကောင်းဖြစ်မိပါသည်။  သိို့သော် သူ့ညီလတ်က မယုတ်မာတတ်ဟု သူထင်နေသည်။ 

ဒီ ကံတရားကို ကျော်ဖြတ်ပြီးနောက် သူ့အစ်ကိုဖြစ်သူကို ငွေ သေချာပေါက် ပြန်ပေးပေလိမ့်မည်။ သူ့ကို ပို၍တောင် ပေးပါလိမ့်မည်။ သည် နည်းက စီးပွါးရေးလုပ်သည်နှင့်တူပေသည်။ ပထမဆုံး ရင်းနှီးမြုပ်နှံမှသာလျှင် အမြတ်များများ ရရှိနိုင်မည်ပင်။

•••••

All Chapters