ခွေးကသူ့ပါးစပ်ထဲအရိုးကိုက်၍ပြန်ရောက်လာသည်
Vol. 26 Ch. 484
သခင်မကျားက သူမ၏ခင်ပွန်းကို ဘုရားအဖြစ် အမြဲမှတ်ယူခဲ့သည့်အတွက် စီးပွားရေးကိစ္စများကို သူမနားမလည်ပေ။ ခင်ပွန်းသည် ပြောသမျှကိုသာ လိုက်လုပ်တတ်သည်။
ချက်ခြင်းစီစဉ်ရန် သူမထွက်သွားတော့သည်။
ရှဲ့မန်ရှန်းက အဖွားအို၏အိမ်ကို စိုက်ကြည့်နေသည်။
ဤအိမ်၏အမည်ပေါက်နှင့် မြေကွက်ကို အဘွားအိုအမည်ဖြင့် ချုပ်ဆိုထားသည်။ ထို့အပြင် သူ့တွင် အဖိုးတန် ပစ္စည်းအချို့ပါသည့် ရတနာသေတ္တာတစ်ခုလည်း ရှိသည်။
သူမ ခြေထောက်မကောင်းသေးသဖြင့် အပြင်ထွက်ရတာလည်း သူမ မကြိုက်ချေ။ ထို့ကြောင့်
သေတ္တာကို ထုတ်ယူရန်က သူ့အတွက် လွယ်ကူမည် မဟုတ်ပေ။
ဒုက္ခပေးမည့်သူ သူ၏ တတိယမြောက်ညီ…
သူ့အိမ်ထဲတွင် ကျန်ပစ္စည်းများစွာရှိသေးသည်။
ရှဲ့မန်ရှန်း၏ မျက်နှာက ညို့မှိုင်းနေသည်။
သူ မသေချင်သေးပါ။ ဘာပဲဖြစ်ဖြစ် သူ့အသက်ကို ကာကွယ်ရပေမည်။
ရှဲ့မန်ရှန်း၏ စိတ်ထဲတွင် တုန်လှုပ်နေ၏။ နောက်တစ်နေ့တွင် သူက ဆေးဆိုင်ငယ်တစ်ခုသို့ သွားကာ အိပ်ဆေးအချို့ကို ဝယ်ခဲ့သည်။ ဤအရာများကို သူသုံးခဲ့ဖူးပါသည်။ သူ မကြာခဏသွားတတ်သော ပြည့်တန်ဆာအိမ်က သူများက မကြာခဏ သုံးတတ်ကြသည်။ လုံးဝအန္တရာယ်မရှိပေ။
ဆေးများဝယ်ပြီးနောက် စားသောက်ဆိုင်မှ ဝိုင်နဲ့ ဟင်းလျာတချို့ကို ဝယ်ခဲ့သည်။
မိသားစုဝင် အားလုံးကို ဖိတ်ခေါ်ပြီး ခြံဝင်းကြီးထဲတွင် စားသောက်လိုက်ကြသည်။
အလုပ်ထုတ်ခံရခြင်းအကြောင်းကို သူ့မိသားစုကို ပြောပြလိုက်သော်လည်း မည်သူမျှ စိတ်ပူခြင်း မရှိပေ။ ရှဲ့နျိုရှန်းက ပစ္စည်းများပေးပို့မည်ဟု ယုံကြည်နေကြသည်။ ထို့ကြောင့် အစားအသောက်အတွက် စိတ်ပူစရာမလိုဟုတွေးနေကြခြင်းဖြစ်သည်။
ထို့အပြင် ရှဲ့မန်ရှန်း သူတို့ကို မုန့်ကျွေးခြင်းကို ပျော်ရွှင်နေသေးသည်။ ကြီးကြီးမားမားအောင်နိုင်မှု ကိုရထားကြသလိုပင်။
ညီအကိုနှစ်ယောက်လည်း ဝမ်းသာအားရ စကားတွေပြောကြသည်။
အစားစားများနှင့် စပျစ်ဝိုင်များကို စားသောက်ပြီး
နောက် ယစ်မူးနေကြ၏။
ရှဲ့မန်ရှန်းက လူတိုင်းကို သက်ဆိုင်ရာအခန်းသို့ ခေါ်ဆောင်သွားပြီး အိမ်ရှိအရာအားလုံးကို ရှာဖွေခဲ့သည်။
အဘွားကြီး၏ အခန်းထဲမှ ရတနာများ၊ ရွှေ၊ ငွေ၊ ဘွဲ့တံဆိပ်တွေ စသည်အကုန်လုံးကို ရှာဖွေခဲ့သည်။ ငွေစသဖြင့် တန်ဖိုးရှိသည့် အရာမှန်သမျှကို သေတ္တာကြီးတစ်ခုထဲမှာ ထည့်လိုက်သည်။
သူ့ကို ပို၍ဒေါသထွက်စေခဲ့သည်မှာ သူ့ညီငယ်၏ အိမ်ဖြစ်သည်။
သူ့ထက်ပင် ပိုက်ဆံတွေ ပိုရှိနေခဲ့သည်။
ငွေစက္ကူတစ်ခုတည်းပင် အရွက်ပေါင်းထောင်ကျော်နေခဲ့သည်။
ထိုငွေတွေ ဘယ်ကရလာတာလဲ။ အဘွားကြီးက
တိတ်တဆိတ် ပေးခဲ့သည်ပဲ ဖြစ်ရမည်။
ရှဲ့မန်ရှန်းက သူ၏အဆင်မပြေမှုကို တွေးလိုက်သည့်အခါ အနာဂတ်တွင် မည်သို့နေထိုင်ရမည်ကို ဂရုမစိုက်တော့ပေ။ ပရိဘောဂ အားလုံးကို ရှင်းပစ်လိုက်သည် ။ ထို့နောက် အပြင်သို့ထွက်၍ထိုပစ္စည်းများကို သယ်ထုတ်ရန် လူများကို ခေါ်ခဲ့သည်။ကြိုတင်စီစဉ်ပြီး ခေါ်ထားသည့်သူများကိုလည်း ဝင်လာဖို့ပြောခဲ့ပါသည်။ အဘွားကြီးရဲ့လက်ကို ကိုင်ပြီး လက်ဗွေနှိပ်လိုက်သည်။ ရှဲ့မန်ရှန်းက ကိုယ်တိုင် လက်မှတ် ရေးထိုးပြီး အိမ်အားရောင်းချခဲ့သည်။
သူက အားလုံးကိုအမြန်ပြင်ဆင်ပြီး ရှဲ့အိမ်တော် ဆီသို့ ပြေးသွားခဲ့သည်။
ရှဲ့မိသားစု၏ အိမ်တော်ထိန်းမှာ ကမ္ဘာကြီး ပြောင်းလဲနေပြီဟု ခံစားလိုက်ရသည်။
သူတို့မိသားစုက ပိုပိုပြီး နာမည်ကြီးလာခဲ့သည်။ သခင်မလေးက ကျောင်းမှာ သူငယ်ချင်းများရနေ
ရုံသာမက ယခု သူမ မကြိုက်သည့်အိမ်ဟောင်းက လူများကပါ တန်စိုးလက်ဆောင်များ ယူလာပေးနေသည်တဲ့လား။
ဒီသေတ္တာကြီးထဲမှာ ဘာတွေများပါနေပါလိမ့်။
ရှဲ့မန်ရှန်းက သေတ္တာများကို ချလိုက်ပြီး “ငါ့ရဲ့ ညီအိမ်မှာ မရှိဘူးမဟုတ်လား။ သူပြန်လာတဲ့အခါ ဒါတွေအားလုံးက ငါ့ရဲ့စိတ်ရင်းဆိုတာ သူ့ကိုပြောပြပေးပါ။ ငါရဲ့ငွေတွေထက် ငါ့ရဲ့ညီက အရေးကြီးဆုံးပဲ။ ငါအရင်က မဆင်မခြင်ဘဲနေခဲ့တယ်…”
ရှဲ့မန်ရှန်းက မျက်ရည်များကို သုတ်လိုက်ပြီး "ညီလတ်ကို ငါ့ရဲ့ စိတ်လေးကိုသိသွားစေချင်တာပါ။ အခုအိမ်မှာရောင်းလို့ရတာတွေ အကုန်ရောင်းပြီးသွားပြီ။ အဲ့ဒါတွေကို ငါ့ညီလတ်ကို ပြောပြပေးပါ"
ဘဏ္ဍာစိုးက သေတ္တာများကို ကြည့်ပြီး အနည်းငယ် ထိတ်လန့်သွားသည်။
အဆိပ်ခတ်ပြီးများ ပို့လိုက်သည်လား။
ဒီလူကြီးမင်းရှဲ့က ဘာအတွက်ကြောင့် ကြောက်လန့်တကြားဖြစ်လာရတာပါလဲ။
"လူကြီးမင်း... ဘာကိုပြောချင်တာလဲ" အိမ်တော်ထိန်းမှာ အလွန်စိတ်ရှုပ်ထွေးနေသေးသည်။
“ငါ့မှာ အခုသွားစရာနေရာမရှိတော့ဘူး ။ ဒါတွေက အရင်တုန်းက ညီလတ်ငါ့ကိုပေးခဲ့တာတွေပဲလေ။ ငါအခု ငါ့တစ်အိမ်လုံးကို အပြောင်ရှင်းလာတာ…” ရှဲ့မန်ရှန်းသည် ထိုအကြောင်းကို တွေးရုံဖြင့် ဝမ်းနည်းသွားသည်။
အိမ်တော်ထိန်းလည်း စကားမပြောဘဲ စစ်ဆေးရန် သွားခဲ့သည်။
အမလေး။ အကုန်လုံးက ပိုင်ဆိုင်မှုတွေကြီးပါပဲလား။
ယခင်က ဆက်ဆံရေးမှာ အမြဲတမ်းတစ်ဖက်သတ်ဖြစ်ခဲ့သည်။ ယနေ့လိုမျိုး ခွေးက
ပါးစပ်ထဲမှာ အရိုးနဲ့ ပြန်လာလိမ့်မည်ဟု မည်သူမှ တွေးလိမ့်မည်မဟုတ်ခဲ့ပေ။
••••