သူမပါးစပ်ကိုသန့်ပြီးပြီလား?
Vol. 26 Ch. 485
အိမ်တော်ထိန်းမှာ အလွန်စိတ်လှုပ်ရှားနေ၏။
ခြံဝင်းထဲမှ ပစ္စည်းများကို ယူလာဖို့ လူယောက်ကို အမြန်သွားခေါ်လိုက်သည်။ ထို့နောက် သူက ထိုလူကြီးမင်းအား တစ်ချက်ကြည့်လိုက်ပြီး "အထဲ ဝင်လာပြီး လက်ဖက်ရည်တစ်ခွက် သောက်ပါဦးလားဗျ "
ရှဲ့မန်ရှန်းသည် မသိစိတ်က လှမ်းကြည့်လိုက်မိသည်။
ထို့နောက် ရုတ်တရတ် သတိရလိုက်သည်က သူ့
ကံကဆိုးနေသည်လေ။ ဆရာမက သူ့အသက်ကို ကယ်တင်ချင်ရင် စိတ်ရင်းကောင်းရမည်ဟု ပြောလိုက်သည်မလား။ ထို့အပြင် သူသည် ကျေးဇူးရှင်ကို အခွင့်ကောင်းမယူလိုပေ။
"ထားလိုက်၊ ထားလိုက်တော့ ငါဒါပေးဖို့ပဲလာတာ အခုသွားတော့မယ်…” ရှဲ့မန်ရှန်းက လက်ပြနှုတ်ဆက်ပြီး သေတ္တာများကို တစ်ချက်လှည့်ကြည့်လိုက်သည်။
ခြေတစ်လှမ်း လှမ်းပြီးတိုင်း ပြန်လှည့်ကြည့်နေမိသည်၊ သုံးခါမြောက် ပြန်လှည့်ကြည့်ပြီးနောက် စိတ်ပိုင်းဖြတ်ကာ မတွေ့ရတော့သည်အထိ ထွက်လာခဲ့သည်။
အိမ်တော်ထိန်း ရူးမတတ်ပင်ဖြစ်နေသည်။ သေတ္တာများကို ဦးစွာစစ်ဆေးပြီး ငွေကြေးမှတ်တမ်းများကို စစ်ဆေးနေသည်။
မကြာမီ ရှဲ့ချောင် ကျောင်းတော်မှ ပြန်လာခဲ့
သည်။ အိမ်တော်ထိန်းလည်း စာရင်းကို ရှဲ့ချောင် အား စိတ်အားထက်သန်စွာ လွှဲပေးလိုက်သည်။
"သခင်မလေး ဒီနေ့ ဟိုသခင်ကြီး ဘာဖြစ်သွားမှန်း မသိဘူး၊ သူ့ပိုင်ဆိုင်မှုတွေအားလုံးကို ဒီကို ပို့လိုက်တယ်! ကြည့်ပါဦး အားလုံး ဒီမှာရောက်နေတယ်!"
သို့သော် ထိုလူကြီးမင်း၏ မိသားစုသည် အမှန်တကယ်အသုံးအဖြုန်းကြီးပါသည်။ အများကြီးပေးထားခဲ့တာတောင် ပေးထားသမျှ၏ ၂၀-၃၀ % သာ ကျန်ပါတော့သည်။
မိသားစုတွင် မှတ်ထားသည့် စာရင်းစာအုပ်ရှိသဖြင့် အိမ်တော်ထိန်းအနေဖြင့် ယခင်ပိုင်ဆိုင်မှုများကို အလွယ်တကူစစ်နိုင်ခြင်းဖြစ်ပါသည်။
သခင်မလု လာသည့်အခါတိုင်း၊ တရုတ်နှစ်သစ်ကူး၊ချင်မင်ပွဲတော်၊ ဆောင်းဦးပွဲတော်၊ ချုံးယမ်ပွဲတော်၊ ဆောင်းရာသီအဝတ်အစားပွဲတော်တိုင်း
တွင် အိမ်ဟောင်းကို ပစ္စည်းများနှင့် ငွေများပို့ပေးလေ့ရှိပါသည်။
စုစုပေါင်း အိမ်ဟောင်းကိုပို့ရန် သုံးသောငွေက တစ်နှစ်လျှင် ငွေစ၆၀၀၀ ထက်မနည်းရှိပေသည်။
ထိုသို့တွက်ချက်ထားခြင်းက အိမ်ရှိတချို့အရာများမပါသေး။ အရင်က သခင်ဖြစ်သူ၏ သံသေတ္တာအတွင်းမှ မည်မျှ တန်ဖိုးရှိမှန်းမသိသည့်ပစ္စည်းများ တောင်မပါသေးပါ။
သခင်ကြီးနှင့် မိသားစုဝင်များက မြို့တော်တွင် လေးနှစ်မှ ငါးနှစ် တစ်ကြိမ် ပြောင်းရွှေ့နေထိုင်လေ့ရှိသည်။
စုစုပေါင်း ငွေစ၃၀၀၀၀ နီးပါး ဆုံးရှုံးသွားကြောင်း သိလိုက်ရသည်။
ဟုတ်ပါသည်။ ထိုအိမ် မပါဝင်သေးပေ။
ယခု…
ရှဲ့ချောင် က စာရင်းစာရွက်ကို ကြည့်ပြီး မျက်လုံးများတုန်ယင်နေခဲ့သည်။
သေတ္တာထဲတွင် အိမ်ရောင်းရန် စာချုပ်ပါသောကြောင့် ထိုအိမ်ကို ရောင်းသင့်သည်။ အိမ်ကို ငွေ ၄၈၀၀ နဲ့ ရောင်းခဲ့သည်ဟုလည်း ထိုစာပေါ်တွင် ရေးသားထားသည်။
ထိုထက်များသောစျေးဖြင့်ရောင်းချခဲ့သင့်သည်။ အဘွားကြီးအတွက် အဖေဝယ်ပေးခဲ့သော အိမ်က ကြီးသည် နေရာလည်း အတော်ကောင်းသည်၊၊
အိမ်မှ ပိုက်ဆံများ မပါလျှင် ငွေစ ၄၃၀၀ ခန့်သာကျန်ပါသည်။ ကျန်တာက အထည်၊ လက်ဝတ်ရတနာ၊ ပရိဘောဂ၊ အိပ်ယာ၊ မီးအိမ်၊ ပရိဘောဂတွေနဲ့ တခြား အထွေထွေ အသုံးအဆောင်တွေသာဖြစ်သည်။
သူမ မယုံနိုင်လောက်အောင်ပင်။ ယင်းမိသားစု
က ဘယ်လိုများ ထိုမျှလောက် ပိုက်ဆံအများကြီး ဖြုန်းနေကြပါသလဲ။
ကံကောင်းထောက်မစွာဖြင့် သူမက ဤအရာအားလုံးကို ပြန်ရခဲ့သည်။
ရှဲ့ချောင် သည် ဤမျှ အဆင်ပြေလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။
“သခင်မလေး အဲ့လူကြီးမင်း ဘာဖြစ်နေတာလဲမသိဘူးနော် ထူးထူးဆန်းဆန်း စကားတွေ လည်း အများကြီး ပြောသေးတယ်..သူက ထူးဆန်းပြီး ကြောက်စရာကြီး” ဟုပြောကာ အိမ်တော်ထိန်းက သက်ပြင်းချလိုက်သည်။
ထို လူက ပိုက်ဆံပို့ပေးလိုက်သည်ကို သူ မယုံနိုင်သေး။
သူက အရူးလား
ရှဲ့ချောင် သည် လေးနက်သောအမူအရာဖြင့် ခေါင်းကိုမော့ကာ ဂုဏ်ယူစွာပြုံးလိုက်ပြီး "ဖြစ်နိုင်တယ်... သူကဝဋ်လည်မှာကြောက်လို့နေမှာပေါ့"။
အိမ်တော်ထိန်းက စကားသိပ်မပြောသော်လည်း နားမလည်နိုင်သည့်ပုံပင်။
အိမ်တော်ထိန်း နားမလည်နိုင်ရုံမက ရှဲဖင်းကန်း ပြန်ရောက်သောအခါ၌လည်း စိတ်ရှုပ်ထွေးသွားခဲ့သည်။
ထို မိသားစုကို တိတ်တဆိတ် ထွက်သွားအောင်လုပ်ပြီး ပိုက်ဆံပြန်ယူမည်ဟု တွေးခဲ့ဖူးသည်။
သို့သော် ရုတ်ချည်းဖြစ်လာလိမ့်မည်ဟု သူဘယ်တုန်းကမှ မမျှော်လင့်ထားမိပေ။
"ရှဲ့မန်ရှန်း... သူ အသိတရားရသွားတာလား" ရှဲဖင်းကန်း သည် အဆိုပါ အထွေထွေပစ္စည်းများကို ကိုင်လိုက်သည်။ သူ အတော်လေး အံ့ဩနေပါသည်။
မူလက သူ့မိသာစုပိုင်ဖြစ်သော်လည်း ယခုအကြောင်းရင်းမရှိ ပြန်ရလိုက်သည်မဟုတ်လား။
သူ ဘယ်လိုမှ မပျော်နိုင်တော့ပေ။
အပြင်လူများ ထွက်သွားသည့်ခါ ရှဲ့ချောင် က "ဒါက ညီမလေး…ညီမလေးရဲ့ စီနီယာ အဒေါ်လုပ်လိုက်တာ သူက ရှဲ့မန်ရှန်းကို ကြီးမားတဲ့ ဘေးအန္တရာယ်နဲ့ ရင်ဆိုင်ရမယ်လို့ ညာပြောလိုက်တာ၊ ဘေးအန္တရာယ်ကနေ သူ့ကိုယ်သူကယ်ဖို့ နောက်ပြီး ညီမလေးတို့အဖေက သူ့ကျေးဇူးရှင်ဖြစ်နေလို့ နောက်ကျရင် သူ့ပစ္စည်းတွေကို ပြန်ပေးလိမ့်မယ်လို့ထင်နေတာလေ ”
ရှဲ့ချောင် ဂုဏ်ယူနေမိသည်။
ဝိုင်ခိုးနည်းကိုသာ သိသော သူမ၏အစ်ကိုအကြီးဆုံးက သူမ၏စွမ်းရည်ကို မည်သို့နားလည်နိုင်မည်နည်း။
"စကားလေးပြောလိုက်ရုံနဲ့ ဖြစ်သွားရောလား။ နင့်စီနီယာ အဒေါ်ပါးစပ်က ရွှေချထားလို့များလား။ အဲ့ဒါဆို ငါ့လည်းနည်းနည်း မှော်လေးဘာလေးလုပ်ပေးပါဦးဟ ငါလည်းလိုချင်တယ်လေ ” ဟု ရှဲဖင်းကန်း က စိတ်လှုပ်ရှားစွာပြောလိုက်သည်။
••••