← Chapters

အမှိုက်စည်းတစ်စည်း

Vol. 26 Ch. 486

အမှိုက်စည်းတစ်စည်း

Vol. 26 Ch. 486

ထိုအချိန်တွင် ရှဲဖင်းကန်း က မော့ချူးရှန်းအား အလွန်ပင် သဘောကျနေခဲ့သည်။

သူမသည် မသေနိုင်သော အမတအမျိုးသမီးနှင့်တူပြီး  သာမာန်လူတွေနှင့် သူမကို မနှိုင်းယှဉ်နိုင်ပါ!

“အကိုကြီး၊ ဒီအရာတွေကို လုပ်ရတာ လွယ်တယ်လို့ မထင်နဲ့ ဦးလေးက တကယ့်ကို မိုက်မဲတယ်လို့

လည်း မထင်လိုက်နဲ့”

ရှဲ့ချောင် က သူ့မျက်နှာကို လေးလေးနက်နက်ကြည့်ရင်း “ဦးလေးရဲ့ ကံက တကယ်ကို ဆိုးလာတာ နောက်ကျ ညီမလေး..အဲဆရာတူဒေါ်လေးက  သူ့အကွက်ထဲဝင်အောင် ထောင်ချောက်တွေချခဲ့တာပဲ။"

“သူ့အတွက်က ညီမလေးရဲ့  ဆရာတူဒေါ်လေးက ညီမလေးတို့ မိသားစုကို မသိသလို သူနဲ့လည်း ဘာမှမဆိုင်ဘူးပေါ့ ..အဲ့ဒါနဲ့ပဲ မော့ချူးရှန်းက  သူ့ကို လိမ်စရာမရှိဘူးလို့ထင်လိုက်တာ နောက်ပြီး ညီမလေးရဲ့ဆရာတူဒေါ်လေးမှာက နာမည်ကောင်းရှိတယ်လေ  မော့ချူးရှန်း သာမန်လူတစ်ယောက်မဟုတ်တာကို သူစုံစမ်းလို့ရတယ်လေ  အဲ့ဒါနဲ့ပဲပြောသမျှကို ယုံသွာတာပဲ”

ရှဲ့ချောင် အရမ်းပျော်နေသည် သူမ၏ မျက်နှာလေးသည် ဝမ်းသာလွန်းသဖြင့် နီမြန်းနေ၏။

လိမ်လည်သူဖြစ်ရတာ လွယ်လားဆို။

လုံးဝ မလွယ်ပါ။

ပထမဆုံးအနေဖြင့်  ဒေါသကို ထိန်းချုပ်နိုင်ရပြီးသားကောင်၏ အတွေးအမြင်နှင့်စရိုက်ကို နားလည်ဖို့ လိုပေသည်။

ရှဲ့မန်ရှန်းက သေခြင်းကိုကြောက်ကြောင်း သူမသိသည့်အပြင်စိတ်ကြီးဝင်နေမှန်းလည်း သူမ သိသည်။

ရှဲ့မန်ရှန်း၏ရင်ထဲတွင် သူမ၏ဖခင် ရှဲ့နျိုရှန်းက လူရိုင်းများကို အံ့သြထိတ်လန့်ဖွယ်ပုံစံဖြင့် မောင်းထုတ်ခဲ့သော ဓားပြဗိုလ်ကြီး ရှဲ့မဟုတ်ပေ။ သူခိုင်းလိုရာခိုင်းနိုင်သည့် ညီတစ်ယောက်အဖြစ်သာရှိနေသည်။

ထိုနှစ်က သူ့အဖေကို တောင်အောက်တွင် ရေသွားခပ်ရန်ခိုင်းနိုင်ခဲ့ပြီး လူရိုင်းများထံတွင် စွန့်ပစ်နိုင်ခဲ့

သောကြောင့် သူ့မျက်လုံးထဲတွင်  ရှဲ့နျိုရှန်းက အလွန်မိုက်မဲပြီး ထိန်းချုပ်ရလွယ်ကူသူဖြစ်ကြောင်း ထင်နေခဲ့ခြင်းဖြစ်ပါသည်။

နှစ်ပေါင်းများစွာကြာအောင် သူ့အဖေက ရှဲ့မန်ရှန်းကို စိတ်ပျက်အောင်မလုပ်ခဲ့ပေ။

ဓားပြဖြစ်စဉ်ကတောင် ရိက္ခာပို့ပေးနေသေးသည်။

မော့ချူးရှန်းက ရှဲ့နျိုရှန်းသည် သူ၏ကျေးဇူးရှင်ဖြစ်ကြောင်းကို ရှဲ့နျိုရှန်းဘက်မှ သူ့အား နောင်တွင် ဆုံးရှုံးခဲ့ရသည့်အရာများကို ပြန်လည်ပေးအပ်မည်ဟု ပို၍ပင် အခိုင်အမာယုံကြည်စေရန်အတွက်သာ လိုအပ်ပြီး ပို၍တိုးပွါးလာမည်ဖြစ်ကြောင်း ယုံကြည်အောင်လုပ်ရန်သာ လိုအပ်ခဲ့ပါသည်။

သူ၏ သုံးစားမရသောဖခင်က ရှဲ့မန်ရှန်းကို လိုက်လျောညီထွေရှိလွန်းသောကြောင့် သူသည် ငွေကို အောင်မြင်စွာပြန်ယူနိုင်ခဲ့ခြင်း ဖြစ်သည်။

ဟုတ်ပါသည်။ ဆုံးရှုံးမှုကများနေဆဲပင်။

များစွာပို့ပေးခဲ့တာတောင် ဤမျှ အနည်းငယ်သာ ကျန်ရှိတော့သည်။

"နင်က ဘာကို ပျော်နေတာလဲ။ နင့်ပိုက်ဆံပြန်ရတာကျနေတာပဲ " ရှဲဖင်းကန်း က ရှဲ့ချောင် ၏နဖူးကိုကိုင်ကာ "နင်တို့နှစ်ယောက်လုံး တာအိုဘာသာကို ကျင့်ခဲ့ကြပေမယ့် ဆရာမမော့ နဲ့ယှဉ်ရင် ဘာလို့နင်က အဲ့လောက်ညံ့နေရတာတုန်း"

ရှဲ့ချောင် က ဒေါသတကြီး စိုက်ကြည့်နေသည်။

"နင်ငါ့ကို စိုက်ကြည့်နေရင်တောင် အသုံးကမကျဘူး ဆရာမမော့က အံ့သြစရာကောင်းတယ်၊ နင်သူ့ဆီကနေ ပိုလေ့လာသင့်တယ်!"

ရှဲဖင်းကန်း ပြောပြီးနောက်သက်ပြင်းချကာ “ငါတို့အိမ်မှာ သုံးစားမရတာတွေကြီးပဲ …နင့်ပဲကြည့်ဦး စာတော့သင်နေတာပဲ ဘာထူးလဲ ဗေဒင်လိမ်ဟောစားတဲ့ သူလောက်တောင် အသုံးကကျမနေဘူး”

သူ၏ညီ၊ညီမ များအားလုံးမှာ အသုံးမကျကြပေ။

ရှဲ့ချောင်၏ သုံးစားမရသောကျန်းမာရေး၊  ရှဲဖင်းဟွိုက် အသုံးမကျသော လုပ်ရပ်များ၊  ရှဲ့ရှီ ၏ သုံးစားမရသော ဦးနှောက် အားလုံးကသုံးစားမရပေ။ 

သူတို့အားလုံးတွင် သွေးအစား ၎င်းက ခန္ဓာကိုယ်ထဲတွင် စီးဆင်းနေခဲ့ကြသည်။

ရှဲ့ချောင် အလွန်ဒေါသထွက်ပြီး အသက်ရှုကြပ်လာသည်။ 

ရှဲဖင်းကန်း လည်းသူမကို မယုံကြည်နိုင်သော အမူအရာဖြင့် ကြည့်ပြီးရွှင်လန်းနေသည်။ 

"ညီမလေးရဲ့ ဝိုင်ဖိုး အခုပြန်ပေး!" ရှဲ့ချောင် အော်လိုက်သည်။

အော်သံက အိမ်တော်ထိန်းနှင့် အခြားသူများကိုပင် တုန်လှုပ်စေခဲ့သည်။

သခင်မလေးက အေးဆေးတည်ငြိမ်ပြီး အနေအေးသော သူတစ်ယောက်ဖြစ်သော်လည်း ယခုအခါ သူမဒီအခြေနေသို့ပင် ရောက်လာခဲ့ရသည်။ သခင်လေးက အမှန်တကယ်ပင် အပြစ်ရှ်ိပါသည်။!

ပြင်ပလူများကို အနိုင်ကျင့်သည်ကထားပါ ၊ ကိုယ့် ညီမလေးကို ဘာကြောင့် အနိုင်ကျင့်ရက်ရတာလဲ !

အိမ်တော်ထိန်းနှင့် အစေခံများက ရှဲ့ချောင်၏ အဖြစ်ကို ရင်နာစွာ ကြည့်နေရုံမှတပါး မတတ်နိုင်ကြပေ။

သခင်မလေး၏ ကျန်းမာရေးသည် အလွန်ညံ့ပေသည်။  ဒေါသဖြင့် မသေသင့်သေးချေ။ 

ရှဲဖင်းကန်း သည် သေတ္တာတစ်ခုရှေ့၌  ရပ်ကာ

နားကပ်တစ်ခုကို ဆွဲထုတ်လိုက်သည်။ သူက ရှဲ့ချောင် ရဲ့လက်ထဲသို့ထည့် လိုက်ပြီး “ဒီမှာ ဝိုင်အတွက် ပိုက်ဆံ။ ဒါပဲ။တစ်ယောက်လောက် လာဦး ဒါတွေအားလုံးကို ကျွန်တော်ခြံဝန်းထဲက စတိုခန်းထဲကို ရွေ့ပေးဦး!”

ရှဲ့ချောင် က နှုတ်ခမ်းကို တင်းတင်းစေ့ထားသည်။

တောက်…အဲ့ကောင်ကတော့!

ရှဲ့ချောင် ဒေါသအရမ်းထွက်ပြီး နှလုံးနာလာသည်။ သူမ ရင်ဘတ်ကို ဖိလိုက်ပြီး ချောင်းဆိုးနေ သည်။ သူမ၏ မျက်နှာငယ်လေးသည် ချက်ချင်းပင် နီရဲသွားသည်။

ရှဲ့ဖင်းကန်း ၎င်းကိုမြင်သည့်အခါ အံ့အားသင့်သွားသည်။

သူက အမြန်လက်လှမ်းပြီး ငွေစက္ကူအမြောက်အများကို ရှဲ့ချောင် ၏လက်ထဲသို့ ထည့်ပေးလိုက်

ပြီး "ပိုက်ဆံနည်းနည်းလေးအတွက် ဘယ်လိုဖြစ်တာတုန်း  နင့်မင်္ဂလာ ခန်းဝင်ဖိုးလည်း ငါပေးရဦးမှာလေဟာ”

••••

All Chapters