← Chapters

မောင်နှမများကြားကတိုက်ပွဲ

Vol. 26 Ch. 487

မောင်နှမများကြားကတိုက်ပွဲ

Vol. 26 Ch. 487

ရှဲဖင်းကန်း က ရှဲ့ချောင်၏ ချောင်းဆိုးသံကြောင့် သူမနှလုံး ထွက်ကျသည်အထိ ချောင်းဆိုးမည်ဟု သူထင်ခဲ့သည်။ တကယ်ကို ကြောက်စရာ ကောင်းပေသည်။ 

သူ သူမကို အနိုင်ကျင့်ဖို့ မရည်ရွယ်ခဲ့ပါဘူး...

ဟုတ်ပြီ… သူမကို အနိုင်ကျင့်ချင်နေခဲ့သည်ကဟုတ်ပါသည် သူမ၏ ဒေါသထွက်သော မျက်နှာလေးက အလွန်ပင် ကရုဏာသက်ဖွယ်မဟုတ်လား။ 

သို့သော် ဤအတိုင်းအတာအထိတော့ မဟုတ်ပေ။

သူမက မိန်းမတစ်ယောက်လို အတော်အမြင်ကျဥ်းသည်။  သည်ပုံစံနှင့် ဘယ်လို အိမ်ထောင်ပြုတော့မလဲ။ 

ထို့အပြင် ယခု သူ့ထံတွင် ငွေသိပ်မရှိသေးပေ။ ဒီကောင်မလေး အိမ်ထောင်ကျသည့်အခါတွင် မင်္ဂလာစရိတ် စုထားပေးရမည် မဟုတ်လား။ မဟုတ်ရင် သူ့အစ်ကိုဖြစ်ပြီး သိက္ခာကျပေလိမ့်မည်။

ရှဲဖင်းကန်း စိတ်ပျက်မိသွားသည်။

သို့သော် မျက်မှောင်ကြုတ်ပြီး ငွေစက္ကူအားလုံးကို ပေးလိုက်၏။ သူ့လက်ကြီးနှင့် သူမ အသက်ရှူရအဆင်ပြေအောင် ကျောကိုပွတ်ပေးလိုက်ချင်သည်။ သို့သော် လက်ကို မြှောက်လိုက်သည်နှင့် သူ၏ လေးလံသည့်ဝက်ဝံလက်ကြီးကို မြင်လိုက်ရပြီးနောက် ပြန်ချလိုက်ခြင်းဖြစ်သည်။

သူ့ခွန်အားကို မည်သို့ထိန်းရမှန်း မသိသောကြောင့် သူမကို ရိုက်မိပြီး မသေစေချင်ခဲ့ပေ။

'သူမက အရမ်းအားနည်းပြီး ခန္ဓာကိုယ်ကလည်းသေးသေးလေး  အိမ်ထောင်ကျရင် ကလေးမရနိုင်လောက်ဘူး ငါ ဘာလုပ်ပေးရပါ့။'

ရှဲဖင်းကန်း က စိုးရိမ်နေသည်။

ရှဲ့ချောင် သည် ငွေစက္ကူများကို ကိုင်ကာ ချောင်းဆိုးနေသည်။ ထို့နောက် သူမသည် “အစ်ကိုကြီး… ညီမလေးသေရမှာ ကြောက်တယ်…” ဟု အားနည်းစွာပြောလိုက်သည်။

ရှဲဖင်းကန်း က ထိတ်လန့်သွားပြီး "မသေသေးပါဘူး နင်ကလေးတောင်မရသေးဘူးလေ.."

"ညီမလေး မသေခင်မှာ အစ်ကိုကြီး အိမ်ထောင်ကျတာ မြင်သွားချင်တယ်... အဟွတ်

ဟွတ်" ရှဲ့ချောင် က အလွန်သနားစရာ ကောင်းနေသည် ။

ရှဲဖင်းကန်း က ထိုစကားကိုကြားသောအခါကူကယ်ရာမဲ့စွာဖြင့် “ငါလည်း လိုချင်ပါတယ်၊ ဒါပေမယ့် ငါလုပ်ချင်တိုင်း လုပ်လို့ရတာ မဟုတ်ဘူး၊လေ ကျားဟွမ် က ရုပ်ဆိုးလွန်းတယ်၊ ငါသူမကိုတော့ မယူချင်ဘူး"

ရှဲ့ချောင်က သူ့ကိုကြည့်လိုက်သည်။ 

ဒါက သူမ ဆိုလိုချင်တာ မဟုတ်ဘူးလေ။

ရှဲဖင်းကန်း က ထိုကိစ္စကို အလေးအနက်ထားပြီး မိန်းကလေးများကို ပို၍ညင်သာစွာ ဆက်ဆံစေချင်ရုံဖြစ်သည်။ 

သို့သော် အဆင်ပြေပါသည်။ သူ့ညီမကိုတောင်ရက်စက်တာ၊ အပြင်လူတွေကို ပိုတောင်ရက်စက်မယ်မဟုတ်လား။ မိန်းမရရင် သူများကို ဒုက္ခပေးလိုက်မိသလို ဖြစ်နေပါဦးမယ်။ 

ရှဲ့ချောင် အရှုံးပေးလိုက်သည်။ 

သူမ ချောင်းဆိုး ချက်ခြင်းရပ်သွား၏။

ငွေစက္ကူများကို အိတ်ကပ်ထဲသို့ ထည့်ကာ

“ကိုကြီး ညီမလေးကို ငွေစက္ကူတွေ ပေးခဲ့ပြီးပြီ ကျန်တာတွေ ရွှေ့လို့ရတယ် ဒါမယ့် မြင်တဲ့ သူတိုင်းကိုမျှပေးရမှာနော်  အားလုံးကို တစ်ယောက်တည်းသိမ်းဖို့ စဉ်းစားနေတာလား? မရဘူးနော်!”

ထိုသို့ပြောပြီးနောက် ရှဲ့ချောင် က ရှဲဖင်းကန်း ကို အော်ကာ သူမ၏ ခြံဝင်းဆီသို့ ပြန်သွားခဲ့သည်။

ရှဲဖင်းကန်း က သူမကို လှည့်ကြည့်ပြီး သူ့အသိစိတ်များပြန်ဝင်လာသည်

ခုနက ဟန်ဆောင် နေခဲ့တာလား!

သူမ အသက်ရှုကြပ်ပြီး ချက်ခြင်းသေတော့မလိုပုံက သူမ ဟန်ဆောင်နေခဲ့တာလား?

ရှဲဖင်းကန်း ကျိန်ဆဲပြီး အနည်းငယ်ဟောင်းသော သေတ္တာကို ကန်လိုက်သည်။

"ဒီ ကောင်မလေး၊ ငါ သူ့ကိုရှုံးသွားတာလား" ရှဲဖင်းကန်း သည် မယုံနိုင်လောက်အောင် ဖြစ်သွားသည်။

သူတို့ နှစ်ယောက်လုံးက အမေတူသည့်မောင်နှမဖြစ်သည်။ သူက ဂုဏ်သိက္ခာရှိသောသူဖြစ်သည်၊ သို့သော် သူအနည်းငယ်နိမ့်ကျသွားသလိုပင်။ ပျော့ညံ့လွန်းခြင်းက သူ့အပြစ်သာဖြစ်သည်။ ထိုကောင်မလေးကို တွဲလောင်းဆွဲပြီး မရိုက်လိုက်နိုင်သည်က နှမြောစရာကောင်းလွန်းလှသည်။ 

ရှဲဖင်းဟွိုက်ကို ဆက်ဆံပုံအတိုင်းသာ သူမကို အနိုင်ယူနိုင်ခဲ့ရင် ဘယ်လောက်ကောင်းလိုက်မလဲ !

ရှဲ့ချောင် က စုစုပေါင်း ငွေစ၆၀၀၀ ကို ထုတ်ယူခဲ့သည်။

နောက်ထပ်ငွေအမြောက်အမြားကို ဘဏ္ဍာတိုက်ငယ်ထဲသို့ ထည့်လိုက်ပါသည်။

စောစောက ရှဲဖင်းကန်း ပြောခဲ့သည်များကို  တွေးရင်း သူက ချွင်းအာကို သေတ္တာသေးလေးနှစ်လုံး ပြင်ခိုင်းလိုက်သည်။  ထို့နောက် ငွေစ လေးထောင်ကို ထုတ်ယူပြီး တစ်ဗူးလျှင် ၂,၀၀၀ စီ ထည့်လိုက်သည်။

သူ့မောင်လေးနှင့် ညီမလေးက ဒီနှစ် ၁၃ နှစ်ရှိပြီဖြစ်ပြီး သူတို့ဟာ နှစ်အနည်းငယ်ကြာတွင် မိသားစုကို စတင်နိုင်တော့မှာ ဖြစ်ပါသည်။ 

သူမတို့၏ ဖခင်အရင်းကို အားကိုးရန်မှာ အသုံးမဝင်ပေ။

သူမက ညီငယ် ညီမငယ်များတွက် ချစ်ခြင်းမေတ္တာကို မပေးနိုင်သော်လည်း သူမတွင် ငွေ

အလုံအလောက်ရှိသည်။ ယခုမှစ၍ စုထားခဲ့ပါက၊ နှစ်အနည်းငယ်အတွင်း ဤသေတ္တာများတွင် ငွေအမြောက်အမြားရှိလာလိမ့်မည်မဟုတ်လား။

ရှဲ့ချောင် က ထိုသေတ္တာနှစ်လုံးကို သေချာဖယ်ထားလိုက်သည်။

သူမတစ်ရေးတစ်မော အိပ်လိုက်ပြီး ရှဲ့မန်ရှန်းဘက်တွင်တော့  မိုးပြိုနေပြီဖြစ်သည်။ 

အိမ်ကိုရောင်းပြီး ရွှေ့ရဖို့ သုံးရက်သာ အချိန်ရပေသည်။

အိမ်တွင်ရွေ့စရာသိပ်မရှိပေ။ ရှဲ့မန်ရှန်းက သူ၏ စည်းစိမ်ဥစ္စာအားလုံးကို ရှင်းထုတ်ခဲ့ပြီးဖြစ်၍ တန်ဖိုးမရှိသည့် နေ့စဉ်သုံးပစ္စည်းများသာကျန်ခဲ့သည်။

အိမ်သားများနိုးလာကြသည့်အခါ  တစ်အိမ်လုံးတွင် အချင်းချင်း ကြောင်တောင်တောင်နှင့် စိုက်ကြည့်နေကြသည့် သူများနှင့်ပြည့်နေသည်။

အစက သူတို့ဘာမှ မတွေးဘဲ  ခြံထဲကို အသီးသီးပြန်သွားကြပြီးမှ အော်ဟစ်သံတွေက တစ်ရပ်ကွက်လုံး နားကန်းလုနီးပါး ပေါ်ထွက် လာခဲ့သည်။

••••

All Chapters