← Chapters

သူ့ဘဝထဲကလူဆိုး

Vol. 26 Ch. 488

သူ့ဘဝထဲကလူဆိုး

Vol. 26 Ch. 488

အဘွားကြီးသည် သေတ္တာအလွတ်ကို ကြည့်ကာ မြေပေါ်သို့ လဲကျသွားသည်။ သူမရင်တွေတုန်လာပြီး မိုးကြိုးခေါင်းတည့်တည့်ပစ်ခံရသလို ပူထူနေ၏။

"သူခိုး! သူခိုးလာသွားတယ် !” အဘွားကြီးက အော်နေသည်။

တစ်ဖက်တွင် သခင်မကျား နှင့် သခင်မရှင်းအပါအဝင် ကလေးများအားလုံး ပြေးထွက်လာခဲ့သည်။

သခင်မကျား နဲ့ သခင်မရှင်းက တစ်ယောက်ကို တစ်ယောက် ကြည့်ရင်း မျက်ရည်များ ကျလာကာ တစ်ချိန်တည်းမှာပင် "ကုန်ပါပြီ စုထားတဲ့ ငွေတွေအကုန်ပါသွားပြီ…အကုန်လုံး သွားပြီ။ သား မင်္ဂလာဆောင်ကျရင် သုံးဖို့စုထားတဲ့ငွေတွေ ပျောက်ကုန်ပြီ!"

လူသေသွားသကဲ့သို့ခြံဝင်းတစ်ခုလုံး ငိုကြွေးသံတွေနဲ့ ပြည့်နှက်နေခဲ့သည်။

ရှဲ့ချုံရှန်း၏ မျက်လုံးများသည် သွေးရောင်ရဲနေပြီး သူ့အမူအရာသည် ခက်ထန်နေသည်။ “အာဏာပိုင်‌တွေကို သတင်းပို့  ချက်ချင်း သတင်းပို့”

ရှဲ့မန်ရှန်းယခုမှပြန်ရောက်လာခဲ့သည်။

၎င်းစကားကြောင့်  သူ့အမူအရာက တည်ငြိမ်သွားသလိုဖြင့် “အာဏာပိုင်တွေကို ဘာ

အကြောင်းကြားရမှာလဲ ပစ္စည်းတွေဆုံးသွားတော့ရော ဘာဖြစ်လဲ နောက်ကြရင် ပြန်ရမှာပဲလေ ကောင်းကောင်းအိပ်ကြရအောင်ပါ  မနက်ဖြန် မနက် အိပ်ရာထပြီး ပစ္စည်းတွေသိမ်းလိုက်တော့ ငါတို့ပြောင်းရတော့မယ် "

ထိုစကားသံကြောင့်  အားလုံး၏ ငိုသံများ ရပ်တန့်သွားသည်။

ပြောင်းရမယ်?

သူတို့ဘာကြောင့် ပြောင်းကြရမှာလဲ။

"အဲ့ဒါမင်းမလား?! အစ်ကိုကြီး မင်းလုပ်တာမလား ဝိုင်တွေနဲ့ အစားကောင်းတွေ  အများကြီး ရုတ်တရက် ဝယ်လာတည်းက သိလိုက်ရမှာ.. မင်းငါတို့အားလုံးကို တမင်လုပ်ပစ်တာမလား!” ရှဲ့ချုံရှန်းဒေါသတကြီးပြောလိုက်သည်။

အံ့ဩစရာမရှိပေ။ မနက်အစောပိုင်းပဲရှိသေးသည်မှ မျက်လုံးဖွင့်လိုက်တော့ ကောင်းကင်ကြီးက

မည်းနေပြီ မဟုတ်လား။

ရှဲ့မန်ရှန်းက သူ့ကို ဒေါသတကြီး ပြစ်တင်ဝေဖန်နေသည့် သူ့ညီလေးကို ကြည့်ပြီး ဆရာမ ပြောသမျှကို သူတွေးနေမိသည်။

သူက  သူ့ကိုဒုက္ခပေးမည့်လူဆိုးတစ်ယောက်ဖြစ်သည်။

ကြည့်လေ။ ငွေ က ဘယ်ရောက်သွားတယ်မပြောရသေး။ သူ့ကိုစားမတတ်ဝါးမတတ်ကြည့်နေတာများ။ သူလုပ်သမျှကိုသာ သိရင် ဓားနဲ့ခုတ်သတ်မလားပဲ။

"ငါ့ညီ၊ မင်းဘာလို့စိတ်ဆိုးနေတာလဲ ငါ ငွေတွေ အကုန်ယူတော့ မင်းတို့တွေ စိတ်ညစ်ကြမှာစိုးလို့ ဆေးခတ်ထားတာပါ စိတ်မပူပါနဲ့၊ ငွေတွေဘယ်မှ မပျောက်သွားဘူး ။ သူတို့အားလုံး ညီလတ်အိမ်မှာရှိတယ် ။ရက်နည်းနည်းကျရင် သူပြန်ပေးလိမ့်မယ်” ဟု ရှဲ့မန်ရှန်းက အလွန်အေးဆေးစွာပြောလိုက်သည်။

သို့သော် လူတိုင်း အံသြသွားကြသည်။

"ဘာလို့ သူတို့ကို ပေးလိုက်တာလဲ သူက ချမ်းသာတယ်လေ ဘာကြောင့် ငါတို့ဆီက ဘာလို့လိုတာလဲ အစ်ကိုကြီး မင်းရူးနေတာလား မင်းဘာလို့ဒီလိုလုပ်နေတာလဲ အိမ်မှာဘာမှမရှိတော့ဘူး  ငါတို့ အခုဘာစားပြီး ဘာဝတ်နေကြမလဲ..!” ရှဲ့ချုံရှန်းသည် အလွန်ပေါက်ကွဲနေသည်။

သူ့အိမ်ရှိ သေတ္တာထဲမှာ ရှိသမျှ အကုန်နီးပါး ပျောက်သွားသည်။

ငွေများသာမက အဝတ်အစားများနှင့် ဖိနပ်အနည်းငယ်လည်း ပျောက်သွားသည် ။

ယခု သူ့တွင် ဤအဝတ်စားတစ်စုံသာ ကျန်တော့သည်!

အနာဂတ်မှာ အပြင်ထွက်တဲ့အခါ သူဘာလုပ်ရမ

လဲ။ သူငယ်ချင်းတွေနဲ့ တွေ့ရင် သူဘာဝတ်ရမလဲ? ဒါ့အပြင် သူ့သားက စေ့စပ်ထားပြီးသား။ ပိုက်ဆံမရှိရင် သူဘယ်လိုလက်ထပ်မလဲ!

"မင်းဘာသိလို့လဲ! ဘေးဥပဒ်နှင့် ကြုံရမှာမို့လို့ ဘေးဥပဒ်ကို ရှောင်ဖို့ ငါ ပိုက်ဆံသုံးလိုက်တာ တခြားသူကိုလည်းလျှောက်ပေးပစ်တာမဟုတ်ဘူး ငါ့ညီငါ အပ်ထားတာ မင်းကဘာတွေ လာဖြစ်နေလဲ။" ရှဲ့မန်ရှန်းမောပန်းသွားသည်။ တစ်နေကုန် အလုပ်ရှုပ်နေခဲ့သောကြောင့် စကားများများမပြောချင်ပေ။

“ရပြီနော် စကားတွေ တော်လိုက်တော့ စောစော အိပ်ရာဝင်ကြ  ငါ ဒီအိမ်ကို ရောင်းလိုက်ပြီ။ သုံးရက်အတွင်း ထွက်သွားရမယ်” ဟု ရှဲ့မန်ရှန်းက စကားရပ်လိုက်ပြီး သူ့အခန်းဆီသို့ လျှောက်သွားခဲ့သည်။

သခင်မရှင်း ရူးသွပ်သွားပုံရသည်။ သူမ

ရုတ်တရက်ထရပ်ပြီး ရှဲ့မန်ရှန်းအား ကတုန်ကယင်ဖြင့် “ငါနင့်ကို လုပ်ပစ်မယ် ငါ့ ငွေတွေ ပြန်ပေး ငါ့ငွေတွေပြန်ပေး!!”

“ဖတ်!” ရှဲ့မန်ရှန်းက သူမကို မြေပြင်ပေါ်လဲကျသည်အထိ ရိုက်ချလိုက်သည်။

"ငွေဘယ်ရောက်သွားလဲ ခုနက ငါမပြောဘူးလား  နင်ဒီလိုဆက်လုပ်ရင် ငါ့အမေ ရှေ့မှာ နင့်ကိုကွာခိုင်းမယ်!” ရှဲ့မန်ရှန်းပြောပြီးနောက်  သူ့အမေအကြောင်း တွေးလိုက်မိသည်။  တခဏမျှ တုံ့ဆိုင်းသွားပြီးအဘွားအိုကို ကူညီရန်အိမ်ထဲသို့ဝင်လာခဲ့သည်။ “အမေ၊ ကျွန်တော့်မှာရွေးချယ်စရာ မရှိတော့လို့ပါ။ ကျွန်တော်ရှင်းပြပါရစေ။"

အဘွားကြီး အံ့အားသင့်သွားသည်။နှုတ်ခမ်းများတုန်ယင်နေကာ သားအကြီးဆုံးကို အိမ်ထဲသို့လိုက်ပို့ခွင့်ပြုလိုက်သည်။

“အမေ၊ ဆရာမတစ်ယောက်က  ကျွန်တော့်ရဲ့အနာဂတ်ကို ဟောပေးခဲ့တယ် ကြီးမားတဲ့ ဘေး

ဒုက္ခ ကျရောက်လိမ့်မယ်တဲ့ သားပိုက်ဆံမဆုံးရှုံးရင် သားသေရလိမ့်မယ်.."

••••

All Chapters