← Chapters

မင်းချန်ထားခဲ့သေးလား။

Vol. 26 Ch. 489

မင်းချန်ထားခဲ့သေးလား။

Vol. 26 Ch. 489

အဘွားကြီးက သူ့သားကြီးအား ထိတ်လန့်စွာ စိုက်ကြည့်နေသည်။

"- မင်းက အဲ့ဆရာမရဲ့ အဓိပ္ပာယ်မရှိတာတွေ ယုံပြီး မင်းညီရဲ့ ပိုက်ဆံတွေပါ အကုန်ပေးပစ်ခဲ့တာလား…"

အဘွားအိုက မယုံနိုင်လောက်အောင် ဖြစ်သွားသည်။ အမြဲတမ်း ထက်မြက်သည့် သူ့သားက ဘယ်လိုလုပ်ပြီး ခေါင်းက ဗရုတ်သုတ်ခ အတွေးများနှင့်ပြည့်နေရပါသလဲ။ 

ရှဲ့မန်ရှန်းက ခေါင်းခါလိုက်ပြီး "အဓိပ္ပာယ်မရှိတာ

မဟုတ်ဘူးအမေ အဲ့ဆရာမကြီးက အရမ်းမှန်တယ် သူက  မင်းသားရဲ့ ဂုဏ်ထူးဆောင် ဧည့်သည်၊ မင်းသားရဲ့ အိမ်တော်ထိန်းတောင်မှ သူ့ကို ကျေးဇူးတင်တဲ့ အနေနဲ့ လက်ဆောင်ပေးဖို့ ကိုယ်တိုင်ကိုယ်ကျ လာခဲ့ရတာကို အဲဒီနေရာက လူတိုင်းသိတယ်အမေ။ နောက်ပြီး အမေ…"

"သားအလုပ်ပြုတ်သွားတယ်မဟုတ်လား? မပြုတ်ခင်က ဆရာမက အဲဒါကိုကြိုပြောထားပြီးသား၊ ဒါပေမယ့် အဲဒီတုန်းကသားမယုံခဲ့မိဘူး! သားဘဝမှာ ကျေးဇူးရှင်တစ်ယောက်ရှိတယ်လို့တောင် ဟောကိန်းထုတ်ပြီး သားတို့ မိသားစုရဲ့ဝင်ငွေဟာ ငွေဖြူမဟုတ်ဘူးလို့တောင်ဟောခဲ့တယ် အမေ နောက်ပြီးသားက  ဘေးဒုက္ခကိုခေါ်သလိုဖြစ်နေတာတဲ့ သူပြောတာတစ်ခုမှ မမှားသေးဘူးအမေ  ဒီရက်ပိုင်းမှာ သားရဲ့ကံက တကယ်ကိုဆိုးနေတာ  သွားတဲ့နေရာတိုင်း ကံမကောင်းဘူး။ ဘေးဥပဒ်ကို ဖယ်ပေးဖို့တောင် သားမနည်းတောင်းပန်ပြီး လုပ်ခိုင်းခဲ့ရတာ အမေ"

“ပြီးတော့… အမေ၊ ဆရာမက သားဆီက ကြေး

တစ်ပြားမှ တောင်မယူဘူး  တကယ်လို့ သူသာသားငွေကိုလိုချင်ရင် ညီလတ်ဆီပေးခိုင်းပါ့မလား သူ့ဆီပဲတိုက်ရိုက်ပို့ခိုင်းမှာပေါ့" ရှဲ့မန်ရှန်းက ဆက်ပြောသည်။

ရှဲ့မန်ရှန်းကဆရာမသည် သူ့ကို ဘယ်သောအခါမျှ လှည့်စားမည်မဟုတ်ကြောင်း ယုံကြည်နေခဲ့သည်။

ဆရာမက သူ့ထံမှ မည်သည့်အကျိုးအမြတ်မှ မရရှိခဲ့သဖြင့် လိမ်ရန် မဖြစ်နိုင်ပေ။ 

ရေစက်ကြောင့် သာဆုံတွေ့ခဲ့ကြရခြင်းဖြစ်သည်။

အဘွားကြီးက သားဖြစ်သူ၏ စကားကို နားထောင်ပြီး အလွန်အံ့အားသင့်နေ၏။

ဆရာမက ထိုမျှ မှန်သည်တဲ့လား။ 

"ဒါပေမယ့် အမေတို့ရဲ့ ငွေအားလုံးကိုတော့ မင်း

ညီလတ်ကိုမပေးလိုက်သင့်ဘူးလေ…သူ့မိသားစုထဲက ဟိုကောင်မလေးက ဘယ်လိုပုံလဲ မင်း မသိဘူးလား သူမကနည်းနည်းလေး အသနားခံပြလိုက်တာနဲ့ မင်းညီလတ်က အမေတို့ကို ပိုက်ဆံတွေပြန်ပေးမယ် ထင်လို့လား”

အဘွားကြီးက ကမန်းကတန်း ပြောလိုက်သည်။

ဤရက်အနည်းငယ်အတွင်း ရှဲ့မန်ရှန်း ရှဲ့ချောင်ကို လုံးဝ မတွေးခဲ့မိပေ။

“ညီလတ်ပြန်လာတဲ့အခါ ဒီ ဘေးဆိုးကြီးပြီးရင် သူနဲ့ စကားပြောမှာပါအမေ။ အခု ပိုက်ဆံတွေအားလုံးကို သားပေးလိုက်မိပြီ။ သူ့ပိုက်ဆံကို သားကလောဘမတက်ဘူးထင်လို့ ပိုတောင် ပြန်ပေးရင် ပေးဦးမှာပါ” ရှဲ့မန်ရှန်းသည် သူ၏တွေးခေါ်နိုင်စွမ်းအားလုံး ဆုံးရှုံးလုနီးပါး ဖြစ်နေပြီဖြစ်သည်။

ငွေကြေးများစွာနှင့် ပစ္စည်းများကို ပေးပြီးနောက် သူ့စိတ်များယောက်ယတ်ခတ်နေသည်။

“မဟုတ်ဘူး! သွားပြီး အခုချက်ချင်း ပြန်သွားယူ! အဘွားကြီး သည်းမခံနိုင်တော့ပေ။

ထိုငွေပမာဏသည် သေးငယ်လှသည်မဟုတ်။ ၎င်းက မိသားစုတစ်ခုလုံး၏ ပိုင်ဆိုင်မှုဖြစ်နေသည်။

"အမေ!"

ရှဲ့မန်ရှန်းက "သားကို သေစေချင်လို့လား သား မသွားနိုင်ဘူး! ဘေးဥပဒ်မပြီးမချင်း ဘယ်သူ့ကိုမှ သွားခွင့်မပေးဘူး”

ရှဲ့မန်ရှန်း၏ မျက်နှာတွင် ဒေါသများ ပြည့်နှက်နေသည့်တွက် အဘွားအိုလည်း တုန်လှုပ်သွားသည်။

ရှဲ့မန်ရှန်းက သူ့အမေက သူ့ကိုအချစ်ဆုံးဖြစ်ကြောင်းသိထားသည်။ ထို့အတွက် ထိုစကားကို ပြောပြီးနောက် မြေကြီးပေါ်တွင် ဒူးထောက်

ကာ ရှိုက်ကြီးတငင် ငိုနေလေသည်။ သူ မသေချင်ဘူးဆိုပြီး ဆက်တိုက်အော်ပြောနေသည်။ 

အဘွားကြီးက သူ့ဘဝတွင် ကလေးများစွာကို ဖွားမြင်ခဲ့သော်လည်း သူမအချစ်ဆုံးမှာ သူမသားအကြီးဆုံးဖြစ်သည်။

သူမ၏မျက်လုံးထဲတွင် သူမ၏သားအကြီးဆုံးသည်သာ အသိဉာဏ်အရှိဆုံး၊ စွမ်းဆောင်နိုင်စွမ်းအရှိဆုံးပင်၊ ထို့အတွက် သူသည် နောင်တွင်သူမကို ထောက်ပံ့လိမ့်မည် ဟုယုံကြည်ထားသည်။

ထို့အတွက် သူမ သားအကြီးဆုံးကို ဘာမှ မဖြစ်စေချင်ပေ။ 

“မင်းပြောတဲ့ဆရာမ… သူမဆီ ခေါ်သွားပေး…” အဘွားအိုက ထပ်ပြောသည်။

“အမေ အဲဒီဆရာမက အလုပ်များတယ်။ သူက ဆိုင်မှာ မရှိသလောက် ရှားတယ်။ မပြောတတ်

ဘူး။ တစ်နေ့ကို လူသုံးယောက်လောက်ပဲ တွေ့တယ်  ဒါပေမယ့် သူမကို မနက်တိုင်း လူတစ်ရာကျော် လောက် တန်းစီပြီး စောင့်နေတတ်တယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက သားအဲ့မှာနေတိုင်းနီးပါးရှိတော့ မျက်စိနဲ့တပ်အပ်မြင်ခဲ့ရတာ တကယ် စိတ် ပူစရာမလိုဘူးအမေ လမ်းပေါ်က စျေးလိမ်ရောင်းတဲ့သူလိုမျိုးမဟုတ်ဘူး။ သူ့ဆိုင်က အရှေ့ပိုင်းလမ်းမှာ ရှိတာအမေ အရှေ့လမ်းပေါ်က ဆိုင်တွေက အရမ်းဈေးကြီးတာ အမေသိတယ်မလား.. ဒီလို ချမ်းသာတဲ့သူက သားကိုလှည့်စားမှာတဲ့လား။" ရှဲ့မန်ရှန်းက ရှင်းပြသည်။

အဘွားကြီးက သူ့သားအကြီးဆုံးကို ထုံးစံအတိုင်း ယုံကြည်မှုရှိခဲ့သည်။

သူ့သားအကြီးဆုံးက ယုံကြည်မှုလွန်ကဲနေသဖြင့် စိတ်သက်သာရာရလာသည်။

"သားဒီလိုလုပ်မယ်ဆိုတာ အမေ့ကိုဘာလို့မပြောတာလဲ..မင်း အမေ့ကိုဆေးတောင်ခတ်သွားသေးတယ်…”

အဘွားအိုက ငြိမ်သက်သွားပြီး “မင်းရဲ့ ညီလေးစိတ်ဆိုးတာကို အပြစ်မတင်နဲ့။ အမေတို့အခု ပိုင်ဆိုင်ထားတာတွေက ရဖို့မလွယ်ခဲ့ဘူး…အားလုံးကို ပေးလွှတ်လိုက်တော့ အမေတို့ဘာစားကြမလဲ…”

ထိုအချိန်တွင် အဘွားကြီး၏ အမူအရာ ပြောင်းသွားကာ "အမေတို့မှာ ပိုက်ဆံဘယ်လောက်ကျန်သေးလဲ။ဘယ်လောက်ချန်ထားခဲ့လဲသား”

••••

All Chapters