ပြန်ဆပ်ရမယ့်အချိန်ပဲ။
Vol. 26 Ch. 490
အဘွားအို အနည်းငယ် စိတ်ပူသွားသည်။
သူမသည် အသက်ကြီးနေပြီဖြစ်၍ ကိုယ်ခန္ဓာမှာ ယခင်ကလို မကောင်းမွန်တော့ပေ။ သူမနာကျင်မှုဒဏ်ကို မခံနိုင်တော့ပေ။ ထို့အပြင် သူမ၏
ခြေထောက်များ ကျိုးသွားခဲ့သည်။ အနာသက်သာရန် အရိုးစွပ်ပြုတ်ကို များများသောက်ရန် လိုအပ်သည်။
“ရိုးရိုးသားသားရထားတာ မဟုတ်တဲ့ အဲ့ပစ္စည်းတွေကို သားဆီမှာ ထားရင် ဒုက္ခက ပိုကြီးလိမ့်မယ်တဲ့ အမေ…” ရှဲ့မန်ရှန်းမျက်မှောင်ကြုတ်ကာ ပြောသည်။
အဘွားအိုက ၎င်းကိုကြားသည်နှင့် သည်းမခံနိုင်တော့ဘဲ မူးလဲသွားတော့သည်။
တခြားသူများက ရှဲ့မန်ရှန်းကို ဆွဲထုတ်ပြီး စစ်ဆေးမေးမြန်းဖို့ ဆန္ဒရှိခဲ့ကြသော်လည်း ရှဲ့မန်ရှန်းက ပြီးခဲ့သည့်နှစ်များအတွင်း မိသားစုတွင် အာဏာအရှိဆုံးသူ ဖြစ်သည်။ တစ်မိသားစုလုံးမှာ ထိုအချိန်တွင် ငိုကြွေးရန်သာ သတ္တိရှိခဲ့ကြသည်။
တစ်ညလုံး ငိုကြွေးပြီးနောက် အဘွားကြီး နိုးလာပြီး အားလုံးကို လှမ်းခေါ်လိုက်သည်။
“ မင်းတို့အားလုံး ငါ့သားကြီးကိုအပြစ်တင်ပိုင်ခွင့် မရှိဘူး။ မင်းတို့အားလုံး ပစ္စည်းတွေသွားသိမ်းသွား ပြီးရင် ပိုက်ဆံကျန်သလောက် စုလာခဲ့ကြ…ချွေးမကြီးနဲ့ ချွေးမလေးက သမီးတို့ အမေတွေအိမ်ဆီ သွားပြီး ရလိုရငြားရှာခဲ့ကြ” ဟု အဘွားအိုက ထပ်ပြောသည်။
ဤနှစ်များတစ်လျှောက်လုံး သူမဘက်ကြောင့် ထိုမိသားစုနှစ်စုက များစွာသော အကျိုးကျေးဇူးများကို ရရှိခဲ့သည်။ အခု မိသားစုတွေ ဒုက္ခရောက်ကြပြီဖြစ်သည့်အလျောက် စရိတ်စကလိုပြီဖြစ်သည်။
သခင်မကျားနှင့် သခင်မရှင်း တို့ စိတ်ဆိုးသွားကြသည်။
အထူးသဖြင့် သခင်မရှင်းက “အကြီးဆုံးအစ်ကိုက ကျွန်မတို့အိမ်က ငွေတွေအကုန်ယူသွားပြီး ကျွန်မတို့ကျ အမေ့ဆီက သွားချေးရမှာတဲ့လား အဲ့လိုမလုပ်ပေးချင်ပါဘူး.. အမေက ဘာဖြစ်လို့
လဲမေးရင် ကျွန်မဘာဖြေရမလဲ"
အဘွားအိုက ထိုစကားကိုကြားသောအခါ သခင်မရှင်း၏မျက်နှာကို ဖိနပ်နှင့် ရိုက်လိုက်ကာ
“ငါတို့အနာဂတ်တွက် ပိုက်ဆံကိုယူသွားတာလေ ပြီးရင် ပြန်ရမှာပဲ နင့်မိသားစုကငါတို့ဆီက အများကြီး ယူထားတာပဲလေ၊ အခု ပြန်တောင်းလို့တောင်မရဘူးလား ချက်ချင်းသွားတောင်း မရရင်နင်ပြန်မလာနဲ့ နောက်ကျ ငါတို့ဘယ်လောက်ချမ်းသာသာ နင်နဲ့မဆိုင်ဘူး!” အဘွားအိုက ဒေါသတကြီးပြောလိုက်သည်။
ထိုစကားကို ပြောသောအခါ သခင်မရှင်းက ချက်ချင်းပင် ပြောစရာမဲ့သွားတော့သည်။
ယခုမူ သူတို့ဘာမှ မပြောနိုင်တော့ပေ။
မိသားစုငွေများ ဆုံးရှုံးသွားသော်လည်း ထိုသူတို့နှင့် ရှဲ့နျိုရှန်းကြားမှ ဆက်ဆံရေးမှာ ရှိနေဆဲဖြစ်သည်...
ထိုအချိန်တွင် တစ်မိသားစုလုံးက ရှဲ့မန်ရှန်းကိုသာ အပြစ်တင်နေကြသည်။ သို့သော်လည်း ရှဲ့မန်ရှန်း၏ ကတိစကားကြောင့် သူတို့ ဘာမှထပ်မပြောဝံ့ကြပေ။
အဘွားကြီး၏ အမိန့်ကိုသာ နာခံစွာ လိုက်နာလိုက်ကြသည်။
အဘွားကြီးမှာ တိတ်တခိုး စိတ်မသက်မသာ ဖြစ်နေကြောင်း သူတို့ မသိခဲ့ကြပေ။ သို့သော်လည်း သူမ၏သားအကြီးဆုံးက သူမ၏ ကျောရိုးဖြစ်သည်။ ယခုသူမ သားကြီးပြောတာကို နားထောင်တာကလွဲလို့ တခြားရွေးချယ်စရာ မရှိနေပေ။
တစ်မိသားစုလုံး သူတို့ပစ္စည်းတွေကို ထုပ်ပိုးကြတော့သည်။
ငွေအနည်းငယ်မျှသာ စုဆောင်းမိခဲ့၏။
နောက်ဆုံးတွင် မိသားစုတစ်ခုလုံး၏ လက်ဝတ်ရတနာများနှင့် ငွေထည်များ စုလိုက်လျှင် ငွေစ ၈၀ လောက်သာရှိတော့သည်။
ယခင်က ရှဲ့မိသားစုအတွက် များပြားသော ပမာဏ ဖြစ်ခဲ့သော်လည်း အဘွားအိုနှင့် ကျန်သူများမှာ ငွေသုံးကြမ်းကြသူများဖြစ်သည်။
သာမန်လယ်သမားတစ်ယောက်အတွက် ငွေစ ၈၀ က တစ်သက်စာလုံလောက်ပေမယ့် အဘွားကြီးအတွက်မူ ...
မည်မျှ ချွေတာနေပါစေ တစ်လလောက်သာအသုံးခံလိမ့်မည်။
အိမ်တွင် လူအတော်များပေသည်။
ငွေစများကို ပိုက်ထားသည့် အဘွားကြီး၏လက်များက တုန်ရီနေ၏။
ရှဲ့မန်ရှန်းသည် ငွေစများကို စိုက်ကြည့်နေမိသည်။
သို့သော် သူသည် လှုပ်လှုပ်ရှားရှား မလုပ်ပေ။ ထိုငွေကိုသာ မသိမ်းထားလျှင် ထမင်းစားစရာပင် ရှိမည် မဟုတ်တော့ပေ။
သူ၏ စိတ်ရင်းက လုံလောက် လောက်ချေပြီ။
ဤ အနည်းငယ်မျှလောက်က အဆင်ပြေမှာပါ။
သုံးရက်ကြာပြီးနောက် လူများ သူတို့အိမ်သို့ ရောက်လာကြသည်။ ထို့မှသာ မိသားစုတစ်စုလုံး ဖြည်းညင်းစွာ ထွက်ခွာသွားကြသည်။
သခင်မကျားနှင့် သခင်မရှင်းတို့သည် အစွမ်းကုန်ကြိုးစားခဲ့ကြသော်လည်း သက်ဆိုင်ရာမိသားစုများဆီမှ ငွေစ၅၀ သာ ရရှိခဲ့ကြသည်။
အဘွားအိုက ရှဲ့ချုံရှန်းကို စျေးပေါသော ခြံဝင်းတစ်ခု ငှါးခိုင်းခဲ့သည်။
ထိုခြံဝင်းမှာ ရှဲ့နျိုရှန်းဝယ်ပေးခဲ့သည့် ခြံဝင်းနှင့် ယှဉ်၍မရပေ။ အိမ်က ကျဉ်းရုံသာမက သေးသေးလေးဖြစ်သည်။ အထဲတွင် လူအများကြီး ဖြစ်နေသဖြင့် အလွန်အဆင်မပြေပါချေ။
ငွေအမြန်ဆုံးပြန်ရရန်က အရေးကြီးဆုံးဖြစ်၍ မိသားစုတစ်စုလုံး ရှဲ့မန်ရှန်းကိုသာ အားကိုးနေခဲ့ကြသည်။
••••