← Chapters

သူ့အတွက် စိတ်ကူးယူလာပါ။ 

Vol. 26 Ch. 492

သူ့အတွက် စိတ်ကူးယူလာပါ။ 

Vol. 26 Ch. 492

တစ်ချက်ကြည့်ရုံနှင့် ဒီလူဘာလို့ ဆင်းရဲနေသလဲ

ဆိုတာ ရှဲ့ချောင် နားလည်သွားသည်။ 

"ပန်းချီဆွဲဆရာက သူ့ကိုသေသေချာချာ မဆွဲထားလို့ထင်တယ်" 

ချွင်းအာက ဆိုသည်။ တကယ်တော့ ဘာကွဲပြားနေလဲဆိုတာ သူမ မပြောနိုင်ပေ ..။ မဟုတ်မှလွဲ သူမမျက်လုံးပဲ တစ်ခုခုဖြစ်နေတာလား။ ချွင်းအာ ငိုချင်ပေမယ့် မျက်ရည်မကျလာချေ။ 

"တစ်ခုခုတော့ မဟုတ်သေးဘူး" ချွင်းအာ မျက်ခုံး တွန့်သွားပြီး သူမကိုကြည့်ရတာ ခက်ခဲသောအခြေအနေတွင် ရောက်နေသလိုပင်။ 

"ဒီလူက စာပေမှာအရည်အချင်းရှိတယ်လို့ ငါ့အစ်ကိုကြီးကပြောတယ်။ ငါ ပုံတူပန်းချီ‌ကိုကြာ့်လိုက်တော့ တကယ်ပဲ သူ့မှာ စာပေပိုင်းနဲ့

ပတ်သက်ပြီး အရည်အချင်းရှိတယ်။ ဒါပေမယ့် ဒီလူက လက်တွေ့မှာကျ မတူတော့ဘူး။ သူ့ပုံစံက ကြည့်ကောင်းပေမယ့် သူ့ရဲ့ ရုပ်လက္ခဏာက ဆိုးရွားနေတယ်။ ပြီးတော့ တော်တာ ဒါမှမဟုတ် အရည်အချင်းရှိတဲ့ပုံစံနဲ့လည်း မတူဘူး" 

ရှဲ့ချောင် အလွန်ရှုပ်ထွေးနေ၏။ သူမအစ်ကိုကြီး မှားတာပဲဖြစ်ရမည်။ ဒီလူမှာ အရည်အချင်းမရှိသလို ပိုက်ဆံလည်းမရှိပေ။ သို့ပေမယ့် ပုံတူပန်းချီကို အခြေခံ၍ ပင်ကိုယ်စွမ်းရည်က အစ်ကိုဖြစ်သူ၏ဖော်ပြချက်နှင့် ဘာလို့ကိုက်ညီနေရတာလဲ။ 

ရှဲ့ချောင် နားမလည်နိုင်။ သူမ နားမလည်နိုင်တာကြောင့် အဆင်မပြေဖြစ်ရသည်။ သူမ ခန္ဓာကိုယ်တစ်ခုလုံး ထူးဆန်းတဲ့ခံစားချက်အား ခံစားနေရ၏။ 

ရှဲ့ချောင် မျက်မှောင်ကြုတ်ထားတာတွေ့

တော့ ချွင်းအာ သက်ပြင်းချလိုက်သည်။ 

"သခင်မလေး အများကြီးမစဉ်းစားသင့်ဘူး သူက ကြည့်မကောင်းဘူးဆိုတော့ ကျွန်မတို့တွေ သူ့ကို ထပ်မကြည့်ကြရအောင်" 

ရှဲ့ချောင် ခေါင်းခါလိုက်သည်။ တစ်ခုခုမှားနေလေပြီ။ သူမအစ်ကိုကြီးကပဲ လှည့်ဖြားနေတာလား ဒါမှမဟုတ် ပုံတူပန်းချီပဲ တစ်ခုခုမှားနေတာလားဆိုတာ မသိတာကြောင့် သူမ အဆင်ပြေမနေပေ။ 

ရှဲ့ချောင် ထိုတည်နေရာအား ငေးကြည့်လိုက်သည်။ ရှဲ့ဖင်းကန်းလည်း အပေါ်လှမ်းကြည့်ရန် အချိန်အနည်းငယ်ယူသည်။ ထိုတည်နေရာအတိုင်း ရှဲ့ချောင်ကို အပေါ်မှာတွေ့လိုက်ရာ သူ အပျော်လွန်သွားသည်။ 

သူမ သူ့အတွက်စိတ်ကူးယူလာလောက်သည်။ ကောင်းလိုက်တာ .. နောက်‌ဆုံးတော့ ဒီကိစ္စ ဖြေရှင်းနိုင်တော့မည်ပင်။ 

ရှဲ့ဖင်းကန်း အပျော်လွန်သွားသည်။ သူ့အရှေ့ကလူကို ပိုကြည့်လေလေ သူပိုပြီး သဘောကျလာလေလေဖြစ်သည်။ သူနဲ့ခဏလောက် စကားပြောပြီးနောက် ရှဲ့ဖင်းကန်း အပေါ်တက်သွားပြီး ရှဲ့ချောင်အရှေ့မှာ ထိုင်လိုက်သည်။ ပြီးနောက် စိတ်လှုပ်ရှားစွာဖြင့်‌။ 

"ဘယ်လိုလဲ ဒီလူ ကြည့်ကောင်းရဲ့လား" 

"အစ်ကိုကြီး သူက တအားအရည်အချင်းရှိတယ်လို့ အစ်ကိုကြီးပြောတာက လိမ်နေတာမလား" 

ရှဲ့ချောင် မျက်မှောင်ကြုတ်ကာ မေးလိုက်ရာ ရှဲ့ဖ

င်းကန်း အံ့အားသင့်သွားသည်။ 

"ဘာ .. သူ ကဗျာပေါင်းများစွာ ရေးခဲ့တယ် သူ့ကဗျာစာအုပ်တွေကို စာအုပ်ဆိုင်မှာရောင်းချတယ်လို့ ကြားခဲ့တာ သူက နာမည်ကြီးတယ်" 

"မဖြစ်နိုင်ဘူး သူ့မှာ ဘာအရည်အချင်းမှမရှိတာကို" 

ရှဲ့ချောင် ခဏတွေးတောပြီး အောက်ဖက်ငုံ့ကြည့်လိုက်သည်။ ထိုလူ ခွက်ကိုင်ထားသည်အား တွေ့လိုက်ရသည်။ အဝေးကကြည့်လျှင် ထိုလူ၏ မျက်နှာထားအား သေချာမမြင်ရသော်ငြား သူ့လက်သွင်ပြင်ကိုတော့ သေချာမြင်ရသည်။ 

"သူ့လက်ဖဝါးက ပိန်ပါးတယ် ပြီးတော့ အနားမှာရှိတဲ့ အရိုးတွေက ငေါထွက်နေတယ် ဒါက

ကံကြမ္မာ စောင်းနေတာပဲ ဒီလိုလက်ရှိတဲ့လူတွေက အရေးမပါသလို ပညာလည်းမတတ်ကြဘူး" 

ရှဲ့ချောင် ပြောလိုက်သည်။ ကံမကောင်းစွာဖြင့်သူမ လက်ဖဝါးပေါ်က လိုင်းများကိုတော့ မမြင်နိုင်ပေ။ 

"ဒါကလက်တစ်စုံလေးပဲလေ ညီမလေးကဘယ်လိုလုပ် အားလုံးပြောနိုင်တာလဲ"

ရှဲ့ဖင်းကန်း မယုံကြည်နိုင်ပေ။ ရှဲ့ချောင် ခနဲ့ပြီး သူမအကိုကြီးလက်တွေအား ကြည့်လိုက်သည်။ 

"လက်ချောင်းကနေ လူတစ်ယောက်ရဲ့ ပုံစံကို မြင်နိုင်တယ် ရှည်လျားပြီး သွယ်လျတဲ့လက်ချောင်းပိုင်ရှင်တွေက ထက်မြက်တယ် လက်ချောင်းထူထူနဲ့ လူတွေကတော့ အသက်ရှည်တယ် လက်ချောင်း

သေးတဲ့လူတွေက ပိုပြီးငြီးငွေ့ဖို့ကောင်းတယ် သူတို့က အားနည်းတဲ့လူတွေအတိုင်းပဲ လက်အရောင်တွေကျ .. အဲဒါက အ၀ါဖျော့ဖျော့နဲ့ ချောမွတ်ခြင်းက ချမ်းသာခြင်းရဲ့ လက္ခဏာပဲ ပြီးတော့ မှောင်မည်းပြီး ပိန်ပါးတဲ့လက်ဖဝါးရဲ့ ဆန့်ကျင်ဘက်ပဲ ပြီးတော့ အစိမ်းဖျော့ဖျော့နဲ့ ချောမွတ်ခြင်းကတော့ သစ္စာစောင့်သိပြီး ကြင်နာတယ် သာမန်ဖြူပြီး သန့်ရှင်းတဲ့အသားအရေကတော့ ပိုပြီးစိုးရိမ်ကင်းတယ် .." 

သေချာပေါက် ဤအရာများမှာ ပုံသေတော့မဟုတ်ပေ။ သူမ ထိုလူ၏ အသွင်အပြင်တစ်ခုလုံးကြည့်ရပေမည်။

ထို့အပြင် လက်ဖဝါးပေါ်မှ အကြောင်းအရာများတွင်လည်း ကွဲပြားမှုများရှိသည်။ ထိုအရာများက ပို၍ရှုပ်‌ထွေးပေသည်။ 

ရှဲ့ဖင်းကန်း သူ့လက်‌သူ ကြည့်လိုက်သည်။

နှင်းဆီရောင်သန်းနေ၏။ သူမက ဘယ်လိုလုပ် တခြားအရောင်တွေကို မြင်နိုင်တာလဲ။ 

"အစ်ကိုကြီး အဲဒီလူရဲ့ လက်သည်းနဲ့ အစ်ကို့လက်သည်းတွေကိုကြည့် .. ဘာကွဲပြားလဲ" 

ရှဲ့ချောင် ရုတ်တရက်မေးလိုက်သည်။ ရှဲ့ဖင်းကန်း ရှုပ်ထွေးသွားပြီး သူ လိုက်ကြည့်ကာ ဖြေလိုက်သည်။ 

"သူ့လက်တွေက ဖြူပြီးလှတယ် ..." 

"သူကအရည်အချင်းရှိတယ် အရမ်း အရည်အချင်းရှိတယ်လို့ အစ်ကိုကြီး ညီမလေးကိုပြောတယ် ဒါပေမယ့် အရည်အချင်းရှိတဲ့သူအများစုက မာနရှိပြီး ရည်မှန်းချက်ရှိကြတယ်။ လက်သည်းတွေက အသည်းချီနဲ့ ဆက်စပ်နေ

တာ။ တကယ်လို့ လက်သည်းက တိုပြီးနူးညံ့တယ်ဆိုရင်တော့ ဒီလူက တွန့်ဆုတ်တတ်ပြီး ဘာကိုမှလုပ်နိုင်စွမ်းမရှိဘူး။ သူ တစ်ခုခုစတင်မယ်ဆိုရင်လည်း အပြီးမသတ်ဘူး။" 

သူမ အစ်ကိုကြီး၏ လက်သည်းကမာပြီး သူ့ပင်ကိုယ်စရိုက်က ဖြောင့်မတ်ပြီး စိတ်ဆုံးဖြတ်ချက်ခိုင်မာသူပင်။ 

•••••

All Chapters