ကံကောင်ခြင်း လာနေပြီ။
Vol. 26 Ch. 493
ရှဲ့ဖင်းကန်း ရှုပ်ထွေးသွားသည်။
ရှဲ့ချောင်က ထပ်၍ "သူ့လက်သည်းတွေက သန့်ရှင်းပေမယ့် အက်ကွဲနေတာကို အစ်ကိုမတွေ့ဘူးလား ဒီလူက .. သူ့လက်သည်းကိုကိုက်ရတာ ကြိုက်တယ်။ ဒီတော့ သူ့ပုံစံက သံသယရှိစရာပဲ
သူ့လက်ဖမိုးကိုလည်း ကြည့်လိုက် အရိုးတွေက နက်ရှိုင်းပြီး အကြောတွေကငေါထွက်နေတယ် သူ့မှာ စိုးရိမ်မှုများစွာရှိပြီး ပျော်ရွှင်မှုကတော့ နည်းနည်းလေးပဲရှိတယ်။ သူ့အရိုးတွေက မာပြီးပါးတယ် ပြီးတော့ သွေးကြောတွေက တိမ်မြုပ်နေပြီး ရှည်လျားတယ် သူက စိတ်ပိုင်းဆိုင်ရာ တည်ကြည်မှုမရှိသလို အထီးကျန်တယ် ဆင်းရဲတယ် ရူးမိုက်တယ် အသိပညာဉာဏ်ကင်းမဲ့တယ်"
သူက အရည်အချင်းရှိတယ်တဲ့လား။ ဒါက လုံး၀မဖြစ်နိုင်။ ဒီသံသယဖြစ်စရာ တွန့်ဆုတ်တတ်သူက အရည်အချင်းရှိမယ်ဆိုရင်၊ တခြားရှုထောင့်တွေမှာ လုံလောက်တဲ့ ကောင်းကျိုးမရှိသရွေ့ ၊ သူ့မိသားစုနောက်ခံ၊ သူ့မိဘတွေနဲ့ တခြား မွေးရာပါရောဂါ အခြေအနေတွေလိုမျိုးပေါ့ အဲဒါလည်း အဆင်ပြေပါသေးသည်။
ဒါပေမယ့် ဒီလူရဲ့ အထီးကျန်ဆန်မှုနဲ့ ဆင်းရဲတာ
ကတော့ သိသာသည်။ သူ့ရဲ့ မွေးရာပါအခြေအနေတွေက ဆိုးရွားလှပြီး ဒီလိုအခြေအနေမှာ ဘာပဲဖြစ်ဖြစ် သူက သူမအစ်ကိုကြီးပြောသလိုမျိုးတော့ မဖြစ်နိုင်။ သူ့ပုံစံက သူ့ကိုယ်သူယုံကြည်မှုလုံးဝမရှိပေ။
"ခုနက ညီမလေးသူ့ကိုကြည့်နေခဲ့တာက သူ .. သူ့မှာ ဆိုးရွားတဲ့ အင်္ဂါရပ်တွေရှိနေလို့လား"
ရှဲ့ဖင်းကန်း သူမကို လေးနက်စွာဖြင့် ကြည့်လိုက်သည်။
"အစ်ကိုကြီး ပြောတဲ့ကောင်းတဲ့အကြောင်းအရာတွေမှန်သမျှက ဒီပုံတူပန်းချီထဲမှာပဲရှိတာ ထူးဆန်းတယ်လို့ မထင်ဘူးလား" ရှဲ့ချောင် ပန်းချီအား ပြလိုက်သည်။
"တကယ်လို့ ပုံတူပန်းချီထဲက တစ်ယောက်က
သက်ရှိထင်ရှားရှိနေတယ်ဆိုရင်တော့ သူက အစ်ကိုကြီးပြောသလို တကယ်ပဲ သူက ချမ်းသာတဲ့ ပညာရှင်ပဲ"
ရှဲ့ဖင်းကန် ပုံတူပန်းချီအား ကြည့်လိုက်ကာ "ဒါက သူ မဟုတ်ဘူးလား ကွဲပြားတာမှမရှိတာ"
"ကွဲပြားမှုရှိတယ်" ရှဲ့ချောင် အလွန်ခေါင်းမာနေသည်။
'ကွဲပြားခြားနားမှုကို မပြောနိုင်တဲ့ အကိုကြီးကမှ တကယ့်ကို ၀က်တစ်ကောင်လိုပဲ"
ရှဲ့ချောင် ပုံတူပန်းချီအား အဝေးမှာထားလိုက်သည်။ ခဏ တွေးတောပြီးနောက် သူမ မေးလိုက်သည်။
"ဒီပုံတူပန်းချီက ဘယ်ကရောက်လာတာလဲ"
"ပညာရှင်ကျောင်းသားတွေရဲ့ တည်းခိုခန်းထဲကနေ ခိုးလာတာ"
ရှဲ့ဖင်းကန်းလေသံက အနည်းငယ် အဆင်မပြေနေပေ။ ရှဲ့ချောင် သူ့ကိုကြည့်နေတာတွေ့တော့ ရှင်းပြလိုက်သည်။
"အဲဒီနေ့က ငါသောက်ဖို့အတွက် ပညာရှင်ကျောင်းသားတွေရဲ့ တည်းခိုခန်းဆီသွားခဲ့တယ် အဲဒီမှာ သင့်တော်တဲ့ ပညာရှင်တွေရှိလားဆိုတာ သိချင်လို့လေ။ တစ်ချက်တည်းကြည့်ရုံနဲ့ ဒီလူ ကြည့်ကောင်းတာကိုမြင်တော့ ငါလည်း ပုံတူပန်းချီကိုယူလာပြီး သူနဲ့စကားပြောခဲ့တာ"
"ပညာရှင်ကျောင်းသားတွေရဲ့ တည်းခိုခန်း .."
ရှဲ့ချောင် အံ့ဩသွားသည်။ နန်းစာမေးပွဲက ရက်အနည်းငယ်အတွင်း ကျင်းပတော့မည်။ တခြားနေရာများက ရောက်လာတဲ့ ပညာရှင်ကျောင်းသားများစွာလည်း တည်းခိုခန်းထဲမှာ ရှိနေလိမ့်မည်။ ပညာရှင်ကျောင်းသားများ၏ တည်းခိုခန်းထဲတွင် တစ်ချို့အရည်အချင်းရှိသော ကျောင်းသားများ၏ ပုံတူပန်းချီအားဆွဲပြီး နံရံထက် ချိတ်ထားကြသည်။
"တည်ခိုခန်းက ကျောင်းသားတွေရဲ့ ပုံတူပန်းချီကို ရိုးရိုးရှင်းရှင်းပဲ ဆွဲတာမလား"
ရှဲ့ချောင် ရုတ်တရက်မေးလိုက်သည်။
"အဲဒီလိုထင်တယ် ပုံတူဆွဲထားတဲ့သူတွေကလည်းတည်းခိုခန်းထဲမှာ ယှဉ်ပြိုင်ပြီး အဲဒီမှာရှိတဲ့သူတွေဆီက သူတို့အရည်အချင်းကို အသိအမှတ်ပြုခံရတဲ့သူတွေပဲ"
ရှဲ့ချောင်၏ မျက်နှာထား ပြောင်းလဲသွားသည်။ အောက်က လူအားကြည့်ပြီး သူမအစ်ကိုကြီးအား မေးလိုက်သည်။
"သူက ဒီနှစ်နွေမှာ နန်းစာမေးပွဲဖြေတဲ့ထဲ ပါမယ်လို့ပြောလား"
"ငါမေးကြည့်တော့ ဖြေမယ်လို့ပြောတယ် ဒါပေမယ့် .."
ရှဲ့ဖင်းကန်း ခဏတွေးတောလိုက်သည်။
"ဒီလူက ငါမြင်ဖူးတဲ့ ပညာရှင်ကျောင်းသားတွေနဲ့မတူဘူး တခြားပညာရှင်ကျောင်းသားတွေက နန်းတွင်းစာမေးပွဲအကြောင်းပြောကြတဲ့အချိန် သူတို့က ပိုစိတ်လှုပ်ရှားပြီး နည်းနည်းစိုးရိမ်တဲ့ပုံစံပြကြတယ် သူကတော့ တည်ငြိမ်နေတယ် ပြီးတော့ .. ဒီတစ်ခါ ပညာရှင်ကျောင်းသားအများစုက အပြင်ထွက်ပြီး အဲဒီအကြောင်း မပြောချင်ကြဘူး"
လူတစ်ယောက်က ယုံကြည်ချက်ရှိတယ်ဆိုရင်တောင် နန်းတွင်းစာမေးပွဲလို ပွဲအကြီးကြီးနှင့် ရင်ဆိုင်ရတဲ့အခါ ဘာမှမဖြစ်သလိုပြုမူဖို့ဆိုတာ မဖြစ်နိုင်ပေ။
အစောက ရှဲ့ချောင်၏ ခွဲခြမ်းစိတ်ဖြာမှုအား နားထောင်ပြီးနောက် ရှဲ့ဖင်းကန်း နည်းနည်းလေး ထူးဆန်းကြောင်း တွေးမိသွားသည်။
"အစ်ကိုကြီး ကံကြမ္မာအကြောင်း ညီမလေးဖတ်ကြည့်မယ်"
ရှဲ့ချောင် ရုတ်တရက် လေးနက်စွာဖြင့်ပြောလိုက်ရာ ရှဲ့ဖင်းကန်း မတ်မတ်ထိုင်လိုက်၏။ ရှဲ့ချောင် နေရာပေါ်က ကြေးနီဒင်္ဂါးပြားများအနည်းငယ် ထုတ်လိုက်သည်။ လက်ဖက်ရည်ခွက်က ကျယ်လောင်သောအသံဖြင့် လှုပ်ခါပြီး စားပွဲပေါ်
တင်လိုက်သည်။ ပြီးနောက် သူမမျက်လုံးအားမှိတ်ပြီး နေရာနှင့် ဒင်္ဂါးပြားနေရာအား မှတ်ထားလိုက်သည်။ အကြိမ်အနည်းငယ် အသွားအပြန်လုပ်ပြီးနောက် သူမ မျက်နှာထား လေးနက်တည်ကြည်လာသည်။
သူမရဲ့ ထူးဆန်းသောအကြည့်ကြောင့် ရှဲ့ဖင်းကန်း ကြောက်လန့်သွားသည်။
"မြန်မြန်လုပ် အောက်ကတစ်ယောက် ငါ့ကိုစောင့်
နေတယ်"
ရှဲ့ဖင်းကန်း ပြောပြီး ခဏအကြာ ရှဲ့ချောင်ပြောလိုက်သည်။
"အစ်ကိုကြီးရဲ့ ကံကောင်းခြင်းတွေက ရောက်လာနေပြီ"
"ဘာ"
ရှဲ့ဖင်းကန်း ရှုပ်ထွေးသွားသည်။ ရှဲ့ချောင် အောက်ထပ်က လူအားကြည့်ပြီး
"အစ်ကိုကြီးရှေ့မှာ အမှုတစ်ခုရှိနေတယ်။ အစ်ကိုကြီး ပြောင်းလဲနိုင်တဲ့ အခြေအနေတစ်ခုကို ရင်ဆိုင်နေရတယ်။ လုပ်ရဲလား"
ရှဲ့ဖင်းကန်း ပြောစရာစကားပျောက်ရှသွားသည်။ ဒီကောင်မလေး အသိစိတ်ဖယ်ပြီး လွတ်သွားပြီထင်။ ဒါက ဘယ်လိုအဓိပ္ပါယ်မရှိတာတွေလဲဟ။
••••