← Chapters

ဗိုက်ပွင့်သွားအောင် ဆုတ်ဖြဲပစ်မယ်။ 

Vol. 26 Ch. 494

ဗိုက်ပွင့်သွားအောင် ဆုတ်ဖြဲပစ်မယ်။ 

Vol. 26 Ch. 494

ရှဲ့ဖင်းကန်း ခေါင်းကိုက်နေပြီပင်။ အနားမှာရပ်နေတဲ့ ချွင်းအာလည်း အလွန်ရှုပ်ထွေးနေသည်။ 

ရှဲ့ချောင် တည့်တိုးပြောလိုက်သည်။ 

"အစ်ကိုကြီး ဒီကနေအောက်ဆင်းသွား သူ့ကိုမြင်တဲ့အခါ သူ့လက်ကိုကိုင်ပြီး ချီထားလိုက် ပြီးရင် သူ့ကို ပြစ်မှုဆိုင်ရာဌာနဆီ ခေါ်သွား .. နှစ်ရက်

အတွင်း ဘာတွေဖြစ်လာမလဲဆိုတာ အစ်ကိုတွေ့ရလိမ့်မယ်" 

ထိုစကားကြားတော့ ရှဲ့ဖင်းကန်း ရှဲ့ချောင်ခေါင်းအား ရိုက်မိမတတ်ပင်။ 

"ဒီနေ့ ငါမင်းကို ဒီကိုခေါ်လာတာက ဒီလူကို ကြည့်ခိုင်းဖို့ပဲ အဲဒါကို မင်းက သူ့ကို ပြစ်မှုဆိုင်ရာဌာနဆီ ခေါ်သွားခိုင်းနေတာလား သူ ဘာပြစ်မှုကျူးလွန်ထားလို့လဲ" 

"သူက ပညာရှင်ကျောင်းသားလိုမျိုး ဟန်ဆောင်နေတယ်လို့ သံသယရှိတယ် အစ်ကိုကြီး ဒါက ကြီးလေးတဲ့ ပြစ်မှုပဲမလား" 

ပညာတတ်တစ်ဦးသည် လိုအပ်သည့်အခါတွင် စတင်တာဝန်ထမ်းဆောင်နိုင်သည့် အရန်အရာရှိ

တစ်ဦးပင်ဖြစ်သည်။ 

ရှဲ့ဖင်းကန်း မျက်မှောင်ကြုတ်ပြီး "ဒီလိုခန့်မှန်းချက်က အစောက မင်းရဲ့ကောက်နုတ်ချက်ကို အခြေခံပြီး လုပ်လိုက်တာလား" 

"သက်သေကလုံလောက်တယ် အစ်ကို သူ့လက်ကိုကြည့်မယ်ဆိုရင် .." 

ရှဲ့ဖင်းကန်း သွေးအန်ထွက်လာတော့မလိုပင်။ သူမက သူ့ကို အဲဒီလက်တွေ ပြန်ကြည့်ခိုင်းနေတာလား။ သို့ပေမယ့် ထိုအကြောင်းတွေးမိတော့ ရှဲ့ဖင်းကန်း ကြည့်မိသေးသည်။ သူ သေသေချာချာကိုကြည့်ပြီး ကွဲပြားနေတာရှိလား ကြိုးစားကြည့်သည်။ 

ရှဲ့ချောင် များစွာပြောထားတာကြောင့် အခု ရှဲ့ဖင်း

ကန်း တွေးကြည့်တော့ .. အနည်းငယ် ထူးဆန်းနေသည်။ 

"ဒီလူရဲ့လက်တွေက ပညာရှင်တစ်ယောက်မှာ ရှိတဲ့လက်ပုံစံနဲ့မတူဘူး"

ရှဲ့ဖင်းကန်း တီးတိုးရေရွတ်ပြီး အသက်ပြင်းပြင်းရှုလိုက်သည်။

"ငါ ပညာရှင်တစ်ယောက်ရဲ့ လက်ကိုမြင်ဖူးတယ် သူတို့က တစ်နှစ်ပတ်လုံး စုတ်တံကိုကိုင်ရတော့ လက်ပုံစံက နည်းနည်းလေး ပြောင်းတယ်" 

"အဲဒါကြောင့် သူ့သရုပ်မှန်နဲ့ပတ်သက်ပြီး တစ်ခုခုမှားနေတယ်လို့ သံသယဖြစ်မိတာ အဓိပ္ပါယ်ရှိတယ်"

ရှဲ့ချောင် ခေါင်းငြိမ့်လိုက်သည်။ သူမအစ်ကိုကြီး

က ပြစ်မှုဆိုင်ရာဌာနက အဖွဲ့၀င်တစ်ယောက်ဖြစ်သောကြောင့် သူက အရူးတစ်ယောက်မဟုတ်ပေ။ 

"ဒါပေမယ့် ညီမလေး ပညာရှင်ကျောင်းသားတစ်ယောက်ကို ထိခိုက်နစ်နာသွားစေမိရင် အထူးသဖြင့် နန်းတွင်းစာမေးပွဲမစခင်မှာဆိုရင် အပြစ်ပိုကြီးသွားလိမ့်မယ်" 

ရှဲ့ဖင်းကန်း မျက်နှာက တင်းမာလာသည်။ 

"အဲဒါကြောင့် ဒါက အခွင့်အရေးတစ်ခုလို့ ညီမပြောနေတာ" 

ရှဲ့ချောင်လေသံက အနည်းငယ်နူးညံ့လာသည်။ ဒီကောင်မလေးက အလွန်ပြောင်းလဲလွယ်သောစိတ်ရှိတာကို ရှဲ့ဖင်းကန်း နားလည်သွားသည်။ 

အစောက အရာအားလုံး ခွဲခြမ်းစိတ်ဖြာကြည့်တော့ ရှဲ့ချောင်က ဖြူကောင်နှင့်တူပြီး သူမ၏ဆူးများအားလုံးကို ထောင်မတ်ထားသည်။ သူမအကြည့်က စူးရှတောက်ပနေပြီး သူမအရှိန်အဝါက အနည်းငယ် ကြောက်စရာကောင်းသည်။ သို့ပေမယ့် ထိုအချိန်တွင် သူမက ချက်ချင်း အန္တရာယ်မပြုသော အမွှေးထူယုန်ငယ်လေး ဖြစ်သွားသည်။ 

"ငါ စဉ်းစားကြည့်မယ်" 

ရှဲ့ဖင်းကန်း အနည်းငယ် တုံ့ဆိုင်းမိသည်။ 

"မြန်မြန်လုပ် အောက်ကလူက အစ်ကို့ကိုစောင့်နေတယ်လေ" 

ရှဲ့ဖင်းကန်း ပြောခဲ့တာကို ရှဲ့ချောင် ပြန်ပြောလိုက်သည်။ ရှဲ့ဖင်းကန်း လက်သီးဆုပ်ပြီး‌ ဝှေ့ယမ်းလုနီးနီးပင်။ အောက်မှာ သူတွေ့ခဲ့သောလူနှင့် အချိန်ကို တွေးတောကြည့်လိုက်သည်။ သူ့ပုံစံက တစ်ခုခုမူမမှန်ဘူးလားဆိုတာ ပြန်တွေးကြည့်နေတာပင်။ 

ထိုအကြောင်းတွေးမိတော့ သူ့မျက်နှာက ပိုပြီးအံ့ဩလာသည်။ နောက်ဆုံးမှာတော့ သူ မတ်တပ်ရပ်ပြီး အောက်ထပ်ဆင်းချင်သည်။ ‌

တစ်လှမ်းပြီးတစ်လှမ်း ရှဲ့ဖင်းကန်း ထိုလူဆီချဉ်းကပ်သွားပြီး သူ့အနောက်ကို လျှောက်သွားလိုက်သည်။ သူ့လက်ကို တစ်ဖက်လူပုခုံးပေါ်တင်လိုက်၏။ တကယ်တန်းတွင် သူ့ရင်ဘတ်အိတ်ကပ်ထဲက နူးညံ့သည့် ကြာပွတ်အားထုတ်ပြီး ထိုလူလည်ပင်းအား ဖမ်းကာ ဆွဲထုတ်လိုက်သည်။ 

"အကြီးဆုံးသခင်လေးက တကယ်ပဲ သူ့ကိုဖမ်းလိုက်တာလား" 

ချွင်းအာ အံ့အားသင့်သွားသည်။ 

"ညီမလေးကိုယုံရမယ် ‌ကံကောင်းခြင်းက လာနေပြီ အစ်ကိုကြီး" 

ရှဲ့ချောင် မျက်ခုံးပင့်လိုက်သည်။ သူ့မိသားစုကို သေစေနိုင်တဲ့ ကံကြမ္မာမျိုး သူမက ဘယ်လိုလုပ်ယူလာမှာလဲ။ ကြည့်လေ.. အခု ရှဲ့ဖင်းကန်း ကံကောင်းတဲ့ ဘ၀မှာ နေထိုင်နေရတာပဲမလား။ 

ထိုလူ၏ လည်ပင်းတွင် ချည်နှောင်ထားသောကြောင့် သူက ရှဲ့ဖင်းကန်းအနောက်ကို လိုက်

သွားရသည်။ လမ်းတစ်လျှောက် ရုန်းကန်နေသေးသည်။ သူ၏ နာမည်ကြီးမှုကြောင့် လူတွေက လျင်မြန်စွာ သူ့ကိုမှတ်မိကြသည်။ 

ရှဲ့ဖင်းကန်း ထိုလူအား ပြစ်မှုဆိုင်ရာဌာနဆီသို့ ဆွဲခေါ်သွားလိုက်ကာ ဗုံတီးလိုက်သည်။ 

[TN/ပေါင်ချိန်ကားထဲကလို ဗုံတီးပြီး အမှုတိုင်တာမျိုးပါ]

ပညာရှင်ကျောင်းသားအမည်က ၀မ်လန်ချန်းဖြစ်သည်။ 

မကြာပါ .. ရှဲ့ဖင်းကန်း ပညာရှင်ကျောင်းသားတစ်ယောက်ကို ဖမ်းလာသည့်အကြောင်း ကျောက်ရွှမ်ကျင်းသိလိုက်ရသည်။ သူ ပြစ်မှုဆိုင်ရာဌာနသို့ ရောက်သွားချိန် လူများစွာသည် မကျေနပ်မှုများကြောင့် ဆန္ဒပြနေကြသည်။

ထိုအချိန် ရှဲ့ဖင်းကန်းက သူ့ကိုချည်နှောင်ထားပြီး အရှေ့မှာ နှိပ်စက်စရာပစ္စည်းများလည်းရှိတာကြောင့် ဘယ်အချိန်မဆို ယူဖို့အသင့်ပင်။ 

"အစကတည်းက မင်း ပညာရှင်ကျောင်းသားတစ်ယောက်နဲ့မတူဘူးလို့ သံသယရှိတယ်။ မင်း၀န်ခံမှာလား ၀န်မခံရင် မင်းဗိုက်ပွင့်သွားအောင် ဆုတ်ဖြဲပစ်မယ်။" 

ရှဲ့ဖင်းကန်းမှာ ကြမ်းတမ်းလွန်းလှသည်။ 

••••

All Chapters