ဘာလို့တုန်လှုပ်နေတာလဲ။
Vol. 26 Ch. 495
ရှဲ့ဖင်းကန်း စီရင်ချက်ချခါနီးတွင် သူ၏အထက်အရာရှိရောက်လာ၏။
ရှဲ့ဖင်းကန်း ဖမ်းဆီးလာသူအားကြည့်ပြီး သူကဒေါသထွက်သွားသည်။
"ရှဲ့ဖင်းကန်း မင်း ဘယ်သူ့ကိုဖမ်းလာလဲဆိုတာ သိရဲ့လား ဒီလူက မကြာခင် နန်းတွင်းစာမေးပွဲဖြေရမှာလေ"
"ကျွန်တော်သိပါတယ် အဲဒါကြောင့် သူ့ကိုဖမ်းဆီးလာတာပါ သူက အယောင်ဆောင်ဖြစ်မယ်လို့ ကျွန်တော် သံသယရှိတယ်"
ရှဲ့ဖင်းကန်း တည်ငြိမ်နေ၏။ သူက ဖမ်းထားပြီးပြီဖြစ်တာကြောင့် ဘာပဲဖြစ်ဖြစ် စီရက်ချက်တစ်ခုတော့ချရမည်။ တကယ်လို့ မှားယွင်းသွားခဲ့ရင်တောင် သူ့ ခေါင်းအဖြတ်ခံမည်။
ရှဲ့ဖင်းကန်း သူ့ကိုဖမ်းရဲပြီဆိုတည်းက ရှဲ့ချောင်ပြောတာကြောင့် မဟုတ်ဘဲ သူလည်း များစွာသော အကြောင်းအရာများကို တွေးခဲ့မိလို့ပင်။ ဥပမာအရဆိုရလျှင် သူတို့ ပထမဆုံးအကြိမ်တွေ့တာက ပြည့်တန်ဆာအိမ်တွင်ပင်။ ထိုအချိန်က ၀မ်လန်ချန်းက သူ့ကဗျာအသစ်အား အမျိုးသမီးများအား ပေးနေသည်။ အမျိုးသမီးတွေက သူ့ကိုလေးစားစွာဖြင့် ကြည့်ပြီး ကဗျာ၏ဆိုလိုရင်းအား မေးနေကြသည်။ သူက သူတို့ကို ဘာပြောခဲ့လဲဆိုတော့။
သူရှင်းပြနေတဲ့အချိန် သူ့မျက်နှာပေါ်က မျက်နှာထားက ..။ သူ့ရဲ့ မှတ်ဉာဏ်ထဲကနေ ကဗျာကိုရွတ်ဖတ်နေသလိုပင်။ အားလုံး ထင်ရှားတာတော့မဟုတ်ပေ။ ထို့အပြင် ခဏခဏ ရပ်သွားတာမျိုးလည်းရှိသည်။
တခြားပညာရှင်ကျောင်းသားများ သူတို့ကဗျာကို
ရွတ်ဖတ်ကြတာ ရှဲ့ဖင်းကန်းမြင်ဖူးသည်။ တစ်ယောက်ချင်းစီတိုင်းက ကာမအားတိုးဆေး သောက်ထားကြသလို အဆုံးမရှိ ရွတ်နေကြပြီး ယုံကြည်ချက်အပြည့်နှင့်ပင်။
သူတို့ တအားသီးသန့်နေရင်တောင် သူတို့မျက်လုံးထဲမှာ ရူးသွပ်မှုအရိပ်အမြွက်များ ရှိနေလိမ့်မည်။ ဒါ့အပြင် အစောက အတူသောက်တဲ့အခါမှာလည်း ဒီလူက တစ်ယောက်ကို လက်ဖက်ရည်အိုးလာချပေးရန် ပြောသည်။
လက်ဖက်ရည်က သူ့လက်ပေါ် ပြုတ်ကျသွားခဲ့သည်။ နာကျင်ခြင်းမှလွဲ၍ စိတ်ပူပင်မှု အနည်းငယ်မျှ မပြခဲ့ပေ..။
ရက်အနည်းငယ်အတွင်း နန်းတွင်းစာမေးပွဲ ရောက်လာတော့မည်။ သာမန် ပညာရှင်တစ်ယောက်အတွက် သူ့လက်က အရေးကြီးပေမယ့်
သူကတော့ လုံး၀ဂရုမစိုက်သလိုပင်။ ရာသီဥတုက အေးနေပြီး သူ့လက်မှာ အေးခဲနေပြီး အနီရောင်သန်းလာသည်အထိပင်။ သူ့လက်အား ဘယ်နေရာမှာ ထားရမလဲဆိုတာတောင် သူမသိပေ။
ထိုကဲ့သို့သော အခြေအနေတွင် ..။
ရှဲ့ချောင်ပြောလိုက်တာနှင့် ယှဉ်ကြည့်လိုက်သည့်အခါမှ ရှဲ့ဖင်းကန်း သူ့ကိုဖမ်းဆီးရဲခဲ့တာပင်။
သို့ပေမယ့် ထိုကိစ္စများကို ကျယ်လောင်စွာပြော
နေလည်း အလကားသာ။ ဒါက သူ့တစ်ဖက်တည်းမှ အမြင်ပင်။ အထက်လူကြီးကတော့ သူရူးနေတယ်လို့ပဲ ထင်လိမ့်မည်။
"မြန်မြန်သူ့ကိုလွှတ်ပေးလိုက် အခုအပြင်မှာ ဘယ်လောက်ထိ အုတ်အော်သောင်းနင်းဖြစ်နေ
လဲဆိုတာ မင်းသိလား။ မင်းကို မနက်ဖြန် နန်းတွင်းတရားရုံးတော်ဆီ ခေါ်သွားတာကို လိုချင်နေတာလား"
အထက်လူကြီးက ထပ်မေးသည်။ သူ ရှဲ့ဖင်းကန်းအား မနှိုးဆွရဲပေ။ သူ့အနောက်မှာ အိမ်ရှေ့စံမင်းသားရှိနေတဲ့အတွက်ကြောင့်ပင်။ သူ အိမ်ရှေ့စံမင်းသားအကြောင်း တွေးမိတာနှင့်ပင် အိမ်ရှေ့စံမင်းသား ရောက်လာ၏။
သူက ရွှေချည်ကြိုးအနက်ရောင် ဘွတ်ဖိနပ်ဖြင့် ညှဉ်းပန်းနှိပ်စက်သည့် အခန်းထဲသို့ ဝင်လာသည်။
ပြီးနောက် ရှဲ့ဖင်းကန်းအားကြည့်ပြီးမေးလိုက်သည်။
"ဒီလူက ဘယ်လိုပြစ်မှုကို ကျူးလွန်ထားတာလဲ"
ရှဲ့ဖင်းကန် အိမ်ရှေ့စံမင်းသားရှေ့တွင် ကိုယ်ကိုထိန်းကာ လျှောက်တင်လိုက်သည်။
"အရှင့်သား ဒီလူရဲ့အပြုအမူတွေက သာမန် ပညာရှင်တွေနဲ့ မတူတာကြောင့် ကျွန်တော် သူ့ကိုဖမ်းလာပြီး စုံစမ်းစစ်ဆေးနေတာပါ"
ကျောက်ရွှမ်းကျင်း ခေါင်းညိတ်လိုက်သည်။ ပြီးနောက် သူက အရှေ့ရှိ ၀မ်လန်ချန်းအားကြည့်လိုက်ကာ။
"အဝေးက တောင်တွေမှာ တိမ်စုလေးတွေ ၀န်းရံနေတယ် မနက်ခင်းအရုဏ်တက်ချိန်မှာ အစိမ်းရောင်တောင်တန်း... ကဗျာရဲ့ ဒုတိယအပိုဒ်က ဘာလဲ ဆက်ရွတ်"
အချိန်အကြာကြီး ထိုချည်နှောင်ခံထားရသူက ဘာမှမပြောပေ။
"စာပေစုစည်းမှု တတိယအခန်းကို ရွတ်ပြ"
ကျောင်ရွှမ်ကျင်း ထပ်ပြောသည်။ သူ့အရှေ့ကတစ်ယောက်က အခုထိဘာမှမပြောသေးပေ။ သူ ပါးစပ်ဟလ်ိုက်ပေမယ့် ဘာမှမပြောနိုင်သလိုပင်။
ကျောက်ရွှမ်ကျင်း ခနဲ့စွာဖြင့်ပြောလိုက်သည်။
"ကောင်းလိုက်တာ ၀န်ကြီးရှဲ့က အကဲဖြတ်တာတော်တာပဲ။ သူက ဟန်ဆောင်နေတာမဟုတ်ပေမယ့် စာမေးပွဲခန်းထဲမှာ အယောင်ဆောင်ပဲဖြစ်ရမယ်။ နှစ်နာရီအတွင်း ဘာဖြေရှင်းချက်မှမပေးနိုင်ဘူးဆိုရင် သူ့လက်ချောင်းတွေကို တစ်ချောင်းချင်းစီဖြတ်ပြီး သူ့ကိုကျွေးလိုက်။ တကယ်လို့ နှစ်
ရက်ကြာပြီးလို့ အသက်ရှင်နေသေးတယ်ဆိုရင် ခေါင်းဖြတ်ပစ်လိုက် သူ့ဗိုက်ထဲထည့်ပြီး ဝံပုလွေတွေဆီ ပစ်ကျွေးလိုက်"
အရာရှိမျက်နှာက တုန်လှုပ်သွားသည်။
"ဟုတ်ကဲ့ပါ အရှင့်သား"
ရှဲ့ဖင်းကန်း စိတ်လှုပ်ရှားစွာဖြင့် ပြန်ဖြေလိုက်သည်။
ဒီလူ သူတို့ကိုရွတ်ပြနိုင်အောင် တစ်စုံတစ်ယောက်
အား စာအုပ်အနည်းငယ် ယူလာခိုင်းရန် တွေးနေတာပင်။ အိမ်ရှေ့စံမင်းသားက တော်လှသည်။ သူက စာအုပ်မလိုဘဲ မေးခွန်းမေးမြန်းနိုင်သည်။ အံ့ဩစရာပင်။
"အရှင့်သား .."
အရာရှိက ခက်ခဲသော အခြေအနေမှာပင်။
"ဘာတွေတုန်လှုပ်နေတာလဲ ငါဒီမှာရှိနေတာပဲ ငါအားလုံးကို ကာကွယ်ပေးမယ်"
ကျောက်ရွှမ်ကျင်း၏ အမူအရာမှာ တည်ငြိမ်နေပြီး အပြစ်သားအား ကြည့်နေသည်။
••••