← Chapters

နိုင်ငံနှင့်ပြည်သူအပေါ် ဘေးအန္တရာယ်သယ်ဆောင်လာတယ်။ 

Vol. 26 Ch. 496

နိုင်ငံနှင့်ပြည်သူအပေါ် ဘေးအန္တရာယ်သယ်ဆောင်လာတယ်။ 

Vol. 26 Ch. 496

ပညာသင်ကိစ္စ ထွက်ပေါ်လာသည်နှင့် အိမ်ရှေ့စံမင်းသားကို နှစ်ရှည်လများ မကြိုက်သောသူများ

က စတင်အရေးယူပြောဆိုလာကြသည်။ 

တစ်ချို့က နန်းတော်ထဲ၀င်လာပြီး တစ်ချို့က တိုင်တန်းချက်များဖြင့်။ 

သူတို့ အလုပ်ရှုပ်နေကြသည်။ 

သေချာပေါက် ရှဲ့ဖင်းကန်းလည်း တိုင်တန်းခံရသူများထဲက တစ်ယောက်ပင်။ 

နောက်တစ်ရက် မနက်စောစောတွင် ကျောက်ရွှမ်ကျင်းက ရှဲ့ဖင်းကန်းနှင့်အတူ ချက်ချင်းနန်းတော်သို့သွားခဲ့သည်။ 

ရှဲ့ဖင်းကန်းက အဆင့်ခြောက်က ရာထူးနိမ့် အရာရှိတစ်ယောက်ဖြစ်တာကြောင့် နန်းတွင်း

တရားရုံးတော်ထဲ ၀င်ဖို့အတွက် အရည်အချင်းမပြည့်မှီပေ။ ဒါက သူ့အတွက် ပထမဆုံးအကြိမ်ဖြစ်သည်။ 

သူသည် နန်းတွင်းတရားရုံးတော်အရှေ့တွင် ဒူးထောက်ထားပြီး တစ်ယောက်တည်း လူနှစ်ယောက်စာနေရာယူထားသည်။ သူက သေသပ်စွာ ဒူးမထောက်ထားသောကြောင့် အရိုအသေပြုတဲ့အခါ အားအင်အပြည့်ဖြင့် အပြစ်ရှိစိတ် သေးသေးလေးတောင် မပြသခဲ့ပေ။ 

"အရှင်မင်းကြီး ရှဲ့ဖင်းကန်းက အကြောင်းအရင်းမရှိဘဲ ထိုပညာသင်ကိုဖမ်းဆီခဲ့ပါတယ် ပညာသင်က တစ်ယောက်တည်း စာမေးပွဲကိုသွားရတာ သနားစရာပါ။ သူ့မှာအဖေလည်းမရှိ အမေနဲ့ ညီအစ်ကိုလည်းမရှိပါဘူး။ လူများစွာကို အထင်ကြီးစေခဲ့တဲ့ သူ့အရည်အချင်းကြောင့်မဟုတ်ရင် ဒီလူက ပြစ်မှုဆိုင်ရာဌာနမှာ သေသွားခဲ့ရင်တောင် ဘယ်သူကမှ သူ့ဘက်ကနေ ရပ်တည်

ပေးမှာမဟုတ်ပါဘူး။"

၀န်ကြီးတစ်ယောက်ကလည်း ထပြီး "အရှင်မင်းကြီး ကျေးဇူးပြုပြီး ၀မ်လန်ချန်းအတွက် တရားမျှတမှုယူပေးပါ။ သူ့နာမည်ကိုသန့်စင်ပေးပြီး တရားခံကို ပြင်းထန်စွာ အပြစ်ပေးပေးပါ" 

"ဒီပညာသင်က နိုင်ငံရဲ့ အခြေခံအုတ်မြစ်ပါ ဘယ်လိုလုပ် သူက အနိုင်ကျင့်ခံရတာပါလဲ အရှင်မင်းကြီး ရှဲ့ဖင်းကန်းက ဓားပြတစ်ယောက်ဖြစ်တာမလို့ အရာရှိဖြစ်ဖို့ မသင့်တော်ပါဘူး အရှင်မင်းကြီး ကျေးဇူးပြုပြီး သူ့ကိုဖမ်းဆီးပေးပါ တရားရုံးတော်မှာလည်း အေးချမ်းမှုကို ပြန်လည်အစားထိုးပေးပါ" 

"အိမ်ရှေ့စံမင်းသားက နိုင်ငံရဲ့အုတ်မြစ်တစ်ချပ်ပါ သူက ဘယ်လိုလုပ် ဒီလို ယုတ်ညံ့ပြီး မဆင်မ

ခြင် ယုတ်မာတဲ့သူနဲ့ ပေါင်းသင်းနိုင်ရတာပါလဲ တကယ်လို့ ဒီလူကို ၀န်းရံပြီး ဒီနေ့ ပညာသင်ကို ဖမ်းဆီးခွင့်ပေးလိုက်မယ်ဆိုရင် မနက်ဖြန် ချန်ယွမ်တစ်ခုလုံးကို မတုန်လှုပ်သွားစေဘူးလား အရှင်မင်းသားက သူတော်ကောင်းတရား ဆုံးရှုံးသွားပါပြီ သူ့ကိုယ်သူ ပြန်လည် သုံးသပ်သင့်ပါတယ်" 

"..."

ထိုစကားများပြောပြီးနောက် လူအုပ်ကြီးက ဒူးထောက်လိုက်ကြသည်။ 

"ကျွန်တော်မျိုးတို့လည်း ထောက်ခံပါတယ်" 

အသံများက ကျယ်လောင်လှသည်။ 

ရှဲ့ဖင်းကန်း မြင်ကွင်းအားကြည့်ပြီး အ‌လွန်ထိတ်လန့်သွားသည်။ 

အိမ်ရှေ့စံမင်းသားက စိတ်ရှုပ်စရာကောင်းလို့လား။ သူတို့တွေ သူ့ကိုရာထူးကဖယ်ထုတ်မယ်လို့ ပြောတုန်းကတောင် အရာရှိများမှာ တုံ့ပြန်မှုကြီးကြီးမားမားမရှိပေ။ သို့ပေမယ့် အိမ်ရှေ့စံမင်းသားအကြောင်း ပြောတဲ့အခါမှာတော့ သူတို့ရဲ့ တင်ပါးတွေကို ဒူးထောက်နေတာကနေ မြှင့်တင်လိုက်တာများ ကောင်းကင်ပေါ်ကို ရောက်သွားတော့မယ့်အတိုင်းပင်။ 

ဧကရာဇ်၏မျက်နှာမှာ မည်းမှောင်နေပြီး အလွန်အမျက်ထွက်နေသည်။ 

ဒီအရာရှိတွေ! သူတို့‌တွေ တစ်နေကုန် အိမ်ရှေ့စံ

မင်းသားကို ကြည့်နိုင်ပြီး သူ့လှုပ်ရှားမှုတိုင်းကို

မေးခွန်းထုတ်နိုင်ကြဖို့ မျှော်လင့်နေကြတာများ!

အိမ်ရှေ့စံမင်းသား မသင့်လျော်သော အပြုအမူသေးသေးလေး လုပ်လိုက်သည်နှင့် သူတို့က အသိုက်မှထွက်လာသည့် ပျားအုံကဲ့သို့ ဖြစ်သွားပြီး တဝီဝီနှင့် ကျယ်လောင်စွာ ပြုလုပ်ကြသည်။   

ခွေးတစ်စုက ထပ်ပြီး အိမ်ရှေ့စံမင်းသားကို နန်းချဖို့ ဆူပူမှုများ ပြုလုပ်နေပြန်သည်။ 

အိမ်ရှေ့စံမင်းသားက သူတော်ကောင်းတရားဆုံးရှုံးသွားပြီလို့ပြောကာ သူ့ကိုယ်သူ ဆင်ခြင်သုံးသပ်ခိုင်းနေကြသည်။ ထိုစကားသံက သင့်လျော်တာကြောင့် သူ တစ်ခါခေါင်းငြိမ့်ပြီး သဘောတူလိုက်သည်နှင့် ရက်အနည်းငယ် ကိုယ့်ကိုယ်ကိုယ် သုံးသပ်ပြီးရင် ဒီခွေးတွေက နောက်တစ်ဆင့်ကို ထပ်လုပ်မှာဖြစ်သည်။ 

ဧကရာဇ်မျက်နှာက တင်းမာနေပြီး "အိမ်ရှေ့စံမင်းသား ဘာပြောချင်လဲ" 

အိမ်ရှေ့စံမင်းသားက အရာအားလုံးမှာ တော်ပေမယ့် လူတွေရဲ့ နှလုံးသားကို ဘယ်လိုအနိုင်ယူရမလဲဆိုတာတော့ မသိပေ။ ထို့ကြောင့် လူပေါင်းများစွာ၏ တိုက်ခိုက်ခြင်းခံရတာပင်။ 

သူ့သား သူတို့အားလုံးကို ဖယ်ရှားနိုင်ရန် မျှော်လင့်မိသည်။ 

ကျောက်ရွှမ်းကျင်း ရှေ့တိုးသွားပြီး သူ့မျက်နှာက နွေဦးလေပြေလေးအတိုင်းပင်။ အလျင်လိုခြင်းမရှိသလို နှေးကွေးခြင်းလည်းမရှိ။ ထိုအရာအားမြင်တော့ ရှင်ဘုရင်က ပိုအဆင်ပြေလာပြီး သူ့လေသံကလည်း နူးညံ့လာသည်။ 

"၀မ်လန်ချန်းက ပုန်ကန်တဲ့စကား ပြောခဲ့တာလား ပညာသင်တစ်ယောက်က ဒီလိုလုပ်ရဲတယ်လား သူ အရှင်လတ်လတ် အရိုက်ခံရဖို့ ထိုက်တန်တယ်" 

၀န်ကြီးများ၏ မျက်နှာက အကြိမ်အနည်းငယ်လောက် ပြောင်းလဲသွားကြသည်။ 

သူတို့တွေ ပြိုကွဲလုမတတ်ဖြစ်သွားကြသည်။ 

၀မ်လန်ချန်းက ဘာမှမလုပ်ရသေးဘူးလေ။ 

ဧကရာဇ်က ၀မ်လန်ချန်းအပေါ် ပြစ်မှုရှိအောင် အတင်းတော့မလုပ်နိုင်လောက်ဘူးမလား။ 

ကြောက်စရာကောင်းလှသည်။ 

ရှေးအချိန်တုန်းက တိုင်းပြည်ကို ဘေးဥပဒ်ဖြစ်စေသော ယုတ်မာတဲ့ ကိုယ်လုပ်တော်များ ရှိခဲ့ပေမယ့် အခုက ပြည်သူတွေဆီ ကပ်ဘေးယူလာတာက အိမ်ရှေ့စံမင်းသား ကိုယ်တိုင်ဖြစ်နေသည်။ 

ကျောက်ရွှမ်ကျင်း သူ့အိတ်ကပ်ထဲက ၀န်ခံစာတစ်စောင်အား ထုတ်ပြီး ဧကရာဇ်စားပွဲ‌ပေါ်သို့ ကမ်းပေးရန် မိန်းမစိုးအား ပြောလိုက်သည်။ 

"ခမည်းတော် ကြည့်ကြည့်ပါ ၀န်ကြီးရှဲ့က ၀မ်လန်ချန်းကို ဖမ်းတာမဟုတ်ဘဲ ဟွမ်စုန့်ကို ဖမ်းခဲ့တာပါ သူက ဒီအတိုင်း စက္ကူလက်မှုပညာကို ဖန်တီးတဲ့ ဖန်တီးသူတစ်ယောက်ပါပဲ" အိမ်ရှေ့စံမင်းသားက နွေးထွေးစွာဖြင့်ပြောသည်။ 

"မဖြစ်နိုင်ပါဘူး လူအများကြီးက သူ့ကိုတွေ့ခဲ့ပါတယ် အဲဒါက ၀မ်လန်ချန်းကိုယ်တိုင်ပါပဲ" စတုတ္ထမင်းသားဘက်က လူတွေက ၀င်ပြောကြသည်။ 

သို့ပေမယ့် သူက ငယ်ရွယ်တုန်းဖြစ်ပြီး စာပေ လေ့လာနေဆဲဖြစ်တာကြောင့် သူ့လူတွေ‌ဆီက သစ္စာစောင့်သိမှုအား မမြင်နိုင်ပါ။ 

ရှဲ့ဖင်းကန်း ပွင့်လင်းစွာဖြင့်ပြောလိုက်သည်။ 

"အိမ်ရှေ့စံမင်းသားနဲ့ ကျွန်တော် တစ်ညလုံး စစ်မေးခဲ့ပါတယ် သေချာလည်း စစ်ဆေးခဲ့ပါတယ် ဒီလူ ဟွမ်စုန့်က တစ်ရက် ဝမ်လန်ချန်းနဲ့ တိုက်တိုက်ဆိုင်ဆိုင်တွေ့ခဲ့တာပါ နှစ်ယောက်သားက ရုပ်ချင်းဆင်လုနီးနီးပါပဲ ပထမတစ်ခါ တွေ့ရုံနဲ့တင် သူတို့က သူငယ်ချင်းဟောင်းတွေလိုမျိုး ဖြစ်သွားကြပါတယ် အဲဒါကြောင့် သူတို့တွေ မကြာခဏ အဆက်အသွယ်ရှိ‌ခဲ့ပါတယ် ဒါပေ

မယ့် ဟွမ်စုန့်က ၀မ်လန်ချန်းရဲ့ ပိုင်ဆိုင်မှုကို မက်မောတဲ့အတွက် သူ့ကို ကြိုးနဲ့ချည်နှောင်ဖမ်းဆီးပြီး ပိုင်ဆိုင်မှုတွေကို ယူလိုက်တာပါတဲ့" 

••••

All Chapters