သူ့ကံကြမ္မာထဲမှာ ကံကောင်းခြင်းဆိုတာမရှိဘူး။
Vol. 26 Ch. 497
မနေ့က ခြောက်လှန့်မှုက အလွန်ထိရောက်သွားသည်။ အပြစ်မပေးခင်မှာပင် ဟွမ်စုန့်က ဝန်ခံပြီးသားဖြစ်သွားသည်။
၀မ်လန်ချန်း၏ မိဘနှစ်ပါးက ဆုံးပါးသွားပြီဆိုပေမယ့် မိသားစုစီးပွားရေးများစွာ ကျန်ခဲ့သေးသည်။
သူနှင့် သူ၏ အစေခံကောင်လေးက စာမေးပွဲဖြေရန် မြို့တော်ကို သွားခဲ့ကြသည်။ သူတို့ အရင်ဆုံး ပညာရှင်များ၏ တည်းခိုခန်းတွင် နေကြ၏။ စံအိမ်၀ယ်ပြီးနောက်မှ ထိုနေရာက ပြောင်းလာပြီး ဟွမ်စုန့်ကို အချိန်အတော်ကြာ နေထိုင်ရန် ဖိတ်ခေါ်ခဲ့သည်။
နှစ်ယောက်လုံးက ရုပ်ဆင်ပြီး သူတို့နောက်ခံကလည်း အတူတူပင် သနားစရာကောင်းသည်ဟု ဟွမ်စုန့်တွေးမိသည်။ သို့သော်ငြား ၀မ်လန်ချန်းမှာတော့ ချမ်းသာတဲ့မိသားစုရှိပြီး အရည်အချင်းရှိသည်။ ကောင်းကင်ဘုံက မမျှတဘူးလို့ ညည်းညူမိပသေည်။ ထို့အပြင် မနာလိုမှုကြောင့် သူ့ကိုဖမ်းဆီးလိုက်သည်။ အစကတော့ သူ့ကိုသတ်ပစ်ချင်ပေမယ့် သတ်ဖို့လုပ်နေတုန်း စံအိမ် မီးလောင်သွားသည်။ ထိုအခါ သူ အလျင်စလိုဖြင့် ၀မ်လန်ချန်းနှင့်အတူ လွတ်မြောက်သွားခဲ့သည်။ အစေခံကောင်လေးကတော့ မီးလောင်ကျွမ်းပြီး သေဆုံးသွား၏။
သူ ၀မ်လန်ချန်းအား ခေါ်လာရတဲ့အကြောင်းအရင်းက မီးက တခြားပိုင်ဆိုင်မှုများအား လောင်ကျွမ်းသွားစေလို့ပင်။ အကယ်၍ ၀မ်လန်ချန်း သေသွားလျှင် သူ့ကိုယ်သူ ၀မ်လန်ချန်းအဖြစ် ဟန်ဆောင်ရန် ဖြစ်နိုင်ချေနည်းသွားပေမည်။ ပြီးလျှင် အရင်လိုပဲ ဆင်းရဲသွားနိုင်သည်။
ထို့ကြောင့် ၀မ်လန်ချန်းကို စာရွက်လုပ်သည့်လက်မှုပစ္စည်းဆိုင်တွင် ချည်နှောင် ဖမ်းဆီးထားခဲ့သည်။
နေ့တိုင်း သူ ၀မ်လန်ချန်းအား ကဗျာများရေးခိုင်းပြီး စာအုပ်ဆိုင် ဒါမှမဟုတ် ပြည့်တန်ဆာအိမ်တွင် ရောင်းချခဲ့သည်။ သူ အနည်းငယ်နာမည်ကြီးလာပြီး ပိုက်ဆံတစ်ချို့ပါ ရလာသည်။
"အရှင်မင်းကြီး ၀မ်လန်ချန်းကို ကယ်တင်ထားပြီး
ပါပြီ ဒါပေမယ့် သူက အချိန်အကြာကြီး ပိတ်ထားခံရတာကြောင့် ကျန်းမာရေးအခြေအနေ မကောင်းလှပါဘူး အဲဒီအတွက် ပြစ်မှုဆိုင်ရာဌာနမှာ အနားယူနေပါတယ် နန်းတွင်းစာမေးပွဲဖြေဆိုချိန်ရောက်လာတဲ့အခါ သူလည်း ၀င်ရောက်ဖြေဆိုနိုင်ပါလိမ့်မယ်" ရှဲ့ဖင်းကန်း ထပ်တိုးပြောဆိုလိုက်သည်။
ဟွမ်စုန့် ကံမကောင်းတာပင်။
သူ့ကံကြမ္မာထဲတွင် ကံကောင်းခြင်းဆိုတာမရှိပေ။
သူ ၀မ်လန်ချန်းအဖြစ် ဟန်ဆောင်ဖို့အလုပ် ၀မ်လန်ချန်းအိမ်က ဖျက်ဆီးခံလိုက်ရပြီး သူ့ပိုင်ဆိုင်မှုတွေလည်း လောင်ကျွမ်းသွားသည်။
ထပ်တိုးပြောရလျှင် ၀မ်လန်ချန်း ထိတ်လန့်သွား
တာကြောင့် စတင် နာမကျန်းဖြစ်လာသည်။
သို့ပေမယ့် ဒီအရည်အချင်းရှိသူက နေမကောင်းဖြစ်နေတာတောင် သူ့အရေးအသားစွမ်းရည်ကတော့ သာမန်လူတစ်ယောက်ထက် ပိုကောင်းလှသည်။
ဟွမ်စုန့် ရှာလို့ရတဲ့ပိုက်ဆံအား ၀မ်လန်ချန်း ဆေးဖိုးအတွက် တစ်၀က်ထက်ပိုပြီး သုံးရသေးသည်။ ၀မ်လန်ချန်း သေသွားပြီးလျှင် သူ၏ ပိုက်ဆံထုတ်စက်လေး ဆုံးရှုံးသွားမည်အား ကြောက်ရွံ့ရသည်ကို။
ထို့အပြင် ပညာရှင်တစ်ယောက်အဖြစ် ဟန်ဆောင်ရတာ မလွယ်ကူပါချေ။ မှင်၊ စာရွက်၊ မှင်သွေးကျောက်နှင့် စာအုပ်များအား ၀ယ်ယူရသေးသည်။ သူ့အ၀တ်အစားတွေကိုလည်း သင့်တင့်လျောက်ပတ်အောင် ဝတ်ရသေးသည်။
ထို့ကြောင့် ဟွမ်စုန့် ကဗျာပေါင်းများစွာရောင်းချခဲ့သော်ငြား သူက .. ဆင်းရဲနေတုန်းပင်။
ရှဲ့ဖင်းကန်း စကားပြောပြီးနောက် ၀န်ကြီးအားလုံး ပြောစရာစကားမရှိတော့တဲ့အထိ ဆွံ့အသွားကြသည်။
အဖမ်းခံထားရတဲ့ ပညာသင်က .. အယောင်ဆောင်ဖြစ်နေတာလားဟ။
အိမ်ရှေ့စံမင်းသားနှင့် ရှဲ့ဖင်းကန်းတို့က ပညာသင်ကျောင်းသားကို အရှက်ခွဲခဲ့တာမဟုတ်ဘဲ .. သူတို့က ၀မ်လန်ချန်းကို ကယ်တင်ခဲ့တာလား။
အဲဒါ မဖြစ်နိုင်ဘူးမလား!
ဒါပေမယ့် ဒီကိစ္စကို အတုအယောင်လုပ်ဖို့က ခက်ခဲလှသည်။ ၀မ်လန်ချန်းက နန်းတွင်းစာမေးပွဲအား ဖြေမှာဖြစ်သည့်အတွက် .. ရက်အနည်းငယ်အတွင်း သူ အားလုံးရှေ့ ပေါ်လာလိမ့်မည်။
ယုံကြည်မှုအပြည့်နှင့် စကားပြောခဲ့ကြသည့် ဝန်ကြီးများလည်း မူးလဲတော့မတတ်ပင်။
ပြီးသွားလေပြီ။
သူတို့ အစောက ဘာတွေပြောခဲ့မိလဲ။ အိမ်ရှေ့စံမင်းသားက ရှဲ့ဖင်းကန်းအား လိုက်လျောညီထွေဖြစ်စေပြီး ပညာသင်သူကို စော်ကားကြောင်း ပြောခဲ့မိကြသည်။ အမှားကနေ အမှန်ကို မခွဲခြားနိုင်ဘူး၊ အဖြူနှင့် အမည်း နားမလည်နိုင်ဘူးလို့လည်း ပြောခဲ့မိသည်။ ဒါ့အပြင် အိမ်ရှေ့စံမင်းသားကို ဆင်ခြင်သုံးသပ်ဖို့အထိပါ ပြောခဲ့ကြ
သည်။
အားလုံးက လျင်မြန်စွာ တုံ့ပြန်လိုက်ကြသည်။ သူတို့ အရှင်မင်းကြီးဆီက အပြစ်တင်ခံရလို့မဖြစ်။ ချက်ချင်းပင် သူတို့အမှားအား လက်ခံလိုက်ကြကာ
"ဒီလူက သေဖို့ ထိုက်တန်ပါတယ် အရှင်မင်းကြီး"
ဧကရာဇ်က အောက်မှာရှိနေတဲ့ ကောက်ကျစ်သောအရူးများအား ကြည့်လိုက်သည်။ သူ ပိုကြည့်လေလေ သူတို့ကိုပိုပြီး အထင်အမြင်သေးမိလေလေပင်။
"အိမ်ရှေ့စံမင်းသားက နိုင်ငံရဲ့ အခြေခံအုတ်မြစ်ဆိုတာ မင်းတို့အားလုံးသိကြတယ်။ ဒါပေမယ့် မင်းတို့က ဘာလို့ အမြဲတမ်း အုတ်မြစ်ကို ပြိုကျပျက်စီးအောင်လုပ်ဖို့ကြိုးစားရတာလဲ။ မင်းတို့
တွေက ပညာသင်အကြောင်းကို သေချာတောင် မစုံစမ်းကြဘဲ တစ်ယောက်ပြီးတစ်ယောက် တိုင်တန်းပြောဆိုနေတာက အိမ်ရှေ့စံမင်းသားကို အရှက်ရစေချင်လို့လား။ ငါကိုယ်တော် မြင်ရသလောက်ဆိုရင် မင်းတို့တွေက ချန်ယွမ်တိုင်းပြည်ကြီးရဲ့ အုတ်မြစ်ကို လှုပ်ခါအောင် လုပ်ချင်နေကြတာပဲ!"
ဧကရာဇ်မင်းဒေါသထွက်နေလေပြီ။
အောက်က လူအုပ်ကြီးမှာလည်း ဘာမှ မပြောရဲကြတော့ပေ။
ဧကရာဇ်မင်း တကယ် ဒေါသထွက်သွားပြီဖြစ်သည်။
အိမ်ရှေ့စံမင်းသား ဆယ့်နှစ်နှစ်မပြည့်မီတွင်
အရပ်သားနှင့် စစ်အရာရှိများအားလုံး အိမ်ရှေ့စံမင်းသားဖြစ်ခြင်းကို ကန့်ကွက်ခြင်း မရှိခဲ့ပေ။ ကမ္ဘာပေါ်ရှိ လူအားလုံး သူ့ကိုအိမ်ရှေ့စံမင်းသားအဖြစ် တင်မြှောက်တာက ရွေးချယ်မှုကောင်းလို့ ထင်ခဲ့ကြသည်။
သို့ပေမယ့် သူ့လက်ဒဏ်ရာရသွားပြီးတည်းက အရင်ကလို မဟုတ်ကြတော့။
သူတို့က အိမ်ရှေ့စံမင်းသား၏ ဉာဏ်ပညာထက်မြက်မှုအား မမြင်ကြတော့သလို သူ့စွမ်းဆောင်ရည်တွေကိုလည်း ဂရုမစိုက်ကြတော့ပေ။ သူတို့ သူ့လက်မှ ပြဿနာအပေါ်မှာပဲ အာရုံစိုက်ထားကြပြီး အားလုံးကို မျက်ကွယ်ပြုထားကြသည်။
သို့သော်လည်း သူ့သားက လက်ကိုလှုပ်ရှားရန် အနည်းငယ် သက်သောင့်သက်သာမရှိရုံသာ
ဖြစ်သည်။ ဘယ်လိုလုပ် မသန်စွမ်းဖြစ်ရမှာလဲ။
တကယ်လို့ သူက မသန်စွမ်းဖြစ်ခဲ့ရင်တောင် သူ့အဖေကို ကယ်တင်ချင်ခဲ့တာကြောင့်ပဲ။ ကမ္ဘာကြီးအတွက် စံနမူနာဖြစ်စေဖို့ တည်ဆောက်တဲ့အခါ ဖြူစင်ပြီး နာခံတတ်တဲ့ သူ့သားက အိမ်ရှေ့စံမင်းသား ဘာလို့ မဖြစ်နိုင်ရမှာလဲ!
•••••