အဲဒါတွေကို ကိုယ့်ဘာသာ သိမ်းထားလိုက်။
Vol. 26 Ch. 499
ရှဲ့မိသားစုက လက်ဆောင်တစ်ချို့ ရရှိခဲ့သည်။ သူမအတန်းဖော်များအပေါ် ကျေးဇူးသိတတ်မှုအား ဖော်ပြရန်အတွက် ရှဲ့ချောင် သူတို့ကို ဖိတ်ခေါ်လိုက်သည်။
အားလုံးက လူငယ်တွေဖြစ်ကြပြီး အခြေအနေက အလွန်အသက်၀င်လှသည်။
ရှဲ့ဖင်းကန်းက အလွန်ပါးနပ်လှပေသည်။ သူ့မှာ ကြောက်စရာကောင်းသော ဂုဏ်ပုဒ်ရှိနေတာကြောင့် အဝေးမှာပဲနေခဲ့သည်။
ရှဲ့ချောင်ဘက်မှာ ပျော်စရာပွဲများဖြင့် ပြည့်နှက်နေသော်လည်း ရှဲ့မန်ရှန်းဘက်တွင်တော့ မတူညီသော ဇာတ်လမ်းနှင့်ပင်။
ငွေစရာချီက သုံးဖို့အတွက် မလုံလောက်ပါ။ ခြံ၀င်းငှားဖို့အတွက် တစ်၀က်ကျော်လောက် သုံးလိုက်ရပြီး မိသားစုထဲရှိ လူတွေက ဇိမ်ခံဘ၀မှာ နေထိုင်ခြင်းကနေ မပြောင်းလဲသေးချေ။ သူတို့တွေက နေ့တိုင်း အသားနှင့် မုန့်စားကြသည်။
အဖွားအိုက မိသားစုကုန်ကျစရိတ်အား တမင်ထိန်းချုပ်ထားပေမယ့် သူတို့ သုံးရမှာက များပြားလွန်းလှသည်။
ထို့အပြင် ရှဲ့ချုံရှန်း အလုပ်လုပ်ရန် လိုအပ်သေးသည်။ ထို့ကြောင့် သူ့သူငယ်ချင်းများနှင့် အပြင်ထွက်စားရန် ပိုက်ဆံအချို့ကို သုံးစွဲရန်မှာ မလွဲမသွေပင်။
ငွေစများ နည်းသထက်နည်းလာသဖြင့် သူတို့အ၀တ်ကို ကြပ်ကြပ်၀တ်ကာ လျှော့စားကြရသည်။
ရှဲ့ချုံရှန်း မျက်နှာထားက မည်းမှောင်သထက် မည်းမှောင်လာ၏။
ရက်အနည်းငယ် တောင့်ခံပြီးနောက် သူ ရှဲ့အိမ်တော်ဆီ သွားခဲ့သည်။
အိမ်တော်ထိန်းက တရိုတသေဖြင့် သူ့ကို ကြိုဆိုလိုက်သည်။ ရှဲ့ချုံရှန်း ဘယ်ညာကြည့်လိုက်ပြီးမှ အိမ်ထဲတွင် ထိုင်လိုက်သည်။ ပြီးနောက် အိမ်တော်ထိန်းအား..
"ငါ ဖင်းကန်းကို အရေးကြီးပြောစရာရှိတာမလို့
သူ့ကိုခေါ်ခဲ့ပါလား တကယ်လို့ ရှဲ့ချောင်ရှိတယ်ဆိုရင်လည်း သူမကို လာခိုင်းလို့ရတယ်"
ဘာပဲဖြစ်ဖြစ် ဆုံးဖြတ်ချက်ချနိုင်သူ လာရမည်။
အိမ်တော်ထိန်းက ပြုံးကာပြောသည်။
"တတိယသခင်ကြီးခဗျ ကျွန်တော်တို့ရဲ့ အကြီးဆုံးသခင်လေးက ပြစ်မှုဆိုင်ရာဌာနမှာ ထောင်သားတွေကို စစ်မေးနေပါတယ် အကြီးဆုံးသခင်မလေးကတော့ ပိုပြီးတော့ အလုပ်များနေပါတယ် ကျောင်းမှာ သင်ကြားရေးများတော့ သူမ ထွက်လာလို့မရသေးပါဘူး"
"ကောင်းပြီ သူတို့နှစ်ယောက်လုံး ဒီမှာမရှိဘူးဆိုတော့ ငါတိုက်ရိုက်ပဲပြောလိုက်မယ် အရင်ရက်က ငါ့အစ်ကိုကြီး ယူလာခဲ့တာတွေ ယူလာပေး ငါ
အိမ်ကိုပြန်ယူသွားမယ်"
အိမ်တော်ထိန်းသည် သူရောက်လာရတဲ့ ရည်ရွယ်ချက်အား ခန့်မှန်းထားပြီးသားပင်။
ထိုအချိန် သူကြားလိုက်ရတဲ့အခါ လုံး၀မအံ့ဩတော့ပေ။ ထို့အပြင် အပြုံးနှင့်တောင် ပြောလိုက်သေးသည်။
"တတိယသခင်ကြီး ဘာပြောလိုက်လဲဆိုတာ ကျွန်တော်.. နားမလည်ဘူး"
"အရူးပုံစံဟန်ဆောင်နေတာ ရပ်လိုက် ငါ့အစ်ကိုကြီးက အရူးဆိုပေမယ့် ငါကတော့မဟုတ်ဘူး မြန်မြန် ပစ္စည်းတွေပြန်ယူလာပေး မဟုတ်ရင် ငါဒီမှာ ရန်ပွဲဖြစ်အောင် လုပ်လိုက်မယ်"
ရှဲ့ချုံရှန်း အံကြိတ်ထားပြီး ပြောလိုက်သည်။
သူ့သားရဲ့ လက်ထပ်ပွဲရက်က သတ်မှတ်ပြီးလေပြီ။ တကယ်လို့ ငွေမရလို့ လက်ထပ်ပွဲ အဆင်မပြေလျှင် သူဘယ်လိုလုပ်ရမလဲ။
အိမ်တော်ထိန်းက ပြုံးကာ။
"တတိယသခင်ကြီး ကျွန်တော်တို့ရဲ့ အကြီးဆုံးသခင်လေး ဒါမှမဟုတ် အကြီးဆုံးသခင်မလေးက သဘောမတူမချင်း အိမ်အကူတစ်ယောက်အနေနဲ့ အိမ်ထဲကပစ္စည်းတွေကို အပြင်ထုတ်ပိုင်ခွင့်မရှိပါဘူး"
"အဲဒါ ငါ့ပစ္စည်းတွေကွ"
ရှဲ့ချုံရှန်း ထိုစကားကြားတော့ ထိတ်လန့်သွား
သည်။
"အဲဒီပစ္စည်းတွေ အိမ်ထဲရောက်လာပြီဆိုရင် ကျွန်တော်တို့ပိုင်တယ်လို့ အကြီးဆုံးသခင်လေးက ပြောပါတယ် တတိယသခင်ကြီးက ဒါနဲ့ပတ်သက်ပြီး သေချာသိတယ်မလား"
အိမ်တော်ထိန်းက ခေါင်းမာနေဆဲပင်။
ရှဲ့ချုံရှန်း အလွန်ဒေါသထွက်သွားသည်။
ဒါပေမယ့် သူ ဘာလုပ်နိုင်မှာတဲ့လဲ။ သူက ဒီကိုတစ်ယောက်တည်း လာခဲ့တာဖြစ်သည်။ သူ လုယက်ဖို့ကြိုးစားရင်တောင် အဲဒီလိုလုပ်နိုင်မှာမဟုတ်ချေ။
"တကယ်လို့ ပစ္စည်းတွေ ငါ့ကိုပြန်မပေးဘူးဆိုရင် ငါမင်းတို့ကို တရားစွဲဖို့အတွက် အုပ်ချုပ်ရေးရုံးဆီ သွားမယ် ရှဲ့ဖင်းကန်းက သူ့သိက္ခာကို ဆုံးရှုံးရမှာ မကြောက်ဘူးဆိုရင် ပစ္စည်းတွေကို သိမ်းထားလို့ရတယ်"
ရှဲ့ချုံရှန်း သူ့ပိုင်ဆိုင်မှုတွေအား တွေးတောလိုက်ရင်း သူ့နှလုံးသား အလွန်နာကျင်လာပြီး အိပ်မပျော်နိုင်တော့တဲ့အထိပင်။ သိပ်မကြာသေးခင်ကပင် သူအများကြီး ပိန်ကျသွားသည်။
"တတိယသခင်ကြီးက သူတို့ကို ဘာအတွက်တရားစွဲချင်တာလဲ အဲဒီပစ္စည်းတွေကို ကျွန်တော််တို့ မိသားစုက တတိယသခင်ကြီးတို့ကို ပေးထားဝာာပါ တကယ်လို့ သခင်ကြီးပြန်လာတဲ့အခါ ကျွန်တော်တို့မိသားစုက သူ့ရဲ့ ကောင်းမွန်တဲ့ လုပ်ရပ်တွေကိုပဲ တွေးထားမှာပါ ဘာပဲဖြစ်ဖြစ် ဒါကြောင့် ကျွန်တော်တို့ကို တရားစွဲမယ်ဆိုရင် အလုပ်ဖြစ်မှာမဟုတ်ပါဘူး ပြီးတော့ .. အမှန်
အတိုင်းပြောရရင် ကျွန်တော်တို့ရဲ့ အကြီးဆုံးသခင်လေးက သိပ်မကြာခင်က ဧကရာဇ်မင်းဆီကနေ ချီးကျူးမှုရထားတာ။ ကျွန်တော်တို့ကို တစ်ခုပြီးတစ်ခု လက်ဆောင်ပို့ကြတဲ့သူတွေလည်း အများကြီးပဲ အဲဒါတွေပါ ပြန်ပေးဖို့လိုတာလား"
အိမ်တော်ထိန်းက လေးနက်စွာဖြင့်ပြောလိုက်သည်။ ရှဲ့ချုံရှန်း လက်သီးဆုပ်လိုက်ကာ။
"မင်းဘာဆိုလိုချင်တာလဲ မင်း ပစ္စည်းတွေပြန်မပေးဘူးလား ငါ့အစ်ကိုကြီးက လတ်တလော သိမ်းထားလို့ပဲ ပြောခဲ့တာမဟုတ်ဘူးလား အဲဒါကို မင်းဘာသာ သိမ်းထားနေတာလား"
ရှဲ့ချုံရှန်း လွန်ခဲ့တဲ့ရက်တွေထဲ ပြန်ရမည်ဆိုသည့် မျှော်လင့်ချက်အား ဆုပ်ကိုင်ထားတာဖြစ်သည်။ အခု အိမ်တော်ထိန်းစကားများကို ကြားလိုက်ရတဲ့အခါ သူ့ခန္ဓာကိုယ်ထဲ သွေးစီးဆင်းတာ ရပ်တန့်
သွားပြီလို့တောင် ခံစားလိုက်ရသည်။
••••