အကြွေး သိမ်းခြင်း။
Vol. 26 Ch. 500
ရှဲ့ဖင်းကန်း အိမ်တော်ထိန်းအား အရင်တည်းက ပြောပြထားခဲ့တာကြောင့် ထိုအချိန်မှာ သူ တည်ငြိမ်နေသည်။
"အရင်က ကျွန်တော်တို့ သခင်ကြီး အရာရှိဖြစ်တုန်းက သူ့မိသားစုအိမ်အကြောင်းတွေးပြီး တတိယသခင်ကြီးတို့ကို မြို့တော်ကို ခေါ်လာခဲ့တာလို့ ပထမသခင်လေးပြောဖူးပါတယ် တတိယသခင်ကြီးတို့ ဒီမှာ မရှင်သန်နိုင်မှာကို သူကစိုးရိမ်နေတာ ဒီတော့ သူက အထူးအနေနဲ့ အိမ်တစ်အိမ်ငှားပေးပြီး အကုန်နေလို့ရအောင် ပိုက်ဆံပါပေးခဲ့တာ အခု နှစ်တွေလည်း ကျော်လွန်လာပြီ အားလုံးလည်း မြို့တော်ထဲမှာ အခြေကျသွားပြီဆိုတော့
အရင်က ချေးထားခဲ့တဲ့ ပစ္စည်းတွေကို ပြန်ပေးဖို့ အချိန်ကျပါပြီ။ သေချာပေါက် ကျွန်တော်တို့ အကြီးဆုံးသခင်လေးက တတိယသခင်ကြီးတို့ ပိုက်ဆံအများကြီးပေးစရာမလိုဘူးလို့လည်းပြောတယ် ကျွန်တော်တို့သခင်ကြီးရဲ့ ဆွေမျိုးတွေဆိုတော့ ရှိတဲ့အချိန်မှ ပြန်ပေးပါ ကျွန်တော်တို့ တွက်ချက်နေမှာမဟုတ်ပါဘူး" အိမ်တော်ထိန်းက ထပ်ပြောသည်။
ရှဲ့ချုံရှန်း ကြက်သီးထသွားသည်။
ဒီ မကောင်းတဲ့ကောင်ရှဲ့ဖင်းကန်းက တကယ်ကို နှလုံးသားမရှိဘူးပဲ!
သူ သိနေခဲ့သည်။ ရှဲ့ဖင်းကန်းက ဒီလောက်အထိ ကြင်နာမှာမဟုတ်ဘူးဆိုတာ သူသိနေခဲ့သည်။
သူ့အစ်ကိုကြီးက တကယ်အသိစိတ်လွတ်သွားတာပင်။ သူက သူ့မိသားစု ကံကောင်းခြင်းအား ဒီလိုဓားပြဆီပို့လိုက်သည်။ အခု ဘာဖြစ်သွားပြီလဲ။ ဒါက တစ်လမ်းသွား ခရီးမျှသာ။
ထိုအချိန်မှာ ရှဲ့ချုံရှန်း တကယ်ပဲ ထိတ်လန့်နေတာဖြစ်သည်။ သူ့မိသားစု ပိုင်ဆိုင်မှုတွေမပါဘဲ သူ ဘယ်လိုရှင်သန်ရမလဲဆိုတာ မစဉ်းစားရဲပေ။ သူ့ခေါင်းထဲမှာ အတွေးတစ်ချို့ပြေးလွှားနေပြီး အံကြိတ်ကာ ပြောလိုက်သည်။
"မင်း ငါ့ကိုပစ္စည်းတွေမပေးဘူးဆိုရင် ငါ .. ငါ့ခေါင်းကို တံခါးနဲ့ရိုက်ခွဲပြီး သေလိုက်မယ် ငါက ရှဲ့နျိုရှန်းရဲ့ ညီအရင်းပဲ တကယ်လို့ ငါဒီမှာသေသွားရင် ဘယ်သူမှ အေးချမ်းစွာ နေနိုင်မှာမဟုတ်ဘူး"
ထိုသို့ပြောလိုက်ရာ အိမ်တော်ထိန်းက ပြုံးလိုက်
မိသည်။
ပစ္စည်းတွေပြန်ရဖို့ ဒီလိုမျိုးအထိလုပ်မှာက ရယ်ရလွန်းသည်။
အိမ်တော်ထိန်း ရှဲ့ချုံရှန်းအား အထင်အမြင်သေးစွာဖြင့် ကြည့်လိုက်၏။
လွန်ခဲ့တဲ့ နှစ်အနည်းငယ်တွင် ရှဲ့ချုံရှန်း ကောင်းကောင်းနေထိုင်ခဲ့သည်။ လူအနည်းစုကသာ သူ့ကို ထိုကဲ့သို့ အထင်သေးစွာ ကြည့်ကြတာပင်။
"ဒီမှာသေချင်တဲ့သူက အများကြီးပဲလို့ အကြီးဆုံးသခင်လေးက ပြောခဲ့ပါသေးတယ် တကယ်လို့ တတိယသခင်ကြီးအနေနဲ့သေချင်ရင် ကိုယ့်ဘာသာ သတ်သေလိုက်ပါ ဒါပေမယ့်
တစ်ယောက်ယောက်ကို ဒီကိုခေါ်ပြီး သခင်ရဲ့အလောင်း ပြန်ယူသွားခိုင်းဖို့တော့မမေ့ပါနဲ့တဲ့"
ထိုစကားတွေကို တကယ်ပဲ ရှဲ့ဖင်းကန်း ပြောထားခဲ့တာဖြစ်သည်။
သို့ပေမယ့် အကြီးဆုံးသခင်လေးထင်တာက ဒီကိုလာပြီး ငိုယိုကာ သေဖို့အတွက် တောင်းဆိုနေသူက အဖွားအိုဖြစ်နေလိမ့်မည်ဟူ၍။ အခုတော့ ယောကျာ်းတစ်ယောက်ဖြစ်သည့် ရှဲ့ချုံရှန်းဖြစ်နေသည်။
ထိုစကားတွေအားပြောပြီးနောက် ရှဲ့ချုံရှန်းမျက်နှာက ဖြူဖပ်ဖြူရော်ဖြစ်သွားသည်။ သူသတ္တိမွေးပြီး အသံကျယ်ကျယ်နှင့် သူ့အရှေ့က လက်ဖက်ရည်ခွက်အား ရိုက်ခွဲပစ်လိုက်သည်။
အိမ်တော်ထိန်း မျက်ခုံးပင့်လိုက်သည်။
ရှဲ့မန်ရှန်း ပို့သွားခဲ့တဲ့ ပစ္စည်းတွေနှင့်ယှဉ်လျှင် ဒါကမပြောပလောက်ပေ။ ဒီလောက် ဆုံးရှုံးမှုအနည်းငယ်က သည်းခံနိုင်ပါသည်။
ရှဲ့ချုံရှန်း ရှဲ့အိမ်တော်မှာခဏလောက်နေပြီး စောင့်ဆိုင်းနေရင်း ဘယ်သူမှ သူ့ကိုဂရုမစိုက်တာကြောင့် ထွက်လာလိုက်ရသည်။
သူတို့ ငှားရမ်းထားသည် ခြံ၀င်းဆီပြန်ရောက်လာချိန် ရှဲ့ချုံရှန်းမှာ တိုင်တန်းစရာအပြည့်နှင့်ပင်။
"အစ်ကိုကြီး ကျွန်တော် အစောက ဒုတိယအစ်ကိုအိမ်သွားခဲ့တယ် ကျွန်တော် သူတို့ကိုတော့ မတွေ့ခဲ့ဘူး သူက ကျွန်တော့်ကိုနှင်ထုတ်ဖို့အတွက် အိမ်တော်ထိန်းကို ခိုင်းထားတယ် ဒုတိယအစ်ကိုက
ကျွန်တော်တို့ကိုပိုက်ဆံပြန်ပေးမယ်ဆို ဒါပေမယ့်အခု ကျွန်တော် ဗိုက်အပြည့် လက်ဖက်ရည်တွေပဲ သောက်ခဲ့ရတယ် မုန့်တစ်ပိုင်းတစ်စတောင် မမြင်ခဲ့ရဘူး ငွေဆိုရင်တော့ ဝေးပဲ!"
ရှဲ့ချုံရှန်း မျက်၀န်းနီရဲနေပြီး သူ တကယ်ငိုနေမိတာပင်။
ပိုက်ဆံ .. သူ့ပိုက်ဆံတွေ။
ဒါက ငွေစ ၁၀၊ ၁၀၀လည်းမဟုတ်ပါ။ သူ့ရဲ့ကိုယ်ပိုင် ပိုင်ဆိုင်မှုက ငွေစ ၁၀၀၀ထက်တောင် ပိုတန်သည်။
"မင်း အကြွေးယူဖို့သွားခဲ့တာလား"
ရှဲ့မန်ရှန်း ရုတ်တရက် မတ်တပ်ထရပ်လိုက်သည်။
"ဘယ်သူ မင်းကို အဲဒီလိုလုပ်ခိုင်းလို့လဲ မင်း ငါသေဖို့မျှော်လင့်နေတာလား"
သူ့ဘေးဒုက္ခက မပြီးသေးပါ။
မနက်စောစောတွင် အပြင်ကနေ ကျီးကန်းများ၏ အသံအား ကြားလိုက်ရသည်။ အခုက ကံဆိုးခြင်းအချိန်အခါပင်။
"အစ်ကိုကြီးက စိတ်ပိုင်းဆိုင်ရာ တည်ငြိမ်မှုမရှိတာပဲ ဘယ်လိုလုပ် ဘေးဒုက္ခဆိုတာ ရှိနိုင်မှာလဲ ကျွန်တော်တို့မိသားစုက လုံး၀အဆင်ပြေတယ် အစ်ကိုကြီး အဲဒီဆရာမနဲ့ တွေ့ပြီးတော့မှ ကျွန်တော်တို့တွေ အရှုပ်ထဲရောက်သွားတာ အစ်ကိုကြီး အဲဒီဆရာမဆီကနေ လှည့်စားခံလိုက်
ရတာ ကျွန်တော်ဂရုမစိုက်ဘူး အစ်ကိုကြီး သွားပြီး ဒုတိယအစ်ကိုအိမ်မှာ ငွေပြန်သွားယူမလား ဒါမှမဟုတ် အဲဒီဆရာမကို ငွေပြန်ပေးခိုင်းမလား ဘာပဲလုပ်လုပ် ကျွန်တော့်ကို ပြန်ပေးရမယ် မဟုတ်ရင် အဲဒီအတွက် ကျွန်တော် ခင်ဗျားကို တရားစွဲမယ်"
ရှဲ့ချုံရှန်း ဒေါသထွက်နေပေပြီ။ သူ ရှဲ့မန်ရှန်းအား လက်ညှိုးထိုးပြီး ဆဲဆိုလိုက်သည်။
ရှဲ့မန်ရှန်း နားထောင်ကာ ထေ့ငေါ့စွာ ရယ်လိုက်၏။
သူက သူ့ဘ၀ထဲမှာ တကယ်မကောင်းတဲ့သူပင်။
လွန်ခဲ့တဲ့ရက်အနည်းငယ်တည်းက သူဘယ်နှကြိမ်လောက် ဒါကို ပြောပြခဲ့လဲ။ တကယ်လို့ သူ့ဘေး
ဒုက္ခက မဖြေရှင်းနိုင်ရင် သေသွားနိုင်သည်။ ဒါပေမယ့် ရှဲ့ချုံရှန်း ဘာလုပ်ခဲ့လဲ။
သူ့အသက်နှင့်ယှဉ်လျှင် သူ့တတိယညီ၏စိတ်ထဲတွင် ပိုက်ဆံနှင့်သာ ပြည့်နှက်နေသည်။
••••