← Chapters

အခန်း (၃၁၉)

Vol. 28 Ch. 319

အခန်း (၃၁၉)

Vol. 28 Ch. 319

“ငါ့လက်ထဲမှာ ခရမ်းရောင်ပန်း၊ ဒီပန်းက အိပ်မက်ထဲမှာ ငါကောက်ရခဲ့တဲ့ပန်းမဟုတ်ဘူးလား။ ဘယ်လိုဖြစ်ပြီး ငါ့လက်ထဲရောက်နေတာလဲ” လီဟမ်ရှန်းမှာ သူ့လက်ထဲတွင်ရှိနေသော ခရမ်းရောင်ပန်းပွင့်လေးကို ခြောက်ခြားစွာဖြင့်ကြည့်လိုက်ပါ၏။

သူ့ဦးနှောက်တစ်ခုလုံးမှာ ချက်ချင်းပင် ပျက်စီးတော့မလို ခံစားနေရပါ၏။

“ဒါဆိုရင် ငါအိပ်မက်မက်နေတာ မဟုတ်ဘူးလား။ ဖြစ်နိုင်တာတော့ ငါ့ကို ငါ့ရဲ့ မသိစိတ်ကို အင်မော်တယ်က ဆင့်ခေါ်ပြီးတော့ အဲ့လောကထဲကို ခေါ်သွင်းသွားတာပဲ။ ဒါဆိုလို့ရှိရင် အဲ့ဒီအဓိပ္ပာယ်က အင်မော်တယ်ပြောခဲ့တဲ့ အဖြေက အမှန်တရားဆိုတာလား” လီဟမ်ရှန်းက ထိုင်ခုံပေါ်သို့ အရုပ်ကြိုးပြတ် ပစ်လဲကျသွားပါသည်။

ထို့နောက်တွင် သူကအသက်ပြင်းပြင်းရှူပြီး အကြမ်းပန်းကန်လုံးထဲသို့ တုန်ရီနေသောလက်ဖြင့် ရေနွေးများကို လောင်းထည့်လိုက်ပါ၏။

လက်တုန်နေသောကြောင့် ရေနွေးများမှာ ကျောက်စားပွဲပေါ်သို့ ဖိတ်စင်သွားခဲ့ပါသည်။ သူကရေနွေးခွက်ကို နှစ်ခွက်ဆင့်သောက်လိုက်ပြီးမှသာ စိတ်နည်းနည်းတည်ငြိမ်သွားပါ၏။

သို့သော် သူ့လက်ထဲတွင်တော့ ယခုထက်ထိ ခရမ်းရောင်ပန်းလေးက ရှိနေသေးပါသည်။ တဖြေးဖြေးနဲ့ လီဟမ်ရှန်း၏မျက်လုံးများမှာ အရောင်တောက်လာပါသည်။

ဒါဆိုလို့ရှိရင် လီချန်ချင်းက သူ့အဖေပဲပေါ့။ ဟုတ်တယ်မလား။ သူ့အဖေကို ဘယ်သူကမှ ဝင်ပူးထားတာ မဟုတ်ဘူးပဲ။ လီဟမ်ရှန်းအတွက်တော့ ဒီသတင်းက အမှန်အကန်ကို သတင်းကောင်းပင်ဖြစ်သည်။

ကောင်းကင်ကြီးမှာ တဖြေးဖြေးနဲ့ လင်းထိန်လာပါ၏။

“စီနီယာအစ်ကို နိုးပြီလား” ထိုအခိုက်မှာပင် အပြင်မှ ဝူစန်းထောင်၏ စိတ်ဖိစီးနေသော အသံက ထွက်ပေါ်လာခဲ့ပါ၏။

“ဘာတွေလောနေတာလဲ” လီဟမ်ရှန်းက ခရမ်းရောင်ပန်းလေးကို ကျောက်စားပွဲ၌တင်လိုက်ပြီး တံခါးသွားဖွင့်ပေးလိုက်ပါသည်။

“အစ်ကို ပြဿနာတော့ တက်ပြီ” ဝူစန်းထောင်က စိတ်ဖိစီးစွာပြောလိုက်ပါ၏။

“ မူအိမ်တော်က မူကျန်းဆိုတဲ့လူက တံခါးပိတ်ကျင့်ကြံတာကနေထွက်လာပြီ။ ဒီနေ့မှာ မူအိမ်တော်က စားသောက်ပွဲကျင်းပလိမ့်မယ်ဗျ။ ပြီးတော့တူးရှမြို့မှာ ရှိတဲ့မိသားစုတိုင်းကို သူတို့က ဖိတ်ကြားလွှာတွေပို့ထားတယ်။ ကျုပ်တို့ စစ်ဆေးရေးမှူးရုံးကိုတောင်မှ ဖိတ်ကြားလွှာတစ်စောင်ရောက်လာတယ်ဗျာ” ထိုသို့ပြောရင်းနဲ့ ဝူစန်းထောင်က သူ၏ဝတ်ရုံစထဲတွင် သိမ်းထားသောဖိတ်ကြားစာကို ထုတ်ကာ လီဟမ်ရှန်းထံသို့ပေးလိုက်ပါသည်။ လီဟမ်ရှန်းက ဖိတ်ကြားလွှာကို ဖွင့်ဖတ်ပြီးသူ၏အမည်ကို ဖိတ်ကြားလွှာ၏ ထိပ်ဆုံးတွင်တွေ့လိုက်ရပါ၏။ ထို့နောက်တွင် တစ်ချက်ပြုံးလိုက်ပါသည်။

“ ဟန့်...အခုအခြေအနေကတော့ မူအိမ်တော်က ငါတို့ကို တရားဝင်စစ်ကြေညာလိုက်ပြီပဲ” လီဟမ်ရှန်းက လှောင်ပြောင်လိုက်ပါသည်။

“ငါတို့က မူအိမ်တော်ကို ဒီနေ့မနက်သွားဖို့ စီစဉ်ထားတာပဲ။ ဒါပေမဲ့ သူတို့က အခုလိုမျိုး ဖိတ်ကြားလွှာနဲ့ တကူးတက ဖိတ်တယ်ဆိုမှတော့ ပိုပြီးတောင် အဆင်ပြေသွားတာပေါ့”

“ ဒါပေမဲ့ အစ်ကို မူကျန်းကတံခါးပိတ်ကျင့်ကြံတာကနေထွက်လာတာနော်”

ဝူစန်းထောင်က ထိတ်လန့်စွာဖြင့်ပြောလိုက်ပါ၏။

“ မူကျန်းက မူလအဆင့်ရဲ့ အထွတ်အထိပ်အဆင့်ကို ရောက်နေတာနော် အစ်ကို ။ ပြီးတော့ သူ့ရဲ့ ကျင့်ကြံခြင်းက ကျုပ်တို့ ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်းရဲ့ တောင်ထိပ်သခင်တွေနဲ့ ကျင့်ကြံခြင်းတူနေတယ်ဗျ” တိတ်စမ်း။ လီဟမ်ရှန်းက ဒေါသတကြီးပြောလိုက်ပါ၏။

“ငါတို့ဂိုဏ်းက တောင်ထိပ်သခင်တွေနဲ့ ဒီဘာမဟုတ်တဲ့မိသားစုက ဘိုးဘေးတွေနဲ့ မနှိုင်းယှဉ်စမ်းနဲ့။ ငါတို့ဂိုဏ်းကတောင်ထိပ်သခင်တွေရဲ့ ကျင့်ကြံခြင့်အဆင့်က အရမ်းကိုလေးနက်နေပြီးတော့ ဒီလိုဘာမဟုတ်တဲ့ မိသားစုတွေက အဆင့်တူဘိုးဘေးတွေကို သုံးလေးယောက်လောက်ကို တစ်ပြိုင်တည်းချနိုင်တယ်ကွ”

“ ဘယ်လိုပဲဖြစ်ဖြစ်လေ သူက မူလအဆင့်ရဲ့ အထွတ်အထိပ်ကို ရောက်နေတာ ကျုပ်တို့ သူ့ကို တိုက်ခိုက်နိုင်မှာ မဟုတ်ဘူး” ဝူစန်းထောင်က ကူကယ်ရာမဲ့နေသည့်လေသံနဲ့ ပြောလိုက်ပါသည်။ “ငါ ရှိနေတာကို မင်းဘာတွေကြောက်နေတာလဲ”

လီဟမ်ရှန်းကအပြုံးနဲ့ ပြန်ပြောလိုက်ပါ၏။

“ ဟုတ်ပြီလေ။ အဲ့ဒါဆို ကျုပ်တို့ဘယ်အချိန်သွားမလဲ”

“ နေ့ခင်း” လီဟမ်ရှန်းက ဖြေလိုက်ပါ၏။

“သူတို့က စားသောက်ပွဲကို နေ့ခင်းမှာ ကျင်းပမယ်လို့ပြောတယ်မလား။ အဲ့ဒါဆိုလို့ရှိရင် ငါတို့စစ်ဆေးရေးမှူးရုံးက ရှိသမျှလူတွေအကုန်လုံးကိုခေါ်ပြီးတော့ သွားကြိတ်ကြမယ်။ အရင်ဆုံးစစ်ဆေးရေးမှူးရုံးမှာ ရှိတဲ့လူတိုင်းကို အမိန့်ပေးလိုက်။ မနက်စာလုံးဝမစားနဲ့။ ရေတောင်မှ နည်းနည်းသောက်လို့ပြော”

“ အဲ့ကိုရောက်သွားလို့ရှိရင် အသားကုန်စား။ သေရည်ကိုလဲ အသားကုန်သောက်။ စားလို့သောက်လို့ ဗိုက်ကားပြီဆိုလို့ရှိရင် စားသောက်ပွဲက စားပွဲတွေ အကုန်လုံးကို ပစ်လှဲချပြီး လှန်လိုက်။ လှန်ပြီးတော့ ငါတို့သောက်ပြဿနာရှာကြမယ်။ အဲ့ဒါပြီးသွားလို့ရှိရင် ငါတို့ မူစန်းကို ဖမ်းမယ်ကွာ”

ဝူစန်းထောင်မှာ လီဟမ်ရှန်း ဆက်တိုက်ပြောလိုက်သောစကားကို နားကြားများလွဲသွားသလားဟုတွေးလိုက်၏။

ဘယ်လောက်တောင် ရက်စက်တာလဲ။ ဘယ်လောက်တောင် ယုတ်မာတာလဲ။ မူအိမ်တော်မှာ စားမယ်။ မူအိမ်တော်မှာ သေရည်သောက်မယ်။ ဗိုက်ကားအောင်စားသောက်ပြီးတာနဲ့ မူအိမ်တော်က လူတွေအကုန်လုံးကို ဖမ်းဆီးမယ်။ ဘယ်လောက်တောင် အရိုင်းဆန်လိုက်လဲ။

“ ကောင်းပါပြီ အစ်ကို ။ ကျုပ်အခုပဲ အမိန့်ပေးလိုက်မယ်။ စစ်ဆေးရေးမှူးရုံးတော်မှာ ရှိသမျှလူတွေအကုန်လုံးကို မနက်စာမစားဖို့ပြောလိုက်မယ်။ ပြီးလို့ရှိရင်နေ့ခင်းကြမှ မူအိမ်တော်ကိုသွားပြီတော့ အဝအပြဲစားသောက်ဖို့အတွက်ပါ တစ်ခါတည်းပြောလိုက်မယ်”

ဝူစန်းထောင် ကခေါင်းတဆတ်ဆတ်ညိတ်ပြီးနောက်တွင် ပြန်ထွက်သွားခဲ့ပါ၏။ နေမင်းက တဖြေးဖြေးမြင့်တက်လာ၏။ မြောက်ပိုင်းအေးခဲနိုင်ငံတော်တစ်ခုလုံးကို နေမင်း၏အလင်းရောင်က လွှမ်းခြုံသွားခဲ့ပါပြီ။

လီချန်ချင်းကလဲ နံနက်ခင်းစောစောမှာပင် ချင်းစံအိမ်တော်သို့ ထွက်လာခဲ့ပါသည်။ သူက မင်းသမီးလေး ယင်ချင်းကို သင်ကြားပြသပေးမည်ဟု ကတိပေးခဲ့သောကြောင့် လီချန်ချင်းကလဲ ထိုတာဝန်ကို အလေးအနက်ထားရပေလိမ့်မည်။

“ မင်းသမီး ဆရာသခင် ဆရာလီချန်ချင်းကို အရိုအသေပေးပါတယ်” လီချန်ချင်းရောက်လာသောအခါတွင် အစေခံများအားလုံးက ချက်ချင်းပင်လျှင် ဒူးထောက်ချပြီး အရိုအသေပေးပါ၏။ သူက မင်းသမီးလေးယင်ချင်းကို သင်ကြားမည်ဖြစ်သောကြောင့် ခပ်မြန်မြန်ပင် အရိုအသေပေးကြခြင်းဖြစ်ပါ၏။

သူတို့အားလုံးက ဒူးထောက်ကာ အရိုအသေပေးနေသည်ကို မြင်သောအခါ လီချန်ချင်းက ခေါင်းညိတ်ပြလိုက်ပြီး ခံစားချက်ကင်းမဲ့စွာဖြင့်ပြောလိုက်ပါ၏။

“ထကြပါ” သူက လက်ရှိ မော်ဒန်လောကကြီးမှ ကမ္ဘာကူးပြောင်းလာသော်လည်း လူအများက သူ့အားဒူးထောက်ပြီးအရိုအသေပေးကြသည့် အနေအထားကို အနည်းငယ်နေသားမကျဖြစ်နေပါ၏။

ဒါပေမဲ့လဲ ရောမရောက်လျှင် ရောမအတိုင်းကျင့်ရမည်ဆိုသော စကားအတိုင်းပင် လီချန်ချင်းက ထိုသူများ၏အပြုအမူကို ပြင်ဆင်ပေးရန်အတွက် မကြိုးစားခဲ့ပါ။ လီချန်ချင်းက အတိတ်ဘဝတွင် အချိန်ခရီးသွားသည့် ဇာတ်လမ်းများကို များစွာကြည့်ဖူးခဲ့သည် မဟုတ်ပါ့လား။

ဤရှေးဟောင်းလောကတွင် ထိုကဲ့သို့သော အရိုအသေပေးမှုများက အသားကျနေပြီးသော အနေအထားများပင်ဖြစ်ပါသည်။ မော်ဒန်လောကကြီးမှ ရောက်လာသောသူက ထိုသူများအားလုံးကို သူ့ကို ဒူးထောက်ပြီးအရိုအသေပေးစရာ မလိုကြောင်းနဲ့ လူသားတိုင်းက တူညီသောအဆင့်အတန်းတွင်ရှိသည်။ တူညီသော အခွင့်အာဏာတွင်ရှိသည်ဟူသော လူ့အခွင့်အရေးများကို ပြောပြနေပါက လူတိုင်းက သူ့အားအရူးတစ်ယောက်လိုကြည့်နေကြမည်ဖြစ်ပါသည်။

ထို့ကြောင့်လီချန်ချင်းက အားစိုက်ထုတ်ရမည့်အတူတူ အားစိုက်ထုတ်ရမှာပျင်းသောကြောင့်ဤလောကနဲ့နေသားကျအောင်သာ အံဝင်ခွင်ကျဖြစ်အောင်သာ မိမိကိုယ်ကို ကြိုးစားပြီးပြောင်းလဲခဲ့ခြင်းဖြစ်ပါသည်။

“မင်္ဂလာနံနက်ခင်းပါ ဆရာကြီးချန်ချင်း။ ယင်ချင်း၏နေရာသို့ရောက်လာသောအခါတွင် ယင်ချင်းကရေမိုးချိုးသန့်စင်ပြီး လှလှပပပြင်ဆင်ထားပြီးနောက်တွင် လီချန်ချင်းအားစောင့်ဆိုင်းနေသည်ကို တွေ့လိုက်ရပါသည်။

လီချန်ချင်းကို မြင်သည်နဲ့ သူမ၏မျက်လုံးထက်ရှိအကြည့်များတွင် လွန်စွာကျေးဇူးတင်သည့် အရိပ်အယောင်များ ဖြတ်ပြေးသွားခဲ့ပါ၏။

သူမ၏အသက်ကို ကယ်တင်ခဲ့သောသူမှာ လီချန်ချင်းဖြစ်သည်ကို သူမကကောင်းစွာသိပါသည်။ သူမ၏နံဘေးတွင်တော့ အစေခံအမျိုးသမီးလေးတစ်ဦးက ရှင်သန်ခြင်းရေပန်းကို လွန်စွာသတိကြီးကြီးထားပြီး ကိုင်ဆောင်ထားပါသည်။ ထိုရှင်သန်ခြင်းရေပန်း၏ အသက်စွမ်းအားများက ယင်ချင်း၏ခန္ဓာကိုယ်ကို ဖုံးလွှမ်းနေပြီး သူမ၏သက်တမ်းများကို အဆက်မပြတ်ပြန်လည်ဖြည့်ပေးနေပါ၏။

ယင်ချင်းပင်လျှင် မဟုတ်ပါ ကိုင်ဆောင်ထားသော အစေခံအမျိုးသမီးလေးပင်လျှင် အသက်စွမ်းအင်၏ စွမ်းအားများကို ခံစားရပါသည်။

“ဒီရတနာကို အမြဲတမ်း အနားမှာယူပြီတော့ ဆောင်ထားစရာမလိုဘူး။ သူက မီတာ ငါးဆယ်အကွာအဝေးအတွင်းမှာ အလုပ်ဖြစ်တယ်” လီချန်ချင်းက အပြုံးနဲ့ပြောလိုက်ပါ၏။

“အဲ့ရတနာကို အခန်းထဲမှာသွားထားလိုက်”

“ ဟင်” ရတနာကို မင်းသမီးလေး၏ ခန္ဓာကိုယ်အနီးတစ်ဝိုက်တွင် မထားရဟူသော စကားကို ကြားသော် အစေခံအမျိုးသမီးလေးက အံ့ဩသွားခဲ့ပါ၏။

“အန်းလေးရေ  အရုပ်ကို အခန်းထဲမှာ သွားထားလိုက်ပါကွယ်”

ယင်ချင်းက ညွှန်ကြားလိုက်ပါသည်။

“သတိတော့ထားနော်။ မပြုတ်ကျစေနဲ့။ သေချာလေးကိုင်ပေးပါ”

“ မှန်လှပါ မင်းသမီးလေး” အစေခံအမျိုးသမီးလေးက ပန်းပုရုပ်ထုကို အခန်းထဲသို့ ယူသွားခဲ့ပါသည်။ 

လီချန်ချင်းက ယင်ချင်းအားလှည့်ကြည့်ကာပြောလိုက်ပါ၏ ။

“ကောင်းပြီ။ ငါကမင်းရဲ့ဆရာဖြစ်ပြီဆိုမှတော့ အခုအချိန်ကစပြီးတော့ ငါမင်းကို စာသင်ပေးမယ်”

“ ဆရာကြီးက တပည့်ကို ဘာများသင်ပေးချင်ပါသလဲ”

ယင်ချင်းက စိတ်ဝင်စားစွာမေးလိုက်ပါ၏။

“ဘယ်ဟာသင်ရမလဲဆိုတာကို ကျွန်မရွေးချယ်ခွင့်ရှိမလားဟင်”

“ ဘယ်ဟာကိုပဲ ရွေးချယ်ပြီးသင်သင်တစ်ခုခုတော့ မင်းတတ်မှ ဖြစ်မယ်” လီချန်ချင်းက ပြောလိုက်ပါ၏။

“မင်းရဲ့အသက်စွမ်းအင်တွေက ပြန်ပြည့်သွားပြီဆိုပေမယ့် မင်းခန္ဓာကိုယ်က အရမ်းကို အားနည်းလွန်းအားကြီးတယ်။ အဲ့တော့မင်းအတွက် ငါတွေးထားတာတစ်ခုရှိတယ်။ ဘာများတွေးထားတာလဲရှင့်” ယင်ချင်းက စိတ်ဝင်တစားမေးလိုက်ပါသည်။

“အရင်ဆုံး ငါမင်းကို ခန္ဓာကိုယ်လေ့ကျင့်ခန်းတွေ သင်ပေးမယ်။ ငါလုပ်သလိုလိုက်လုပ်။ ပြီးတော့နေ့တိုင်းအဲ့တာကို လေ့ကျင့်ရမယ်။ တဖြေးဖြေးနဲ့ မင်းရဲ့ခန္ဓာကိုယ်က အခုထက်ပိုပြီးကျန်းမာသန်စွမ်းလာလိမ့်မယ်” လီချန်ချင်းက ပြောပြလိုက်ပါ၏။

“ အဲဒါကို အလယ်တန်းကျောင်းသားကျောင်းသူတွေရဲ့ ရေဒီယိုလေ့ကျင့်ခန်းလို့ခေါ်တယ်”

“ ဟင်” ယင်ချင်းက ပဟေဋိဖြစ်သွားပြီးနောက်တွင်မေးလိုက်ပါ၏။

“အဲ့တာက ဒီတိုင်းတိုက်ရိုက်လေ့ကျင့်လို့ရလို့လား။ ပန်းချီကားတွေ ဘာတွေကို ကြည့်ပြီးတော့ ဉာဏ်အလင်းပွင့်အောင်လုပ်ဖို့လိုသေးလား”

“ ဒါကကျင့်ကြံခြင်းနည်းလမ်းမဟုတ်ဘူး။ အဲ့တာကြောင့်မလို့ ပန်းချီကားတွေကို ကြည့်ပြီးတော့ ဉာဏ်အလင်းပွင့်စရာမလိုဘူး။ မင်းလုပ်ဖို့လိုတာက ငါလုပ်တဲ့လှုပ်ရှားမှုတွေအတိုင်း လိုက်လုပ်ဖို့ပဲလိုတယ်။ အရမ်းမခက်ဘူး။ ဒါပေမဲ့ မင်းရဲ့ခန္ဓာကိုယ်ကို ပိုပြီးသန်မာလာနိုင်စေတယ်”

ထိုသို့ပြောပြီးနောက်တွင် လီချန်ချင်းက စတင်၍ လှုပ်ရှားပြလိုက်ပါတော့သည်။ ယင်ချင်းက တစ်ခဏမျှ တုန့်ဆိုင်းနေပြီးနောက်တွင် လီချန်ချင်း၏လှုပ်ရှားမှုများကို အတုယူပြီး လှုပ်ရှားရင်း သင်ကြားလိုက်ပါတော့၏။ 

All Chapters