← Chapters

အခန်း (၃၂၁)

Vol. 28 Ch. 321

အခန်း (၃၂၁)

Vol. 28 Ch. 321

“ဂုဏ်ပြုပါတယ်။ ဂုဏ်ပြုပါတယ်”

မိသားစုငယ်လေးများနှင့် ကုန်သည်များစွာတို့မှာ လက်ဆောင် များယူလာပြီးတော့ အခမ်းအနားကို တက်ရောက်ပါသည်။ တုရှန်းမြို့တွင် စစ်ဆေးရေးမှူး ရုံးတော်က အုပ်ချုပ်သူဖြစ်သော်လည်း လူတော်တော်များများက မူအိမ်တော်နှင့် ဟွာအိမ်တော်အား အသဲနှစ်လုံးထဲထိတိုင် အမြစ်တွယ်ကြောက်ရွံ့နေဆဲဖြစ်ပါသည်။

သူတို့က မူအိမ်တော်နှင့် ဟွာအိမ်တော်လက်အောက်တွင် အချိန်အတော်တော်ကြာနေခဲ့ရသည်မဟုတ်ပါလား။ ထိုအိမ်တော် နှစ်အိမ်တော်က ဩဇာအာဏာတော်တော်ကြီးသည်ကို သူတို့ကောင်းကောင်းသိကြပါသည်။

ယခုအချိန်တွင် စစ်ဆေးရေးမှူး ရုံးတော်က အုပ်ချုပ်ရေးပိုင်းဆိုင်ရာကို အကြီးအကျယ်ကို ကိုင်တွယ်နေသည့်တိုင် သာမာန်ပြည်သူများမှာ မူအိမ်တော်နှင့် ဟွာအိမ်တော်ကို မပြစ်မှားရဲသေးပါချေ။

အထူးသဖြင့် မူအိမ်တော်ရှိ မူကျန်းက ကျင့်ကြံနေရာမှ ထွက်လာသော အခါတွင် မြွေဖြူလမ်းကြောင်း၏ အုပ်ချုပ်ရေးမှူး ယန္တရားမှာ ယခင်ကလိုမဟုတ်တော့ဘဲ မူအိမ်တော်ဘက်သို့ တစ်ဖက်စောင်းနင်းရောက်သွားနိုင်ခြေများပါသည်။

ယနေ့တွင် အခမ်းအနားသို့ လက်ဆောင်ပစ္စည်း တန်ဖိုးကြီးမားသော အရာများကို ပို၍ ယူဆောင်လာလေလေ နောက်ရက်တွင် သူတို့၏အဆင့်အတန်းမှာ ပို၍ တိုးတက်လာနိုင်ချေရှိလေလေဖြစ်ပါသည်။ ထို့ကြောင့် ယခုနှစ် အခမ်းအနားကို မည်သူက မှ ပေါ့ပေါ့တန်တန်သဘောမထားရဲပါ။

မူအိမ်တော်သို့ လူများစွာက ရောက်ရှိလာခဲ့ကြပါသည်။ မူအိမ်တော်ရှိ ဧည့်ကြိုသောသူများမှာ ဂုဏ်မောက်နေသောအပြုအမူများ တဖြေးဖြေးနဲ့ ဖြစ်လာပါသည်။ ကုန်ဆုံးခဲ့သော ရက်တော်တော်များများတွင် သူတို့၏ ဒုစရိုက် လုပ်ငန်းများမှာ ရုံးတော်မှ အကြီးအကျယ် ဖိနှိပ်ခြင်းကို ခံခဲ့ရပါသည်။

သူတို့အိမ်တော်၏ ဂုဏ်သတင်းများပင်လျှင် အကြီးအကျယ်ထိခိုက်ခဲ့ရပါ၏။ ယခင်က သူတို့အား ဖားယားနေခဲ့သော အင်အားစုများ မှာ ယခုအချိန်တွင်တော့ သူတို့နှင့် ခပ်ဝေးဝေးမှာပင် နေထိုင်နေကြပါပြီ။ သူတို့ကိုပင် အဆက်အဆံမလုပ်ဘဲ မထီမဲ့မြင် လုပ်လာကြပါ၏။

မူအိမ်တော်ရှေ့တွင် ရှိသော လမ်းမတန်းတစ်ခုလုံးမှာ ဝေါယာဉ်များရထားလုံးများ ဖြင့် ပြည့်နှက်နေခဲ့ပါ၏။ထိုအရာများကို ကြည့်ခြင်းအားဖြင့် လူဘယ်လောက်များများ လာသည်ဆိုတာကို သိနိုင်ပါသည်။

ထိုအခိုက်မှာ ပင် မူအိမ်တော်ရှိဧည့်ကြိုများက ခပ်လှမ်းလှမ်း တွင် လူအုပ်ကြီး တစ်အုပ်က ဘွားကနဲပေါ်လာပြီး အိမ်တော်သို့ ချဉ်းကပ်လာသည်ကို တွေ့လိုက်ရပါသည်။ ထို လူအုပ်ကြီးက အနီးသို့ရောက်လာသည်နှင့် စစ်ဆေးရေးမှူးရုံးတော်မှ လူများဖြစ်နေသည်ကို သူတို့ ကသိလိုက်ကြရပါ၏။ ထိုလူအုပ်ကြီးကို ဦးဆောင်လာသူမှာ လီဟမ်ရှန်းပင်ဖြစ်ပါသည်။

သူ နောက်တွင်တော့ လူတစ်ဒါဇင်ခန့်ပါပါသည်။

ဒီကောင်တွေက ဒီမှာပြဿနာလာရှာတာများလား။ မူအိမ်တော်က အစေခံတစ်ဦးက အိမ်၏အရှင်သခင်များကို ကမန်းကတမ်း ပြေးလွှား သွားကာ သတင်းပို့လိုက်ပါသည်။

“လူတော်တော်များတာပဲ” လီဟမ်ရှန်းက ပြောလိုက်ပါ၏။ သူ၏အကြည့်မှာ မူအိမ်တော်၏ အဝင်ဝတွင် ရှိသော ဝေါယာဉ်များ ရထားလုံးများကို ကြည့်ပြီးပြောလိုက်ခြင်းဖြစ်ပါသည်။ ထိုကဲ့သို့ လူများခြင်းကို သူက စိတ်မရှိနေပါ။

‘ဂွီ…ဂလွမ်…ဂလွမ်’ လီဟမ်ရှန်း၏အနောက်တွင်ရှိသော လူများ၏ဗိုက်မှ ဗိုက်ဆာသောကြောင့် တဂွီဂွီ တဂွမ်ဂွမ် မြည်နေပါသည်။

“ ငါတို့အထဲကို ရောက်လို့ရှိရင် မင်းတို့ကောင်တွေ ရှက်မနေကြနဲ့ ။ အရသာရှိတာတွေအကုန်လုံးကို သူများထက်ဦးအောင်စား။ သောက်စရာတွေကိုလည်း သောက် ။ရေသောက်သလိုသောက်ကွာ” လီဟမ်ရှန်းက ပြုံးရင်းနဲ့ပြောလိုက်ပါ၏။

“ မူအိမ်တော်က ဈေးကြီးတဲ့ဟာတွေနဲ့ ကျွေးဖို့အတွက် ပြင်ဆင်ထားတာ။ ငါတို့ကမစားလို့ရှိရင် ရိုင်းရာကျတယ်ကွ။ ငါပြောတာနားလည်လား”

“ ဟီး ဟီး နားလည်ပါတယ် စစ်ဆေးရေးမှူးကြီး” လူတိုင်းက ရယ်ရယ်မောမောနှင့် တုန့်ပြန်ကြပါသည်။ လီဟမ်ရှန်းက အဝင်ဝသို့ ရောက်ခါနီးသည့်အခါတွင် အတွင်းမှ လူတစ်ဦးထွက်လာပြီး အပြုံးနှင့် ပြောလိုက်ပါ၏။

“စစ်ဆေးရေးမှူးကိုယ်တိုင် ကြွရောက်လာတာကို။ စစ်ဆေးရေးမှူးကြီး ရောက်ရှိလာမှုက ကျုပ်တို့ရဲ့ သေးနုပ်တဲ့ အိမ်တော်လေးကို မင်္ဂလာအခမ်းအနားနှင့် ချီးမြှင့်လွန်းရာရောက်ပါတယ်ဗျာ။ ကျေးဇူးပြုပြီးတော့ အထဲကို ကြွပါ”

“ ကျုပ်ရဲ့ ရုံးတော်က လူငယ်တွေကဗျာ မူအိမ်တော်က အခမ်းအနားကို မမြင်ဘူးဘူး ဆိုပြီး ကျုပ်ကို အပူကပ်တယ်။ သူတို့လည်း လိုက်ပါရစေ လိုက်ပါရစေဆိုပြီးတော့ အတင်းကို တောင်းပန်လာတယ”

“ ကျုပ်လည်းဗျာ မတတ်နိုင်တာနဲ့ သူတို့ကို ခေါ်လာခဲ့လိုက်ရတာ။ အဲလိုမျိုး‌ခေါ်လာခဲ့တဲ့ အတွက်ကြောင့်မို့လို့ မူအိမ်တော်အပေါ်ကို ရိုင်းပြမိမယ်ဆိုရင် အားနာပါတယ်ဗျာ” လီဟမ်ရှန်းက ထိုသို့ပြောရင်းနဲ့ သူ၏နောက်တွင်ရှိသော လူတစ်ဒါဇင် ခန့်ကို လက်ဟန်ပြကာ အားနာသည့်ပုံစံပြလိုက်ပါသည်။

“ ဟာ မဟုတ်တာ။ မဟုတ်တာ။ စစ်ဆေးရေးမှူးကြီးက နောက်ထပ် ဧည့်သည်တော်တွေအများကြီးကို ခေါ်လာခဲ့တာ ကျွန်တော်တို့ကို ပိုပြီးတော့ ချီးမြှင့်ရာ ရောက်တာပေါ့။ ဘယ်လိုလုပ်ပြီးတော့ ဒုက္ခပေးသလိုဖြစ်မလဲ”

“ကျေးဇူးပြုပြီးတော့ အထဲကို ကြွပါ။ အထဲကိုကြွပါ”

ထိုသူက လွန်စွာ ယဉ်ကျေးပျူငှာကာ ကြိုဆိုသည့်ပုံစံနှင့် ပြောလိုက်ပါသည်။ ထိုအချိန်မှာပင် လီဟမ်ရှန်း ရောက်ရှိလာသည်ကို မူစန်း ချက်ချင်းသိသွားခဲ့ပါ၏။ မူစန်းက လှောင်ပြောင်လိုက်ပါသည်။

“ လီဟမ်ရှန်းကိုယ်တိုင် တစ်ကယ်ကြီးကို လာရဲမယ်လို့ငါမထင်ထားဘူး” ယခုအချိန်တွင် မူစန်းမှာ ရေကန်ငယ်အတွင်း ငါးမျှားနေသော အဘိုးအိုတစ်ဦး၏ နံဘေးတွင် မတ်တပ်ရပ်နေခြင်းဖြစ်ပါသည်။ မူစန်းက ထိုငါးမျှားနေသော အဘိုးအို၏ အနားသို့ တိုးကပ်သွားပြီး လီဟမ်ရှန်း၏ အကြောင်းအရာကို ပြောပြလိုက်ပါ၏။

ထိုအဘိုးအိုမှာ တံခါးပိတ်ကျင့်ကြံရာမှ ထွက်လာသော ဘိုးဘေးကြီး မူကျန်းပင် ဖြစ်ပါ၏။

“ဒီ လီဟမ်ရှန်းဆိုတဲ့လူက ဘယ်လိုသာမန်မဟုတ်တဲ့ စစ်ဆေးရေးမှူးဆိုတာကို ငါကိုယ်တိုင်သွားကြည့်ဦးမှပါပဲ” မူကျန်းက အလေးမထားသလို ပေါ့ပေါ့ပါးပါးပင် ပြောလိုက်ပါသည်။

“အချိန်ကျတော့မယ်။ ဧည့်သည်တော်တွေအကုန်လုံးရောက်နေပြီ”

မူစန်းက အပြုံးနှင့် ပြောလိုက်ပါ၏။

“အင်း” မူအိမ်တော်ရှိ လူများက လီဟမ်ရှန်းအား အတွင်းသို့ ဖိတ်ခေါ်လိုက်ပါသည်။ အတွင်းတွင် နေရာအနှံ့စားပွဲဝိုင်းများဖြင့် အပြည့်ဖြစ်နေပြီး လူများစွာလာသည်ကို ကောင်းကောင်းကြီး ညွှန်းဆိုသည့်အလားပင်ဖြစ်ပါသည်။

လူအချို့မှာ ထိုင်ပင်ထိုင်နေကြပြီ ဖြစ်ပါ၏။ လီဟမ်ရှန်းက လမ်းပြသောသူ၏အနောက်သို့လိုက်သွားပြီး စားသောက်ပွဲ၏ရှေ့ဆုံးသို့ ရောက်သွားခဲ့ပါသည်။ လမ်းတစ်လျှောက်တွင် လီဟမ်ရှန်းအား များစွာသောလူတို့က နှုတ်ဆက်ကြပါ၏။

သူတို့အားလုံးက လီဟမ်ရှန်း၏နောက်ကျောပြင်ကို မယုံနိုင်သောမျက်လုံးများဖြင့်သာ ကြည့်နေခဲ့ကြပါသည်။ လီဟမ်ရှန်းက အမှန်တကယ်ပင် လာရဲလိမ့်မည်ဟု သူတို့က မထင်ထားခဲ့မိကြပါ။

စစ်ဆေးရေးမှူးရုံးတော်က မူအိမ်တော်က မူကျင်းကို ဖမ်းဆီးခဲ့ပြီး မူမိသားစု၏ အစီအစဉ်များစွာတို့ကို ဖျက်ဆီးခဲ့သည်မဟုတ်ပါလား။ ထိုအပြင် များစွာသော မူအိမ်တော်ရှိ တပည့်တပမ်းများအားလုံးက အဖမ်းခံခဲ့ရပြီလေ။

အခုအချိန်တွင်  မူမိသားစုက လီဟမ်ရှန်းအား အရိုးထဲထိစွဲအောင် အပိုင်းပိုင်းဖြတ်ပြီး သတ်ပစ်ချင်လောက်အောင် မုန်းတီးနေသည့်အချိန်ကိုမှ လီဟမ်ရှန်းကလာရဲသေးတယ်နော်။ ဖြစ်နိုင်တာက လီဟမ်ရှန်းကို ကူညီပေးဖို့အတွက် ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်းကတပည့်တွေများ ရောက်လာတာများလား။ အဲလိုဆိုလို့ရှိရင် တော့ မူအိမ်တော်က သူ့ကိုထိတောင်ထိရဲမှာမဟုတ်ဘူး။

“ ဒီနေရာမှာ ထိုင်ပါခင်ဗျာ” ဧည့်ကြိုလူက လီဟမ်ရှန်းအား စားပွဲတစ်လုံးရှိရာသို့ ခေါ်သွားပြီးအပြုံးနဲ့ပြောလိုက်ပါသည်။

“ဒါက လူကြီးမင်းရဲ့ ထိုင်ခုံပါ” ထိုနေရာတွင် လူ လေးယောက် ငါးယောက်ခန့် က ထိုင်နေပြီးသားဖြစ်ပါသည်။ လီဟမ်ရှန်းကသူတို့နဲ့တူတူလာထိုင်သည်ကိုမြင်သောကြောင့် ထိုသူတို့ကလည်း အံ့အားသင့် သွားဟန်ရှိ၏။

ထိုသူတို့မှာ ကုန်သည်ကြီးများဖြစ်ပါသည်။ ထို့ကြောင့် ဂုဏ်သရေရှိ ကုန်သည်ကြီးများဖြစ်သောကြောင့် သူတို့အား ဤနေရာတွင် နေရာချထားပေးခြင်းဖြစ်ပါသည်။

အမှန်တကယ်တော့ လီဟမ်ရှန်းထိုင်ရမည့်စားပွဲမှာ ပထမတန်းစားနေရာမဟုတ်ဘဲ ဒုတိယတန်းစားစားပွဲ ဖြစ်ပါသည်။ လီဟမ်ရှန်းမှာ မြွေဖြူလမ်း၏စစ်ဆေးရေးမှူးရုံးမှ စစ်ဆေးရေးမှူးဖြစ်သည်။ စစ်ဆေးရေးမှူးအား ပထမတန်းစားနေရာတွင် အဓိက စားပွဲခုံတွင်သာ နေရာ ချပေးသင့်ပါသည်။ သို့သော် မူမိသားစုက ဒုတိယမြောက်နေရာတွင်သာ နေရာချပေးပြီး အရှက်ခွဲလိုဟန်ရှိပါသည်။

လူတိုင်းက လီဟမ်ရှန်း၏တစ်ကယ့်နေရာဖြစ်သည့် အဓိကနေရာဖြစ်သော စားပွဲကိုသာ အကြည့်ရောက်နေကြပါ၏။ လီဟမ်ရှန်းက အဓိကစားပွဲတွင်သာ ထိုင်သင့်သည်မဟုတ်ပါလား။

“ကျေးဇူးပါပဲ” လီဟမ်ရှန်းက ထိုအရာကို အမူမထားသည့်အလား မသိသိသည့်အလားပင် သူ့ကို ချပေးသည့်နေရာတွင်သာ ထိုင်လိုက်ပါသည်။ လီဟမ်ရှန်းကဘာမှ မပြောသောကြောင့်ဧည့်ကြိုတစ်ဦးက အနည်းငယ်အံ့ဩသွားခဲ့ပါ၏။

လီဟမ်ရှန်းက ဒေါသတကြီးဖြစ်ပြီး ထိုနေရာတွင်ပင် ပြဿနာရှာမည်ကို သူက မျှော်လင့်ထားခဲ့ပါ၏။ အနည်းဆုံးတော့ စားပွဲခုံကို လှန်ပစ်ပြီး သောင်းကြမ်း မည်ဟု တွေးထားပါ၏။ ဒါပေမဲ့ သူ့အထင်နဲ့ဆန့်ကျင်ကာ လီဟမ်ရှန်းကလွန်စွာတည်ငြိမ်ခဲ့ပါ၏။

“ဟွာ မိသားစုခေါင်းဆောင်ရောက်လာပါပြီ” ထိုအခိုက်မှာပင် အပြင်ဘက်က တစ်စုံတစ်ဦးက ကျယ်လောင်စွာ ဖြင့် အော်လိုက်ပါ၏။ လီဟမ်ရှန်းက ထိုအသံကိုကြားသော် အဝင်ဝကို လှည့်ကြည့်လိုက်ပါသည်။

သူနှင့်မတူပဲ ဟွာအိမ်တော်ခေါင်းဆောင်မှာဖိတ်ကြားစာပင်မပါဘဲ ဝင်လာခဲ့ပါသည်။ ထိုနောက်တွင် ဟွာအိမ်တော၏ လူများဝင်လာခဲ့ပါသည်။ ထိုသူတို့ကို ဦးဆောင်သူမှာ ဟွာရှန်းကောပင်ဖြစ်ပါ၏။

မူမိသားစုမှအစေခံများက ဟွာရှန်းကောအား အဓိကစားပွဲကို ခေါ်သွားခဲ့ပါသည်။တစ်ဖက်က လီဟမ်ရှန်း၏စားပွဲဝိုင်းမှ ဖြတ်သန်းသွားသည့်အခါတွင် ဟွာရှန်းကောက လီဟမ်ရှန်းအားမြင်သွားပြီးသည့်နောက်တွင် ရပ်လိုက်ပါ၏။ ထို့နောက်မှ ပြုံးပြီး

“စစ်ဆေးရေးမှူးကြီး မဟုတ်လားဗျ ကျုပ်တို့တွေမတွေ့တာတောင် နည်းနည်းကြာပြီနော်။ ဒါတောင်မှ မတွေ့တာကြာတာတောင်မှ စစ်ဆေးရေးမှူးကြီး ကအရင်တုန်းကလိုပဲ ထူးခြားနေတုန်းပဲကိုဗျ”

“ ကောင်းပါတယ်။ ကောင်းပါတယ်။” လီဟမ်ရှန်းက ခေါင်းညိတ်ပြလိုက်၏။

“ဒါဆိုလို့ရှိရင်လည်း ကျုပ်ကို ခွင့်ပြုပါဦး” ဟွာရှန်းကောက ပြုံးလိုက်ပြီးနောက်တွင် အဓိက စားပွဲသို့ထွက်သွားလိုက်ပါ၏။ ဟွာမိသားစု၏ ဒုတိယမျိုးဆက် လူငယ်သခင်လေးများက လီဟမ်ရှန်းနှင့် တစ်ဝိုင်းတည်းထိုင်ရန်အတွက်  နေရာချထားပေးခြင်းခံရပါသည်။

ဟွာရှန်းကောက ခပ်ကျယ်ကျယ်အော်လိုက်ပါ၏။ ဟွာချင်း “စစ်ဆေးရေးမှူးကို ကောင်းကောင်းဂရုစိုက်ပေးလိုက်စမ်း” ။ စစ်ဆေးရေးမှူးနဲ့တူတူ သေရည်တူတူပါသောက်လိုက်”

“ စိတ်မပူပါနဲ့ ခင်ဗျား” လူငယ်လေးကလည်း ပြုံးရင်းပြောလိုက်ပါ၏။ လက်ရှိအချိန်တွင် မည်သူကမျှ အသံတစ်သံမျှမထွက်ရဲ ပါ။ သူတို့အားလုံးက လီဟမ်ရှန်းကိုသာစိုက်ကြည့်နေခဲ့ကြပါ၏။ ဟွာရှန်းကောမှာ လီဟမ်ရှန်းကို တမင်သက်သက်ကြီး ဦးတည်အရှက်ခွဲနေခြင်းဖြစ် ပါသည်။

လူတိုင်းကို အံ့ဩသွားစေသည်မှာ လီဟမ်ရှန်းကစိတ်မကျေမနပ်ဖြစ်သည့်ပုံစံ လုံးဝမပြပါချေ။

ဘာတွေ ဖြစ်နေတာလဲ။ ဖြစ်နိုင်တာက မူကျန်းရဲ့ တံခါးပိတ်ကျင့်ကြံရာက ထွက်လာတာ ကြောင့် လီဟမ်ရှန်းက ကြောက်ပြီးတော့ ဒီနေရာမှာ ငြိမ်းချမ်းရေးယူဖို့ရောက်လာတာ လား။

အဲဒီတော့ မူအိမ်တော်နှင့် ဟွာအိမ်တော်က ဘယ်လိုပဲ အနိုင်ကျင့် အနိုင်ကျင့် သူက ခေါင်းငုံ့ခံဖို့များရောက်လာခဲ့တာများလား။

လူတိုင်းက ထိုအဖြေတစ်ခုတည်းကိုသာစဉ်းစားမိကြပါသည်။

“မူအိမ်တော်ရဲ့ ဘိုးဘေးကြီး ရောက်လာပါပြီ” နောက်တစ်ခဏတွင် အသံတစ်ခု ကထွက်ပေါ်လာခဲ့ပါ၏။ မူစန်း၊ မူဟုန်ရွှယ်နှင့် မူကျင်းတို့က အတန်းလိုက်ထွက်လာခဲ့ပါသည်။ မူကျန်းကိုမြင်သောအခါတွင် လူတိုင်းက ရိုသေစွာဖြင့် မတ်တပ်ထရပ်လိုက်ပြီး အရိုအသေပေးလိုက်ပါ၏။

“မူ ဘိုးဘေးကို အရိုသေပေးပါတယ်” လူတိုင်းက ကြောက်ရွံ့နေကြပါ၏။ ယခုရောက်လာသောသူမှာ မူကျန်းဖြစ်သည်။ မူကျန်းက သူ၏လက်ကို တစ်ချက် ဝှေ့ရမ်းလိုက်ပြီး အားလုံးကို ထိုင်ရန်အတွက် လက်ဟန်ပြလိုက်ပါ၏။

ယခုအချိန်တွင်တော့ ဧည့်သည်တော်တော်များများရောက်နေကြပြီဖြစ်သည်။ နောက်ထပ်ရောက်လာသော ဧည့်သည်များမှာ တောက်ဟီ စံအိမ်မှဧည့်သည်များပင် ဖြစ်ပါသည်။ တောက်ဟီ စံအိမ်၏ ပိုင်ရှင်ဖြစ်သော မာဟန်းထောင်ကိုယ်တိုင်ရောက်လာပါ၏။

“ဟား ဟား ဟား မူစီနီယာ ဘိုးဘေးကြီး တံခါးပိတ်ကျင့်ကြံရာကနေပြန်ထွက်လာတဲ့အတွက်ကြောင့် ဂုဏ်ပြုပါတယ်ဗျာ” မာဟန်းထောင်က ကြမ်းတမ်းသောရုပ်ရည်ရှိသောသူဖြစ်ပါသည်။

ထိုသူ၏အသံမှာ သူမရောက်ခင် အဝေးမှပင်ထွက်ပေါ်လာခဲ့ပါ၏။

“ဟန်းထောင် အထဲကိုဝင်လာပြီးထိုင်လေကွာ” မူကျန်းကလည်း မာဟန်းထောင်နှင့် ရင်းနှီးပြီးသားပုံစံရှိပါ၏။သူက ရင်းရင်းနှီးနှီးပြောရင်းပြုံလိုက်ပါသည်။ ထို့နောက်တွင် အတွင်းသို့လာထိုင်ရန်အတွက် ဖိတ်ခေါ်လိုက်ပါသည်။

မာဟန်းထောင်က အတွင်းသို့ဝင်လာခဲ့ပါသည်။ သူက လီဟမ်ရှန်း၏နံဘေးမှ ဖြတ်သန်းသွာသည့်အခါတွင် သူကလည်း အံဩသွားခဲ့ပါ၏။

“ဒါက စစ်ဆေးရေးမှူးကြီးမဟုတ်လား။ ဘာလို့ဒီမှာထိုင်နေတာလဲ။ စစ်ဆေးရေးမှူးကြီးက အဓိက စားပွဲမှာ ထိုင်ရမှာလေ”

မာဟန်းထောင်ကလည်း ထိုအခိုက်တွင် ပြောလိုက်ပါသည်။ သူပြောလိုက်သည့်အချိန်မှာပင် လူတိုင်း၏အကြည့်များသည်

လီဟမ်ရှန်းအပေါ်သို့ တဖန်ထပ်ရောက်သွားပြန်ပါ၏။ ယခုကဲ့သို့အခြေအနေကို လီဟမ်ရှန်းက မည်ကဲ့သို့ကိုင်တွယ်ဖြေရှင်းမည်ကို လူတိုင်းက သိချင်နေကြပါသည်။ 

All Chapters