← Chapters

အခန်း (၃၂၃)

Vol. 28 Ch. 323

အခန်း (၃၂၃)

Vol. 28 Ch. 323

လီဟမ်ရှန်းက တကယ်ကြီးလုပ် နေတာလား။ လီဟမ်ရှန်းအားတိတ်တဆိတ်ကာကွယ်ရန်ရောက်နေကြသော အဝါရောင်နှင့် အပြာရောင်ဝတ်စုံကိုဝတ်ဆင်ထားသော လူအိုကြီးနှစ်ဦးပင်လျှင် တုန်လှုပ်သွားခဲ့ပါသည်။

လီဟမ်ရှန်းကို ကြည့်ပြီးနောက်တွင် ထိုကောင်လေးက ဤမျှ မိမိကိုယ်ကို ယုံကြည်ချက်များ ဘယ်ကနေရလာလဲဆိုတာကို သူတို့ ဝေခွဲရခက်နေပါသည်။

ဖြစ်နိုင်တာက လီဟမ်ရှန်းကသူကိုတစ်ယောက်ယောက်က အမှောင်ထဲကနေစောင့်ရှောက်နေတယ်ဆိုတာကို သိလို့များ ဒီလိုမျိုး မိုက်ရူးရဲ ဆန်ပြီး လုပ်နေတာလား။

မဖြစ်နိုင်ဘူး။ ထို့အပြင် သူတို့နှစ်ဦးက လီဟမ်ရှန်းအား တိတ်တဆိတ်ကာကွယ်ပေးနေသည့် အဖြစ်အပျက်မှာ ထိပ်တန်းလျို့ဝှက်ချက်ဖြစ်ပါသည်။

လီဟမ်ရှန်းကဘယ်နည်းနှင့်မှ သိစရာအကြောင်းမရှိပါ။

“သေချင်နေတာပဲ။ သူ့ကို သတ်စမ်း” မူစန်းက အော်ဟစ်လိုက်၏။ ချက်ချင်းပင် ပုံရိပ်သုံးလေးခုမှာ လီဟမ်ရှန်းထံသို့ ဦးတည်ကာ ပြေးဝင် သွားခဲ့ပါသည်။ သူတို့တစ်ဦးချင်းစီက ပြန်လည်မွေးဖွားခြင်းအဆင့်အထွက်အထိပ်တွင်ရှိကြပါသည်။ လူသုံးဦးက လီဟမ်ရှန်းအား ပေါင်း၍ တိုက်ခိုက်ကြ၏။

သူတို့၏ရည်ရွယ်ချက်မှာ လီဟမ်ရှန်းကို ဤနေရာတွင် ဖိနှိပ်ထားရန် ရည်ရွယ်ထား၏။

“ဝုန်း..”တိုက်ခိုက်မှုမှာ လီဟမ်ရှန်း၏ခန္ဓာကိုယ်တည့်တည့်သို့ ဝင်တိုက်သွားပါ၏။ သို့သော် လီဟမ်ရှန်းက ခြေတစ်လှမ်းမျှ နောက်မဆုတ်ပါ။

သူ၏ ရှေးဦးမူလချီသည် ထိုသုံးဦး၏ တိုက်ခိုက်မှုများကို အသာအယာပင် ကာကွယ်နိုင်စွမ်းရှိပါသည်။ ထိုချီစွမ်းအားက တိုက်ခိုက်သောသူသုံးဦးအား လှံအလင်းတန်းများနှင့် ထိုးနှက်နေသည့်အလားပင် ခံစားရပါ၏။

ပြန်လည်မွေးဖွားခြင်းအဆင့် အထွက်အထိပ်သို့ရောက်နေသော လူသုံးဦးမှာ နေရာတွင်ပင် လီဟမ်ရှန်း၏လှံအလင်းတန်းများကြောင့်ရှုံးနိမ့်သွားခဲ့ပါ၏။

“ရှေးဦးချီပါလား”

ထိုမြင်ကွင်းကို မြင်သောအခါ လူအိုကြီးနှစ်ဦးကလည်း ထိတ်လန့်သွားခဲ့ပါ၏။ အဲဒါက စစ်သူကြီး ကျောက်ပိုင်မင်းရဲ့ သစ္စာ ကိုးပါးလှံသိုင်းမဟုတ်ဘူးလား။ ဒီကလေးလေးက ဒီသစ္စာကိုးပါးလှံသိုင်းကို ဘယ်လိုလုပ်ပြီးတတ်နေတာလဲ။

အပြာရောင်ဝတ်စုံ ဝတ်ထားသော လူအိုကြီးက သူ့မျက်လုံးကို သူမယုံကြည်နိုင်ပါချေ။ ဒီကောင်လေးက ကျောက်ပိုင်မင်းနှင့် တစ်နည်းနည်း အမျိုးတော်စပ်နေတာများလား။

တစ်ခြားသော မူအိမ်တော်မှ သိုင်းသမား များကလည်း ရှေ့သို့ တိုးလာခဲ့ပါ၏။ သို့သော် ထိုအခိုက်မှာပင် ဝူစန်းထောင်နှင့် တစ်ခြားသောသူများကထိုသိုင်းသမားများကို အပြင်မှ ပိတ်ဆို့လိုက်ပါ၏။

ရှုခွေနှင့် ဝမ်ကွေ့ဖန်းကလည်း အပြင်ဘက်မှ ဝင်ရောက်လာ၏။ မူလအဆင့် ကျင့်ကြံသူတစ်ဦးက တိုက်ပွဲထဲသို့ဝင်ပါလာသောကြောင့် မူအိမ်တော်ရှိ သိုင်းသမားတော်တော်များများကို အရေးနိမ့်သွားစေခဲ့ပါ၏။

“လီဟမ်ရှန်း မင်းက တော့သေချင်နေပြီပဲ” ထိုအခိုက်တွင် မူစန်းက အမှန်အကန်ကို စိတ်တိုနေပါ၏။ သူက လီဟမ်ရှန်းအား စတင်တိုက်ခိုက်လိုက်ပါ၏။ သူ၏ မူလအဆင့်ချီများကလည်း မီးတောင်ပေါက်ကွဲသလိုမျိုး စုပြုံ ပြီး ပေါက်ကွဲလာခဲ့ပါ၏။

သူ၏လက်သီးတစ်ချက်မှာ တောင်များကို  ပြိုစေနိုင်သည့်အလား ဖြစ်ပြီး လီဟမ်ရှန်းကို တစ်ချက်တည်းသတ်ပစ်ရန်အတွက် ရည်ရွယ်ထားပါ၏။

သို့သော် လီဟမ်ရှန်း အင်မော်တယ် အရှင်သခင် လှံသိုင်းက ထွက်ပေါ်လာခဲ့ပါ၏။ အင်မော်တယ် အရှင်သခင်လှံသိုင်းကို လုံးဝ ဖိမနှိပ်ထားဘဲ စွမ်းအားကုန်ကို လီဟမ်ရှန်းကအသုံးပြုထားပါသည်။

လီဟမ်ရှန်း၏နတ်ခန္ဓာကိုယ်မှာ သေးငယ်သော အောင်မြင်မှုအဆင့်ကို ချိုးဖျက်သွားခဲ့ပြီဖြစ်၏။ ထို့ကြောင့် သူ၏ခွန်အား မှာလည်း မူလကထက် အစပေါင်းများစွာ တိုးတက်သွားခဲ့ပြီ ဖြစ်ပါသည်။ ယခုအချိန်တွင် သူ၏ အင်မော်တယ် အရှင်သခင် လှံသိုင်းမှာ ပို၍ ပြင်းထန်ပေါက်ကွဲပြီး လေထုကိုပင် နှစ်ခြမ်းခွဲတော့ မတတ်ဖြစ်နေ၏။

“ ဘုန်း….လှံအလင်းတန်းနှင့် လက်သီး၏ခွန်အားတို့က တိုက်ခတ်သွားတော့ပါသည်။ လီဟမ်ရှန်းက ခြေနှစ်လမ်းခန့်သာ နောက်ဆုတ်ရသည့်တိုင် မူစန်းကတော့ ခြေလှမ်း နှစ်ဒါဇင် ခန့် နောက်ဆုတ်လိုက် ရပါ၏။

ထိုဖြစ်ရပ်ကြောင့် မူစန်း၏နှလုံးသားမှာ တော်တော်လေး တုန်လှုပ်သွားခဲ့ရပါသည်။ သူ့လိုမျိုး မူလအဆင့်ကျင့်ကြံသူက လီဟမ်ရှန်းလိုမျိုး ဘာမဟုတ်တဲ့ ပြန်လည်မွေးဖွားခြင်း အထွက် အထိပ် ကျင့်ကြံသူတစ်ယောက်ရဲ့ တိုက်ခိုက်ခြင်းကို ခံလိုက်ရတယ်တဲ့လား။ မူကျန်းကလည်း အံ့ဩသွားပါသည်။ လီဟမ်ရှန်းမှာ ပြန်လည်မွေးဖွားခြင်းအဆင့်သာရှိသေးသော်လည်း ထိုကဲ့သို့သော ခွန်အား ရှိနေတာတဲ့လား။

“ အရှုံးပေးလိုက်စမ်း” လီဟမ်ရှန်းကအရှေ့သို့ ခြေတစ်လှမ်းတိုးကာ သူ၏အင်မော်တယ် ပုံဖော်ခြင်းလှံနှင့် တစ်ချက်ထိုးပြီး  ပြောလိုက်၏။ လှံတံ၏ ထိုးနှက်မှုမှာ မြေပြင်ပင်ကွဲအက်မတတ် မိုးခြိမ်းသံများထွက်ပေါ်လာပြီး အရာအားလုံးကို ဖျက်ဆီးလိုသည့်အလားပင် ဖြစ်နေသည်။ ထိုမြင်ကွင်းကြောင့် မူစန်းက သေလောက်အောင်‌ကြောက်ရွံ့သွားခဲ့ပါ၏။ သူ၏လက်သီးသိုင်းက ထပ်မံ၍ နောက်တစ်ကြိမ်ထပ်မံ၍ ထွက်ပေါ်လာခဲ့ပါသည်။

သူတို့နှစ်ဦး၏တိုက်ခိုက်မှုမှာ လူတိုင်း၏စိတ်အာရုံကို ဆွဲဆောင်သွားခဲ့ပါ၏။ ဘယ်သူကမှ ယခုလိုမျိုး အသစ်ရောက်လာတဲ့ စစ်ဆေးရေးမှူး က အဲလောက်ထိကြမ်းမည်ဟု မထင်ထားခဲ့ပါ။

“အားလုံးပဲ တူတူ တိုက်ခိုက်ရအောင်”

ထိုအခိုက်တွင် မူဟုန်ရွှယ်ရော ဟွာရှန်းကောပါ တိုက်ပွဲထဲသို့ ဝင်ပါလာခဲ့ပါသည်။ လီဟမ်ရှန်းက သူတို့၏ ဘုံရန်သူဖြစ်ပါ၏။ ယခုအချိန်တွင် သူတို့အားလုံးက ဂုဏ်သိက္ခာရှိသည် မရှိသည်ကို မတွေးတော့ပါ။ သူတို့၏ အဓိက ရည်ရွယ်ချက်မှာ လီဟမ်ရှန်းကို သတ်ဖြတ်ရန်သာဖြစ်သည်။

မူလအဆင့် ကျင့်ကြံသူ သုံးဦးက ပူးပေါင်းပြီး တိုက်ခိုက်နေပါ၏။ လီဟမ်ရှန်း၏ခွန်အားများ အဆမတန်တိုးတက်လာသည့်တိုင် သူကလည်း ပြင်းထန်လှသည့်ဖိအားကို ခံစားရပါသည်။

သူတို့အားလုံး၏ ပူးပေါင်းတိုက်ခိုက်မှုမှာ လီဟမ်ရှန်း၏အင်မော်တယ် အရှင်သခင်လှံသိုင်းပေါက်ကွဲ အားကို အပြည့်အဝကို ဖုံးလွှမ်းသွားခဲ့ပါ၏။ ထို့နောက်တွင် သူတို့သုံးဦးက ပူးပေါင်းပြီး အဆင့်မြင့် မူလချီကို ထုတ်လွှတ်လိုက်ပြီး မူလအခြေ လေပွေကြီး တစ်ခုကို ဖန်တီးလိုက်ပါ၏။

ထိုလေပွေကြီးမှာ လီဟမ်ရှန်း၏အနားသို့ ကပ် လာသော်လည်း လီဟမ်ရှန်းကသူ၏ရှေးဦး မူလချီနှင့် ကာကွယ်လိုက်ပါသည်။ မုန်တိုင်းကြီးက ပျောက်ပြယ်သွားသည့်အချိန်တွင်

လီဟမ်ရှန်းက သူ၏လက်သဏ္ဍာန်ကို ထူးဆန်းသည့် ဟန်ပန် ပြုလုပ်ထားခဲ့ပါသည်။ ထိုလက်ပုံသဏ္ဍန်မှာ နေလ အင်မော်တယ် နတ်ဆိုးခန္ဓာကိုယ်၏ နေနဲ့ လတို့၏ခမ်းနားခြင်းသိုင်းကွက် ပင်ဖြစ်ပါသည်။

ရုတ်တရက် နေလအင်မော်တယ်နတ်ဆိုး၏နတ်ခန္ဓာကပေါ်ထွက်လာပါ၏။ နေတစ်လုံး လတစ်လုံးက လီဟမ်ရှန်းကို ဝန်းပတ်ပြီးတော့ ခမ်းနားစွာ ထွက်ပေါ်လာသည်။

တောင်တန်းများနှင့် ပင်လယ်များပင် ပျက်ဆီးကာ ပြိုလဲသွား၏။ လက်ရှိအချိန်တွင် လီဟမ်ရှန်း၏နတ်ခန္ဓာကိုယ်မှာ မူလကထက် များစွာ သန်စွမ်းပြီး စွမ်းအား ကြီးနေပါ၏။

သူ့ခန္ဓာကိုယ်တွင်ရှိသော သွေးမျိုးစက်ပုံရိပ်များပင်လျှင် မူလကထက် များစွာ ကြီးမားနေခဲ့သည်။

ယခင်ကဆိုလျှင် လွန်စွာကြောက်မက်ဖွယ်ကောင်းသော နေလခမ်းနားခြင်းကျင့်စဉ်ကို အသုံးပြုပြီး နောက် လီဟမ်ရှန်းမှာ သေလုနီးပါးလောက် အားနည်းသွားခဲ့ပါသည်။

သို့သော် ယခုအချိန်တွင်တော့ သူ၏နတ်ခန္ဓကိုယ်က အဆင့်ချိုးဖြတ်သွားသောကြောင့် ထိုကျင့်စဉ် ကို အသုံးပြုပြီးသည့်တိုင် သူ့ခန္ဓာကိုယ်က အရင်တုန်းကလိုမျိုး အားနည်းပြီး တော့ အိပ်ယာထဲတွင် လဲလျောင်းရတော့မည်မဟုတ်ပါ။

လီဟမ်ရှန်း၏ရုပ်ခန္ဓာမှာ လွန်စွာ သန်စွမ်းပြီးတော့ ကျယ်ပြန့်နေခဲ့ပါ၏။ သူခန္ဓာကိုယ်အား နေနဲ့ လတို့ရဲ့အလင်းတန်းများက လွှမ်းခြုံထား ပြီး ဧရာမှ လူဘီလူးကြီး၏ လက်များက ဖိနှိပ်လိုက်သကဲ့သို့ ဖိနှိပ်လိုက်ပါတော့သည်။

မူစန်းနှင့် ကျန်သောသူများ၏ မျက်နှာအမူအရာမှာ နေရာတွင်ပင် ချက်ချင်းပြောင်းလဲသွားခဲ့ပါ၏။

All Chapters