အခန်း (၃၂၆)
Vol. 28 Ch. 326
လီဟမ်ရှန်းမှာ နာကျင်မှုကြောင့် အိပ်ယာထက်၌ ပုဇွန်ထုပ်ကဲ့သို့ ကွေးကွေးလေးနေနေသည်ကို မြင်နေရသောကြောင့် လုရှီရန်မှာ တစ်ခဏကြာမြင့်သည်အထိ အလွန်အမင်းစိုးရိမ်ပူပန်နေခဲ့ပါသည်။ ထိုနာကျင်မှုကို သက်သာအောင်မည်ကဲ့သို့မျှ လုပ်နိုင်စွမ်းမရှိပါ။
“ ယောက်ျား ရှင်သက်သာအောင်လို့ ကျွန်မဘာလုပ်ပေးရမလဲ”
လုရှီရန်က စိုးရိမ်ပူပန်စွာဖြင့် မေးလိုက်ပါ၏။ သို့သော် လီဟမ်ရှန်းမှာ ဦးခေါင်းကိုသာ တွင်တွင်ခါယမ်းလိုက်ပါသည်။
သက်ရောက်မှုများကို တောင့်ခံရန်မှတစ်ပါးမရှိပါ။ နေလအစစ်အမှန်မီးတောက်၏စွမ်းအားက လွန်စွာမှကိုပြင်းထန်လှပါသည်။ ယခုလက်ရှိခံစားရသောအခြေအနေမှာ ကံကောင်းသည်ဟုပင်ဆိုနိုင်ပါ၏။
လီဟမ်ရှန်းတွင် ဖီးနစ်ငှက်အရိုးများသာ မရှိပါက ယခုအချိန်တွင် သူက ပြာပုံဘဝသို့ရောက်အောင်ပဲ အလောင်ကျွမ်းခံနေရပြီ ဖြစ်ပါသည်။ ဖီးနစ်ငှက်အရိုးရှိတာတောင်မှ သူ့ခန္ဓာကိုယ်ရှိ ဆဲလ်တိုင်းဆဲလ်တိုင်းက လွန်မင်းစွာနာကျင်နေခဲ့ပါ၏။
“အရမ်းပူတာပဲကွာ” ထိုခံစားချက်မှာ ပူလောင်ကာ နာကျင်လှပါသည်။ သူ့ခန္ဓာကိုယ်မှာ မီးပုံထဲသို့ ရောက်နေသလိုမျိုး တဖြေးဖြေးချင်းဖြင့် ပို၍ပူလာသည်ကို လီဟမ်ရှန်းခံစားလိုက်ရပါ၏။
“ဒီကိစ္စကို ရေးကြီးခွင်ကျယ်မလုပ်နဲ့” လီဟမ်ရှန်းက အံတင်းတင်းကြိတ်ကာ လုရှီရန်အား ပြောလိုက်ပါသည်။
“ ဒီနေ့ မူအိမ်တော်မှာဖြစ်ခဲ့တဲ့ ကိစ္စတွေအကုန်လုံးက အားလုံးပြီးပြည့်စုံတဲ့ အဆုံးသတ်လို့ပြောလို့ရတယ်။ အခု မူကျန်းကိုလည်း ငါသတ်လိုက်ပြီဆိုမှတော့ ဟွာမိသားစုနဲ့ တောက်ဟီအိမ်တော်က ဘာမှထပ်ပြီးလုပ်ရဲမှာမဟုတ်ဘူး။ မူကျန်းကို ငါသတ်ခဲ့တုန်းက အသုံးပြုခဲ့တဲ့ သိုင်းကွက်ရဲ့သက်ရောက်မှုက ငါ့ခန္ဓာကိုယ်ပေါ်မှာ အခုလိုမျိုးကြီးကြီးမားမားခံစားရတာကို သူတို့တွေသိသွားလို့ရှိရင် ဟွာအိမ်တော်နဲ့ တောက်ဟီအိမ်တော်က သိုင်းပညာရှင်တွေအကုန်လုံးက စစ်ဆေးရေးမှူးရုံးကို ချက်ချင်းရောက်လာပြီးတော့ ဝိုင်းတိုက်ကြလိမ့်မယ်”
“ အဲ့လိုဆိုလို့ရှိရင် ငါကြိုးကြိုးစားစားစီစဉ်ထားတာတွေ အကုန်လုံးက သဲထဲရေသွန်ဖြစ်သွားလိမ့်မယ်။ ဒါကြောင့်မလို့ အခုဖြစ်ရပ်ကို လုံးဝလျှို့ဝှက်ထားမှဖြစ်မယ်”
“ ကျွန်မနားလည်ပါတယ် ယောက်ျား” လုရှီရန်က လီဟမ်ရှန်း၏စိုးရိမ်မှုကို သဘောပေါက်ပါသည်။
“ မင်းဘာမှ မစားရသေးဘူးမလား။ တစ်ခုခုသွားစားလိုက်လေ။ ငါ မူအိမ်တော်ကနေပြီးတော့ မင်းစားဖို့အတွက် အစားအသောက်ကောင်းတွေအကုန်လုံးကို အများကြီးယူလာခဲ့ပေးတယ်” လီဟမ်ရှန်းက သူ၏လည်ချောင်းကို ခက်ခက်ခဲခဲလှုပ်ကာ ကြိုးစားအသက်ရှူရင်းနဲ့ တစ်လုံချင်းပြောလိုက်ပါသည်။
“ကျွန်မဗိုက်မဆာပါဘူး။ ကျွန်မ ယောက်ျားအနားမှာ ရှိနေပေးမယ်” လုရှီရန်က သူမ၏ဦးခေါင်းကလေးကို ခါယမ်းပြီးပြောလိုက်ပါ၏။ ယခုလိုမျိုးအချိန်တွင် သူမက ဘယ်လိုလုပ်ပြီးတော့ စားချင်သောက်ချင်စိတ်ရှိရမှာလဲ။
“မရဘူး မင်းသွားစားမှရမယ်။ လီဟမ်ရှန်းက ခိုင်မာသောလေသံနဲ့ ပြောလိုက်ပါသည်။ နင်က သာမန်အတိုင်းပဲ ပြုမူဆောင်ရွက်မှပဲ လူတွေက သံသယမဝင်ကြမှာ။ စိတ်မပူနဲ့ ငါကောင်းသွားလိမ့်မယ်”
“ယောက်ျားက အဲ့လိုပြောမှတော့။ ကျွန်မယောက်ျားစကားကို နားထောင်ပါ့မယ်”
(လုရှီရန်လိုလေး တယောက်လောက်လိုချင်တယ်)
လုရှီရန်မှာ မထွက်သွားချင်ပေမယ့် လီဟမ်ရှန်း၏စကားက အကျိုးအကြောင်းဆီလျော်သည်ဟု ခံစားမိပါသည်။ လုရှီရန်က အပြင်သို့ရောက်သည့်အခါတွင် လီဟမ်ရှန်း၏ခန္ဓာကိုယ်မှာ မီးတောက်များလောင်ကျွမ်းသကဲ့သို့ ချက်ချင်းကို နီရဲတက်လာသည်ကို သိလိုက်ရပါ၏။
အရင်တုန်းက လီဟမ်ရှန်းက ထိုတုံ့ပြန်မှုများကို သူ၏အတွင်းအားများနဲ့ အတင်းအကြပ်ဖိနှောင်ထားခဲ့ပါသည်။ သို့သော် ယခုလိုမျိုးအချိန်တွင် အားအင်ကုန်ခမ်းသွားသောကြောင့် လီဟမ်ရှန်းက ခန္ဓာကိုယ်ခွန်အားသက်သက်ကို အသုံးမပြုနိုင်တော့သောကြောင့် သူ၏စိတ်ခွန်အားကိုအသုံးပြုပြီး နာကျင်မှုများကို တောင့်ခံနေရခြင်းဖြစ်ပါသည်။
လုရှီရန်က လီဟမ်ရှန်း၏ခန္ဓာကိုယ်တစ်ခုလုံးမှာ မီးဖုတ်ထားသောသံကဲ့သို့ ရဲရဲနီလာသည်ကို မြင်သောကြောင့် ခပ်မြန်မြန်ပင် ရေဇလုံတစ်ခုကို ယူလာပြီး လီဟမ်ရှန်း၏အနားသို့ ပြေးသွားလိုက်ပါ၏။ ထို့နောက် လီဟမ်ရှန်း၏အဝတ်အစားများကို ချွတ်လိုက်ပြီး သူ၏ခန္ဓာကိုယ်ကို ရေစိုတဘက်နဲ့ သုတ်ပေးလိုက်ပါ၏။
“ ရှူး”
လီဟမ်ရှန်း၏ကိုယ်ပေါ်သို့ ရေများရောက်သွားသည့်အခါတွင် ချက်ချင်းပင်လျှင် အငွေ့ပျံသွားခဲ့ပါသည်။ ထိုဖြစ်ရပ်မှာ လုရှီရန်ကို လွန်စွာကြောက်လန့်သွားစေခဲ့ပါ၏။ ယခုအချိန်တွင်တော့ လီဟမ်ရှန်းမှာ နာကျင်မှုကို တောင့်မခံနိုင်တော့သောကြောင့် သတိလစ်ကာ မေ့မြောသွားခဲ့ပါသည်။
“ဒီလောက်ကြီးမားတဲ့ ဘေးထွက်ဆိုးကျိုးကို ခံစားရလောက်အောင် ငါ့ယောက်ျားက ဘယ်လိုမျိုးလျှို့ဝှက်ဆန်းကြယ်တဲ့သိုင်းပညာကို အသုံးပြုလိုက်ခဲ့တာလဲ” လုရှီရန်မှာ မယုံကြည်နိုင်လောက်အောင်ဖြစ်နေခဲ့ပါ၏။ သူမ၏ ကြယ်တာရာနတ်မိမယ် ကောင်းကင်ခန္ဓာကိုယ်မှာလည်း အဆင့်သေးတစ်ဆင့်ကို ချိုးဖျက်ကာဝင်ရောက်နိုင်ခဲ့ပြီ ဖြစ်ပါသည်။
သူမတွင်လည်း ထိုကဲ့သို့သော ဘေးထွက်ဆိုကျိုးများခံစားရသည့် စွမ်းအားကြီးမားသောသိုင်းကွက်များကို အသုံးပြုနိုင်သည့်တိုင် လုရှီရန်ခံစားရသော ဘေးထွက်ဆိုကျိုးနဲ့ တုံ့ပြန်မှုများမှာ လီဟမ်ရှန်းယခုခံစားရသလောက် မပြင်းထန်သည်မှာ အမှန်ပင်ဖြစ်ပါသည်။
မြောက်ပိုင်းအေးခဲနိုင်ငံတော်တွင်ရှိသော လီချန်ချင်းက လီဟမ်ရှန်း၏ယနေ့လှုပ်ရှားမှုအဖြစ်အပျက်ကို ကျန်းဝမ်လျှိုထံမှတစ်ဆင့် သတင်းရရှိခဲ့ပါ၏။
“နေလအစစ်အမှန်မီးတောက်တဲ့လား” လီချန်ချင်းက သတင်းပို့ချက်ကို ဖတ်ရှုရင်းမျက်မှောင်ကြုံ့လိုက်ပါ၏။ ထို့နောက်တွင် သူကမေးလိုက်ပါသည်။
“နေလအစစ်အမှန်မီးတောက်ဆိုတာ ဘာကြီးတုံး” ကျန်းဝမ်လျှိုက ရှင်းပြပါ၏။
“နေလအင်မော်တယ်နတ်ဆိုးခန္ဓာကိုယ်ရဲ့ နတ်ဘုရားစွမ်းရည်တစ်ခုပဲ။ မင်းရဲ့သားက ဒီလိုမျိုးဆန်းကြယ်တဲ့ နတ်ခန္ဓာကိုယ်တစ်ခုကို ပိုင်ဆိုင်ထားမယ်လို့ ငါလုံးဝမထင်ထားမိဘူး” ကျန်းဝမ်လျှိုက အားပါးတရဖြင့် ဟစ်ကြွေးကာပြောလိုက်ပါ၏။
“ငါတကယ်ကြီးကို သတိမထားမိဘူးကွာ။ စန်းယွမ်နယ်မြေကြီးမှာ နတ်ခန္ဓာကိုယ်တွေ အများကြီးပေါ်လာတဲ့အထဲကနေမှ မင်းရဲ့သားပိုင်ဆိုင်ထားတဲ့ နတ်ခန္ဓာကိုယ်က ထိပ်ဆုံးတကာ့ ထိပ်ဆုံးနတ်ခန္ဓာကိုယ်ကြီးပဲ”
“ နတ်ခန္ဓာကိုယ်ကို နောက်ဆုံးပိုင်ဆိုင်ခဲ့တဲ့ ပိုင်ရှင်က လွန်ခဲ့တဲ့ထောင်ပေါင်းများစွာကတည်းက သေဆုံးသွားခဲ့ပြီ။ အခုလိုမျိုး ဒီနေ့လိုမျိုးခေတ်ကြီးမှာ နတ်ခန္ဓာကိုယ်တွေ ရှားပါးလွန်းတဲ့ခေတ်ကြီးမှာ နေလအင်မော်တယ် နတ်ဆိုးခန္ဓာကိုယ်လို ထိပ်တန်းနတ်ခန္ဓာကိုယ်ကို မင်းသားက ရရှိထားမယ်လို့ ငါလုံးဝမထင်ထားခဲ့မိဘူးကွ”
“ နေလအစစ်အမှန်မီးတောက်ဆိုတာက နေလအင်မော်တယ်နတ်ဆိုးခန္ဓာရဲ့ နတ်ဘုရားစွမ်းရည်တစ်ခုပဲ။ နေလအစစ်အမှန်မီးတောက်က အရမ်းကို စွမ်းအားကြီးမားလွန်းအားကြီးတယ်။ ဘယ်လောက်တောင်ကြောက်ဖို့ကောင်းတဲ့မီးတောက်လဲဆိုတော့ အဆင့်မြင့်ဆရာသခင်တစ်ပါးတောင်မှ အဲ့ဒီမီးတောက်ကို သွားမထိရဲဘူး”
“ အဲ့လိုမျိုးကြောက်ဖို့ကောင်းတဲ့မီးတောက်ကို မင်းရဲ့သားက ပြန်လည်မွေးဖွားခြင်းအဆင့်မှာတင် မီးတောက်ကို စုစည်းပြီးတော့ မွေးမြူနိုင်ခဲ့တယ်။ အဲ့မီးတောက်ကို အသုံးပြုပြီးတာတောင်မှ နတ်ခန္ဓာကိုယ်ရဲ့ဘေးထွက်ဆိုးကျိုးတုံံ့ပြန်မှုကိုပဲ ခံပဲခံစားရတာ။ အဲ့လောက်နဲ့တင်တော်တော်ကြီးကို လေးစားဖို့ကောင်းနေပြီ” ကျန်းဝမ်လျှိုက အခြေအနေအရပ်ရပ်များကို သုံးသပ်ပြီးပြောလိုက်ပါ၏။
“ဘေးထွက်ဆိုးကျိုးတဲ့လား”
လီချန်ချင်းက အနည်းငယ်စိတ်ပူနေသည်။ ထိုမီးတောက်မှာ လွန်စွာစွမ်းအားကြီးကာကြောက်ဖို့ကောင်းသော်လည်း သူ့သားကအသုံးပြုနိုင်ခြင်းမှာ သူ့သားတွင်သူပေးထားသော ဖီးနစ်ငှက်အရိုးရှိသောကြောင့်ပင်ဖြစ်ရမည်။
ဖီးနစ်ငှက်အရိုးကြောင့်သာမဟုတ်လျှင် ယခုအချိန်လျှင် လီဟမ်ရှန်းက သေဆုံးနေလောက်ပြီဖြစ်၏။
“အဆင့်မြင့်ဆရာသခင်တွေတောင်မှ ကြောက်ရွံ့ရတဲ့မီးတောက် ဒီလိုမျိုးမီးတောက်ကို အသုံးပြုပြီးပြီဆိုမှတော့ ကြီးကြီးမားမားပြန်ပြီးတော့ ခံစားရမှာပဲ။ အဲ့ခံစားရတဲ့ဟာကို သက်သာဖို့အတွက် တစ်ခြားနည်းလမ်းလေးဘာလေးမရှိဘူးလား”
လီချန်ချင်းက ဗဟုသုတနှင့် ပြည့်စုံသောကျန်းဝမ်လျှိုအား မျှော်လင့်တကြီးဖြင့်ကြည့်ကာ မေးလိုက်ပါ၏။ ကျန်းဝမ်လျှိုက အဖြေတစ်ခုခုပေးနိုင်မည်ဟု သူကမျှော်လင့်နေခဲ့ပါသည်။
“အမ်း အဖြေကတော့ မရှိဘူးကွ။ သူလုပ်နိုင်တာကတော့ သူအံကြိတ်ပြီးတော့ပဲ တောင့်ခံဖို့ပဲလုပ်နိုင်တယ်” ကျန်းဝမ်လျှိုက ပုခုံးတွန့်ကာ ပြောလိုက်ပါသည်။
“ဒါက နေလအစစ်အမှန်မီးတောက်ကို အသုံးပြုမိတဲ့အတွက်ကြောင့်မလို့ ပြန်ခံရတဲ့ဘေးထွက်ဆိုးကျိုးပဲကွ။ သာမန်ဟာမျိုး မဟုတ်ဘူး။ အဲ့ဒါကြောင့်မလို့ လွယ်လွယ်ကူကူနဲ့ ဒီတုံ့ပြန်မှုဆိုးကျိုးကို ဖြေရှင်းနိုင်မှာမဟုတ်ဘူး”
“ ဒီတိုင်းပဲ အချိန်ကုန်တဲ့အထိစောင့်မှပဲရမယ်။ အချိန်တစ်ခုရောက်လို့ရှိရင် တဖြေးဖြေးချင်းနဲ့ ပြန်သက်သာသွားပါလိမ့်မယ်”
“ အင်းပေါ့။ အကောင်းဆုံးဖြစ်အောင်ပဲ မျှော်လင့်ကြတာပေါ့”
လီချန်ချင်းက သက်ပြင်းတစ်ချက်ချလိုက်ပါသည်။ ယနေ့မူအိမ်တော်တွင် ဖြစ်ပျက်ခဲ့သည့်အဖြစ်အပျက်တွင် လီဟမ်ရှန်းက နေလအစစ်အမှန်မီးတောက်ကို အသုံးပြုလိုက်ခြင်းက အင်းအားစုသုံးစုကိုထိန်းချုပ်ရန်အတွက် လုပ်လိုက်ခြင်းဖြစ်သည်ကို လီချန်ချင်းကကောင်းမွန်စွာနားလည်ခဲ့ပါသည်။
ယခုအချိန်တွင်တော့ မူအိမ်တော်၊ ဟွာမိသားစုနဲ့ တောက်ဟီအိမ်တော်တို့မှ အလျင်စလိုလှုပ်ရှားရဲတော့မည် မဟုတ်ပါ။ ထိုရလဒ်ကို လီဟမ်ရှန်းက မည်သူ့၏အကူအညီမှ မပါဘဲ သူ၏ခွန်အားကိုသာ အသုံးပြုပြီးတော့ ရအောင်လုပ်နိုင်ခဲ့ခြင်းဖြစ်ပါ၏။ လီချန်ချင်းက စိတ်ထဲတွင်သက်သာရာရသွားခဲ့ပါသည်။
စန်းယွမ်တိုက်ကြီး ထျန်းဟိုင်မြို့…
ထိုနေရာသည် ဤလောကကြီး၏ နံပါတ်တစ်မြို့တော်တစ်ခုဟု လူတိုင်းက တစ်ညီတစ်ညွတ်တည်းသိထားပြီး လက်ခံထားကြပါသည်။
ထျန်းဟိုင်မြို့က မြေပြင်ထက်တွင်မရှိပါ။ ထျန်းဟိုင်မြို့မှာ ပင်လယ်၏အထက်တွင် တည်ရှိပါသည်။ ပင်လယ်မှာလည်း သာမန်ပင်လယ်ကဲ့သို့မဟုတ်ပါ။ ထိုပင်လယ်မှာ ကောင်းကင်ထက်တွင်ရှိသော ပင်လယ်တစ်ခုဖြစ်ပါသည်။
ထျန်းဟိုင်မြို့မှာ ကောင်းကင်ထက်တွင်ရှိသော ပင်လယ်၏အထက်တွင်ရှိပါ၏။ ပင်လယ်ကြီးမှာ လေထုထဲတွင်လွင့်မျောနေပြီး မြေပြင်ထက်မှ ကောင်းကင်သို့ မော့ကြည့်လိုက်ပါက လွန်စွာဆန်းကြယ်လှသည့် ကောင်းကင်ထက်တွင် ပေါလောပေါ်နေသောပင်လယ်ကြီးကို တအံ့တဩရင်သက်ရှုမောစွာ ကြည့်ရမည်ဖြစ်ပါသည်။
ထိုအရာမှာ စန်းယွမ်နယ်မြေကြီး၏ ပထမဦးဆုံးလျှို့ဝှက်ဆန်းကြယ်မှုတစ်ခုအဖြစ် လူတိုင်းက တစ်ညီတစ်ညွတ်တည်း လက်ခံထားကြပါသည်။ ထျန်းဟိုင်မြို့တွင် စန်းယွမ်မြို့ကြီး၏ အရှင်သခင်၊ စန်းယွမ်နယ်မြေ၏အုပ်စိုးသူ အရှင်သခင်နေထိုင်သည်ဟု လူတိုင်းက သိကြပါ၏။
စန်းယွမ်နယ်မြေအရှင်သခင်အား နှစ်ငါးဆယ်ကြာတိုင်း အသစ်ရွေးချယ်လေ့ရှိပါသည်။ ယခင် စန်းယွမ်နယ်မြေအရှင်သခင်အား အနိုင်တိုက်ခိုက်နိုင်သူအား အနိုင်တိုက်ခိုက်နိုင်သည့် မည်သူမဆိုသည် စန်းယွမ်နယ်မြေအရှင်သခင်ဟူသော ဂုဏ်ပုဒ်ကို ရယူပိုင်ဆိုင်နိုင်မည်ဖြစ်ပါသည်။ ယခင် စန်းယွမ်နယ်မြေအရှင်သခင်ဟောင်းကို အနိုင်ယူနိုင်သူသည် အရှင်သခင်အသစ်ဖြစ်လာပြီး စန်းယွမ်နယ်မြေတံဆိပ်တုံးကို ထိန်းချုပ်နိုင်ပြီး လောကကြီးတစ်ခုလုံးကို အုပ်စိုးနိုင်သည်ဟု ကောလဟာလရှိပါသည်။
သို့သော် လက်ရှိ စန်းယွမ် နယ်မြေသခင်ဖြစ်သော ကျန်းထျန်းယွမ်သည် အာဏာကို ရယူထားပြီးသည်မှာ နှစ်ပေါင်းများစွာကြာပြီးသည်ထိ တိုင်အောင် ပုလ္လင်ပေါ်မှ လုံးဝ မဆင်းပေးပါ။ ထိုကဲ့သို့သော ဖြစ်ရပ်မှာ စန်းယွမ် နယ်မြေကြီးတွင်ရှိသော သာမန်လူများအပါအဝင် စွမ်းအားရှင်များအားလုံးကို သံသယဝင်သော အပြုအမူများ ဖြစ်လာစေခဲ့ပါ၏။
ကောလဟာလ များစွာတို့မှာလည်း အမျိုးမျိုး ပျံ့နှံ့နေခဲ့ပါသည်။ ယခုလက်ရှိအချိန် ထျန်းဟိုင်မြို့ အပြင်ဘက် ကောင်းကင်ကြီးကို ထောင်တက်နေသော ပင်လယ်လမ်းကြောင်းကြီးတစ်ခုက မြေပြင်မှ ပေ သုံးထောင် အမြင့်သို့ ထောင်တက်နေခဲ့ပါသည်။
ထိုပင်လယ်လမ်းကြောင်းမှာ ထျန်းဟိုင်မြို့၏ ဂိတ်တံခါးဝနှင့် ဆက်စပ်နေခဲ့ပါသည်။ ထျန်းဟိုင်မြို့ကို ဝင်ရောက်နိုင်ရန်အတွက် တစ်စုံတစ်ဦးက ဝမ်ကျိတောင်၏ အောက်ခြေမှ သင်္ဘော စီးရမည်ဖြစ်ပါသည်။ ပင်လယ်စီးကြောင်း၏ နောက်ကို လိုက်ပြီး သင်္ဘောကို မြောကာ ကောင်းကင်တွင်ရှိသော ပင်လယ်ကို တက်ရမည်ဖြစ်သည်။
ကောင်းကင်တွင်ရှိသော ပင်လယ်သို့ရောက်သည့်အခါ ထျန်းဟိုင်မြို့၏ ဂိတ်တံခါးကို ဆက်သွယ်နေသော ပင်လယ်လမ်းကြောင်းကို ဖြတ်သန်း၍ ထျန်းဟိုင် မြို့သို့ ဝင်ရောက်ရမည်ဖြစ်၏။ ထျန်းဟိုင်မြို့တွင်းတွင်တော့ကုန်းမြေ များ ရှိပါသည်။ ထိုကဲ့သို့သော ဖြစ်ရပ်မှာ လွန်စွာမှကို ဆန်းကြယ်ပြီး မှော်ဆန်လှသည်ဟု ပြော၍ ရပါ၏။
ယခုအချိန်တွင် တော့ လွန်စွာကြီးမားသော ဧရာမ သင်္ဘောကြီးက ကောင်းကင်ထက်သို့ ဆန်တက်နေခဲ့၏။ သင်္ဘောပေါ်တွင်ရှိသော ခရီးသည်များအားလုံး သည် သင်္ဘောကုန်းပတ်ပေါ်၌ ပတ်ဝန်းကျင်ရှုခင်းအလှအပကို ရင်သပ်ရှုမော တအံ့တဩကြည့်နေခဲ့ကြပါသည်။ ဘေးပတ်ဝန်းကျင်အလှအပများမှာ ပန်းချီကားချပ်ထဲကလိုမျိုး လွန်စွာမှပင် လှပနေ၏။
သင်္ဘောမှာ မြေပြင်မှ ကောင်းကင်ထက်သို့ ဖြေးညှင်းစွာဖြင့် လွင့်မြော ကာ မြင့်တက်နေခဲ့သည်။ မြင့်တက်နေခဲ့သည့်တိုင် အောက်သို့ ကျမည့် လက္ခာဏာဟူ၍ လုံးလုံးမ တွေ့ရပါ။ “ဆရာသခင် ဒီနေရာက အရမ်းကို လှတာပဲဗျာ။ ဒီလိုမျိုး နေရာက ရှိနေမယ်လို့ တွေးတောင် မတွေးထားမိဘူး” မီးခိုးရောင် ဝတ်စုံကို ဝတ်ဆင်ထားသော လူငယ်လေးတစ်ဦးက သူ၏အနောက်တွင်ရှိသော အကြီးအကဲအား အံ့အားသင့်ကာ ပျော်ရွှင် သောအမူအရာဖြင့်ပြောလိုက်ပါသည်။
တိမ်ပင်လယ်ကြီးကို ဝင်လုဆဲဆဲနေရောင်က ရိုက်ခတ်နေသောကြောင့် ရွှေရောင်အလင်းတန်းများက ပျံ့နှံ့နေသလိုဖြစ်နေပါသည်။ ထိုကဲ့သို့သော တိမ်ပင်လယ်ကြီးကြားသို့ သူတို့၏စီးနင်းလာသော သင်္ဘောကြီးက လေထုထဲသို့ မြင့်တက်နေသည့်အခိုက်တွင် မြင်ရသော မြင်ကွင်းမှာ လွန်စွာမှကို ကောင်းကင်ဘုံ ဆန်နေခဲ့ပါ၏။ တိမ်များအားလုံးက ရွှေရောင်ဖြစ်နေပြီး လောကကြီးတစ်ခုလုံးက ရွှေအလင်းတန်းများနှင့် ဖုံးလွှမ်းနေသော လောကကြီးကဲ့သို့ ဖြစ်နေသည်။
လူငယ်လေး၏နောက်တွင်ရှိသော အကြီးအကဲက သူ၏တပည့်လေး၏ဦးခေါင်းကို ဖြေးညှင်းစွာဖြင့် ချစ်မြတ်နိုးသည့်ဟန်ပန်ဖြင့်ပွတ်သပ်လိုက်ပါသည်။ ထို့နောက်မှ ပြောလိုက်၏။
“လှတယ်ဟုတ်တယ်မလား။ မင်းရဲ့ဆရာသခင် ဒီအဘိုးကြီးကလဲ ထျန်းဟိုင်မြို့ကို လာခဲ့တုန်းက မင်းလိုမျိုးပဲ တစ်ထပ်တည်း ငါလဲ အံ့ဩခဲ့ရတာပေါ့ကွာ။ မင်းအရွယ်တုန်းက ငါ့ကိုတော့ မဟာ ဘိုးဘေးကြီးကိုယ်တိုင်က ခေါ်လာခဲ့တာပေါ့”
အကြီးအကဲက သူ၏အတိတ်ကို တွေးကာ ပြန်၍ ငေးမောသွားခဲ့ပါသည်။
“မဟာဘိုးဘေးကြီးငါ့ကို ခေါ်သွားတဲ့အခါမှာငါက စန်းယွမ်နယ်မြေသခင်နဲ့တောင်မှတွေ့ခဲ့ရသေးတယ်” အကြီးအကဲ၏ မျက်နှာထက်တွင် ဂုဏ်ယူနေသော အမူအရာ တစ်ခုက ပေါ်ထွက်လာခဲ့ပါ၏။
“စန်းယွမ်နယ်မြေအရှင်သခင်လား။ မီးခိုးရောင်ဝတ်စုံ ဝတ်ထားသော လူငယ်လေးက မျှော်လင့်နေသော လေသံဖြင့် မေးလိုက်ပါသည်။ အဲဒီနယ်မြေသခင်ကလေ ဒီစန်းယွမ်လောကကြီးတစ်ခုလုံးမှာ စွမ်းအားအကြီးဆုံးပုဂ္ဂိုလ်လို့ကြားဘူးတယ်။ အဲဒါ ဟုတ်လားဟင် “
“ ဒါပေါ့။ စန်းယွမ်နယ်မြေသခင် က တုနှိုင်းမဲ့ ပုဂ္ဂိုလ်ပဲ။ သူ့ကို နိုင်အောင် ဘယ်သူမှ မတိုက်နိုင်ဘူး”
“ တစ်နေ့နေ့မှာ ကျွန်နော်လဲ စန်းယွမ်နယ်မြေသခင်လို စွမ်းအား အရမ်းကြီးချင်တာပဲ” လူငယ်လေးက ရုတ်တရက် သူ၏ရည်မှန်း ချက်ကို ထုတ်ပြောလိုက်ပါသည်။ သူ၏မျက်လုံးများတွင် ခိုင်မာသော ဆုံးဖြတ်ချက်နှင့် အမူအရာများကို တွေ့မြင်ရမည်ဖြစ်ပါ၏။ ထိုစကားကို ကြားသော ဆရာသခင်ဖြစ်သည့်အကြီးအကဲပင်လျှင် အနည်းငယ်ဆွံ့အသွားခဲ့ပါ၏။
သူ၏ အငယ်ဆုံးတပည့်လေးက အခုလိုမျိုး ရည်မှန်းချက်ကြီးမားသော စကားများကို ထုတ်ဖော်ပြောလိမ့်မည်ဟု မမျှော်လင့်ထားခဲ့မိပါ။ ကောင်းတယ်။
“ကောင်းတယ်။ ဒီလိုမျိုး ငယ်ရွယ်တဲ့အချိန်မှာ ရည်မှန်းချက်ကြီးကြီးထားတာကောင်းတယ်” အကြီးအကဲက အားပါးတရ ရယ်မောလိုက်ပြီး
“မင်းရဲ့ကျင့်ကြံခြင်းကို ကြိုးစားအားထုတ်ပြီးကျင့်ကြံ။ တစ်နေ့နေ့မှာ မင်းလည်း စန်းယွမ်နယ်မြေသခင်ဖြစ်လာခဲ့ရင် ငါကလည်း အလိုလို ဂုဏ်သိက္ခာကြီးမြင့်လာမှာပေါ့ကွ။ မဟုတ်သေးဘူး။ မဟုတ်သေးဘူး။ ငါတို့ရဲ့ ဟွမ်ထင်း နန်းတော်ကြီးတစ်ခုလုံးက မင်းကို အားကိုးပြီး တော့ ဂုဏ်သိက္ခာကြီးမြင့်လာလိမ့်မယ်”
ထိုသို့ပြောပြီးနောက်တွင် လူငယ်လေးက အဝေးသို့ငေးကြည့်နေပြီး တိတ်ဆိတ်သွားခဲ့ပါ၏။
“ဘာများဖြစ်လို့လဲ” အကြီးအကဲက သူ့တပည့်၏ အမူအရာ ပြောင်းလဲမှုကြောင့် အံ့အားသင့်စွာမေးလိုက်ပါသည်။
“ဆရာသခင် ဆရာသခင်ပြောတော့ ထျန်းဟိုင်မြို့ကို သွားဖို့အတွက် ဝမ်ကျိတောင်ခြေကနေပြီးတော့ သင်္ဘောစီးပြီးမှ ထျန်းဟိုင်မြို့ကို ရောက်လာနိုင်တယ်လို့ပြောတယ်နော်” လူငယ်လေးက ဝေခွဲရခက်နေသော လေသံဖြင့်ပြောလိုက်ပါသည်။
“ဟုတ်တယ်လေ” အကြီးအကဲက ခေါင်းညိတ်ပြလိုက်ပါသည်။
“သင်္ဘောကိုစီးတဲ့အခါကျမှပဲ ပင်လယ်စီးကြောင်းနှင့် ငါတို့က ကောင်းကင်ပေါ်ကိုတက်နိုင်မှာလေ”
“ဒါပေမဲ့ တစ်ယောက်ယောက်က လေထဲကနေပြီးတော့ လမ်းလျှောက်နေတာကို ကျွန်တော်တွေ့နေရတယ်” လူငယ်လေးက အဝေးသို့ လက်ညိုးညွှန်ပြလိုက်ပါ၏။ သူ့၏မျက်လုံးများမှာ မယုံကြည်နိုင်သောအမူအရာများ၊ ကြောက်ရွံ့နေသောအမူအရာများပြည့်နှက်နေခဲ့ပါသည်။
အကြီးအကဲကြီး၏ ပထမဆုံးတုန့်ပြန်မှုမှာ သူ၏ တပည့်က သူကို နောက်ပြောင်နေသည်ဟု ထင်နေခြင်းဖြစ်ပါ၏။ ထျန်းဟိုင်မြို့ မှာ ကောင်းကင်အထက် မီတာထောင်နဲ့ချီအောင် မြင့်မားလှပါ၏။
ထိုကဲ့သို့ မြင့်မားရုံသာမက မြို့တော်တစ်ခုလုံးကို အစီအရင်များဖြင့် မန်းမှုတ်ကာ စီမံထားပါသည်။ ထို့ကြောင့် မည်သူကမျှ ဘယ်လောက်ပဲ စွမ်းအားကြီးကြီး ကောင်းကင်ထက်သို့ ဆန့်ကျင်ပြီးတော့ ပျံသန်းနိုင်မည်မဟုတ်ပါချေ။
သို့သော် သူ၏တပည့်လေး၏ မျက်လုံးထဲမှာ ထူးဆန်းကာ ပုံမှန်မဟုတ်သော မျက်လုံးအမူအရာများကို မြင်ပြီးနောက်တွင် အကြီးအကဲမှာ သူ့တပည့်ပြောသည့်စကားမှာ ဟာသမဟုတ်ပါဟု စတင်တွေးလာခဲ့ပါ၏။
သူကလည်း သူ့တပည့်ညွှန်ပြသည့် အရပ်သို့ လှည့်ကြည့်လိုက်ပါသည်။ ချက်ချင်းပင်လျှင် အကြီးအကဲက ထိတ်လန့်တကြား ပင့်သက်ရှိုက်လိုက်ပါ၏။
မှန်ပါ၏။ ကောင်းကင်ထက်တွင် နေရောင်ခြည်၏ ရွှေရောင်အလင်းတန်းများ ဖြာကျနေမှု၏အောက်တွင် ပုံရိပ်လေးတစ်ခုမှာ ပျံသန်းနေခဲ့၏။
ထိုပုံရိပ်မှာ အမျိုးသမီးတစ်ဦး၏ ပုံရိပ်ဖြစ်ပါသည်။ ထိုအမျိုးသမီးက သွေးကဲ့သို့ ရဲရဲ နီနေသော ဝတ်စုံကို ဝတ်ဆင်ထား၏။
သူမက ဖြာကျနေသော နေရောင်ခြည်ကို ဆန့်ကျင်လျက် ကောင်းကင်ပေါ်သို ဖြေးညှင်းစွာ တက်လာခဲ့ပါသည်။ သူမသည် ထျန်းဟိုင်မြို့ရှိရာအရပ်သို့ ပျံသန်းနေပြီး သူမ၏ခြေထောက် အောက်တွင် မည်သည့်အရာမျှရှိမနေပါ။
လက်ရှိအချိန်၌ သူတို့ရပ်နေသော သင်္ဘောကုန်းပတ်၏ ဘေးပတ်ပတ်လည်တွင်ရှိနေသော သူများကလည်း အမျိုးသမီး၏တည်ရှိမှုကို သတိပြုလာမိကြသည်။
“ ကြည့်ကြစမ်း။ ထျန်းဟိုင်မြို့ကို ရောက်ဖို့အတွက် တစ်ယောက်ယောက်ကပျံသန်းနေတယ်” လူတိုင်းက တအံ့တဩနဲ့အော်ဟစ်လိုက်ပါသည်။
“ ထျန်းဟိုင်မြို့ကို ရောက်ဖို့အတွက် ဘယ်သူကပျံနိုင်တာလဲ။ အဲ့မိန်းမက ဘယ်သူလဲ။”
သူမသည် လွန်စွာငယ်ရွယ်သည့်ပုံစံရှိပါသည်။ ဆယ်ကျော်သက်အရွယ်သာရှိပြီး ကြည်လင်သောမျက်လုံး၊ ဖြူဖွေးသောသွားများရှိပါ၏။
သူမ၏အကြည့်မှာမူ ထျန်းဟိုင်မြို့ကိုသာ အာရုံစူးစိူက်ကြည့်နေပြီးလုံးဝအကြည့်မလွှဲ ခဲ့ပါ။
သူမ၏လက်ထဲတွင်တော့ ဓားတစ်လက်ကို ကိုင်ထား၏။ သူမ၏ပုံစံမှာ နယ်နှင်ခြင်းခံရသည့် အင်မော်တယ်က သေမျိုးကမ္ဘာသို့ရောက်ရှိလာသည့်အလားဖြစ်နေခဲ့ပါသည်။ သူမ၏ထူးခြားဆန်းကြယ်ကာ သိမ်မွေ့သောအရှိန်အဝါတို့ကြောင့် မြင်လိုက်ရသော သူတို့အား အရှက်ရသွားစေခဲ့ပါ၏။
“မြတ်စွာဘုရား ဒီကောင်းကင်ကို ဆန့်ကျင်နေတဲ့နတ်သမီးက ဘယ်သူများလဲ” သူတို့အားလုံးက သူတို့မျက်လုံးကို သူတို့မယုံကြည်နိုင်ကြပါ။ သူမကဘယ်လိုလုပ်ပြီး ဒီလောက်စွမ်းအားကြီးတဲ့ နတ်စွမ်းအားကို ပိုင်ဆိုင်ထားရတာလဲ။
အနီရောင်ဝတ်စုံဝတ်ဆင်ထားသော အမျိုးသမီးငယ်လေးက သင်္ဘော၏အထက်ကောင်းကင်ပေါ်သို့ရောက်လာခဲ့ပါသည်။ သူမ၏အရှေ့တွင်တော့ ကြီးမားကျယ်ပြန့်သော ထျန်းဟိုင်မြို့ကြီးရှိပါသည်။
မြို့တံခါးတစ်ချက်ကပင် ကောင်းကင်ဘုံမြို့ တံခါးကဲ့သို့ကြီးမားလှပါ၏။ မြို့တံခါးကိုကျော်လွန်ပြီး အနောက်တွင်ရှိသောမြို့ထဲတွင် ဘယ်လိုမျိုးအခြေအနေများရှိနိုင်သည်ကို မြင်နိုင်မည်မဟုတ်ပါ။
ထိုမြို့က လောကကြီးတစ်ခုလုံး၏နံပါတ်တစ်မြို့ပင်ဖြစ်ပါ၏။ မိုင်ပေါင်း ရာနဲ့ချီအောင် ကြီးမားကျယ်ပြန့်ပါသည်။ မြို့ဂိတ်တံခါး၏အရှေ့တွင်ဆိုလျှင် လူတစ်စုံတစ်ဦးက မိမိကိုယ်ကို မိမိ ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ သေးငယ်လှသည်ဟုခံစားရ မည်ဖြစ်ပါ၏။
မြို့တံခါးစောင့်များမှာ အနီရောင် ဝတ်စုံထားသော အမျိုးသမီးငယ်တစ်ယောက်က ကောင်းကင်ထက်ကို ပျံလာသည်ကိုမြင်ရသောကြောင့် နေရာတွင် ငုတ်တုပ်မေ့ကာ ကျောက်ရုပ်ကြီးများကဲ့သို့ ဖြစ်နေခဲ့ပါ၏။
တိမ်ပင်လယ်ကြီးကို ကျော်လွန်ပြီးတော့ တစ်စုံတစ်ယောက် ကပျံသန်းလာတယ်တဲ့လား။ ဘာတွေဖြစ်နေတာလဲ။
“ဘယ်သူလဲကွ” အစောင့်အကြပ်များ အားလုံးက တစ်ပြိုင်တည်းပင် အော်ဟစ်လိုက်ပါ၏။ သူတို့၏အသံမှာ ကျယ်လောင်လှပြီး ကြားလိုက်ရသူအားလုံးမှာ မိုးခြိမ်းသံကဲ့သို့ ခံစားစေရမည်ဖြစ်သည်။
ထိုသူများ၏ကျင့်ကြံခြင်းမှာ ပြန်လည်မွေးဖွားခြင်းအဆင့်တွင်ရှိပါ၏။သို့သော် သူတို့၏အော်သံက အနီရောင်ဝတ်ဆင်ထားသော အမျိုးသမီးလေးထံသို့ရောက်သွားသည့်အခါတွင် ဘာမှမရှိသော အရာကဲ့သို့ နစ်ဝင်သွားသကဲ့သို့ပင်ဖြစ်သွား၏။
သူမ၏ပတ်ပတ်လည်မှာ ထိုးဖောက်၍ မရသော တားမြစ်နယ်မြေ တစ်ခုကဲ့သို့ ဖြစ်နေခဲ့ပါသည်။
သူမကသူတို့အား ဂရုပင်မစိုက်ပါ။ သူမ၏ အကြည့်မှာ ထျန်းဟိုင်မြို့ကိုသာ စူးစိုက်၍ ကြည့်နေခဲ့ပါသည်။ ထျန်းဟိုင်မြို့၏ အဆုံးသတ်တွင် မြို့သခင်၏ စံအိမ်ရှိပါသည်။
ထိုနေရာတွင်စည်းမျဉ်းစည်းကမ်းများ နိယာမများအားလုံးရောယှက်နေခဲ့ပါ၏။ ဆန်းကြယ်လှသောစွမ်းအားများကလည်း တစ်ဟုန်ထိုးထွက်နေပါသည်။
နန်းတော်တစ်ခုချင်းစီက နှလုံးသားကိုပင် စိုးရွံ့သွားစေမည့် အရှိန်အဝါများအင်အားများက တလူလူနှင့် ထွက်ပေါ်နေခဲ့ပါသည်။
ထိုနေရာသည် စန်းယွမ်နယ်မြေ၏ အရှင်သခင် အနားယူသော နေရာဖြစ်ပါသည်။ အနီရောင် ဝတ်စုံနှင့် အမျိုးသမီးလေးက ထျန်းဟိုင်မြို့၏ ဂိတ်တံခါးနား သို့ ချဉ်းကပ်လာသောအခါတွင် မြို့ထဲတွင် အရပ်ပုပုနှင့် အဖိုးအို တစ်ယောက်သည် အပင်များကို ရေလောင်းနေခဲ့ပါသည်။
တစ်စုံတစ်ခုကို အာရုံခံမိသည့်နောက်တွင် သူ၏အကြည့်မှာ မြို့တံခါးဂိတ်သို့ရောက်သွားခဲ့ပါ၏။ ထို့နောက်တွင် သူကရေလောင်းနေသော ရေပုံးကို မြေပြင်ထက်သို့ ဖြေးညှင်းစွာ ချလိုက်ပါသည်။ ခြေတစ်လှမ်း လှမ်းလိုက်ပြီးနောက်တွင် သူက ကောင်းကင်ထက်သို့ တန်းရောက်သွားခဲ့ပါ၏။ တိတ်ဆိတ်စွာ ဖြင့် သူက အဝေးသို့ ငေးကြည့်နေခဲ့သည်။
“ဒီနေ့က မထင်ထားပဲ စောစောစီးစီးရောက် လာခဲ့ပြီပဲ” အရပ်ပုပုနှင့် အဖိုးအိုသည် သူ့ကိုယ်သူပြောလိုက်ပါ၏။
“ဧည့်သည်တစ်ယောက်ရောက်လာပြီ။ သူမကို သွားပြီးတော့ ဖျော်ဖြေပေးလိုက်ပါဦး” အဖိုးအို၏နားထဲသို့ ဆန်းကြယ်သော အသံတစ်ခုက တိုးညှင်းစွာရောက်လာခဲ့ပါသည်။ အဖိုးအိုမှာ အနောက်သို့လှည့်လိုက်ပြီး နန်းတော်ကြီးတစ်ခုအား အရိုသေပေးကာ ပြောလိုက်ပါ၏။
“သခင့်ရဲ့ အမိန့်အတိုင်းပါပဲ” မြို့တံခါး၏အပြင်ဘက်တွင်တော့ အနီရောင် ဝတ်စုံ ဝတ်ဆင်ထားသောအမျိုးသမီး လေးက လေထုထဲတွင် ရပ်နေပါ၏။ သူမ၏ မျက်ဝန်းများမှာ မှိတ်ထား ပြီး တစ်စုံတစ်ခုကို အာရုံခံနေပါသည်။