အခန်း (၃၂၈)
Vol. 28 Ch. 328
ဓားရှည်နှင့်လှံတိုတို့၏ထိခိုက်မှုကြောင့်ထွက်ပေါ်လာသော နားကွဲမတတ်အသံကြီးမှာလူတိုင်းအားကမ္ဘာပျက်နေသကဲ့သိုခံစားသွားစေခဲ့ရပါသည်။ထိုအဖြစ်အပျက်မှာ အချိန်တိုလေးအတွင်းတွင် ဖြစ်သွားသောကြောင့်လူတော်တော်များများကို မတုန့်ပြန်နိုင်စေခဲ့ပါ။
“ဘာတွေဖြစ်နေခဲ့တာတုန်း”
သင်္ဘောထက်တွင်ရှိသောလူများကလဲလွန်စွာကြောက်ရွံ့နေခဲ့ပါ၏။ သူတို့မျက်စိရှေ့တည့်တည့်တွင် ကောင်းကင်နှင့်မြေကြီးကိုနှစ်ခြမ်းကွဲအောင် ခုတ်ပိုင်းခဲ့သည့်ဓားချက်ကို ထုတ်လွှတ်လိုက်သည်ဖြစ်ရပ်ဖြစ်သွားသည်ကိုသူတို့မျက်စိကိုသူတို့မယုံကြည်နိုင်အောင်ဖြစ်နေခဲ့ပါသည်။
“ဒါက”
ထိုအခိုက်တွင် လူငယ်လေး၏ ဆရာဖြစ်သူအဖိုးအိုကြီးက အနီရောင်ဝတ်စုံ ဝတ်ဆင်ထားသောအမျိုးသမီးကိုကြည့်ရင်း
အထိတ်တလန့် ရေရွတ်လိုက်ပါ၏။
“ကောင်းကင်နတ်မိမယ် ဓားပါလား။အဲဒီဓားက လူသားမျိုးနွယ်ရဲ့သူတော်စင်လေးပါးကနတ်မိမယ် လီရွှမ်းရှီရဲ့ကိုယ်ပိုင်ဓားမဟုတ်ဘူးလား”
“ဆရာ လီရွှမ်းရှီဆိုတာဘယ်သူလဲ” မီးခိုးရောင်ဝတ်စုံဝတ်ဆင်ထားသောလူငယ်လေးက ခပ်မြန်မြန်မေးလိုက်ပါ၏။
“ဒီအမျိုးသမီးလေးက လီရွှမ်းရှီများလား။မဖြစ်နိုင်ဘူး”
လူအိုကြီးက မျက်မှောင်ကြုံ့ပြီးခေါင်းခါလိုက်ပါ၏။
“သူတော်စင်လေးပါးရဲ့ခေတ်ကာလက ငါတို့ လူသားမျိုးနွယ်တွေရဲ့ ဂုဏ်ရောင်ထွန်းလင်းခဲ့တဲ့ခေတ်ကာလပဲ”
လူသားမျိုးနွယ်ကို မြေလျှောက်အင်မော်တယ်လေးပါးက ဦးဆောင်ခဲ့တယ်။ အခုလက်ရှိ စန်းယွမ်နယ်မြေအရှင်သခင် ဖြစ်တဲ့ ကျန်းထျန်းယွမ် ကိုယ်တိုင်ကလဲ သူတော်စင်လေးပါးထဲမှာတစ်ပါးအပါအဝင်ပဲ။ လီရွှမ်းရှီကလည်း အဲဒီလေးယောက်ထဲကတစ်ယောက်ပဲ။
ဒါပေမဲ့ လီရွှမ်းရှီက သေသွားတာကြာပြီလေ။ အခုသူမက ဒီနေရာမှာ ဘယ်လိုလုပ်ပြီး ပြန်ပေါ်လာတာလဲ”
“မတွေ့တာကြာပီနော်”
ထိုအခိုက်မှာပင် အရပ်ပုပုနဲ့ လူအိုကြီးက ခြေတစ်လှမ်း လှမ်းလိုက်ပြီး မိုင်ပေါင်းများစွာကိုဖြတ်သန်းကာ မြို့တံခါးရှေ့သို ရုတ်တရက် ရောက်ချလာပါ၏။
သူကအနီရောင်ဝတ်စုံ ဝတ်ဆင်ထားသောအမျိုးသမီးငယ်လေးကိုကြည့်ကာ တစ်ချက်ရယ်လိုက်ပါ၏။
“သူတော်စင် လီကို ကျုပ်ရဲ့ ဘဝတစ်လျှောက်မှာ ပြန်တွေ့ရမယ်လို့ မထင်ထားမိဘူးဗျာ”
“လီရွှမ်းရှီကသေသွားပြီ။ငါ့ကိုလုချောင်းချောင်းလို့အခုခေါ်တယ်”
အနီရောင်ဝတ်စုံ ဝတ်ဆင်ထားသောအမျိုးသမီးလေးက တည်ငြိမ်စွာဖြင့်ပြောလိုက်ပါသည်။
“အော် လက်စသတ်တော့ နင်ပဲ။ ကျန်းထျန်းယွမ်ရဲ့နောက်ကနေအမြဲတမ်းလိုက်နေတဲ့ အစေခံလေးက မြေလျှောက်အင်မော်တယ်တစ်ပါး ဖြစ်လာလိမ့်မယ်လို့မထင်ထားခဲ့မိဘူး”
လုချောင်းချောင်းက အရပ်ပုပုနဲ့အဘိုးအိုအားကြည့်ကာပြောလိုက်ပါသည်။
“ဒါတွေအားလုံးက ကျုပ်ရဲ့ ဆရာသခင်ရဲ့ ထောက်ပံ့မှုတွေကြောင့်ပါပဲ”
အရပ်ပုပုနဲ့လူအိုကြီးက ရိုသေစွာပြောလိုက်ပါသည်။
“ဆရာသခင်ရဲ့ထောက်ပံ့မှုတွေသာမရှိလို့ရှိရင် ကျုပ် ကျန်းဖန်က ဒီနေ့ဒီနေရာမှာ ဘယ်လိုလုပ်ပြီးရှိနိုင်မှာလဲ”
“ ကဲ..စကားများနေတာရပ်လိုက်တော့။ငါ ကျန်းထျန်းယွမ်နဲ့တွေ့ချင်တယ်”
ထိုသို့ပြောပီးနောက်တွင် လုချောင်းချောင်းက အထဲသို့ဝင်ရန်ပြင်ဆင် လိုက်ပါ၏။ သို့ပေမဲ့ ကျန်းဖန်က လုချောင်းချောင်း၏လမ်းကြောင်းကိုချက်ချင်းပင် ပိတ်ဆို့ကာ ခပ်မြန်မြန်ပြောလိုက်ပါ၏။
“ဆရာသခင်က တံခါးပိတ်ကျင့်ကြံနေတယ်။အဲဒါကြောင့်မို့လို့အပြင်ကိုထွပြီးတော့ ဧည့်သည်မတွေ့နိုင်သေးဘူး။ သူတော်စင်လီအနေနဲ့ခဏလောက်စောင့်ပေးပါ”
“အဟက်” လုချောင်းချောင်းက လှောင်ပြောင်လိုက်၏။
“မင်းကငါ့ကို့ စောင့်ခိုင်းစေချင်တယ် ဟုတ်လား။ဘာလို့လဲ။ငါ့ကိုစောင့်ဖို့အတွက် နင်ကငါ့ကိုတားမလို့လား”
“နင်ကအခုမြေလျှောက်အင်မော်တယ်ဖြစ်နေပြီဆိုပေမဲ့ စော်ကားတာတော့မဟုတ်ဘူး။နင့်အဆင့်နဲ့ ငါ့ရဲ့ဓားချက်ကိုကာဖို့အရည်အချင်းမပြည့်မှီသေးဘူး။ငါနင့်ကိုအေးအေးဆေးဆေးသတ်နိုင်တယ်ဆိုတာယုံလား။”
လုချောင်းချောင်းကတည်ငြိမ်စွာပြောလိုက်ပါ၏။
“ ဒါပေါ့ ဒါပေါ့”
ကျန်းဖန်က ခပ်မြန်မြန်ပင် သဘောတူလိုက်ပါ၏။
လုချောင်းချောင်း၌ သူမပြောသလိုမျိုး စွမ်းအားကြီးမားသည့် ခွန်အားရှိသည်ကိုသူယုံကြည်ပါသည်။
သူတော်စင်လေးပါးထဲမှ တစ်ပါးအပါအဝင်ဖြစ်သည့် သူတော်စင်နတ်သမီး။ သူ့ခေတ်သူ့ခါတုန်းက သူမတို့က လူသားမျိုးနွယ်တို့တွင် ခွန်အားကြီးမားဆုံးသော စွမ်းအားကြီးမားဆုံးသော ပုံရိပ်များဖြစ်ခဲ့ဖူးပါသည်။
ထျန်းဟိုင်မြို့ကြီးကို နှစ်ခြမ်းကွဲ အောင်ခွဲခဲ့သောဓားချက်မှာ လုချောင်းချောင်းက သမာန်ကာရှံကာ ခုတ်ပိုင်းလိုက်သည့်ဓားချက်ဖြစ်မှန်းကို ကျန်းဖန်က ကောင်းကောင်းသိပါသည်။လုချောင်းချောင်းသာ အမှန်တကယ်တိုက်မည်ဆိုပါက သူ့တွင် သူမအားတားဆီးရန်အတွက်ခွန်အားမရှိကြောင်းကိုလဲ သူကသေချာသိပါပြီ။
ထိုအခိုက်တွင် လောကကြီးတစ်ခုလုံးက အက်ကွဲသံများနှင့် ပြည့်နှက်သွားပါသည်။ လူတိုင်း၏မျက်စိရှေ့မှာပင် နှစ်ခြမ်း ကွဲနေသော ထျန်းဟိုင်မြို့ကြီးက ဖြေးညှင်းစွာဖြင့် ပြန်လည်၍ ဆက်သွားခဲ့ပါ၏။ နှစ်ပိုင်းကွဲသွားသော လမ်းမကြီးကလည်း ဖြေးညှင်းစွာဖြင့် နှစ်ခုမှ တစ်ခုအဖြစ်သို့ ပြန်ပေါင်းလာခဲ့သည်။ ထို့နောက်တွင် အက်ကွဲရာဟူ၍ မရှိရအောင် မူလအတိုင်းပြန်လည်ဖြစ်သွားပါ၏။ နှစ်ခြမ်းကွဲသွားသော ကောင်းကင်ကြီးကလည်း ဖြေးညှင်းစွာဖြင့်ပြန်လည်ပေါင်းစပ်လာခဲ့ပါသည်။
အရာအားလုံးမှာ လုချောင်းချောင်းက ဓားကိုဆွဲထုတ်ပြီး မခုတ်ပိုင်းခင်တုန်းကအတိုင်း ဖြစ်သွားခဲ့ပါသည်။ ထိုအချိန်၌ ထျန်းဟိုင်မြို့၏ မြို့ဂိတ်တံခါးဝတွင်ရှိသော လေဟာနယ်မှာ ရုတ်တရက် ဟက်တက်ကွဲသွားပါသည်။
ထိုဟက်တက်ကွဲသွားသော လေဟာနယ်အတွင်းမှ ပုံရိပ်တစ်ခုကထွက်ပေါ်လာခဲ့ပါသည်။
“အဟွတ် အဟွတ် အဟွတ်”
ထိုပုံရိပ်ထွက်ပေါ်လာသည့်အခါတွင် ချောင်းဆိုးသံများကို ကြားရမည်ဖြစ်သည်။ ထိုသူ၏ပုံစံမှာ အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထား၏။ သူ၏အသက်မှာ ငါးဆယ် အရွယ်ခန့်ဖြစ်ပါသည်။ သို့သော် သူ၏နားထင်တွင်ရှိသော ဆံပင်များ က ဖြူဖွေးနေခဲ့၏။ သူ၏မျက်ခုံးများပင်လျှင် ဖြူဖွေးနေပါသည်။
တစ်ချက်ကြည့်လိုက်သည်နှင့် ထိုသူ၏ပုံစံမှာ နာမကျန်းဖြစ်နေသည့် သူတစ်ဦးနှင့် တူညီလှပါ၏။ ထိုသူကိုမြင်သောအခါတွင် အစောင့်စစ်သည်ရဲမက်များအားလုံးက ဒူးထောက်ချလိုက်ပါ၏။
“ မြို့အရှင်ကို ဂါရဝပြုပါတယ်” ထိုကဲ့သို့သော ပုံရိပ်ရှိသော ပုဂ္ဂိုလ်တစ်ဦး ပေါ်ထွက် လာမှုကြောင့် လူတိုင်း၏အာရုံကို ဆွဲဆောင်သွားခဲ့ပါ၏။
“ သူက စန်းယွမ်နယ်မြေ အရှင်သခင်လား” မီးခိုးရောင်ဝတ်စုံနှင့် လူငယ်လေးက မျက်ခုံးဖြူနှင့် လူအား ထိတ်လန့်တကြား နှင့် ကြည့်ရင် ပြောလိုက်ပါ၏။
“ ရူး..တိုးတိုး”
ထိုလူငယ်လေး၏ ဆရာသခင်က ထိုလူငယ်လေး၏ပါးစပ်အား ခပ်မြန်မြန်ပင် ပိတ်လိုက်ပါသည်။ ဒါပေမဲ့ သူရဲ့အကြည့်များကတော့ ကျန်းထျန်းယွမ်အပေါ်မှ မခွာပါ။ ကျန်းထျန်းယွမ်မှာ သူငယ်စဉ်အခါတုန်းက ပထမဦးဆုံးအကြိမ်တွေ့ခဲ့တုန်းကနဲ့အသက်လုံးဝမကြီးဘဲ ဖြစ်နေသောကြောင့် ပင်ဖြစ်သည်။
“ သူက လုံးဝကို အသက်မကြီးဘူးပဲ”
“ကျန်းထျန်းယွမ်”
လုချောင်းချောင်းက အသစ်ရောက်လာသော လူကို ကြည့်လိုက်ပါသည်။
“ အဟွတ် အဟွတ် အဟွတ်။ ကျုပ်တို့တွေ မတွေ့တာ နှစ်တော်တော်ကြာပြီပဲ။ ပြန်လာနိုင်တဲ့အတွက် ဂုဏ်ယူပါတယ်။ ဂုဏ်ပြုပါတယ်”
ကျန်းထျန်းယွမ်က လုချောင်းချောင်းကို ကြည့်ရင်း ခပ်ဖျော့ဖျော့ပြုံးလိုက်ပါ၏။
“ ဂုဏ်ပြုတာကို နောက်မှပဲ ထားလိုက်စမ်းပါ။ ငါတို့ရန်ငြိုးကို ငါတို့ခုထိ မချေရသေးဘူးနော်။ နင်မှတ်မိတယ်မလား”
လုချောင်းချောင်းက သူမ၏ဓားကို ကျန်းထျန်းယွမ်ရှိရာသို့ ချိန်ရွယ်လိုက်ပြီးပြောလိုက်ပါ၏။
လုချောင်းချောင်း၏လက်ဟန်အမူအရာကိုမြင်သည်နှင့် ကျန်းဖန်က ကျန်းထျန်းယွမ်၏ရှေ့ တွင် ဝင်ကာလိုက်ပါသည်။ သူ၏လက်ကို မြှောက်လိုက်သည့်အချိန်မှာပင် လုချောင်းချောင်း ၏ဓားမှာ မြေပြင်သို့ ပြန်စိုက်သွားခဲ့ပါ၏။
“ကိုယ်ပွားတစ်ခုကို အနိုင်ကျင့်နေလို့တော့ ဘာမှမထူးပါဘူး”
လုချောင်းချောင်းက ကျန်းထျန်းယွမ်ကို ကြည့်ရင်းပြောလိုက်ပါ၏။
“ ငါတို့မျှမျှတတပဲ တိုက်ကြမယ်”
“ အဟက်”
ကျန်းထျန်းယွမ်က ရယ်ပြီးပြောလိုက်ပါ၏။
“ငါက ကိုယ်ပွားတစ်ခုဖြစ်နေပေမဲ့ နင့်ရဲ့ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကလည်း အတိတ်တုန်းကလိုဟုတ်မနေဘူးလေ။ နင်ရဲ့ တစ်ကယ့်ခွန်အားရဲ့ ရှစ်ဆယ်ရာခိုင်နှုန်းလောက်ကိုပဲ အခု လက်ရှိခန္ဓာကိုယ်က ထုတ်နိုင်တယ်ဆိုရင်ကိုပဲ တော်တော်ကို အထင်ကြီးဖို့ကောင်းနေပြီ”
“ ဒီလက်ရှိခန္ဓာကိုယ်က နင့်ကို သတ်ဖို့အတွက် လုံလောက်တယ်” လုချောင်းချောင်းက ထိုသို့ပြောပြီး အနောက်သို့လှည့်ကာ ထွက်သွားခဲ့ပါ၏။
“အခုချိန်ကစပြီး နှစ်လအတွင်းမှာ ဝမ်ကျိတောင်ပေါ်မှာ ငါတို့ရဲ့ နောက်ဆုံး တိုက်ပွဲကို အဆုံးသတ်မယ်။ နင်မလာရဲဘူးဆိုလို့ရှိရင် နင့်ရဲ့ ထျန်းဟိုင်မြို့တစ်ခုလုံးကို နှစ်ပိုင်းဖြတ်ပစ်မယ်”
ထိုစကားပြောပြီးသည့်နောက်တွင် လုချောင်းချောင်း၏ ခန္ဓာကိုယ်တစ်ခုလုံး ကို ဘယ်ကမှန်းမသိသော မက်မွန်ပွင့်ချပ်များစွာ ရောက်လာခဲ့ပါ၏။ မက်မွန်ပွင့်ချပ် များက လုချောင်းချောင်း၏ခန္ဓာကိုယ်ကို ဖုံးအုပ်သွားပြီး လေအဝှေ့တွင် လုချောင်းချောင်းက ပျောက်ကွယ်သွားပါသည်။
သူမရှိနေခဲ့သောနေရာတွင် မက်မွန်ပွင့်ချပ် များသာ ပြန့်ကျဲလျက် ကျန်ရစ်ခဲ့ပါ၏။
ယခုအချိန်တွင်တော့ လောကကြီးတစ်ခုလုံးက ရပ်တန့်နေခဲ့ပါသည်။ အဘယ်ကြောင့်ဆိုသော် ဤသတင်းက လူတိုင်းကို အလွန်တရာ ထိတ်လန့်သွားစေခဲ့သောကြောင့်ပင်ဖြစ်၏။
သူတော်စင်လေးပါးထဲမှ တစ်ပါးဖြစ်သည့် လီရွှမ်းရှီက ပြန်ရောက်လာခဲ့ပြီတဲ့လား။ အဲဒါအပြင်ကိုမှ လီရွှမ်းရှီက စန်းယွမ်နယ်မြေသခင်ဖြစ်တဲ့ ကျန်းထျန်းယွမ်ကိုပါ စိန်ခေါ်သွားသေးတယ်။
ဒီသတင်းထက်ပိုပြီးတော့ ကြီးမားတဲ့ သတင်းက ရှိပါအုံးမလား။
“အဟွတ် အဟွတ် အဟွတ်”
ကျန်းထျန်းယွမ်၏ အကြည့်မှာ လုချောင်းချောင်း ပျောက်ကွယ်သွားသော နေရာ သို့သာ စိုက်ကြည့်နေခဲ့၏။ ထို့နောက်တွင် သူက ပြောလိုက်ပါသည်။
“ သူမက ပြောင်းလဲသွားပြီပဲ။ အဖြူအနက် ရှေးဟောင်းတားမြစ်နယ်မြေထဲမှာ တွေ့ခဲ့တဲ့ ကျောက်စာတိုင်ကို ငါတစ်ယောက်ထဲ မြင်ခဲ့တယ်လို့ထင်တာ ။ လက်စသတ်တော့ သူပါမြင်ခဲ့တာကို”
ထိုသို့ပြောပြီးနောက်တွင် ကျန်းထျန်းယွမ်က ကျန်းဖန်အားတစ်ချက်ကြည့်လိုက်၏။
ထို့နောက်တွင်တော့သူက မြို့တံခါးတွင်းသို့ဝင်ကာ ပျောက်ကွယ်သွားခဲ့ပါသည်။