← Chapters

အခန်း (၃၂၉)

Vol. 28 Ch. 329

အခန်း (၃၂၉)

Vol. 28 Ch. 329

စန်းယွမ်နယ်မြေကြီးသို့ လီရွှမ်းရှီပြန်ရောက်လာခြင်း သတင်းက လောကကြီးတစ်ခုလုံးကို နောက်တစ်နေ့တွင် အရှိန်အဟုန်နှင့် ပျံ့နှံ့သွားခဲ့ပါသည်။

တစ္ဆေမျိုးနွယ်များ၏နေရာဖြစ်သော တိမ်ကန္တာရလွင်ပြင်အထိပင် သတင်းရောက်ရှိသွားသောကြောင့် တစ္ဆေမျိုးနွယ်ဝင် စွမ်းအားကြီးပုဂ္ဂိုလ်များကလည်း ထိုသတင်းကြောင့် ထိတ်လန့်သွားခဲ့ပါ၏။

သူမက လူသားမျိုးနွယ်၏ သူတော်စင်လေးပါးမှ တစ်ပါးဖြစ်သော လီရွှမ်းရှီပင်ဖြစ်သည်။ သူမ၏လက်ထဲတွင်ရှိသော ကောင်းကင်နတ်သမီး ဓားသွားနဲ့အတူ သူမကရှုံးနိမ့်ခြင်းကို မကြားဖူးသည့်လူပင်ဖြစ်ပါသည်။

သူမသည် တစ်ခေတ်တစ်ခါတုန်းက စွမ်းအားအင်မတန်ကြီးမားသည့် ဓားအင်မော်တယ်နတ်သမီးတစ်ပါးဖြစ်ပါ၏။

နောက်ပိုင်းတွင်တော့ ကောလဟာလများအရ လူသားမျိုးနွယ်၏ သူတော်စင်လေးပါးက ပူးပေါင်းပြီးတော့ အဖြူအနက်တားမြစ်နယ်မြေထဲသို့ ဝင်ရောက်ခဲ့ပါသည်။ ထိုတားမြစ်နယ်မြေ၏ လျှို့ဝှက်ချက်များ ဖုံးကွယ်မှုများကို သူတို့ကသိလိုကြသည်တဲ့။

နောက်ဆုံးမှာတော့ လျှို့ဝှက်နယ်မြေထဲတွင် သူတော်စင်သုံးပါးက ဆုံးပါးခဲ့၏။ ကျန်းထျန်းယွမ်တစ်ယောက်တည်းသာ အသက်ရှင်လျက်ပြန်ထွက်လာနိုင်ခဲ့ပါသည်။ ထိုအချိန်ကာလတုန်းက လူသားမျိုးနွယ်တွင် အုတ်အော်သောင်းနင်းဖြစ်ပြီး ကပ်ဘေးကြီးတစ်ခုစိုက်ဝင်ခဲ့သည့်အလားဖြစ်ခဲ့ပါ၏။

ထိုအချိန်တုန်းက သေဆုံးခဲ့ပြီဟု လူအများကထင်ယူခဲ့သော လီရွှမ်းရှီက ယခုလိုမျိုးပြန်ရောက်လာမယ်လို့ ဘယ်သူကထင်မိမှာလဲ။ တကယ်ကို ယုံနိုင်စရာမရှိတဲ့ သတင်းပင်ဖြစ်သည်။ ထိုသတင်းက လောကကြီးတစ်ခုလုံးတွင်ရှိသော တံခါးပိတ်ကျင့်ကြံနေသည့် စွမ်းအားကြီးပုဂ္ဂိုလ်များအားလုံးကို ထိတ်လန့်သွားစေခဲ့ပါ၏။

လီချန်ချင်းက ထိုသတင်းကို ကြားသည့်အခါတွင် သူကိုယ်တိုင်ပင်လျှင် အံ့ဩသင့်ခဲ့ပါသည်။ လီရွှမ်းရှီက ကျန်းထျန်းယွမ်ဆီသို့ လာကာစိန်ခေါ်လိမ့်မည်ဟု သူကမမျှော်လင့်ထားခဲ့မိပါ။

ဒါပေါ့။ လီရွှမ်းရှီက ဘယ်သူလဲဆိုတာကို လီချန်ချင်းက သိပြီးသားဖြစ်၏။ သူမက လုချောင်းချောင်း၏ အတိတ်ဘဝကပင်ဖြစ်ပါသည်။ ထိုသတင်းစကားကို လောရှောင်ချွမ်က သူ့အားပြောပြခဲ့ခြင်းဖြစ်ပါ၏။

ထိုအချိန်တုန်းက လောရှောင်ချွမ်က လုချောင်းချောင်းက လီဟမ်ရှန်းကို သတ်မည်ကိုခွင့်ပြုသည့်အနေနှင့် လီချန်ချင်းအားတားမြစ် ပိတ်ဆို့ခဲ့သည့်အချိန်ကာလဖြစ်ပါသည်။

လီချန်ချင်းအား တားမြစ်ခဲ့သည့်အချိန်တုန်းက လီရွှမ်းရှီမှာ လုချောင်းချောင်း၏ အရင်ဘဝဖြစ်သည်ကို လောရှောင်ချွမ်က သူ့အားပြောပြခဲ့ခြင်းဖြစ်ပါသည်။ ထိုပြောပြနေသည့်အချိန်တွင် လုချောင်းချောင်းက လီဟမ်ရှန်း၏နှလုံးသားကိုထိုးဖောက်ပြီး ဂိတ်တံခါးကို ဖွင့်ရန်အတွက် ဝိဉာဉ်ကိုစုဆောင်းနေသည့်အချိန်ပင်ဖြစ်ပါ၏။

လောရှောင်ချွမ်၏အစီအစဉ်မှာ လီရွှမ်းရှီကို စွမ်းအားပြန်ရပြီး စန်းယွမ်နယ်မြေသခင် ကျန်းထန်းယွမ်အား တိုက်ခိုက်စေပြီး အားနည်းစေလိုသည့် အစီအစဉ်ပင်ဖြစ်၏။

လောရှောင်ချွမ်က တစ်ချိန်တုန်းကပြောခဲ့ဖူးပါသည်။ ကံကြမ္မာက ကြိုတင်စီစဉ်ပြီးသားအရာများဖြစ်၏။ ထို့ကြောင့် ကျန်းထန်းယွမ်မှာ စန်းယွမ်နယ်မြေသခင်အဖြစ် အချိန် ကာလအကြာကြီးဖြင့် အုပ်စိုးရမည်ဟု ကောင်းကင်နယ်မြေကြီးက သတ်မှတ်ထားသည့် ပုံစံရှိပါ၏။

ယခုလောရှောင်ချွမ်ကလည်း မြေလျှောက်အင်မော်တယ်ကဲ့သို့သော စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး ဖြစ်လာသည့်ကြောင့် သူက ကံကြမ္မာကို ပြောင်းလဲ၍ရမရကို သူကိုယ်တိုင်မြင်ချင်ပုံရပါသည်။ ကောင်းကင်နှင့်မြေကြီးက သတ်မှတ်ထားသည့် ရွေးချယ်ခံထားရသည့်ပုဂ္ဂိုလ်ဖြစ်သည့် ကျန်းထန်းယွမ်မှာ သူတစ်ဦးတည်းကပဲ စန်းယွမ်နယ်မြေအရှင်သခင်ဖြစ်ရမည် ဟူသော သတ်မှတ်ချက်ကို ပြောင်းလဲ၍ ရ၊မရကို သူသိချင်ပါ၏။ 

ကျန်းထန်းယွမ်အပြင်တစ်ခြားတစ်ယောက်ကရော စန်းယွမ်နယ်မြေအရှင်သခင် မဖြစ်ရဘူးလား။ သူက ထိုသတ်မှတ်ထားသည့် ကံကြမ္မာကို ပြောင်းလဲကြည့်လိုချင်ပါသည်။

လောရှောင်ချွမ်းက ကျန်သည့်စကားများကို ဆက်လက်၍မပြောသည့်တိုင် လီချန်ချင်းက ခန့်မှန်းမိပါ၏။ လောရှောင်ချွမ်းမှာ ကျန်းထျန်းယွမ်၏ နေရာဖြစ်‌သော စန်းယွမ်နယ်မြေအရှင်သခင်နေရာကို မှန်းနေပုံရပါ၏။

ထို့ကြောင့် လောရှောင်ချွမ်းက လီရွှမ်းရှီနဲ့ ကျန်းထန်းယွမ်နှစ်ယောက် တိုက်ခိုက်ခြင်းကို တိတ်တဆိတ်ပွဲထိုင်ကြည့်လိုသည့် သဘောရှိပါသည်။

ဘယ်သူပဲနိုင်နိုင်ရှုံး လောရှောင်ချွမ်းအတွက် အကျိုးအမြတ်ရသည်ချည်းပဲ ဖြစ်ပါသည်။

လောရှောင်ချွမ်တွင် မြောက်များစွာသောအစီအစဉ်များစွာ သူ့တွင်ရှိနေမည်မှာ အသေအချာပင်ဖြစ်ပါ၏။ လူသားမျိုးနွယ်၏ သူတော်စင်လေးပါးထဲမှ တစ်ပါးဖြစ်သော လီရွှမ်းရှီအား ကျားစေ့တစ်ခုအဖြစ်အသုံးချနိုင်သည့် လောရှောင်ချွမ်း၏အစီအစဉ်ကို လီချန်ချင်းက မလေးစားပဲမနေနိုင်ပါ။

စစချင်းတုန်းက ထိုပြဿနာများ ထိုကိစ္စများအားလုံးက သူနဲ့မသက်ဆိုင်သောကြောင့် သူက လောရှောင်ချွမ်းနဲ့ မပူးပေါင်းလိုပါ။ ဒါပေမဲ့ လောရှောင်ချွမ်းက လီချန်ချင်းအား စကားတစ်ခွန်းပြောခဲ့ပါ၏။

လီချန်ချင်းကို ကျားစေ့ကဲ့သို့ ထိန်းချုပ်ကာ အစီအစဉ်အကွက်ချခဲ့သည့်သူမှာ ဤတိုက်ပွဲအပြီးတွင် ထွက်ပေါ်လာမည်ဟူသော စကားပင်ဖြစ်သည်။ ထိုစကားက လီချန်ချင်း၏နှလုံးသားကို လှုပ်ရှားစေခဲ့မိပါသည်။ သူက ကျားစေ့တစ်စေ့ဖြစ်နေတယ်ဆိုရင် သူ့ကိုလွှမ်းမိုးပြီးတော့ ထိန်းချုပ်နေတဲ့လူက ဘယ်သူဖြစ်မလဲ။

ထိုသိလိုသောစိတ်နဲ့ လီချန်ချင်းက လောရှောင်ချွမ်းနဲ့အတူ ပူးပေါင်းရန်အတွက် ဆုံးဖြတ်ချက်ချခဲ့ပါသည်။ သူတို့နှစ်ဦးပူးပေါင်းပြီးလုပ်ဆောင်ရမည့်ကိစ္စနဲ့ပတ်သက်သည့် အချက်အလက်များကိုတော့ လောရှောင်ချွမ်းက လီချန်ချင်းအား မပြောပြခဲ့သေးပါ။

လောလောဆယ်တော့ လီချန်ချင်းက သူ့အား အစီအစဉ်အကွက်ချပြီးတော့ ထိန်းချုပ်နေသည့်လူက ဘယ်သူလဲဆိုတာကို တိတ်တဆိတ်စောင့်နေရုံသာ တတ်နိုင်ပါသည်။ ထိုတိုက်ပွဲနဲ့ ပတ်သက်ပြီးတော့ သွားကြည့်ရန် သင့် မသင့်ကိုတော့ လီချန်ချင်းက တွေးနေခဲ့ပါ၏။ ထို့အပြင် သားဖြစ်သူ လီဟမ်ရှန်းကလည်း ထိုသတင်းကိုကြားပြီး မည်ကဲ့သို့ဆုံးဖြတ်မည်ဆိုပါ သူကသိချင်နေခဲ့၏။  

အခုလက်ရှိတွင်တော့ သူ့သား၏နှလုံးသားထဲတွင် လုချောင်းချောင်းက ဘယ်နေရာမှာ ရှိနေမလဲဆိုတာကို သူသိပ်သိချင်နေခဲ့ပါ၏။ သားဖြစ်သူ၏ စိတ်ခံစားချက်များမှာ လွန်စွာရှုပ်ထွေးနေလောက်သည်ဟု လီချန်ချင်းက ခံစားခဲ့ရပါသည်။

ကုန်လွန်ခဲ့သော နှစ်ရက်အတွင်း လီချန်ချင်းက ချင်းအိမ်တော်သို့ နေ့တိုင်းသွားပြီး ယင်ချင်းအား ကိုယ်ကာယလေ့ကျင့်ခန်းကို တစ်ရက်နှစ်ကြိမ်ခန့် လေ့ကျင့်စေခိုင်းခဲ့ပါသည်။ ထိုလေ့ကျင့်ခန်းများကို အစောင့်အကြပ်များက ယင်ဖန်းချီအား တိတ်တဆိတ် သတင်းပို့ပြီးနောက်တွင် ဧကရာဇ်ဖြစ်သည့် ယင်ဖန်းချီကိုယ်တိုင်ပင်လျှင် စိတ်ဝင်စားပြီး ချင်းအိမ်တော်သို့ကြွလာကာ ကိုယ်တိုင်လာကြည့်ခဲ့ပါ၏။

ကြည့်ရှုပြီးသည့်နောက်တွင် ထိုလေ့ကျင့်ခန်းမှာ သိုင်းမကျင့်ကြံနိုင်သော သာမန်စစ်သည်များ၏ ခန္ဓာကိုယ်ကို ကြံ့ခိုင်စေသည်ကို သူကသိခဲ့ပါ၏။ ထိုလေ့ကျင့်ခန်းကို စစ်တပ်ထဲ၌ထည့်သွင်းကာ လေ့ကျင့်စေခိုင်းမည်ဆိုလျှင် နိုင်ငံ့စစ်တပ်မှ လွန်စွာမှပင်စွမ်းအားကြီးလာမည်ကို သူကသိခဲ့ပါသည်။ သာမန်လူများကပါ အသာလေးကျင့်ကြံနိုင်ခြင်းက ထိုလေ့ကျင့်နည်း၏ အားသာချက်ပင်ဖြစ်၏။

ထို့ကြောင့် ယင်ဖန်းချီက လီချန်ချင်းနဲ့ ခပ်မြန်မြန်ပင်ဆွေးနွေးပြီး ထိုလေ့ကျင့်ခန်းကို စစ်တပ်ထဲတွင် အသုံးပြု၍ ရ မရကို မေးမြန်းခဲ့ပါသည်။ လီချန်ချင်းက ထိုကဲ့သို့အရာအတွက် စိတ်မရှိပါချေ။ ဒါပေမဲ့ လီချန်ချင်းက ယင်ဖန်းချီအား လောကတွင် အလကားစားရသည့် ထမင်းတစ်နပ်ဆိုတာ မရှိသည်ဆိုသည့်အကြောင်းအရာကို သိစေလိုခဲ့ပါသည်။

ထို့ကြောင့် လီချန်ချင်းက ဒီလေ့ကျင့်ခန်းကို အလကားမရနိုင်ဆိုသည့်အကြောင်းကို စကားထဲ၌ ညှပ်ပြီးအရိပ်အယောင်ပြကာ ယင်ဖန်းချီအားပြောခဲ့ပါ၏။ ယင်ဖန်းချီကလည်း စိတ်ထဲမှာ ဝေခွဲရခက်စွာဖြင့် ပြန်သွားခဲ့ပါ၏။

သိပ်မကြာခင်မှာပင် ယင်ဖန်းချီက လီချန်ချင်းအား ငွေတုံးတစ်မီလီယံခန့်ကို ပေးအပ်ခဲ့ပါသည်။ ထို့ကြောင့်က လီချန်ချင်းက သူ၏စဉ်းစားဆင်ခြင်နိုင်စွမ်းကို ဆန့်ကျင်ပြီး ထိုလေ့ကျင့်ခန်းကို ယင်ဖန်းချီ၏စစ်တပ်၌ အသုံးပြုရန်အတွက် ခွင့်ပြုပေးခဲ့ပါ၏။ လီချန်ချင်းသည် ယခုလက်ရှိ၌ ငွေကြေးမလိုအပ်နေသည့်တိုင် နောက်ထပ်ငွေ တစ်မီလီယံက အလကားသက်သက် သူ့ဆီရောက်လာသည်ကို သူကမငြင်းဆန်ခဲ့ပါချေ။

ချန်းချင်းကုန်သွယ်ရေးလုပ်ငန်းမှ လစဉ်သူ့အားပေးနေသော ငွေများနဲ့ပေါင်းလိုက်လျှင် လီချန်ချင်းက သူ၏ဘဏ်အကောင့်ထဲတွင် ငွေမည်မျှရှိသည်ကို သူမမှတ်မိနိုင်တော့ပါချေ။ ယခုအချိန်တွင်တော့ လီချန်ချင်းက ငွေကြေးပမာဏမှာ ချမ်းသာပြီး အတိုင်းအတာတစ်ခုအထိရောက်လာလျှင် ငွေကြေးများမှာ ကိန်းဂဏန်းနံပါတ်များထက်မပိုတော့ဟု သူကခံစားမိပါသည်။

ယင်ချင်းကလဲ လီချန်ချင်းသင်ကြားပေးသော အတွက်အချက်နဲ့ အဆင့်မြင့်သင်္ချာကို လွန်စွာစိတ်ဝင်စားခဲ့ပါ၏။ လီချန်ချင်းက သူမအား အရင်ဦးဆုံးနံပါတ်များကို စတင်၍ရေတွက်ခြင်းမှ သင်ကြားပေးခဲ့ပါသည်။ ယင်ချင်းမှာ ဉာဏ်ရည်ထက်မြက်ပြီး မြန်မြန်ပင်သင်လွယ်တတ်လွယ်ပါ၏။

မနက်ပိုင်းတွင် စာသင်ကြားပြီးသည့်အခါတွင် နေ့လယ်ခင်း၌ လီချန်ချင်းက လုပ်စရာမရှိတော့သောကြောင့် သူ၏ချန်ချင်းစံအိမ်တော်သို့ ပြန်လာခဲ့ပြီး ပန်းပုများကို စိတ်ရှည်လက်ရှည်နဲ့ ထုနေခဲ့ပါသည်။ လီချန်ချင်းက လွန်စွာစွမ်းအားကြီးမားသော ပန်းချီရတနာများကို ထုလုပ်ပြီး

သူ၏ခွန်အားကို တိုးတက်ရန်အတွက် ကြံဆောင်ထားပါ၏။ သူက လူသားပုံစံ ပန်းချီရတနာများကို ထုလုပ်ရုံသာမကဘဲ သူထုလုပ်သည့် ပန်းချီရတနာများထံမှ ဉာဏ်အလင်းပွင့်နိုင်မလားဟုပင် သူကစမ်းကြည့်ခဲ့ပါသည်။

အချိန်အတော်ကြာအောင် စမ်းကြည့်ပြီးသည့်နောက်တွင် ထိုကဲ့သို့စမ်းသပ်မှုမှာ အသုံးမဝင်ကြောင်းကို လီချန်ချင်းက ကိုယ်တိုင်သိခဲ့ရပါ၏။ အဘယ်ကြောင့်ဆိုသော် သူထုလုပ်ထားခဲ့သည့် ပန်းချီရတနာများမှ သူကိုယ်တိုင်ဉာဏ်အလင်းပွင့်ရာမှာ လုံးဝမဖြစ်နိုင်ပေ။ လီချန်ချင်းက ထိုကဲ့သို့သောစမ်းသပ်မှုမှာ အနည်းငယ်ပင် ရယ်စရာကောင်းသည်ဟု တွေးခဲ့မိပါသည်။

ဒါပေမဲ့ လီချန်ချင်းက စိတ်ဓာတ်မကျသွားပါ။ စိတ်ဓာတ်မကျသွားဘဲနဲ့ သူကဆက်လက်၍ ပန်းပုထုခဲ့ပါ၏။ သူက သူ့ပန်းပုရုပ်များကို အသုံးပြု၍မရသည့်တိုင် အခြားလူများက သူ့ပန်းပုရုပ်များကို အသုံးပြုနိုင်မည် မဟုတ်ပါ့လား။ သူ၏ကိုယ်ပိုင်ခွန်အားတစ်ခုတည်းသာ အသုံးပြုပြီးဆောင်ရွက်လျှင် ဤလောကကြီး၏ အရှုပ်အထွေးများတွင် သူက ထိထိရောက်ရောက် ဝင်ပါနိုင်မည်မဟုတ်ပါ။

ထို့ကြောင့် သူ၏မဟာမိတ်များ၏ စွမ်းအားများကို ပါတိုးတက်အောင်အတွက် ကြံဆောင်နေခြင်းဖြစ်ပါသည်‌။

“ငါ့ကို ကျားစေ့အဖြစ်နဲ့ အသုံးချချင်နေတာ ဘယ်ကောင်လဲကွ။ ကြိုးစားကြည့်လိုက်စမ်း။ ကြိုးစားကြည့်လိုက်စမ်း”

လီချန်ချင်းက ဒေါသထွက်နေခဲ့ပါသည်။ သူက မည်သူ့ကိုမျှ ရန်မစဘဲနဲ့ သိုသိပ်စွာဖြင့်နေထိုင်ခဲ့ပါ၏။ အဲ့တာကိုတောင်မှ သူ၏လှုပ်ရှားမှုများကို တွက်ချက်အစီအစဉ်ချပြီးတော့ သူ့ကိုအရုပ်တစ်ရုပ်လိုမျိုး ကစားနေသည့် သူက နောက်ကွယ်၌ရှိနေသည် မဟုတ်ပါ့လား။

အရုပ်တစ်ရုပ်ပင်လျှင် ဒေါသရှိပါသေး၏။

သူ၏ကိုယ်ပိုင်ခွန်အားက မလုံလောက်ပါက ရတနာများစွာကို အသုံးပြုပြီးလုံလောက်အောင် လုပ်မည်ဟု လီချန်ချင်းက တွေးထားပါသည်။

မနေ့ကတုန်းက လီချန်ချင်းထံသို့ စာတစ်စောင်ရောက်လာခဲ့ပါ၏။ စာရေးသားပေးပို့သူမှာ ရွှယ်ချန်းပိုင်ဖြစ်ပါသည်။ စာထဲတွင် ရွှယ်ချန်းပိုင်က ချန်းချင်းကုန်သွယ်ရေးလုပ်ငန်းသို့သွားပြီး လီချန်ချင်းအား ရှာခဲ့သည်ဟု ဖော်ပြထားပါ၏။

လီချန်ချင်းက ချန်းရှင်းကုန်သွယ်ရေးလုပ်ငန်း၌မရှိဘဲ မြောက်ပိုင်းအေးခဲနိုင်ငံသို့ ထွက်သွားသည်ဆိုသော သတင်းကို ကြားသောကြောင့် ရွှယ်ချန်းပိုင်က စာလှမ်းရေးကာ သတင်းလှမ်းမေးခြင်းပင်ဖြစ်ပါသည်။

ထိုအပြင်စာထဲ၌ ရွှယ်ချန်းပိုင်က လီချန်ချင်းအား ဆုမိသားစုနှင့် ကွမ်လမ်နန်းတော်တို့၏ ဒေါသအကြောင်းကိုဖော်ပြခဲ့ပါ၏။

ဆုကျန်းက ထျန်းဟိုင်မြို့၏ သတင်းအချက်အလက်များ စုဆောင်းရေးနန်းတော်ဖြစ်သည့်နေရာမှ အချက်အလက်များကို ဝယ်ယူပြီး လုရှီရန် ဘယ်မှာရှိလဲဆိုတာကို စုံစမ်းနေသည်ဟုရေးထားပါသည်။ ထိုအချက်အလက်သာ စုကျန်းရသွားပါက လီဟမ်ရှန်းအတွက် ဒုက္ခအကြီးအကျယ်ရောက်မည်ဖြစ်၏။

ထိုအကြောင်းအရာကို ရွှယ်ချန်းပိုင်ကသိသောကြောင့် လီချန်ချင်းအား ဂရုစိုက်ရန်အတွက် လှမ်းသတိပေးခြင်းပင်ဖြစ်သည်။

“ဆုမိသားစုက လုရှီရန်ကိုရှာမှာပဲ”

လီချန်ချင်းက စာဖတ်ပြီးနောက်တွင် တလေးတနက်တွေးလိုက်ပါ၏။

All Chapters