← Chapters

သူ ငါ့ကို ကယ်တင်ခဲ့တာ....

Vol. 11 Ch. 151

သူ ငါ့ကို ကယ်တင်ခဲ့တာ....

Vol. 11 Ch. 151

ကျန့်ယင်း ထွက်သွားပြီးနောက် ပိုင်ချီ သည် အံ့သြစွာဖြင့် .....

"ကျန်းလော့နဲ့ နတ်ဆိုးသခင်က ဘယ်လိုဒုက္ခပေးရမလဲ သေချာသိကြသားပဲ.... သူတို့ရဲ့ ကျင့်ကြံရေးနည်းစနစ်ကြောင့် လိုက်ဖမ်းခံရတာလား.....ရိုးရိုးသားသားပြောရရင် ကျွန်မတောင် အဲ့နည်းစနစ်ကိုစိတ်ဝင်စားတယ်...”

ကျန်းချန်ရှန်း မတ်တပ်ထရပ်ပြီး အညောင်းဆန့်လိုက်ကာ... “အဲ့ဒီ နည်းစနစ်က အန္တရာယ်ကင်းပုံပေါက်ပေမယ့် ထိရောက်မှုသိပ်မရှိဘူး.... စကြဝဠာနယ်ပယ်မတိုင်ခင်အထိတော့ အဆင်ပြေပေမယ့် စကြဝဠာ နယ်ပယ်ကို ရောက်ပြီးရင် လူတစ်ယောက်ရဲ့ ခွန်အားတိုးပွားလာမှု အလွန်နှေးကွေးသွားလိမ့်မယ်.....”

သူသည် နတ်ဆိုးသခင်နှင့် ကျန်းလော့၏ အမွှေးတိုင်အရေအတွက်ကို စမ်းသပ်ခဲ့ပြီး တိုးလာသည်မှာ မြန်ဆန်လွန်းလှသည်။ နတ်ဆိုးသခင်၏ အမွှေးတိုင်အရေအတွက် တ်ိုးတက်နှုန်းအရဆို ကောင်းကင်နယ်ပယ်သို့ မရောက်ရှိမီ နောက်ထပ် အနှစ်နှစ်ဆယ်မှ သုံးဆယ်အထိ စောင့်ရမည်ဟု ခန့်မှန်းခဲ့သည်။ ဤသည်မှာ ဤတိုက်ကြီးရှိ သိုင်းပညာပတ်ဝန်းကျင်နှင့် ဆက်စပ်နေပေမည်။

ဒီလိုအမြန်နှုန်းက သိုင်းပညာရှင်အများစုအတွက် အရမ်းမြန်နေပေမယ့် ကျန်းချန်ရှန်းအတွက်တော့ မလုံလောက်နိုင်သေးပေ။

လုံချီ ဘုရားကျောင်းရဲ့ တပည့်တွေကို ဤနည်းစနစ်မျိုး မသင်ယူစေချင်ပေ။ဤနည်းစနစ်သည် လမ်းမှားရောက်ဖို့ လွယ်ကူလွန်းပြီး လုံချီ ဘုရားကျောင်းအတွက် ဘေးဥပဒ်များကို မလွဲမသွေ ချန်ထားခဲ့မည်ဖြစ်သည်။ လုံချီ ဘုရားကျောင်း၏ တပည့်များ အချင်းချင်း သတ်ဖြတ်ခြင်း သို့မဟုတ် လုံချီ ဘုရားကျောင်း၏ တပည့်များသည် သိုင်းပညာရပ်များကို ထိခိုက်စေသည့် အမွှေးနံ့သာ ပူဇော်သက္ကာများ၏ ကြီးထွားမှုကို နှေးကွေးစေမည့် မမြင်ချင်ပါ။

လုံချီ ဘုရားကျောင်းမှ တပည့်များအနေဖြင့် ကံတရားကြောင့်သာ ဤနည်းစနစ်ကို ရရှိခဲ့လျှင် တားဆီးနေမည်မဟုတ်ပေ။ လူတိုင်းမှာ ကံကြမ္မာကိုယ်စီရှိကြပေမယ့် လုံချီ ဘုရားကျောင်းရဲ့ တပည့်တွေအတွက် ဒီလို သိုင်းပညာတွေကို ကိုယ်တိုင်စုဆောင်းပေမည်တော့မဟုတ်ပေ။

ထိုသို့သော သိုင်းပညာမျိုးက အန္တရာယ်ကင်းရန် မဖြစ်နိုင်ပေ။ ချို့ယွင်းချက်ရှိသည်ဖြစ်သောကြောင့် သူတို့၏နယ်ပယ် တိုးလာသည်နှင့်အမျှ ၎င်းတို့သည် မကြာမီ သို့မဟုတ် နောက်ပိုင်းတွင် တိုးတက်မှုနှေးကွေးလာမည်ဖြစ်သည်။ ပိုင်ချီက သက်ပြင်းချလိုက်ပြီး.....

“စကြဝဠာနယ်ပယ်က အတော်ဆွဲဆောင်မှုရှိတယ်.....”

ကျန်းချန်ရှန်းက သူ့ကို တစ်ချက်ကြည့်လိုက်ပြီး.... "မင်း ဒီကျင့်စဉ်ကို သင်ယူနိုင်မလားဆိုတာ သိဖို့ တောင်ပေါ်ကိုဆင်းပြီး နတ်ဆိုးသခင်ကို ရှာချင်တာလား..."

ပိုင်ချီက အသည်းအသန် ခေါင်းယမ်းလိုက်ပြီး ကျန်းချန်ရှန်းခြေထောက်ကို ခေါင်းခွေ့ကာ....

"ဆရာတော့်နောက်ကိုပဲ တသက်လုံး လိုက်မှာပါ......"

ကျန်းချန်ရှန်းက တဖက်လှည့်ပြီး မြေဝိညာဉ်သစ်ပင်ပေါ်သို့ ခုန်တက်လိုက်သည်။

ဓားနတ်ဘုရားကတော့ ဘာတခွန်းမှဝင်မပြောခဲ့ပေ။ သူသည် တံစက်မြိတ်ပေါ်တွင် ထိုင်ကာ တခုခုကို အသည်းအသန်စဉ်းစားနေသည်။

ဝုန်းးးးးး ဝုန်းးးးးးး

တောင်တွေ ပြိုပြီး မြေငလျင်လှုပ်ခတ်နေသဖြင့် ဖုန်မှုန့်တွေ လွင့်ပျံနေသည်။

သိုင်းပညာရှင် တစ်ရာကျော်သည် နတ်ဆိုးသားရဒတစ်ကောင်ကို ဝိုင်းရံကာ တိုက်ခိုက်နေကြပြီး ကြီးမားသော နတ်ဆိုးသားရဲကြီးပေါ်သို့ တိုက်ခိုက်မှုများ တလစပ်ကျရောက်နေသည်။

ဧရာမနတ်ဆိုးသားရဲသည် မျက်ခုံးနက် နတ်ဆိုးဘုရင်ဖြစ်သည်။ သူ့တွင် နွားနှင့်တူသော ကိုယ်လုံးကိုယ်ပေါက်ရှိပြီး ဦးခေါင်းနှစ်လုံးနှင့် အလွန်ရှည်လျားသော လည်ပင်းနှစ်ခုရှိသည်။ဉီးခေါင်းနှစ်ခုအနက် တစ်ခုက နွားဉီးခေါင်းဖြစ်ပြီး နောက်တစ်ခုက လူဉီးခေါင်းဖြစ်သည်။ လူ၏ဦးခေါင်းသည် အဘိုးကြီးတစ်ယောက်နှင့်တူပြီး သူ၏မျက်ခုံးများက ဝါညစ်ညစ်အရောင်ရှိသည်။ သူ့နောက်ကျောမှာ နက်ပြာရောင်မွှေးတွေဖုံးလွှမ်းနေသော တောင်ပံတစ်စုံရှိနေ၏။ ခြေလက်လေးဖက်ကို လှုပ်ရှားလိုက်ရုံနှင့် တောင်စောင်းတွေ ပြိုကျပြီး သစ်တောများ ပျက်စီးကုန်သည်။

သူတော်စင်စံအိမ်မှ တပည့် ၁၅၀ ကျော်က မျက်ခုံးနက်သားရဲကြီးကို ဝိုင်းရံထားသည်။ ၎င်းတို့အားလုံးတွင် သားရဲကြီး၏ တိုက်ခိုက်မှုများကို လျင်မြန်စွာ ရှောင်လွှဲနိုင်သော ပြောင်မြောက်သော လှုပ်ရှားမှုနည်းစနစ်ကိုယ်စီ ရှိကြသည်။

မျက်ခုံးနက် နတ်ဆိုးသားရဲဘုရင်က အတောင်ပံခတ်သံနှင့်အတူ ကောင်းကင်တွင်လှည့်ပတ်ပျံဝဲနေသည်။ နွားခေါင်းသည် ပါးစပ်ကိုဖွင့်၍ တောက်လောင်နေသော မီးတောက်များကို ထွေးထုတ်လိုက်သည့်အခါ သူတော်စင်စံအိမ်မှတပည့်များသည် ခုခံရန်အတားအဆီးတစ်ခုပြုလုပ်ရန် ၎င်းတို့၏စစ်မှန်သောချီကို ပေါင်းစည်းနေရင်း တုန်လှုပ်သွားကြသည်။

မုလင်းလော့လည်း အလားတူပင်... သူမသည် ညာလက်တွင် ကျောက်စိမ်းဓားဖြူတစ်လက်ကို ကိုင်ထားပြီး မာနကြီးသော မျက်ခုံးနက် နတ်ဆိုးဘုရင်ကို မော့ကြည့်လိုက်သည်။

“သန်မာလိုက်တာ … "

မုလင်းလော့က စိတ်လှုပ်ရှားစွာဖြင့် ရေရွတ်လိုက်သည်။

ဤနတ်ဆိုးသားရဲသည် အားကောင်းပြီး လျင်မြန်သည်။ ဤမျှ အစွမ်းထက်သော နတ်ဆိုးတစ်ကောင်ကို သူမ ပထမဆုံးအကြိမ် ကြုံဖူးခြင်းဖြစ်သည်။

မျက်ခုံးနက် နတ်ဆိုးသားရဲကို ထိန်းချုပ်ရန် အဓိက တာဝန်ရှိသော သိုင်းပညာ ပညာရှင်များအားလုံးသည် ရွှေခန္ဓာနယ်ပယ်တွင် ရှိနေကြသည်။ သူတို့အားလုံးသည် လက်ထဲတွင် လက်နက်များကိုင်ဆောင်ကာ သားရဲကြီးဆီသ်ို့ မကြောက်မရွံ့ ပြေးသွားကာ အစစ်အမှန်နတ်ဘုရားနယ်ပယ်များက ၎င်းတို့၏ စစ်မှန်သောချီများဖြင့် အဝေးမှ တိုက်ခိုက်နေကြသည်။

ဒါပေမယ့် အစစ်အမှန်နတ်ဘုရားနယ်ပယ်များထဲတွင် ထူးခြားသောသူ တစ်ယောက်ရှိနေသည်။ဤသည်မှာ လင်းဟောင်ထျန်း ဖြစ်သည်။

လင်းဟောင်ထျန်းသည် ဓားတိုတစ်လက်ကို ကိုင်ဆောင်ကာ မျက်ခုံးနက် နတ်ဆိုးဘုရင်ကို အနီးကပ် တိုက်ခိုက်ရန် ရွှေခန္ဓာနယ်ပယ် ကျွမ်းကျင်သူများနှင့် ပူးပေါင်းခဲ့သည်။

တိုက်ပွဲက အချိန်အတော်ကြာနေပြီဖြစ်သည်။ တပည့်များစွာ ဒဏ်ရာရရှိခဲ့သော်လည်း မည်သူမျှ မသေဆုံးသေးပေ။ သူတော်စင်စံအိမ် ပြိုင်ပွဲတွင် တပည့်များ သေဆုံးခြင်းက အဆန်းမဟုတ်ပေ။ အကြီးအကဲများကလည်း သူတို့ကို ကယ်တင်မည်မဟုတ်ပေ။

ဝိုင်းရံတိုက်ခိုက်ခံရသောအခါ နတ်ဆိုးသားရဲ၏စွမ်းအားများ အားနည်းသွားသည်။

"လူသားလေးတွေ၊ မင်းတို့ ​ငါ့ကိုစိန်ခေါ်ရဲတယ်ဆိုမှပေါ့ မင်းတို့ကိုနောင်တရအောင်လုပ်ပေးမယ်!"

ထိုစကားသံသည် နတ်ဆိုးသားရဲ၏ လူသားဉီးခေါင်းဆီမှ ထွက်ပေါ်လာခြင်းဖြစ်သည်။

၎င်း၏ နွားခေါင်းသည် အဆုံးမသတ်နိုင်သော ဟိန်းဟောက်သံကိုသာ ထုတ်လွှတိနေသည်။

တပည့်တစ်ဦး၏ အမူအရာ သိသိသာသာ ပြောင်းလဲသွားပြီး....

“မကောင်းတော့ဘူး.....သူက အနီးအနားတဝိုက်က နတ်ဆိုးတွေကို လှမ်းခေါ်နေပြီ...သူ့ကိုမြန်မြန်သတ်ကြ!"

သူပြောပြီးသည်နှင့် တပြိုင်နက် ရွှေခန္ဓာနယ်ပယ်မှ တပည့်များအားလုံး ဝိုင်းအုံလာပြန်သည်။ ကောင်းကင်မှာ ပြည့်နေတဲ့ မီးပင်လယ်က သူတို့ကို လုံးဝမတားနိုင်တော့ပေ။

ကျန်းချန်ရှန်း ဒါကိုမြင်သောအခါ သက်ပြင်းတစ်ချက်ချလိုက်မိသည်။

သူတော်စင်စံအိမ်၏ ရွှေခန္ဓာနယ်ပယ် တပည့်များက ထင်သလောက် မရိုးရှင်းကြပေ။ သူတို့၏အော်ရာများက သာမာန် စကြဝဠာနယ်ပယ်ကျွမ်းကျင်သူနှင့်ပင် နှိုင်းယှဉ်နိုင်သည်။ စကြဝဠာနယ်ပယ် နတ်ဆိုးဘုရင်ကို ဝိုင်းရံဖို့ သူတို့ သတ္တိရှိခဲ့ကြတာ အံ့သြစရာမဟုတ်တော့ပေ။

ကျန်းချန်ရှန်း မုလင်းလော့ကို ကြည့်လိုက်တော့ ဤမိန်းကလေးက မတုန်လှုပ်ပေ။ ထိုအစား သူမသည် တိုက်ပွဲကို အဝေးမှ ကြည့်နေသည်။

လောလောဆယ်တော့ အန္တရာယ်မရှိဘူးလို့ ထင်ရသည်။

ဒီအချိန်မှာပဲ!

ကျယ်လောင်သော ဆူညံသံတစ်ခု ထွက်ပေါ်လာပြီး မုလင်းလော့ ခေါင်းကို လှည့်ကာ ထိတ်လန့်သွားခဲ့သည်။ မိုးကုပ်စက်ဝိုင်း၏အဆုံးတွင် အနက်ရောင်အရိပ်တစ်ခု တက်လာပြီး တိမ်ပင်လယ်ပြင်ထက်ကနေ အလွန်လျင်မြန်သော အရှိန်ဖြင့် ခုန်ဆင်းလာသည်။ တိမ်ပင်လယ်ထဲ ဖြတ်သွားသော အနက်ရောင် အရိပ်ကြီးကို သူမ ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။

"အဲဒါဘာလဲ…"

မုလင်းလော့ မျက်မှောင်ကြုတ်ကာ တွေးနေမိသည်။

သူမ သာမက သူတော်စင်စံအိမ်မှ အခြားတပည့်များလည်း သတိပြုမိခဲ့သည်။

ဝုန်းးးးးး

တိမ်ပင်လယ်ကြီး ရုတ်တရက် ပေါက်ကွဲပြီး ကြောက်မက်ဖွယ်ကောင်းသော ပုံသဏ္ဍာန် ကောင်းကင်မှ ဆင်းသက်လာသည်။ ရွှေခန္ဓာနယ်ပယ် တပည့်တစ်ဦးသည် အချိန်မီ မရှောင်နိုင်ဘဲ မြေပြင်ပေါ်သို့ပြုတ်ကျကာ ဖုန်မှုန့်များ လွင့်ထွက်နေသည်။

အားလုံးက လှည့်ကြည့်ကာ တုန်လှုပ်ကုန်သည်။

၎င်းသည် အနက်ရောင်အမွှေးများနှင့် သန်မာသောခြေလက်များရှိသည့် မျောက်ဝံလို နတ်ဆိုးတစ်ကောင်ဖြစ်သည်။ အမြင့်ပေ ၃၀၀ ခန့်ရှိပြီး ၎င်း၏နဖူးတွင် ချိုနှစ်ချောင်းရှိသည်။ ၎င်း၏မျက်လုံးများသည် သွေးရောင်တောက်ပနေပြီး ၎င်း၏အငွေ့အသက်သည် မျက်ခုံးနက် နတ်ဆိုးသားရဲ ထက်ပင် ပြင်းထန်သည်။

နန်းတော်တစ်ခုထဲတွင်.........

ဝတ်ရုံဖြူဝတ် သိုင်းပညာရှင် ဒါဇင်ပေါင်းများစွာ ထိုင်နေကြပြီး ၎င်းတို့၏လက်ထဲတွင် ကျောက်စိမ်းတုံးများကို ကိုင်ထားသည်။ သူတော်စင်စံအိမ် ပြိုင်ပွဲ၏ နေရာအမျိုးမျိုးကို ကျောက်စိမ်းကျောက်တုံးများပေါ်တွင် မြင်နေရသည်။

အဘွားအိုတစ်ယောက်က အံ့သြနေသည့်လေသံဖြင့်... "မဟူရာမျောက်ဘုရင်က ဘာလို့ မျက်ခုံးနက် နတ်ဆိုးဘုရင်နဲ့ လက်တွဲခဲ့တာလဲ"

သူမပြောပြီးသည်နှင့် အခြားသိုင်းပညာရှင်များက သူမကို တစ်ချက်ကြည့်လိုက်သည်။ တုံ့ပြန်သည့်အနေနှင့် သူမသည် အတွင်းဘက်မြင်ကွင်းကို လူတိုင်းမြင်နိုင်စေရန် သူမ၏လက်ထဲတွင် ကျောက်စိမ်းတုံးကြီးကို မြှောက်ပြလိုက်သည်။

မဟူရာမျောက်ဘုရင်သည် ကောင်းကင်မှ ဆင်းသက်လာကာ သူတော်စင်စံအိမ်၏ တပည့်များကို ဆုတ်ခွာရန် တွန်းအားပေးနေသည်။

“ မကောင်းတော့ဘူး.... နတ်ဆိုးဘုရင်နှစ်ပါး လက်တွဲလိုက်ရင် ဒီတပည့်တွေ သူတို့ကို တားနိုင်မှာမဟုတ်ဘူး......”

“ဒါပေမယ့် ကျွန်တော်တို့ ဘာမှ မလုပ်ပေးနိုင်ဘူး.... အကွာအဝေးက ဝေးလွန်းတာမို့ အချိန်မှီကယ်တင်နိုင်မှာမဟုတ်ဘူး....ဒါပေမယ့် တတ်နိုင်ရင်တောင် သူတို့ကို မကယ်နိုင်သေးဘူး... ဒါက စည်းကမ်းအတိုင်းပဲ....."

“တားမြစ်နယ်မြေထဲက နတ်ဆိုးဘုရင်တွေက နယ်မြေလုဖို့အတွက်ပဲ တိုက်ပွဲဝင်တတ်ကြတာ.. ဘာကြောင့် လက်တွဲကြတာလဲ..... ဒါက ကောင်းတဲ့လက္ခဏာတော့ မဟုတ်ဘူး....”

“ဟမ့် ဒီတိရစ္ဆာန်တွေ အတော်အတင့်ရဲနေကြတာပဲ.... သူတော်စင်စံအိမ် ပြိုင်ပွဲပြီးရင် သူတို့ကို သင်ခန်းစာပေးမှဖြစ်တော့မယ်.....'

“ဝင်မပါနဲ့... တပည့်တွေသေသွားရင်တောင် သူတို့ရဲ့ရွေးချယ်မှုပဲလေ... တချို့ကတော့ လွတ်မြောက်နိုင်လိမ့်မယ်..”

သူတို့အားလုံးသည် သူတော်စင်စံအိမ်၏အကြီးအကဲများဖြစ်ကြပြီး အချို့သောဆွေးနွေးမှုအပြီးတွင် အရင်တိုင်းငြိမ်သက်သွားခဲ့ကြသည်။

သူတော်စင်စံအိမ်ပြိုင်ပွဲတွင် မပါဝင်ခင်မှာ သူတို့ရဲ့ တပည့်တွေကို သေဆုံးနိုင်ချေရှိသညိ့အကြောင်း အသိပေးထားပြီးသားပင်... ပါဝင်ဖို့ ဆုံးဖြတ်လိုက်တဲ့အတွက် သူတို့၏အသက်ကို စတေးဖို့ ပြင်ဆင်ထားသင့်သည်မဟုတ်လော......

လက်တွေ့ဘဝတွင်လည်း ဤအတိုင်းပင်..... ရန်သူတွေက သူတို့ကို မသတ်ခင် လုံလောက်တဲ့ ကြံ့ခိုင်မှုရှိနေသည်ကို စောင့်ဆိုင်းပေးနေမည်မဟုတ်ပေ။ အပြောင်းအလဲများကို ရင်ဆိုင်ခြင်းသည် သိုင်းပညာရှင်များအတွက် မရှိမဖြစ်လိုအပ်သော အချက်ဖြစ်သည်။

နန်ကုန်းတိက မုလင်းလော့ဘက်သို့ ဆုတ်သွားပြီး " ညီမ ပြေးတော့... လူစုခွဲပြီးပြေးတော့.....!”

နတ်ဆိုးဘုရင်နှစ်ပါး အတူတကွပူးပေါင်းခြင်းသည် သူတို့ အနိုင်ယူနိုင်သောအရာမဟုတ်ပေ။

မုလင်းလော့ ချက်ချင်းလှည့်၍ ပျံသန်းသွားသည်။ တခြားတပည့်တွေလည်း ကစဉ့်ကလျားထွက်ပြေးနေကြသည်။

သို့သော် အမျိုးသမီးတပည့်တဉီးကတေူ့ မလွတ်မြောက်နိုင်ဘဲ မဟူရာမျောက်ဘုရင် လက်ချက်ကြောင့် ထိုနေရာတွင် သေဆုံးခဲ့သည်။

ဒီမြင်ကွင်းက မလွတ်မြောက်သေးတဲ့ တပည့်တွေကို လှုံ့ဆော်ပေးခဲ့သည်။ ခဏအကြာတွင် တပည့်ပေါင်း တစ်ရာကျော် လျင်မြန်စွာ ပြေးသွားကြသည်။

မျက်ခုံးနက် နတ်ဆိုးဘုရင်သည် ကောင်းကင်ယံ၌ ပြေးလွှားနေသော တပည့်များကို မီးတောက်များဖြင့်တိုက်ခိုက်နေပြီး ထိုအချိန်တွင် မဟူရာမျောက်ဝံက အခြားသူများကို လိုက်ဖမ်းနေရင်း ရုတ်​တရက်​ ဦးတည်​ပြောင်းကာ ​ရှေ့သို့ ​ပြေးသွားသည်​။

မုလင်းလော့ လှည့်ကြည့်လိုက်တော့ သူမ၏အမူအရာ သိသိသာသာ ပြောင်းလဲသွားသည်။မဟူရာမျောက်ဝံက သူမနောက်ကို လိုက်လာနေပြီ....

အတိအကျပြောရလျှင် သူ့နောက်မှ တပည့်များနောက်ကို လိုက်နေခြင်းဖြစ်သည်။ သူ့နောက်တွင် တပည့်များစွာသည် တူညီသော ဦးတည်ရာသို့ ပျံသန်းနေကြသည်။

မုလင်းလော့ ချက်ချင်းပင် သူမ၏လက်ကို မြှောက်လိုက်ပြီး နတ်ကိုးပါးတိုက်ပွဲဝင်ပညာရပ်ကို အသုံးပြုလိုက်သည့်အခါ သူမ၏ စစ်မှန်သောချီများ တဟုန်ထိုး မြင့်တက်လာပြီး သူမ၏ ပျံသန်းမှု အမြန်နှုန်း ရုတ်တရက် တိုးလာကာ သူမနှင့် သူမ၏ နောက်ကွယ်ရှိ တပည့်များကြား ကွာဟချက် လျင်မြန်စွာ ကျယ်ပြန့်လာသည်။

သို့သော် လင်းဟောင်ထျန်းကတော့ သူမနောက်ကို အမှီလိုက်လာနိုင်ခဲ့သည်။

လင်းဟောင်ထျန်း၏ ခန္ဓာကိုယ်ကို သွေးချီများ ဝန်းရံထားသဖြင့် သူ့အမြန်နှုန်းက မုလင်းလော့ကို မကျော်လွန်နိုင်ပေမယ့် အမှီလိုက်နိုင်ခဲ့သည်။

“ဒီကောင်…”

မုလင်းလော့ မျက်ခုံးပင့်လိုက်မိသည်။ လင်းဟောင်ထျန်းသည် သူ့သွေးကိုလောင်ကျွမ်းစေသည့် လျှို့ဝှက်နည်းပညာအချို့ကို အသုံးပြုခဲ့ကြောင်း သူမ သိနေသည်။

လွတ်မြောက်ရန် အရေးကြီးသော အခိုက်အတန့်ဖြစ်သောကြောင့် လင်းဟောင်ထျန်းက ပြတ်ပြတ်သားသား ဆုံးဖြတ်ချက်ချခဲ့ခြင်းဖြစ်သည်။

ဝီးးးးးဝီးးးးးးးးး

လေပြင်းတိုက်ခတ်လာသဖြင့် လင်းဟောင်ထျန်း လှည့်ကြည့်လိုက်တော့ သူ့အမြင်အာရုံ မည်းမှောင်သွားပြီး သစ်ပင်ကြီးတစ်ပင်က သူ့ကိုကျော်ကယ အဝေးက တောင်စောင်းဆီသို့ လွင့်စင်သွားသည်။

မုလင်းလော့ အလျင်အမြန် ရှောင်ထွက်သွားသော်လည်း ကြောက်စရာကောင်းသော လေကြောင့် ဟန်ချက်ပျက်သွားခဲ့သည်။ထိုစဉ် တဟုန်းဟုန်းတောက်နေသော မီးတောက်များ ကောင်းကင်မှဆင်းသက်လာကာ သူမကို မြေပြင်ပေါ်သို့ အမြန်ဆင်းသက်စေခဲ့သည်။

မီးတောက်များ မိုးစက်များလို ရွာချလာပြီး ၎င်းတို့က အလွန်အဆိပ်ပြင်းသည်ကို သူမ သတိပြုမိသည်။ သူမ၏ စစ်မှန်သောချီ အတားအဆီးသည် ၎င်းကိုထိလိုက်သောအခါ အပေါက်တစ်ခုအဖြစ် အရည်ပျော်သွားသည်။

အဆိပ်!

ဝုန်းးးးးး

မဟူရာမျောက်ဝံသည် ကောင်းကင်မှ ဆင်းသက်လာကာ မိုင်ဒါဇင်များစွာအကွာအဝေးအတွင်း မြေပြင်ပြိုကျသွားသဖြင့် မုလင်းလော့ အလျင်စလိုရှောင်တိမ်းနေရသည်။

ထိုစဉ် သွေးများ စိုရွှဲနေသော လင်းဟောင်ထျန်းက မြက်ခင်းပြင်ပေါ်တွင် လဲကျနေပြီး အဝေးမှမြင်နေရသော ကြောက်မက်ဖွယ်ကောင်းသော နတ်ဆိုးဘုရင်ကို စိတ်ပျက်လက်ပျက်ဖြင့် လှမ်းကြည့်လိုက်သည်။

“ပြီးသွားပြီ… ဒီတစ်ခါတော့ ပြီးသွားပြီ…”

မုလင်းလော့ အရှိန်ပြင်းပြင်းဖြင့် ပြေးလာသော်လည်း မဟူရာမျောက်ဝံပစ်လိုက်သော သစ်ပင်ကြီးတစ်ပင် ကောင်းကင်မှ ပြုတ်ကျကာ သူမ၏လမ်းကြောင်းကို ပိတ်ဆို့သွားသဖြင့် အဝေးသို့ မပျံသန်းခဲ့ပေ။ အကယ်၍ သူမသာ လျင်မြန်စွာ မတုံ့ပြန်ပါက၊ အသားပြားဖြစ်သွားပေလိမ့်မည်။

သူမ လှည့်ကြည့်လိုက်တော့ မဟူရာမျောက်ဝံက သူမကို ကောက်ကျစ်သော ​​အပြုံးနဲ့ စိုက်ကြည့်နေတာကို တွေ့လိုက်သည်။ မျက်ခုံးနက် နတ်ဆိုးဘုရင်ကလည်း လင်းဟောင်ထျန်းကို စိုက်ကြည့်နေပြီး ရှားပါးသော ရတနာအချို့ကို မြင်လိုက်ရသလို အကြည့်များထဲတွင် လောဘများ ပြည့်နှက်နေသည်။

မုလင်းလော့၏ အမူအရာ လေးနက်ပြီး ဓားကိုင်ထားသော သူမ၏လက်တဖက် တုန်ရီနေသည်။

ဒီလို မျှော်လင့်ချက်မဲ့တဲ့ အခြေအနေမျိုးကို ပထမဆုံးအကြိမ် ကြုံတွေ့ခဲ့ရပေမယ့် သူမ လက်မလျှော့ချင်သေးပေ။

အစ်ကိုချန်ရှန်းကို မတွေ့ရသေးဘဲ သေလို့မဖြစ်ဘူး.....

တိုက်ခိုက်ရန် ပြင်ဆင်နေချိန်တွင် ကြောက်မက်ဖွယ်ကောင်းသော ဖိအားများ ဆင်းသက်လာခဲ့သည်။ ထိုဖိအားများက မဟူရာမျောက်ဝံ၏ ခန္ဓာကိုယ်ကို ဖိနှိပ်ထားပြီး မျက်ခုံးနက် နတ်ဆိုးဘုရင်ကိုလည်း ကောင်းကင်ပေါ်က ပြုတ်ကျစေခဲ့သည်။

မြက်ခင်းပြင်ပေါ်မှာ လဲလျောင်းနေတဲ့ လင်းဟောင်ထျန်း မျက်လုံးပြူးသွားသည်။ ပြင်းထန်သောဖိအားကြောင့် မသက်မသာ ခံစားနေရသော်လည်း သူ ပြုံးနေသည်မှာ ထင်ရှားသည်။ သူ့မျက်လုံးများထဲတွင် ရွှေရောင်အလင်းတန်းများ ရောင်ပြန်ဟပ်နေ၏။

မုလင်းလော့ မော့ကြည့်လိုက်ပြီး ထိတ်လန့်တုန်လှုပ်နေသည်။

ကောင်းကင်မှာ တိမ်ပင်လယ်တွေ ပြန့်ကျဲနေပြီး ကြောက်စရာကောင်းတဲ့ ရွှေရောင်အလင်းတန်းနှစ်ခု ကောင်းကင်ကနေ ဆင်းသက်လာပြီး ၎င်းတို့သည် မဟူရာမျောက်ဝံနှင့် မျက်ခုံးနက် နတ်ဆိုးတို့ကို အလွန်လျင်မြန်သော အရှိန်ဖြင့် တိုက်ခိုက်ကာ ၎င်းတို့၏ကြီးမားသော ခန္ဓာကိုယ်များကို အလင်းရောင်ကြားတွင် နစ်မြှုပ်သွားစေခဲ့သည်။

အိပ်မက်ထဲတွင် ကျန်းချန်ရှန်းပြောဖူးသော စကားများကို တွေးလိုက်သောအခါ မုလင်းလော့၏ နှလုံးသား တုန်လှုပ်သွားသည်။

"သူ ငါ့ကို ကယ်လိုက်တာ...''

မုလင်းလော့နှင့် လင်းဟောင်ထျန်းတို့ တပြိုင်နက် ထိုသို့တွေးလိုက်မိကြသည်။ မုလင်းလော့က ကျန်းချန်ရှန်းကို တွေးနေစဉ်တွင် လင်းဟောင်ထျန်းကတော့ ယခင်က သူ့ကို ကယ်တင်ခဲ့သော လျှို့ဝှက်ဆန်းကြယ်သော ကျေးဇူးရှင်ကို တွေးတောနေခဲ့သည်။

All Chapters