ထူးခြားသောကံတရား.... နိုင်ငံရပ်ခြားတွင် လူသိများခြင်း......
Vol. 11 Ch. 152
နန်းတော်အတွင်းတွင်......
ဒါဇင်ပေါင်းများစွာသော အကြီးအကဲများလည်း ထိတ်လန့်တုန်လှုပ်သွားကြသည်။
"ရွှေရောင်အလင်းတွေပဲ..... အဲဒီကလေးကို ထပ်ကယ်လိုက်ပြန်ပြီလား...."
"ကျုပ်တို့ သေချာ စစ်ဆေးပြီးပြီ.... နတ်ဆိုးသားရဲတွေရဲ့ နယ်မြေထဲကို ဝင်လာတဲ့ သိုင်းပညာရှင် မရှိသေးဘူး...."
“တစ်ဖက်လူရဲ့ သိုင်းပညာနယ်ပယ်က ထူးထူးခြားခြား မြင့်မားနေတာပဲလား..ဒါမဟုတ် အဝေးကနေတိုက်ခိုက်နိုင်တဲ့ သိုင်းပညာ တမျိုးမျိုးကို အသုံးပြုထားပဲလား...”
“ မဖြစ်နိုင်ဘူး.... ဒီအလင်းတန်းတွေ ဘယ်ကလာတယ်ဆိုတာ ခြေရာခံလို့မရဘူး.....”
"လင်းဟောင်ထျန်းက ဘယ်သူလဲ..... ဒီနတ်ဆိုးဘုရင်နှစ်ပါးက သူ့ကို ပစ်မှတ်ထားနေတာ အသိသာကြီးပဲ.... ”
အကြီးအကဲများက လေးနက်သော အမူအရာများဖြင့် ထိုအကြောင်းကို အကြိတ်အနယ်ဆွေးနွေးနေကြသည်။
လင်းဟောင်ထျန်း ၏ ကျောထောက်နောက်ခံကြောင့် အကြီးအကဲများ ကြောက်ရွံ့တုန်လှုပ်သွားခဲ့သည်။ ထိုသူသည် လူတိုင်းရှေ့တွင် စကြဝဠာနယ်ပယ်ရှိ နတ်ဆိုးဘုရင်နှစ်ပါးကို အလွယ်တကူသတ်ပစ်ခဲ့သည်။
တစ်ခြားဘက်တွင်မူ......
မြေဝိညာဉ်သစ်ပင်ပေါ်တွင်....
ကျန်းချန်ရှန်းသည် ထိုက်ယန်ရှန့်ကုန်းကို သိမ်းဆည်းလိုက်သော်လည်း သူ့မျက်လုံးများက မုလင်းလော့ကို စိုက်ကြည့်နေဆဲဖြစ်သည်။
မုလင်းလော့၏ တုံ့ပြန်မှုကို သူ အလွန်ကျေနပ်နေပါသည်။
ပိုင်ချီ နဲ့ ဓားနတ်ဘုရားတို့ကတော့ ဓားရေး လေ့ကျင့်ရန် အလုပ်များနေကြသည်။
မုလင်းလော့တစ်ယောက် နန်ကုန်းတိတို့နှင့် တွေ့ဆုံပြီးချိန်အထိ ကျန်းချန်ရှန်း စောင့်ကြည့်နေခဲ့သည်။ ထို့နောက် အမြင်အာရုံကို ရုတ်သိမ်းပြီး မြေဝိညာဉ်သစ်ပင်အောက်တွင် တရားထိုင်နေခဲ့သည်။
မုလင်းလော့ကိုကယ်တင်ခြင်းအတွက် ရှင်သန်ခြင်းဆုလာဘ်ရှိမရှိလည်း တွေးတောနေမိသည်။
ဤဘေးအန္တာရာယ်သည် သူ့အတွက်မဟုတ်သော်လည်း မုလင်းလော့က ယခင်ဘဝက သူ့ဇနီးဖြစ်သည်။ထို့ကြောင့် သူတို့နှစ်ယောက်ကြားတွင် ရေစက်မကုန်သေးပေ။
ခဏအကြာတွင်.......
[ရွှမ်ထျန်းခေတ် 4 နှစ်တွင်၊ မုလင်းလော့ သည် နတ်ဆိုးဘုရင်နှစ်ပါး၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။ ကံကောင်းထောက်မစွာ၊ သင်သည် အချိန်မီကူညီခဲ့ပြီး နတ်ဆိုးဘုရင်နှစ်ပါးကို အောင်မြင်စွာသုတ်သင်ခဲ့သည်။ သင်သည် ဤရေစက်ဆိုးကို ဖြတ်တောက်နိုင်ခဲ့သဖြင့် ရှင်သန်ခြင်းဆုလာဘ်အဖြစ် ရွှေရောင်ကျောက်စိမ်းသစ်ရွက် တစ်ရွက်ရရှိသည်]
မုလင်းလော ပြင်းထန်စွာ ဒဏ်ရာရခဲ့လျှင် သို့မဟုတ် သေဆုံးသွားပါက၊ ကျန်းချန်ရှန်း ငြိမ်နေမည်မဟုတ်ပေ။ ဤသည်ကို ကံတရားဟု သတ်မှတ်နိုင်ပေသည်။
လင်းဟောင်ထျန်းကိုလည်း ကယ်တင်ခဲ့ပေမယ့် ဘာဆုလာဘ်မှ မရခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် သူတို့နှစ်ယောက်ကြားတွင် ကံတရားမရှိသောကြောင့်ဖြစ်သည်။ လင်းဟောင်ထျန်း ကွယ်လွန်သွားလျှင်တောင် ကျန်းချန်ရှန်းနေနှင့် သူ့အတွက် အရေးယူမည်မဟုတ်ပေ။
သေချာသည်ကတော့ သူ မကယ်ခဲ့လျှင်တောင် မုလင်းလော့ သေဆုံးနိုင်မည်မဟုတ်ပေ။ သို့သော်လည်း သူ၏ လုပ်ဆောင်ချက်များသည် မုလင်းလော့ ၏ နာကျင်မှုနှင့် ဝေဒနာအချို့ကို သက်သာစေမည်ဖြစ်သည်။
ကျန်းချန်ရှန်း ပြုံးလိုက်မိသည်။
ဤအတိုင်းသာဆို သူသည် မုလင်းလော့ကို အနာဂတ်တွင် ကူညီနိုင်ရုံသာမက တစ်ချိန်တည်းတွင် ရှင်သန်ခြင်းဆိုင်ရာ ဆုလာဘ်များကိုလည်း ရရှိနိုင်သည်။ ဤသည်မှာ ကျောက်ခဲတစ်လုံးနှင့် ငှက်နှစ်ကောင်ကို ပစ်ခြင်းဖြစ်သည်။
သို့သော်လည်း စကြဝဠာနယ်ပယ် နတ်ဆိုးဘုရင်နှစ်ပါးကို သတ်ခဲ့သော်လည်း ရွှေရောင် ကျောက်စိမ်းရွက်တစ်ရွက်သာရခဲ့သည်။ သူတပါးကိုကူညီလျှင် ရှင်သန်ခြင်းဆုလာဘ် လျော့နည်းသွားပုံရသည်။
ညဉ့်နက်တော့ မုလင်းလော့နဲ့အိပ်မက်ထဲမှာ ဆုံဖြစ်ခဲ့ကြသည်။
"အစ်ကိုချန်ရှန်း...ဒီနေ့ ညီမကို ကယ်လိုက်တာ အစ်ကို မလား...."
မုလင်းလော့က စိတ်လှုပ်ရှားမှုကို ထိန်းကာ မေးလိုက်သည်။
ကျန်းချန်ရှန်းက ပြုံးပြီး “ဟုတ်တယ်... တခြားဘယ်သူလို့ထင်လို့လဲ....."
မုလင်းလော့က ပိုလို့တောင် စိတ်လှုပ်ရှားလာပြီး..... "လင်းဟောင်ထျန်း နောက်ကွယ်ကလူက သူ့ကို ဂရုစိုက်နေတယ်လို့ လူတိုင်းက ထင်နေကြတယ်.... နောက်ဆုံးတော့ အဲဒီရွှေရောင်အလင်းတန်းက လင်းဟောင်ထျန်းကို နှစ်ကြိမ်တိုင်တိုင် ကယ်တင်ခဲ့တယ်လေ....”
ကျန်းချန်ရှန်းက ပခုံးတွန့်ပြပြီး.....
"အကွာအဝေးက ဝေးလွန်းတယ်၊ မင်းရဲ့အသက်ကို ပေါ့ပေါ့တွေးလို့မရဘူး.... ဒါကြောင့် ကြိုပြီး စမ်းကြည့်လိုက်တာ...."
" ငါ လက်တည့်စမ်းပြီး ကူညီလိုက်တဲ့သူက လင်းဟောင်ထျန်းလား...ဒီကောင် ကံကောင်းလှချည်လား....."
လင်းဟောင်ထျန်း ၏အောင်မြင်မှုများကို ကြားသောအခါ တစ်ခုခုလွဲချော်နေပြီဟု ခံစားမိသည်။ ဤကလေးသည် ဝတ္ထုတစ်ပုဒ်၏ ဇာတ်ဆောင်နှင့် အလွန်ဆင်တူသည်။ သူသည် ဘေးဆိုးကြီးမှ လွတ်မြောက်ပြီး တိုက်ပွဲမတိုင်မီ အဆင့်တက်နိုင်သည်အပြင် ကယ်တင်ခြင်းခံရမည်ဟု မမျှော်လင့်ခဲ့ပေ။
ဒါက တိုက်ဆိုင်မှုလား၊ ဒါမှမဟုတ် ကံကောင်းခြင်းလား.......
မုလင်းလော့က ကျန်းချန်ရှန်း ၏လက်မောင်းကို ပွေ့ဖက်လိုက်ပြီး.....
"အစ်ကိုချန်ရှန်းက အံ့သြစရာကောင်းတယ်....အဲ့တုန်းကတည်းက အစ်ကိုမှန်း သိနေတာ... လင်းဟောင်ထျန်းကို အကာအကွယ်ပေးနေတယ်လို့ တခြားလူတိုင်းက ထင်နေကြပေမယ့် ညီမ ဒီအကြောင်းတွေ ဘယ်သူကိုမှမပြောခဲ့ဘူး..... ဒါတွေအားလုံးက ညီမတို့ရဲ့လျှို့ဝှက်ချက်ပဲလေ..”
ဒီကိစ္စက သူမကို ကယ်တင်တာလောက် မရိုးရှင်းပေ။ ကျန်းချန်ရှန်း တည်ရှိနေကြောင်းနှင့် သူမကို အာရုံစိုက်နေကြောင်းကိုလည်း သိရှိစေခဲ့သည်။
အစ်ကိုချန်ရှန်း ဘယ်လောက် သန်မာသလဲ..........
သူသည် သူတော်စင်စံအိမ်၏ကန့်သတ်ဧရိယာကိုဖြတ်ကျော်ပြီးသူမကိုကမ္ဘာ တဘက်စွန်းမှကယ်တင်နိုင်ခဲ့သည်။
သူမသည် ကျန်းချန်ရှန်းကို သဘောကျနှစ်ခြိုက်စွာ ကြည့်နေမိတော့သည်။
“အနာဂတ်မှာ ငါ့ရဲ့ဖြစ်တည်မှုအကြောင်း ဘယ်သူ့ကိုမှ မပြောနဲ့.....အန္တရာယ်ရှိတယ်လို့ထင်တဲ့ အခြေအနေမျိုးကြုံလာရင် မင်းရဲ့အိပ်မက်ထဲမှာ အချိန်မရွေးပြောပါ..... မင်းမှာ အကြောင်းကိစ္စတစ်စုံတစ်ရာရှိလာရင် ငါ့ကိုရှာဖို့ကလွဲရင် တခြားဟာတွေစဉ်းစားမနေနဲ့......"
မုလင်းလော့ ထိုစကားကိုကြားသောအခါ ခေါင်းညိတ်လိုက်သည်။
“ညီမအတွက်က ပြဿနာကြီးကြီးမားမားကြုံရခဲပါတယ်.... ဒါကြောင့် အရမ်းကြီး စိတ်ပူနေစရာ မလိုပါဘူး.....”
ကျန်းချန်ရှန်း ခေါင်းညိတ်လိုက်သည်။ စိတ်ပူသည်ဆိုခြင်းအပြင် ရှင်သန်မှုဆုလာဘ်တွေ ပိုရဖို့အတွက် အခွင့်အရေးလည်း လိုချင်နေသေးသည်။
သူတို့နှစ်ယောက် အိပ်မက်ထဲက မထွက်ခင် ခဏလောက် စကားစမြည်ပြောဖြစ်ကြသည်။
နောက်ရက်များတွင် နန်ကုန်းတိနှင့် အမျိုးသမီး တပည့်နှစ်ဦးတို့သည် မုလင်းလော့၏ အပြောင်းအလဲအချို့ကို သတိပြုမိသော်လည်း အတိအကျ မဖော်ပြနိုင်ပေ။
သူတော်စင်စံအိမ်ပြိုင်ပွဲကို ဆက်လက်ကျင်းပနေဆဲဖြစ်ပြီး မုလင်းလော့ကလည်း ပြင်းထန်သော တိုက်ပွဲဝင်စိတ်ဓာတ်ကို ပြသခဲ့သည်။
နတ်ကိုးပါးတိုက်ပွဲဝင်ပညာရပ်နှင့် သူမ၏ကိုယ်ပိုင်အရည်အချင်းများဖြင့်၊ သူမ၏စွမ်းဆောင်ရည်သည် အလွန်ထူးချွန်ပြီး အကြီးအကဲများ၏ အာရုံစိုက်မှုကို ရရှိခဲ့သည်။
သူတော်စင်စံအိမ်ပြိုင်ပွဲသည် သားကောင်၏နယ်ပယ်ကို ကြည့်ရုံသာမက သားကောင်၏နယ်ပယ်နှင့် တပည့်များကြားက ခြားနားချက်ကိုလည်း ထည့်သွင်းတွက်ချက်သည်။ ဤနည်းဖြင့်သာ အရည်အချင်းကို ထင်ဟပ်နိုင်မည်ဖြစ်သည်။ ထို့ကြောင့် မတူညီသောနယ်ပယ်များအတွက် စမ်းသပ်မှုစံနှုန်းများလည်း ကွဲပြားပါသည်။
......................
ရှီပြည်နယ်တွင် သိုင်းလောကအတွက် တတိယမြောက် သန့်ရှင်းသောမြေကို တည်ထောင်တော့မည့် သတင်းက စီရင်စု ၉၉ ခုတွင် ပျံ့နှံ့သွားခဲ့သည်။ ဧကရာဇ်၏ ကြေငြာချက်ကြောင့် တကျန်းတွင် အခြားသော စကြာဝဠာနယ်ပယ်ကျွမ်းကျင်သူတစ်ဦးရှိပြီး သိုင်းပညာမြှင့်တင်ရန်အတွက် ရှီပြည်နယ်တွင် ဂိုဏ်းတစ်ခုတည်ထောင်မည်ဖြစ်ကြောင်း လူတိုင်းသိကြသည်။
ဤကိစ္စသည် ထုံစံအတိုင်း အခြားမင်းဆက်များသို့ ပျံ့နှံ့သွားပြီး အထိတ်တလန့်ဖြစ်စေသည်။
ကံကြမ္မာမင်းဆက်များမှလွဲ၍ အခြားမင်းဆက်များတွင် ရွှေခန္ဓာနယ်ပယ် ကျွမ်းကျင်သူမရှိပေ။ အခု တကျန်းမှာ ရွှေခန္ဓာနယ်ပယ် ကျွမ်းကျင်သူထက်တောင် အားကောင်းတဲ့ စကြဝဠာနယ်ပယ်ကျွမ်းကျင်သူ နောက်တစ်ယောက်ရှိနေပြီဆိုသောကြောင့် မင်းဆက်များ ထိတ်လန့်တကြား ဖြစ်ကုန်ကြသည်။
ယခုအချိန်တွင်၊ တကျန်းသည် နဂါးသွေးကြောတိုက်ကြီးတွင် သြဇာအာဏာအကြီးမားဆုံး မင်းဆက်ဖြစ်ပြီး၊ ၎င်းသည် တချီမင်းဆက် ထက်ပင် ပို၍ အတုယူဖွယ်ကောင်းနေပါသည်။ အဘယ်ကြောင့်ဆိုသော် တကျန်းက ကံကြမ္မာမင်းဆက်နှစ်ခုကို သိမ်းပိုက်ထားသောကြောင့်ဖြစ်သည်။ ၎င်း၏အောင်မြင်မှုများသည် ဤတိုက်ကြီးတွင် တုနှိုင်းမဲ့သည်ဟူဆိုနိုင်သည်။ အနီးနားရှိ မင်းဆက်များက တကျန်း ကို 'ကြမ်းကြုတ်သော တကျန်း' ဟုခေါ်ပြီး လူအများ၏နှလုံးသားကို နက်နက်ရှိုင်းရှိုင်း သိမ်းပိုက်နိုင်ခဲ့သည်။ နောက်ဆုံးတွင်၊ တကျန်း၏ သာယာဝပြောမှုသည်အားနည်းသော မင်းဆက်တိုင်း၏ ဂုဏ်ကျေးဇူးများအပေါ် အခြေခံထားသည်မဟုတ်လော.......
ကမ္ဘာပေါ်ရှိလူတိုင်းက တကျန်းကို ကျိန်ဆဲကြသော်လည်း တကျန်း ၏လူနေမှုအဆင့်အတန်းကတော့ အဆက်မပြတ်မြင့်တက်နေဆဲပင်....
အသစ်ပေါင်းစည်းထားသော ဟုန်ရွှမ်း မင်းဆက်သည်လည်း တဖြည်းဖြည်း လက်နက်ချလာသည်။
နှစ်ကုန်ပိုင်းတွင်.......
အစစ်အမှန်နဂါးဘုရားကျောင်း ဆောက်လုပ်မှုပြီးစီးခဲ့သည်။ ဧကရာဇ်ကိုယ်စား၊ လုံချီဘုရားကျောင်းနှင့်ဖူယွဲ့ မိသားစုတို့က အစစ်အမှန်နဂါးဘုရားကျောင်း တည်ထောင်ခြင်းကို ဂုဏ်ပြုသောအားဖြင့် ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။
ဤကိစ္စနှင့် ပတ်သက်၍ ကျန်းချန်ရှန်းက ချင်းအာထံ အခွင့်အာဏာ အပြည့်အဝ ပေးအပ်ခဲ့ပြီး ဝင်ရောက်စွက်ဖက်ခြင်း မရှိခဲ့ပေ။
တစ်ဖက်တွင်၊ သူတော်စင်စံအိမ်ပြိုင်ပွဲ ပြီးဆုံးသွားခဲ့ပြီး မုလင်းလော့က စမ်းသပ်မှု ဒုတိယအကျော့တွင် များပြားသောဆုလာဘ်များကို ရရှိထားပြီးဖြစ်ကာ သူမ၏ဂုဏ်သတင်းသည်လည်း သူတော်စင်စံအိမ် တစ်လျှောက်တွင် ပျံ့နှံ့သွားခဲ့သည်။
သူမ အပြင် ထိပ်တန်းစာရင်းဝင်နိုင်ခဲ့သော အစစ်အမှန်နတ်ဘုရားနယ်ပယ်မှာ လင်းဟောင်ထျန်း ဖြစ်သည်။
လင်းဟောင်ထျန်သည် အမှန်တကယ် ထူးခြားသောခန္ဓာကိုယ် တည်ဆောက်ပုံကို ပိုင်ဆိုင်ထားသောကြောင့် ယခင်က နတ်ဆိုးဘုရင်နှစ်ပါး သူ့နောက်သို့ လိုက်လာရသည့် အကြောင်းရင်းလည်း ဖြစ်သည်။ လင်းဟောင်ထျန်း၏တည်နေရာကို လျှ်ို့ဝှက်ထားပြီး လောလောဆယ်တွင် သူ့ကို အုပ်ထိန်းသော အကြီးအကဲများနှင့်အတူ တံခါးပိတ်ကျင့်ကြံနေသည်ဟုသာ သတင်းကြားခဲ့သည်။
မုလင်းလော့က လင်းဟောင်ထျန်းကို မနာလိုဖြစ်ကာ လာမည့်ရက်များအတွင်း ရွှေခန္ဓာနယ်ပယ်သို့ရောက်အောင် ကြိုးကြိုးစားစားကျင့်ကြံမည်ဟု စိတ်ပိုင်းဖြတ်ထားသည်။
မျက်စိတစ်မှိတ်အတွင်း..ရွှမ်ထျန်းခေတ်၏ ပဉ္စမနှစ်သို့ ရောက်လာခဲ့ပြီ.....
နွေဦးရာသီသစ်တွင်....
အရင်နှစ်ကလိုပဲ ဧကရာဇ်ရွှမ်ထျန်းက အကောင်းစားသေရည်များနှင့် စားကောင်းသောက်ဖွယ်များကို ယူဆောင်လာခဲ့သည်။
စားသောက်ပွဲပြီးဆုံးပြီးနောက် ဧကရာဇ် ရွှမ်ထျန်းက အရက်မူးနေသည်ကို အခွင့်ကောင်းယူပြီး ကျန်းချန်ရှန်းဆီကနေ အကူညီတောင်းခံခဲ့သည်။
"တာအိုဘိုးဘေး....ဘိုးဘေးရဲ့ ပဲစေ့စစ်သားအချို့ ကျွန်တော်ကို ပေးလို့ရမလား... ယွီပြည်နယ်မှာ ဆိပ်ကမ်းဆောက်လို့ပြီးပြီ..... သမုဒ္ဒရာရဲ့ အခြေအနေကို နားလည်ဖို့ စူးစမ်းရှာဖွေရေးအဖွဲ့ စေလွှတ်ဖို့လည်း ပြင်ဆင်ထားတယ်....ဒါက တကျန်းအတွက် သမုဒ္ဒရာထဲကို ပထမဆုံးအကြိမ် ခြေဆန့်ခြင်းပဲ....ကျွန်တော်တို့ဘက်မှာ အံ့ဖွယ်ကံကြမ္မာကုန်သည်အသင်းရှိနေပေမယ့် အန္တာရာယ်အတွက် ကြိုတင်ပြင်ဆင်မှုတွေလုပ်ထားသင့်တယ်မလား..."
ကျန်းချန်ရှန်း လက်မြှောက်လိုက်သည်နှင့် ဘရိုကိတ်အိတ်များ ပြတင်းပေါက်မှ ပျံသန်းလာပြီး ဧကရာဇ်ရွှမ်ထျန်း၏ ရှေ့သို့ ဆင်းသက်လာသည်။ ဘရိုကိတ်အိတ်များဖြင့် ထုတ်ပိုးထားခြင်းကြောင့် ပဲစေ့များ မြေကြီးနှင့် ထိမည်ကို စိုးရိမ်နေစရာမလိုပေ။
ဒါကို ဧကရာဇ်ရွှမ်ထျန်း မြင်တော့ ဝတ်ဖြူတော်အစောင့်တွေကို ဂရုတစိုက် သယ်ယူခိုင်းခဲ့သည်။
နှစ်များစွာကြာပြီးနောက်၊ ကျန်းချန်ရှန်း ၏ ခွန်အားများ တိုးဆက်လာကာ ကောင်းကင်တက်လှမ်းခြင်းနယ်ပယ်အဆင့် စစ်သားများကို ဖန်တီးနိုင်ပြီဖြစ်သည်။သို့သော် တိုက်ပွဲဝင်နိုင်ချ်ိန်ကတော့ တစ်နာရီထက် မပိုသေးပေ။
ဧကရာဇ်ရွှမ်ထျန်း အလွန်ဝမ်းမြောက်ပြီး ကျန်းချန်ရှန်းအား အလျင်အမြန် ကျေးဇူးတင်စကားဆိုခဲ့သည်။
ကျန်းချန်ရှန်းက ရွှမ်ထျန်း၏ ခေါင်းကို ပွတ်ကာ ဘာမှ မပြောဘဲ ပြုံးလိုက်သည်။
ထိုအပြုအမူကြောင့် ဧကရာဇ်ရွှမ်ထျန်း တိတ်တဆိတ် ဝမ်းသာသွားသည်။ ဘိူးဘေးနဲ့ တဖြည်းဖြည်း နီးစပ်လာသည်ဟု ခံစားရသောကြောင့်ပင်......
ဧကရာဇ်ရွှမ်ထျန်း နောက်တစ်နေ့တွင် အစောင့်တပ်သားများစေလွှတ်၍ လုံချီဘုရားကျောင်းသို့ အဖိုးတန်ရတနာများပေးပို့ခဲ့သည်။
...................
အနားယူနေသောနှလုံးသား တည်းခိုခန်းတွင်..........
ရှောင်ပုခူသည် ဧည့်သည်များ၏ ပေါ့ပေါ့ပါးပါး စကားဝိုင်းကို နားထောင်ရင်း စားပွဲများကို သုတ်နေသည်။
"ကြားပြီးလား.... ရေပေါ်ကျွန်းကလိုက်ဖမ်းနေတဲ့ နတ်ဆိုးသခင်က နေရာတိုင်းမှာ လူတွေရဲ့ စွမ်းအားကို စုပ်ယူနေတယ်၊ ဒါပေမယ့် ရေပေါ်ကျွန်းက သူ့ကို ဖမ်းလို့မရဘူး......”
“နတ်ဆိုးသခင်ရဲ့ ကျင့်စဉ်က
ကကောလဟာလတွေအတိုင်းပဲလား.... ကန့်သတ်ချက်မရှိဖို့ဆိုတာ မဖြစ်နိုင်ဘူးမဟုတ်လား”
"ဒါတော့ ဘုရားပဲသိလိမ့်မယ်....ငါကတော့ အဲ့ကိစ္စနဲ့ယှဉ်ရင် နဂါးသွေးကြောတိုက်ကြီးကို ပိုစိတ်ဝင်စားတယ်.... တောင်သမုဒ္ဒရာတစ်ထောင်ဂိုဏ်းနဲ့လော့ဂိုဏ်းက အကြီးအကဲတွေ နဂါးသွေးကြောတိုက်ကြီးကမှာ သေဆုံးသွားခဲ့တယ်တဲ့......"
" ငါလည်း အဲ့သတင်းကြားလိုက်တယ်..... နဂါးသွေးကြောတိုက်ကြီးရဲ့ တကျန်း မင်းဆက်ကြောင့် သူတို့သေဆုံးသွားတယ်လို့တော့ ကြားတယ်..... စကြဝဠာနယ်ပယ်ကို ကျော်လွန်နေပြီဖြစ်တဲ့ ပညာရှင်ငါးဦးက တာအိုဘိုးဘေးကို စိန်ခေါ်ခဲ့ပေမယ့် တစ်ယောက်မှ အသက်မရှင်ဘူး...."
"တကယ်ကြီးလား...?"
“အဟုတ်ပဲ....မင်း ဟုန်ယွဲ့ဘိုးဘေးကို သိလား..... သူက လွန်ခဲ့တဲ့ တံခါးပိတ်ကျင့်ကြံရင်း အဆင့်တက်နိုင်ခဲ့တယ်...သူက ထျန်းဟိုင်မှာ နံပါတ်တစ်ကျွမ်းကျင်သူဖြစ်နေပေမယ့်လည်း တကျန်းမှာ သေဆုံးခဲ့တယ်...."
ထိုစကားကိုကြားတော့ ရှောင်ပုခူက ရှုပ်ထွေးသောအမူအရာဖြင့် မျက်မှောင်ကြုတ်လိုက်သည်။
စကြာဝဠာနယ်ပယ်ကို ကျော်လွန်သွားပြီလား?
စကြဝဠာနယ်ပယ်ကို ကြားလိုက်ရုံနှင့်တင် အံ့အားသင့်နေပြီ။ စကြဝဠာနယ်ပယ်ကို ကျော်လွန်နေသူတောင် တာအိုဘိုးဘေးကြောင့် သေဆုံးခဲ့တယ်တဲ့လား........
ရှောင်ပုခူ စိတ်ထဲတွင်
အဆုံးမရှိသော အကြောက်တရားကို သူခံစားနေရသည်။
ရှောင်ပုခူ ထိုအကြောင်းကို ပိုတွေးလေ၊ အကူအညီမဲ့ ခံစားရလေလေဖြစ်သည်။ ကလဲ့စားချေမှုကို စွန့်လွှတ်ပြီးသားဖြစ်သော်လည်း ယခု အရေးကြီးဆုံးအချက်မှာ ငရဲနှင့်တူသော တည်းခိုခန်းမှ လွတ်မြောက်ရန်ဖြစ်သည်။
မကြာသေးမီက သိုင်းလောက တ်ိုးတက်လာကြောင်း သူသတိပြုမိသည်။ ယနေ့တွင် စကြဝဠာနယ်ပယ်ထက်ကျော်လွန်သော တည်ရှိမှုတစ်ခုကို ကြားသိခဲ့ရပြန်သည်။ သူသည် ထျန်းဟိုင်တွင် နှစ်အတော်ကြာနေခဲ့ပြီးဖြစ်သော်လည်း ထိုအကြောင်းကို တစ်ခါမျှ မကြားဖူးပေ။
ရှောင်ပုခူ အတွေးထဲနစ်မြောနေစဉ် လူတစ်ယောက် တည်းခိုခန်းထဲသို့ဝင်လာသည်။
ထိုသူသည် ရွှေရောင်ပိုးသားဝတ်စုံကို ၀တ်ဆင်ထားသော အမျိုးသားတစ်ဦးဖြစ်သည်။ သူ့တွင် ထူးခြားပြီး ဂုဏ်သိက္ခာရှိသော အသွင်အပြင်ရှိသည်။ ခေါင်းပေါ်တွင်လည်း ရွှေသရဖူကို ဆင်မြန်းထားသည်။သူသည် တည်းခိုခန်းထဲဝင်ပြီးနောက် စားပွဲအလွတ်တစ်လုံးတွင် ဝင်ထိုင်လိုက်သည်။
စားပွဲထိုးက ချက်ချင်းထလာပြီး ဖော်ရွေသောအပြုံးဖြင့်... "ဧည့်သည်....ဘာများသုံးဆောင်မလဲ...."
ပိုးသားဝတ်စုံဝတ်ထားသော အမျိုးသားက..... “ဒီနေရာက နဂါးသွေးတိုက်ကြီးနဲ့ အနီးစပ်ဆုံး ကျွန်းစုဆိုတော့ ဒီကို ရှန်းရှန်တုံးထျန်းက တပည့်တွေရောက်လာဖူးသလား......."