← Chapters

ကောင်းကင်သုံးခုနယ်ပယ်.....

Vol. 11 Ch. 153

ကောင်းကင်သုံးခုနယ်ပယ်.....

Vol. 11 Ch. 153

ရှန်းရှန်တုံးထျန်း........

စားပွဲထိုးက ချက်ချင်းဆိုသလို အရာများစွာကို တွေးတောပြီး.....

“ဟုတ်တယ်...သူတို့ကိုမြင်ဖူးတယ်....ရှန်းရှန်တုံးထျန်းက နဂါးသွေးကြောတိုက်ကြီး ကိုစွန့်ခွာခဲ့ပြီမဟုတ်လား....သူတို့တွေ ပင်လယ်ထဲ လျှောက်လည်သွားလာနေကြတယ်ထင်တယ်..... သူတို့ ဘယ်သွားလဲတေယ့အတိအကျမသိဘူး.... ဒီလိုဂိုဏ်းကြီးတွေရဲ့ တည်နေရာကို ဘယ်လိုသိနိုင်မှာလဲ.....”

တာအိုဘိုးဘေးက ရှန်းရှန်တုံးထျန်းကို ဖျက်ဆီးခဲ့သည်ဟု ကျန့်ယင်း ကောက်ချက်ချသည်ကို သူကြားလိုက်ရသည်။ မဟုတ်ရင်၊ နဂါးသွေးကြောတိုက်ကြီးကို စွန့်ပစ်ခဲ့မယ်ဆိုရင်တောင် သဲလွန်စတွေ ကျန်နေပေလိမ့်မည်။

ပိုးထည်ဝတ်ထားသူက မျက်မှောင်ကြုတ်ကာ “အမှန်ပဲလား” ဟု မေးသည်။

စားပွဲထိုးက သူ့အတွက် လက်ဖက်ရည်ငှဲ့ပေးရင်း...

“ဧည့်သည်....ကျွန်တော်က သာမန်စားပွဲထိုးလေးပါဗျာ....ဧည့်သည်ကို လိမ်ညာလို့ ဘာကောင်းကျိုးရှိနိုင်မှာလဲ......"

ပိုးထည်ဝတ်ထားသူက ကျိုးကြောင်းဆီလျော်တယ်လို့ တွေးလိုက်ပြီး ရှန်းရှန်တုံးထျန်းကတပည့်တွေက ဘယ်သွားသလဲဟု မေးပြန်သည်။

စားပွဲထိုးက မသိကြောင်းသာပြန်ဖြေခဲ့သည်။

ပိုးထည်ဝတ် အမျိုးသားက အစားအသောက်နှင့်အရက် မမှာခင် သူတို့နှစ်ယောက် ခဏလောက် စကားစမြည်ပြောခဲ့ကြပြီး စားပွဲထိုးက ချက်ချင်းထွက်သွားခဲ့သည်။

ရှောင်ပုခူသည် စားပွဲထိုး၏ စကားကိုကြားသောအခါ လျှို့ဝှက်စွာ လှောင်ရယ်လိုက်သည်။ ဒီခွေးက လူတွေကိုမြင်ရင်တော့ လူဘာသာစကားကို ပြောတတ်သားပဲ......

ဒါပေမယ့် ရှောင်ပုခူအနေနှင့် ဤကိစ္စတွင် မပါဝင်ချင်ပေ။ ရှန်းရှန်တုံးထျန်းသည် နဂါးသွေးကြောတိုက်ကြီးတွင် ချောင် ဂိုဏ်းများကို အုပ်စိုးခဲ့ဖူးပြီး ၎င်းသည် သူလက်လှမ်းမှီသောအရာမဟုတ်ခဲ့ပေ။

တာအိုဘိုးဘေးကို လက်စားချေရန် ရှန်းရှန်တုံးထျန်းနှင့်ပူးပေါင်းဖို့ပင် စိတ်မ၀င်စားခဲ့ပေ။

ထို့နောက်တွင်၊ ရှန်းရှန်တုံးထျန်းသည် တာအိုဘိုးဘေး၏ မောင်းထုတ်ခြင်းကို ခံခဲ့ရသည်။ အဲဒီလို အတွေးတွေကို ထုတ်ဖော်ပြလိုက်ရင် အသတ်ခံရလိမ့်မည်။

ယခုချိန်တွင်ရှောင်ပုခူ ခေါင်းထဲ၌ အတွေးတစ်ခုသာရှိခဲ့သည်။

လွတ်မြောက်ရန်အခွင့်အရေးရှာရမည်......

လွတ်မြောက်ခဲ့လျှင် သူသည် သိုင်းလောကကိုစွန့်ခွာ၍ ကျန်ဘဝတစ်လျှောက်လုံး ငြိမ်းချမ်းစွာ နေထိုင်သွားမည်ဖြစ်သည်။

အမှန်တော့ ပိုးထည်ဝတ် အမျိုးသားသည် ရှန်းရှန်တုံးထျန်း၏ ရှန်းယန်တစ်ဉွးဖြစ်သည်။ တံခါးပိတ်ကျင့်ကြံရာမှ ထွက်လာပြီးနောက် ရှန်းရှန်တုံးထျန်းက နဂါးသွေးကြောတိုက်ကြီးကို စွန့်ခွာသွားကြောင်း ချက်ချင်းကြားသိခဲ့ရသည်။ နိုင်ငံရပ်ခြားသို့ ထွက်ပြေးလာသော တပည့်များအားလုံး ထူးထူးခြားခြား ပျောက်ကွယ်သွားကြသည်။ ဘာဖြစ်သွားမှန်း မသိတဲ့အတွက် လမ်းတလျှောက် စုံစမ်းခဲ့ခြင်းဖြစ်သည်။

“တယအိုဘိုးဘေး…”

သူ ဘယ်ကလာတာလဲ....ဘယ်သူလဲ......

သူ နှစ်ပေါင်းများစွာ တံခါးပိတ်ကျင့်ကြံနေချိန်တွင် နဂါးသွေးကြောတိုက်ကြီး၏ အခြေအနေများ သိသိသာသာ ပြောင်းလဲသွားခဲ့ချေပြီ......

အရေးအကြီးဆုံးကတော့ ဟုန်ယွဲ့ဘိုးဘေး တာအိုဘိုးဘေး၏လက်ထဲတွင် ကွယ်လွန်သွားခဲ့ခြင်းပင်.....အဆင့်တက်နိုင်ခဲ့သော်လည်း ဟုန်ယွဲ့ဘိုးဘေးက တာအိုဘိုးဘေးနှင့်မယှဉ်နိုင်ခဲ့ပေ။

ယခုအချိန်တွင် သူသည် ပြန့်ကျဲနေသော ရှန်းရှန်တုံးထျန်း၏ တပည့်များကိုသာ ရှာဖွေပြီး ၎င်းတို့နှင့် ပြန်လည်ပေါင်းစည်းရန် ဆန္ဒရှိနေသည်။

ဤကျယ်ပြန့်သောကမ္ဘာကြီးတွင် ရှန်းရှန်တုံးထျန်းအတွက် နေရာမရှိနိုင်စရာအကြောင်းမရှိပေ။ တစ်နာရီလောက်ကြာတော့ တည်းခိုခန်းကနေ ရှန်းယန် ထွက်လာခဲ့သည်။

စားပွဲထိုးက ကောင်တာရှေ့မှာ ရပ်လိုက်ပြီး .....“အဲဒီလူက မလွယ်ဘူး....သူက ရှန်းရှန်တုံးထျန်းရဲ့မွန်းစတားအိုကြီးဖြစ်မယ်ထင်တယ်......"

ဆိုင်ရှင်က ခေါင်းငုံ့ပြီး စာရင်းတွက်နေရင်းကနေ..... "နားလည်ပြီ.... ငါစုံစမ်းဖို့ လူလွှတ်လိုက်မယ်......"

အနားယူနေသောနှလုံးသားတည်းခိုးခန်းသည် သာမန်တည်းခိုခန်းတစ်ခုဟု ထင်ရသော်လည်း အမှန်တကယ်တွင် ၎င်းသည် အံ့ဖွယ်ကံကြမ္မာကုန်သည်အသင်း၏ အမာခံနယ်မြေများထဲမှ တစ်ခုဖြစ်သည်။ သူတို့သည် သတင်းအချက်အလက်များစုဆောင်းရန် တည်းခိုခန်းကို ဗန်းပြထားခြင်းဖြစ်သည်။

ထျန်းဟိုင်မှာ ဒီလိုတည်းခိုခန်းပေါင်း တစ်ရာကျော်ရှိပြီး တည်းခိုခန်းများသာမက ဆောင်ကြာမြိုင်များ၊ အထည်ဆိုင်များ၊ ကုန်စုံဆိုင်များ အစရှိသည်တို့လည်း ရှိခဲ့သည်။ လုပ်ငန်းတိုင်းလိုလိုမှာ အံ့ဖွယ်ကံကြမ္မာကုန်သည်အသင်းက လူတွေရှိနေကြသည်။

တကျန်း ကြီးပွားချမ်းသာခဲ့ပြီး အစစ်အမှန်နဂါးဘုရားကျောင်းကြောင့် သိုင်းလောကသည်လည်း ပိုမို အသက်ဝင်လာခဲ့သည်။ သာမန်လူများကတော့ တကျန်းရေတပ်၏ သတင်းကောင်းများကို စောင့်မျှော်နေကြသည်။

အံ့ဖွယ်ကံကြမ္မာကုန်သည်အသင်းသားများ စီရင်စု ၉၉ ခုတွင် ပျံ့နှံ့နေပြီ၏ လထူးခြားဆန်းပြားသော ကုန်စည်အမျိုးအစားအားလုံးကို ရောင်းဝယ်ဖောက်ကားကြသည်။ အံ့သြဖွယ်ကံကြမ္မာကုန်သည်အသင်းက နိုင်ငံရပ်ခြားမှဖြစ်သည်ကို အားလုံးသိကြသောကြောင့် စူးစမ်းလိုစိတ်နှင့် မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေပါသည်။

နေရာတိုင်းရှိ ပညာတတ်များနှင့် စာတတ်မြောက်သူများသည် စုတ်တံ၊မှင်ရည်တို့ကို ဖောဖောသီသီရရှိနိုင်သောကြောင့် မကြုံစဖူးသော စည်းစိမ်ချမ်းသာကို ချီးမွမ်းကြသည်။

ဧကရာဇ်ရွှမ်ထျန်းကလည်း သူတို့၏ သဘောထားကို အလွန်ကျေနပ်နေသည်။ စာပေလောက ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုရန် ပညာရှင်များအတွက် အကျိုးရှိစေမည့် နည်းဗျူဟာအချို့ကိုလည်း ထုတ်ပြန်ခဲ့သည်။

ဧကရာဇ်ငယ် နန်းတက်ပြီး နှစ်အနည်းငယ်အကြာတွင် တကျန်းအင်ပါယာ ပိုမိုတိုးတက်လာပြီး စာတတ်မြောက်သူများ၏ ဂုဏ်ကျေးဇူးကြောင့် လူနေမှုအဆင့်အတန်း ပိုမ်ိုမြင့်မားလာခဲ့သည်။

လုံချီတောင်ပေါ်ရှိ ခြံဝင်းထဲတွင်.....

လီကျွင်းသည် လက်ရှိတွင် မကြာသေးမီက ဖြစ်ပျက်နေသည့် အဖြစ်အပျက်များအကြောင်း ကျန်းချန်းရှန်းထံ သတင်းပို့နေသည်။

“အစစ်အမှန်နဂါးဘုရားကျောင်းကို အခုမှ တည်ထောင်ထားပေမဲ့ သိုင်းလောကကို ထိတ်လန့်တုန်လှုပ်စေတဲ့ ပါရမီရှင်တစ်ယောက် ပေါ်လာပြီ ...သူ့နာမည်က ကျူကျွယ်တဲ့....ဒီကလေးက ဂိုဏ်းပေါင်းစုံက သိုင်းပညာတွေကိုကျွမ်းကျင်တာကြောင့် ဘုန်းတော်ကြီးကျာရဲက တပည့်အဖြစ် လက်ခံခဲ့တယ်...အခုဆို ကျူကျွယ်က အတော်လေး နာမည်ကြီးနေပြီ.... သူတို့ရဲ့ သိုင်းပညါတွေ ခိုးယူခံရတဲ့ ဂိုဏ်းအသီးသီးရဲ့ ဒေါသကို ဖြေဖျောက်ဖို့အတွက် ဘုန်း​တော်ကြီးကျာရဲက သူရဲ့ အစွမ်းထက်ဆုံး သိုင်းပညာတွေထဲက တစ်ခုကို ကူးယူဖို့ ဂိုဏ်းအသီးသီးကို ခွင့်ပြုပေးခဲ့တယ်....."

ကျူကျွယ်အကြောင်းကို ပြောနေရင်း လီကျွင်း သက်ပြင်းချလိုက်သည်။

တကျန်း၏ ကံကြမ္မာ အားကောင်းလာကာ ပေါ်လာသော ပါရမီရှင်များကလည်း ပို၍ထူးချွန်လာကြသည်။

ပိုင်ချီက မြေပြင်ပေါ် လှဲချလိုက်ပြီး....

"ဒီသိုင်းပညာတွေက အရမ်းလွယ်လွန်းလို့နေမှာပေါ့...."

လီကျွင်း က ခေါင်းခါပြီး “အဲဒါတော့ မဟုတ်ဘူး....သူက ဖူယွဲ့မိသားစုရဲ့ နောက်ဆုံးပေါ် သိုင်းပညာကိုတောင် လျင်မြန်စွာ သင်ယူနိုင်ခဲ့တယ်.... အတွင်းအားကျင့်စဉ်မဟုတ်သရွေ့ တစ်ချက်ကြည့်လိုက်ရုံနဲ့ သင်ယူနိုင်ပုံပဲ....”

ထိုအခါ ပိုင်ချီက စိတ်ဝင်တစားနဲ့...

"သူက ဘယ်နယ်ပယ်မှာလဲ...."

“ကောင်းကင်တက်လှမ်းခြင်းနယ်ပယ် . သူ့အသက်က ဆယ့်ခြောက်နှစ်ပဲရှိသေးတာ......"

“သူက ကောင်းကင်တက်လှမ်းခြင်းနယ်ပယ်ပဲရှိသေးပေမယ့် အဆင့်မြင့် သိုင်းပညာတွေကို နှံ့နှံစပ်စပ် တတ်ကျွမ်းနေပြီ......”

“တကယ်တော့...ဖူယွဲ့မိသားစုရဲ့ နောက်ဆုံးပေါ် သိုင်းပညာကို သူအသုံးပြုတဲ့အချိန်က အတော်လေး အရည်အသွေးနိမ့်တယ်....ဒါပေမယ့် ဒါကလည်း သူ့ရဲ့အင်အား မလုံလောက်တာကြောင့်ပါ..... ဒီအတိုင်းသာဆို သူက တကျန်းသိုင်းလောကမှာ ပါရမီရှင်တစ်ဦးဖြစ်လာမှာသေချာနေပြီ...."

လီကျွင်းက ကျူကျွယ်ကို အလွန်ချီးကျူးခဲ့ပြီး ကျန်းချန်ရှန်းပင်လျှင် ထူးခြားသည်ဟု ခံစားမိသည်။

စကြဝဠာနယ်ပယ်ကျွမ်းကျင်သူ၏ တပည့်တစ်ဦးအနေဖြင့် ကျူကျွယ်သည် သိုင်းလောကတွင် ကျော်ကြားလာရန် နှစ်အနည်းငယ်သာ အချိန်ယူရပေမည်။ သူသည် ယခင်က ရှုထျန်းကျီ ထက် ပို၍ပင် နာမည်ကြီးလာနိုင်သည်။

ကျန်းချန်ရှန်းကတော့ ကံတရားကြောင့် အနာဂတ်တွင် သူ့လို ထူးချွန်သူများ ပိုများလာမည်ဟု ခန့်မှန်းခဲ့သည်။

လီကျွင်း ထွက်ခွာမသွားမီ တစ်နာရီကြာအောင်နေခဲ့သည်။

“ယန်ဇီမြစ်ထဲက လှိုင်းသစ်တွေက အဟောင်းကို ကျော်သွားတယ်ဆိုတဲ့စကားအတိုင်း တာအိုနည်းစနစ်ရဲ့ အဋ္ဌမအဆင့်ကို ဖြတ်ကျော်ဖို့ အချိန်တန်ပြီ......."

ကျန်းချန်ရှန်း တရားထိုင်ရင်း တွေးလိုက်မိသည်။

သူ့ရဲ့နောက်ဆုံးအောင်မြင်မှုဟာ နှစ်ပေါင်းငါးဆယ်ကြာခဲ့ပြီဖြစ်ပြီး အဆင့်တက်ဖို့နီးစပ်လာပြီဟုခံစားနေရသည်။ နောက်ဆုံးငါးနှစ်အတွင်းတွင် တာအိုကျင့်စဉ်၏ အဆင့်ရှစ်ကို ဖြတ်ကျော်နိုင်မည်ဖြစ်ပြီး မည်မျှ အစွမ်းထက်မည်ကို စောင့်မျှော်နေပါသည်။

............................

ကျွန်းပေါင်းရာနှင့်ချီရှိသော အဆုံးမဲ့ပင်လယ်ပြင်အထက်တွင် ကျွန်းစုတစ်ခုရှိသည်။ ကျွန်းများကြားတွင် မရေမတွက်နိုင်သော သင်္ဘောများ သွားလာလျက် ရှိပြီး ကျွန်းစုများပေါ်၏အထက်တွင် မျောလွင့်နေသော ကျွန်းတစ်ကျွန်း ရှိနေသေးသည်။

၎င်းသည် သမုဒ္ဒရာထဲတွင် နှစ်ထောင်ပေါင်းများစွာ တည်တံ့ခဲ့သော ကြီးမားသော ဂိုဏ်းတစ်ခုဖြစ်သည့် ရေပေါ်ကျွန်း ဖြစ်သည်။

ရေပေါ်ကျွန်းကို အဝေးကကြည့်ရင် ကြီးကြီးမားမားမဟုတ်ပေမယ့် နီးလာတဲ့အခါ ကျွန်းပေါ်မှာ မြို့တစ်မြို့ရှိသည်ကို မြင်ရလိမ့်မည မြို့လယ်တွင် ရဲတိုက်တစ်ခုနှင့် နန်းတော်တစ်ခုရှိသည်။

ခန်းမထဲတွင်.....

ကျွန်းသခင်ပိုင်တု သိုင်းပညာ လေ့ကျင့်နေသည်။ သူသည် ဆံပင်ဖြူနေသော်လည်း အသက်မကြီးသေးပေ။

မိုးကာအင်္ကျီဝတ်ထားသည့် အမျိုးသားတစ်ဦး ခန်းမအောက်တွင် ရပ်နေသည်။ သူသည် အသက်လေးဆယ် သို့မဟုတ် ငါးဆယ်ဝန်းကျင်ရှိပုံရပြီး အချက်အလက်များကို သတင်းပို့နေသည်။

“နတ်ဆိုးသခင်နဲ့ သူ့တပည့်က အကြွင်းမဲ့နတ်ဘုရားရေလက်ကြားထဲသို့ ရောက်သွားကြပြီ....ကျွန်တော်တို့ တပည့်တွေ သူတို့နောက်ကို လိုက်မလိုက်ဝံ့ဘဲ အနီးအနားမှာပဲ စောင့်နေကြတယ်....”

ကျန်းပိုင်တု ထိုစကားကိုကြားသောအခါ မျက်လုံးမဖွင့်ဘဲ ....

"သူတို့ကို အသေရရအရှင်ရရ ဖမ်းလာခဲ့.... ဒုတိယယဲ့ရွှမ် မွေးဖွားလာတာမျိုး မဖြစ်စေနဲ့......"

“ဟုတ်ကဲ့!”

မိုးကာအင်္ကျီဝတ်ထားသူက အမိန့်ကိုလက်ခံပြီး ထွက်သွားတော့မည့်အချိန်ကျန်းပိုင်တု ရုတ်​တရက်​ မျက်​လုံးဖွင့်​ပြီး.....

"ဟုန်ယွဲ့ဘိုးဘေး ပြန်​မလာ​သေးဘူးလား..." ဟု မေးလိုက်​သည်​။

မိုးကာအင်္ကျီဝတ်ထားသည့် အမျိုးသားက မော့ကြည့်ကာ.....

“ပြန်မလာသေးဘူး... ဟုန်ယွဲ့ဘိုးဘေး တကျန်းမှာ သေဆုံးသွားခဲ့ပြီလို့ အံဖွယ်ကံကြမ္မာကုန်သည်အသင်းက ကုန်သည် တယောက်ဆီက ကြားခဲ့တယ်.... တကျန်းက ကောင်းကင်နယ်ပယ်ကျွမ်းကျင်သူငါးဦးရဲ့ အလောင်းတွေကို ထိန်းသိမ်းထားတယ်တဲ့......"

ကျန်းပိုင်တု မျက်လုံးမှိတ်ထားပြီး.... "ထွက်သွားလို့ရပြီ" ဟု ပြောလိုက်သည်။

ကျန်းပိုင်တုသည် သူ့လက်ကို ဖြည်းညှင်းစွာ ပြန်ရုတ်လိုက်တော့ သူ့လက်ဖဝါးပေါ်ရှိ အနီရောင်အလင်းလုံးလေး ပျောက်သွားသည်။

သူက မျက်မှောင်ကြုတ်ကာ ....“တာအိုဘိုးဘေးက ဘယ်သူလဲ” ဟု တကိုယ်တည်း ရေရွတ်လိုက်သည်။

ဟုန်ယွဲ့ဘိုးဘေး၏ အစွမ်းသတ္တိကို သူကောင်းကောင်းသိသည်။ ဟုန်ယွဲ့ဘိုးဘေးသည် ထျန်းဟိုင်တွင် ရဲရွှမ်ပြီးလျှင် ဒုတိယမြောက် အသန်မာဆုံး ပညာရှင်ဖြစ်သည်။ မကြာသေးမီနှစ်များအတွင်း၊ သူသည် ကောင်းကင်နှစ်ခုနယ််ပယ်သို့ တက်လှမ်းတော့မည့်အကြောင်း ကောလဟာလများ ထွက်ပေါ်ခဲ့ဖူးသည်။ သူအောင်မြင်ပြီးသည်နှင့် ထျန်းဟိုင်တွင် နံပါတ်တစ်ကျွမ်းကျင်သူဖြစ်လာမည်မှာ သေချာသည်။

ဟုန်ယွဲ့ဘိုးဘေးလို ကောင်းကင်နှစ်ခုနယ်ပယ်တောင် သေဆုံးခဲ့တယ်ဆို တာအိုဘိုးဘေးရဲ့ခွန်အားက.....

ကျန်းပိုင်တု၏ မျက်ခွံများ လှုပ်ခတ်သွာလေသည်။

ကောင်းကင်သုံးခုနယ်ပယ်ကျွမ်းကျင်သူဟူ၍ ထျန်းဟိုင်တွင်သာမက ဤသမုဒ္ဒရာတစ်ခုလုံးမှာတောင် မရှိခဲ့ပေ။

ကောင်းကင်သုံးခုနယ်ပယ်ကျွမ်းကျင်သူတစ်ဦးက နဂါးသွေးကြောတိုက်ကြီးကို အဘယ်ကြောင့် သိမ်းပိုက်ချင်နေရသနည်း..... တကယ်ဆို ထျန်းချန်တိုက်ကြီးကို သွားသင့်သည်မဟုတ်လေ...ထျန်းချန်တိုက်ကြီး၏ သိုင်းဆိုင်ရာ အရင်းအမြစ်များနှင့် ကံကောင်းခြင်းများက နဂါးသွေးကြောတိုက်ကြီးထက် အဆများစွာသာလွန်နေသည်။

ကောင်းကင်သုံးခုနယ်ပယ် ကျွမ်းကျင်သူသာလျှင် ထျန်းချန်တိုက်ကြီးသို့ ခရီးနှင်နိုင်လိမ့်မည်။

ကျန်းပိုင်တု စဉ်းစားမရပေမယ့် နဂါးသွေးတိုက်ကြီးကို ထိပါးလို့မရကြောင်းတော့ ကောင်းကောင်းနားလည်ထားသည်။

ရန်သူမဖြစ်ခင်မှာ သူတို့နဲ့ မိတ်ဖွဲ့ဖို့ နည်းလမ်းကို အရင်စဉ်းစားရမည်။ ဒီလိုမှမဟုတ်ရင် သူ့ဘေးနားက အစွမ်းထက်တဲ့ ပညာရှင်ရှိနေသည့်အတွက် စိတ်​ဖြောင့်​ဖြောင့် အိပ်ပျော်နိုင်မည်မဟုတ်ပေ။

အချိန်အတော်ကြာ စဉ်းစားပြီးနောက် ကျန်းပိုင်တု၏ နှုတ်ခမ်းက တစ်စုံတစ်ခုကို ပြောနေသကဲ့သို့ အနည်းငယ် လှုပ်သွားသော်လည်း အသံမထွက်ပေ။

သိပ်မကြာခင်မှာပဲ သူရဲကောင်းဆန်သောလူငယ်တစ်ယောက် နန်းတော်ထဲကို ၀င်လာခဲ့သည်။

ထိုလူမှာ သူ့သား ကျန်းချန်ကန်း ဖြစ်သည်။

“တကျန်းကို ချက်ချင်းသွားပြီး တာအို ဘိုးဘေးအကြောင်း ကိုယ်တိုင်ကိုယ်ကျ စုံစမ်းခဲ့......ဒါ့အပြင် တကျန်းရဲ့ တော်ဝင်မိသားစုနဲ့ကောင်းမွန်တဲ့ဆက်ဆံရေးတည်ဆောက်ဖ်ို့ နည်းလမ်းကိုပါ စဉ်းစားထား..... တာအိုဘိုးဘေးကို ကိုယ်တိုင်သွားတွေ့နိုင်ရင် အကောင်းဆုံးပဒ.... သူနဲ့ ဆက်ဆံရေးကောင်းဖို့ မင်း တတ်နိုင်သမျှ ကြိုးစားခဲ့ဖို့ မမေ့နဲ့....ပေါ့ပေါ့ဆဆမလုပ်မိစေဖ်ို့ အထူးဂရုစိုက်ပါ...နားလည်လား..."

ကျန်းပိုင်တုက ထိုစကားကို လေးနက်စွာပြောပြီးနောက် ကျန်းချန်ဂန်ထံသို့ တံဆိပ်ပြားတစ်ခု လွှင့်ပစ်လိုက်သည်။

ကျန်းချန်ကန်းက ကြောင်တက်တက်ဖြင့် တံဆိပ်ပြားကို ဖမ်းယူလိုက်သည်။

သူနားကြား မှားနေသလား.....

........................

လွန်ခဲ့သည့်နှစ်တွင် တကျန်း၌ နိုင်ငံရပ်ခြားမှ သိုင်းပညာရှင်များ ပိုများလာသည်။မြို့တွင်းသို့ နေ့စဉ်ဝင်ထွက်သွားလာနေသော သိုင်းပညာရှင် အရေအတွက်က ရေမတွက်မရအောင်များပြားလာသည်။ ထို့ကြောင့် ဧကရာဇ်က မြို့တော်အပြင်ဘက်တွင် တည်းခိုခန်းတစ်ခုဖွင့်ကာ ရှီပြည်နယ်အတွက် အစားအစာနှင့် ဝိုင်များစုဆောင်းရန် ကုန်သည်များကို အမိန့်ပေးခဲ့ရသည်။

လုံချီ ဘုရားကျောင်းကတော့ အလုပ်အများဆုံးဖြစ်သည်။ ကမ္ဘာတစ်ဝှမ်းမှ သိုင်းပညာရှင်များက တာအိုဘိုးဘေးဆွသို့ သွားရောက်လည်ပတ်ချင်ကြသည်။

မင်ကွမ်းခန်းမထဲတွင်.......

ချင်းအာက ခေါင်းခါပြီး..... "ရှင်ရဲ့ ကြင်နာတတ်တဲ့ ရည်ရွယ်ချက်အတွက် ကျေးဇူးတင်ပါတယ်၊ ဒါပေမယ့် တာအိုဘိုးဘေးကို တွေ့လို့မရဘူး.... တာအိုဘိုးဘေးကသာ ရှင့်ကိုတွေ့ချင်ရင် လာခေါ်ခိုင်းလိမ့်မယ်.... ရှင် ဒီခန်းမထဲရောက်နေတာအတော်ကြာနေပြီ...အခုထိ လာမခေါ်ခိုင်းသေးပုံထောက်ရင် တွေ့ဖို့ကံမပါလာဘူးထင်ပါတယ်......"

ချင်းအာ ဘေးမှာထိုင်နေတဲ့ လူလတ်ပိုင်းအရွယ်အမျိုးသားက မချိတင်ကဲပြုံးကာ ချင်းအာငှဲ့ပေးသော လက်ဖက်ရည်ကို လက်ခံရုံမှတပါး ရွေးချယ်စရာမရှိခဲ့ရှာပေ။

လူလတ်ပိုင်းအရွယ်အမျိုးသား မထွက်ခွာမီတွင် သူတို့နှစ်ဦး စကားစမြည်ပြောဆိုခဲ့ကြသည်။

ထိုလူထွက်သွားပြီးနောက် ချင်းအာက နဖူးပေါ်က ချွေးတွေကို သုတ်လိုက်ပြီး “အရမ်းပင်ပန်းနေပြီ” ဟု ရေရွတ်လိုက်သည်။

သူမ ပင်ပန်းပေမဲ့ အရမ်းစိတ်လှုပ်ရှားနေပါသည်။ အဘယ်ကြောင့်ဆိုသော် ဤဂိုဏ်းများသည် လုံချီ ဘုရားကျောင်းသို့ လာရောက်သည့်အခါတိုင်း လက်ဆောင်များ ပေးပို့ကြသောကြောင့် ဖြစ်သည်။ ထိုလက်ဆောင်များထဲတွင် သိုင်းကျမ်းများ၊ နတ်လက်နက်များနှင့် ရတနာများ ပါ၀င်သည်။သူတို့သည် တာအိုဘိုးဘေးကိုတွေ့ခွင့် မရသော်လည်း လုံချီ ဘုရားကျောင်းနှင့် ဆက်ဆံရေးတခုတည်ဆောက်ရန် အတတ်နိုင်ဆုံး ကြိုးစားခဲ့ကြသည်။

သူမအနားယူခင်မှာ အခြားတစ်ယောက်ယောက်ဝင်လာသဖြင့် သူမကိုယ်ဟန်အနေအထားကို ချက်ချင်းတည့်မတ်ပြီး ဧည့်သည်တွေကို ကြိုဆိုဖို့ ပြင်ဆင်ခဲ့လေသည်။

အခြားတစ်ဖက်တွင်မူ..... လုံချီ တောင်ပေါ်က ခြံဝင်းထဲတွင်......

ပိုင်ချီ သက်ပြင်းချလိုက်ပြီး ...

“ အစွမ်းထက်တဲ့ အော်ရာတွေ အများကြီးပဲ....တကျန်းမှာ ကျွမ်းကျင်သူတွေ အများကြီးရှိနေပြီပဲ......"

ဓားနတ်ဘုရားက.... "တကျန်း ဘယ်လောက်ပဲ ကြီးထွားဖွံ့ဖြိုးနေပါစေ ဒီလိုသန်မာဖို့ မဖြစ်နိုင်ဘူး..... နိုင်ငံရပ်ခြားက လာတဲ့သူတွေ အရမ်းများနေပြီ ထင်တယ်..... နောက်ဆုံးတော့၊ လုံချီ ဘုရားကျောင်းရဲ့ ဂုဏ်သတင်းဟာ ကောင်းကင်နယ်ပယ် ကျွမ်းကျင်သူငါးဦးရဲ့ အလောင်းတွေကိုအခြေခံပြီးတည်ဆောက်ထားတာပဲလေ.....”

All Chapters