← Chapters

အကန့်အသတ်မဲ့ပင်လယ်မဟာမိတ်.ကျန်းချန်ရှန်း၏စွမ်းရည်

Vol. 11 Ch. 154

အကန့်အသတ်မဲ့ပင်လယ်မဟာမိတ်.ကျန်းချန်ရှန်း၏စွမ်းရည်

Vol. 11 Ch. 154

" အဲဒါက တကျန်းက တိုက်ကြီးကို တိုက်ရိုက် ပေါင်းစည်းနိုင်တယ်ဆိုတာကို သက်သေပြနေတာမဟုတ်ဘူးလား....."

ပိုင်ချီ သက်ပြင်းချလိုက်မိပြန်သည်။

လက်ရှိ တကျန်းသည် ကောင်းကင်ပေါ်က သူရိယနေမင်းကြီးနှင့်တူသည်။သူတို့လို တောင်ပေါ်မှာ နေတဲ့သူတွေတောင် မြို့တော်ရဲ့ အခြေအနေကို တချက်ကြည့်ရုံနဲ့ သိနိုင်နေသည်။

ဓားနတ်ဘုရားက ခေါင်းခါပြီး....

“တကျန်းရဲ့ စစ်အင်အားက တိုက်ကြီးကို ပေါင်းစည်းဖို့ မလုံလောက်သေးဘူး.... ယခုအချိန်မှာ တကျန်း လုပ်ရမယ့်​အရာက အင်အားဖြည့်တင်းဖို့ပဲ.... ပတ်ဝန်းကျင်က မင်းဆက်တွေကို လက်နက်ချဖို့ မျက်စိစုံမှိတ် တွန်းအားပေးခြင်းမျိုး မလုပ်သင့်သေးဘူး.... ဒါ့အပြင်၊ တာအိုဘိုးဘေးက တကျန်းကိုတစ်ယောက်တည်း ကြီးကြပ်နေရတာ..သူမှာကိုယ်ပွားတွေမှမရှိတာ...."

ထိုစကားကြောင့် တရားထိုင်နေတဲ့ ကျန်းချန်ရှန်းက 'ကိုယ်ပွားထုတ်နည်းကို သိတယ်' လို့သာ စိတ်ထဲကပြောလိုက်မိသည်။

ကျန်းမိသားစုသာ နဂါးသွေးကြောတိုက်ကြီးကို ပေါင်းစည်းလိုလျှင် ၎င်း၏အမွေကို မျိုးဆက်တစ်ခုမှတစ်ခုသို့ လက်ဆင့်ကမ်းပြီး တိုက်ကြီးကို သိမ်းပိုက်နိုင်သည်အထိ အဆက်မပြတ် တိုးချဲ့ရန် လိုအပ်မည်ဖြစ်သည်။

နဂါးသွေးကြောတိုက်ကြီးကို ပေါင်းစည်းပြီးနောက်၊ တိုက်ကြီးရှိလူတိုင်းကို ကောင်းမွန်သောဘဝနှင့်နေထိုင်နိုင်ရန် ကူညီပေးရဉီးမည်။ နိုင်ငံရပ်ခြားတပ်များနှင့် ဆက်လက်တိုက်ပွဲဝင်လိုပါက တကျန်းအတွက် သာယာဝပြောသောခေတ်သစ်ကို အရင်တည်ဆောက်ရမည်ဖြစ်သည်။တကယ်ဆို ဖွံ့ဖြိုးတိုးတက်နေရုံနဲ့ မလုံလောက်သေးပေ။အေးချမ်းမှုမရှိလျှင် တိုင်းသူပြည်သားများ စိတ်ပျက်လာကြလိမ့်မည်။ ထို့အပြင် တကျန်းက မချဲ့ထွင်ဘဲ ငြိမ်နေလျှင် အနှေးနှင့်အမြန်ဆိုသလို နိုင်ငံရပ်ခြားမှ မင်းဆက်များက ၎င်းတို့ကို တိုက်ခိုက်လာလိမ့်မည်။ ဤသည်မှာ မပြောင်းလဲသော ဥပဒေဖြစ်သည်။

မဟာကန္တရမင်းဆက်သည် သိမ်းပိုက်ခြင်းမခံရမီ နှစ်ရာနှင့်ချီ၍ ငြိမ်းချမ်းခဲ့သည်။

တကျန်းအနေနှင့် ယခင်က အောင်ပွဲလမ်းကြောင်းကို စတင်ရန် ပြင်ဆင်နေသောကြောင့်တည်ငြိမ်စွာ တိုက်ပွဲဝင်ခဲ့ရသည်။ ယခုအချိန်တွင်၊ ၎င်းတို့သည် ပိုမိုကြီးမားသောနယ်မြေကိုကာကွယ်ရန်နှင့် အနာဂတ်စစ်ပွဲများအတွက်ပြင်ဆင်ရန် လက်နက်ရိက္ခာအလုံအလောက်ဖြည့်တင်းထားဖို့လိုအပ်နေပြီဖြစ်သည်။ ကျန်းချန်ရှန်း တစ်ယောက်တည်းမဟုတ်ဘဲ အနာဂတ်မှာ ပေါ်လာနိုင်တဲ့ အင်အားကြီးတဲ့ ရန်သူတွေကို ကိုင်တွယ်ဖို့ အစွမ်းထက်တဲ့ သိုင်းပညာရှင်များကိုလည်း လိုအပ်နေပါသေးသည်။

ဤအရာအားလုံးကို ပြည့်စုံအောင်စီမံနိုင်ဖို့အချိန်လိုအပ်သည်။

ကျန်းချန်ရှန်းအတွက်တော့ လူတွေ သူ့ကို ယုံကြည်စေချင်ရင် တခြားသူတွေကို အင်အားသုံးပြီး အနိုင်ယူဖို့မလွယ်တော့ပေ။ မည်မျှပင် တန်ခိုးကြီးသည်ဖြစ်စေ ပြည်သူတို့၏ မျှော်လင့်ချက်နှင့် အကျိုးကျေးဇူးများကို မယူဆောင်နိုင်ခဲ့ပါက၊ သူသည် လူတို့၏အမြင်တွင် နတ်ဆိုးတစ်ကောင်သာ ဖြစ်လိမ့်မည်။

လက်ရှိအချိန်မှာ အမွှေးတိုင်အရေအတွက် အလုံအလောက်ရှိနေပြီဖြစ်လို့ လောလောဆယ်တော့ အလျင်လိုနေစရာ မလိုသေးဘဲ ကျင့်ကြံရေးကိုသာ အာရုံစိုက်ဖို့က ပိုအရေးကြီးသည်။

နဂါးသွေးကြောတိုက်ကြီးကို ပေါင်းစည်းခြင်းသည် ကျန်းချန်ရှန်း၏ ရည်မှန်းချက်အစစ်အမှန်မဟုတ်ခဲ့ပေ။

အင်မော်တယ်တာအို၏အဆုံးသတ်ထိ လျှောက်လှမ်းခြင်းကသာ သူ၏စစ်မှန်သောပန်းတိုင်ဖြစ်သည်။

ပိုင်ချီနဲ့ ဓားနတ်ဘုရား စကားပြောနေကြပြီး ဟွမ်းထျန်းနှင့်ဟေးထျန်းက ကျန်းချန်ရှန်း၏ ဘေးတွင် ဝိညာဉ်စွမ်းအင်များကို တိတ်တဆိတ် စုပ်ယူနေကြသည်။ သူတို့သည် ခန္ဓာကိုယ်ကြံ့ခိုင်သန်မာစေရန် ၎င်းတို့၏ နတ်ဆိုးစွမ်းအားကို လေ့ကျင့်ပျိုးထောင်ရန် ၎င်းတို့၏ မွေးရာပါဗီဇကိုသာ အားကိုးကြရသည်။

သိုင်းတောင်ထွတ်၏ သက်ဝင်စည်ကားမှုနှင့် မတူဘဲ လုံချီတောင်ကတော့ ဆိတ်ငြိမ်အေးချမ်းနေဆဲပင်......

[ရွှမ်ထျန်းခေတ်၏ ပဉ္စမနှစ်တွင်.. သင် အမှတ်အသားပြုခဲ့သည့် သမုဒ္ဒရာလေးစင်းပဏ္ဍိတ အောင်မြင်စွာ လူပြန်ဝင်စားပြီး ထျန်းဟိုင်တွင် မွေးဖွားခဲ့သည်။]

ကျန်းချန်ရှန်း ရှေ့မှာ အကြောင်းကြားချက်တစ်ခု ပေါ်လာပြီး ထူးဆန်းတဲ့အမူအရာနဲ့ မျက်လုံးဖွင့်လိုက်မိသည်။

ဒီလူ လူဝင်စားပြန်ဖြစ်ပြန်ပြီလား...အရင်တစ်ခေါက် အကြောင်းကြားချက်ရောက်လာတာ သိပ်မကြာသေးဘူးလေ......

သမုဒ္ဒရာလေးစင်းပဏ္ဍိတသည် နောက်ဆုံးလူဝင်စားချိန်တွင် ကိုးနှစ်သာ အသက်ရှင်ခဲ့သည်...

ထို့အပြင်၊ ဤသူသည် ထျန်းဟိုင်တွင်သာ အမြဲတမ်းမွေးဖွားခဲ့သည်။

ဒါကဘာသဘောလဲ.... ဝိညာဉ်တစ်ကောင်က သူ့ကို ခြောက်လှန့်နေသလား.....

ကျန်းချန်ရှန်းသည် အမွှေးတိုင်အရေအတွက် 10,000 သုံးစွဲ၍ ပဏ္ဍိတအတွက် ကောင်းချီးပေးခဲ့သည်။

အနည်းဆုံးတော့ သူတို့က အသိအကျွမ်းတွေဖြစ်ခဲ့တာမို့ ဒီအမွှေးတိုင်အရေအတွက် 10,000 က သူ့ကိုဒုက္ခတွေကနေ လွတ်မြောက်စေနိုင်မည်ဟု မျှော်လင့်ရတော့မည်။

သမုဒ္ဒရာလေးစင်းပဏ္ဍိတ၏ လူဝင်စားခြင်းသည် ကျန်းချန်ရှန်းအတွက် ဘဝနှင့်ပတ်သက်သော ခံစားချက်အသစ်ကို ပေးစွမ်းသည်။ လူတိုင်းမှာ ကိုယ့်ကံကြမ္မာကိုယ်စီရှိကြပြီး ကံကြမ္မာက သူတို့ကို ရူးသွပ်စေနိုင်ပေမည်။

ယခင်က လူဝင်စားခဲ့သော ဝမ်ချန်းလည ယခုဆို အသက် ခုနစ်နှစ်ရှိပြီဟု သတိရမိလိုက်သည်။

ဝမ်ချန်း၏ လူဝင်စားအမှတ်အသားကို အာရုံခံကြည့်လိုက်တော့ တချီမှာ မွေးဖွားခဲ့ကြောင်းတွေ့ရှိခဲ့သည်။ သူ့ဘဝ ဘယ်လိုနေလဲလို့ တွေးမိလိုက်သဖြင့်အကန့်အသတ်မဲ့အမြင်အာရုံသုံး၍ရှာဖွေကြည့်ခဲ့သည်။

ခဏအကြာတွင်.......

သူ့မျက်လုံးထဲက ရွှေရောင်အလင်းတန်းတွေ ပျောက်ကွယ်သွားပြီး သူ့အမူအရ အနည်းငယ် ရှုပ်ထွေးသွားသည် ။

ဝမ်ချန်းက မမျှော်လင့်ဘဲ တချီ၏တော်ဝင် မင်းသားဖြစ်လာသည်။

ကောင်းချီးပေးမှု အလုပ်ဖြစ်သားပဲ......

သူက ပြုံးလိုက်ပြီး ထိုအကြောင်း သိပ်စဉ်းစားတော့ပေ။

ဝမ်ချန်းသည် အရင်ဘဝတုန်းက မင်းသားအတုဖြစ်ပေမယ့် ဒီဘဝမှာတော့ မင်းသားအစစ်တပါးဖြစ်လာခဲ့ချေပြီ။ ဒါက သူ့အတိတ်ဘဝက နောင်တရစရာတွေကို ချေဖျက်ပေးလိုက်ခြင်းပင်......

ဝမ်ချန်းက တကျန်း၏ရန်သူဖြစ်လာမည်ကိုလည်း စိုးရိမ်နေစရာမလိုပေ။ တကျန်း သည် တချီနှင့် အဝေးဆုံးဖြစ်သည်။ တချီကို မတိုက်ခိုက်ခင်မှာ တကျန်း ရဲ့ ပန်းတိုင်က တုံးဟိုင်မင်းဆက်နဲ့ အေးခဲကောင်းကင်မင်းဆက်ဖြစ်မှာ သေချာသည်။တကျန်းအနေဖြင့် တချီကို မတိုက်ခိုက်မီ တိုက်ကြီး၏ တောင်ပိုင်းဒေသအများစုကို ပေါင်းစည်းမည်ဖြစ်သည်။ ထိုအချိန်တွင် ဝမ်ချန်းနောက်တစ်ကြိမ် လူပြန်ဖြစ်နိုင်ဖွယ်ရှိသည်။ အကယ်၍ သူသည် ရာဇပလ္လင်အတွက် ယှဉ်ပြိုင်ရန် ကျရှုံးခဲ့ပါက သူ့ကိုအရင်လို လုံချီတောင်ဆီ ပြန်လည်ခေါ်ဆောင်လာမည်သာ.......

ကျန်းချန်ရှန်း တဖြည်းဖြည်း စိတ်ဝင်စားလာပြီး လူဝင်စားပြန်ဖြစ်နေသော လီကုန်းကုန်းကိုပါရှာဖွေခဲ့သည်။

လီကုန်းကုန်းအတွက် ကောင်းချီးမပေးခဲ့သော်လည်း ဤဘဝတွင် သာသာယာယာနေထိုင်ခွင့်ရခဲ့သည်။ လီကုန်းကုန်းကိုမြင်သောအခါ ချောမောလှပသော မိန်းမနှစ်ယောက်နှင့် အတူ အရက်သောက်နေသည်ကို တွေ့လိုက်ရသည်။

သူ၏ လူဝင်စား မိတ်ဟောင်းဆွေဟောင်းများကို တခါတလေ စူးစမ်းလေ့လာကြည့်ရသည်ကလည်း စိတ်ဝင်စားစရာကောင်းလှသည်။

ရွှမ်ထျန်းခေတ် ခြောက်နှစ်..........

တော်ဝင်စာကြည့်ဆောင်တွင်.....

ဧကရာဇ်ရွှမ်ထျန်းသည် ကျန့်ယင်း ပေးခဲ့သော သမုဒ္ဒရာအကြောင်းရေးသားထားသည့်စာအုပ်ကို ဖတ်ရှုနေသည်။

ရုတ်တရက် ဝတ်ဖြူတော် အစောင့်တစ်ယောက် အမြန်ဝင်လာပြီး လျှို့ဝှက်စာတစ်စောင် ဆက်သသဖြင့် စာအုပ်ကို ချလိုက်ပြီး လျှို့ဝှက်စာကို စတင်ဖတ်ရှုခဲ့​​သည်။

ခဏကြာတော့ မျက်မှောင်ကြုတ်လိုက်ပြီး “အသေအပျောက်တွေက ဘာတွေလဲ......ဘာလို့ စာထဲမှာ မရေးထားတာလဲ......"

ဝတ်ဖြူတော်အစောင့်က.... “အခုချိန်အထိ ဘာမှမသိရသေးဘူး.... ဒီစာကိုပဲ အလျင်အမြန် ပို့လိုက်တာ......”

ဧကရာဇ်ရွှမ်ထျန်းက အေးစက်သောအသံဖြင့် "စုန့်လီကို လာတွေ့ခိုင်းလိုက်!"

“ဟုတ်ကဲ့!”

အစောင့်တပ်သား အမြန်ထွက်သွားပြီးနောက် ဧကရာဇ်ရွှမ်ထျန်းက ညာလက်တွင် လျှို့ဝှက်စာကို ကိုင်ထားပြီး မျဘယ်ဘက်လက်ဖြင့် စားပွဲကို တတောက်တောက်ခေါက်၍ တခုခုကို အလေးအနက်စဉ်းစားနေသည်။

ထိုစဉ် စုန့်လီ လျင်မြန်စွာဝင်လာပြီး ဧကရာဇ်ရွှမ်ထျန်း ရှေ့တွင် အလျင်အမြန် ဒူးထောက်လိုက်သည်။

ဧကရာဇ်ရွှမ်ထျန်းက သူ့ထံ လျှို့ဝှက်စာတစ်စောင်ကို ပစ်ပေးလိုက်ပြီး....

"ဒါကို ဆန်းစစ်ပြီး ဘယ်သူလုပ်ခဲ့တာလဲဆိုတာ သိအောင်လုပ်ပါ"

စုန့်လီ လျှို့ဝှက်စာကို ဖတ်ကြည့်ပြီးနောက် သူ၏အမူအရာ ရုတ်တရက် ပြောင်းလဲသွားသည်။

“အကန့်အသတ်မဲ့ပင်လယ်မဟာမိတ်ဖြစ်နိုင်မလား… မဟုတ်သေးဘူး... အကန့်အသတ်မဲ့ပင်လယ်မဟာမိတ်အဖွဲ့က ဘာကြောင့် နဂါးသွေးကြောတိုက်ကြီးရဲ့အနီးအနားကိုရောက်လာတာလဲ......"

စုန့်လီက ထူးဆန်းသောလေသံဖြင့် ရေရွတ်လိုက်သည်။

ဧကရာဇ်ရွှမ်ထျန်း သည် မျက်လုံးများကို မှိတ်ထားပြီး.... “အကန့်အသတ်မဲ့ပင်လယ်မဟာမိတ်အဖွဲ့က အားကောင်းလို့လား.... သူတို့အကြောင်း ပြောပြပါဦး......"

စုန့်လီက အသက်ပြင်းပြင်းရှူပြီး.....

“အရှင်မင်းကြီး....အကန့်အသတ်မဲ့ပင်လယ်မဟာမိတ်အဖွဲ့က သမုဒ္ဒရာထဲမှာ ကျင်လည်ကျက်စားတဲ့ အစွမ်းထက်တဲ့ သိုင်းပညာရှင်အဖွဲ့တဖွဲ့ပါ..... ထျန်းဟိုင်က နဂါးသွေးကြောတိုက်ကြီးရဲ့တောင်ဘက်မှာရှိတယ်...ထျန်းဟိုင်ရဲ့အရှေ့ဘက်က အကန့်အသတ်မဲ့ပင်လယ်မဟာမိတ်အဖွဲ့ လှုပ်ရှားနေတဲ့နယ်မြေပါ..... အကန့်အသတ်မဲ့ပင်လယ်မဟာမိတ်အဖွဲ့က ကျယ်ပြောလှတဲ့ ဧရိယာတစ်ခွင်မှာ ဖြန့်ကျက်ထားပြီး သူတို့ဆီမှာ သိုင်းပညာရှင်ဘယ်လောက်ရှိပြီး လက်အောက်ခံတပ်ဖွဲ့ ဘယ်လောက် ထိန်းချုပ်ထားတယ်ဆိုတာ ဘယ်သူမှ မသိနိုင်ဘူး....အကန့်အသတ်မဲ့ပင်လယ်မဟာမိတ်က သိုင်းပညာရှင်တွေ တစ်ခုခုလုပ်တိုင်း အကန့်အသတ်မဲ့တံဆိပ်ကို ချန်ခဲ့လေ့ရှိတယ်...စာထဲမှာရေးထားတဲ့ စထူးဆန်းတဲ့စကားလုံးနှစ်လုံးဆိုတာ အကန့်အသတ်မဲ့ တံဆိပ်ပဲ...ဒီစာလုံးတွေက လူအနည်းငယ်သာ မှတ်မိနိုင်တဲ့ ရှေးဟောင်းစာလုံးတွေ......”

ဧကရာဇ်ရွှမ်ထျန်းက “အကန့်အသတ်မဲ့ ပင်လယ်မဟာမိတ်အဖွဲ့ကို တောင်သမုဒ္ဒရာတစ်ထောင်ဂိုဏ်းနဲ့ လော့ ဂိုဏ်းတို့နဲ့ နှိုင်းယှဉ်နိုင်လား....?"

“ အကန့်အသတ်မဲ့ပင်လယ်မဟာမိတ်က ပိုအစွမ်းထက်တယ်....ဒီအဖွဲ့က သမုဒ္ဒရာရဲ့ အရှင်သခင်ဖြစ်ပြီး နားလည်ရခက်တယ်လို့ ဂိုဏ်းချုပ်ကြီးဆီကကြားဖူးတယ်.....တစ်ချိန်က ကျွန်တော်တို့ ဂိုဏ်းချုပ်က အကန့်အသတ်မဲ့ပင်လယ်မဟာမိတ်အဖွဲ့က စီနီယာတစ်ဉ်းဆီ သွားရောက်လည်ပတ်ခဲ့ဖူးတယ်....."

"အကန့်အသတ်မဲ့ပင်လယ်မဟာမိတ်က တကျန်းနဲ့ ရန်သူဖြစ်ချင်နေတာလား...."

“ဒါတော့ မသိဘူး....ဒါပေမယ့် သူတို့က တကျန်းရဲ့ရေတပ်ကို တိုက်ခိုက်ပေမယ့် အားလုံးကို မသတ်ဘူး...ကြည့်ရတာ ကတောက်ကဆဖြစ်ခဲ့ကြတာထင်တယ်.... တကျန်းကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတာမျိုးတော့ဟုတ်မယ်မထင်ဘူး....”

ဧကရာဇ်ရွှမ်ထျန်း မျက်မှောင်ကြုတ်ပြီး လေးလေးနက်နက် တွေးတောလိုက်သည်။

တကျန်းက တည်ငြိမ်နေပြီး ဒုက္ခမဖြစ်စေချင်ပေမယ့် ထိပါးလာရင်တော့ တိုက်ပွဲဝင်ရန် အဆင်သင့်ပြင်ထားရုံမှ

တပါး ရွေးချယ်စရာမရှိပေ။

စုန့်လီက ရုတ်တရက် .....

“အခုမှ မှတ်မိတယ်... မကြာသေးမီက... အကန့်အသတ်မဲ့ပင်လယ်မဟာမိတ်အဖွဲ့က နတ်ဆိုးစုစည်းခြင်းပုလဲကို ရှာဖွေနေကြတယ်....နတ်ဆိုးစုစည်းခြင်းပုလဲကို ရှေးဟောင်းနတ်ဆိုးဧကရာဇ်တစ်ပါးက ချုပ်ကိုင်ထားပြီး ကမ္ဘာပေါ်က နတ်ဆိုးအားလုံးကို ဆင့်ခေါ်နိုင်တယ်လို့ပြောကြတယ်..... သမုဒ္ဒရာအတွင်းက နတ်ဆိုးသားရဲတွေက ကုန်းမြေပေါ်က နတ်ဆိုးသားရဲတွေထက် အားကောင်းတာကြောင့် နတ်ဆိုးစုစည်းခြင်းပုလဲက အရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်နိုင်တယ်.... လွန်ခဲ့တဲ့ဆယ်စုနှစ်များစွာက နတ်ဆိုးစုစည်းခြင်းပုလဲကိုရရှိထားတဲ့ ထျန်းယဲ့ဘုရားကျောင်း ဖျက်ဆီးခံခဲ့ရပြီး နတ်ဆိုးပုလဲ ပျောက်ဆုံးသွားခဲ့တယ်..... အကန့်အသတ်မဲ့ပင်လယ်မဟာမိတ်အဖွဲ့က တခြားနေရာတိုင်းကို ရှာဖွေခဲ့ပေမယ့် နဂါးသွေးကြောတိုက်ကြီးကို မရောက်ဖူးသေးဘူး.....”

ဧကရာဇ်ရွှမ်ထျန်းက "အကန့်အသတ်မဲ့ပင်လယ်မဟာမိတ်အဖွဲ့က အရှေ့ဘက်မှာရှိလို့ ဘာလို့ တုံးဟိုင် မင်းဆက်ကို မသွားကြတာလဲ...."

စုန့်လီ တုံ့ဆိုင်းသွားပြီး.....

"ဒါကိုတော့ သေချာမသိပေမယ့် ဒီစကားလုံးနှစ်လုံးဟာ အကန့်အသတ်မဲ့ တံဆိပ်ဖြစ်ကြောင်း အတည်ပြုနိုင်ပါတယ်....."

ဧကရာဇ် ရွှမ်ထျန်း တိတ်ဆိတ်သွားသည်။

စုန့်လီက.... "အရှင်မင်းကြီး..... အကန့်အသတ်မဲ့ပင်လယ်မဟာမိတ်အဖွဲ့က တာအိုဘိုးဘေးရဲ့သဘောထားကို အရင်စမ်းသပ်ချင်နေပုံရတယ်... တာအိုဘိုးဘေးက မကြာသေးမီက နိုင်ငံရပ်ခြားမှာ အထူးသဖြင့် ထျန်းဟိုင်မှာ နာမည်ကြီးနေပြီ.... ဟုန်ယွဲ့ ဘိုးဘေးကို သတ်ပြီးနောက်ပိုင်း တာအိုဘိုးဘေးက ထျန်းဟိုင်ရဲ့ နံပါတ်တစ်ပုဂ္ဂိုလ်ဖြစ်တဲ့ ယဲ့ရွှမ်ထက် ပိုမိုအားကောင်းတယ်လို့ ယုံကြည်နေကြတယ်.... ဒီလို အစွမ်းထက်တဲ့ ကျွမ်းကျင်သူတစ်ယောက်က တကျန်းကို ကြီးကြပ်နေတဲ့အပြင် ထျန်းယဲ့ဘုရားကျောင်းရဲ့ နောက်ဆုံးအသက်ရှင်ကျန်ရစ်သူက ပုလဲကိုယူပြီး တကျန်းဆီကို ထွက်ပြေးဖို့ ဖြစ်နိုင်ခြေရှိပြီး သူတို့ကိုယ်သူတို့ ကာကွယ်ဖို့အတွက် တကျန်းရဲ့ စွမ်းအားကို အားကိုးနေတယ်လို့ ယူဆနိုင်တယ်.....”

ဧကရာဇ် ရွှမ်ထျန်း ရုတ်တရက် တစ်ခုခုကို တွေးပြီး သူ့အမူအရာ ပြောင်းသွားခဲ့သည်။

စုန့်လီကလည်း တစ်ယောက်ယောက်အကြောင်း တွေးနေပေမယ့် ထုတ်မပြောဝံ့ပေ။

ဧကရာဇ် ရွှမ်ထျန်းက... "ဒီကိစ္စကို ကိုယ်သိ ကိုယ့်ဝမ်းထဲသိမ်းထား...."

“အရှင်မင်းကြီး၊ စိတ်မပူပါနဲ့....."

"အကန့်အသတ်မဲ့ပင်လယ်မဟာမိတ်ထဲက တစ်ယောက်ယောက်ကများ တာအို ဘိုးဘေးကို အနိုင်ယူနိုင်မယ်လို့ မင်းထင်လား"

“ အကန့်အသတ်မဲ့ ပင်လယ်မဟာမိတ်က တာအိုဘိုးဘေးနဲ့မတူဘူး... သူတို့က သမုဒ္ဒရာရဲ့အရှင်သခင်တွေဆိုတော့ သူတို့လက်အောက်မှာ မရေမတွက်နိုင်တဲ့ သိုင်းပညာရှင်တွေရှိတယ်... တာအို ဘိုးဘေးကတစ်ယောက်တည်းလေ..... အရှင့်အနေနဲ့ ဒီကိစ္စကို မသိဟန်ဆောင်ပြီး ပြတ်ပြတ်သားသား ရှောင်ရှားဖို့ အကြံပြုချင်ပါတယ်.......”

"ကောင်းပြီ မင်းထွက်သွားလို့ရပြီ"

“ဟုတ်!”

စုန့်လီ မတ်တပ်ထရပ်ပြီးတော်ဝင်စာကြည့်​ဆောင်မှ ထွက်လာပြီးနောက် သူ့မျက်နှာပေါ်ရှိ ချွေးအေးများကို သုတ်လိုက်သည်။

အကန့်အသတ်မဲ့ပင်လယ်မဟာမိတ်အဖွဲ့ ရောက်လာပြီ........

အကန့်အသတ်မဲ့ပင်လယ်မဟာမိတ်အဖွဲ့သည် တကျန်းကို စစ်မကြေငြာသေးဘဲ ၎င်းတို့၏သဘောထားကို မသိရသေးသော်လည်း သမုဒ္ဒရာ၌မွေးဖွားများသူသည် ဤအင်အားစု မည်မျှအားကောင်းသည်ကို သိရှိခဲ့သည်။

တောင်သမုဒ္ဒရာတစ်ထောင်ဂိုဏ်းနှင့်လော့ဂိုဏ်းတို့လို ဂိုဏ်းကြီးတွေက အကန့်အသတ်မဲ့ ပင်လယ်မဟာမိတ်ကို မထိပါးရဲကြပေ။

အိပ်မက်တွင်.........

မုလင်းလော့က ကျန်းချန်ရှန်းနှင့်အတူ လေ့ကျင့်နေသည်။ သူမသည် နတ်ကိုးပါးတိုက်ပွဲဝင်ပညာရပ်ကို လေ့ကျင့်ထားသဖြင့် သူမ၏စစ်မှန်သောချီဓာတ်များ အရည်အသွေးကောင်းလာပြီး ခွန်အားတိုးလာခဲ့သည်။

သူမသည် လက်ရာမြောက်သောဓားသိုင်းမျိုးစုံကို.ထုတ်သုံးခဲ့ပြီး ကျန်းချန်ရှန်း ကိုဝိုင်းထားရန် ဒါဇင်များစွာသော ဓားအရိပ်များစွာကို ပုံဖော်နေသည်။

ကျန်းချန်ရှန်းက သူမကို တည်တည်ငြိမ်ငြိမ်နဲ့ မျက်နှာမူပြီး သက်ပြင်းချလိုက်မိသည်။ ဤမိန်းကလေးသည် အစစ်အမှန်နတ်ဘုရားနယ်ပယ်ဖြစ်သော်လည်း၊ သူမ၏ခွန်အားသည် ရွှေကိုယ်ခန္ဓာနယ်ပယ်သို့ ရောက်လုနီးပါးဖြစ်နေပြီဖြစ်သည်။

သို့သော် စစ်မှန်သောချီသည် ရွှေခန္ဓာနယ်ပယ်အတွက်အရေးမကြီးပေ။ ရွှေခန္ဓာနယ်ပယ်အတွက် အရေးကြီးဆုံးမှာ ရွှေခန္ဓာကိုယ်ထည်ဖြစ်သည်။ အစစ်အမှန်နတ်ဘုရားနယ်ပယ်တော်တော်များများ ထိုအချက်ကိုနားမလည်သောကြောင့်အဆင့်မတက်နိုင်ကြခြင်းဖြစ်သည်။

မုလင်းလော့၏ ဓားသိုင်းတွင် ဓားဆန္ဒအချို့ပါဝင်နေသည်။ ကျန်းချန်ရှန်း သည် ယခုအချိန်အထိ လူနှစ်ဦးထံမှသာ ဓားဆန္ဒကို ခံစားသိရှိနိုင်ခဲ့သည်။ ပထမလူမှာ မဟာကန္တရမင်းဆက်၏ ရွှေခန္ဓာနယ်ပယ်ကျွမ်းကျင်သူဖြစ်ပြီး ဒုတိယလူမှာ ဓားနတ်ဘုရား ဖြစ်သည်။

ကြည့်ရသည်မှာ မုလင်းလော့သည်လည်း ဓားတာအိုတွင် ပါရမီရှိပုံရသည်။

တိုက်ပွဲတစ်ကျော့ပြီးသောအခါ မုလင်းလော့ မောဟိုက်လာသည်။

ဒါဟာ အိပ်မက်တစ်ခုဆိုပေမယ့် တိုက်ပွဲကို စစ်မှန်သည်ဟုပင်ထင်နေရသည်။

နှစ်ယောက်သား ရေကန်ဆီသို့ လျှောက်သွားကာ သာယာလှပသော ရှုခင်းများကို ကြည့်ရင်း ထိုင်လိုက်ကြသည်။

မုလင်းလော့က ....

"မကြာသေးမီက၊ သူတော်စင်စံအိမ်က ပါရမီရှင်တစ်ယောက် ကောင်းကင်နယ််ပယ် ရောက်တော့မယ်လို့ ကြားထားတယ်....အဲ့လူက အသက် ၁၅၀ပဲ ရှိသေးတယ်.... ဆရာပြောတဲ့အတိုင်းဆို သူက အနှစ်တစ်ထောင်အတွင်း တွေ့ရခဲတဲ့ ပါရမီရှင်တဲ့....အစ်ကိုချန်ရှန်း...အဲ့အဆင့်ကိုဖြတ်ကျော်ဖို့ ခက်သလားဟင်....ကောင်းကင်နယ််ပယ်ကိုရောက်ဖို့ အစ်ကို ဘယ်လောက်ကြာခဲ့လဲ...."

ကျန်းချန်ရှန်းက သက်ပြင်းချလိုက်ပြီး.....

“အသက် 150 မှာ ကောင်းကင်နယ််ပယ်ကို ရောက်ရတာ တကယ့်ကို အထင်ကြီးစရာပဲ... တိုက်ကြီးတစ်ခုကို စိုးမိုးထားတဲ့ ဓားနတ်ဘုရား ဆိုတဲ့ ဘွဲ့ကို ပေးခံရတဲ့ လူတစ်ယောက်အကြောင်း ကြားဖူးတယ်... သူက အသက် 200မှာ စကြဝဠာ နယ်ပယ်ကိုရောက်နေပြီ... ယခု သူက အသက် 400 ရှိနေပြီဆိုပေမယ့် အဆင့်မတက်နိုင်သေးဘူး....မင်းတို့ သူတော်စင်စံအိမ်မှ ပါရမီရှင်တွေ အများကြီးရှိတယ်လို့ ပြောရမယ်....."

မုလင်းလော့ က နှုတ်ခမ်းဆူလိုက်ပြီး....

"အစ်ကို ဘယ်အရွယ်တုန်းက ကောင်းကင်နယ််ပယ်ကိုရောက်နေတာလဲ......."

All Chapters