ဓားတာအို.... မြင့်မြတ်သော သိုင်းနယ်ပယ်သို့ ခြေလှမ်းခြင်း...
Vol. 11 Ch. 155
မုလင်းလော့ ၏မေးခွန်းများကို ပြန်ဖြေဖို့ ကျန်းချန်ရှန်း အတော်စဉ်းစားနေရသည်။
ဧကန်စင်စစ်၊ သူသည်အင်မောတယ်တာအိုကို ကျင့်ကြံထားသောကြောင့် ဤကမ္ဘာကသိုင်းလောကအကြောင်း သေချာမသိပေ။ ဆဋ္ဌမအဆင့်သည် စကြဝဠာနယ်ပယ်နှင့် နှိုင်းယှဉ်နိုင်ပြီး၊ သတ္တမအဆင့်သည် ကောင်းကင်သုံးခုနယ်ပယ်နှင့် နှိုင်းယှဉ်နိုင်သည်။
မုလင်းလော့ကလည်း လက်မလျှော့ဘဲ မေးပြန်သည်။
"ခန့်မှန်းလို့တော့ ရမှာပေါ့....."
သူနှင့် အချိန်အတော်ကြာ ရင်းနှီးခဲ့သည့်တိုင် ကျန်းချန်ရှန်းသည် သူမ၏ နှလုံးသားထဲတွင် လျှို့ဝှက်ဆန်းကြယ်နေသေးသည်။ ထို့ကြောင့် သူနှင့်ပတ်သက်သမျှကို သိချင်နေခဲ့သည်။
ကျန်းချန်ရှန်းက သေချာစဉ်းစားပြီးမှ.... “အသက်တစ်ရာလောက်ရှိပြီ” ဟုဆိုသည်။
အမှန်တော့၊ သူအသက် 69 နှစ်တွင် ကောင်းကင်သုံးခုနယ်ပယ်နှင့် ယှဉ်နိုင်နေပြီဖြစ်သည်။ သို့သော် မုလင်းလော့ရှေ့တွင်ပင် သူ၏ခွန်အားကို ဖုံးကွယ်ထားခဲ့ရသည်။ ဒီကောင်မလေး မတော်တဆ ပြောလိုက်မိရင် အကုန်ပြသာနာတက်ကုန်လိမ့်မည်။
မုလင်းလော့ အံ့သြစွာဖြင့် သူမ၏ လှပသော မျက်ဝန်းတစုံ ပြူးကျယ်သွားသည်။
"အစ်ကိုချန်ရှန်းက အရမ်းတော်တာပဲ....အစ်ကို သူတော်စင်စံအိမ်ရဲ့ နံပါတ်တစ် ပါရမီရှင်ထက် အနှစ်ငါးဆယ်စောနေပြီ!"
“ဘယ်သူ့ကိုမှ မပြောနဲ့.... သိုသိုသိပ်သိပ်နေတာအကောင်းဆုံးပဲ...."
"အင်းပါ... သူတို့ကိုပြောပြရင်တောင် ယုံမှာမဟုတ်ဘူး......”
"ဒါဆို မပြောနဲ့ပေါ့..."
“ဟုတ်ပါပြီ.....”
ကျန်းချန်ရှန်းက စကားလမ်းကြောင်းလွှဲလိုက်ပြီး သူတော်စင်စံအိမ်ရှိ ပါရမီရှင်များနှင့် ရှေးဟောင်းနတ်ဘုရားတိုက်ကြီး၏ ဒဏ္ဍာရီလာပုဂ္ဂိုလ်များအကြောင်းကို ဆက်လက်ပြောဆိုရန် သူမအား တောင်းဆိုခဲ့သည်။
မုလင်းလော့က မကြာခဏ သီးခြားလေ့ကျင့်တတ်သော်လည်း၊ သူတော်စင်စံအိမ် ရှိကိစ္စများကို အာရုံစိုက်နေဆဲဖြစ်သည်။
သူမက လင်းဟောင်ထျန်းအကြေားကိုလည်း ပြောပြခဲ့သည်။ မကြာသေးမီက ဤကလေးသည် နောက်ထပ် ကြီးမားသော အဖြစ်အပျက်တစ်ခုနှင့်ကြုံတွေ့ခဲ့သည်။ သူသည် သူတော်စင်စံအိမ်တွင် နှစ်ပေါင်းငါးရာကြာမျှ မည်သူမျှ မသင်ယူခဲ့သော သိုင်းပညာကို သင်ယူခဲ့ပြီး အကြီးအကဲတစ်ဦးနှင့် တွေ့ဆုံခဲ့သည်ဟု ဆိုပါသည်။
လင်းဟောင်ထျန်းသည် ကမူးရှူးထိုးနိုင်သူဖြစ်သော်လည်း ထူးခြားသော
စွမ်းရည်ပိုင်ဆိုင်ထားသည်။
သို့သော်လည်း ကျန်းချန်ရှန်း ၏ထင်မြင်ချက်အရ လင်းဟောင်ထျန်း သည် လတ်တလောတွင်အခြေနေကောင်းမွန်နေသော်လည မဝေးတော့သောအနာဂတ်တွင် ကြီးမားသောဘေးဆိုးကြီးနှင့် ရင်ဆိုင်ရမည်မှာ သေချာသည်။ သူ၏ ပင်ကိုယ်စရိုက်ကြောင့် အချိန်အကြာကြီး ငြိမ်နေမည့်သူမဟုတ်ပေ။
ဤသို့ဖြင့် သာမန်ကျင့်ကြံမှု နေ့ရက်များသည် တစ်နေ့ပြီးတစ်နေ့ ကုန်ဆုံးသွားခဲ့ပြီး တစ်လကြာသောအခါ....
နန်းတော်ထဲက တော်ဝင်စာကြည့်ဆောင်တွင်.........
ရေပေါ်ကျွန်းမှ ကျန်းချန်ကန်းက စားပွဲရှေ့တွင် လေးလေးစားစား ရပ်နေပါသည်။ ဧကရာဇ်ရွှမ်ထျန်းကို ရင်ဆိုင်နေကချိန်တွင် အလွန်ရိုသေနှိမ့်ချစွာပြုမူခဲ့သည်။
ဧကရာဇ်ရွှမ်ထျန်းကတော့ တိတ်တဆိတ် ပျော်ရွှင်နေခဲ့သည်။ ရေပေါ်ကျွန်းက တစ်စုံတစ်ယောက်ကို စေလွှတ်လိုက်တဲ့ နောက်ဆုံးအကြိမ်က မာနကြီးစွာပြုမူခဲ့ကြသည်။ ယခုတော့ ကျွန်းသခင်၏သားက ၎င်းတို့နှင့် မိတ်ဖွဲ့ရန် တစ်ခုတည်းသော ရည်ရွယ်ချက်ဖြင့် ကိုယ်တိုင်ရောက်လာခဲ့ပြီ။
သို့သော်၊ ဧကရာဇ်ရွှမ်ထျန်းက အသားလွတ် မာနကြီးသူမဟုတ်ပေ။ဤသို့သော ပြောင်းလဲမှုအားလုံးသည် တာအိုဘိုးဘေး၏ ခွန်အားမှ ပေါက်ဖွားလာခြင်းဖြစ်ကြောင်း သူသိသည်။
ဧကရာဇ်ရွှမ်ထျန်းက အကျပ်ရိုက်သလိုဟန်ဆောင်ကာ.... " တာအိုဘိုးဘေးက ဧကရာဇ်တိုင်ကျုံးရဲ့ ဆရာသခင်ပါ... ကိုယ်တော်မှာ နှောင့်ယှက်ပိုင်ခွင့်မရှိဘူး.... ကိုယ်တော်တောင် တာအိုဘိုးဘေးကို တွေ့ချင်တိုင်းတွေ့ခွင့်ရတာမဟုတ်ဘူး....သူ ဆင့်ခေါ်မှသာ ကိုယ်တော် သွားတွေ့ရတာ..... ”
ကျန်းချန်ကန်း ထိုစကားကိုကြားသောအခါ များစွာသောအချက်အလက်များကို ချက်ချင်းနားလည်သွားသည်။
သူက ကပျာကယာ ပြုံးပြီး....
"ဒါဆိုလည်း ကျွန်တော်မျိုး အတင်းအကြပ်မတောင်းဆိုတော့ပါဘူး...ဒါပေမယ့် ရေပေါ်ကျွန်းက တကျန်း နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးတည်ဆောက်ဖို့ ဆန္ဒရှိနေတယ်.... အရှင်မင်းကြီးအတွက် ကျွန်တော်မျိုး ဘာများကူညီပေးနိုင်မလဲ.... မိုင်ပေါင်း ရာနဲ့ချီပြီး ခရီးထွက်ခဲ့တယ်ဆိုတော့ အကျိုးရှိတာ တခုခုတော့ လုပ်ခဲ့ရမှာပေါ့.....”
ဧကရာဇ်ရွှမ်ထျန်းက ပြုံးပြီး “ကိုယ်တော် လိုအပ်နေတာတခုတော့ရှိတယ်.... ကောင်းမွန်ခိုင်ခံ့ပြီး လျင်မြန်တဲ့ သင်္ဘောတွေလိုအပ်နေတယ်... ရေပေါ်ကျွန်းမှာ ရှိသေးလား...."
"ရှိတာပေါ့...ကျွန်တော်မျိုး ပြန်ရောက်ရင် သင်္ဘောအစီးတစ်ရာပို့လိုက်ပါ့မယ်.... လုံလောက်ရဲ့လား.....”
"လုံလောက်ပါတယ်.... ကိုယ်တော့်က
ကိုယ်စား ကျွန်းသခင်ကျန်းကို ကျေးဇူးတင်စကားပြောပေးပါဉီး....အခုချိန်ကစပြီး တကျန်းနဲ့ရေပေါ်ကျွန်းက ခင်မင်ရင်းနှီးတဲ့ ဆက်ဆံရေးရှိပါလိမ့်မယ်.....”
“ဟားဟား...အရှင်မင်းကြီးက စိတ်သဘောထားသိပ်ကောင်းတာပဲ..ဒါ့အပြင် တခြားတောင်းဆိုချင်တာများရှိသေးလား...."
ဧကရာဇ်ရွှမ်ထျန်း ထိုစကားကိုကြားသောအခါ မူမနေတော့ဘဲ လိုအပ်သမျှကို တောင်းဆိုလေတော့သည်။
ကျန်းချန်ကန်းက ပြုံးပြုံးရွှင်ရွှင်နဲ့ သဘောတူပေမယ့် စိတ်ထဲကနေကျိန်ဆဲနေခဲ့သည်။
ဒီကောင်ကလေးက ငယ်ရွယ်ပေမယ့် ဘာလို့ ဒီလောက် လောဘကြီးရတာလဲ.....
ရွှမ်ထျန်းခေတ်၏ ခုနှစ်နှစ်မြောက်တွင်.....
တကျန်း၏ရေတပ် သမုဒ္ဒရာမှပြန်လာသောအခါ၊ ဧကရာဇ်က မကြုံစဖူးကြုံစဖူးဆုံးသော တကျန်း၏ပထမခြေလှမ်းအတွက် ဂုဏ်ပြုရန် ကြေငြာချက်ထုတ်ပြန်ခဲ့သည်။ သုံးနှစ်အတွင်း ယွီပြည်နယ်အနီးအနားရှိ သမုဒ္ဒရာပိုက်နယ်ကို သိမ်းပိုက်မည်ဟုလည်း ကြေညာခဲ့ပြီး စီရင်စု ၉၉ ခုက ပြည်သူများ ရွှင်မြူးခဲ့ကြသည်။
နိုင်ငံသားများစွာသည် အနာဂတ်တွင် ပင်လယ်ပြင်တွင် ငါးဖမ်းရန် တောင်ဘက်သို့ ခရီးနှင်ကြမည်ဖြစ်သည်။
ဧပြီလအစပိုင်းတွင်....
အံ့ဖွယ်ကံကြမ္မာကုန်သည်အသင်း၏ ရေယာဉ်အစုအဝေးက ထျန်းဟိုင်သို့ ဦးတည်လာခဲ့သည်။ ကျန့်ယင်းသည် အဖိုးအိုတစ်ယောက်နှင့်အတူ ကုန်းပတ်ပေါ်တွင် ရပ်နေသည်။ ထိုအဖိုးအိုသည် တကျန်း၏ စစ်ဗိုလ်ချုပ်ဟောင်း ကျုံးထျန်းဝူ ဖြစ်သည်။
ကျုံးထျန်းဝူသည် အကြောင်းရင်းနှစ်ရပ်ကြောင့် ထျန်းဟိုင်ဒေသကို စူးစမ်းလေ့လာရန် ထူးချွန်သော အရည်အချင်းရှိသော တပည့်တစ်စုကို ဦးဆောင်ခဲ့သည်။ ပထမအကြောင်းရင်းမှာ ထျန်းဟိုင်၏ သိုင်းလောကကို နားလည်လိုခြင်းကြောင့်ဖြစ်ပြီး ဒုတိယအကြောင်းအရင်းမှာ ထျန်းဟိုင်တွင် အခြေချနိုင်မလားဟု သိလိုသောကြောင့်ဖြစ်သည်။သူသည် သိုင်းပညာရှင်တစ်ဦးဖြစ်ပြီး အစစ်အမှန်နတ်ဘုရားနယ်ပယ်ဖြစ်နေသောကြောင့် ဧကရာဇ်မင်းမြတ်စီစဉ်ပေးသည့်တာဝန်များကို မဆိုင်းမတွသဘောတူခဲ့သည်။ သူ့တစ်သက်တာတွင် ပိုမိုကျယ်ပြန့်သောကမ္ဘာကြီးကို မြင်ချင်သည်။
လက်ရှိတွင် ကျန့်ယင်းက ထျန်းဟိုင်ရှိ တပ်ဖွဲ့အသီးသီး၏ အနီးစပ်ဆုံး ဖြန့်ကျက်မှုအကြောင်းကို ပြောပြနေပြီး ကျုံးထျန်းဝူက ဂရုတစိုက် နားထောင်နေပါသည်။
"ထျန်းဟိုင်မှာ အသန်မာဆုံးက ဘယ်သူလဲ"
ကျန့်ယင်းက ပြုံးလိုက်ပြီး....
"ထျန်းဟိုင်ရဲ့ သိုင်းပညာမဟာမိတ်အဖွဲ့ခေါင်းဆောင် ရဲရွှမ်....သူက လွန်ခဲ့တဲ့နှစ်ပေါင်းနှစ်ရာကျော်က ကောင်းကင်နယ်ပယ်ကို တက်လှမ်းခဲ့ပြီး ထျန်းဟိုင်မှာရှိတဲ့ အဓိကဂိုဏ်းခွဲအားလုံးကို ဖြတ်ကျော်ပြီး သိုင်းလောကကို အကြွင်းမဲ့ခွန်အားနဲ့ ပေါင်းစည်းခဲ့တယ်.... မဟာမိတ်ခေါင်းဆောင်ရဲရွှမ်ကြောင့်သာမဟုတ်ရင် ထျန်းဟိုင်က အရင်လိုဖရိုဖရဲဖြစ်နေဉီးမှာ... ဂိုဏ်းဂဏတွေ ပဋိပက္ခဖြစ်မယ်... အသေအပျောက်တွေများပြားမယ်.... ကျုပ်တို့ အံ့သြဖွယ်ကံကြမ္မာကုန်သည်ကြီးများအသင်းလည်းနှစ်ပေါင်းနှစ်ရာအတွင်း အခုလို လျင်မြန်စွာ ကြီးထွားလာမှာ မဟုတ်ဘူး.....”
ရဲရွှမ်.....
ကျုံးထျန်းဝူ ထိုအမည်ကို တိတ်တဆိတ် မှတ်သားခဲ့သည်။
သူတို့ရှေ့တွင် ကြီးမားသော မြူခိုးများ ရုတ်တရက် ပေါ်လာသည်။ ဤသည်မှာ တကျန်းကပြည်သူများ ကြောက်ရွံ့သည့် မြူခိုးများဖြစ်သည်။ အဲဒီထဲကို ရောက်သွားရင် သူတို့ရဲ့အသက်တွေ ဆုံးရှုံးသွားလိမ့်မည်။
ကျုံးထျန်းဝူ၏ မျက်လုံးထဲတွင် မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေသည်။ ကျန့်ယင်းနှင့် စကားပြောပြီးနောက် ထျန်းဟိုင်ကို ပို၍ပင် စိတ်ဝင်စားလာခဲ့သည်။
.................
ခြံဝင်းထဲတွင်.........
ကျန်းချန်ရှန်း သူ့မျက်လုံးရှေ့တွင် စကားလုံးများ ရုတ်တရက်ပေါ်လာသောကြောင့် အံ့သြနေသည်။
[ရွှမ်ထျန်းခေါတ်၏ ၇ နှစ်တွင် သင်အမှတ်အသားပြုခဲ့သော ကျန်းယွီ အောင်မြင်စွာ လူဝင်စားပြန်ဖြစ်ပြီး ထျန်းဟိုင်တွင် မွေးဖွားခဲ့သည်။]
သူ မျက်လုံးဖွင့်ပြီး တုံ့ဆိုင်းသွားသည်။
ယခင်က ကျန်းယွီကို ကောင်းချီးမပေးခဲ့သော်လည်း သမုဒ္ဒရာလေးစင်းပဏ္ဍိတ၏ အဖြစ်အပျက်ကို တွေးလိုက်သောအခါတွင် ထိုကဲ့သို့သော အဖြစ်မျိုး ထပ်မကြုံအောင် သူ့တစ်သက်တာလုံး ကံကောင်းစေရန်အတွက် အမွှေးတိုင်အရေအတွက် 50,000 သုံး၍ ကျန်းယွီအတွက် ကောင်းချီး ပေးခဲ့သည်။
တကျန်း ဤတိုက်ကြီးကို ပေါင်းစည်းပြီးလျှင် ၎င်းတို့၏ နောက်ပစ်မှတ်မှာ ထျန်းဟိုင် ဖြစ်သည်။
တိုက်ဆိုင်စွာပင်၊ ထျန်းဟိုင်တွင် သူငယ်ချင်းဟောင်းနှစ်ယောက်ရှိနေသည်။ ရံဖန်ရံခါတွင်၊ သူတို့၏ဘဝများကိုကြည့်ရှုနိုင်ပေသည်။
ကျန်းချန်ရှန်း မျက်လုံးတွေကို ဖွင့်ကြည့်လိုက်တော့ ပိုင်ချီက.... “ဆရာကြီး....ကျွန်မ ဓားသိုင်းကို ကြည့်ပါဉီး......”
ကျန်းချန်ရှန်း ခေါင်းညိတ်သဘောတူသည်။
ဓားနတ်ဘုရားကို မရှာရတဲ့ အကြောင်းရင်းက နက်နဲတဲ့စျာန်ဝင်စားမှုအခြေနေသို့ရောက်ရှိနေသောကြောင့်ပင်.....
သူသည် မလှုပ်မယှက်ဘဲ တံစက်မြိတ်ပေါ်တွင် တစ်လကြာ တရားထိုင်နေသည်။ အသက်ရှူနေခြင်းကြောင့်သာမဟုတ်ရင် သေနေပြီပင် ထင်ရလောက်သည်။
ကျန်းချန်ရှန်းက ဓားနတ်ဘုရားကို အနှောက်အယှက်မပေးနိုင်အောင် အားလုံးကို အမိန့်ပေးထားသည်။
အထူးသဖြင့် နားလည်နိုင်စွမ်းရှိသော ဓားနတ်ဘုရားက အလွန်ထက်မြက်သည်ဟု ဆိုရမည်ဖြစ်သည်။ ဓားနတ်ဘုရားသာ ကျင့်ကြံနိုင်လျှင် ပိုထူးချွန်တဲ့ ဓားနတ်ဘုရားဖြစ်မှာ သေချာသည်။ ကံမကောင်းသည်က ဤကမ္ဘာသည် သိုင်းကမ္ဘာဖြစ်ပြီး ကျန်းချန်ရှန်းမှလွဲ၍ မည်သူမျှ မသေမျိုးတာအိုကို ကျင့်ကြံနိုင်မည်မဟုတ်ပေ။
ဓားနတ်ဘုရား သူ့နောက်ကို အချိန်အကြာကြီး လိုက်ပြီးနောက် ကျန်းချန်ရှန်း သူ့ကို အများကြီး မသင်ပေးနိုင်ခဲ့ပေ။ သူသည် ဆန်းကြယ်သော စကားလုံးအချို့ကိုသာ ပြောနိုင်ခဲ့သည်။ သို့သော်၊ ဓားနတ်ဘုရားသည် ၎င်းထံမှ လှုံ့ဆော်မှုကို ရယူနိုင်ခဲ့သည်။
ပိုင်ချီက သူမတတ်ကျွမ်းထားသော ဓားသိုင်းကို စတင်ပြသခဲ့သည်။ သူမ ပါးစပ်ဖြင့် ဓားတစ်ချောင်းကိုကိုက်ကာ ခေါင်းကို အမြန်ခါလိုက်ပြီး ဓားကို ဝှေ့ယမ်းလိုက်သည်။ ဓားချီများ သူမ၏ခန္ဓာကိုယ်ကို ရောယှက်ကာ အတားအဆီးတစ်ခုအဖြစ် ဝိုင်းရံထားသည်။ ထိုသို့ပြုလုပ်နေစဉ်တွင် လေပြင်းများတိုက်ခတ်လာပြီး အိပ်ပျော်နေသော ဟွမ်းထျန်းနှင့်ဟေးထျန်းတို့တောင် လန့်န်ိုးကုန်သည်။
ကျန်းချန်ရှန်း ဂရုတစိုက်လေ့လာပြီးနောက် ဓားချီအတားအဆီးက မရိုးရှင်းကြောင်း တွေ့ရှိခဲ့သည်။ ရွှေခန္ဓာနယ်ပယ် ကျွမ်းကျင်သူတစ်ဦး ချဉ်းကပ်လာရင်တောင် ဓားချီအကာအကွယ်ကို ဖျက်စီးနိုင်မည်မဟုတ်ပေ။
ဤနတ်ဆိုးဝံပုလွေသည် ဓားတာအိုတွင် အမှန်တကယ် ပါရမီပါလာတာများလား.......
သူ့မျက်လုံးထဲမှာတော့ ပိုင်ချီဟာ အမြဲလိုလို အမှိုက်ဖြစ်နေခဲ့သည်။ သူမသည် အစစ်အမှန်နတ်ဘုရားနယ်ပယ်သို့ တက်လှမ်းရန် ကျန်းချန်ရှန်းကို အားကိုးခဲ့ရသည်။
ပိုင်ချီက ဂုဏ်ယူစွာနဲ့ .....
"ဆရာတော်.. ဘယ်လိုနေလဲ.... ဒီဓားသိုင်းက တိုက်ခိုက်ဖို့ရော ကာကွယ်ဖို့သာသုံးနိုင်တယ်.... အဲဒါကို ဓားချီစက်ဝန်းလို့ နာမည်ပေးထားတယ်.... ဒီလှုပ်ရှားမှုက အနီးနားက ရန်သူတွေကို တိုက်ရိုက် သုတ်သင်နိုင်ပေမယ့် ခြံဝင်းထဲမှာ သုံးရတာတော့ အဆင်မပြေဘူး....”
ကျန်းချန်ရှန်းက ခေါင်းညိတ်ပြီး ချီးကျူးလိုက်သည်။
"မဆိုးပါဘူး၊ အရမ်းသန်မာတယ်"
ကျန်းချန်ရှန်း၏ချီးမွမ်းသံကိုကြားတော့ ပိုင်ချီ အင်မတန်ပျော်ရွှင်နေသည်။ သာမာန်အားဖြင့် ကျန်းချန်ရှန်း၏ ချီးကျူးမှုကို ရရှိရန် အလွန်ခက်ခဲသည်။
ကျန်းဂျန်သာ ဒီမှာရှိနေရင် သူလည်း အံ့သြနေလောက်မည်။
ကျန်းချန်ရှန်းက တံစက်မြိတ်ပေါ်က ဓားနတ်ဘုရားကို ကြည့်လိုက်ရင်းဖော်မပြနိုင်သော အရိပ်အယောင်ကို ခံစားနေရသည်။
ဒီလူ.......
ကျန်းချန်ရှန်း မျှော်လင့်ချက်ဖြင့် မျက်လုံး မှိတ်ထားလိုက်သည်။
ဓားနတ်ဘုရား ကောင်းကင်နယ်ပယ်သို့ ရောက်ရှိတော့မည်ဖြစ်သည်။
ဓားနတ်ဘုရားသည် ယခင်က၊ ကောင်းကင်နှင့်မြေပြင်ကို ဓားတစ်လက်ဖြင့် ချုပ်ကိုင်ထားသည့် စကြဝဠာနယ်ပယ်ဓားနတ်ဘုရား ဖြစ်သည်။ သူ့အမြင်အရ၊ သူသည် ကောင်းကင်နယ်ပယ်နှင့် အကန့်အသတ်မရှိ နီးကပ်နေပြီဖြစ်သည်။ ဓားနတ်ဘုရားသာ ကောင်းကင်နယ်ပယ်သို့ တက်လှမ်းနိုင်လျှင် မည်မျှ အားကောင်းလာမည်နည်း.....
ဓားနတ်ဘုရားအဆင့်တက်ပြီးရင် တပွဲလောက်တော့ လက်ရည်စမ်းကြည့်ရမယ်..... စိန်ခေါ်ရန် စောင့်ဆိုင်းနေခဲ့သည်။
ရက်အတော်ကြာပြီးနောက်......
မြို့တော်အထက်ရှိ တိမ်ပင်လယ်ကြီးသည် ကြီးကျယ်ခမ်းနားပြီး ကြီးမားသော ရေဝဲများအဖြစ် စတင်လည်ပတ်လာသည်။ မရေမတွက်နိုင်သော လူများက ကောင်းကင်ပေါ် မျှော်ကြည့်ကြပြီး သိုင်းပညာရှင်များအားလုံး ကောင်းကင်နှင့် မြေကြီးကြားတွင် တဟုန်ထိုး မြင့်တက်လာသည့် ကံကြမ္မာကို ခံစားနိုင်ကြသည်။
ဧကရာဇ်ရွှမ်ထျန်း အခန်းထဲမှ ထွက်လာပြီး ကောင်းကင်ကိုမော့ကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။
ဧကရာဇ်တစ်ပါးအနေနှင့် ကံတရား အနိမ့်အမြင့်အကြောင်း သူသာ အသိဆုံးဖြစ်သည်။ ယခု တစ်စုံတစ်ယောက်က တကျန်း၏ ကံကောင်းခြင်းများကို ဆွဲဆောင်နေကြောင်း ရှင်းရှင်းလင်းလင်း သိနိုင်သည်။
အဲဒီ ဦးတည်ချက်က…
လုံချီ ဘုရားကျောင်းကိုကြည့်လိုက်ပြီး သူပထမဆုံးစဉ်းစားမိတာက တာအိုဘိုးဘေးပင်.... ဒါပေမယ့်ထိုအတွေးကို ချက်ချင်းပယ်ထုတ်လိုက်သည်။ တာအိုဘိုးဘေးတွင် ကံကောင်းခြင်းအရိပ်အယောင်မရှိသည့်အတွက် ဒီအော်ရာက သူ့ထံမှမဟုတ်သည်မှာ သေချာသည်။
တစ်စုံတစ်ယောက်အကြောင်း ရုတ်တရက် တွေးပြီး ပျော်ရွှင်မှု အရိပ်အယောင်တွေ သူ့မျက်လုံးထဲမှာပေါ်လာသည်။
ဓားနတ်ဘုရားလား.......
သူသည် ဓားနတ်ဘုရားကို အမြဲအာရုံစိုက်ခဲ့ပြီး လုံချီ ဘုရားကျောင်းတွင် သန့်ရှင်းရေးလုပ်နေရခြင်းမှာ ဓားနတ်ဘုရားအတွက် ဖြုန်းတီးနေသလို ခံစားခဲ့ရသည်။ သို့သော် ဓားနတ်ဘုရားကတော့ တောင်ပေါ်မှ ထွက်ခွာရန် ငြင်းဆန်ခဲ့သည်။
တစ်ချိန်တည်းမှာပင်၊ လုံချီတောင်ပေါ်ရှိ မြူခိုးများထဲတွင်......
ဓားနတ်ဘုရားက တင်ပျဉ်ခွေထိုင်နေပြီး ဓားတလက်က သူ့ရှေ့တွင် အလျားလိုက်လွင့်မျောနေသည်။ သူ့မျက်လုံးများကို မှိတ်ထားပြီး ဆံပင်ဖြူများက လေထဲတွင် တဖျပ်ဖျပ်လွင့်နေသည်။ သူသည် တိမ်ပင်လယ်၏ ရေဝဲထဲသို့ ပျံတက်သွားပြီး သူ့ခန္ဓာကိုယ်ထဲသို့ ကံကောင်းခြင်းများ တိုးဝင်လာသည်။
...............
သမုဒ္ဒရာထဲက သီးခြားကျွန်းတစ်ကျွန်းသည် ကောင်းကင်ပေါ်မှကြည့်လိုက်လျှင် အပြာရောင်အစက်အပြောက်တစ်ခုအဖြစ်သာ မြင်တွေ့နိုင်သည်။
ကျွန်းပေါ်ရှိ ချိုင့်ဝှမ်းတစ်ခုအတွင်း......
အနက်ရောင်ဝတ်ရုံ အမျိုးသားတစ်ဦးသည် စမ်းချောင်းဘေးတွင် သစ်ပင်အကိုင်းအခက်များကို ခုတ်လှဲနေသည်။ သူ့ဘေးတွင် အလျားရှည်သော သစ်သားဓားရှည်များ ထူထပ်စွာ စုပုံထားသည်။
ရုတ်တရက် တစ်စုံတစ်ခုကို ခံစားလိုက်ရပြီး အဝေးကို လှမ်းကြည့်လိုက်သည်။ ထိုသူက အေးစက်သောမျက်နှာထားနှင့် သူ့မျက်ခုံးကြားတွင် ဓားအမှတ်အသားတစ်ခုရှိသည်။ ထူးခြားသည်က သူ့ဆံပင်တွေက အဖြူတဝက် အမည်းတဝက်ဖြစ်နေခြင်းပင်......
“ဘယ်လောက်တောင့ အစွမ်းထက်တဲ့ ဓားဆန္ဒလဲ… သူက မြင့်မြတ်တဲ့ လက်နက် နယ်ပယ်ထဲကို ဝင်ဖို့ ကြိုးစားနေတာလား.....”
အနက်ရောင်ဝတ်ထားသူက ထိုသို့ရေရွတ်ပြီး မျက်မှောင်ကြုတ်လိုက်သည်။
မည်သည့်နေရာမှ ထွက်လာမှန်းမသိသောသူများက စမ်းချောင်း၏ နှစ်ဖက်စလုံးတွင် ပေါ်လာပြီး သူ့ရှေ့တွင် ဒူးထောက်လိုက်သည်။ သူတို့အားလုံး ဓားပုံသဏ္ဍာန်အမှတ်အသားပါသော ခရမ်းရောင်အဝတ်အစားများကို ၀တ်ဆင်ထားကြသည်။ ခေါင်းဆောင်ဟု ယူဆနိုင်သူက ဓားနှစ်ချောင်းကို ကျောပေါ်တွင်လွယ်ထားသော အဘိုးအိုတစ်ဦးဖြစ်သည်။
“ဓားသခင်....ဓားဆန္ဒပိုင်ဆိုင်ထားတဲ့ နောက်ထပ်ဓားသမားတစ်ယောက် ကမ္ဘာပေါ်မှာ ပေါ်လာပြီ....သူ့ကို ဖိတ်ခေါ်လိုက်ရမလား....."
ဓားနှစ်လက်လွယ်ထားသော အဘိုးအိုက အသံနက်ကြီးဖြင့် မေးလိုက်သည်။ဓားသခင်ဆိုသူသည် တစုံတရာ ထုတ်ဖော်ပြောဆိုခြင်းမရှိသော်လည်း သူ့အကြည့်များကစူးရှနေသည်။
ဓားသခင်ဆိုသော ဝတ်ရုံအနက်ရောင် အမျိုးသားက အဝေးကို လှမ်းကြည့်ကာ....
“သွားတော့...ဒီဓားဆန္ဒက မကြာသေးမီကမှ ပေါ်လာပေမယ့် အမှန်တကယ်တော့ သူတော်စင် ဓားသမားတစ်ဦးရှိနေပြီ....ဒါမျိုးက အလွန်ရှားပါးတယ်... ငါတို့ သူ့ကို ဖိတ်ခေါ်ရမယ်...”
“ဟုတ်!”
ဓားနှစ်လက်လွယ်ထားသော ဓားသမား ပျောက်ကွယ်သွားပြီး အခြားဓားသမားလည်း ပျောက်ကွယ်သွားခဲ့သည်။
ဓားသခင်င သူ့အကြည့်တွေကို ပြန်ရုတ်ငိမ်းလိုက်ပြီး..... “အဲဒီ ဦးတည်ချက်က အရှေ့ဘက်သမုဒ္ဒရာကလား... ဒါမှမဟုတ် နဂါးသွေးကြောတိုက်ကြီးကလား....."
တစ်ခြားဘက်တွင်မူ.......
ဓားနတ်ဘုရားသည် ကောင်းကင်၌ ဂုဏ်ယူစွာရပ်နေကာ သူ၏အော်ရာက အထွတ်အထိပ်သို့ ရောက်ရှိသွားသည်။ သူ့ကံကြမ္မာက ရုတ်တရက် တိမ်ပင်လယ်တစ်ခုသဖွယ် ပျံ့လွင့်သွားပြီး မကြာမီတွင် မရေမတွက်နိုင်သော ဓားအရိပ်များစွာ ကောင်းကင်ယံ၌ ပေါ်လာပြီး မြို့တော်တစ်ခုလုံးကို ဖုံးအုပ်ထားသည်။ထိုမြင်ကွင်းကြောင့် မြို့သူမြို့သားအားလုံး မျက်လုံးပြူးသွားသည်။