← Chapters

ကောင်းကင်တာအို ပေါ်ထွက်လာခြင်း.... စိတ်လှုပ်ရှားနေသောဓားနတ်ဘုရား......

Vol. 11 Ch. 156

ကောင်းကင်တာအို ပေါ်ထွက်လာခြင်း.... စိတ်လှုပ်ရှားနေသောဓားနတ်ဘုရား......

Vol. 11 Ch. 156

"သူဘယ်သူလဲ?"

"လုံချီတောင်ရဲ့အပြင်ဘက်မှာ ပျံသန်းနေတဲ့သူက တာအိုဘိုးဘေးလား...?"

“မဟုတ်ဘူး.... သူက တာအို ဘိုးဘေး မဟုတ်ဘူး.... တာအိုဘိုးဘေးရဲ့အော်ရာ က ဒီ့ထက်ပြင်းထန်တယ်.....အဲဒီလူက တခြားသူဖြစ်ပဲ​ရမယ်......”

“ဓားနတ်ဘုရား မသေဘူးလို့ ကောလဟာလတွေကြားဖူးတယ်.... အဲဒီအစား သူက တာအိုဘိုးဘေးအတွက် သန့်ရှင်းရေးလုပ်ပေးနေတယ်တဲ့.... သူက ဓားနတ်ဘုရား ဖြစ်နိုင်ပါ့မလား"

"တကယ်လား? ဒါဆို သန့်ရှင်းရေးလုပ်နေတယ်ဆိုတာ အကြောင်းမဲ့သက်သက်မဖြစ်နိုင်ဘူး.... တာအိုဘိုးဘေးရဲ့ စစ်မှန်တဲ့ သွန်သင်ချက်တွေကို ရယူခြင်းပဲ!”

“ဘယ်လောက်တောင် ပြင်းထန်လိုက်တဲ့ အော်ရာတွေလဲ.... ငါ့ဓားတောင် တုန်ခါနေတယ်.... ဒါ ဒဏ္ဍာရီလာဓားဆန္ဒလား?"

မြို့တော်အတွင်းရှိ သိုင်းပညာရှိများ၊ သာမန်လူများ၊ ကုန်သည်များနှင့် သြဇာရှိသူများ ထိုအကြောင်းကို အပြင်းအထန် ဆွေးနွေးခဲ့ကြသည်။ ဓားနတ်ဘုရား၏ အောင်မြင်မှုကြောင့် သူတို့ တာအိုဘိုးဘေးကို ပို၍ပင် လေးစားလာကြသည်။

ကျန်းချန်ရှန်းက သစ်ပင်အောက်တွင် ထိုင်ကာ ဓားနတ်ဘုရားကို တိတ်တဆိတ် မော့ကြည့်လိုက်သည်။

ဓားနတ်ဘုရားသည် ကံကောင်းခြင်းကိုလည်း အားကိုးခဲ့သော်ငြား ကံတရားများ သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာသောအခါတွင် တကျန်းကိုလည်း တိုးတက်စေလာမည်ဖြစ်သည်။ ဤသည်မှာ နှစ်ဖက်စလုံးအတွက် အကျိုးရှိသောအရာဖြစ်ပြီး တစ်ခုတည်းသောတူညီသည့်အချက်မှာ ကောင်းကင်နှင့် မြေကြီးကြားရှိ ဝိညာဉ်စွမ်းအင်ကို စားသုံးခြင်းပင် ဖြစ်သည်။

သိုင်းပညာရှင်များအတွက် ဝိညာဉ်စွမ်းအင်သည် အသန့်ရှင်းဆုံး ဝိညာဉ်စွမ်းအင်နှင့် ကွဲပြားသည်။ ကံတရားက ပိုကြီးလေ၊ သိုင်းပညာရဲ့ ဝိညာဉ်စွမ်းအားတွေ ပိုကြွယ်ဝလေပင်.....

၎င်းကိုကြည့်ခြင်းအားဖြင့်၊ ဓားနတ်ဘုရား၏ အဆင့်တက်ခြင်းသည် အတိဒုက္ခကို ဆွဲဆောင်နိုင်မည်မဟုတ်ပေ။ ယင်းအစား၊ ၎င်းသည် ကံကြမ္မာကိုသာ အံ့မခန်းပြောင်းလဲစေလိမ့်မည်။

လက်ရှိကမ္ဘာသည် သိုင်းပညာကမ္ဘာဖြစ်သောကြောင့် သိုင်းလောက၏ စည်းမျဉ်းများကို လိုက်နာရပေမည်။

ကျန်းချန်ရှန်း စိတ်ထဲကနေ တွေးနေမိသည်က.....

ထိုကဲ့သို့သော ကံကြမ္မာဖြစ်စဉ်သည် တိုက်ကြီးတစ်ခုလုံးကို တုန်လှုပ်စေခဲ့သည်။ ဤတိုက်ကြီးရှိ မင်းဆက်တိုင်း၏ ကံကြမ္မာများ အပြောင်းအလဲရှိသော်လည်း သဘာဝဘေးအန္တရာယ်များ မပေါ်ခဲ့ပေ။

နောက်ထပ်တစ်နာရီကြာပြီးချိန်တွင်.....

ဓားနတ်ဘုရား၏အော်ရာ အထွတ်အထိပ်သို့ ရောက်ရှိသွားပြီး ရုတ်တရက် ကြီးကျယ်ခမ်းနားစွာ ပေါက်ကွဲထွက်လာသည်။ သာမန်မျက်စိဖြင့် မြင်နိုင်သော ဓားလှိုင်းလုံးကြီးသည် ဓားပင်လယ်ကို ဖြတ်၍ ကောင်းကင်ကို ဖြတ်ကျော်ကာ အရပ်ရပ်သို့ ဖြန့်ကျက်နေသော ဓားရိပ်များ ပို၍ပို၍ ပေါ်လာသည်။

ဆယ်စက္ကန့် မပြည့်မီတွင် ရှီပြည်နယ်တစ်ခုလုံးတွင် ဓားရိပ်များဖြင့် ပြည့်နှက်နေသည်။

သိုင်းပညာရှင်များ၏လက်ထဲမှ ဓားများသည်လည်း မငြိမ်မသက်ဖြစ်နေသည်။

ဓားနတ်ဘုရားက ဘာမှမထူးခြားသော အမူအရာဖြင့် မျက်လုံးများကို ဖွင့်လိုက်သည်။ အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့သည်ကို သူသိသည်။

မကြုံစဖူး အစွမ်းထက်သော စစ်မှန်သော ချီဓာတ်များက ဆွဲဆောင်နိုင်စွမ်းရှိသော်လည်း သူ့အတွက်စိတ်အလှုပ်ရှားဆုံးအရာက နယ်ပယ် တိုးတက်လာတာမဟုတ်ပေမယ့် ဓားတာအိုဟာ မကြုံစဖူးသော အမြင့်ကို ရောက်နေပြီဖြစ်သည်။ သူ့ဓားဆန္ဒက ဘယ်နယ်ပယ်ကို ရောက်သွားမှန်း မသိပေမယ့် နဂါးသွေးတိုက်ကြီး၏သမိုင်းမှာ နံပါတ်တစ်ဓားသမားဖြစ်လာတော့မည်မှန်း သိနေသည်။

သို့သော်လည်း မကြာမီတွင် အသိစိတ်ပြန်ဝင်လာပြီး လုံချီ တောင်ကို လေးလေးစားစားကြည့်ရှုခဲ့သည်။

သူ့အမြင်အရတော့ ဤသို့အဆင့်တက်နိုင်ခြင်းမှာ တာအိုဘိုးဘေး၏ ကျေးဇူးကြောင့်ပင်....

တာအိုဘိုးဘေးက သူ့အသက်ကိုချမ်းသာပေးခဲ့ရုံသာမက သူ့အနားတွင်ခေါ်ထားပေးခဲ့သည်။

သူသည် ဤနှစ်များတစ်လျှောက်လုံး သာမန်ဘဝဖြင့် နေထိုင်ခဲ့သော်လည်း ကောင်းကင်နယ်ပယ် ကျွမ်းကျင်သူများ၏ တိုက်ပွဲများကို တွေ့မြင်ခဲ့ရသည်။ သူ့အတွေ့အကြုံအရဆို သူ့စိတ်အခြေအနေက အတိတ်က အထွတ်အထိပ်အခြေနေကို ကျော်လွန်သွားခဲ့ပြီဖြစ်သည်။ ထို့အပြင် တာအိုဘိုးဘေး၏ စကားအနည်းငယ်ကပင် သူ့အတွက် အမြဲတမ်း အကျိုးရှိစေခဲ့သည်။

ဓားနတ်ဘုရား အသက်ပြင်းပြင်းရှူပြီး သူ၏ခွန်အားကို ခိုင်မာအောင်သိပ်သည်းခဲ့သည်။

တစ်ချိန်တည်းမှာပင်၊ အကန့်အသတ်မရှိသော ကံတရားများ သူ့ခန္ဓာကိုယ်မှ ပျံ့နှံ့သွားပြီး တကျန်း၏ ကံကောင်းခြင်းထဲသို့ ပေါင်းစည်းသွားသည်။

ဤသို့ဖြင့် သူသည် တကျန်း၏ အစိတ်အပိုင်းဖြစ်လာခဲ့သည်။

ဧကရာဇ်ရွှမ်ထျန်းသည် တကျန်း၏ ကံကြမ္မာ တိုးလာမှုကို ခံစားလိုက်ရပြီး ကျေနပ်အားရစွာ ရယ်မောလိုက်သည်။

အစစ်အမှန်နဂါးဘုရားကျောင်းတွင် .....

ဘုန်းတော်ကြီးကျာရဲ သည် ခြံဝင်းထဲတွင် ရပ်နေပြီး ကောင်းကင်ယံပေါ်က တုန်လှုပ်ခြောက်ခြားဖွယ် ဓားရိပ်များကို ကြည့်နေလေသည်။

“မြင့်မြတ်တဲ့သိုင်းနယ်မြေ… တကျန်း မှာ ဒီလို သိုင်းပညာရှင်တွေရှိနေတာလား... တာအိုဘိုးဘေးမဟုတ်ရင် ဘယ်သူလဲ…”

ဘုန်းတော်ကြီးကျာရဲ ထိုသို့ရေရွတ်လိုက်မိသည်။ တာအိုဘိုးဘေးက ကံတရားကို အားမကိုးဘဲ အခုလက်ရှိအဆင့်တက်နေသည်က တကျန်း၏ ကံတရားကို အားကိုးကြောင်း အာရုံခံမိနေသည်။

ထိုအချိန်တွင် ရဟန်းပျိုတပါးရောက်လာကာ....

“အရှင်ဘုရား၊ အဲဒါ ဓားနတ်ဘုရား ဖြစ်နိုင်တယ်.... ဓားနတ်ဘုရား အသက်ရှင်နေသေးတယ်လို့ ကောလဟာလတွေ ထွက်နေပြီး ဧည့်သည်တော်တော်များများက သူ့ကို မြင်ဖူးကြတယ်....”

"ဓားနတ်ဘုရား ? ဟုတ်သားပဲ.... ဒါက ဓားဆန္ဒတွေပဲ.....”

ဘုန်းတော်ကြီးကျာရဲက.... “တကျန်းက တကယ်ကို အံ့သြစရာကောင်းတယ်...

ရေရှည်မှာ သူတို့တွေ နဂါးသွေးကြောတိုက်ကြီးနဲ့တင် မလုံလောက်ဘဲ ပိုမြင့်တဲ့ကံတရားကို ရည်မှန်းနိုင်မှာပါ.....”

တကျန်းနဲ့ လက်တွဲခွင့်ရတဲ့အတွက် ကျာရဲ အလွန်ဝမ်းသာမိသည်။ မဟုတ်ရင် အမြဲတမ်း ပြေးလွှားနေရသည့် ဘဝနဲ့ ရှင်သန်နေရလိမ့်မည်။

ရဟန်းပျိုက... “ဒီထက်မြင့်တဲ့ကံတရားဆိုတာ ဘာလဲ”

ဘုန်းတော်ကြီးကျာရဲက ပြုံးလိုက်ပြီး.....

“မင်းဆက်တွေရဲ့ ကံကြမ္မာက အဆင့်တစ်ခုရောက်ရင် အ​​မြင့်မြတ်ဆုံး

မင်းဆက်အဖြစ် ရာထူးတိုးနိုင်တယ်... အဲဒီ့ထက်မှာ အဆင့်တစ်ခုရှိပါသေးတယ်၊း... ဒါပေမယ့် တကျန်းကတော့ လက်လှမ်းမှီနိုင်တာထက် ကျော်လွန်နေပါပြီ.....”

တကျန်းသည် အင်အားကြီးမားသော်လည်း အခြေခံအုတ်မြစ် မခိုင်မာသေးသဖြင့် တာအိုဘိုးဘေးကိုသာ အားကိုးအားထားပြုရသည်။

သို့သော်၊ လက်ရှိအချိန်အတွက် လုံလောက်နိုင်သော်လည်း အနာဂတ်တွင် တူညီမည်မဟုတ်ပေ။ သူသည် တကျန်းအတွက် အခြေခံအုတ်မြစ်တည်ဆောက်မှုတွင် ပါဝင်ရန် မျှော်လင့်လာမိသည်။

ရဟန်းပျိုက နောက်ထပ်မေးခွန်းများ မေးချင်သော်လည်း ဘုန်းတော်ကြီး ကျာရဲ လှည့်ထွက်သွားသည်ကို မြင်သဖြင့် လက်လျော့လိုက်ရသည်။

အစစ်အမှန်နဂါးဘုရားကျောင်းတွင် တပည့်များစွာမရှိသော်လည်း ၎င်းတို့အားလုံးတွင် ထူးခြားသောစွမ်းရည်များရှိပြီး အများစုမှာ တော်ဝင်တရားရုံနှင့်ပတ်သတ်သော နောက်ခံသမိုင်းကြောင်းများရှိသည်။

ဓားနတ်ဘုရားသည် အောင်မြင်စွာအဆင့်တက် ပြီးနောက်၊လုံချီ တောင်ပေါ်က ခြံဝင်းထဲသို့ ပြန်သွားခဲ့သည်။

မြေပြင်ပေါ်ဆင်းသက်ပြီးနောက် ကျန်းချန်ရှန်းကို လေးစားစွာ ဦးညွှတ်ခဲ့သည်။

ကျန်းချန်ရှန်းက မျက်လုံးဖွင့်ပြီး.....

"မင်းငါ့ကို စိန်ခေါ်ချင်တာလား"

ဓားနတ်ဘုရားက... “ဟုတ်ပါတယ်၊ ဒါပေမယ့် အပြစ်ပြုမိမှာကိုကြောက်တယ်”

ဤစကားများသည် ဓားနတ်ဘုရား၏ လေးနက်မှုကို ခံစားရစေသည်။

ပိုင်ချီကတော့ အကြောင်းတစ်ခုခုကြောင့် ဓားနတ်ဘုရား ဒုက္ခရောက်တော့မည်ဟုသာ ခံစားနေရသည်။

ဓားနတ်ဘုရား၏ အောင်မြင်မှု အနေအထားက အလွန်အားကောင်းသော်လည်း၊ ကျန်းချန်ရှန်းနှင့် မယှဉ်နိုင်ကြောင်း သူမ ခံစားခဲ့ရသည်။

“ခုနစ်ရက် အနားယူပါ..... မင်းရဲ့အထွတ်အထိပ်အခြေနေနဲ့ ငါ့ကိုစိန်ခေါ်ပါ..... အဲဒီနောက် တောင်ပေါ်ကနေ ထွက်သွားချင်ရင် မင်းကို ငါတားမှာ မဟုတ်ဘူး” ဟု ကျန်းချန်ရှန်းက မျက်လုံးမှိတ်ပြီး ပြောလိုက်သည်။

ဓား​ဘုရား​က ခေါင်း​ခါ​ပြီး “တောင်​ပေါ်​က မဆင်းဘူး... ဆရာတော်နောက်ကို ထာဝရနောက်လိုက်ဖို့ ဆန္ဒရှိတယ်"

သူသည် စစ်မှန်သော သိုင်းပညာကို ဝါသနာထုံသူဖြစ်သည်။ တာအိုဘိုးဘေးနောက်ကို လိုက်ခြင်းဖြင့်သာ ပိုမိုသန်မာလာမည်ဟု ခံစားခဲ့ရသည်။ သူသည် တောင်ပေါ်မှဆင်းကာ တိုက်ကြီးပေါ်တွင် သောင်းကျန်းပြီး လျှောက်သွားနေလျှင် အထီးကျန်ခြင်းမှ လွတ်ကင်းမှုကိုသာ ရရှိမည်ဖြစ်သည်။ ဤမှားယွင်းသောဂုဏ်သတင်းနှင့် နှိုင်းယှဉ်ပါက သူ၏ရုပ်ပိုင်းဆိုင်ရာခွန်အားကို ပို၍အလေးထားပါသည်။

ထိုနေ့တွင်၊ ဧကရာဇ်ရွှမ်ထျန်း အလည်အပတ်ရောက်ရှိလာပြီး ကောင်းကင်နယ်ပယ်သို့တက်လှမ်းနိုင်ခြင်းအတွက် ဓားနတ်ဘုရားကို ဂုဏ်ပြုစကားပြောကြားခဲ့ပါသည်။

ကံမကောင်းစွာပဲ၊ သူ့ကို ဖြားယောင်းသွေးဆောင်ရန် မည်မျှပင် ကြိုးစားအားထုတ်ပါစေ၊ ဓားနတ်ဘုရားက တောင်ပေါ်မှဆင်းရန် ငြင်းဆန်သောကြောင့် သူသာ အရှုံးပေးခဲ့ရသည်။

ဓားနတ်ဘုရား တောင်ပေါ်မှ ထွက်ခွာမသွားတာကလည်း တမျိုးတော့ကောင်းပေသည်။ သူနှင့် တာအိုဘိုးဘေးသာအတူရှိနေလျှင် ဧကရာဇ်ရွှမ်ထျန်း သက်တောင့်သက်သာနေနိုင်မည်ဖြစ်သည်။

နောက်တစ်နေ့တွင်၊ ဧကရာဇ်ရွှမ်ထျန်း သည် ကောင်းကင်နယ်ပယ်သို့ တက်လှမ်းပြီး တကျန်း၏ကံတရားကို အားကောင်းစေသော ဓားနတ်ဘုရားကို ဂုဏ်ပြုကြောင်း ကြေငြာခဲ့သည်။

ဒီလုပ်ဆောင်ချက်က ကောင်းကင်နယ်ပယ်တည်ရှိမှုအကြောင်း သိုင်းပညာရှင်အားလုံးကို အသိပေးခဲ့ပြီး တစ်ချိန်တည်းမှာပင် တကျန်း၏အင်အားကို ကမ္ဘာသိအောင်ကြေငြာလိုက်ခြင်းပင်.....

ယခုဆ်ို တကျန်း၌ နယ်ပယ်အသီးသီးမှ သိုင်းပညာရှင်များစွာရှိနေပြီဖြစ်သည်။

ကောင်းကင်နယ်ပယ်၊ စကြဝဠာနယ်ပယ်၊ ရွှေခန္ဓာနယ််ပယ်၊ အစစ်အမှန်နတ်ဘုရားနယ်ပယ်..... ၎င်း၏တစ်ကိုယ်ရည်စွမ်းအားသည် ဤတိုက်ကြီးရှိ မင်းဆက်အားလုံးထက် များစွာကျော်လွန်သွားခဲ့သည်။

ခြောက်ရက်ကြာပြီးနောက်.....

ကျန်းချန်ရှန်းနှင့် ဓားနတ်ဘုရားတို့ လုံချီ ဘုရားကျောင်းမှ ထွက်ခွာပြီး ပေထောင်ပေါင်းများစွာအကွာ မြို့တော်အထက်သို့ ပျံသန်းသွားကြသည်။

ကျန်းချန်ရှန်းက တိမ်တွေပေါ်တက်ပြီး.....

"မင်းအတွက် ခွန်အားတွေစုဆောင်းဖို့ အချိန်လိုသေးလား"

ဓားနတ်ဘုရားက သူ့ဓားအိတ်ကို ထမ်းထားပြီး ခေါင်းယမ်းကာ....

“မလိုတော့ဘူး”

သူ၏ညာလက်ကို မြှောက်လိုက်သည်နှင့် တခဏချင်းတွင် ဒါဇင်ပေါင်းများစွာသော ဓားရှည်များ သူ့နောက်ဘက်ရှိ ဓားသေတ္တာထဲမှ ပျံထွက်သွားပြီး သူ့နောက်တွင် လွင့်မျောနေသည်။ဓားတလက်ချင်းစီက ကျန်းချန်ရှန်းကို ဉီးတည်နေပြီး ဓားရိပ်တွေက ဒီဓားရှည်တွေကနေ ကွဲထွက်သွားပြီး ကောင်းကင်ကို ဖုံးလွှမ်းသွားသည်။ ငါးစက္ကန့်အတွင်း ကျန်းချန်ရှန်းကို မရေမတွက်နိုင်သော ဓားအရိပ်များဖြင့် ဝန်းရံထားသည်။

ဤအံ့မခန်းမြင်ကွင်းက မြို့တော်ကို တုန်လှုပ်စေပြန်သည်။

"ဓားနတ်ဘုရားလှုပ်ရှားနေပြီလား..."

"ရန်သူရှိနေလို့လား...."

“အရမ်းမြင့်တယ်....ရှင်းရှင်းလင်းလင်းမမြင်ရဘူး......"

“ကြည့်ရတာ တာအိုဘိုးဘေးနဲ့ ဓားနတ်ဘုရားတို့သည် လက်ရည်စမ်းနေကြတယ်ထင်တယ်... လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက ဓားနတ်ဘုရားက တာအိုဘိုးဘေးကို စိန်ခေါ်ပြီး လုံချီ ဘုရားကျောင်းကို ရောက်လာခဲ့တာ မမေ့ကြနဲ့ ..."

“တကျန်းရဲ့ သိုင်းလောကမှာ ဓားနတ်ဘုရားကို ဒုတိယမြောက် အသန်မာဆုံးလို့ ယူဆနိုင်တယ်....တာအိုဘိုးဘေးနဲ့ ဘယ်လောက်ကြာကြာ တိုက်ခိုက်နိုင်မလဲ စောင့်ကြည့်ကြတာပေါ့....."

ဓားနတ်ဘုရားအဆင့်တက်သည့်သတင်းကို ဧကရာဇ်မင်းမြတ်က တိုက်ကြီးတစ်ခုသို့ ကြေငြာခဲ့သော်လည်း၊ သူသည် တာအိုဘိုးဘေး၏ ရန်သူမဟုတ်ကြောင်း လူတိုင်းနီးပါး ယုံကြည်ခဲ့ကြသည်။

တာအိုဘိုးဘေး၏ခွန်အားကို မည်သူမျှအတိအကျမသိနိုင်ပေ။

ကောင်းကင်အထက်တွင်........

ကျန်းချန်ရှန်းကို မရေမတွက်နိုင်သော ဓားအရိပ်များ ဝန်းရံထားသည်။

“ဒါ မင်းရဲ့ဓားတာအိုလား...မခိုင်လုံသေးဘူး......”

ဓားနတ်ဘုရားက မျက်ခုံးပင့်ကာ....

“ဟုတ်ပါတယ်...... ကျေးဇူးပြုပြီး ငါ့ဓားတာအိုကို ခံစားကြည့်ပါ....."

“အရင်တုန်းကတော့ ဒါဟာ ကောင်းကင်နဲ့ မြေကြီးရဲ့ဓားပဲ....အခု ကောင်းကင်တာအိုဖြစ်သွားပြီ....!”

ကောင်းကင်တာအို ?

မာနကြီးလိုက်တဲ့ နာမည်!

ငါလို အင်မော်တယ်ကျင့်ကြံသူတောင် ဒီလိုနာမည်မျိုး မပေးသေးဘူး......

ကျန်းချန်ရှန်း မျက်လုံးများကို မှိတ်ထားပြီး ညာလက်ကို ဖြည်းညှင်းစွာ မြှောက်လိုက်သည်။ထိုအခါ အမှန်တရားကိုးပါး စာလုံးများ သူ့နောက်ကွယ်မှာ ပေါ်လာခဲ့သည်။

ဓားနတ်ဘုရားက သူ့လက်ကို မြှောက်လိုက်ပြီး လက်သီးဆုပ်လိုက်တော့ ဓားချီများက သူ့လက်ဖဝါးထဲတွင် ဓားအရိပ်များအဖြစ် ပေါင်းစပ်သွားသည်။

တခဏအတွင်းမှာပင် မရေမတွက်နိုင်သော ဓားရိပ်များ ကောင်းကင်တစ်ခုလုံး လှုပ်ခတ်သွားသလို တုန်ခါသွားသည်။

"ကောင်းကင်တာအို အေးခဲစမ်း!"

ဓားနတ်ဘုရားက ဒေါသတကြီး အော်ဟစ်ပြီး မရေမတွက်နိုင်သော ဓားအရိပ်များက ကျန်းချန်ရှန်းကို ဝိုင်းရံထားသည်။

ဝုန်းးဝုန်းးးဝုန်းးးးး

မရေမတွက်နိုင်သော ဓားအရိပ်များ ကျန်းချန်ရှန်းကို ထိမှန်သွားသော်လည်း မမြင်နိုင်သော အတားအဆီးတစ်ခုကြောင့် ပျက်ပြယ်သွားခဲ့သည်။

ဓားနတ်ဘုရား မအံ့သြခဲ့ပေ။ ထိုဓားရိပ်များသည် ယခင်က တောက်ပနေသော ဓားရိပ်များ ပျက်ပြယ်သွားသော်လည်း အသစ်အသစ်သောဓားရိပ်များက ငွေရောင်အလင်းတန်းများဖြင့် ပေါက်ကွဲထွက်ကာ လျင်မြန်စွာ ချိတ်ဆက်နေလေသည်။ ထောင်ပေါင်းများစွာသော ဓားအရိပ်များသည် ကောင်းကင်ယံကို မရေမတွက်နိုင်သောအပိုင်းအစများအဖြစ် ဖြိုခွဲလိုက်သကဲ့သို့ ပေါင်းစပ်ထားသည်။

ဓားနတ်ဘုရားက သူ၏လက်ထဲတွင်ရှိသော ဓားနှစ်ချောင်းကို ထုတ်လွှတ်လိုက်သည်။ ချက်ချင်းဆိုသလိုပင် ထောင်ပေါင်းများစွာသော ဓားရိပ်များဖြင့် ဖွဲ့စည်းထားသော အကန့်အသတ်မဲ့ ငွေပိုက်ကွန် မှိန်ဖျော့သွားသည်။

ကျန်းချန်ရှန်းအနေဖြင့် ဤဓားပိုက်ကွန်တွင် အလွန်အစွမ်းထက်သော ဓားဆန္ဒပါ၀င်ကြောင်း ခံစားနိုင်သည်။ သာမာန် ကောင်းကင်နယ်ပယ် ပညာရှင်များ၏ ကောင်းကင်နှင့် မြေကြီး၏ ပုံသဏ္ဍာန်တောင် ဤမျှ အစွမ်းထက်မည် မဟုတ်ပေ။

ကျန်းချန်ရှန်းပြုံးလိုက်ပြီး ညာလက်ကို ရှေ့ကို ညွှန်လိုက်သည်။

ဝှစ်......

စွမ်းအင်စီးကြောင်းတစ်ခု ထွက်လာပြီး ဓားချီဖြင့်ဖန်တီးထားသော ငွေပိုက်ကွန်သည် ချက်ချင်း ကွဲအက်သွားသည်။ ထောင်ပေါင်းများစွာသော ဓားအရိပ်များ ပျောက်ကွယ်သွားကာ စွမ်းအင်များက ဓားနတ်ဘုရားထံ မရပ်တန့်နိုင်သော အရှိန့်ဖြင့် ပြေးသွားကြသည်။

ဓားနတ်ဘုရား မျက်လုံးများ ပြူးကျယ်ကာ မယုံကြည်နိုင်သော အရိပ်အယောင်ကို ထုတ်ဖော်ခဲ့သည်။

နောက်ဆုံးတွင်၊ စွမ်းအင်စီးကြောင်းသည် သူ့နဖူးရှေ့တွင် ရပ်တန့်ကာ သူ့မျက်လုံးများတွင် ရောင်ပြန်ဟပ်လာသည်။

အေးစက်သော ချွေးများ ဓားနတ်ဘုရား၏ နဖူးမှ စီးကျလာသည်။ သေခြင်းတရား၏အငွေ့အသက်ကို ခံစားနေရသောကြောင့်ပင်......

အဆင့်တက်နိုင်ခဲ့သော်လည်း ကျန်းချန်ရှန်းက သူ၏ဓားတာအိုကို လက်ညိုးတစ်ချောင်းဖြင့် ချက်ခြင်း ဖျက်ဆီးပစ်မည်ဟု မမျှော်လင့်ခဲ့ပေ။

ဒါဟာ ချန်းမိသားစုရဲ့ ချီလက်ချောင်းသိုင်းမှန်း သူသိသည်။ သို့သော် မည်မျှပင် သာမာန် သိုင်းပညာဖြစ်စေကာမူ တာအိုဘိုးဘေးလက်ထဲတွင် မယုံနိုင်လောက်အစွမ်းထက်လာစမြဲပင်......

ကျန်းချန်ရှန်း လက်ဝှေ့ယမ်းလိုက်တော့ ဓားနတ်ဘုရား၏ နဖူးရှေ့တွင် လွင့်နေသော စွမ်းအင်များ မီးခိုးငွေ့များကဲ့သို့ ပျောက်ကွယ်သွားသည်။

"မဆိုးပါဘူး.... မင်းရဲ့ဓားတာအိုက ပိုအားကောင်းလာတယ်.... အရင်​ကထက်​ ပို​လေးနက်​လာတယ်​......."

ကျန်းချန်ရှန်း သူ့ရှေ့မှ ပေါ်လာပြီး နှစ်သိမ့်ရန် သူ့ပခုံးကို ပုတ်လိုက်သည်။

ဓားနတ်ဘုရားက မချိတင်ကဲပြုံးပြပြီး "ခွန်အားဘယ့်လောက်သုံးခဲ့တာလဲ..."

ကျန်းချန်ရှန်းက စဉ်းစားပြီး ...."20%" လို့ပြန်ဖြေလိုက်သည်။

20%…

ဓားနတ်ဘုရား ငိုချင်စိတ်ပေါက်လာသည်။

ကျန်းချန်ရှန်းကတော့ လေထဲတွင် ပျောက်ကွယ်သွားပြီး ခြံဝင်းထဲသို့ ပြန်လာခဲ့သည်။

ပိုင်ချီက သူပြန်လာတာကို တွေ့လိုက်ရတော့ ခေါင်းယမ်းလိုက်မိသည်။ သူမ အဝေးကိုမျှော်ကြည့်လိုက်တော့ မြူခိုးများထဲမှ ဓားနတ်ဘုရား ခြံဝင်းထဲတွင် ဆင်းသက်သည်ကို တွေ့လိုက်ရသည်။

သူ အသက်ပြင်းပြင်းရှူပြီး ကျန်းချန်ရှန်း ကို ကြည့်လိုက်သည်။

" တာအိုဘိုးဘေး ..မင်းသာ 100% ခွန်အားသုံးရင် ဘာတွေဖြစ်လာမလဲ..... "

ကျန်းချန်ရှန်းက ပြုံးပြီး ဘာမှပြန်မပြောပေ။

ပိုင်ချီက... “အဘိုးကြီး၊ မင်းကို အနိုင်ယူဖို့ သူ့အင်အားရဲ့ 20% လောက်ပဲသုံးစရာလိုတာလေ...ရှင် ဘာတွေတွေးနေတာလဲ....."

ဓားနတ်ဘုရား တိတ်ဆိတ်နေ၏။

ကျန်းချန်ရှန်းက မြေဝိဉာဉ်သစ်ပင် ရှေ့မှာထိုင်ပြီး....

"ကောင်းကင်နယ်ပယ်က ကောင်းကင်နယ်ပယ်ရဲ့ ငွေ့ရည်ဖွဲ့မှုကို လိုအပ်တယ်.. ဓားတာအိုအတွက်ကောင်ကင်နယ်ပယ်ကိုဖန်တီးနိုင်ရင် မင်း ပိုသန်မာလာနိုင်တယ်....."

ဓားနတ်ဘုရားက..... “အခုမှ အဆင့်တက်တာမို့ အခြေမခိုင်သေးဘူး...”

“မဟုတ်ဘူးဒါက မင်းရဲ့နားလည်နိုင်စွမ်းရဲ့ ကန့်သတ်ချက်အထိမရောက်သေးဘူး...”

ကျန်းချန်ရှန်း၏စကားကိုကြားတော့ ဓားနတ်ဘုရား တုန်လှုပ်သွားပြီး စိတ်လှုပ်ရှားလာသည်။

ငါ့မှာ အလားအလာရှိနေသေးတာလား.......

All Chapters