နဂါးသွေးကြောသားရဲ.... နရှေးဟောင်းစစ်သည်တော် လူပြန်ဝင်စားခြင်း .......
Vol. 11 Ch. 157
ဓားနတ်ဘုရားကို အားပေးပြီးနောက် ကျန်းချန်ရှန်းက ရှင်သန်ခြင်းဆုလာဘ်ကို စောင့်ရင်း ကျင့်ကြံခဲ့သည်။
ဓားနတ်ဘုရားက အခြားသူများနှင့် မတူပေ။ သူ၏ တိုက်ပွဲဝင်စိတ်ဓာတ်က အလွန်ဖြူစင်သည်။
ထို့ကြောင့်ရှင်သန်ခြင်းဆုလာဘ်ကို ရရှိမည်ဟု သူမျှော်လင့်ခဲ့သည်။
ဓားနတ်ဘုရားက ထောင့်တစ်နေရာသို့ လျှောက်သွားပြီး တရားထိုင်ဖို့ပြင်လိုက်သည်။
ခဏအကြာတွင်......
[ရွှမ်ထျန်းခေါတ်၏ ခုနှစ်နှစ်တွင်၊ ဓားနတ်ဘုရားသည် ကောင်းကင်နယ်ပယ်သို့ တက်လှမ်းခဲ့ပြီး သင့်အားသူ၏ဓား တာအိုနှင့်စိန်ခေါ်ခဲ့သည်။ သင်သည် သူ၏စိန်ခေါ်မှုမှ အောင်မြင်စွာ လွတ်မြောက်ခဲ့ပြီး ရှင်သန်ခြင်းဆုအဖြစ် ရွှေရောင်ကျောက်စိမ်းသစ်ရွက် သုံးရွက်ရရှိခဲ့သည်။]
လက်ရှိတွင် ကျန်းချန်ရှန်းသည် ရွှေရောင် ကျောက်စိမ်းအရွက် ၁၃ ရွက်ကို စုဆောင်းထားနိုင်ခဲ့သည်။
ရွှေရောင်ကျောက်စိမ်းရွက်တွေကို စုပေါင်းလိုက်လျှင် ဘယ်လိုအစွမ်းထက်တဲ့ မှော်လက်နက်မျိုး ဖန်တီးနိုင်မလဲ သိချင်နေမိသည်။
ထိုက်ယန်ရှန်ကုန်းထက် ပိုကောင်းမွန်သင့်ပေသည်။
ကျန်းချန်ရှန်း ၎င်းကို တိတ်တဆိတ် စောင့်မျှော်နေခဲ့သည်။ ရွှေရောင်ကျောက်စိမ်းရွက်များကို သန့်စင်ရင် အလျင်စလိုမဟုတ်ပေ။ အဲဒီအစား ဆက်လက်ပြီး ကျင့်ကြံခဲ့သည်။
ဓားနတ်ဘုရားနှင့် တာအိုဘိုးဘေးတို့၏ တိုက်ပွဲက အချိန်မကြာခဲ့ပေ။ သို့ရာတွင် မြို့တော်ရှိလူများက ဓားရိပ်များပြိုကျကာ တိုက်ပွဲရပ်သွားသည်ကို မြင်သောအခါတွင် မည်သူ အနိုင်ရသည်ကို နားလည်သွားကြသည်။
ဤသို့ဖြင့်အဆင့်တက်နိုင်ခဲ့သော ဓားနတ်ဘုရားသခင်၏ သတင်းက တိုက်ကြီးတစ်ခွင်သို့ ပျံ့နှံ့သွားသည်။
အကြောက်ဆုံးက တုံးဟိုင်မင်းဆက်ပင်....တကျန်းက တပ်တွေပြန်လွှတ်လိုက်တဲ့အခါ ပထမဆုံးတိုက်ခိုက်ခံမယ့်သူက တုံးဟ်ုင်မင်းဆက်ဖြစ်မယ်ဆိုတာ လူတိုင်းသိကြသည်။
တုံးဟိုင်မင်းဆက်သည် လက်ရှိတွင် တိုက်ကြီးတစ်ဝှမ်းလုံးတွင် မဟာမိတ်များကို ရှာဖွေနေသော်လည်း ၎င်းတို့နှင့် မဟာမိတ်ဖွဲ့ရန် မည်သည့်မင်းဆက်မှ သတ္တိမရှိပေ။
နိုဝင်ဘာလတွင်
မြို့တော်ရှိ အိမ်ရာတစ်ခုအတွင်း၌......
စုန့်လီ ထိုင်နေသောခြံဝင်းထဲသို့ သိုင်းပညာရှင်တစ်ဦး ပြေးဝင်လာကာ သူ့နားသို့ကပ်ကာ သတင်းပို့နေသည်။
မကြာခင်မှာပဲ စုန့်လီ မျက်မှောင်ကြုတ်လိုက်သည်။
သိုင်းပညာရှင်က ခေါင်းညိတ်ပြီး....
“ အကန့်အသတ်မဲ့ပင်လယ်မဟာမိတ်အဖွဲ့က တကျန်းကို ထိုးဖောက်ဝင်ရောက်ခဲ့တယ်....တကျန်းသာမက အခြားသော မင်းဆက်များမှာလည်း အကန့်အသတ်မဲ့ တံဆိပ်တွေချန်ထားခဲ့တယ်..."
စုန့်လီသည် တောင်သမုဒ္ဒရာတစ်ထောင်မှ မထွက်ခွာမီဂိုဏ်းထဲက သူ့တပည့်တွေနဲ့ ယုံကြည်ရတဲ့ လက်ထောက်တွေဆီ စာတစ်စောင်ရေးပြီး တကျန်းဆီ လာခိုင်းခဲ့သည်။
နှစ်များစွာကြာပြီးနောက်၊ စုန့်လီသည် ထိုလူများကို သူ့ကိုယ်ပိုင် ခွန်အားအဖြစ်
စုဆောင်းရန် မှီခိုအားထားခဲ့ပြီး အတော်အတန်သြဇာလွှမ်းမိုးနေပြီဖြစ်သည်။
စုန့်လီက..... "အစစ်အမှန်နဂါးဘုရားကျောင်းကို စောင့်ကြည့်ဖို့ တစ်ယောက်ယောက်ကို စေလွှတ်လိုက်...လူမသိစေနဲ့.... "
“ဟုတ်ကဲ့!”
သိုင်းပညာရှင်က ချက်ချင်း ထွက်သွားသည်။
စုန့်လီသည် တကျန်းကို သစ္စာစောင့်သိသော်လည်း နတ်ဆိုးစုစည်းခြင်းပုလဲ ကိုလည်း အလွန်စိတ်ဝင်စားခဲ့သည်။
နတ်ဆိုးစုစည်းခြင်းပုလဲက အဖိုးမဖြတ်နိုင်ပေ။ ၎င်း၏ ဗျူဟာမြောက် အရေးပါမှုကို မည်သူမျှအတိအကျမသိသော်လည်း အဆုံးမရှိသော နတ်ဆိုးများကို ဆွဲဆောင်လိုက်ရုံဖြင့် သိုင်းပညာဆိုင်ရာ အရင်းအမြစ်များနှင့် လဲလှယ်ခြင်းဖြင့် စည်းစိမ်ဥစ္စာများစွာကို စုဆောင်းထားနိုင်သည်။
တခဏမျှ တုံ့ဆိုင်းသွားပြီးနောက် စုန့်လီက ဧကရာဇ်မင်းကို တွေ့ဆုံရန် နန်းတော်သို့သွားရန် ဆုံးဖြတ်လိုက်သည်။
သူ့မှာ တစ်ကိုယ်ကောင်းဆန်တဲ့ ဆန္ဒတွေရှိရင်တောင် ဒီကိစ္စကို အစီရင်ခံပြီး ဧကရာဇ်၏ယုံကြည်မှုကိုရယူရမည်။
တော်ဝင်စာကြည့်ဆောင်၌......
ဧကရာဇ်ရွှမ်ထျန်း မျက်မှောင်ကြုတ်နေပြီး သူ့နံဘေးတွင် အပြစ်ပေးအကြီးအကဲရှိနေသည်။
“အခုလောလောဆယ် ဘုရင်ခံတွေပိုများလာတယ်... ဒီအတိုင်းသာ ဆက်သွားနေမယ်ဆိုရင် အနှေးနဲ့အမြန်ဆိုသလို ခန့်အပ်ဖို့ နယ်မြေမရှိတော့ဘူး.....”
ဧကရာဇ် ရွှမ်ထျန်းက စိုးရိမ်တကြီးဖြင့် ရေရွတ်လိုက်သည်။ ကျန်းရှုတွင် ညီအစ်ကိုများစွာရှိပြီး ကျန်းမိသားစု၏သားမြေးများ ကြီးပြင်းလာသောအခါတွင် အရာရှိများအဖြစ် ခန့်အပ်ခံရမည်ဖြစ်သည်။ ထို့ပြင် ညီအစ်ကိုများကို မတရားပြုမူခြင်းမပြုနိုင်ပေ။ ထို့အပြင်၊ သူ၏အစ်ကိုများကလည်း သားသမီးများစွာထွန်းကားခဲ့ကြသည်။ထို့ကြောင့် နောက်ထပ် အနှစ်နှစ်ဆယ်အတွင်း ကျနမိသားစု၏ ကလေး အရေအတွက် သိသိသာသာ တိုးလာမည်ဖြစ်သည်။
အပြစ်ပေးအကြီးအကဲက သူ့ကိုမနှောင့်ယှက်ဘဲ ကိုယ်တိုင် စဉ်းစားခွင့်ပေးထားခဲ့သည်။
တခဏကြာတော့ ဧကရာဇ် ရွှမ်ထျန်း၏ မျက်လုံးများ တောက်ပလာသည်။
“သိပြီ...ဘုရင်ခံတွေကို သူတို့ စီရင်ပိုင်ခွင့်ရထားတဲ့နယ်မြေတွေထဲကနေ သူတို့ သားသမီးတွေကို ခွဲဝေအုပ်ချူပ်ခိုင်းလိုက်မယ်..... လူများလေလေ၊ သူတို့ထိန်းချုပ်နိုင်တဲ့ နယ်မြေ ကျဉ်းလေလေပဲ.... သူတို့အမှားလုပ်မိရင် နယ်မြေပြန်သိမ်းဖို့အမိန့်ပေးမယ်...ဒီအတိုင်းဆိုပြသာနာတွေကို ဘုရင်ခံဆီ လွှဲပြောင်းပေးလို့ရပြီ....."
အပြစ်ပေးအကြီးအကဲက... “ဘုရင်ခံတွေကိုကန့်သတ်ဖို့ နည်းလမ်းတွေ စဉ်းစားရမယ်...ဧကရာဇ်တိုင်ကျုံးလက်ထက်ကတည်းက ဘုရင်ခံတွေရဲ့ စစ်တပ်အင်အားက ပေါ့သေးသေးမဟုတ်ဘူး... တစ်ချို့ဆို သာမန်မင်းဆက်တွေထက်တောင် သန်မာတယ်....”
ဧကရာဇ် ရွှမ်ထျန်း မတ်တပ်ထရပ်ပြီး မြေပုံကိုကြည့်ရန် သဲစားပွဲဆီသို့ လျှောက်သွားသည်။
“ကျွန်တော် လှုပ်ရှားဖို့ အချိန်တန်ပြီ...နယ်မြေကြီးမားလာသရွေ့ မြေအလုံအလောက်မရှိမှာကို စိတ်ပူနေစရာ မလိုပါဘူး..... ကျန်းမိသားစုမှာ ကလေးတွေထပ်မွေးဖို့တောင် မျှော်လင့်ရမယ်.....”
ဧကရာဇ်ရွှမ်ထျန်းက မြေပုံပေါ်က တုံးဟိုင်မင်းဆက်ကို စူးစူးစိုက်စိုက်ကြည့်ရင်း ရယ်မောလိုက်သည်။
တုံးဟိုင်မင်းဆက်နှင့် တကျန်းတို့သည် ကမ္ဘာမကြေရန်သူများဖြစ်နေခဲ့ပြီ။ ဧကရာဇ်ရန်ကျုံး မကွယ်လွန်ခင်မ တစ်ခုတည်းသော နောင်တက တုံးဟိုင်မင်းဆက်ကို မသိမ်းပိုက်နိုင်ခဲ့ခြင်းပင်..
ဧကရာဇ်ရွှမ်ထျန်းက "ဒီတကြိမ်၊ သူတို့တွေ ရွှမ်ထျန်းရဲ့ အစွမ်းအာဏာကို ခံစားနိုင်စေဖို့ တုံးဟိုင်မင်းဆက်ကို ကုန်းကြောင်းနဲ့ ပင်လယ်တိုက်ခိုက်မှုတွေနဲ့ ထိုးနှက်မယ်!"
ထိုအချိန်တွင် မိန်းမစိုးတစ်ယောက် စုန့်လီနှင့်အတူ ဝင်လာသည်။
ဧကရာဇ်ရွှမ်ထျန်းက ခေါင်းညိတ်လိုက်ပြီး.... “အချိန်ကိုက်ရောက်လာတာပဲ... တိုက်တိုက်ဆိုင်ဆိုင် မောင်မင်းကို ခိုင်းစရာ ကိစ္စတစ်ခုရှိတယ်....."
စုန့်လီက "ဘာများလဲ" ဟုမေးသည်။
“ငါးနှစ်အတွင်း ငါ့မှာ စစ်သင်္ဘောတစ်သောင်းရှိရမယ်........ ဒီကိစ္စကို ကြီးကြပ်ဖို့ မောင်မင်းမှာ တာဝန်ရှိတယ်...မောင်မင်းကို တတိယအဆင့် တပ်မှူးဘွဲ့ အပ်နှင်းမည်.... ကိုယ်တော့်ကို
စိတ်မပျက်စေနဲ့.... တစ်ခုခုမှားသွားရင် မောင်မင်းကို လွယ်လွယ်နဲ့ ခွင့်မလွှတ်ဘူး...."
ဧကရာဇ်ရွှမ်ထျန်းက စုန့်လီ ကိုကြည့်ပြီး အဓိပ္ပါယ်ပါပါ မိန့်ကြားလိုက်သည်။
စုန့်လီ အံ့သြသွားမိသည်။ သူ မှန်ကန်သော လှုပ်ရှားမှုကို ပြုလုပ်ခဲ့ပုံရသည်။ အသေးစိတ်အချက်များက အောင်မြင်မှု သို့မဟုတ် ကျရှုံးမှုကို ဆုံးဖြတ်ပေးမည်ဖြစ်သည်။
သူက အမိန့်ကို ချက်ချင်းလက်ခံလိုက်လေသည်။
နောက်တစ်နေ့တွင် ဧကရာဇ်ရွှမ်ထျန်းက စုန့်လီကို တရားဝင်ရာထူးအပ်နှင်းခဲ့သည်။ အရပ်ဘက်နှင့် စစ်ဘက်ဆိုင်ရာ အရာရှိအများအပြားက ကန့်ကွက်ခဲ့ကြသော်လည်း ၎င်းတို့ကို ဧကရာဇ်ရွှမ်ထျန်းက အတင်းအကျပ် ဖိနှိပ်ခဲ့သည်။
ထိုမှသာလျှင် ဧကရာဇ်ငယ် ကြီးပြင်းလာကြောင်းကို တာဝန်ရှိသူများ သိရှိခဲ့ကြသည်။ သူက ရန်ကျုံးနဲ့ မတူပေမယ့် တိုင်ကျုံးနှင့်ပိုတူနေသည်။
.........................
သမုဒ္ဒရာထဲမှာ သင်္ဘောကြီးတစ်စင်းက ရှေ့ကိုမရွေ့ဘဲ ငြိမ်သက်စွာ ရပ်တန့်နေသည်။
သင်္ဘောကုန်းပတ်ပေါ်တွင် လူတစ်ယောက် ထိုင်နေပြီး သူသည် အပေါ်ပိုင်းဗလာကျင်းနေပြီး ကြေးဝါရောင်သန်းနေသောအရေပြားမှာ အမာရွတ်များဖြင့် ဖုံးလွှမ်းထားသည်။ သူ့ဆံပင်ရှည်တွေက မီးတောက်တွေလို နီရဲနေသည်။
သိုင်းပညာရှင်တစ်ဦးနှင့် ရေစိုနေသော အမျိုးသားတစ်ဦးတို့ သူ့အနားရောက်လာပြီး....
"ဌာနခွဲခေါင်းဆောင်...ဒီပုဂ္ဂိုလ်က တုံးဟိုင်မင်းဆက်ကပါ...သူက ကျွန်တော်တို့ အကန့်အသတ်မဲ့ပင်လယ်မဟာမိတ်ကို လာရှာတာတဲ့....."
ရေစိုနေသူက မူလက ကြောက်လန့်နေသော်လည်း ထိုစကားကိုကြားသောအခါ ချက်ချင်းပင် စိတ်လှုပ်ရှားလာသည်။
"ကျွန်တော်က နဂါးသွေးကြောတိုက်ကြီးက တုံးဟိုင်မင်းဆက်ရဲ့ အရာရှိတစ်ဦးပါ.... တောင်သမုဒ္ဒရာတစ်ထောင်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ထျန်ယန်ဖုန်းနဲ့လည်း ရင်နှီးပါတယ်.... ဂိုဏ်းချုပ်ထျန်ယန်ဖုန်းက အကယ်၍ သူတို့ ကျရှုံးခဲ့ရင် တုံးဟိုင်မင်းဆက်ကို ကယ်တင်နိုင်တာ အကန့်အသတ်မဲ့ပင်လယ်မဟာမိတ်အဖွဲ့ပဲရှိတော့တယ်လို့ပြောခဲ့ပါတယ်....."
အမာရွတ်ရှိသောလူက ဘာမှမပြောဘဲငြိမ်နေသဖြင့် အရာရှိက ဆက်လက်၍....
“သူမချန်ထားခဲ့တဲ့ စာထဲမှာ နဂါးသွေးကြောတိုက်ကြီးရဲ့ လျှို့ဝှက်ချက်တွေပါတယ်... အကန့်အသတ်မဲ့ပင်လယ်မဟာမိတ်အဖွဲ့က ဒါကို စိတ်ဝင်စားလိမ့်မယ်လို့ ဂိုဏ်းချုပ်ထျန်ယန်ဖုန်းက ပြောခဲ့တယ်.... အကန့်အသတ်မဲ့ပင်လယ်မဟာမိတ်အဖွဲ့က နတ်ဆိုးစုစည်းခြင်းပုလဲကို ရှာဖွေနေပြီး နဂါးသွေးကြောတိုက်ကြီးရဲ့ ၏နဂါးသွေးကြောကိုးခုက ကံကောင်းခြင်းအရင်းအမြစ်တစ်ခုသာမကဘဲ တံဆိပ်အမျိုးအစားတစ်ခုဆိုလည်းဟုတ်တယ်.... နဂါးသွေးကြော ကိုးခုက ရှေးခေတ်ကတည်းက ဒီသမုဒ္ဒရာထဲက တန်ခိုးအကြီးဆုံး နတ်ဆိုးသားရဲတွေကို တံဆိပ်ခတ်ထားတယ်...သူတို့ရဲ့ သွေးအဆီအနှစ်က သာမန်နတ်ဆိုးသားရဲတွေကို ပိုမိုအစွမ်းထက်တဲ့ သတ္တဝါတွေအဖြစ် ပြောင်းလဲပေးနိုင်တယ်.... အကန့်အသတ်မဲ့ပင်လယ်မဟာမိတ်အဖွဲ့ကသာ နဂါးသွေးကြောတံဆိပ်ကိုးခုနဲ့ နတ်ဆိုးပုလဲကိုပါစုဆောင်းနိုင်ရင် သမုဒ္ဒရာလေးခုကို ပေါင်းစည်းပြီး ကံကောင်းတဲ့ဂိုဏ်းဖြစ်လာနိုင်ပါတယ်.....”
အမာရွတ်ရှိတဲ့လူက မျက်လုံးဖွင့်ပြီး သူ့ကို စိုက်ကြည့်ကာ.... "ဒါတွေက ထျန်းယန်ဖုန်းပြောခဲ့တာတွေလား...?"
တုံးဟိုင်မင်းဆက်၏အရာရှိက အားတက်သရော ခေါင်းညိတ်လိုက်သည်။
"ထျန်ယန်ဖုန်း ဘယ်မှာလဲ သေပြီလား?"
"သူမ တကျန်းရဲ့မြို့တော်မှာသေဆုံးသွားပြီ... တာအိုဘိုးဘေးသတ်လိုက်တာပါ..."
"တကျန်းမှာ နဂါးသွေးကြောရှိနေတယ်မဟုတ်လား..."
"ဟုတ်ပါတယ်...ဂိုဏ်ချုပ်ထျန်းယန်ဖုန်းက အဲ့အတွက်သွားခဲ့တာပါ... ဂ"
အမာရွတ်ရှိသောသူက အတွေးနက်နက်ဖြင့် အနောက်ဘက်သို့ လှမ်းကြည့်လိုက်သည်။
အရာရှိက အံကြိတ်ကာ... "တုံးဟိုင်မင်းဆက်က နဂါးသွေးကြောတိုက်ကြီးကို ပေါင်းစည်းဖို့ အကန့်အသတ်မဲ့ ပင်လယ်မဟာမိတ်ရဲ့ ကူညီလိုအပ်နေပါတယ်...တုံးဟိုင်မင်းဆက်က အကန့်အသတ်မဲ့ ပင်လယ်မဟာမိတ်ကို အမှူးထားပြီး သူတို့ရဲ့ ဦးဆောင်မှုနောက်ကို လိုက်ဖို့ ဆန္ဒရှိနေပါတယ်...."
ခဏကြာတော့ အမာရွတ်ရှိတဲ့သူက....
“သူ့ကို ပင်မကျွန်းစုကို ပို့ပြီး ဆုံးဖြတ်ချက်ချဖို့ ပြည်နယ်သခင်ဆီ အပ်လိုက်....."
“ဟုတ်!”
သိုင်းပညာရှင်က အရာရှိကို ချက်ချင်း ဆွဲခေါ်ကာ ထွက်ခွာသွားခဲ့သည်။
အမာရွတ်ရှိသောသူက....
“တာအိုဘိုးဘေးက ကောင်းကင်နယ်ပယ်ငါးဦးကို သတ်နိုင်ခဲ့ပြီး သူတို့ထဲက တစ်ယောက်က အဆင့်တက်ခဲ့တဲ့ ဟုန်ယွဲ့ဘိုးဘေး.... တာအိုဘိုးဘေးက ကောင်းကင်သုံးခုနယ်ပယ်မဟုတ်သေးပေမယ့် သူနဲ့ ဆက်ဆံဖို့ မလွယ်ဘူး… နတ်ဆိုးပုလဲနဲ့ နဂါးသွေးကြောသားရဲတွေ....ဒီလို ဖုန်းဆိုးမြေမှာ ကံကောင်းခြင်းတွေရှိနေတာလား... …”
"နဂါးသွေးတိုက်ကြီးကို သွားမယ်...!"
...................
ရွှမ်ထျန်းခေတ် ၈ နှစ်၊ မေလ၏ နေသာသောနေ့တနေ့တွင်...
ကျန်းချန်ရှန်း မျက်လုံးများကို ဖြည်းညှင်းစွာဖွင့်လိုက်ပြီး အသက်ပြင်းပြင်းရှူလိုက်သည်။အဆင့်တက်ရန် အလွန်နီးကပ်နေပြီဟု ခံစားရသော်လည်း နားမလည်နိုင်လောက်အောင် တုန်လှုပ်သွားသည်။ သူ၏ယခင်အောင်မြင်မှုမှ ကောင်းကင်စွမ်းအားများအကြောင်း သူ့စိတ်ထဲတွင် တစ်ဖန်ပြန်ပေါ်လာပြီး သူ့ကို အနည်းငယ် ကြောက်ရွံ့သွားစေသည်။
ယခုအကြိမ်သည် ယခင်အကြိမ်ထက် အမွှေးတိုင်အရေအတွက် အဆပေါင်းများစွာ သာလွန်နေသဖြင့် ရှင်သန်နိုင်လောက်သည်။
ကျန်းချန်ရှန်းသည် နဂါးသွေးကြောတိုက်ကြီတွင် သူနှင့် ဓားနတ်ဘုရားမှလွဲ၍ အခြားသော ကျွမ်းကျင်သူရှိမရှိ တွက်ချက်ရန် အမွှေးတိုင်စနစ်ကို စတင်အသုံးပြုခဲ့သည်။
သူမှလွဲ၍ နဂါးသွေးကြောတိုက်ကြီးရှိ အပြင်းထန်ဆုံး ကျွမ်းကျင်သူသည် အမွှေးတိုင်အရေအတွက် 90,000 တန်ပြီး ကောင်းကင်နယ်ပယ်နှင့် အကန့်အသတ်မရှိ နီးကပ်နေပါသည်။ထိုသူက နိုင်ငံရပ်ခြားကရောက်လာသူ ဖြစ်နိုင်သည်။ နှစ်တွေကြာလာတာနဲ့အမျှ နိုင်ငံရပ်ခြားက ကျွမ်းကျင်သူတွေ အများကြီးရောက်လာတဲ့အတွက် တွက်ချက်မှာကလည်း အဆက်မပြတ်ပြောင်းလဲသွားခဲ့သည်။ အနိမ့်ဆုံးအချိန်မှာတောင် အမွှေးတိုင်အရေအတွက် 30,000 ရှိပါသေးသည်။ သို့သော်လည်း အမွှေးတိုင်အရေအတွက်
တစ်သန်းအောက် တိုက်ပွဲဝင်အင်အားက သူ့အတွက် ခြိမ်းခြောက်မှုမဟုတ်ပေ။
နဂါးသွေးကြောတိုက်ကြီး တည်ရှိရာ သမုဒ္ဒရာအတွင်း အပြင်းထန်ဆုံး ကျွမ်းကျင်သူသည် အမွှေးတိုင်အရေအတွက် ၁.၁ သန်းအထိ တန်ကြေးရှိပြီး ယခင်အပြင်းထန်ဆုံး ကျွမ်းကျင်သူသည် အမွှေးတိုင်အရေအတွက် ရာနှင့်ချီ၍သာ တန်ဖိုးရှိခဲ့သည်။
ထျန်းဟိုင်ရှိအပြင်းထန်ဆုံး ကျွမ်းကျင်သူသည် အမွှေးတိုင်အရေအတွက် ၁၇၀,၀၀၀ တန်ဖိုးရှိနေဆဲဖြစ်ပြီး ပြောင်းလဲမှုများစွာမရှိပေ။
စနစ်၏ ထောက်လှမ်းမှု အကွာအဝေး တိုးလာသည်နှင့်အမျှ၊ တိုက်ခိုက်ရေး စွမ်းအားကို နှစ်စဉ်နီးပါး ပြန်လည် ဆန်းစစ်ရပေမည်။
အမွှေးတိုင်အရေအတွက် ငါးသန်း.....
ဒါဟာ ရူးသွပ်ဖွယ် ကိန်းဂဏန်းများဖြစ်သည်။ ရှေးဟောင်းနတ်ဘုရားတိုက်ကြီးရှိ အပြင်းထန်ဆုံးကျွမ်းကျင်သူပင် အမွှေးတိုင်အရေအတွက် ၁.၇ သန်းခန့် သာတန်ဖိုးရှိသည်။
ကျန်းချန်ရှန်းသည် သူ့ဘေးပတ်ဝန်းကျင်ကို သိရှိရန် စနစ်ကို မေးခွန်းအမျိုးမျိုးမေးမြန်း၍ ထောက်လှမ်းခဲ့သည်။
အဆင့်တက်ပြီးသည်နှင့် သူသည် စနစ်၏လက်လှမ်းမှီသောအကွာအဝေးအတွင်းတွင် အပြင်းထန်ဆုံးဖြစ်လိမ့်မည်။
နောက်တစ်နေ့ နေ့လယ်တွင်....
ယုယန်ရိ အလည်အပတ်ရောက်လာခဲ့သည်။ သူမသည် တစ်နှစ်လျှင် အကြိမ်အနည်းငယ် လာရောက်လေ့ရှိပြီး ယခု သူမသည် အစစ်အမှန်နတ်ဘုရားနယ်ပယ်ထဲသို့ ဝင်ရောက်လာသောအခါ သူမ၏ သက်တမ်း တိုးလာခဲ့သည်။ ကျန်းချန်ရှန်း၏ အားပေးမှုကြောင့် သိုင်းပညာကို ဝါသနာပါသူ ဖြစ်လာတော့မည်။
"ဖူယွဲ့ မိသားစုက ချောင်ဂိုဏ်းခွဲတွေက ပြောင်းလဲမှုအချို့ကို မကြာသေးမီက ရှာဖွေတွေ့ရှိခဲ့တယ်..."
ကျန်းချန်ရှန်း မျက်လုံးဖွင့်ပြီး သူမ စကားကို နားထောင်နေသည်။
ယုယန်ရိက... "ချောင်ဂိုဏ်းတွေ မင်းဆက်တွေဆီ စတင်ဝင်ရောက်လာခဲ့ကြပြီး ချောင်းဂိုဏ်းနှစ်ခုက တချီရဲ့ ကံတရားနဲ့ ပေါင်းစည်းခဲ့တယ်..."
ကျန်းချန်ရှန်းက "ဘာလို့ သူတို့က တကျန်းနဲ့ မပူးပေါင်းတာလဲ"
ယုယန်ရိက ခေါင်းခါပြီး “မသိဘူး... တကျန်းက အစွမ်းထက်တာမို့ ပူးပေါင်းလိုက်မယ်ဆို သူတို့ရဲ့ အဆင့်အတန်းတွေ အများကြီးလျော့ကျသွားလိမ့်မယ်..တကျန်းမှာ လုံချီ ဘုရားကျောင်း၊ ဖူယွဲ့ မိသားစုနဲ့ အစစ်အမှန်နဂါးဘုရားကျောင်းလည်းရှိသေးတယ်လေ...ချောင်ဂိုဏ်းတွေက မင်းဆက်တွေအပေါ် စေတနာထားပြီး လက်တွဲခဲ့တာမဟုတ်ဘူးလို့ ခံစားနေရတယ်....တကယ်တော့ သူတို့က မင်းဆက်တွေရဲ့ ကံကြမ္မာကို တောင့်တနေကြတာ....”
ကျန်းချန်ရှန်းက သူတို့ကို သိပ်ဂရုမစိုက်ခဲ့ပေ။ ချောင်ဂိုဏ်းများနှင့် မင်းဆက်များ ပေါင်းစည်းထားလျှင်တောင်မှ သူ့အား ရှင်သန်ခြင်း ဆုလာဘ်တစ်ခု ပေးရုံသာစွမ်းဆောင်နိုင်လိမ့်မည်။
ကျန်းချန်ရှန်းက ခေါင်းစဉ်ပြောင်းပြီး....
“ဖူယွဲ့ မိသားစုမှာ ဉာဏ်ကြီးရှင်တစ်ယောက် မွေးဖွားလာတယ်လို့ကြားတယ်...သူက အစစ်အမှန်နဂါးဘုရားကျောင်းက ကျူကျယ်နဲ့ တကျန်းရဲ့ အမွှာပါရမီရှင်တွေလို့ လူသိများကြတယ်ဆို...."
ယုယန်ရိက ချက်ချင်း စိတ်လှုပ်ရှားစွာနဲ့....
“ဟုတ်တယ်...ဒီကလေးမက အရည်အချင်းရှိတယ်...မိသားစုအကြီးအကဲတွေက သူ့ကို ရှေးဟောင်း သိုင်းပညာရှင် လူဝင်စားပြန်ဖြစ်တယ်လို့ ယုံကြည်ကြတယ်.... သူဒီမှာမွေးဖွားလာတာ တကျန်းအတွက် ကံကောင်းခြင်းပဲ.. ဆရာတော် စိတ်ဝင်စားရင် သူ့ကို တပည့်အဖြစ် လက်ခံနိုင်မလား...."