← Chapters

တာအိုကျင့်စဉ်၏ အဋ္ဌမအဆင့်ကို ဖြတ်ကျော်ခြင်း.....

Vol. 11 Ch. 159

တာအိုကျင့်စဉ်၏ အဋ္ဌမအဆင့်ကို ဖြတ်ကျော်ခြင်း.....

Vol. 11 Ch. 159

ကျန်းချန်ရှန်းသည် မြို့တွင်းရှိလူများ၏ ထိတ်လန့်မှုကို ဂရုမစိုက်နိုင်တော့ပေ။ သူမှန်းဆထားသလိုပဲ၊ ဒီတစ်ကြိမ် ကောင်းကင်အတိဒုက္ခရဲ့ စွမ်းအားက အရင်ကထက် အဆပေါင်းများစွာကြီးမားသည်။

ပြင်းထန်သောလျှပ်စီးကြောင်းများ အရှိန်အဟုန်ပြင်းစွာ ထွက်ပေါ်လာပြီး မိုင်ထောင်ပေါင်းများစွာကျယ်ပြန့်သော တိမ်ပင်လယ်ကို လှုံ့ဆော်ပေးနေသည်။ ထိတ်လန့်ကြောက်ရွံ့ဖွယ်မိုးခြိမ်းသံများကို ရှီပြည်နယ်ရှိ လူတိုင်းကြားနိုင်ပြီး မရေမတွက်နိုင်သော အိပ်ပျော်နေသူများ နိုးလာကြသည်။

ကျန်းချန်ရှန်းက သူ၏ တာအိုကျင့်စဉ်ကို ဖြန့်ကျက်ပြီး အဆက်မပြတ်ရိုက်ခတ်နေသော မိုးကြိုးများကို ချေမှုန်းရန်အတွက် သူ့ခန္ဓာကိုယ်တစ်ဝိုက်တွင် ရွှေရောင်ဖျော့ဖျော့ အလင်းတန်းများ ထွက်ပေါ်လာသည်။

သူသည် အချိန်အကြာကြီး ထိန်းထားနိုင်သေးသည်။

သူ၏ အတွေ့အကြုံအရ ကောင်းကင်လျှပ်စီးသည် အားနည်းရာမှ အားပြင်းလာပြီး တဖန်အားနည်းသွားမည်ဖြစ်သည်။အားကောင်းနေချိန်တွင် အမွှေးတိုင်အရေအတွက်သုံး၍ ဖိနှိပ်ထားသ၍ တည်ငြိမ်လိမ့်မည်။

တံစက်မြိတ်တွင်ထိုင်နေသော ဓားနတ်ဘုရား၏မျက်နှာပေါ်တွင် ကြောက်ရွံ့မှုဖြင့် ဖုံးလွှမ်းနေပြီး သူ၏ခန္ဓာကိုယ် တုန်ရီနေသည်။

ကောင်းကင်နယ််ပယ် ကျွမ်းကျင်သူတစ်ဦးအနေဖြင့်၊ ကျန်းချန်ရှန်းအပေါ် ဖေယ်မပြနိုင်အောင် အထင်ကြီးနေမိတော့သည်။ ထိုကဲ့သို့ ကောင်းကင်မိုးကြိုးကို သူသာဆို ခံနိုင်ရည်မနိူင်ပေ။

လျှပ်စီးကြောင်းများ ဆက်လက် တောက်လောင်နေသဖြင့် မူလက ဆူညံပွက်လောရိုက်နေသော မြို့တော်ကြီးတခုလုံး တိတ်ဆိတ်သွားသည်။

အဝါရောင်ဝတ် ဓားသမားက....

“မင်း ငါ့ကို နောက်နေတာလား... လူတစ်ယောက်က ဒီလို မိုးကြိုးအတိဒုက္ခကို ဘယ်လို ခံနိုင်ရည်ရှိမှာလဲ”

သူ့ဘေးနားရှိ ဓားသမားသည်လည်း ကြောက်ရွံ့ထိတ်လန့်သော အကြည့်ဖြင့် ကောင်းကင်ပေါ်မော့ကြည့်နေသည်။

သူတို့သည် သိုင်းပညာကို နှစ်ပေါင်းများစွာ လေ့ကျင့်ခဲ့ကြသော်လည်း ဤကဲ့သို့သော မြင်ကွင်းမျိုးကို ပထမဆုံးအကြိမ် မြင်တွေ့ခဲ့ရခြင်း ဖြစ်သည်။

ထိုအချိန်တွင် အမျိုးမျိုးသော အင်အားစုများနှင့် မင်းဆက်များအားလုံး ကြောက်ရွံ့ထိတ်လန့်ကာ စိတ်ပျက်လက်ပျက် ခံစားခဲ့ရသည်။

ဤမျှ အစွမ်းထက်သော တာအိုဘိုးဘေးရှိနေသ၍ တကျန်းကို မည်သူက ဖြုတ်ချနိုင်မည်နည်း။

အချိန်တွေ လျင်မြန်စွာကုန်ဆုံးနေပြီးကျန်းချန်ရှန်းသည် မိုးကြိုးများကို ခံနိုင်ရည်ရှိရန် သူ၏ ဝိညာဉ်စွမ်းအင်ကို အားကိုးခဲ့သည်။ မြင့်မြတ်သော သားမွှေးဝတ်ရုံကတော့ အနည်းငယ်မျှ မပျက်စီးသေးဘဲ၊ ပကတိအခြေအနေအတိုင်း ရှိနေသေးသည်။

အမွှေးတိုင်တတိုင်စာခန့်ကုန်ဆုံးချိန်တွင် ကောင်းကင်အတိဒုက္ခ၏ စွမ်းအားက မြင့်မားသောအဆင့်သို့ တိုးလာခဲ့သည်။

ကျန်းချန်ရှန်း သူ့ကိုယ်သူ ကာကွယ်ရန် အမွှေးတိုင်စနစ်ကို ချက်ချင်းဖွင့်လိုက်သည်။

အမွှေးတိုင်အရေအတွက်တွေ သူ့ရှေ့မှာ ပေါ်လာပြီး လျှပ်စီးလက်တဲ့ အခါတိုင်း သူ့အမွှေးတိုင်အရေအတွက်တွေ လျော့သွားလိမ့်မည်။

ဒါက နည်းနည်းမြန်တယ်.....

ကျန်းချန်ရှန်း စိတ်လှုပ်ရှားစွာ တွေးနေမိသည်။

ဝုန်းးးးဝုန်းးးးဝုန်းးးးး

ခရမ်းရောင်လျှပ်စီးကြောင်း ရုတ်တရက်ကျဆင်းလာပြီး ကျယ်လောင်သောအသံကြောင့် မြို့တော်ရှိလူများ နားကိုဖုံးကာ ကောင်းကင်ကြီးကို ထိတ်လန့်စွာကြည့်ကာ တုန်လှုပ်ခြောက်ခြားသွားကြသည်။

ကောင်းကင်ပြင်တွင် ပြည့်လျှံနေသော ခရမ်းရောင်လျှပ်စီးကြောင်းသည် မြေပြင်ကနေ ဝေးကွာနေသော်လည်း တုန်လှုပ်ချောက်ချားဖွယ်ပင်........

နှစ်ပေါင်းများစွာကြာပြီးနောက်၊ တာအိုဘိုးဘေး အတိဒုက္ခဖြတ်ကျော်ခြင်းကို မြို့တော်ကလူအများစုမြင်ဖူးတာ ဒါပထမဆုံးအကြိမ်ဖြစ်သည်။ အထူးသဖြင့် သိုင်းပညာရှင်တို့၏ နားလည်မှုကို ပျက်ပြားစေသည့် မိုးကြိုးအတိဒုက္ခကို သူတို့ ပထမဆုံးအကြိမ် မြင်တွေ့ခဲ့ရခြင်းလည်း ဖြစ်သည်။

သိုင်းပညာရှင်တို့၏အမြင်တွင် တာအိုဘိုးဘေး သည် အလွန်အစွမ်းထက်သော သိုင်းပညာဆိုင်ရာ နည်းစနစ်များကိုကျွမ်းကျင်သော သိုင်းပညာရှင်တစ်ဦးမျှသာဖြစ်သည်။ သူ၏ဒဏ္ဍာရီများကို ချဲ့ကားသည်ဟု လူအများက သံသယရှိကြသည်။ သို့သော် ယနေ့ ကိုယ်တိုင်တွေ့မြင်ပြီးနောက် တာအိုဘိုးဘေးက အင်မော်တယ် ဖြစ်နိုင်ချေရှိသည်ကို သိရှိလိုက်ကြသည်။

သက်ကြီးရွယ်အို အများအပြား အိမ်ထဲသို့ပြေးဝင်ကယ တာအိုဘိုးဘွား၏ ရုပ်တုရှေ့တွင် အမွှေးတိုင်များ ထွန်းညှိပူဇော်နေကြသည်။ သူတို့သည် ဘေးကင်းရေးနှင့် တကျန်း၏ သာယာဝပြောအေတွက် ဆုတောင်းခဲ့ကြသည်။

ကျန်းချန်ရှန်းက အမွှေးတိုင်အရေအတွက် ကျဆင်းလာသည်ကို ရှင်းရှင်းလင်းလင်း သဘောပေါက်နိုင်သော်လည်း ၎င်းသည် သူ့အား များစွာထိခိုက်စေခြင်းမရှိပေ။

ကောင်းကင်က လျှပ်စီးတွေက တကယ့်ကို ကြောက်စရာကောင်းသဖြင့် အမွှေးနံ့သာ အတားအဆီးကို ဖြတ်ကျော်သွားသည့်တိုင် ထိတ်လန့်နေဆဲပင်....

သာမန် ကောင်းကင်သုံးခုနယ်ပယ်မှ ကျွမ်းကျင်သာဆို ဤအဆင့်တွင် လျှပ်စီးကြောင်းတစ်ခုတည်းကိုပင် ခံနိုင်ရည်ရှိမည်မဟုတ်ပေ။ ထို့ပြင် ၎င်းတို့သည် ပြာများအဖြစ်သို့ ပြောင်းလဲသွားကာ သူတို့၏ဝိညာဉ်များ ကွယ်ပျောက်သွားမည်ဖြစ်သည်။

အမွှေးတိုင်အရေအတွက် သန်း 20 အောက်သို့ ကျဆင်းသွားသည်။

ကျန်းချန်ရှန်း စိတ်လှုပ်ရှားစွာ စောင့်ဆိုင်းခဲ့သော်လည်း မရပ်တန့်ခဲ့ပေ။ သူသည် မဟာဝိဉာဉ်လက်စွပ်ထဲမှ ဆေးပုလင်းတစ်ပုလင်းကို ထုတ်ကာ သူ၏ ဝိညာဉ်စွမ်းအင် ပြန်လည်ဖြည့်တင်းရန် သောက်သုံးခဲ့သည်။

၁၉သန်း!

၁၈ သန်း!

၁၅ သန်း!

ကောင်းကင်အတိဒုက္ခ၏ တန်ခိုးအာဏာသည် မကြုံစဖူး အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့သည်။ ရာနှင့်ချီသော ခရမ်းရောင်မိုးကြိုးများ ကျန်းချန်ရှန်းကို တရစပ်တိုက်ခိုက်နေသဖြင့် အမွှေးတိုင်အရေအတွက် ကျဆင်းမှုနှုန်း ရုတ်တရက် တိုးလာခဲ့သည်။

ကျန်းချန်ရှန်း စိတ်တည်ငြိမ်မှုကို ထိန်းသိမ်းရန် အတတ်နိုင်ဆုံး ကြိုးစားပြီး ဝိညာဉ်စွမ်းအင်ကိုဖြည့်တင်းရန် ဆေးဖက်ဝင်ဆေးများကို အဆက်မပြတ် သောက်သုံးခဲ့သည်။

တစ်နာရီခန့်ကြာသော်.....

ကျန်းချန်ရှန်းတွင် အမွှေးတိုင်အ​ေ

နှစ်သန်းမျှသာ ကျန်ရှိတော့ပြီး ကောင်းကင်အတိဒုက္ခကတော့ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်။ ကံကောင်းထောက်မစွာ၊ ကောင်းကင်အတိဒုက္ခသည် တည်ငြိမ်သွားခဲ့သည်။ ကြောက်မက်ဖွယ်ကောင်းနေသေးသော်လည်း အင်အားမတိုးတော့ပေ။

မရေမတွက်နိုင်သော ခရမ်းရောင်လျှပ်စီးကြောင်းများ နေရာပေါင်းစုံမှ ယှက်သန်းနေပြီး သူ့ပတ်လည်ရှိ အမွှေးတိုင်အတားအဆီးကြောင့် သီးခြားခွဲထုတ်ခံထားရသည်။

ကျန်းချန်ရှန်း စိတ်ရှည်ရှည်နဲ့ စောင့်ပြီး တည်ငြိမ်အောင် အစွမ်းကုန် ကြိုးစားနေသည်။

ခရမ်းရောင် လျှပ်စီးများထပ်မံတောက်ပလာချိန်တွင် အမွှေးတိုင်အရေအတွက် 100 အောက်သာ ကျန်တော့သည်။

ကျန်းချန်ရှန်း သက်ပြင်းတစ်ချက်ချလိုက်သည်။ သူသည် အမွှေးတိုင်အတားအဆီးကို ချက်ခြင်းဖျက်သိမ်းလိုက်ပြီး သူ့အစွမ်းအစဖြင့် ခုခံရန် ပြင်ဆင်ခဲ့သည်။

အတွေးတခုဖြင့် သူ့ပတ်ဝန်းကျင်တွင် အမှန်တရားကိုးပါးစာလုံးများ ပေါ်လာပြီး အရှိန်ပြင်းပြင်းဖြင့် ပျံဝဲသွားကာ ပုံမမှန်သောပုံစံဖြင့် လှည့်ပတ်နေသော ရွှေစက်ဝိုင်းတစ်ခု ဖြစ်လာသည်။

ခရမ်းရောင်လျှပ်စီးကြောင်းများ အားပျော့သွားသော်လည်း လျှပ်စီးကြောင်းအရေအတွက် လျော့နည်းခြင်းမရှိပေ။

ဒီအချိန်မှာပဲ!

အနီရောင်လျှပ်စီးကြောင်းတစ်ခု ရုတ်တရက် ကျဆင်းလာပြီး အမှန်တရားကိုးပါးကို ဖြိုခွဲပစ်လိုက်သည်။ ကျန်းချန်ရှန်း သတိမမူမိသဖြင့် သူ့တစ်ကိုယ်လုံးတွင် ပြင်းထန်သော နာကျင်မှုကို ခံစားခဲ့ရသည်။ သူ့ရဲ့စိတ်ဝိညာဉ်ကိုတောင် နာကျင်စေခဲ့ပါသည်။

သို့သော် ကျန်းချန်ရှန်းက လျှပ်စီးကြောင်းကို မကြောက်ရုံသာမကဘဲ သူ့ဒေါသကို နှိုးဆွပေးသလိုဖြစ်သွားခဲ့သည်။

သူ ဒီ​လောက်​ထိ ​ရောက်​​နေပြီမို့ လွယ်လွယ်အရှုံးမပေးနိူင်ဘူး!

ကျန်းချန်ရှန်း၏မျက်ခုံးနှစ်ခုကြားမှ တာအိုအမှတ်အသား ပေါ်လာပြီး ရွှေရောင်မျက်လုံးကို ဖြည်းညှင်းစွာဖွင့်လိုက်ကာ ရွှေရောင်အလင်းတန်းများ တဖျပ်ဖျပ်ဖျပ်လင်းလင်နေ၏။

မြင့်မြတ်သော တာအိုမျက်လုံး.....

ဒုတိယမြောက် အနီရောင်လျှပ်စီးကြောင်းကို ရိုက်ခတ်လိုက်သောအခါ မဟာတာအိုမျက်လုံးမှ ရွှေရောင်အလင်းတန်းများ ရုတ်တရက် ထွက်ပေါ်လာသည်။ ကျန်းချန်ရှန်းသည် မဟာ တာအိုမျက်လုံးကို ပထမဆုံးအကြိမ် အသုံးပြုခဲ့ခြင်းဖြစ်ပြီး ၎င်းသည် မြင့်မြတ်သောတန်ခိုးစွမ်းအားတစ်ခုလည်းဖြစ်သည်။

အရင်တုန်းကတော့ တန်းတူအဆင့်နဲ့ တိုက်ခိုက်နိုင်တဲ့ ပြိုင်ဘက်ကို မတွေ့ဖူးခဲ့ပေ။ သို့သော် ယနေ့တွင် ကောင်းကင်ဘုံကို တွန်းလှန်ရလိမ့်မည်။

မဟာတာအိုမျက်လုံး၏ ရွှေရောင်အလင်းတန်းသည် အနှိုင်းမဲ့ ပြိုးပြိုးပြက်ပြက်လင်းလက်နေသဖြင့် မြို့သူမြို့သားများနှင့်သိုင်းပညာရှင်များပင် မြင်နိုင်သည်။

ဝုန်းးးး

ရွှေရောင်အလင်းတန်းများ အနီရောင်လျှပ်စီးများနှင့် တိုက်မိကာ တိမ်ပင်လယ်များ လှိုင်းထလာကာ မြင်သာသော သက်ရောက်မှုကို ဖြစ်ပေါ်စေသည်။

ကျန်းချန်ရှန်း၏အမူအရာ ရေခဲတမျှအေးစက်နေပြီး အကြည့်များက တည်ကြည်လေးနက်သည်။ သူ့မျက်ခုံးနှစ်ခုကြားမှ ရွှေရောင်အလင်းတန်းများ ပြိုးပြိုးပျက်ပျက်လင်းလက်လာပြီး အနီရောင်လျှပ်စီးကြောင်းပေါ် ဖိချလိုက်သည်။

"ဒီလိုတော့ မသေနိုင်ဘူး!"

ဤစိတ်ပိုင်းဖြတ်မှုကြောင့် မဟာတာအို မျက်လုံး၏ ရွှေရောင်အလင်းတန်းများ ပေါက်ကွဲသွားပြန်သည်။ အလွန်လွှမ်းမိုးသောအရှိန်အဟုန်ဖြင့်၊ အနီရောင်လျှပ်စီးများနှင့် ကောင်းကင်ပေါ်က မိုးကြိုးတိမ်တိုက်များ လွင့်ပျံ့သွားခဲ့သည်။

ကြီးမားသောအပေါက်ကြီးတစ်ခု မိုးကြိုးတိမ်တိုက်မှတစ်ဆင့် ဖောက်ထွင်းခံခဲ့ရသလို နေရောင်ခြည်က ကျန်းချန်ရှန်း ပေါ်သို့ ဖြန်းခနဲကျဆင်းလာသည်။

သူ ပြင်းပြင်းထန်ထန် မောပန်းနွမ်းနယ်နေပုံရသည်။ ထိုတိုက်ခိုက်မှုကြောင့် သူ၏ ဝိညာဉ်စွမ်းအင်များ ဆုံးရှုံးသွားသော်လည်း သက်ရောက်မှုမှာ အမှန်တကယ်ပင် ပြင်းထန်လှသည်။ မဟာတာအိုမျက်လုံးသည် တိုက်ခိုက်ရေးစွမ်းအားနှင့်ပတ်သက်၍ သူကျွမ်းကျင်သော အပြင်းထန်ဆုံးသော နတ်ဘုရားစွမ်းရညဖြစ်သည်မှာ သေချာပါသည်။

သို့သော် ကောင်းကင်အတိဒုက္ခမပြီးဆုံးသေးသဖြင့် ပျော်ရွှင်ရန်အချိန်မရှိခဲ့ပေ။

တိမ်ပင်လယ်ကြီး ပြန့်ကျဲသွားသော်လည်း လုံးလုံးလျားလျား ပျောက်ကွယ်မသွားပေ။ မိုးကြိုးတိမ်တိုက်များထဲက လျှပ်စီးကြောင်းများ ဆက်လက် ထွက်ပေါ်လာသည်။

ကံကောင်းထောက်မစွာ၊ ကျန်နေသေးတဲ့ လျှပ်စီးကြောင်းတွေက အရင်လောက်မပြင်းထန်တော့သဖြင့် သူ့ကို နာကျင်စေခဲ့သေးတယ်ဆိုရင်တောင် ခံနိုင်ရည်ပေလိမ့်မည်။

ခဏအကြာတွင် ကြောက်မက်ဖွယ် နက်မှောင်သော အနီရောင် လျှပ်စီးကြောင်းများပျောက်ကွယ်သွားသဖြင့် သက်ပြင်းချနိုင်ခဲ့သည်။

“ဒီအတိဒုက္ခက အရမ်းအန္တရာယ်များတယ်.... အနာဂတ်မှာ ပေါ့လျော့နေလို့မဖြစ်ဘူး.... အမွှေးတိုင်တွေကို တတ်နိုင်သမျှ များများ စုဆောင်းဖို့ အတတ်နိုင်ဆုံး ကြိုးစားရမယ်...''

မြင့်မြတ်သောသားမွှေးဝတ်ရုံ၏ အကျိုးသက်ရောက်မှုကို အသက်ဝင်စေသော်လည်း သိပ်မထူးလှပေ။ အနီရောင်လျှပ်စီးကြောင်းသည် ဤမှော်ရတနာကုပင် ပြာအဖြစ်သို့ ပြောင်းလဲလုနီးပါးဖြစ်စေခဲ့သည်။

အချိန်အတော်ကြာပြီးနောက်နေရောင်ခြည်တန်းများ ကောင်းကင်မှ ဆင်းသက်လာပြီး ကမ္ဘာကြီး၏ အမှောင်ထုကို ဖယ်ထုတ်ပစ်လိုက်သည်။

ဤမြင်ကွင်းကြောင့် တာအိုဘိုးဘေး မိုးကြိုးအတိဒုက္ခကိုဖြတ်ကျော်ခြင်း ပြီးဆုံးတော့မည်ကို လူတိုင်းသဘောပေါက်စေခဲ့သည်။

ဧကရာဇ်ရွှမ်ထျန်း သက်ပြင်းချကာ သူ့အမူအရာ ရှုပ်ထွေးလာသည်။

သူ တစ်ခုခုကို သတိပြုမိလိုက်သည်။ တာအိုဘိုးဘေးက ကံတရားကိုအသုံးမပြုခဲ့သဖြင့် အောင်မြင်စွာ ဖြတ်ကျော်နိုင်သည့်တိုင် တကျန်း၏ ကံတရားကို မတိုးစေခဲ့ပေ။

ဆိုလိုသည်မှာ တာအို ဘိုးဘေးက တကျန်းနှင့်မသက်ဆိုင်ဘဲ နှစ်ဖက်စလုံး အမှီအခိုကင်းစွာ တည်ရှိနေခဲ့သည်။

ဒါက ဧကရာဇ်ရွှမ်ထျန်းကို အနည်းငယ် စိတ်ရှုပ်စေခဲ့သည်။ တာအိုဘိုးဘေးက တကျန်း၏ ကံကြမ္မာနှင့် ပေါင်းစည်းရန် ဆန္ဒမရှိပေ။

ဒါဆို တာအိုဘိုးဘေးတွေရဲ့နှလုံးသားထဲမှာ တကျန်းက သိပ်အရေးမကြီးဘူးလို့ ဆိုလိုတာမဟုတ်ဘူးလား? တာအို ဘိုးဘွား တစ်နေ့ကျရင် တကျန်းက ထွက်သွားမှာလား........

ဧကရာဇ်ရွှမ်ထျန်း အကျပ်အတည်းကို ပြင်းထန်စွာ ခံစားခဲ့ရသည်။

မဟုတ်ဘူး!

သူ တကျန်းကို လျင်မြန်စွာ အားကောင်းအောင် လုပ်ရပေမည်။ တာအိုဘိုးဘေးကို အားကိုးနေလို့မရတော့ပေ။

ဧကရာဇ်ရွှမ်ထျန်းသည် ကောင်းကင်ပေါ်က ကျန်းချန်ရှန်းကို စိတ်ပိုင်းဖြတ်ပြီး မျှော်ကြည့်လိုက်သည်။

နောက်ထပ်တစ်နာရီကြာသွားပြီးနောက်....

[ရွှမ်ထျန်းခေါတ် ၏ 9 နှစ်တွင်၊ သင်၏ ကျင့်ကြံခြင်း အလွန်တိုးတက်လာပြီး တာအိုကျင့်စဉ်၏ အဋ္ဌမအဆင့်ကို နားလည်လာခဲ့သည်။ သင်သည် စစ်မှန်သော တတိယအဆင့် ကောင်းကင်အတိဒုက္ခကို အောင်မြင်စွာ ကျော်ဖြတ်ပြီး ရှင်သန်ခြင်းဆုအဖြစ် နတ်ဘုရားစွမ်းရည်ဖြစ်သော

ထျန်းရှန်းဓမ္မကိုရရှိခဲ့သည်]

[အမွှေးတိုင်များ ရရှိထားကြောင်း တွေ့ရှိရသည်။ သင့်​ရဲ့ ကျင့်ကြံခြင်းက ကောင်းကင်နှင့်မြေပြင်၏တာအိုနှင့် မသက်ဆိုင်သည့်အတွက်၊ ရွေးချယ်စရာနှစ်ခုထဲက တစ်ခုကိုရွေးချယ်နိုင်သည်]

[1- ကျင့်ကြံခြင်းကို စွန့်လွှတ်လိုက်လျှင် သင်၏ ဝိညာဉ်စွမ်းအင်သည် ဤကမ္ဘာကြီးရှိ သိုင်းဘုရင်နယ်ပယ်အဖြစ် ပြောင်းလဲသွားမည်ဖြစ်သည်]

[2:ဆက်လက်ကျင့်ကြံမည်ဆိုပါက အင်မော်တယ်တာအိုသည် သက်ရှိအားလုံးထက် သာလွန်ပြီး အားလုံးက လေးစားကြသည်။ ကျင့်ကြံခြင်းလမ်းကြောင်းသည် ကောင်းကင်ဘုံလမ်းစဉ်ကိုလျှောက်လှမ်းခြင်းဖြစ်သည်။ အမွှေးတိုင်တောင်းဆိုမှု လုပ်ဆောင်ချက်ကို သင် အသက်သွင်းနိုင်ပါသည်...]

ကျန်းချန်ရှန်း အကြောင်းကြားစာကို ကြည့်ပြီး ပြုံးလိုက်မိသည်။

နောက်ဆုံးတော့ သူ လွတ်မြောက်သွားခဲ့ပြီ......

သူသည် ဒုတိယရွေးချယ်မှုကို တိတ်တဆိတ်ရွေးချယ်ခဲ့သည်။

[နံ့သာတိုင်တောင်းဆိုမှု လုပ်ဆောင်ချက်ကို အသက်သွင်းခြင်း....]

[နံ့သာတိုင်တောင်းဆိုမှု... နံ့သာတိုင် ထွန်းညှိပူဇော်ပေးကြသည့် ယုံကြည်သူများ၏ စိတ်နှလုံးသားကို ခံစားသိရှိနိုင်ပြီး အိပ်မက်ထဲတွင် လည်ပတ်ကြည့်ရှုနိုင်သည်]

ကျန်းချန်ရှန်း မအံ့သြခဲ့ပေ။ နောက်ဆုံးတွင်၊ ဤရှင်သန်မှုစနစ်သည် သူ၏ယခင်ဘဝတွင် သူဖန်တီးခဲ့သော ဂိမ်းပုံစံတစ်ခုဖြစ်ပြီး နံသာတိုင်တောင်းဆိုမှုလုပ်ဆောင်ချက်ကိုလည်း သူသာလျှင်ဖန်တီးခဲ့ခြင်းဖြစ်သည်။

ဤလုပ်ဆောင်ချက်သည် တန်ဖိုးနည်းပုံပေါက်သော်လည်း အင်မော်တယ်ကျင့်ကြံသူများအတွက် ကြီးမားသော ထောက်လှမ်းရေးကွန်ရက်ကို စုဆောင်းထားနိုင်သည်။ ထို့အပြင်၊ သူသည် ယုံကြည်သူများအား ၎င်းတို့၏ဆန္ဒများကို ဖြည့်ဆည်းပေးသည်နှင့် တပြိုင်နက် ပို၍ပင် ယုံကြည်သက်ဝင်စေမည်မှာ သေချာပါသည်။

အမွှေးတိုင်အရေအတွက်က ကျန်းချန်ရှန်း သန်မာလာဖို့ တိုက်ရိုက်မကူညီနိုင်ပေမယ့်၊ ဒုက္ခကို ကျော်လွှားနိုင်ဖို့ လွန်စွာအရေးကြီးသည်။

ဤအတိဒုက္ခကို ဖြတ်ကျော်ပြီးနောက် သူသည် နံ့သာတိုင်များပိုမိုရရှိရန် နည်းလမ်းကို တွေးတောရတော့မည်။

တစ်ချိန်တည်းမှာပင်၊ သူ၏ ရုပ်ခန္ဓာသည် အကန့်အသတ်မဲ့ ဝိညာဉ်စွမ်းအင်ကို စတင်ထုတ်လုပ်ခဲ့သည်။ သစ်သီးတစ်လုံးနှင့်ဆင်တူသော ရွှေရောင်အရာဝတ္ထုတစ်ခုသည် သူ၏ဒန်တျန်တွင် ဖြစ်တည်လာသည်။ တစ်နည်းအားဖြင့် ဤအရာဝတ္ထု၏ မူလဇစ်မြစ်ကို သူနားလည်ခဲ့သည်။

တာအိုသစ်သီး...

၎င်းသည် တာအိုကျင့်စဉ် အဋ္ဌမအဆင့်၏ သင်္ကေတဖြစ်သည်။ တာအိုသစ်သီးကို ဖန်တီးပြီးနောက်၊ သူ၏ ဝိညာဉ်စွမ်းအင်များ တိုးပွားလာပြီး အားကောင်းလာမည်။

သူသည် တာအိုသစ်သီး စွမ်းအားကို တိတ်တဆိတ် ခံစားလိုက်ရသည်။

ကောင်းကင်ယံ၌ မိုးကြိုးတိမ်တိုက်များသည်လည်း လုံးလုံးလျားလျား ပျောက်ကွယ်သွားပြီး နေရောင်ခြည် သူ့အပေါ်ဖြာကျနေသည်။

တစ်နာရီကြာပြီးနောက်၊တာအိုသစ်သီးကို အောင်မြင်စွာသိပ်သည်းနိုင်ခဲ့ပြီး သူ၏ ဝိညာဉ်စွမ်းအားများ ယခင်ကထက် များစွာ တိုးမြင့်လာခဲ့သည်။ သူ၏ဝိဉာဉ်စွမ်းအင်များ တိုးမြင့်လာစဉ်တွင်၊ ကောင်းကင်နှင့်မြေကြီး၏ ဝိညာဉ်စွမ်းအင်များ ခန္ဓာကိုယ်ထဲသို့ စိမ့်ဝင်သွားပြီး ကိုယ်ခန္ဓာနှင့် စိတ်ဝိညာဉ်ကို အာဟာရဖြစ်စေသည်။

စိတ်ဝိညာဉ်၏ နက်နဲသောနေရာတွင် ဝှက်ထားသော တာအိုကမ္ဘာသည်လည်း ကျယ်ပြန့်လာသည်။ ဤသည်မှာ ဖော်မပြနိုင်သော ခံစားမှုတစ်ခုဖြစ်သည်။

အစကနေ အဆုံးထိ ဘယ်သူမှ သူ့ကို ဒုက္ခပေးနိုင်မည်မဟုတ်တော့ပေ။

တာအိုဘိုးဘွား ဒဏ်ရာပြင်းထန်စွာရနိုင်သည်ဟု တစ်စုံတစ်ယောက်က ခန့်မှန်းထားသော်လည်း ကောင်းကင်ပေါ်ကို လွယ်လွယ်ကူကူ မတက်ဝံ့ကြပေ။မည်သို့ပင်ဆိုစေ သူတို့မှာ အသက်အပိုမပါကြပေ။

ခြံဝင်းထဲတွင်....

ပိုင်ချီက ပြုံးပြီး...."မျှော်လင့်ထားတဲ့အတိုင်း အောင်မြင်ခဲ့ပြီ... ဆရာတော်က သူ့ရဲ့တန်ခိုးအာဏာကို ထုတ်ပြချင်လို့များလား..တကယ်ဆို အတိဒုက္ခကို ဖြတ်ကျော်ဖို့တောင် မလိုလောက်ဘူး...."

ဓားနတ်ဘုရား ထိုစကားကိုကြားသောအခါ အဓိပ္ပါယ်ရှိသည်ဟု ခံစားလိုက်ရသည်။ တာအိုဘိုးဘေးသာ အတိဒုက္ခကို တကယ်ကျော်လွှားဖို့ လိုအပ်ရင် သူဘာလို့ ဖုံးကွယ်မထားတာလဲ......

သို့သော် ၎င်းသည် အတုအယောင်ဖြစ်လျှင် တာအိုဘိုးဘေး၏ ခွန်အားဖြင့် ဤမျှပြင်းထန်သော ကောင်းကင်ဒုက္ခကို မည်သို့ဖန်တီးခဲ့သနည်း.....

အထူးသဖြင့် ထိုရွှေရောင်အလင်းတန်းသည် တသက်မမေ့နိုင်စရာပင်။

All Chapters