ကောင်းကင်လေးခုနယ်ပယ်က အမြင့်ဆုံးနယ်ပယ်လား.....
Vol. 11 Ch. 160
ကျန်းချန်ရှန်း ခြံဝင်းထဲကို မပြန်ခင် နှစ်ရက်ကြာသွားသည်။ သူသည် ဓားနတ်ဘုရားနှင့် ပိုင်ချီတို့ သတိမထားမိချိန်တွင် အိမ်ထဲသို့ ရောက်သွားခဲ့သည်။
မြင့်မြတ်သော သားမွှေးဝတ်ရုံ အပိုင်းပိုင်းဆုတ်ပြဲသွားသည်ဟု ယူဆနိုင်သည်။ သိမ်းဆည်းပြီး နောင်အခါတွင် ပြန်လည်ပြုပြင်ရန် ရည်ရွယ်ထားသည်။
သူသည် အဖြူရောင် တာအိုဝတ်စုံကို ပြောင်းလဲဝတ်ဆင်ကာ ထျန်းရှန်းဓမ္မကို အမွေဆက်ခံရန်အတွက် အိပ်ရာပေါ်တွင် ထိုင်နေခဲ့သည်။
သူ့စိတ်ထဲတွင် အချက်အလက်များစွာပေါ်လာနေသည်။
ထျန်းရှန်းဓမ္မသည် လူတစ်ယောက်၏
ခန္ဓာကိုယ်ကို ပိုမိုကြီးမားစေနိုင်သော အသွင်ပြောင်းခြင်း နတ်ဘုရားစွမ်းရည် ဖြစ်သည်။ ၎င်းသည် ပေ 100,000 အမြင့်ထိ အရွယ်အစားကြီးမားအောင်လုပ်ဆောင်ပေးနိုင်သည်။ ထို့အပြင်၊ အရွယ်အစားကြောင့် သွက်လက်မှုကို လျော့ပါးစေမည်မဟုတ်သည့်အပြင် ခွန်အားလည်း တိုးလာမည်ဖြစ်သည်။
သို့ရာတွင် ထျန်းရှန်းဓမ္မကို အသုံးပြုဖို့ ဝိညာဉ်စွမ်းအင်များစွာကို သုံးစွဲမည်ဖြစ်သည်။ ပေ 100,000 အမြင့်သို့ရောက်ရန် သူ့တွင် ဝိညာဉ်စွမ်းအင် လုံလောက်မှုရှိမရှိ မသိသေးပေ။
နတ်ဘုရားစွမ်းရည်ကို အမွေဆက်ခံပြီးနောက်၊ ကျန်းချန်ရှန်း ချက်ချင်း မကျင့်ကြံသေးပေ။ ယင်းအစား အမွှေးတိုင်စနစ်ကို အသုံးပြုခဲ့သည်။
"သိုင်းလောကထဲမှာ ငါဘယ်လောက် အစွမ်းထက်တယ်ဆိုတာ သိချင်တယ်။"
[အမွှေးတိုင် 50,000,000 လိုအပ်သည်။ ဆက်လက်လုပ်ဆောင်လိုပါသလား။]
အမွှေးတိုင် သန်း 50 သည် သိုင်းဧကရာဇ်ကျွန်းတစ်ခုလုံးနှင့် နှိုင်းယှဉ်နိုင်သည်။
အဆင်ပြေသားပဲ.....
ယခင်က ကျန်းချန်ရှန်းသည် အဆင့်တက်ပြီးနောက် အမွှေးတိုင်အရေအတွက် သန်း 100 အထိတိုးလာမည်ဟုထင်ခဲ့သည်။
သို့သော် ဤအရာသည် လုံလောက်နေပြီဖြစ်သည်။ သူ အဆင့်မတက်ခင်မှာ သူ့ရဲ့အသားတင်တန်ဖိုးက အမွှေးတိုင်အရေအတွက် ၃ သန်းထက်ပင်နည်းသေးသည်။
သူသည် ကောင်းကင်နယ်ပယ်၏ စွမ်းအားများအကြောင်း ဆက်လက်မေးမြန်းခဲ့သည်။ ကောင်းကင်လေးခုနယ်ပယ်ကနေ ဆယ်ခုအထိ တွက်ချက်ကြည့်ခဲ့ရာ ကိုးခုအထိသာရှိကြောင်းသိရှိခဲ့ရသည်။ ကောင်းကင်နယ်ပယ်တွင် နယ်ပယ်တစ်ခုတက်တိုင်း အမွှေးတိုင်အရေအတွက် တစ်သန်းတိုးလာမည်ဖြစ်သည်။၎င်းတို့အနက် ကောင်းကင်ရှစ်ခုနယ်ပယ်နှင့် ကောင်းကင်ကိုးခုနယ်ပယ်ကြား ကွာခြားချက်မှာ အကြီးကျယ်ဆုံးဖြစ်သည်။ အမွှေးတိုင် လေးသန်း တိုက်ရိုက်ကွာခြားမှု ရှိခဲ့သည်။
ကောင်းကင်ရှစ်ခုနယ်ပယ်.... အမွှေးတိုင်အရေအတွက် ခြောက်သန်း......
ကောင်းကင်ကိုးခုနယ်ပယ်... အမွှေးတိုင်အရေအတွက် ဆယ်သန်း......
ထို့ကြောင့် အမွှေးတိုင်အရေအတွက်
ဆယ်သန်းကျော်ရှိသော မည်သည့်သိုင်းပညာရှင်ကိုမျှ မတွေ့ရသေးပေ။
သူသည် စနစ်၏ တိုင်းတာနိုင်သော
အကွာအဝေးအတွင်း ရှိသမျှတိုင်းကိုတွက်ချက်ခဲ့သည်။
ကျန်းချန်ရှန်း စိတ်လှုပ်ရှားနေပေမယ့် မောက်မာနေမည်တော့ မဟုတ်ပါပေ။ နောင်တွင်၊ အခြားသူများက သူ့ကို မေးသောအခါ၊ ကောင်းကင်နယ်ပယ်တွင်သာရှိသည်ဟု ဟန်ဆောင်ရလိမ့်မည်။
သို့မှသာ သူလုံခြုံလိမ့်မည်။ ဒါ့ပြင် သူ့ကိုစိန်ခေါ်ရန် လူများကို လှည့်စားပြီး ရှင်သန်ခြင်းဆုလာဘ်များ ရယူနိုင်သည်။
ကျန်းချန်ရှန်း မတ်တပ်ထရပ်ပြီး အခန်းထဲက ထွက်လာခဲ့သည်။
ပိုင်ချီက အသံကြားလိုက်တာနဲ့ ချက်ချင်း ခေါင်းလှည့်ကြည့်ပြီး ဓားနတ်ဘုရားက တံစက်မြိတ်ကနေ ခုန်ဆင်းပြီး ကျန်းချန်ရှန်းကို မျှော်လင့်တကြီး ကြည့်နေသည်။
“ဆရာတော်... တကယ်ပဲ အတိဒုက္ခကိုဖြတ်ကျော်ခဲ့တာလား ဒါမှမဟုတ် တမင်တကာ အတုလုပ်ခဲ့တာလား..."ဟုပိုင်ချီက စိတ်ဝင်တစား မေးလိုက်သည်။
ကျန်းချန်ရှန်းက ကူကယ်ရာမဲ့စွာဖြင့်.....
“ ငါတကယ်ကို ဖြတ်ကျော်ခဲ့တာပါ.... ကောင်းကင်အတိဒုက္ခကို အတုဖန်တီးတော့ ဘာအကျိုးရှိမှာလဲ....”
ကျန်းချန်ရှန် သည် သူ၏ စွမ်းအားကို ပြသရန် မလိုအပ်တော့ကြောင်း ပိုင်ချီ သိလိုက်သည်။
ဓားနတ်ဘုရားက “ကောင်းကင်နှစ်ခုနယ်ပယ်ကို အဆင့်တက်ခဲ့တာလား..ဒါမှမဟုတ် ပိုမြင့်သလား” ဟု အလျင်စလို မေးလိုက်သည်။
ကျန်းချန်ရှန်းက "အင်း...ကောင်းကင်လေးခုနယ်ပယ်လောက်တော့ဖြစ်မယ်ထင်တယ်.... ဒီအကြောင်းကို ဘယ်သူ့ကိုမှ မပြောရဘူး.... ရန်သူက ငါ့ရဲ့အင်အားကိုသိသွားရင် ငါ့ထက် ပိုသန်မာတဲ့ အကူအညီကို ဖိတ်ခေါ်နိုင်တယ်.... ကမ္ဘာကြီးက ကျယ်ပြောတာမို့ ကောင်းကင်လေးခုနယ်ပယ်က အမြင့်ဆုံးနယ်ပယ်လားဆိုတာ ဘယ်သူသိနိုင်မလဲ.....”
ဒါကိုကြားတော့ ဓားနတ်ဘုရား လေးလေးနက်နက် ခံစားလိုက်ရသည်။
သူသည် ကောင်းကင်လေးခုနယ််ပယ်သို့ ရောက်နေပြီဖြစ်သော်လည်း အလွန်သတိထားနေဆဲပင်... ဤသည်မှာ သိုင်းပညာရှင်တိုင်းရှိသင့်သည့် စိတ်ဓာတ်ဖြစ်သည်။
ပိုင်ချီ မှင်သက်စွာ တွေးလိုက်သည်က.... တကယ်ပဲ ကောင်းကင်လေးခုနယ်ပယ်လား.......
ကျန်းချန်ရှန်း အကြောင်းကို သူမနားလည်သဖြင့် သူ့နယ်ပယ်ကို ထုတ်ဖော်ပြောရန် မဖြစ်နိုင်ပေ။
ကျန်းချန်ရှန်းက ဓားနတ်ဘုရားကိုကြည့်ကာ အလေးအနက်ထားပြီး....
"မင်းရဲ့အရည်အချင်းက တကယ်ကို ထူးခြားပြီး မင်းရဲ့နားလည်နိုင်စွမ်းက သာလွန်ကောင်းမွန်တယ်.... မင်းလည်း သိပ်မကြာခင် ကောင်းကင်လေးခုနယ်ပယ်ကိုရောက်နိုင်မှာပါ... ဓားတာအို အပေါ် မင်းရဲ့ ရိုးသားမှုကို ထိန်းထားဖို့တော့မမေ့နဲ့......"
ကျန်းချန်ရှန်းက ပိုင်ချီကိုကြည့်ပြီး..... "မင်းရဲ့ အရည်အချင်းက အလယ်အလတ်ဆိုပေမယ့် လုံ့လဝီရိယက အရည်အချင်းမရှိတာကို ဖြည့်ဆည်းပေးနိုင်တယ်...ကြိုးစားကျင့်ကြံမှသာ အခွင့်ရေးရလာရင် ဖမ်းဆုပ်ထားနိုင်မှာ...."
စကားဆုံးသည်နှင့် သူသည် မြေဝိညာဉ်သစ်ပင်အောက်တွင် တရားထိုင်နေခဲ့သည်။
ပိုင်ချီ နဲ့ ဓားနတ်ဘုရားတို့ သွေးဆူလာကြပြီး တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ဓားသိုင်းကို စတင်လေ့ကျင့်ကြသည်။
တစ်ဖက်တွင်၊ ကျန်းချန်ရှန်းက တာအိုကျင့်စဉ်ကို စတင်ကျင့်ကြံနေသည်။ အောင်မြင်မှုရပြီးနောက် အဆင့်ကိုးသို့ ပို့ဆောင်နိုင်မည့် ကျင့်ကြံခြင်း၏ နောက်အပိုင်းကို ရရှိခဲ့သည်။
အဋ္ဌမအဆင့်အထိ ဖြတ်ကျော်ပြီးနောက် မြင့်မြတ်သောစွမ်းအားသစ်များ မရရှိခဲ့သော်လည်း တာအိုသစ်သီးကို ထုတ်လုပ်နိုင်ခဲ့သည်။ သူ၏ဝိညာဉ်စွမ်းအင်စုဆောင်းခြင်း၏အရှိန်သည် ယခင်ကထက်ပိုမိုမြန်ဆန်လာပြီး ရလဒ်အနေဖြင့်ဝိညာဉ်စွမ်းအင်၏ပြင်းထန်မှုမှာလည်း တဟုန်ထိုးတက်လာခဲ့သည်။ ထို့အပြင် သူ၏ တာအိုကမ္ဘာ အဆတစ်ရာ ကျယ်ပြန့်လာသည်။ အချိန်အတန်ကြာပြီးနောက် တာအိုကမ္ဘာကို ချဲ့ထွင်ရန် ပြင်ဆင်ခဲ့ပြီး ကောင်းကင်နှင့် မြေကြီး၏ ဝိညာဉ်စွမ်းအင်ကို အရှိန်မြှင့်ရန်အတွက် တာအိုကမ္ဘာထဲတွင် ရှားပါးသော ရတနာများကို စိုက်ပျိုးခဲ့သည်။ အနာဂတ်တွင်၊ သူသည် တာအိုကမ္ဘာ၏ ဝိညာဉ်စွမ်းအင်ကို ကျင့်ကြံရေးအတွက် အားကိုးနိုင်သည်။
တစ်ချိန်တည်းမှာပင်၊ တာအိုဘိုးဘေး အတိဒုက္ခကို ကျော်လွှားသည့်သတင်း ပြန့်နှံ့သွားသည်။
မိုးကြိုးအတိဒုက္ခ၏ စွမ်းအားသည် ရှပြည်နယ်တစ်ခုလုံးကို လွှမ်းခြုံထားသော်လည်း မိုးကြိုးတိမ်တိုက်ဖြစ်စဉ်ကြောင့် ပတ်ဝန်းကျင်ပြည်နယ်အများအပြားကို ထိခိုက်ခဲ့ပြီး အားလုံးက ထိုအကြောင်းကို ဆွေးနွေးခဲ့ကြသည်။ အထူးသဖြင့် သိုင်းလောကသားများ ပို၍ပင် တုန်လှုပ်သွားခဲ့သည်။
သိုင်းပညာရှင်တို့သည် တာအိုဘိုးဘေး မည်သည့်နယ်ပယ်တွင်ရှိနေသည်ကို မသိကြသော်လည်း အလွန်မြင့်မားသောနယ်ပယ်တစ်ခုသို့ရောက်ရန် မည်ကဲ့သို့ဆအတိဒုက္ခကို ကျော်ဖြတ်ရမည်ကို တွေးတောမိသောအခါတွင် မယုံနိုင်လောက်အောင် စိတ်လှုပ်ရှားသွားကြသည်။
ဒါက ဘာလဲ...ကောင်းကင်ဘုံကို စိန်ခေါ်တာလား...
တောင်ပေါ်ရှိ တည်းခိုခန်းတစ်ခုတွင်.......
အကန့်အသတ်မဲ့ပင်လယ်မဟာမိတ်မှ အမာရွတ်ရှိသော အမျိုးသား အရက်သောက်နေသည်။ သူသည် အစိမ်းရောင်ဝတ်ရုံကို ၀တ်ဆင်ထားပြီး အနီးနားရှိ သိုင်းပညာရှင်တို့၏ ပြောဆိုမှုများကို နားထောင်နေပါသည်။
သူ့နှင့်အတူ အခြားသိုင်းပညာရှင် သုံးဦးအတူထိုင်နေကြပြီး အားလုံးက အကန့်အသတ်မဲ့ပင်လယ်မဟာမိတ်အဖွဲ့သားများဖြစ်ကြသည်။ အနီးနားရှိ သိုင်းပညာရှင်တို့၏ ဆွေးနွေးမှုကို နားထောင်ရင်း ၎င်းတို့၏ အမူအရာများ ထူးဆန်းလာသည်။
“ဌာနခွဲခေါင်းဆောင်၊ ဒီ တာအိုဘိုးဘွားတွေက တကယ်မလွယ်ဘူး” ဟု သိုင်းပညာရှင်တစ်ဦးမှ အသံတိုးတိုးဖြင့် ပြောသည်။
“ တမင်တကာ ဆန်းကြယ်အောင် လုပ်နေတာပါကွာ... အတိဒုက္ခကို ဖြတ်ကျော်တဲ့ သိုင်းသမားအကြောင်း တစ်ခါမှ မကြားဖူးဘူး..... သူက အစွမ်းထက်တဲ့ သိုင်းပညာကို ဆည်းပူးနေတဲ့ပုံပဲ...ဒါပေမယ့်ဒီလိုဆူပူအုံကြွမှုက လူများကို မလှည့်စားနိုင်ဘူး.... တာအိုဘိုးဘေးရဲ့ ခွန်အားက အလွန်အားကောင်းတာမို့ လွယ်လွယ် ထိနိုင်တဲ့ အရာတော့ မဟုတ်ဘူး....”
ကျန်သုံးယောက်ကည်း အသံတိုးတိုးဖြင့် ဆွေးနွေးကြသည်။
"ဒါဆို ငါတို့ ဘာလုပ်သင့်လဲ....တကျန်း ကို စုံစမ်းစစ်ဆေးဖို့ စွန့်လွှတ်လိုက်ပြီလား"
“တကယ်တော့ ငါတို့ တာအိုဘိုးဘေးကို
ဂရုစိုက်စရာ မလိုဘူး။ ငါတို့ရှာဖွေနေတာက နတ်ဆိုးပုလဲနဲ့နဂါးသွေးကြောတိုက်ကြီးရဲ့ လျှို့ဝှက်ချက်.... မေ့သွားပြီလား"
ချန်းယန်က သူ့လက်အောက်ငယ်သားသုံးယောက်၏ ဆွေးနွေးချက်ကို နားထောင်ရင်း နှုတ်ဆိတ်နေခဲ့သည်။
သူက တာအိုဘိုးဘေးအကြောင်း တွေးနေဆဲပင်....ထိုသို့သော ပညာရှင်သည် နှစ်ပေါင်းရာနှင့်ချီ၍ အသက်ရှင်နေသူဖြစ်ရမည်....ဒါဆ်ို သူ့အကြောင်း ဘာ့ကြောင့် မကြားဖူးတာလဲ....
သူအရင်က နဂါးသွေးကြောတိုက်ကြီးကို ရောက်ဖူးပေမယ့် ဒီလို ထူးခြားတဲ့ သိုင်းပညာရှင်မျိုး တစ်ခါမှ မကြားဖူးပေ။
ထားလိုက်တော့....
မည်သို့ပင်ဖြစ်စေ သူသည် နတ်ဆိုးပုလဲအကြောင်းကိုသာ ဦးစွာ စုံစမ်းသင့်သည်။
ချန်းယန်သည် ကောင်းကင်နယ်ပယ်တွင်ရှိနေသော်လည်း တာအိုဘိုးဘေးကို မထိဝံ့ပေ။
ကောင်းကင်နယ်ပယ် ကျွမ်းကျင်သူငါးဦးကို သတ်နိုင်သည့် ကျွမ်းကျင်ပညာရှင်သည် သူထိပါးနိူင်သူမဟုတ်ပေ။
.......................
ပိုင်ချီသည် သစ်ပင်အောက်တွင် အနားယူကာ ဓားနတ်ဘုရားရှေ့တွင် ရပ်နေသော ဓားသမားနှစ်ဦးကို ကြည့်လိုက်သည်။
ဓားနတ်ဘုရားက မျက်မှောင်ကြုတ်ပြီး.... “ဓားတရားရုံးလား.... တစ်ခါမှ မကြားဖူးဘူး။ ကျေးဇူးပြုပြီး ပြန်သွားကြပါ...."
အဝါရောင်ဝတ် ဓားသမားက အလျင်စလိုဖြင့်.... “ဓားတရားရုံးက သမုဒ္ဒရာထဲမှာတည်ရှိတဲ့ အနက်ရှိုင်းဆုံးအုတ်မြစ်ရှိတဲ့ မြင့်မြတ်တဲ့ဓားနယ်မြေပါ....သင်က ကောင်းကင်နယ်ပယ်ကိုရောက်နေပြီဆိုတော့ ဒီတိုက်ကြီးက သင့်ကိုကျေနပ်စေနိုင်မှာမဟုတ်တော့ဘူး.... သိုင်းပညာလေ့ကျင့်ဖို့ ဓားတရားရုံးကို လိုက်ခဲ့မယ်ဆို မြင့်မားတဲ့နယ်ပယ်ကို မကြာမီ သို့မဟုတ် နောက်ပိုင်းမှာ တက်လှမ်းနိုင်လိမ့်မယ်.....”
"မှန်တယ်...နဂါးသွေးကြောတိုက်ကြီးမှာ လွန်ခဲ့တဲ့နှစ်ထောင်ပေါင်းများစွာက အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံခဲ့ရတာကြောင့် သိုင်းလောက ကျဆင်းနေပေမယ့် ဓားတရားရုံးကတော့အဲ့လိုမဟုတ်ဘူး.... အဆက်မပြတ်တိုးတက်နေတဲ့ ဓားတရားရုံးကို ကမ္ဘာပေါ်က ဓားသမားအားလုံးက တောင့်တကြတယ်....”
နောက်ထပ်ဓားသမားက ဆက်လက်၍ရှင်းပြနေသည်။
ကျန်းချန်ရှန်း သူတို့ကို မနှောင့်ယှက်ဘဲ ဆက်လက် ကျင့်ကြံနေခဲ့သည်။
ယနေ့တွင်၊ ချင်းအာ ရောက်လာပြီး နိုင်ငံရပ်ခြားမှ ဓားသမားနှစ်ဦး လာရောက်လည်ပတ်ခဲ့ကြောင်း ပြောကြားခဲ့ပါသည်။ ဒါကိုကြားတော့ သမုဒ္ဒရာအကြောင်း ပိုလေ့လာချင်တာကြောင့် တွေ့ခွင့်ပြုခဲ့သည်။
ဓားနတ်ဘုရားက ခေါင်းခါပြီး... “ကျုပ် တာအိုဘိုးဘွားနောက်ကိုပဲ လိုက်ချင်တယ်”
မင်းတို့ဓားတရားရုံးမှာ ကောင်းကင်လေးခုနယ်ပယ်ရှိသလားဟုမေးလိုက်ချင်သော်လည်း တာအိုဘိုးဘေး၏ အစွမ်းသတ္တိကို ထုတ်ပြောလိုက်သလိုဖြစ်သွားမည်စိုးသောကြောင့် သည်းခံခဲ့ရသည်။
ဓားသမားနှစ်ယောက်က သစ်ပင်အောက်မှာ တရားထိုင်နေတဲ့ တာအိုဘိုးဘေးကိုလှည့်ကြည့်လိုက်ကြသည်။ တာအိုဘိုးဘေးကို ပထမဆုံးတွေ့သောအခါ အံ့အားသင့်သွားကြသည်။ သူ့ကို ဒီလောက်ငယ်မယ်လို့ မမျှော်လင့်ထားပေမယ့် သတိလက်လွတ် မပေါ့ဆရဲကြပေ။ ထိုနေ့က မိုးကြိုးအတိဒုက္ခ၏ ကောင်းကင်စွမ်းအားက သူတို့၏စိတ်ထဲတွင် ကွက်ကွက်ကွင်းကွင်းရှိနေဆဲဖြစ်သည်။
အဝါရောင်တ် ဓားသမားက..... “တာအိုဘိုးဘေး... ဓားနတ်ဘုရားကို ကျုပ်တို့နဲ့ အတူ ဓားတရားရုံးကို ထည့်ပေးနိုင်မလား.... အနာဂတ်မှာ သူ့ရဲ့ဓားတာအို ကြီးကြီးမားမားအောင်မြင်နိုင်ပြီး နဂါးသွေးကြောတိုက်ကြီးကို အကျိုးရှိစေနိုင်မှာပါ.... သင်က အစွမ်းထက်ပေမဲ့ ဓားသမားမဟုတ်ဘူး.... သူ့ကို ဓားတရားရုံးဆီသွားဖို့ခွင့်ပြုပေးလိုက်တာက တကျန်းနဲ့ ဒီတိုက်ကြီးအတွက် ကောင်းတဲ့အရာပါ......”
ကျန်းချန်ရှန်း မျက်လုံးဖွင့်ပြီး ....."ဓားတရားရုံးက သူ့ကို အရမ်းတန်ဖိုးထားတယ်ဆို ဘာလို့ မင်းတို့ကိုပဲလွှတ်လိုက်တာလဲ....."
အဝါရောင်ဝတ်ဆင်ထားသော ဓားသမားက အလျင်စလိုဖြင့်... “ဓားသခင်က အခုအချိန်မှာ တံခါးပိတ်ကျင့်ကြံနေတာမို့ ကျွန်းပေါ်ကနေ ဘယ်မှမသွားတာ နှစ်ရာနဲ့ချီပြီ”
“ဒါဆိုရင် မင်းတို့ရဲ့ဓားသခင်ကို ကိုယ်တိုင်လာခိုင်းလိုက်.... သူသာ ရိုးသားရင် ငါစဉ်းစားပေးမယ်....."
ကျန်းချန်ရှန်းက တည်ငြိမ်စွာပြောလိုက်သော်လည်း ဓားသမားနှစ်ယောက်အပေါ် ဖိအားများ တိုးလာသည်။
ဓားသမားနှစ်ယောက်က ထပ်ပြောချင်ပေမယ့် ဓားနတ်ဘုရားက သူတို့ကို စိုက်ကြည့်နေသည်။ တခဏချင်းမှာပဲ ပြင်းထန်တဲ့ ဓားဆန္ဒ ပေါက်ကွဲထွက်လာပြီး သူတို့နှစ်ယောက်ကို
ခြေထောက်တွေ ပျော့ခွေသွားတဲ့အထိ ကြောက်လန့်တကြားဖြစ်စေခဲ့သည်။ထို့ကြောင့် ချက်ချင်း ဦးညွှတ်နှုတ်ဆက်ကာ ထွက်သွားခဲ့ကြသည်။
သူတို့ထွက်သွားပြီးနောက် ပိုင်ချီက... “ဒီကောင်နှစ်ကောင်က အတော် ရုပ်ဆိုးတယ်... ဓားတရားရုံးက ငါတို့ရဲ့ဓားနတ်ဘုရားကို အထင်သေးနေတာလား......”
ဓားနတ်ဘုရားက တည်ငြိမ်စွာဖြင့် ..
“သူတို့တွေ ကြောက်လန့်နေလို့ အချဉ်လို့တော့မထင်လိုက်နဲ့ သူတို့နှစ်ယောက်လုံး ရွှေခန္ဓာနယ်ပယ်ရောက်နေပြီ......”
ရွှေခန္ဓာနယ်ပယ်.....?
ပိုင်ချီ ထိတ်လန့်စွာ မျက်လုံးပြူးသွားသည်။
မကြာခင်မှာပဲ သူမက .... “တကယ်တော့ ရွှေခန္ဓာနယ်ပယ်ကျွမ်းကျင်သူတွေက ခွေးထက်တောင် အဆင့်နိမ့်နေပြီ....စကြဝဠာနယ်ပယ် ကျွမ်းကျင်သူတွေတောင် နေရာတိုင်းမှာ ရှိနေပြီပဲ....”
ဓားနတ်ဘုရားက ရယ်မောလိုက်ပြီး.... “ကမ္ဘာကြီးကိုကြည့်လိုက်ရင် ရွှေခန္ဓာနယ်ပယ်ပညာရှင်တွေ ရှားပါးတယ်.... စကြဝဠာနယ်ပယ် ကျွမ်းကျင်သူတွေက တိုက်ကြီးတစ်ခုကို စိုးမိုးနိုင်သူတွေ ဖြစ်နေပြီ...ဒါပေမယ့် အင်အားကြီးတဲ့ နောက်ခံနှင့် မြင့်မားတဲ့နယ်ပယ်မဟုတ်ရင် တာအိုဘိုးဘေးနဲ့ ဘယ်လိုတွေ့နိုင်မှာလဲ...တာအိုဘိုးဘေး က တိုက်ကြီးရဲ့ အထွတ်အထိပ်မှာ ရပ်တည်နေပြီဖြစ်လို့ သူ့ပတ်ဝန်းကျင်က သိုင်းပညာရှင်တိုင်းကလည်း အထွတ်အထိပ်မှာ ရှိနေသင့်တယ်....”
ပိုင်ချီ မျက်လုံးပြူးသွားပြီး ..." ကျွန်မဘမသိဘူးထင်လို့လား....."
ကျန်းချန်ရှန်း ၎င်းတို့အား လျစ်လျူရှုခဲ့ပြီး သူ၏ယုံကြည်သူများကို အာရုံခံနိုင်ရန် အမွှေးတိုင်စနစ်ကို စတင်အသုံးပြုခဲ့သည်။
ဤတိုက်ကြီးရဲ့နေရာအနှံ့မှာ သူ့ကိုယုံကြည်ကိုးကွယ်သူတွေရှိနေသည့်အတွက် ကျန်းချန်ရှန်း တုန်လှုပ်အံ့သြနေသည်။
တကျန်းတွင် ယုံကြည်ကိုးကွယ်သူ အများဆုံးရှိသော်လည်း နိုင်ငံရပ်ခြားတွင်လည်း ရှိနေသည်။
သူတို့ထဲက တစ်ယောက်က သူနဲ့ တော်တော်ဝေးနေသည်။
ကျန်းချန်ရှန်း ထိုလူကို စိတ်ဝင်စားသွားသည်။ အဲဒီလူက သူ့အကြောင်း ဘယ်လိုသိတာလဲ.......
သူသည် အဝေးဆုံးမှယုံကြည်သူအား ဂရုတစိုက် အာရုံပြုခဲ့သည်။
ခဏကြာတော့ သူ့အမူအရာ ထူးဆန်းလာသည်။
၎င်းမှာ ရှေးဟောင်းနတ်ဘုရားတိုက်ကြီးမှ လင်းဟောင်ထျန်း ဖြစ်သည်။
သူသည် လင်းဟောင်ထျန်း၏ အတွေးများကို စတင်ဖတ်ရှုခဲ့သည်။
လင်းဟောင်ထျန်း သူ့ကို ကိုးကွယ်တဲ့ အဓိကအကြောင်းအရင်းက သူ့ဝမ်းကွဲအစ်မနှင့် လက်ထပ်ဖို့ပင်....
သူ့ရဲ့ဒုတိယဆန္ဒမှာ နံပါတ်တစ်ပါရမီရှင်ဖြစ်ရန်ဖြစ်သည်။
တတိယဆန္ဒမှာ မုလင်းလော့ကိုအနိုင်ယူပြီး ၎င်း၏ယခင်က အရှက်ရမှုကိုဆေးကြောရန်ဖြစ်သည်။
သိပ်မကြီးမားသည့် နန်းတော်ထဲတွင်....
ဆီမီးခွက်များထွန်းညှိထားသဖြင့် လင်းဟောင်ထျန်းကို သဲသဲကွဲကွဲမြင်နေရသည်။
လင်းဟောင်ထျန်း မျက်လုံးဖွင့်ပြီး သက်ပြင်းချလိုက်ကာ....
"ဘာတွေဖြစ်နေတာလဲ? ငါ့ခန္ဓာကိုယ်က ချည်နှောင်ထားသလိုခံစားနေရပြီး အဆင့်မတက်နိုင်ဘူးဖြစ်နေတယ်.....'
မတ်တပ်ထရပ်ပြီး ဘေးနားရှိ စားပွဲရှည်တစ်ခုဆီသို့ လျှောက်သွားသည်။ စားပွဲပေါ်တွင် ခပ်ကြမ်းကြမ်းထုလုပ်ထားသော သစ်သားရုပ်တခုရှိနေပြီး သစ်သားလူရုပ်ရှေ့တွင် နံ့သာတိုင်ထွန်းညှိရန် နံ့သာအိုးငယ်တစ်ခု ရှိနေသည်။
သူသည် စားပွဲရှေ့တွင် ရပ်လိုက်ပြီး ..... “လူကြီးမင်း...ကျွန်တော် ဘာလုပ်ရမလဲ.....လူကြီးမင်း ကျွန်တော့်ကို နှစ်ကြိမ် ကယ်ခဲ့ပြီးပြီ...သူတော်စင်စံအိမ်ရဲ့အကြီးအကဲတွေတောင် လူကြီးမင်း ဘယ်လိုလုပ်ခဲ့လဲ မသိကြဘူး....ဒီအတိုင်းသာဆို သင်က အမတနတ်ဘုရားပဲဖြစ်ရမယ်.... အမေက ဒီကမ္ဘာမှာ အင်မော်တယ်တွေရှိတယ်လို့ပြောခဲ့ဖူးတယ်.... လူကြီးမင်း ကျွန်တော့်ကို ဂရုစိုက်သေးတယ်ဆို ဘာဆက်လုပ်ရမလဲ အလင်းပြပေးပါ....."
စကားဆုံးသည်နှင့် လင်းဟောင်ထျန်းက နံ့သာသုံးချောင်းကို ထွန်းညှိပူဇော်လိုက်လေသည်။