နတ်ဆိုးပုလဲကြောင့် ဒုက္ခများပြီ.....
Vol. 11 Ch. 161
လင်းဟောင်ထျန်း၏ အတွေးအမြင်များကို နားထောင်ရင်း ကျန်းချန်ရှန်းအနေဖြင့် တစ်ဖက်လူက သူ့ကို တစ်ခါမှ မမြင်ဖူးသော်လည်း သူ့ကို ယုံကြည်ဆဲဖြစ်ကြောင်း ရုတ်တရက် သိလိုက်ရသည်။
သူ့မျက်နှာကို မမြင်ရသလို သူ့အစွမ်းသတ္တိကိုလည်း မမြင်ရဘဲ တစ်ဖက်က သူ့ကို လေးစားသရွေ့တော့ အဆင်မပြေစရာအကြောင်းမရှိပေ။
သူသည် လင်းဟောင်ထျန်း၏ နှလုံးသားထဲတွင် တုနှိုင်းမရတဲ့ လျှို့ဝှက်ဆန်းကြယ်သော အသွင်အပြင်ဖြစ်ပြီး သူ့နေရာတွင် ဘယ်သူမှ အစားမထိုးနိုင်မည်မဟုတ်ပေ။
ကျန်းချန်ရှန်းက လင်းဟောင်ထျန်း၏ အိမ်မက်ထဲသို့ ချက်ချင်းမသွားခဲ့ပေ။ ဒီကလေးက မုလင်းလော့ကို အနိုင်ယူချင်တဲ့အတွက် ခဏလောက်တော့ လျစ်လျူရှူထားလိုက်ဉီးမည်။ မုလင်းလော့ အဆင့်တက်ပြီးချိန်အထိ ဆက်လက်ယုံကြည်ကိုးကွယ်နေမည်ဆိုပါက လမ်းညွှန်ပေးနိုင်သည်။
ကျန်းချန်ရှန်း အခြားယုံကြည်သူများကို အာရုံစိုက်ခဲ့ပြန်သည
ယုံကြည်သူများ၏ ခံယူချက် အတိုင်းအတာ အလွန်ကျယ်ပြန့်သဖြင့် ၎င်းကို နေ့တစ်ဝက်ကြာသည်အထိ မပြီးနိုင်သေးပေ။
ကျန်းချန်ရှန်း သစ်ပင်အောက်ကနေ ပျောက်သွားပြီး သူ့အခန်းထဲကို ပေါ်လာသည်။ ထို့နောက် ကိုယ်ပွားတစ်ခုကို ဖန်တီးပြီး တစ်နေရာသို့သွားခိုင်းလိုက်သည်။
ဝတ်ပြုသူများ မိုးခေါင်ရေရှားမှုဒဏ်ကို ခံစားနေရသည့် ဧရိယာတစ်ခုရှိပြီး ထိုဧရိယာသည် တကျန်း၏ အစွန်အဖျားတွင် ရှိနေသည်။ ကျန်းချန်ရှန်းက သူ့ကိုယ်ပွားကို လေနှင့်မိုးဆင့်ခေါ်ဖို့ ထိုနေရာသို့ စေလွှတ်ရန် ဆုံးဖြတ်ခဲ့သည်။
နှစ်ရက်အကြာတွင်၊ ကိုယ်ပွား ထိုနေရာတွင် ပျောက်ကွယ်သွားပြီး ကျန်းချန်ရှန်းအတွက် အမွှေးတိုင်အရေအတွက်တ်ိုးပွားလာသည်။
လဝက်မပြည့်မီတွင်၊ ပြည်နယ်တစ်ခု၏ နိုင်ငံသားများအတွက် မိုးရွာစေဖို့ ဆုတောင်းပေးနေသည့် တာအိုဘိုးဘေး၏ သတင်းသည် လူတိုင်းထံမှ ချီးမွမ်းခြင်းကို ခံရလေသည်။
အကြွင်းမဲ့ ခွန်အားရှိသော်လည်း ချမ်းသာကြွယ်ဝမှုကိုမမက်မောဘဲ အများပြည်သူကို ကယ်တင်သူကို သူတော်စင်ဟု ခေါ်ခြင်းသည် ချဲ့ကားခြင်းမဟုတ်ပေ။ အနည်းဆုံးတော့၊ ဒီလိုမျိုးလုပ်ပေးမယ့်သူ ဤတိုက်ကြီးမှာ တာအိုဘိုးဘေးအပြင် မရှိနိုင်ပေ။
အရေးကြီးဆုံးကတော့ တာအိုဘိုးဘေးကလွဲရင် တခြား သိုင်းပညာရှင်က သူတို့အတွက် မိုးရွာဖို့ ဆုတောင်းပေးမည်မဟုတ်ပေ။
နန်းတော်အတွင်းတွင်......
ဧကရာဇ်ရွှမ်ထျန်း ထိုသတင်းကို သိတဲ့အခါ သက်ပြင်းချလိုက်ပြီး...
"တကျန်းမှာ တာအို ဘိုးဘေးရှိနေတာ အရမ်းကံကောင်းတယ်.... သူက တကျန်း ရဲ့ကံတရားကိုရော အရင်းအမြစ်ကိုရော မမက်မောဘူး....ကိုယ်ကျိုးမဖက်တဲ့ တာအိုဘိုးဘေးအတွက် ရုပ်တုတစ်ခု စိုက်ထူပြီး သူတော်စင်ဘွဲ့ အပ်နှင်းချင်တယ်...."
တခြားသူသာဆို ဤမျှအထိ လုပ်ပေးမည်မဟုတ်ပေ။ သို့သော်လည်း ကျန်းမိသားစုသည် တာအိုဘိုးဘေးမှ ဆင်းသက်လာကြောင်း သူသိသည်။ တာအိုဘိုးဘေးက သူတို့အတွက် ဒီလိုလုပ်ပေးခဲ့ခြင်းပင်.....
သို့သော် ဤလျှို့ဝှက်ချက်ကို ထုတ်ဖော်မပြနိုင်ခဲ့ပေ။
အပြစ်ပေးအကြီးအကဲက သူ့ဘေးတွင်ရပ်ကာ ....“တာအိုဘိုးဘေးကသာ ကံကောင်းခြင်းတွေကို မက်မောရင် သိုင်းလောကဖွံ့ဖြိုးတိုးတက်မှု အလွန်နှေးကွေးသွားလိမ့်မယ်.... သူ ဒီလို စဉ်းစားတယ်ထင်တယ်.....”
ဧကရာဇ်ရွှမ်ထျန်းက ထိုစကားကို အဓိပ္ပါယ်ရှိသည်ဟု ခံစားမိသည်။ တာအို ဘိုးဘေး၏ ကြောက်မက်ဖွယ် စွမ်းအားဖြင့်၊ သူလိုအပ်သော အရင်းအမြစ်များနှင့် ကံကောင်းခြင်းများသည် ကြီးမားနေရမည်ဖြစ်သည်။ သူသာ တောင်းဆိုခဲ့လျှင် တကျန်း၏ သိုင်းလောက ဖွံ့ဖြိုးတိုးတက်မှုအတွက် ထိခိုက်နိုင်သည်။
ဧကရာဇ်ရွှမ်ထျန်းက "နေရာကူးပြောင်းရေးအစီအရင်တည်ဆောက်မှု ဘယ်လိုလဲ"
“ဒီနှစ်အကုန်မှာ ပထမဆုံးအကြိမ် နေရာကူးပြောင်းနိုင်အောင် ကြိုးစားနိုင်မယ်လို့ ခန့်မှန်းထားတယ်.... အောင်မြင်သွားရင် ကြီးမားတဲ့အတိုင်းအတာနဲ့ တည်ဆောက်နိုင်မှာပါ.....”
ဧကရာဇ်ရွှမ်ထျန်း ခေါင်းညိတ်လိုက်သည်။
ပြင်ပမှ ဥက္ကာခဲများကို မတူးဖော်ရသေးဘဲ အများစုကို မြို့အပြင်ဘက်တွင် ထားရှိဆဲဖြစ်သည်။ ယခုအချိန်တွင်၊ ၎င်းသည် တကျန်း၏မြို့တော်၏ အထင်ကရရှုခင်းဖြစ်လာတော့မည်ဖြစ်သည်။
“ဒီအစီအစဥ်က နှောင့်နှေးလို့မရဘူး... အဲဒါကို မင်းစောင့်ကြည့်ရမယ်၊ ပြီးတော့ အံ့ဖွယ်ကံကြမ္မာကုန်သည်အသင်းကို အပြည့်အဝ ယုံကြည်လို့မရဘူး....”
နေရာကူးပြောင်းရေးအစီအရင်သည် တကျန်း၏ဗျူဟာနှင့်ဆက်စပ်နေသောကြောင့် အံဖွယ်ကံကြမ္မာကုန်သည်အသင်းက ၎င်းကိုတည်ဆောက်ရာတွင် ကူညီပေးခဲ့သော်ငြား ၎င်း၏ သီးခြားတည်နေရာကို မမေးမြန်းနိုင်ပေ။
“နားလည်ပါတယ်”
ထိုအချိန်မှာပင်
ဧကရာဇ်ရွှမ်ထျန်းရုတ်တရက် တစ်စုံတစ်ခုကို ခံစားလိုက်ရပြီး မော့ကြည့်လိုက်သည်။
အပြစ်ပေးအကြီးအကဲက “အရှင်မင်းကြီး၊ ဘာကိစ္စရှိလို့လဲ”
ဧကရာဇ်ရွှမ်ထျန်းက မျက်လုံး မှိတ်ထားပြီး ....
"ရှီပြည်နယ်မှာ ရွှေခန္ဓာနယ်ပယ်ကိုကျော်လွန်တဲ့သူတွေ တိုက်ခိုက်နေကြတယ်...."
အပြစ်ပေးအကြီးအကဲ ဒီစကား ကြားတော့ ချက်ချင်း ပျောက်ကွယ်သွားသည်။
ဧကရာဇ်ရွှမ်ထျန်းက သဝဏ်လွှာကို ချလိုက်ပြီး လေးလေးနက်နက် တွေးတောလိုက်သည်။
“အစစ်အမှန် နဂါးဘုရားကျောင်း… လောလောဆယ် ဘေးဖယ်ထားလိုက်ရအောင်......”
ဧကရာဇ်ရွှမ်ထျန်းက သဝဏ်လွှာကို ထပ်မံကောက်ယူပြီး ၎င်းကိုဖတ်ရန် အာရုံစိုက်ခဲ့သည်။
ရှီပြည်နယ်ရှိ အစစ်အမှန်နဂါးဘုရားကျောင်းတွင်......
တောင်တန်းများကြားတွင် လူနှစ်ယောက် တိုက်ခိုက်နေကြသည်။ အဲဒီထဲက တစ်ယောက်က ဘုန်းတော်ကြီးကျာရဲဖြစ်သည်။ သူ၏ ဘယ်လက်တွင် ပုတီးကို ကိုင်ဆောင်ထားပြီး ညာလက်ဖြင့် မျက်နှာဖုံးစွပ်ထားသည့် လျှို့ဝှက်ဆန်းကြယ်သော အမျိုးသားတစ်ဦးနှင့် အပြန်အလှန် တိုက်ခိုက်နေသည်။
သူတို့နှစ်ဦးစလုံး စကြဝဠာနယ်ပယ်တွင်ရှိကြပြီး ၎င်းတို့၏စစ်မှန်သောချီဓာတ်က အင်မတန်ပြင်းထန်သည်။
အဝေးမှ ရာနှင့်ချီသော တပည့်များသည် ဘုရားကျောင်း တံခါးရှေ့တွင် စောင့်ကြည့်နေကြပြီး အဆုံးမရှိသော တပည့်များ ပြေးလွှားနေသည်ကိုတွေ့ရသည်။
“ဘေးကို ရွှေ့!”
ရဟန်းငယ်တစ်ပါး လူအုပ်ကြားမှ အမြန်ထွက်လာခဲ့သည်။ သူသည် ရုပ်ရည်ချောမောခြင်းမရှိသော်လည်း အေးစက်ပြီး မာနကြီးပုံရသည်။ သူသည် အစစ်အမှန်နဂါးဘုရားကျောင်း၏ နံပါတ်တစ် ပါရမီရှင်ကျူကျွယ် ဖြစ်သည်။
ကျူကျွယ် မော့ကြည့်လိုက်သော်လည်း ကျာရဲနှင့် မျက်နှာဖုံးစွပ်ထားသည့်လူ၏ လှုပ်ရှားမှုကို သူ့မျက်လုံးများက လိုက်မမှီနိုင်ပေ။
မျက်နှာဖုံးစွပ်ထားသောလူသည် လေပေါ်ခုန်၍ ကျာရဲကို ကန်လိုက်သည်။
ကျာရဲ ကံကောင်းထောက်မစွာ၊သူ့ခန္ဓာကိုယ်ကို လျင်မြန်စွာ ဟန်ချက်ထိန်းနိုင်ခဲ့သည်။ သူ့ညာဖက်လက်ဖဝါးကို ငုံ့ကြည့်တော့ နီရဲပြီး ဆူပွက်နေတုန်းပင်.... သူ၏ တစ်ဝက်တစ်ပျက် ပေါ်လွင်နေသော မျက်နှာပေါ်တွင် လေးနက်သော အမူအရာကို ပြသနေသည်။
မျက်နှာဖုံးစွပ်ထားသော ပုဂ္ဂိုလ်သည် ကျာရဲကို အထက်မှ ငုံ့ကြည့်ကာ....
"ဟိုပစ္စည်းကို ငါတို့လက်ထဲအပ်ပါ.... မင်းအသက်ကို ချမ်းသာပေးမယ်.."
“အော်မီတော်ဖော်... မင်းလိုချင်တဲ့ အရာက ငါ့လက်ထဲမှာ မရှိတော့ဘူး....."
“ဒါဆို ဘယ်မှာလဲ”
“ဒီပစ္စည်းအတွက် ထျန်းယဲ့ဘုရားကျောင်း တစ်ခုလုံး ပျက်စီးသွားတယ်...ဒါနဲ့တောင် လွယ်လွယ်နဲ့ တခြားသူကို ဘယ်လိုပေးလိုက်တာလဲ ...."
“အဲဒါက ငါ ထိန်းသိမ်းနိုင်တဲ့အရာမဟုတ်ဘူး”
"ဒါဆို သေလိုက်တော့....!"
မျက်နှာဖုံးစွပ်ထားသောလူက ဒေါသတကြီးအော်ကာ ကျာရဲကို ထပ်မံကန်ထုတ်လိုက်သည်။ တခဏချင်းမှာပဲ၊ ကောင်းကင်နဲ့ မြေကြီးရဲ့ ပုံရိပ်တွေ သူ့ခန္ဓာကိုယ်ရဲ့ မျက်နှာပြင်ပေါ်မှာ စုစည်းပြီး သူ့ခန္ဓာကိုယ်ထဲကို စိမ့်ဝင်သွားပြီး ပြင်းထန်တဲ့ အလင်းတန်းတွေ ဖုံးလွှမ်းကာသူ့အရှိန်ကို တိုးမြင့်လာစေသည်။
ကျာရဲ လက်အုပ်ချီလိုက်သည်နှင့် စစ်မှန်သောချီဓာတ်များ သူ့ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးအုပ်ထားသော ရွှေခေါင်းလောင်းအဖြစ် ပြောင်းလဲသွားသည်။
ဘန်းးးးးး
ရွှေခေါင်းလောင်း ကွဲသွားကာ မျက်နှာဖုံးစွပ်ထားသည့်လူက ကျာရဲ၏ ရင်ဘတ်ကို ကန်ကျောက်ခဲ့သည်။ အရိုးကျိုးသံတောင် ကြားလိုက်ရသည်။ကျာရဲ တောင်နံရံကို တိုက်မိသဖြင့် ဖုန်မှုန့်များ ပျံတက်ကာ တောင်တစ်ခုလုံး တုန်ခါသွားသည်။
မျက်နှာဖုံးစွပ်ထားသော အမျိုးသားသည် ခါးပေါ်ရှိ ဓားရှည်ကို ဆွဲထုတ်ကာ ကျာရဲကို အဆုံးသတ်ရန် အဆင်သင့်ဖြစ်နေသည်။
“တော်လောက်ပြီ....”
မျက်နှာဖုံးစွပ်ထားသည့်လူ လန့်ဖျပ်သွားကာ မြေတစ်ပြင်လုံးတွင် ခပ်အေးအေး အသံတစ်ခု ထွက်ပေါ်လာသည်။
တစ်ချိန်တည်းမှာပင် မိုင်ပေါင်းများစွာ ဝေးကွာသော ချန်းယန်နှင့် စစ်သည်တော် နှစ်ဦးသည် တောထဲတွင် နေကြပြီး တိုက်ပွဲကို အဝေးမှ ကြည့်ရှုခဲ့ကြသည်။ သူတို့သည်လည်း အသံကိုကြားရပြီး နှလုံးခုန်သံမြန်ဆန်လာသည်။
တာအိုဘိုးဘေး.....
မသေချာသော်လည်း တာအိုဘိုးဘေး အမှန်တကယ်ဖြစ်လျှင် ဒုက္ခရောက်ကုန်လိမ့်မည်။
ချန်းယန် ချက်ချင်းပင် စူးရှသော အသံဖြင့် လေချွန်လိုက်သည်။ မိုင်ပေါင်းများစွာ ဝေးကွာသောအရပ်မှ မျက်နှာဖုံးစွပ် အမျိုးသား ချက်ချင်းလှည့်၍ ထွက်ခွာသွားခဲ့သည်။
ချန်းယန်နှင့် အခြားနှစ်ယောက်လည်း ထွက်သွားကြသည်။
အစစ်အမှန်နဂါးဘုရားကျောင်းမှ တပည့်များ ဒါကိုမြင်သောအခါ ကျာရဲ ရှိရာ တောင်ပေါ်သို့ အလျင်စလို ပြေးကြသည်။ စကြဝဠာနယ်ပယ်အတွက် တချက်ခုန်စာသာရှိသော်လည်း ၎င်းတို့အတွက်မူ အလွန်ဝေးကွာသော အကွာအဝေးသို့ ပြေးသွားရပေလိမ့်မည်။
တစ်ခြားဘက်တွင်မူ......
ကျန်းချန်ရှန်း မျက်လုံးများကိုမှိတ်ထားသော်လည်း ဝိဉာဉ်စွမ်းအားသုံး၍ နဂါးဘုရားကျောင်းကို စိုက်ကြည့်နေသည်။
သူပြောပြီးတာနဲ့ တစ်ဖက်က ထွက်ပြေးသွားတယ်.... ဘယ်လောက်ပါးနပ်လိုက်သလဲ......
သူတို့နောက်ကို ကျန်းချန်ရှန်း လိုက်မသွားခဲ့ပေ။ တစ်ဖက်လူက အကူအညီပိုတောင်းလာရင် ပိုတောင်အဆင်ပြေလိမ့်မည်။
တံစက်မြိတ်ပေါ်ရှိ ဓားနတ်ဘုရားလည်း ထိုတိုက်ပွဲ၏ အတက်အကျကို သတိပြုမိသည်။ သူ ကျန်းချန်ရှန်းကို တစ်ချက်ကြည့်လိုက်ပြီး တာအိုဘိုးဘေးက ဘာတုံ့ပြန်မှုမှ မရှိတာကို သတိပြုမိတဲ့အတွက် အာရုံစိုက်တာကို ရပ်လိုက်တော့သည်။
ကောင်းကင်ပြိုကျရင်တောင် တာအိုဘိုးဘေးတွေက ပံ့ပိုးပေးမည်သာ... ထိုအချိန်တွင်၊ ဓားနတ်ဘုရား သည် တကျန်းနှင့် ပတ်သက်သည့် ခံစားချက်ကို မသတ်မှတ်ရသေးပေ။
ကျန်းချန်ရှန်း ခဏတာ စောင့်ကြည့်နေခဲ့သည်။ တဖက်လူက ရှီပြည်နယ်ကနေ အမြန်လွတ်မြောက်သွားတာကို မြင်တော့ ဂရုမစိုက်တော့ပေ။
နတ်ဆိုးပုလဲ၏ တည်နေရာအကြောင်း သမုဒ္ဒရာတစ်ခုလုံး ပျံ့နှံ့သွားပုံရသည်။ နောင်တွင် ကျွမ်းကျင်သူများ ထပ်မံတိုက်ခိုက်လာမည်မှာ သေချာပါသည်။
နတ်ဆိုးပုလဲအကြောင်း စဉ်းစားသောအခါ ကျန်းချန်ရှန်း ရုတ်တရက် အကြံတစ်ခုရလာသည်။
သူသည် အနာဂတ်တွင် နတ်ဆိုးအမြောက်အမြားကို ဆွဲဆောင်ရန် နတ်ဆိုးပုလဲကို အသုံးပြုကာ ၎င်းတို့ကို တာအိုကမ္ဘာထဲသို့ ပစ်ချကာ ၎င်း၏ကိုယ်ပိုင်ကမ္ဘာအဖြစ် ဖန်တီးသင့်ပါသလား။
အဲဒီလိုလုပ်ရင် အမွှေးတိုင်အရေအတွက် တိုးမလာမှာကို ပူနေစရာမလိုတော့ပေ။
သို့သော် နတ်ဆိုးသားရဲများသည် အမွှေးတိုင် မထွန်းညှိနိုင်သောကြောင့် လူသားများကိုလက်ခံခြင်းကသာ ပိုကောင်းသည်။
ကျန်းချန်ရှန်း ပေါ့ပေါ့ပါးပါး တွေးနေမိသည်။ လက်ရှိအချိန်တွင်၊ တာအိုကမ္ဘာ သည် သက်ရှိသတ္တဝါများကို သယ်ဆောင်သည့် ကမ္ဘာဖြစ်လာရန် မလုံလောက်သေးပေ။
......................
နဂါးဘုရားကျောင်းကို လျှို့ဝှက်ဆန်းကြယ်သော ကျွမ်းကျင်သူတစ်ဦး တိုက်ခိုက်မှုကြောင့် ဘုန်းတော်ကြီးကျာရဲ ပြင်းထန်စွာ ဒဏ်ရာရခဲ့သည်။
ဤသတင်းသည် တကျန်း၏ သိုင်းလောကကို လျင်မြန်စွာ တုန်လှုပ်စေခဲ့သည်။
ဘုန်းတော်ကြီးကျာရဲသည် စကြာဝဠာနယ်ပယ်တွင်ရှိခဲ့ပြီး တကျန်းတွင် တတိယအပြင်းထန်ဆုံး ကျွမ်းကျင်သူအဖြစ် သတ်မှတ်ခံရသည်။ သို့တိုင်၊ လျှို့ဝှက်ဆန်းကြယ်သော ကျွမ်းကျင်သူတစ်ဦးကြောင့် ဒဏ်ရာပြင်းထန်စွာရခဲ့သည်။
ထိုသတင်းကြောင့် သိုင်းလောကရှိ လူတိုင်း ထိတ်လန့်တုန်လှုပ်သွားကြသည်။
ဧကရာဇ်က ဘုန်းတော်ကြီးကျာရဲကို ကုသပေးရန် တော်ဝင်သမားတော်များကိုသာ စေလွှတ်ခဲ့သည်။ အထူးတလည်စုံစမ်းစစ်ဆေးရန် မည်သူကိုမျှ မစေလွှတ်ခဲ့ပေ။
ရွှမ်ထျန်းခေတ် ၁၀ နှစ်၊ မတ်လတွင်...
တကျန်း၏ ပထမဆုံး နေရာကူးပြောင်းရေးအစီအရင်ကို အောင်မြင်စွာ တည်ဆောက်ခဲ့သည်။ ပထမဆုံးကြိုးစားမှုတွင် မိုင် 80,000 ကို အလွယ်တကူဖြတ်ကျော်နိုင်ခဲ့သည်။
ဧကရာဇ်က လူသိရှင်ကြား မကြေငြာပေမယ့် ထိုသတင်းက ပြည်သူတွေနဲ့သိုင်းလောကကြားမှာ ပျံ့နှံ့နေပြီဖြစ်သည်။
နေရာကူးပြောင်းရေးအစီအရင်သည် သိုင်းလောကရှိ သိုင်းပညာရှင်အားလုံးကို အံ့အားသင့်စေခဲ့သည်။ အခြားတစ်ဖက်တွင်မူ မင်းဆက်အမျိုးမျိုးမှ တကျန်းသို့စေလွှတ်လိုက်သော သူလျှိုများ ထိတ်လန့်ကြောက်ရွံ့ပြီး သတင်းတစ်ခုပြီးတစ်ခုပြန်ပို့ကြသည်။
ဒီနေ့သ၌
ဧကရာဇ်ရွှမ်ထျန်းက လက်ရှိတွင် စာကြာ့်ဆောင်အတွင်း၌ ကျင့်ကြံနေသည်။ သူသည် ဧကရာဇ်ရန်ကျူံးနှင့်မတူပေ။ ဧကရာဇ်ရန်ကျုံးက အရာရာတိုင်းကို ကိုယ်တိုင်လုပ်ဆောင်ပြီး ရွှမ်ထျန်းကတော့ အုပ်ချုပ်မှုရေးရာအများစုကို ပြည်နယ်သုံးခုမှအရာရှိများထံ လွှဲပြောင်းပေးလိုသည်။ အရေးကြီးသောကိစ္စများအတွက် သတ်မှတ်ပြီးပါက နေ့တိုင်း ကျင့်ကြံအားထုတ်ရန် အချိန်ယူရလိမ့်မည်။
တိုက်ကြီးကို ပေါင်းစည်းခြင်းမှလွဲ၍ အမြင့်ဆုံး သိုင်းနယ်ပယ်ရှိသည့် ဧကရာဇ်ဖြစ်လာရန် နောက်ထပ်ရည်မှန်းချက်တစ်ခုရှိသေးသည်။
ထိုစဉ် အစောင့်တစ်ယောက် အခန်းထဲကို မြန်မြန်ဝင်လာပြီး လျှို့ဝှက်စာတစ်စောင် ပေးအပ်ခဲ့သည်။
ဧကရာဇ်ရွှမ်ထျန်း ၎င်းကိုဖွင့်လိုက်ပြီး သူ၏အမူအရာ ချက်ချင်းပင် မည်းမှောင်သွားခဲ့သည်။ သူက လေးနက်သော အသံဖြင့်.... “မိုင်တစ်ထောင်လင်းယုန် သုံးပြီး သတင်းပို့လိုက်..."
"ထားလိုက်တော့...! ”
ဧကရာဇ်ရွှမ်ထျန်း မတ်တပ်ထရပ်ပြီး အခန်းထဲမှ အမြန်ထွက်လာခဲ့သည်။
မကြာမီ သူသည် လုံချီ တောင်၏ ခြံဝင်းထဲသို့ ရောက်သွားသည်။ သူ ဒီကို တိုက်ရိုက် ပျံသန်းလာတာကြောင့် ဘယ်သူကိုမှ ခေါ်မလာခဲ့ပေ။
သူက ကျန်းချန်ရှန်းဆီကို ပြေးသွားပြီး....
"တာအိုဘိုးဘေး၊ တစ်ခုခုတော့ ဖြစ်သွားပြီ...တကျန်း အန္တရာယ်ရှိနေပြီ!"
ပိုင်ချီ နှင့် ဓားနတ်ဘုရားတို့ သူ့ကို စူးစူးစိုက်စိုက်ကြည့်နေကြသည်။
ကျန်းချန်ရှန်းက မျက်လုံးမဖွင့်ဘဲ ပေါ့ပေါ့ပါးပါးနဲ့..."မထိတ်လန့်ပါနဲ့..အေးအေးဆေးဆေးပြောပါ...."
" တစ်ယောက်ယောက်က နတ်ဆိုးပုလဲကို ကျွန်တော်တို့ဆီမှာရှိနေတယ်ဆိုတဲ့ ကောလာဟလတွေကို သမုဒ္ဒရာထဲမှာဖြန့်လိုက်ပြီလို့ ကျန့်ယင့် သတင်းပို့ထားတယ်.... ဒီနှုန်းနဲ့သာဆို တကျန်းက နိုင်ငံရပ်ခြားက တပ်ဖွဲ့ဝင်အများအပြားရဲ အာရုံစိုက်မှုကို သေချာပေါက် ဆွဲဆောင်နိုင်လိမ့်မယ်... သမုဒ္ဒရာထဲက သိုင်းပညာရှင်တွေ တကျန်းကို ကျူးကျော်လာနိုင်တယ်....”
ဧကရာဇ်ရွှမ်ထျန်းက ကျန်းချန်ရှန်း ၏အမူအရာကို ဂရုတစိုက်ကြည့်ရင်း နက်နဲသောအသံဖြင့် ပြောလိုက်သည်။
ကျန်းချန်ရှန်းက မျက်လုံးဖွင့်ပြီး "ကောလဟာလက အမှန်ပဲလေ.."
ဧကရာဇ်ရွှမ်ထျန်း အံ့အားသင့်သွားသည်။
ကျန်းချန်ရှန်း သူ့လက်ကို မြှောက်လိုက်ပြီး နတ်ဆိုးပုလဲက သူ့လက်ဖဝါးမှာ ပေါ်လာသည်။ တခဏချင်းမှာပဲ ပိုင်ချီ စိတ်လှုပ်ရှားပြီး အမြန်ပြေးလာသည်။ သို့သော် သူမည်မျှပင် ခုန်နေပါစေ ကျန်းချန်ရှန်း၏လက်ကို မထိနိုင်ပေ။
ဧကရာဇ်ရွှမ်ထျန်းက နတ်ဆိုးပုလဲကို ကြောင်တက်တက်ဖြင့် ကြည့်နေသည်။
ဒါကို သူ မှန်းဆထားပြီးသားပင်... မဟုတ်ရင် တာအိုဘိုးဘေးက ဘုန်းတော်ကြီးကျာရဲကို တကျန်းမှာနေဖို့ ဘာကြောင့် အကြံပေးတာလဲ......
သို့သော် ကျန်းချန်ရှန်း ဤမျှ ရက်ရောသူဖြစ်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။
ကျန်းချန်ရှန်းက နတ်ဆိုးပုလဲကို သူ့ရဲ့ မဟာဝိဉာဉ်လက်စွပ်ထဲ ထည့်လိုက်ပြီး....
"မင်းမြင်တာ အမှန်ပဲ... ဒီပစ္စည်းက ဆိုးဝါးလွန်းတယ်... သေချာမထိန်းသိမ်းနိုင်ရင် အနာဂတ်မှာ အဆုံးမဲ့ ဒုက္ခတွေ ရှိလာမှာ သေချာတယ်... အခြားသူတွေသာ ဒါကိုရသွားရင် မရေမတွက်နိုင်တဲ့ နတ်ဆိုးတွေဆင့်ခေါ်ပြီး တကျန်းကို သေချာပေါက်ဖျက်စီးပစ်လိမ့်မယ်...."
ဧကရာဇ်ရွှမ်ထျန်းသည် ပိုင် ချီ ၏အခြေအနေကြောင့် ထိတ်လန့်ပြီး တိတ်တဆိတ် တုန်လှုပ်သွားခဲ့သည်။
တကယ်တော့ ပိုင် ချီဟာ အစစ်အမှန်နတ်ဘုရားနယ်ပယ်ရောက်နေသူပင်....