← Chapters

တကျန်းရဲ့​တာအိုဘိုးဘေးကို စိန်ခေါ်မယ်....

Vol. 11 Ch. 162

တကျန်းရဲ့​တာအိုဘိုးဘေးကို စိန်ခေါ်မယ်....

Vol. 11 Ch. 162

နတ်ဆိုးပုလဲကို ကြည့်လိုက်ရင်း ဧကရာဇ် ရွှမ်ထျန်းရဲ့ နှလုံးသား ပြင်းပြစွာ ပူလောင်နေသည်။

ဤကဲ့သို့သော ရတနာတစ်ခုဖြင့်၊ သမုဒ္ဒရာထဲက နတ်ဆိုးအားလုံးကို ခေါ်ယူခြင်းဖြင့် နတ်ဆိုးစစ်တပ်ကို စုဆောင်းနိုင်ပေမည်။

သူ မော့ကြည့်လိုက်တော့ ကျန်းချန်ရှန်း သူ့ကို စိုက်ကြည့်နေတာကို တွေ့လိုက်သည်။

"နိုင်ငံရပ်ခြားသိုင်းပညာရှင်တွေ တိုက်ခိုက်ရင်..."

ကျန်းချန်ရှန်းက ..."မင်း တကျန်းကို သက်တောင့်သက်သာ အုပ်ချုပ်နိုင်တယ်.... တကျန်းကို ထိပါးလာတဲ့ အင်အားတစ်ခု ပေါ်လာရင် ငါ အရေးယူမယ်....တကျန်းက တိုက်ကြီးကို ပေါင်းစည်းလိုတာကြောင့် ငြိမ်းချမ်းစွာ မကြီးထွားနိုင်မှာ မဟုတ်ဘူး...ဖိအားတွေ ပိုခံစားရတာ တမျိုးကောင်းတာပဲလေ .."

ဧကရာဇ်ရွှမ်ထျန်းက ခေါင်းညိတ်ပြပြီး ဦးညွှတ်ပြီး ထွက်မသွားခင် နတ်ဆိုးပုလဲကို နောက်ထပ် ကြည့်ချင်နေသေးသည်။

ပိုင် ချီ ချက်ချင်း ပုံမှန်ပြန်ဖြစ်သွားပြီး သူ့မျက်လုံးတွေ ကြည်လင်လာတော့ ကျန်းချန်ရှန်း၏လက်များတွင် သူမ၏ခြေသည်းများရှိနေသေးသည်ကို သတိပြုမိသောအခါ....

"ခုနက ဘာဖြစ်သွားတာလဲ?"

ဓားနတ်ဘုရားက လမ်းလျှောက်လာပြီး....

“ဒီပုလဲက အတော်စွမ်းသားပဲ..အစစ်အမှန်နတ်ဘုရားနယ်ပယ် သားရဲကိုတောင် စိတ်လွတ်သွားစေတယ်...."

ပိုင်ချီ ဘာမှနားမလည်နိုင်သေးပေ။

ကျန်းချန်ရှန်းက.... "ဒီပုလဲက တကယ်ကို အစွမ်းထက်ပေမယ့် ထိန်းချုပ်သူရဲ့ ချီ အစစ်ကို အားကိုးဖို့ လိုသေးတယ်..... ကွဲပြားတဲ့ ချီဓာတ်ကြောင့် အကျိုးသက်ရောက်မှု ကွာခြားလိမ့်မယ်..."

ဓားနတ်ဘုရားက သက်ပြင်းချလိုက်ပြီး....

“အခြားမင်းဆက်တွေ ဒီလို ဆိုးညစ်တဲ့ ရတနာကို ရယူခဲ့မယ်ဆိုရင် ဒီတိုက်ကြီးမှာ တကယ်ပဲ ပရမ်းပတာ ဖြစ်စေလိမ့်မယ်......”

ကျန်းချန်ရှန်း ၎င်းကို အသုံးပြုမည်ကို သူသံသယမရှိခဲ့ပေ။ သူ့စိတ်ထဲတွင် ကျန်းချန်ရှန်းသည် တိုက်ကြီးကို ဂရုစိုက်ပြီး ကြင်နာတတ်သောသူဖြစ်သည်။ ဤဆိုးညစ်သောရတနာကိုသုံးရန် သူ့အတွက် မဖြစ်နိုင်ပေ။

ကျန်းချန်ရှန်းက ...."အမှန်တော့၊ ဒီတိုက်ကြီးမှာ အားကောင်းတဲ့ နတ်ဆိုးသားရဲတွေ များများစားစား မရှိပေမယ့် သမုဒ္ဒရာထဲမှာတော့ အများကြီးရှိနေတယ်.....”

ဓားနတ်ဘုရား နားလည်သဘောပေါက်လာသည်ဟု ခံစားမိသည်။ ဒီပြည်ပ အင်အားစုတွေ ဒီလောက် ရူးသွပ်နေတာ အံ့သြစရာ မဟုတ်တော့ဘူး......

သူသည် နောက်ထပ်မေးခွန်းများမမေးဘဲ တရားထိုင်ဖို့ နောက်သို့လှည့်လိုက်သည်။

ထိုအခါမှ ပိုင်ချီ နားလည်လာပြီး “ ကျွန်မ ပြုစားခံလိုက်ရတာလား.... ကြောင်တက်တက် ဖြစ်သွားတာ နတ်ဆိုးပုလဲကြောင့်ပေါ့.....”

ကျန်းချန်ရှန်း ခေါင်းညိတ်လိုက်တော့ ပိုင်ချီ ရဲ့အမွှေးတွေ ထောင်တက်လာသည်။

သူမ ဝမ်းမြောက်သွားသည်။ ကံကောင်းထောက်မစွာ၊ ဒီပုလဲက တာအိုဘိုးဘေးတွေရဲ့လက်ထဲမှာ ရှိနေသည်။ ဒီလိုမှမဟုတ်ရင် ကမ္ဘာပေါ်က နတ်ဆိုးတွေအားလုံးအတွက် အိပ်မက်ဆိုးတစ်ခု ဖြစ်သွားလိမ့်မည်။

“ဆရာတော်က နတ်ဆိုးပုလဲမရှိရင်တောင် ကျွန်မကို ထိန်းချုပ်နိုင်ပါသေးတယ်.......

ပိုင်ချီက ချစ်စရာကောင်းဟန်ဆောင်ပြီး ရှက်ရွံ့စွာပြောလိုက်သည်။ သူမ စကားမဆုံးခင်မှာ ကျန်းချန်ရှန်းက သူမကို ခြံဝင်းထဲက မောင်းထုတ်ပစ်လိုက်သည်။

ဝံပုလွေတစ်ကောင်သည် မြေခွေးတစ်ကောင်လို အမူပိုစွာဟန်ဆောင်နေသဖြင့် ကျန်းချန်ရှန်း တုန်လှုပ်သွားသည်။

ခြံအပြင်ဘက်က ကြောက်မက်ဖွယ်ကောင်းသော မြူခိုးများကြားကနေ ပိုသ်လုံ ထွက်ပေါ်လာသည်။

သူသည်လည်း နတ်ဆိုးပုလဲ​ကြောင့် စွဲဆောင်ခံခဲ့ရသော်လည်း ယခုအခါ သတိပြန်ဝင်လာသောကြောင့် ခြံဝင်းအတွင်းသို့ မဝင်ရောက်ခဲ့ပေ။

ကျန်းချန်ရှန်းက ပိုင်လုံကို ကြည့်ပြီး စိတ်လှုပ်ရှားသွားသည်။

ဒီကောင်က ကြီးလွန်းတော့ တောင်ပေါ်မှာ နေဖို့ အဆင်မပြေတော့​ဘူး....

ပိုင်လုံကို လွှတ်ပေးမည်ပြောခဲ့ပေမယ့် ဒီကောင်က အရမ်းကြောက်နေသည်။ တောင်ပေါ်က ဆင်းတော့မယ်လို့ ကြားတာနဲ့ ချက်ချင်း ငြင်းနေသည်။

"ငါ တာအိုကမ္ဘာကို ချဲ့ပြီး ဒီကောင်ကို အထဲမှာ ထည့်ထားရမယ်..."

ကျန်းချန်ရှန်းသည် ပိုင်လုံကို တာအို ကမ္ဘာ၏ ပထမဆုံး သက်ရှိသတ္တဝါအဖြစ် ဖန်တီးရန် ဆုံးဖြတ်ခဲ့သည်။

သို့သော် ယင်းမတိုင်မီ တာအိုကမ္ဘာအတွက် ကောင်းမွန်သောဂေဟစနစ်တည်ဆောက်ရန်အတွက် ကုန်းမြေနှင့်ပင်လယ်ကိုထည့်ထားရန် ဆုံးဖြတ်ခဲ့သည်။

..............

ကျွန်းတစ်ကျွန်းပေါ်သို့ ဓားသမားတစ်စု ရောက်ရှိလာသည်။၎င်းတို့ထဲတွင် လုံချီဘုရားကျောင်းကို သွားခဲ့သည့် ဓားတရားရုံးက တပည့်နှစ်ယောက်လည်း ပါဝင်နေသည်။ သူတို့သည် ဓားသခင် အနားသို့ ဂရုတစိုက် ရောက်လာကြသည်။

ဓားသခင်ကြီးသည် သစ်သားဓားများကို ချွန်နေပြီး မောပန်းနွမ်းနယ်နေသော်လည်း သူ၏အမူအရာမှာ မပြောင်းလဲပေ။

"မအောင်မြင်ဘူးလား?"

ဓားသခင်၏လေသံက မအံ့သြသလို ငြိမ်သက်နေသည်။

အဝါရောင်ဝတ် ဓားသမားက ....

“အဲဒီဓားသမားက ကောင်းကင်နယ်ပယ်ကိုရောက်နေပြီ.... သူ့ကို မခေါ်လာနိုင်ခဲ့ဘူး.... ဒါ့အပြင် သူ့နောက်မှာ တာအိုဘိုးဘေးလို့ သိကြတဲ့ အစွမ်းထက်တဲ့ သိုင်းပညာရှင်တစ်ယောက် ရှိသေးတယ်.....တာအိုဘိုးဘေး မိုးကြိုးအတ်ိဒုက္ခကို ဖြတ်ကျော်နေတာကို ကျွန်တော်တို့ ကိုယ်တိုင်မြင်တွေ့ခဲ့ရတယ်.... ဓားသခင်....အဲ့ဒီ့ မိုးကြိုးအတိဒုက္ခက ပေါ့သေးသေးမဟုတ်ဘူး.... တာအိုဘိုးဘေးက ကောင်းကင်နှစ်ခုနယ်ပယ်ကို ကျော်လွန်သွားပြီထင်တယ်... ဒီကိစ္စကို မေ့ထားလိုက်တာ အကောင်းဆုံးပဲ.....”

တာအိုဘိုးဘေးက ဓားသခင်ကို သူ့ရဲ့ရိုးသားမှုကို ထုတ်ဖော်ခွင့်ပြုမယ်လို့ ပြောခဲ့ပေမယ့် ဓားသခင်ကို မပြောဖို့ဆုံးဖြတ်လိုက်သည်။

ဓားသခင်နှင့်တာအိုဘိုးဘေးတို့ တိုက်ခိုက်ကြမည်ကို အဝါရောင်ဝတ်ဓားသမားက စိုးရိမ်နေသည်။ ဓားတရားရုံးက ဓားသခင်သည် တစ်စုံတစ်ဦးကို ဖိတ်ကြားရန် မိုင်ပေါင်းရာနှင့်ချီ၍ ခရီးနှင်ခြင်းသည် ဓားတရားရုံးအတွက် အရှက်ရစရာဖြစ်နေပြီဖြစ်သည်။

ဓားသခင်က သစ်သားဓားကို ကောက်ကိုင်လိုက်ပြီး... “ကောင်းကင်နှစ်ခုနယ်ပယ်ကို ကျော်သွားပြီလား...သူသာ အတိဒုက္ခကို ဖြတ်ကျော်ပြီး အဆင့်တက်ခဲ့တယ်ဆို ဘာလို့ သတိမထားမိတာလဲ....."

အဝါရောင်ဝတ်ဓားသမားက တုံ့ဆိုင်းနေပြီး ....“သူက အရင်ကတည်းက အဆင့်တက်ခဲ့ပေမယ့် သူ့ရဲ့ခွန်အားကိုပြသဖို့ အတိဒုက္ခကို ဖန်တီးခဲ့တာဖြစ်နိုင်တယ်.... နောက်ဆုံးတော့၊ တကျန်းရဲ့ မြို့တော်မှာ ပြည်တွင်းပြည်ပက အင်အားစုတွေ ရှိသလို လူကောင်း၊ လူဆိုး ရောထွေးနေတယ်......ဓားသခင်...ဘယ်လိုပဲဖြစ်ဖြစ် တာအိုဘိုးဘေးက ကျုပ်တို့ ထိပါးလို့ရမယ့်သူမဟုတ်ဘူး....."

သူသိထားသည်က ကောင်းကင်သုံးခုနယ်ပယ်သည် အင်အားအကြီးမားဆုံး ဖြစ်တည်မှုဖြစ်သည်။

ဓားသခင်က... "ကောင်းကင်သုံးခုနယ်ပယ် ? စိတ်ဝင်စားစရာပဲ... ငါသွားကြည့်ရမယ်။"

“ဓားသခင်…”

အဝါရောင်ဝတ်ဓားသမားက သူ့ကို ဆက်ပြီး စည်းရုံးချင်နေချိန်မှာ သူ့နဖူးရှေ့မှာ သစ်သားဓားတစ်ချောင်း ချိန်ရွယ်ထားသည်ကို တွေ့လိုက်တာကြောင့် ရုတ်တရက် ရပ်တန့်သွားသည်။ ၎င်းသည် သစ်သားဓားတစ်လက်ဖြစ်သော်လည်း ထက်မြက်သော ဓားဆန္ဒက သူ့ကို တစ်ကိုယ်လုံး အေးခဲသွားစေခဲ့သည်။

အခြား ဓားသမားများက သူ့ကို နောက်သို့ အလျင်အမြန် ဆွဲထုတ်သွားကြသည်။

ဓားသခင်သည် ထင်းတစ်ပိုင်းကို ကောက်ယူပြီး ဓားတလက်အဖြစ် ဆက်လက်ထွင်းထုနေကာ... “မင်းတို့သွားလို့ရပြီ...ငါ အဆင့်မတက်နိုင်ဘဲ နဂါးသွေးကြောတိုက်ကြီးကို မသွားဘူး... "

ဒါကိုကြားတော့ ဓားသမားများ သက်ပြင်းတစ်ချက်ချပြီး တယောက်ပြီး တယောက် ထွက်သွားကြသည်။

ကျွန်းပေါ်တွင် ဓားသခင်သာ ကျန်တော့သောအခါ၊ သစ်သားကို လက်ထဲက ချလိုက်ပြီး နဂါးသွေးကြောတိုက်ကြီးဆီသို့ လှည့်ကြည့်လိုက်သည်။ သူ့မျက်လုံးများထဲတွင် နွေးထွေးမှုနှင့် စိတ်လှုပ်ရှားမှု အရိပ်အယောင်ကို ပေါ်လွင်စေသည်။

“ကောင်းကင်သုံးခုနယ်ပယ်.... မင်းက တကယ်ကို ကောင်းကင်သုံးခုနယ်ပယ် ရှိနေမယ်လို့ မျှော်လင့်တယ်.... မဟုတ်ရင် စိတ်ဝင်စားစရာဘယ်ကောင်းတော့မလဲ....."

ထိုသို့ပြောပြီးနောက်ထိုင်ချကာ သူ၏ အစစ်အမှန်ချီ စတင်ဖြန့်ကျက်လိုက်သည်။

.....................

အကန့်သတ်မရှိသော သမုဒ္ဒရာထဲတွင် သင်္ဘောများကို သံကြိုးများဖြင့် ချည်နှောင်ထားသည်။ အလယ်တွင် ပေနှစ်ထောင်နီးပါးရှည်သော ကြီးမားသော သင်္ဘောကြီးတစ်စင်းရှိသည်။ သင်္ဘောပေါ်တွင် အဆောက်အဦများစွာရှိသော မြို့ငယ်လေးတစ်မြို့ရှိနေသည်။

ချန်းယန်က သူ့လက်အောက်ငယ်သားသုံးယောက်နှင့်အတူ ခန်းမထဲသို့ အရှိန်အဟုန်ဖြင့်ဝင်လာခဲ့ပြီး ခန်းမထဲမှာ တရားထိုင်နေသူ တစ်ယောက်သာရှိသည်။ ထိုလူက တခေါင်းလုံးဖြူဖွေးနေပြီး သူ့မျက်လုံးတွေကို ဖုံးထားတဲ့ အဖြူရောင် မျက်ခုံးရှည်နဲ့ လိုက်ဖက်သလိုပင်.....

ချန်းယန် အလေးပြုလိုက်ကာ....

“ပြည်နယ်သခင်... နတ်ဆိုးပုလဲရဲ့ တည်နေရာကို အတည်ပြုပြီးပါပြီ...နတ်ဆိုးပုလဲက ဧတကျန်းကရာဇ် ဒါမှမဟုတ် မြို့တော်ထဲက တာအိုဘိုးဘေးရဲ့ လက်ထဲမှာ ရှိနေနိုင်တယ်.... တကျန်းရဲ့တာအိုဘိုးဘေးက ကောင်းကင်သုံးခုနယ်ပယ်ရောက်နေပြီ.... သူက ဟုန်ယွဲ့ဘိုးဘေး အပါအဝင် ကောင်းကင်နယ်ပယ်ကျွမ်းကျင်သူငါးဦးကိုလည်း သတ်ဖြတ်ခဲ့တယ်. .. "

ဟုန်ယွဲ့ဘိုးဘေးက ကောင်းကင်နှစ်ခုနယ်ပယ်ဖြစ်သည်။

တာအိုဘိုးဘေး အတိဒုက္ခကို ဖြတ်ကျော်ခြင်းသည် ရန်သူများကို ခြိမ်းခြောက်ရန် တမင်တကာ ဟိတ်ဟန်ထုတ်ပြနေသည် ဟုသာ ချန်းယန် ယူဆထားသည်။ နောက်ဆုံးတွင်၊ သိုင်းပညာရှင်တစ်ဦး၏အောင်မြင်မှုသည် ကံကြမ္မာပြောင်းလဲမှုကို မလွဲမသွေဖြစ်ပေါ်စေမည်ဖြစ်သည်။

ပြည်နယ်သခင်ဟုခေါ်သော အဖိုးအိုက..... “ကောင်းကင်သုံးခုနယ်ပယ်....ရှန်းရှန်တုံး ထွက်ပြေးလာတာ အံ့သြစရာမရှိတော့ဘူး.....”

သူက အကြောင်းအရာကိုပြောင်းလိုက်ပြီး.....

"နတ်ဆိုးပုလဲက ငါတ်ို့ရဲ့ မဟာ အကြံအစည်ကြီးကို အကောင်အထည်ဖေါ်ဖိို့ အကန့်အသတ်မဲ့ပင်လယ်မဟာမိတ်အတွက် မရှိမဖြစ်လိုအပ်နေတယ်... တာအိုဘိုးဘေးကို အရင်ဆုံး သတိပေးရမယ်...သူသာ နတ်ဆိုးပုလဲကိုလွှဲပြောင်းပေးပြီး တကျန်းကို စွန့်ခွာချင်တယ်ဆို အကန့်အသတ်မဲ့ပင်လယ်မဟာမိတ်အဖွဲ့က သိုင်းဧကရာဇ်အမှတ်အသားနဲ့ ရှေးဟောင်းသိုင်းကျောက်စာပေးမယ်လို့ ကမ်းလှမ်းလိုက်....."

ချန်းယန် တုန်လှုပ်သွားသည်။

“အရှင်... ရှေးဟောင်းသိုင်းကျောက်စာက သုံးခုပဲရှိတာ.... ခေါင်းဆောင်က ပေးလိုက်ဖို့သဘောတူမှာလား..."

အဘိုးအိုက... “ဒါဆို ကောင်းကင်သုံးခုနယ်ပယ်ကို ဘယ်အရာကများ ဆွဲဆောင်နိုင်မလဲ.... တာအိုဘိုးဘေးက ငါတို့ကို ငြင်းပယ်ရင် အကန့်အသတ်မဲ့ ပင်လယ်မဟာမိတ်က တကျန်းကို တိုက်ဖို့ တန်ကြေးကြီးကြီးမားမားပေးဆပ်ရမယ်....ဒါပေမယ့် ကောင်းကင်သုံးခုနယ်ပယ်ဆိုတာအလွန်ရှားပါးသောကြောင့် ဒီသမုဒ္ဒရာအတွင်းမှာ ခေါင်းဆောင်တစ်ဦးတည်းသာ ဒီနယ်ပယ်ကို ရောက်ရှိနိုင်တာ.... ဒါ့အပြင် ခေါင်းဆောင်ကိုမတွေ့ရတာ နှစ်ပေါင်းရာနဲ့ချီနေပြီ....."

ချန်းယန် အသက်ပြင်းပြင်းရှူပြီး ဒါဟာ ကျိုးကြောင်းဆီလျော်တယ်လို့ ခံစားမိတဲ့အတွက် ဘာမှဆက်မပြောတော့ပေ။

" တုံးဟိုင်မင်းဆက်က အရာရှိကို မင်းဘယ်လိုထင်လဲ"

“သူပြောတာ အကုန်မှန်တယ်.... လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာက လျှို့ဝှက်ဆန်းကြယ်ပြီး အစွမ်းထက်တဲ့ သိုင်းပညာရှင်တွေ သမုဒ္ဒရာထဲသို့ ဆင်းသက်လာပြီး တစ်စုံတစ်ရာကို လိုက်ရှာနေပုံရတယ်...ဒါပေမယ့် တိုက်ကြီးများစွာထဲမှ နဂါးသွေးကြောတွေ ချန်ရစ်ခဲ့ပြီး ပျောက်ကွယ်သွားတယ်.... ငါ့ခန့်မှန်းချက်မှန်ရင် နဂါးသွေးကြောတိုက်ကြီးက အဲဒီနတ်ဆိုးသားရဲရဲ့ အစိတ်အပိုင်းတစ်ခုကိုသာ ဖုံးကွယ်ထားနိူင်တယ်.... နဂါးသွေးကြောပိုင်ဆိုင်တဲ့ အခြားတိုက်ကြီးတွေလည်း ရှိန်ိုင်သေးတယ်..... တခြား ခေါင်းဆောင်တွေနဲ့ ဆွေးနွေးပြီး တခြားတိုက်ကြီးတွေကို အရင်ကြည့်ခိုင်းရမယ်...."

အဖိုးအို၏ ပြောကြားချက်ကြောင့် ချန်ယန်၏ မျက်လုံးများ တောက်ပလာသည်။

သူက စိတ်လှုပ်ရှားစွာဖြင့်....

“အဲဒီနတ်ဆိုးသားရဲအကြောင်း သိပါသလား... အစွမ်းထက်တဲ့ နတ်ဆိုးသားက သူတို့ရဲ့သွေးအဆီအနှစ်ကိုသုံးပြီး သာမန်သက်ရှိသတ္တဝါတွေကို အသွင်ပြောင်းစေနိုင်တယ်ဆို....."

အဘိုးအိုက မသိကြောင်း ခေါင်းခါလိုက်သည်။

"ကောင်းပြီ... ထျန်းဟိုင်က ရဲရွှမ်ကိုသွားရှာပါ...တာအိုဘိုးဘေးက ဟုန်ယွဲ့ဘိုးဘေးကို သတ်ခဲ့တယ်ဆိုတော့ သူအရမ်းစိတ်ဝင်စားနေလိမ့်မယ်... ရဲရွှမ်က တာအို ဘိုးဘေးရဲ့ ခွန်အားကို ဦးစွာစမ်းသပ်ပါစေ.... ရဲရွှမ်လည်း အခုလောက်ဆို ကောင်းကင်သုံးခုနယ်ပယ်ရောက်နေလောက်ပြီ....."

ချန်းယန်က ခေါင်းညိတ်ပြီး လှောင်ပြောင်သောလေသံဖြင့်....

“အဲဒီတုန်းက ရဲရွှမ်က စကြဝဠာ နယ်ပယ်မှာပဲ ရှိနေသေးတယ်...သူက ဟုန်ယွဲ့ဘိုးဘေးကို အနိုင်ယူဖို့ အစွမ်းထက်တဲ့ ရှေးဟောင်းသိုင်းပညာကို အားကိုးခဲ့တယ်.... ဒီကောင်က တကယ်ကို မာနကြီးတယ်....."

အဘိုးကြီးက တခြားဘာမှ မပြောတော့ ချန်းယန် ဦးညွှတ်ပြီး ထွက်သွားခဲ့သည်။

အပြာရောင် ကောင်းကင်အောက်မှာ လှိုင်းလုံးတွေ ကမ်းခြေကို ရိုက်ခတ်နေသည်။

ကျန်းချန်ရှန်း တိမ်တိုက်တစ်ခုပေါ်ကနေ ကမ်းခြေပေါ်သို့ ဆင်းသက်ကာ ပင်လယ်ကမ်းစပ်ဆီသို့ လမ်းလျှောက်လာခဲ့သည်။ သူသည် မျက်ခုံးနှစ်ခုကြားမှ မဟာတာအို မျက်လုံးကိုဖွင့်ကာ သမုဒ္ဒရာရေကို စတင်စုပ်ယူလိုက်သည်။

သမုဒ္ဒရာရေပြင် မြင့်တက်လာပြီး သူ၏မျက်ခုံးကြားရှိ နေရာကို ဖောက်ဝင်ကာ ရေစီးကြောင်းနှင့် ဆန့်ကျင်ဘက်သို့ စီးဆင်းနေသော ရေတံခွန်ငယ်တစ်ခု ဖြစ်ပေါ်လာသည်။

အတော်ကြာပြီးနောက်၊ ကျန်းချန်ရှန်း သည် တာအိုကမ္ဘာတွင် ပင်လယ်ရေများဖြင့် ပြည့်စေခဲ့သည်။

တယအိုကမ္ဘာ့ထဲတွင် သစ်ပင်များစွာကို အစားထိုးစိုက်ပျိုးခဲ့သည်။ တာအို ကမ္ဘာ၏ သုံးပုံတစ်ပုံကို မြေအဖြစ်နှင့် ကျန်သုံးပုံနှစ်ပုံကို ရေအဖြစ် ပိုင်းခြားရန် ဆုံးဖြတ်ခဲ့သည်။ ပြီးသည်နှင့် ပိုင်လုံ၏ ဆန္ဒကို ဖြည့်ဆည်းပေးနိုင်မည်ဖြစ်သည်။

သမုဒ္ဒရာရေကို စုပ်ယူရင်း တာအိုကမ္ဘာ ၏ အနာဂတ်ကို စိတ်ကူးယဉ်ခဲ့သည်။

သူ့ရဲ့ စုပ်ယူမှုနှုန်းက အရမ်းမြန်သည်။ တစ်နာရီလောက်ကြာတော့ တာအိုကမ္ဘာ ထဲမှာ သမုဒ္ဒရာငယ်လေးတစ်ခုပေါ်လာ၏။ အမှန်မှာ၊ ၎င်းကို သမုဒ္ဒရာတစ်ခုနှင့် နှိုင်းယှဉ်၍မရနိုင်သော်လည်း၊ ကုန်းမြေအပြင်ဘက်ရှိ ဧရိယာကို ဖြည့်ရန် လုံလောက်ပါသည်။

သူ့မျက်ခုံးကြားက တာအိုပုံစံက ပျောက်သွားပြီး ကျန်းချန်ရှန်း ထွက်ခွာခါနီးတွင် ရုတ်တရက် တစ်စုံတစ်ခုကို ခံစားလိုက်ရပြီး ပျောက်ကွယ်သွားခဲ့သည်။

သိပ်မကြာခင်မှာပဲ မိုင်ထောင်သောင်းချီဝေးတဲ့ ပင်လယ်ကမ်းစပ်မှာ ပေါ်လာကာ သမုဒ္ဒရာထဲ​ကို ကြည့်၍ တစုံတခုကို စောင့်ဆိုင်းနေတော့သည်။

တခဏအကြာတွင် သမုဒ္ဒရာ၏အဆုံးတွင် ပုံသဏ္ဍာန်တစ်ခုပေါ်လာပြီး လှိုင်းလုံးများပေါ်တက်သွားသည်။

ထိုလူသည် သိုင်းပညာရှင်တစ်ယောက်လို ၀တ်ဆင်ထားသည်။ သူ့ကြည့်ရတာ အသက်လေးဆယ်ကျော် လူလတ်ပိုင်းတစ်ယောက်ဟုထင်ရသည်။ နဖူးတွင် ခြေသည်းရာနှင့်တူသော အမာရွတ် ၃ ရှိနေပြီး ဗျက်ကျယ်သော ဓားရှည်တစ်ချောင်းကို သူ့နောက်ကျောတွင် လွယ်ထားသည်။

ခဏကြာတော့ ထိုသူ ကမ်းခြေကို ရောက်လာသည်။

သူ့အကြည့်တွေက ကျန်းချန်ရှန်း ဆီရောက်သွားပြီး သူ့ကိုချက်ချင်း ကျော်တက်သွားသည်။

လူလတ်ပိုင်းအရွယ် အမျိုးသားက ကျန်းချန်ရှန်းကို အကဲခတ်ကြည့်တော့ အစစ်အမှန်ချီ၏ သဲလွန်စမတွေ့ရဘဲ အလွန်ငယ်ရွယ်သေးတာကို တွေ့လိုက်ရတော့ သာမာန်တာအိုဘုန်းကြီးဟုသာ ထင်လိုက်သည်။

"တခုလောက်မေးပါရစေ... တကျန်းက ဘယ်မှာလဲ"

ကျန်းချန်ရှန်းလှည့်ပြီး ဦးတည်ရာတစ်ခုကို ညွှန်ပြလိုက်သည်။ ထို့နောက် သူသည် စူးစမ်းလိုစိတ်ဖြင့်....

“ ပင်လယ်ထဲ လမ်းလျှောက်လာတာဆိုတော့ ခင်များက ခွန်အားကြီးတဲ့သူပဲ ဖြစ်ရမယ်...ဘာလို့ တကျန်းကိုသွားတာလဲ ....."

လူလတ်ပိုင်းအရွယ်အမျိုးသားက သူ့ကို စိုက်ကြည့်ကာ.....

“ငါ သန်မာတယ်ဆိုတာ သိနေတာတောင် နှောက်ယှက်ချင်နေသေးတာလား...သတိထားနေ... မင်းကို သမုဒ္ဒရာထဲ ပစ်ချလိုက်မယ်...."

"ဒါပေမယ့် ငါ တာအိုဘိုးဘေးကို စိန်ခေါ်မယ်လို့ ပြောပြလည်း ဘာမှဖြစ်မသွားဘူး.... ငါ တာအိုဘိုးဘေးကို အနိုင်ရနိုင်မလား မှန်းကြည့်စမ်း..."

All Chapters