အနှစ်ရာချီအောင်ပွဲခံခြင်း.... ဘယ်တော့မှ ရှုံးနိမ့်မှုကို မမြည်းစမ်းဖူးပေ.......
Vol. 11 Ch. 163
"ခင်ဗျားရဲ့အော်ရာက ထူးခြားတာမို့ တာအိုဘိုးဘေးကို အနိုင်ယူနိုင်မှာပါ.. ပင်လယ်ပြင်မှာ လမ်းလျှောက်လာတဲ့ လူတစ်ယောက်ကို ပထမဆုံးတွေ့ဖူးတာပဲ....”
ထိုစကားကိုကြားသောအခါ လူလတ်ပိုင်းအရွယ်အမျိုးသားက ဟက်ဟက်ပက်ပက် ရယ်လိုက်သည်။
သူက ကျန်းချန်ရှန်း ပုခုံးကို ပုတ်ပြီး...
"ကိုရင်လေး... မင်းရဲ့ စကားတွေ နားထောင်ရတာ တကယ်ကို ကြည်နူးစရာကောင်းတယ်..... ကံမကုန်ရင် ပြန်ဆုံကြတာပေါ့...မကြာခင်. ကမ္ဘာကြီးကို ပြောင်းလဲစေမယ့် ဘေးဆိုးကြီး ကျရောက်တော့မှာမို့လို့ တတ်နိုင်သမျှ ပျော်အောင်နေလိုက်ပါ......”
ထိုစကားနှင့်အတူ သူသည် ကျန်းချန်ရှန်း ညွှန်ပြသည့်လမ်းကြောင်းအတိုင်း ပျံသန်းသွားပြီး မိုးကုတ်စက်ဝိုင်းထဲသို့ လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။
လူသားကမ္ဘာကြီးပေါ် ကျရောက်မည့် ဘေးဆိုးကြီးဆိုတာ ဘာလဲ.....
သို့သော် အဖြေရှာရန် အလျင်မလိုခဲ့ပေ။ မည်သို့ပင်ဆိုစေကာမူ တစ်ဖက်လူက သူ့ကို စိန်ခေါ်ချင်သည်။
လုံချီတောင်သို့ ပြန်ရောက်ပြီးနောက် ကျန်းချန်ရှန်းက ပိုင်လုံကို ခေါ်တွေ့ခဲ့သည ထို့နောက် မဟာတာအိုမျက်လုံးကို ဖွင့်ကာ ပိုင်လုံကို တာအိုကမ္ဘာထဲသို့ စုပ်ယူလိုက်သည်။
လက်ရှိ တာအိုကမ္ဘာသည် သာမန်မင်းဆက်အရွယ်အစားနှင့် ညီမျှသော အချင်းဝက် မိုင် ၄၀,၀၀၀ ရှိသည်။ အချိန်အတော်ကြာ စုဆောင်းပြီးနောက်၊ အတွင်း၌ဝိညာဉ်စွမ်းအင်များ ပေါများလာသည်။
ဤကမ္ဘာတွင် ကျန်းချန်ရှန်း တစ်ဦးတည်းသာ ကျင့်ကြံနိုင်သည်။ ထို့ကြောင့်ကောင်းကင်နှင့်မြေပြင်၏ ကြီးမားသောဝိညာဉ်စွမ်းအင်များက သူ၏ထိန်းချုပ်မှုအောက်တွင်ရှိသည်။ ထို့ကြောင့် အပြင်မှ ဝိညာဉ်စွမ်းအင်ကို စုပ်ယူရန် သူ့အတွက် ပြဿနာမဟုတ်ပေ။
တာအိုကမ္ဘာအတွင်း.....
ကောင်းကင်မှာ တိမ်ပင်လယ်ကြီး စုစည်းနေပြီး ကုန်းမြေပေါ်တွင် စိမ်းလန်းစိုပြေသောသစ်ပင်များတည်ရှိသည်။ ပိုင်လုံ မြေပြင်ပေါ်သို့ ဆင်းသက်ကာ ကျယ်ပြောလှသော ကမ္ဘာကြီးကို လှမ်းကြည့်ရင်း အံ့ဩသွားသည်။
“မင်း အခုကစပြီး ဒီမှာနေရမယ် ဒါပေမယ့် အခုအချိန်အထိ ဒီထဲမှာ မင်းတစ်ကောင်ပဲရှိသေးတယ်.... လိုအပ်ချက်တွေရှိရင် ငါ့ကိုလှမ်းမေးလိုက်...."
ကျန်းချန်ရှန်း၏အသံကိုကြားသောအခါ ပိုင်လုံ ကမန်းကတန်း ခေါင်းညိတ်လိုက်သည်။ ထို့နောက် တောင်တန်းများကို လှည့်ပတ်ကြည့်နေသည်။
ဒီမှာ အရမ်းအဆင်ပြေတယ်.... ဒီလိုမျိုး လေ့ကျင့်ချင်ခဲ့တာ ကြာပြီ.......
ဤတိုက်ကြီးကို ဖန်တီးရန်အတွက် ကျန်းချန်ရှန်းသည် တကျန် မှ မြေဆီလွှာများကို စုပ်ယူရုံသာမက အခြားနေရာများသို့လည်း သွားရောက်ခဲ့သည်။
တာအ်ိုကျင့်စဉ်၏ အဋ္ဌမအဆင့်သို့ ရောက်ကတည်းက တာအိုကမ္ဘာ ကျယ်ပြန့်လာရုံသာမကဘဲ အသွင်ကူးပြောင်းမှုကိုလည်း ကြုံတွေ့ခဲ့ရသည်။ ဤကမ္ဘာကြီးကို ထိန်းသိမ်းထားနိုင်သော မရေမတွက်နိုင်သော စွမ်းအားများရှိနေပြီး ၎င်းတို့က စည်းမျဉ်းများ၏ စွမ်းအားဟု ယုံကြည်ခဲ့သော်လည်း လောလောဆယ် မလေ့လာနိုင်ခဲ့ပေ။
ပိုင်လုံ၏ အငွေ့အသက်များ ပျောက်ကွယ်သွားသည်ကို ခံစားလိုက်ရသဖြင့် ပိုင်ချီက...... “ပိုင်လုံ ဘယ်ရောက်သွားတာလဲ”
ကျန်းချန်ရှန်းက "ငါ သူ့ကို လွှတ်လိုက်ပြီ....."
ပိုင်ချီ အံ့သြသွားသည်။ သူမ၏အမြင်တွင်၊ သူမ၏အဆင့်အတန်းက ပိုင်လုံထက်အဆပေါင်းများစွာနိမ့်ကျသည်။ သူမ တောင်ပေါ်မှ မထွက်ခွာရသေးခင် ကျန်းချန်ရှန်း အဘယ်ကြောင့် ပိုင်လုံကို လွှတ်လိုက်သနည်း။
ကျန်းချန်ရှန်းက မြေဝိညာဉ်သစ်ပင်အောက်မှာ ထိုင်ပြီး..... "ငါမင်းကို နောက်လိုက်တာ.... ပိုင်လုံအကြောင်း မမေးပါနဲ့.... မင်းအတွက် မကောင်းဘူး....."
ပိုင်ချီ ပါးစပ်ကို အလျင်စလို ပိတ်လိုက်သည်။
ဆောင်းဦးနှင့်ဆောင်းရာသီရောက်လာပြီး နှင်းများ အဆက်မပြတ်ကျဆင်းကာ သာယာဝပြောသောမြို့တော်ကို ဖုံးအုပ်ထားသော်လည်း လူ့လောက၏ တောက်ပသောအလင်းရောင်များကို မဖုံးကွယ်နိုင်ပေ။
ခြံဝင်းထဲတွင်.... ကျန်းချန်ရှန်းနှင့် ချန်းလီတို့ စစ်တုရင်ကစားနေသည်။
ဤဘ၀တွင် ချန်းလီသည် အသက်ငါးဆယ့်လေးနှစ်ရှိနေပြီဖြစ်သည်။ သူ၏ယခင်ဘဝနှင့် နှိုင်းယှဉ်ပါက သူသည် ယခုဘ၀တွင် သိုင်းပညာကို ပိုမိုအာရုံစိုက်ခဲ့ပြီး အသက်လေးဆယ်ကျော်ဟုထင်ရအောင်နုပျိုနေသည်။ ယခုအချိန်တွင် သူသည် ရာထူးကြီးမြင့်နေပြီး ဧကရာဇ်၏ယုံကြည်မှုကို ရရှိထားသောကြောင့် ပြည်နယ်သုံးခု၏ ၀န်ကြီးချုပ်တစ်ဦးဖြစ်နေပါပြီ။
ချန်းလီ ရုတ်တရက် မျက်မှောင်ကြုတ်လိုက်သည်။ သူဘယ်လိုခြေလှမ်းလှမ်းနေပါစေ တာအိုဘိုးဘွားက သူ့ရွေ့ကွက်တွေကို မြင်နေသည်။
ချန်းလီ အရှုံးပေးပြီး သက်ပြင်းချလိုက်ကာ.... " မင်းဆက်တစ်ခုလုံးမှာ ထိုက်တန်တဲ့ပြိုင်ဘက်ကို တစ်ခါမှမကြုံဖူးပေမယ့် ဆရာတော်ကို မနိုင်သေးဘူး...."
ကျန်းချန်ရှန်းက “စစ်တုရင်က ဘဝနဲ့တူတယ်....တစ်ခါတလေမှာ နိုင်ချင်ရင်တောင် အနိုင်မရနိုင်ဘူး....”
ချန်းလီ ထိုစကားကို လေးလေးနက်နက် တွေးနေမိသည်။ တံစက်မြိတ်ပေါ်က ဓားနတ်ဘုရားတောင် ဒီစာကြောင်းကို တွေးတောနေသည်။
ကျန်းချန်ရှန်း သူတို့၏ အမူအရာများကို မြင်သောအခါ ငြိမ်သက်စွာ ကြည့်နေသော်လည်း ဝမ်းသာသွားသည်။
" တာအိုဘိုးဘေး ဘယ်မှာလဲ.... ထွက်လာပြီး ငါနဲ့တိုက်ခိုက်..... ငါ မင်းကို မြို့တောင်ဘက် တံခါးမှာ စောင့်နေမယ်!”
ကြွေးကြော်သံသည် ကောင်းကင်ယံတွင် ကျယ်လောင်စွာ ထွက်ပေါ်လာပြီး သစ်ပင်ထိပ်များပေါ်ရှိ နှင်းများ ကြွေကျသွားသည်။
ချန်လီနှင့် ဓားနတ်ဘုရားတို့ စတင် သတိဝင်လာပြီး အိပ်ပျော်နေတဲ့ ပိုင်ချီလည်း နိုးလာသည်။
ကမ်းခြေမှာ တွေ့ဖူးတဲ့ သက်လတ်ပိုင်း အမျိုးသား၏အသံမှန်း သိနေသဖြင့် ကျန်းချန်ရှန်းက “နှေးကွေးလိုက်တာ” ဟု ရေရွတ်လိုက်သည်။
တစ်ချိန်တည်းမှာပင်......လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး မြို့တံခါးဝတွင် ဂုဏ်ယူစွာ ရပ်နေ၏။ အေးစက်နေတဲ့ နှင်းတွေက သူ့ပတ်ဝန်းကျင်မှာ တဖွဲဖွဲကျဆင်းနေသည်။
ထူထပ်သောနှင်းများက သူ့မာနကို မဖုံးကွယ်နိုင်ပေ။
သူ့နောက်ကျောက ဓားထိပ်ဖျား အနည်းငယ်တုန်ခါနေသည်။ ဒီလိုဖြစ်ရတဲ့ အကြောင်းအရင်းကတော့ သူအရမ်းစိတ်လှုပ်ရှားနေတာကြောင့်ပင်......
“နှစ်ရာနဲ့ချီပြီး သမုဒ္ဒရာထဲမှာ ကျင်လည်နေပြီးတဲ့နောက် နောက်ဆုံးတော့ သင့်တော်တဲ့ ပြိုင်ဘက်ကို ရှာတွေ့ခဲ့ပြီ...တာအိုဘိုးဘေး ငါ့ကို စိတ်ပျက်မနေနဲ့......"
လူလတ်ပိုင်းအရွယ်ကမျိုးသားက လုံချီ တောင်ကို စိုက်ကြည့်ရင်း ရယ်မောနေသည်။
မြို့တံတိုင်းပေါ်က စစ်သားတွေက သူ့ကို မတိုက်ခိုက်ရဲဘဲ ထိတ်လန့်တကြား ကြည့်နေကြသည်။
ဝတ်ဖြူတော်အစောင့်တပ်သားများ မြို့၏တံစက်မြိတ်တွင် တယောက်ပြီးတယောက် ပေါ်လာသည်။ သိုင်းပညာရှင် အများအပြား ပြေးထွက်လာပြီး သက်လတ်ပိုင်း အမျိုးသားကို စိတ်လှုပ်ရှားစွာ ကြည့်နေကြသည်။
ဤလူသည် တာအိုဘိုးဘေးကို စိန်ခေါ်ရန် ကြေငြာခဲ့သည်။ စစ်သည်များနှင့် ဝတ်ဖြူတော်အစောင့်များက သူ့ကို မတားရဲကြပေ။ ဤသည်မှာ ဧကရာဇ်မင်းမြတ်၏ အမိန့်တော်ဖြစ်သည်။
အံ့သြဖွယ်ကံကြမ္မာ ကုန်သည်ကြီးများအသင်းမှ ကျန့်ယင်းလည်း သူ့အိမ်မှ ထွက်လာခဲ့သည်။ သူသည် မြို့တော်သို့ ရက်အနည်းငယ်အကြာက ပြန်လာခဲ့ပြီး တာအိုဘိုးဘေးကို စိန်ခေါ်မည့်သူနှင့် ကြုံတွေ့ရမည်ဟု မမျှော်လင့်ထားပေ။
တပည့်တစ်စုနှင့်အတူ မြို့တောင်ဘက် တံခါးနားဆီရောက်သွားခဲ့ပြီး သူ့အမူအရာ သိသိသာသာ ပြောင်းလဲသွားသည်။
တပည့်တစ်ယောက်က “ခေါင်းဆောင်... သူ့ကို သိလား”
ကျန့်ယင်း အသက်ပြင်းပြင်းရှူပြီး ....
"အဲဒီလူနာမည်က ဝူစုန့်..... သူ့နောက်ခံက လျှို့ဝှက်ဆန်းကြယ်တယ်....နှစ်တွေကြာလာတာနဲ့အမျှ သူဟာ သမုဒ္ဒရာရဲ့ အဓိကနေရာတွေကို ဖြတ်ကျော်ခဲ့တယ်.... ထျန်းဟိုင်ကတောင် သူ့ကို စိန်ခေါ်ဖူးပေမယ့် သူ့ပြိုင်ဘက်မဟုတ်ခဲ့ဘူး.....”
သူသည် တကျန်းနှင့် ထျန်းဟိုင်ကြားတွင် တစ်နှစ်ပတ်လုံး ခရီးထွက်သောကြောင့် အချက်အလက်များစွာကို သိသည်။
တပည့်တစ်ယောက်က “မဟာမိတ်ခေါင်းဆောင်ရဲရွှမ်ကိုလည်း အနိုင်ယူခဲ့သလား”
ကျန့်ယင်းက ခေါင်းခါပြီး.." မသိဘူး... အဲဒီတုန်းက မဟာမိတ်ခေါင်းဆောင်ရဲရွှမ်က တံခါးပိတ်ကျင့်ကြံနေတာမို့ သူ့ဘယ်မှာရှိတယ်ဆိုတာ ဘယ်သူမှ မသိကြဘူး......”
တစ်ချိန်တည်းမှာပင် သိုင်းပညာရှင်များက ဝူစုန့် ၏ဇာစ်မြစ်ကို ဆွေးနွေးရန် ပြေးလာကြသည်။
ဝူစုန့် စိတ်ရှည်သည်းခံစောင့်ဆိုင်းရင်း သူ့စိတ်လှုပ်ရှားမှုကို ထိန်းထားရန် အစွမ်းကုန်ကြိုးစားခဲ့သည်။
များမကြာမီမှာပင် လူတစ်ယောက် တောင်ဘက် တံခါးဝသို့ ဆင်းသက်လာသည်။
ကျန်းချန်ရှန်းသည် အဖြူရောင်ဝတ်ရုံကို ၀တ်ထားပြီး ချီလင်သားမြီးယပ်ကို သူ့လက်ထဲတွင် ကိုင်ထားသည်။
ဝူစုန့် သူ့မျက်နှာကို ရှင်းရှင်းလင်းလင်းမြင်ပြီးနောက် ချက်ချင်းပင် အံ့အားသင့်သွားခဲ့သည်။ သူက မျက်မှောင်ကြုတ်ပြီး
“မင်းက တာအိုဘိုးဘေးလား...”
ကျန်းချန်ရှန်းက.... "ငါက တာအိုဘိုးဘေးမဟုတ်လို့ ဘယ်သူဖြစ်ရမှာလဲ....."
"မင်းငါ့ကိုလိမ်နေတာလား!"
"ငါ မင်းကို ဘာလို့လိမ်ရမှာလဲ"
“မင်း…”
ဝူဆောင်း ဆို့နင့်သွားသည်။ သေသေချာချာပြန်တွေးကြည့်တော့ ကျန်းချန်ရှန်း သူ့ကို မလိမ်ခဲ့ပေ။
သူပေးခဲ့တဲ့ လမ်းညွှန်ချက်တွေကလည်း မှန်ကန်နေသည်။
သူက..... “ တာအိုဘိုးဘေး.... ငါ့ကိုယ်ငါ မိတ်ဆက်ပါရစေ... ငါ့နာမည် ဝူစုန့်..... ငါက ဓားပညာကို အနှစ်သုံးရာ လေ့လာပြီး အနှစ်တစ်ရာ တိုက်ပွဲဝင်ခဲ့တာတောင် ရှုံးနိမ့်မှုကို တစ်ခါမျှ မမြည်းစမ်းခဲ့ဖူးဘူး.... မင်း ကောင်းကင်နယ်ပယ်ကျွမ်းကျင်ပညာရှင်ငါးဦးကို လုပ်ကြံသတ်ဖြတ်လိုက်ကြောင်း ကြားထားတာမို့ ဒီနေ့ မင်းငါ့ကိုအနိုင်ယူနိုင်မယ်လို့ ငါမျှော်လင့်တယ်!"
ကျန်းချန်ရှန်းသည် ဝူစုန့်၏ခွန်အားကိုတွက်ချက်ရန် စနစ်ကိုမေးမြန်းခဲ့သည်။ထိုသူက အမွှေးတိုင်ပေါင်း 600,000 ခန့်တန်ကြေးရှိနေသည အနီးနားရှိ သမုဒ္ဒရာ ဧရိယာတွင် မည်သူမျှ သူ့ကို မနှိုင်းယှဥ်နိုင်သောကြောင့် အမှန်ပင် ဂုဏ်ယူနိုင်ပေသည်။
ကျန်းချန်ရှန်းက ပြုံးပြီး "ကောင်းပြီ၊ မင်းကျေနပ်အောင် ငါကြိုးစားပါ့မယ်"
ထိုစကားဖြင့် မြို့တော်ကို မထိခိုက်စေရန် ကောင်းကင်ပေါ် ပျံတက်သွားကြသည်။
သူတို့နှစ်ဦးသည် ကောင်းကင်သို့ ပျံသန်းကာ ကြီးမားကျယ်ပြန့်သော သမုဒ္ဒရာထဲသို့ ပျောက်ကွယ်သွားကြသည်။ မြင့်မားသောနယ်ပယ်ရှိသော သိုင်းပညာရှင်အနည်းငယ်မှလွဲ၍ အခြားမည်သူမျှ သူတို့ကို မမြင်နိုင်ပေ။
ဝုန်းးးးးးးးး
ကောင်းကင်မှာ နှင်းတွေ ပြန့်ကျဲနေပြီး စက်ဝိုင်းလို ဖြူဖွေးနေတဲ့ မြူမှုန်တွေ ဖြစ်ပေါ်လာကာ ကြီးကျယ်ခမ်းနားသော မြင်ကွင်းဖြစ်ခဲ့သည်။
ဝူစုန့်က သူ့ညာလက်ကို မြှောက်လိုက်ပြီး သူ့နောက်က ဓားရှည်ကို ဆွဲထုတ်၍
ရက်စက်စွာ ပြုံးပြပြီး ကျန်းချန်ရှန်းကို မစိုက်ကြည့်နေသည်။
ကျန်းချန်ရှန်းကို ဗဟိုပြု၍ တခဏချင်းတွင် ဆေဘာချီ မီးတောက်များ အရပ်ရပ်မှ ပေါ်လာသည်။
တုံ့ပြန်သည့်အနေနှင့် ကျန်းချန်ရှန်းက သားမြီးယပ်ကို ဝှေ့ယမ်းကာ ဆေဘာချီ အစုအဝေးကို အလွယ်တကူ ပြန့်ကျဲစေခဲ့သည်။
ထိုအချိန်တွင် ဝူစုန့် သူ့ခေါင်းထက်တွင် ရုတ်တရက် ပေါ်လာသည်။ ဓားကို လက်နှစ်ဘက်ဖြင့် ကိုင်ကာ ဒေါသတကြီး ခုတ်ပိုင်းလိုက်သည်။ ဓားအလင်း မြို့တော်အနှံ့ လင်းထိန်သွားကာ မရေမတွက်နိုင်သော လူများ မျက်စိကျိန်းကုန်သည်။
ကျန်းချန်ရှန်းက သူ့ထက် ပိုမြန်သည်။ သူသည် ညာခြေကို မြှောက်ကာ ဝူစုန့်၏ ရင်ဘတ်ကို ကန်ထုတ်လိုက်သည်။
ဝူစုန့် နာကျင်ပေမယ့် ပိုလို့တောင် စိတ်လှုပ်ရှားလာသည်။
ကျန်းချန်ရှန်း သူ့ဆီသို့ ပျံသန်းသွားသော်လည်း အနည်းငယ်ထိတ်လန့်ခြင်းမရှိပေ။ သူသည် ဓားသွားကို လက်နှစ်ဘက်ဖြင့် မြှောက်လိုက်ကာ သူ၏အစစ်အမှန်ချီများက တဟုန်းဟုန်းတောက်လောင်နေသော မီးတောက်များကဲ့သို့ ပေါက်ကွဲသွားသည်။
အနီးနားက တောင်တန်းတွေဆီ ဘုန်းကြီးနှစ်ပါး ကြွချီလာသည်။ သူတို့သည် ဘုန်းတော်ကြီးကျာရဲနှင့်ကျူကျွယ်တို့ဖြစ်ကြသည်။
ကျူကျွယ် မျက်လုံးပြူးပြီး "ဆရာ၊ ဒီလူကစကြဝဠာနယ်ပယ်လား..?"
“သူက စကြဝဠာနယ်ပယ် ကျွမ်းကျင်သူထက် အများကြီး သန်မာတယ်.... ပိုမြင့်တဲ့နယ်ပယ်ရောက်နေပြီ......”
သူ့မျက်နှာက ဖြူဖျော့နေသဖြင့် ဒဏ်ရာ မသက်သာသေးကြောင်း ထင်ရှားနေသည်။
ဆရာတပည့်နှစ်ယောက် ဝူစုန့်ကို စိုက်ကြည့်နေသည်။ ဘုန်းတော် ကျာရဲ၏ အကြည့်များက မနာလိုမှုများနှင့် ပြည့်နှက်နေပြီး ကျူကျွယ်ကတော့ စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသည်။
ဝူစုန့် ပတ်ဝန်းကျင်တွင် မီးတောက်ရှစ်ခု ပြည့်လျှံနေပြီး ကျန်းချန်ရှန်းကို မျက်နှာမူကာ မောက်မာစွာ ပြုံးလိုက်သည်။ သူ့ဓားဖြင့် ခုတ်ပိုင်းလိုက်သည်နှင့် မီးတောက်ရှစ်ခုကလည်း တူညီစွာလှုပ်ရှားနေသည်။
ဆေဘာချီများက ပြင်းထန်သော မီးတောက်များနှင့် ရောနှောကာ အလွန်လျင်မြန်သော အရှိန်ဖြင့် တောင်များကို ဖြတ်ကျော်က လေလှိုင်းများကို ချန်ထားခဲ့ကြသည်။
ဝုန်းးးးဝုန်းးးးဝုန်းးးးးးး
ဆေဘာချီသည် ကျန်းချန်ရှန်းနှင့် တိုက်မိသော်လည်း ထိခိုက်မှုတစ်စုံတစ်ရာမရှိဘဲ ချက်ချင်းပင် ပျောက်ကွယ်သွားခဲ့သည်။
နောက်ဆုံး ဆေဘာချီကို ဖြန့်ကျက်လိုက်သောအခါ၊ ဝူစုန့် သူ့ရှေ့သို့ ရောက်လာပြီး သူ့ဓားကို အမြန်ဝှေ့ယမ်းလိုက်သည်။ မီးတောက်ရှစ်ခုကပါ လိုက်လာပြီး ကျန်းချန်ရှန်းကို ဝိုင်းရံထားသည်။
သူတို့၏ လှုပ်ရှားမှု နည်းစနစ်များက အလွန်လျင်မြန်နေသည်။
ကောင်းကင်နှင့် မြေကြီး တုန်ခါပြီး ဖုန်မှုန့်များ လွင့်ပျံနေ၏။
ဘုန်းတော်ကြီးကျာရဲ၏ အမူအရာ သိသိသာသာ ပြောင်းလဲသွားကာ ကျူကျွယ်ကို ဆွဲ၍ အမြန် ရှောင်ထွက်သွားသည်။
ဝူစုန့်က သူ့ဓားကို အရူးတစ်ယောက်လိုဝှေ့ယမ်းနေပေမယ့် သူ့အမူအရာ မကြာခင်မှာ ပြောင်းလဲသွားခဲ့သည်။
သူမည်ကဲ့သို့ တိုက်ခိုက်နေပါစေ ကျန်းချန်ရှန်း၏ဝိညာဉ်အကာအကွယ်ကို မဖြတ်ကျော်နိုင်ပေ။
မကြုံစဖူးသော စွမ်းအားမဲ့ခြင်း ခံစားချက်တစ်ခု သူ့နှလုံးသားထဲတွင် တိုးဝင်လာသည်။
ဒါ ဘယ်လို ဖြစ်နိုင်မှာလဲ...
သူ့ဓားချက်ကို မည်သို့ခုခံထားသနည်း...
တစ်ချိန်က သူသည် ကောင်းကင်သုံးခုနယ်ပယ်ပညာရှင်တစ်ယောက်ကို ဆရယအဖြစ် အသိအမှတ်ပြုခဲ့ဖူးသည်။ ဒါပေမယ့် သူ့ရဲ့ဆေဘာချီက ဆရာသခင်ကို ဒဏ်ရာရစေခဲ့တဲ့အခါ ဆရာ ပြောင်းလဲသင့်မှန်းနားလည်လိုက်သည်။ ထို့ကြောင့် ကျန်းချန်ရှန်းက ကောင်းကင်သုံးခုနယ်ပယ်ကျွမ်းကျင်သူဖြစ်နိုင်သည်ဟု သူမှန်းဆထားသည်။ တကယ်တော့ သူ့စိတ်ထဲမှာ မျှော်လင့်ချက်များနှင့် ပြည့်နေခဲ့သည်။
သူသည် ကောင်းကင်သုံးခုနယ်ပယ် ကျွမ်းကျင်သူတစ်ဦးကို အမှန်တကယ် တိုက်ခိုက်ခဲ့ဖူးခြင်းမရှိပေ။
ကျန်းချန်ရှန်းကလည်း ဝူစုန့်၏ ဆေဘာချီကို ခံစားလိုက်ရသည်။ တကယ့်ကို အစွမ်းထက်ပေသည်။
အဲဒါကို အဆုံးသတ်ဖို့ အချိန်တန်ပြီ....
ကျန်းချန်ရှန်း၏အကြည့်များ အေးစက်သွားကာ ဝူစုန့်ကို ထိတ်လန့်စေခဲ့သည်။ပြင်းထန်သော အကြပ်အတည်းတစ်ခုကြောင့် သူ့နှလုံးသားကို နစ်မြုပ်သွားစေသည်..