နတ်ဆိုးမျိုးနွယ်၏ အမြင့်မြတ်ဆုံးသောသားရဲ..... လူသားမျိုးနွယ်၏ဘေးအန္တရာယ်....
Vol. 11 Ch. 164
တစ်ချက်ကြည့်လိုက်ရုံနဲ့ ကျန်းချန်ရှန်း ရုတ်တရက်ပျံသန်းလာပြီး ဝူစုန့် ရဲ့ရင်ဘတ်ကို ကန်လိုက်သည်။ သူ့လှုပ်ရှားမှုတွေ အရမ်းမြန်တာကြောင့် ဝူစုန့်အချိန်မှီ မတုံ့ပြန်နိုင်တော့ပေ။
ကျန်းချန်ရှန်းက ဝူစုန့်ကို နင်းပြီး ကောင်းကင်ကနေ ဆင်းသက်ကာ တောင်အောက်က တောအုပ်ထဲကို ပြုတ်ကျစေခဲ့သည်။
“အားးးးး"..
ဝူစုန့် မြေပြင်ပေါ်သို့ လဲကျသွားပြီး သူ၏ အမြင်အာရုံ သွေးနီရောင်ပြောင်းသွားသည်။ အလွန်ကြောက်စရာကောင်းတဲ့ နာကျင်မှုက သူ့ခန္ဓာကိုယ်အနှံ့ ပျံ့နှံနေပြီး ပါးစပ်ထဲက သွေးတွေ အဆက်မပြတ် ထွက်ကျနေ၏။
သူ သေရတော့မယ်…
ဝူစုန့်၏ စိတ်ထဲမှာ ထိုအတွေးတစ်ခုသာ ရှိနေသည်။ ဒီလောက်မြန်မြန်ကျရှုံးမည်ဟု မမျှော်လင့်ထားပေ။
"သူတကယ်ပဲ ကောင်းကင်သုံးခုနယ်ပယ်ဟုတ်ရဲ့လား...."
ဝူစုန့် စိတ်ပျက်လက်ပျက် တွေးလိုက်မိသည်။ ထိုအချိန်တွင် သူ၏ခန္ဓာကိုယ်ထဲသို့ နွေးထွေးသော စွမ်းအားတစ်ခု တိုးဝင်လာပြီး နာကျင်မှုသက်သာသွားသည်။
ခက်ခက်ခဲခဲ မျက်လုံးဖွင့်ကြည့်လိုက်တော့ မြင့်မားပြီး အားကြီးတဲ့ရုပ်သွင်ကို မြင်လိုက်ရ၏။
တာအိုဘိုးဘေး........
ကျန်းချန်ရှန်းက ဝူစုန့်ကို အေးစက်စွာ ငုံ့ကြည့်လိုက်သည်။ သူ့အကြည့်တွေက မြေပြင်ပေါ်က ပုရွက်ဆိတ်တစ်ကောင်ကို ကြည့်နေသလို၊ ဝူစုန့်၏ နှလုံးသားကို နက်နက်နဲနဲစူးရှစေသည်။
သမုဒ္ဒရာ ဘယ်နှစ်စင်း ဖြတ်ကျော်ပြီး ဘယ်တိုက်ကြီး ဘယ်နှစ်တိုက် ဖြတ်သန်းခဲ့ရသလဲ.....ဒီလို ကြေကွဲဖွယ်ရာ ရှုံးနိမ့်မှုမျိုး တစ်ခါမှ မကြုံဖူးဘူး......
ကျန်းချန်ရှန်းက သူ့ကို ငုံ့ကြည့်ပြီး "မင်းပြောခဲ့တဲ့ ကပ်ဘေးအကြောင်း အသေးစိတ် ပြောပြပေးနိုင်မလား?"
ဝူစုန့် အံ့သြသွားသည်။ တစ်ဖက်လူက ဒီလိုစကားမျိုးပြောမည်ဟု မမျှော်လင့်ထားပေ။ သို့သော် ရှင်သန်ရန်အတွက် ခက်ခက်ခဲခဲ ခေါင်းညိတ်ရုံသာ တတ်နိုင်ခဲ့သည်။ မကြာခင်မှာပဲ သူ့ကို ကျန်းချန်ရှန်းက သယ်ဆောင်ပြီး လုံချီတောင်ဆီကို ပျံသန်းခဲ့သည်။
တောင်တံခါးကနေ မြောက်တံခါးအထိ မြို့တော်ကို ဖြတ်သန်းသွားသဖြင့် ကျာရဲ နှင့်ကျူကျွယ်တို့က ဝူစုန့်ကိုမြို့သို့ပြန်သယ်သွားသည်ကိုတွေ့လိုက်ရသည်။
ကျူကျွယ်က စိတ်လှုပ်ရှားစွာနဲ့ "ဆရာတော်....တာအိုဘိုးဘေး တကယ်ပဲ အနိုင်ရခဲ့တာလား..."
ကျာရဲက မဖြေဘဲ ဆိတ်ဆိတ်နေ၏။
သူ့နှလုံးသား ကမောက်ကမ ဖြစ်နေဆဲပင်....
တာအိုဘိုးဘေး မည်မျှ တန်ခိုးကြီးသနည်း။
သူ ရုတ်တရက် တစ်ခုခုကို သဘောပေါက်သွားခဲ့သည်။ယခုအချိန်အထိ တာအိုဘိုးဘေး၏နယ််ပယ်ကို မည်သူမျှ မသိခဲ့ကြပေ။ သူတို့အားလုံးက သူ့ရဲ့အောင်မြင်မှုတွေကို အခြေခံပြီး မှန်းဆခဲ့ကြသည်။
ကောင်းကင်နှစ်ခုနယ်ပယ်ကျွမ်းကျင်သူကို အနိုင်ယူခဲ့သော တာအိုဘိုးဘေးသည် ကောင်းကင်သုံးခုနယ်ပယ်တွင် အမှန်တကယ်ရှိမည်မဟုတ်ပေ။
သူ့အကြောင်းတွေ များများတွေးလေ ပိုကြောက်လာလေပင်....သူသည် ထိုအကြောင်းကို မတွေးဘဲ အစွမ်းကုန်ကြိုးစားပြီး ကျူကျွယ်နှင့် မြို့တော်သို့ အပြေးသွားခဲ့သည်။
မြို့သူမြို့သားများနှင့် သိုင်းပညာရှင်များသည် မည်သူအနိုင်ရသည်ကို စောင့်မျှော်နေကြသည်။ ကျန်းချန်ရှန်း သလက်ထဲတွင် လူတစ်ယောက်နှင့် မြို့တော်ကို ဖြတ်ကျော်ပျံသန်းနေသည်ကို တွေ့လိုက်သောအခါ တစ်မြို့လုံး ရွှင်မြူးနေကြသည
ကျန့်ယင်းလည်း မျက်လုံးပြူးသွားသည်။
ကျန်းချန်ရှန်း အနိုင်ရမည်မှန်း သိနေသည်။ ကျန်းချန်ရှန်းသည် ကောင်းကင်သုံးခုနယ်ပယ်တွင်ရှိနေသော်လည်း ဤမျှ မြန်မြန်ဆန်ဆန် အနိုင်ရမည်ဟု မမျှော်လင့်ထားပေ။
တာအိုဘိုးဘေးက ဘယ်နယ်ပယ်မှာလဲ.....
ကျန်းချန်ရှန်း ခြံဝင်းဆီသို့ အမြန်ပြန်ပြေးသွားပြီး ဝူစုန့်ကို မြေပြင်ပေါ်သို့ ပစ်ချလိုက်သည်။ သူ့လက်ကို ဝှေ့ယမ်းပြီး ဆေးပုလင်းကို ဝူစုန့်၏ပါးစပ်ထဲသို့ ဆေးလုံးများကို တိုက်ရိုက်လောင်းထည့်လိုက်သည်။
ဝူစုန့် တစ်ဆို့နေပြီး ပြင်းထန်စွာ ချောင်းဆိုးသော်လည်း အနည်းငယ်မျှ မညည်းညူဝံ့ပေ။
ဓားနတ်ဘုရားက တံစက်မြိတ်ကနေ ခုန်ဆင်းပြီး..... “ သူက ဘယ်နယ်ပယ်မှာရှိလဲ”
ဝူစုန့် သူ့ထက် အဆမတန် တန်ခိုးကြီးသည်ဟု ခံစားနေရသည်။
ဓားနတ်ဘုရားက သက်ပြင်းချလိုက်မိသည်။
သူသည် သူ၏တိုက်ခိုက်ရေးစွမ်းအားက တူညီသောနယ်ပယ်များထဲတွင် အကောင်းဆုံးဟု အမြဲထင်နေခဲ့သော်လည်း ဝူစုန့်၏ အော်ရာက သူ့ကို ထိတ်လန့်စေခဲ့သည်။
ချန်းလီ လမ်းလျှောက်လာပြီး ဝူစုန့်ကို အကဲခတ်နေသည်။
“သက်သာလာရင် လူသားမျိုးနွယ်ရဲ့ကပ်ဘေးအကြောင်းပြောပြ.... လိမ်ညာမယ်ဆို အသက်ဆက်ရှင်ဖို့ မစဉ်းစားနဲ့တော့......"
ကျန်းချန်ရှန်းပြောသည့် ကပ်ဘေး ဟူသောစကားလုံးများက ချန်းလီ၊ ဓားနတ်ဘုရားနှင့် ပိုင်ချီတို့၏ စိတ်ဝင်စားမှုကို ဆွဲဆောင်ခဲ့သည်။
ဝူစုန့်က အသက်ပြင်းပြင်းရှူပြီး.... “ကျုပ်ပြောခဲ့တဲ့ ကပ်ဘေးက ကမ္ဘာတစ်ဝှမ်းမှာ ဖြစ်ပေါ်နေတဲ့ ကပ်ဘေးကြီးပါ..... အဆုံးမရှိတဲ့သမုဒ္ဒရာက ဝေးလံခေါင်သီတာကြောင့် မင်းတို့ ဒီအကြောင်းမသိတာ မထူးဆန်းတော့ဘူး... သမုဒ္ဒရာအတွင်းက အင်အားစုအနည်းငယ်ကသာ ဒီအကြောင်းကို သိကြတယ်.... လူသားတွေနဲ့ နတ်ဆိုးသားရဲတွေကြားမှာ စစ်ပွဲစတင်နေပြီ......"
ပိုင်ချီက... “နတ်ဆိုးတွေက လူသားတွေနဲ့ တကယ်ယှဉ်ပြိုင်နိုင်သလား..."
ဝူစုန့်က မျက်လုံးပြူးပြီး.... “ဟုတ်တယ်.... ဒီနားက နတ်ဆိုးသားရဲတွေက အားနည်းနေကြလို့ပါ....ကုန်းမြေပေါ်က နတ်ဆိုးသားရဲတွေ အားနည်းရခြင်း အကြောင်းရင်းက ယခင် မြင့်မြတ်တဲ့ မင်းဆက်ကြောင့်ပဲ... အတိတ်ကာလတွင်မှာ မြင့်မြတ်တဲ့မင်းဆက်က တိုက်ကြီးအသီးသီးမှာ နတ်ဆိုးသားရဲတွေကို ဖိနှိပ်ပြီး သမုဒ္ဒရာကို တည်ငြိမ်ဖို့ သန်မာတဲ့ စစ်သည်တော်များစွာကို စေလွှတ်ခဲ့တယ်.....”
“ဒါပေမယ့် ကမ္ဘာကြီးက အလွန်ကျယ်ပြောတာကြောင့် တန်ခိုးကြီးမားတဲ့ မြင့်မြတ်တဲ့မင်းဆက်တောင် ကမ္ဘာကြီး ဘယ်လောက်ကျယ်ဝန်းမှန်း မသိခဲ့ကြဘူး...... လွန်ခဲ့တဲ့ အနှစ်တစ်ရာက မြင့်မြတ်တဲ့နတ်ဆိုးသားရဲသခင်အသစ် နတ်ဆိုးမျိုးနွယ်မှာ မွေးဖွားခဲ့ပြီး ကမ္ဘာပေါ်က နတ်ဆိုးသားရဲအားလုံးကို စုဆောင်းခဲ့တယ်.... တောရိုင်းတိရစ္ဆာန်များစွာကိုလည်း သူ့ဆီအမှုထမ်းဖို့ စုရုံးခဲ့သေးတယ်...ဒီအကျပ်အတည်းနဲ့ရင်ဆိုင်ရတဲ့အခါ မြင့်မြတ်တဲ့မင်းဆက် နှစ်ပေါင်းများစွာ ရုန်းကန်နေရတယ်.... အနှစ်နှစ်ဆယ်အကြာမှာ မြင့်မြတ်တဲ့မင်းဆက် ကျရှုံးသွားန်ိုင်တယ်.... အဲ့အခါကျရင် နတ်ဆိုးသားရဲကပ်ဘေးဆိုးကြီး သမုဒ္ဒရာကို လွှမ်းမိုးသွားမှာ.... ဘယ်လူသားမှ ခံနိုင်ရည်ရှိမှာမဟုတ်ဘူး.....ဒါကို လူ့လောကအတွက် ကပ်ဘေးကြီးလို့ မထင်ဘူးလား"
ချန်းလီနှင့်ဓားနတ်ဘုရားတို့ ထိတ်လန့်သွားပြီး ပိုင်ချီ အနည်းငယ် အံ့သြသွားသည်။ သို့သော်လည်း သူသည် မိမိကိုယ်ကို ချုပ်တည်းရန် အတတ်နိုင်ဆုံး ကြိုးစားခဲ့ပြီး အခြားသူများ၏ အပြုအမူများကို လျှို့ဝှက်စွာ စောင့်ကြည့်ခဲ့သည်။
ကျန်းချန်ရှန်းက စိတ်ထဲကနေ "သူပြောခဲ့တဲ့ အမြင့်ဆုံးနတ်ဆိုးက ဘယ်လောက်တောင် တန်ခိုးကြီးသလဲ"
[တွက်ချက်၍မရပါ၊ စနစ်၏သိထားသောအကွာအဝေးအတွင်းမဟုတ်ပါ]
ကျန်းချန်ရှန်း မျက်မှောင်ကြုတ်လိုက်သည်။
“မင်းပြောတဲ့အတိုင်းဆို နတ်ဆိုးတွေ ငါတို့နဂါးသွေးကြောတိုက်ကြီးကိုရောက်ဖို့ ဘယ်လောက်ကြာမလဲ....."
ဝူစုန့်က သက်ပြင်းချလိုက်ပြီး "ငါမသိဘူး၊ ဒါပေမယ့် လူတွေက အာကာသကျောက်တုံးတွေကို ထိန်းချုပ်ထားပြီး နတ်ဆိုးသားရဲတွေလည်း လုပ်နိုင်တယ်"
ချန်းလီက.... "မြင့်မြတ်တဲ့မင်းဆက် မကျရှုံးရင် လူသားမျိုးနွယ် မပျက်စီးတော့ဘူးပေါ့......"
ဝူစုန့်က "သူတို့တွေ သေကျေပျက်စီးဖို့က ဖြစ်နိုင်ချေပိုများတယ်... ဒဏ္ဍာရီတွေမှာ ဒီလိုဘေးဆိုးတွေ ကြုံရတာ ဒါပထမဆုံးအကြိမ်မဟုတ်သလို လက်ရှိ မြင့်မြတ်တဲ့မင်းဆက်ကလည်း ပထမဆုံးမြင့်မြတ်တဲ့ မင်းဆက် မဟုတ်ဘူး....ကမ္ဘာပေါ်မှာ အခြားသော မြင့်မြတ်တဲ့ မင်းဆက်တွေ ရှိကောင်းရှိနိုင်တယ်...ဒါမှမဟုတ် လူသားမျိုးနွယ် အားနည်းလာတဲ့အခါ ရှေးယခင်က သိုင်းဧကရာဇ်လိုမျိုး ထင်ရှားပေါ်လွင်ထင်ရှားတဲ့ သိုင်းပညာရှင် အာဇာနည်တွေ စုစည်းပြီး မင်းဆက်အသစ်တခုတည်ဆောက်နိုင်မှာပါ....."
ချန်းလီက မေးခွန်းတွေ ထပ်မေးခဲ့သည်။ဝူစုန့် အနည်းငယ် စိတ်မရှည်သော်လည်း ကျန်းချန်ရှန်းကြောင့် စိတ်ရှည်စွာ ဖြေရန်မှတပါး ရွေးချယ်စရာမရှိပေ။
ဝူစုန့်၏အဆိုအရ၊ ဤသမုဒ္ဒရာဧရိယာတွင် တိုက်ကြီး ခုနစ်ဆယ့်နှစ်တိုက်ရှိပြီး နဂါးသွေးကြောတိုက်ကြီးကို ဝေးကွာသောတိုက်ကြီးဟု သတ်မှတ်သည်။
ကျန်းချန်ရှန်း နားထောင်နေစဉ်တွင် တစ်ခုခုလွဲနေပြီဟု ခံစားလိုက်ရသည်။ ရှေးဟောင်းနတ်ဘုရားတိုက်ကြီးသည် မြင့်မြတ်သောမင်းဆက်နှင့် အနီးစပ်ဆုံးဖြစ်ကြောင်း တွေ့ရှိခဲ့သည်။
ဒါဆို မုလင်းလော့က နတ်ဆိုးသားရဲကပ်ဘေးကို ရင်ဆိုင်ရမည့် ပထမဆုံးလူများထဲမှ ဖြစ်မည်ဟု ဆိုလိုခြင်းမဟုတ်လော။
"ရှေးဟောင်းနတ်ဘုရားတိုက်ကြီးက သူတော်စင် စံအိမ်အကြောင်း မင်းကြားဖူးလား......."
ဝူစုန့်က သူ့ကို လေးလေးနက်နက် ကြည့်ပြီး ...." တာအိုဘိုးဘေးက မျှော်လင့်ထားတဲ့အတိုင်း အစွမ်းထက်တာပဲ....ကျုပ် ရှေးဟောင်းနတ်ဘုရားတိုက်ကြီးကို မရောက်ဖူးပေမယ့် သူတော်စင်စံအိမ် အကြောင်းကို ကြားဖူးတယ်.... သူတော်စင်စံအိမ်က မြင့်မြတ်တဲ့ မင်းဆက်က တည်ထောင်ထားတဲ့ သိုင်းပညာတပ်ဖွဲ့တစ်ခုပါ.... ဒါမျိုး တပ်ဖွဲ့တွေ ကမ္ဘာအနှံ့ ပြန့်ကျဲနေပြီး မြင့်မြတ်တဲ့ မင်းဆက်အတွက် အထူးဂုဏ်ယူစရာတပ်သားတွေကို စုဆောင်းနေတယ်...."
ကျန်းချန်ရှန်း၏နှလုံးသား နစ်မြုပ်သွားသည်။ မုလင်းလော့ကို ရှေးဟောင်းနတ်ဘုရားတိုက်ကြီးမှ တတ်နိုင်သမျှ အမြန်ဆုံး ထွက်ခွာခိုင်းရတော့မည်။
ချန်းလီက.. "အဲဒီမင်းဆက်ကို မြင့်မြတ်တဲ့ မင်းဆက်အဖြစ် တိုးမြှင့်ခဲ့တာလား..... သူတို့က သေချာပေါက် ရှေ့တိုးဖို့ တစ်ခုခု လုပ်ခဲ့တယ် မဟုတ်လား.....”
ဝူစုန့်က သူ့ကို တစ်ချက်ကြည့်လိုက်ပြီး..... “မှန်ပါတယ်.... တကျန်းကို မြင့်မြတ်တဲ့မင်းဆက်ဖြစ်စေချင်တာလား..... မဖြစ်နိုင်ဘူး! လုံးဝမဖြစ်နိုင်ဘူး! ရှေးခေတ်ကတည်းက သမုဒ္ဒရာထဲမှာ မြင့်မြတ်တဲ့မင်းဆက်ဆိုတာ တစ်ခါမှ မရှိခဲ့ဘူး”
ဝူစုန့်က မျက်လုံးကို မှိတ်လိုက်ပြီး..... "ငါဘယ်လိုသိမလဲ...ငါက ကမ္ဘာအနှံ့ ခရီးသွားပြီး တစ်သက်လုံး လေလွင့်နေခဲ့တဲ့သူမို့ ကံကြမ္မာမင်းဆက်ရဲ့ တိုးတက်မှုဖြစ်စဉ်ကို စိတ်မဝင်စားဘူး... ”
ချန်းလီ သူ့ကို ဂရုမစိုက်တော့ဘဲ ကျန်းချန်ရှန်းကို ဦးညွှတ်ပြီး အမြန်ထွက်သွားခဲ့သည်။
ကျန်းချန်ရှန်းက ဝူစုန့်ကို စိုက်ကြည့်ရင်း “နတ်ဆိုးကပ်ဘေးက နဂါးသွေးကြောတိုက်ကြီးကို ဘယ်အချိန်မှာ အကျိုးသက်ရောက်မယ်လို့ ထင်လဲ”
ဝူစုန့်က ခဏလောက်စဉ်းစားပြီး.... “အနည်းဆုံး အနှစ်ငါးဆယ် ဒါမှမဟုတ် အနှစ်တစ်ရာလောက် ကြာလိမ့်မယ်။ ငါပြောခဲ့တဲ့ ပထမဆုံး နတ်ဆိုးကပ်ဘေးက နတ်ဆိုးမင်းဆက်ရဲ့ ကာကွယ်ရေးစည်းကို ဖြတ်ကျော်ပြီးတာနဲ့ ကမ္ဘာပေါ်က နတ်ဆိုးတွေအားလုံး စိတ်လှုပ်ရှားစေမှာ သေချာတယ်....အဲ့အခါကျရင် နဂါးသွေးကြောတိုက်ကြီးက နတ်ဆိုးသားရဲတွေ စိတ်ဖောက်ပြန်ပြီး လူသားမင်းဆက်များကို တိုက်ခိုက်လိမ့်မယ်.... နတ်ဆိုးသတွေက အလွန်မှော်ဆန်တာကြောင့် စွမ်းအားတဲ့သော နတ်ဆိုးသားရဲတွေရဲ့ အလိုဆန္ဒကို သိရှိနိုင်တယ်....”
ကျန်းချန်ရှန်းက ရုတ်တရက် "ဓားနတ်ဘုရား၊ ပိုင်ချီ...မျက်လုံးတွေကို မှိတ်ထား"
လူသားနှင့် ဝံပုလွေတို့ အံ့သြနေကြသော်လည်း မျက်လုံးများကိုမှိတ်ထားလိုက်သည်။ကျန်းချန်ရှန်းက ပုံရိပ်ယောင်နတ်မျက်စိကို ချက်ချင်းအသုံးပြုခဲ့သည်။ ဝူစုန့် သူ့ကိုကြည့်ကာ ချက်ခြင်းပင် ငိုက်ကျသွားသည်။
သူက ခုနက မေးထားတဲ့ မေးခွန်းကို ထပ်ခါထပ်ခါ ပြန်မေးခဲ့သည်။ ဝူစုန့် က တကယ်ကို ရိုးသားပြီး မလိမ်ညာခဲ့ပေ။
ထို့အတွက်ကြောင့် ကျန်းချန်ရှန်း သူ့အပေါ် အထင်ကြီးလေးစားသဖြင့် သူ့အတွက် ခက်ခဲသောအရာများကို မပြုလုပ်ခဲ့ပေ။ အခန်းထဲက စုတ်တံ၊ မှင်နဲ့ စာရွက်ကို ထုတ်ပြီး ဝူစုန့်ရဲ့ အပြင်းထန်ဆုံး သိုင်းပညာများကို ချရေးခိုင်းခဲ့သည်။
ဓားနတ်ဘုရား တိတ်တဆိတ် တုန်လှုပ်နေသော်လည်း မျက်လုံး မဖွင့်ရဲပေ။
ပိုင်ချီကတော့ ဒါကို ကျင့်သားရနေပြီဖြစ်သည်။
ဝူစုန့်၏ရေးသားမှု အလွန်လျင်မြန်သော်လည်း စာရေးခြင်းပြီးဆုံးရန် အချိန်အတော်ကြာခဲ့သည်။
ကျန်းချန်ရှန်းက စုတ်တံ၊ မှင်နှင့် စာရွက်ကို အခန်းထဲသို့ ပြန်ရွှေ့ပြီး ပုံရိပ်ယောင်နတ်မျက်စိကို ရုတ်သိမ်းလိုက်သည်။
ဝူစုန့်၏ မျက်လုံးများ ကြည်လင်လာပြီး ကျန်းချန်ရှန်းကို ကြည့်လိုက်သည်.
"မင်းပြန်ကောင်းလာတဲ့အခါ တောင်ပေါ်ကဆင်းလို့ရတယ်......"
ဓားနတ်ဘုရားနဲ့ ပိုင်ချီ က မျက်လုံးဖွင့်လိုက်တော့ ဝူစုန့် အဆင်ပြေနေတာကိုမြင်ပြီး သူတို့ဘာမှပြန်မပြောရဲတော့ပေ။
"ကျေးဇူးတင်ပါတယ်စီနီယာ!"
ဝူစုန် အံ့သြသွားပြီး သူ၏ ဒဏ်ရာကို ကုသရန်အတွက် သူ၏အစစ်အမှန်ချီကို ဆက်လက် ဖြန့်ဝေခဲ့သည်။
ကျန်းချန်ရှန်း အချိန်ကို တွက်ချက်နေသည်။
တကျန်းသည် အနာဂတ်တွင် ဖြစ်ပွားမည့် နတ်ဆိုးသားရဲကပ်ဘေးကို ကိုင်တွယ်ဖြေရှင်းနိုင်ရန် တိုက်ကြီးအား ပေါင်းစည်းရန် အချိန်မှီလုပ်ဆောင်ရတော့မည်။
ချန်းလီ အကြောင်းကြားပြီးဖြစ်သောကြောင့် ဧကရာဇ်ရွှမ်ထျန်းထံ အသံပို့ခြင်းမပြုခဲ့ပေ။
[ရွှမ်ထျန်းခေါတ်၏ 10 နှစ်တွင်၊ ကမ္ဘာလှည့်ခရီးနှင်နေသော ဝူစုန့်သည် သင့်အား စိန်ခေါ်ရန် ရောက်လာခဲ့သည်။ သင်သည် သူ၏စိန်ခေါ်မှုမှ အောင်မြင်စွာ လွတ်မြောက်ခဲ့ပြီး ရှင်သန်ခြင်းဆုလာဘ်အဖြစ် ရွှေရောင်အကြေးခွံကျောက်စိမ်းသစ်ရွက် ခြောက်ရွက်ရရှိသည်]
ကောင်းကင်နှစ်ခုနယ််ပယ်က အမှန်တကယ်ပင် ခြားနားပါသည်။ ဝူစုန့်ကို တိုက်ခိုက်ခြင်းဖြင့်၊ စနစ်က နောက်ထပ် ကျောက်စိမ်းသစ်ရွက် ခြောက်ရွက်ပေးခဲ့သည်။
တစ်ခြားဘက်တွင်မူ
မျှော်လင့်ထားသည့်အတိုင်း ဧကရာဇ်ရွှမ်ထျန်း ထိုအကြောင်းကို သိပြီးနောက် ကြောက်ရွံ့ထိတ်လန့်စွာ ဖြူဖျော့သွားခဲ့သည်။
အနှစ်တစ်ရာကျော် အသက်မရှင်ရသေးသော်လည်း တကျန်းဆီသို့ ကပ်ဘေးကြီးရောက်လာတော့မည်......
"မြင့်မြတ်တဲ့မင်းဆက်ကို ထူထောင်ဖို့ မင်းရဲ့သခင် တခုခုချန်ထားခဲ့သလား"
ချန်းလီ၏ဆရာသခင်က ဟန်ထျန်းကျီဖြစ်သည်။ သူသည် တကျန်းကို ကံကြမ္မာမင်းဆက် ဖြစ်လာစေရန်အတွက်များစွာ အထောက်အကူ ပြုခဲ့သော်လည် သိုင်းပညာ စွမ်းရည် ချို့တဲ့ခဲ့သည်။ သူသည် အစစ်အမှန်နတ်ဘုရားနယ်ပယ်ကို မကျော်ဖြတ်နိုင်သဖြင့် သက်တမ်းကုန်ဆုံးပြီး ကွယ်လွန်သွားခဲ့သည်။ သူ့အဆိုအရ ကံကောင်းခြင်းတွေကို စေ့စေ့စပ်စပ်နားလည်သူသည် ဧကရာဇ်မင်းတစ်ပါးနှင့် အတူတူပင်... အဆင့်တက်နိုင်ခဲ့လျှင်တောင် သိုင်းပညာရှင်တစ်ယောက်လောက် သက်တမ်းရှည်မည်မဟုတ်ပေ။
ချန်းလီက ခေါင်းညိတ်ပြီး ...." ရှိပါတယ်... ဒါပေမယ့် အချိန်ယူရလိမ့်မယ်..... အမှန်တော့၊ တကျန်းက မြင့်မြတ်တဲ့မင်းဆက်အဖြစ် တက်လှမ်းဖို့ လုံလောက်တဲ့ အရည်အချင်းရှိပေမယ့် ကံတရားအတွက် အချိန်ယူရလိမ့်မယ်....."
ဧကရာဇ်ရွှမ်ထျန်းက ပြတင်းပေါက်အပြင်ဘက်သို့ ကြည့်ကာ "စစ်ပွဲစတင်ဖို့အချိန်တန်ပြီ" ဟု ပြောခဲ့သည်။
"ဒါက တကျန်းအတွက် အခွင့်အရေးတစ်ခုလည်း ဖြစ်နိုင်တယ်......"
နောက်နေ့မနက်တွင်
ဝူစုန့် ထွက်ခွာရန် ပြင်ဆင်ခဲ့သည်။ ကျန်းချန်ရှန်း သူ့ကို မသတ်ခဲ့တဲ့အတွက် ကျေးဇူးတင်နေမိသည်။ သူ မသွားခင်မှာ..... “တာအိုဘိုးဘေး...မင်း တကျန်းကို ကာကွယ်နေတာလို့ ငါကြားတယ်.....မင်းမှာ တကျန်းအတွက် လေးနက်တဲ့ ခံစားချက်တွေ ရှိနေတာကို တွေ့နိုင်ပေမယ့် တကျန်း နဲ့ အမြန်ဆုံး ဆက်ဆံရေးဖြတ်သင့်ပြီ.... ကမ္ဘာပေါ်က သန်မာတဲ့ သိုင်းပညာရှင်တိုင်း မြင့်မြတ်တဲ့မင်းဆက်နဲ့ ပူးပေါင်းတာ..ဒါမှမဟုတ် ဝေးရာကို ထွက်သွားကြပြီ...တကျန်းက မင်းကို ဆွဲချလိမ့်မယ်"
ကျန်းချန်ရှန်း မျက်လုံးမှိတ်ထားပြီး အဖြေမပေးခဲ့ပေ။
ဝူစုန့် ဒါကိုမြင်တော့ သူဘာမှပြန်မပြောဘဲ တောင်ပေါ်ကနေ အမြန်ထွက်သွားခဲ့သည်။