← Chapters

နန်းကြည်၏ သရုပ်မှန်

Vol. 53 Ch. 786

နန်းကြည်၏ သရုပ်မှန်

Vol. 53 Ch. 786

ဆူဇီမိုတို့ အုပ်စုသည် လောလောဆယ်အတွက်တော့ ပဟေဠိနန်းတော်၏ ခန်းမအတွင်းမှာ စတည်းချနေထိုင်လိုက်ကြ၏။

လူတိုင်းသည် ဒဏ်ရာ အပြင်းအထန်ရရှိထားကြပြီး ကံကောင်းထောက်မစွာဖြင့် ရှောင်းနင်ပေးသော ဆေးလုံးများကိုစား၍ ရက်အတန်ကြာ အနားယူပြီးနောက် သူတို့၏ အခြေအနေက အတော်လေး ကောင်းမွန်လာ၏။ သူတို့က အပြည့်အဝ ပြန်လည်ကောင်းမွန်ဖို့ဆိုရင် အချိန်တစ်လ ဝန်းကျင်လောက်တော့ ယူရပေလိမ့်မည်။

ဆူဇီမို၏ ခန္ဓာကိုယ်သည် ယက္ခမျိုးနွယ်၏ ထက်ရှသော ချိန်းကြိုးဆူးများဖြင့် ထိုးဖောက်ခံခဲ့ရပြီး သူ၏ ညာဘက်လက်သည် နတ်ဘုရားမျိုးနွယ်ခေါင်းဆောင်ကြောင့် သွင်သွင်ကျိုးသွားခဲ့၏။

တိုက်ပွဲများကို ဆက်တိုက်ဆင်နွှဲပြီးနောက် သူ၏ သက်လုံအားက ကုန်ခမ်းသလောက် ဖြစ်သွားခဲ့၏။ သို့သော်လည်း အများစုကို ပြန်လည်ဖြည့်တင်းဖို့အတွက် သူက ရက်အနည်းငယ်သာ အချိန်ယူခဲ့ရလေသည်။ ထက်ရှသော ချိန်းကြိုးဆူးများကြောင့် ရရှိခဲ့သော ဒဏ်ရာများသည်လည်း အတော်လေး သက်သာပျောက်ကင်းလာပြီဖြစ်ပြီး အနာဖေးများပင် ဖြစ်ပေါ်လာခဲ့ပြီဖြစ်၏။

သူ၏ သွင်သွင်ကျိုးသွားခဲ့သော ညာဘက်လက်ကလည်း တစ်ဖန်ပြန်၍ ဆက်သွားလေပြီ။

နောက်ထပ် ရက်အနည်းငယ် ကြာပြီးလျှင် သူက ယခင်အတိုင်း အကောင်းပကတိ ပြန်ဖြစ်သွားပေလိမ့်မည်။

သူ၏ ဆဲလ်အသစ် ပြန်လည်ပေါက်ဖွားနှုန်းသည် နိုးထဝိညာဉ်များပင် မယှဉ်နိုင်သော တစ်စုံတစ်ရာဖြစ်လေသည်။

“ညဝိညာဉ်က တစ်ခုခုဖြစ်နေတာ များလား”

ညဝိညာဉ်သည် ကျန်ရှိနေသော ယက္ခများနောက်သို့ ပြေးလိုက်သွားပြီးနောက် အခုအချိန်ထိ ပြန်ရောက်မလာသေးပေ။ ချင်ချင်က စိုးရိမ်ပူပန်စွာဖြင့် မေးလိုက်၏။

“မပူနဲ့ သူအဆင်ပြေတယ်”

ဆူဇီမိုက ညင်သာစွာပြုံးလိုက်၏။

ရှေးဟောင်းတိုက်ပွဲမြေထဲတွင် ညဝိညာဉ်ကို ထိခိုက်အောင်လုပ်နိုင်သည့် အရာက မရှိလောက်တော့ပေ။

ထွက်ပြေးလွတ်မြောက်သွားသော ယက္ခများသည် ၁၀ယောက်ပင် မရှိသော်လည်း သူတို့သည် ဘက်ပေါင်းစုံသို့ ထွက်ပြေးသွားသည့်အတွက် သူတို့ အားလုံးကို ကုန်စင်အောင် သုတ်သင်ဖို့ ဆိုသည်မှာ အားထုတ်မှုအချို့တော့ ယူရပေလိမ့်မည်။

ညဝိညာဉ်နှင့် ယက္ခခေါင်းဆောင်၏ နောက်ဆုံးတိုက်ခဲ့သော မြင်ကွင်းသည် ဆူဇီမို၏ စိတ်အာရုံထဲမှာ ဖျတ်ကနဲ ပေါ်လာပြီး သူက အတွေးနက်သွား၏။

ယက္ခခေါင်းဆောင်သည် သူ၏ နောက်ဆုံးအခိုက်အတန့်မှာ တစ်စုံတစ်ရာကို ရှာဖွေတွေ့ရှိသွားပုံရပြီး သူက အဲ့ဒါကို ပြောဖို့ ကြိုးစားခဲ့သော်လည်း ညဝိညာဉ်၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရ၏။

ညဝိညာဉ်၏ လျှို့ဝှက်ချက်က ဘာများဖြစ်မလဲ။

သူက ယက္ခမျိုးနွယ်နဲ့ တစ်နည်းတစ်ဖုံ ပတ်သတ်နေတာများလား။

ရုတ်တရတ် ဆူဇီမို၏ ရင်က လှုပ်ခတ်သွားပြီး သူက ခေါင်းထောင်ကြည့်လိုက်၏။

တံခါးအပြင်ဘက်ကနေ ပုံရိပ်တစ်ခုသည် တိုးတိတ်စွာဖြင့် လှမ်းဝင်လာ၏။ အဲ့ဒါကတော့ ရက်အတန်ကြာ ပျောက်နေခဲ့သော ညဝိညာဉ်ပင် ဖြစ်လေသည်။

ညဝိညာဉ်က ပင်ပန်းနွမ်းနယ်၍ မောပန်းနေပုံရ၏။

ကြည့်ရသည်မှာ သူက ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း လုံးဝ အနားမယူခဲ့ရပုံပင်။

“အကုန်လုံး အဆင်ပြေခဲ့ရဲ့လား”

ဆူဇီမိုက လှမ်းမေးလိုက်၏။

ညဝိညာဉ်က ခေါင်းညိတ်ပြ၏။ သူက ဆူဇီမို၏ မျက်လုံးကို ကြည့်ပြီးနောက် ထိုသူ၏ အကြည့်ကို ရှောင်လွှဲလိုက်၏။ သူက တစ်ခုခုကို ပြောဖို့ ကြိုးစားချင်နေသော်လည်း အဲ့ဒါကို ပြန်လည်ချုပ်တည်းထားလိုက်၏။

သူ၏ ရင်ထဲမှာ တွေဝေရှုပ်ထွေးနေ၏။

ညီအကိုများအကြား ရိုးသားမှုကို ထားရှိရမည်ဖြစ်သော်လည်း သူ၏ လျှို့ဝှက်ချက်က အရမ်းကို တုန်လှုပ်စရာ ကောင်းလွန်း၏။ သူက အဲ့ဒါကို ထုတ်ဖော်မိလျှင် ဘာတွေပြောင်းလဲသွားမလဲ မပြောတတ်ပေ။

ဆူဇီမိုသည် ညဝိညာဉ်၏ စိတ်ကို ဖတ်မိလိုက်ပြီး သူက သက်တောင့်သက်သာ ပြုံးပြကာ ထိုသူ၏ ပခုံးကို ပုတ်လိုက်၏။

“ငါတို့ ညီအကိုတွေကြားမှာ ဘာမှ အားနာနေစရာ မရှိဘူး မင်းစိတ်ထဲမှာ အကျပ်တွေ့နေရင် မင်းအဆင်သင့် ဖြစ်မှပဲ ငါတို့ အဲ့အကြောင်းကို ထပ်ပြောကြတာပေါ့”

“အင်း”

ညဝိညာဉ်က ဝန်ထုပ်ဝန်ပိုးတစ်ခု လျော့ကျသွားသလို ခံစားလိုက်ရ၏။

မျောက်၊ စိတ်ဝိညာဉ်ကျား နှင့် အခြားသူများကလည်း စိုးရိမ်ပူပန်သော အမူအရာဖြင့် စုဝေးလာကြ၏။

သို့သော်လည်း သူတို့အားလုံးသည် အလိုအလျောက် နားလည်မှုယူကာ သူ၏ လျှို့ဝှက်ချက်ကို မေးမြန်းမနေကြပေ။

“သခင်လေး”

ထိုအချိန်မှာပင် နန်းကြည်သည် ဆူဇီမို၏ ဘေးဘက်သို့ ရောက်ရှိနေခဲ့ပြီး သူ့ကို ရိုကျိုးစွာဖြင့် ဦးညွတ်လိုက်၏။

ဆူဇီမိုက သူ၏ အင်္ကျီလက်စကို လှုပ်ခါပြီး သူမကို မတ်တပ်ရပ်နိုင်ရန် ကူညီပေးကာ ပြုံးပြလိုက်၏။

“မင်းက ဆန်းကြယ်တောင်ထွတ်ကို ဝင်ရောက်ခဲ့ပြီးပြီဆိုတော့ ငါတို့က ဂိုဏ်းတူ မောင်နှမတွေလို့ ပြောလို့ရတယ်.. အဲ့လိုမျိုး တခမ်းတနား ပုံစံ ပြုမူနေစရာ မလိုတော့ဘူး”

နန်းကြည်က သူမ၏ ခေါင်းကို အပြာကယာ ခါပြပြီး တည်တံ့သော အမူအရာဖြင့် ပြောလိုက်၏။

“မရဘူး…. အဲ့လိုလုပ်လို့ မရဘူး ကျွန်မက ဆန်းကြယ်တောင်ထွတ်ကို ဝင်ခဲ့ပြီးပြီဆိုရင်တောင် ရှင်က ကျွန်မရဲ့ ကျေးဇူးရှင် သခင်လေး ဖြစ်နေတုန်းပဲ”

သူမက ခဏမျှ ရပ်တန့်ပြီးနောက် သူမ၏ မျက်လုံးများက တဖျပ်ဖျပ် ခတ်သွား၏။ သူမ၏ နှုတ်ခမ်းကို စုဝိုင်းပြီး အနည်းငယ် ရှက်ရွံ့နေဟန်ဖြင့် ဆက်ပြောလိုက်၏၊

“နောက်ပြီး ကျွန်မက ရှင့်ရဲ့ အိမ်ဖော် အစေခံမလေးပဲလေ.. ကျွန်မအတွက် အခုလိုပုံစံနဲ့ နှုတ်ဆက်တာက ပုံမှန်ပါပဲ”

ဟိုယခင်က နဂါးမျိုးနွယ်၏ လိုက်လံရှာဖွေခြင်းကို ရှောင်ရှားဖို့အတွက် ဆူဇီမိုသည် မဟာကျိုးမြို့တော် ထဲတွင် ပုန်းကွယ်နေခဲ့ရ၏။ အဲ့ဒီ့မှာ သူသည် မိုစိတ်ဝိညာဉ် ပန်းပဲရုံကို တည်ထောင်ခဲ့ပြီး နန်းကြည်ကို မွေးစားစောင့်ရှောက်ခဲ့၏။

သူမသည် မိုစိတ်ဝိညာဉ် ပန်းပဲရုံမှာ ၂နှစ်ကျော်ကြာအောင် နေထိုင်ခဲ့ပြီး ထိုအတောအတွင်း သူမသည် ဆူဇီမိုအတွက် အိမ်မှုကိစ္စ ဝေယျာဝစ္စများကို ဆောင်ရွက်ပေးပြီး အိမ်ဖော်အစေခံ တစ်ယောက်အဖြစ် နေထိုင်ခဲ့၏။

ထိုအကြောင်းကို သိသည့်လူက များများစားစား မရှိပဲ မျောက်နှင့် တခြားလူများသည် တုန်လှုပ်အံ့အားသင့်သွားကြ၏။

စိတ်ဝိညာဉ်ကျားက ထောင့်တစ်နေရာမှာ ရပ်ပြီး တစ်စုံတစ်ရာကို အတွေးပေါက်သွားသည့်အလား ဆူဇီမိုကို မျက်စိမှိတ်ပြပြီး ကြောင်တိကြောင်တောင်ဖြင့် ရယ်ပြလိုက်၏။

မြေခွေးလေးက သူမ၏ လက်သီးကို အနည်းငယ်ဆုပ်ပြီး စိုးရိမ်ပူပန်သော အမူအရာဖြင့် နန်းကြည်ကို ကြည့်လိုက်၏။ သူမ၏ ခန္ဓာကိုယ်က တောင့်တင်းနေပြီး သူမ၏ မျက်လုံးအနက်ပိုင်းထဲတွင် ရန်လိုမှု တစ်စွန်းတစ်စပင်လျှင် ရှိနေ၏။ မွှေးရနံ့ တစ်ခုက လွှမ်းခြုံလာ၏။

နတ်ဆိုးမကျိသည် သနားစဖွယ် အမူအရာဖြင့် ဆူဇီမို၏ ဘေးနားသို့ တိုးကပ်လာ၏။

“ရှင့်ဘေးမှာ ထားဖို့ နောက်ထပ် အိမ်ဖော်အစေခံလေးတွေ ထပ်လိုသေးလား ကျွန်မသိချင်လို့ သခင်လေးဆူ အလိုရှိမယ်ဆိုရင် ကျွန်မလည်း အိမ်ဖော်အစေခံတစ်ယောက် လုပ်ချင်တယ်”

“တော်စမ်းပါ နင်က ဘာဖြစ်ချင်နေတာလဲ” ဆူဇီမိုက မျက်လုံးစွေကြည့်ပြီး တုံးတုံးတိတိ ပြန်ပြောလိုက်၏။

နတ်ဆိုးမကျိက သူ့ကို ကျီဆယ်နေခြင်းဖြစ်ကြောင်း သူက ပြောနိုင်လေသည်။

“ကျွန်မ စိတ်မကောင်းပါဘူး သခင်လေး”

နန်းကြည်က သူ၏ အင်္ကျီအနားစကို လက်ဖြင့်စိတ်ပြီး ခေါင်းကိုငုံ့ကာ တိုးတိတ်စွာဖြင့် ပြောလိုက်၏။

“ကျွန်မက အမှန်အတိုင်း မပြောပဲနဲ့ ကျွန်မရဲ့ သရုပ်မှန်ကို ဖုံးကွယ်ထားခဲ့မိတယ်”

မဟာကျိုးမြို့တော်မှာတုန်းက ဆူဇီမိုသည် နန်းကြည်၏ နောက်ခံကို မေးမြန်းခဲ့ဘူး၏။

သူမသည် သူမ၏ မိဘများက ကွယ်လွန်သွားခဲ့ပြီး အိုးမဲ့အိမ်မဲ့ တစ်ယောက် ဖြစ်သည်ဟုသာ ပြောခဲ့၍ အခြားမည်သည့် အရာကိုမှ ထပ်မပြောခဲ့ပေ။ ဆူဇီမိုကလည်း သူမကို ထပ်၍ မေးမြန်ခြင်း မရှိခဲ့ပေ။

ဆူဇီမိုက လက်ကာပြလိုက်၏။

“မင်းရဲ့ သရုပ်မှန်က တစ်မူထူးခြားနေမှတော့ မင်းက အဲ့ဒါကို ဖုံးကွယ်ထားတာ ဖြစ်သင့်ပါတယ်”

“သူမ၏ သရုပ်မှန်က ဘာလဲ”

ရှစ်ကျန့်က တွေဝေရှုပ်ထွေးနေသော အမူရာဖြင့် ဖက်တီးလေးကိုကြည့်ပြီး မေးလိုက်၏။

“မင်းက ငတုံးကျန့်ဖြစ်နေရတာ အံ့ဩစရာ မဟုတ်တော့ဘူးပဲ.. မင်းကရူးသွပ်နေတာလား ဒါမှမဟုတ် ဘာလားပဲ”

ဖက်တီးလေးက သူ့နဖူးကိုယ်သူ လက်ဝါးဖြင့်ရိုက်ပြီး ရေရွတ်လိုက်၏။

လူတိုင်းသည် အဲ့ဒါကို ထုတ်ဖော်ပြောခြင်း မရှိသော်လည်း သူတို့သည် လိမ္မာပါးနပ်ကာ အကြမ်းဖျင်းကို ခန့်မှန်းမိခဲ့ကြ၏။

နတ်ဘုရားမျိုးနွယ်မှ လူ ၇ ယောက်သာလျှင် ရောက်ရှိလာခဲ့ကြသော်လည်း သူတို့သည် အစကတည်းက နန်းကြည်ကို သတ်ဖြတ်ရမည့်အစား သူမကို အသက်ရှင်လျှက် ဖမ်းဆီးထား၏။

သူမက ပြေပြစ်ချောမွေ့သော အသားအရည်၊ ကြော့ရှင်းလှပသော သွင်ပြင်တို့နှင့်အတူ အလွန်တရာ ချောမောလှပလေသည်။ တစ်ချက်ကြည့်မိရုံနှင့်ပင် သူမကို ကြည့်မိသူတိုင်းက အံ့အားသင့်သွားနိုင်၏။

သို့သော်လည်း တကယ့်ပြဿနာမှာ နန်းကြည်ကို နတ်ဘုရားမျိုးနွယ်သက်ရှိ ၇ယောက်နှင့် နှိုင်းယှဉ်ကြည့်သော အခါမှ ထွက်ပေါ်လာခြင်း ဖြစ်လေသည်။

သူမ၏ ရုပ်ရည်သွင်ပြင်က သူတို့နှင့် အရမ်းကို ဆင်တူနေ၏။

တစ်ခုတည်းသော ကွာခြားချက်မှာ နတ်ဘုရားမျိုးနွယ်သည် ရေတံခွန်ကဲ့သို့ ဖြန့်ချထားသော ရွှေရောင်ဆံပင်များကို ပိုင်ဆိုင်ပြီး နန်းကြည်၏ ဆံပင်များကတော့ အဝါရောင်ဖြစ်၍ ညှိုးခြောက်နေလေသည်။

သို့သော်လည်း ထိုကွာခြားချက်က တကယ်ပင် မရှိကြောင်း ဆူဇီမိုက သိထား၏။

ယခင်က ဆန်းကြယ်တောင်ထွတ်တိုက်ပွဲမှာတုန်းက နန်းကြည်သည် သေရေးရှင်ရေး အခြေအနေသို့ တွန်းပို့ခံခဲ့ရပြီး သူမ၏ ကိုယ်တွင်းမှ လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားတစ်မျိုးက နိုးထလာခဲ့၏။ သူမ၏ တိုက်ခိုက်ရည် ခွန်အားက ပေါက်ကွဲထွက်ပေါ်လာခဲ့ပြီး အစက ညှိုးခြောက်၍ အဝါရောင်ဖြစ်သော သူမ၏ ဆံပင်ကလည်း နူးညံ့ပျော့ပျောင်းသွားခဲ့၏။

အဲ့ဒီမှာ မေးခွန်းများစွာကို ဖြေရှင်းနိုင်သော အချက်တစ်ချက်သာလျှင် ရှိ၏။

နန်းကြည်သည် စိတ်ဝိညာဉ်ရင်းမြစ် မရှိပဲနှင့်တောင် ကျင့်ကြံနိုင်ခဲ့၏။ ဒါ့အပြင် သူမ၏ ကျင့်ကြံမှု အမြန်နှုန်းသည် ကြောက်ခမန်းလိလိဖြစ်ပြီး သူမသည် အလွန်ကြီးမားသော ခွန်အားကို အလိုအလျှောက် ပိုင်ဆိုင်ထား၏။

သူမသည် နှစ်၂၀ ကျော် ကြာပြီးတာတောင် ယခင်က ပုံစံအတိုင်း မိန်းမပျိုလေး တစ်ယောက်အဖြစ် ရှိနေဆဲဖြစ်၏။

အဘယ်ကြောင့်ဆိုသော် သူမသည် သူမ၏ ကိုယ်ထဲမှာ နတ်ဘုရားမျိုးနွယ်၏ မျိုးဆက်သွေးကို သယ်ဆောင်ထားသောကြောင့် ဖြစ်လေသည်။

နတ်ဘုရားမျိုးနွယ်သည် အလွန်ရှည်လျားသော ဘဝသက်တမ်း တစ်ခုကို ပိုင်ဆိုင်ထားကြ၏။

နတ်ဘုရားမျိုးနွယ်၏ ရှည်လျားသော ဘဝသက်တမ်းမှာဆိုလျှင် နှစ်၂၀ က ဘာမှ မပြောပလောက်ပေ။ ထို့ကြောင့်ပင် သူမက များစွာ ပြောင်းလဲမလာခဲ့ခြင်း ဖြစ်လေသည်။

ညဝိညာဉ်သည် နန်းကြည်ကို ပထမဆုံးတွေ့စဉ်က သူသည် တစ်စုံတစ်ရာကို ရှာဖွေတွေ့ရှိသွားသည့်အလား နန်းကြည်၏ ဘေးမှာ တစ်မူထူးခြားစွာ လှည့်ပတ်၍ နမ်းရှုံ့နေခဲ့၏။

ပြန်လည်စဉ်းစားကြည့်လျှင် ညဝိညာဉ်သည် ထိုအချိန်က ကလေးတစ်ယောက် အရွယ်သာ ဖြစ်သော်လည်း သူက နန်းကြည်ထံမှ နတ်ဘုရားမျိုးနွယ်၏ အော်ရာကို အနံခံမိနေပုံရ၏။

နန်းကြည်၏ အကြည့်က မှိန်ဖျော့သွားပြီး သူမက တိုးတိတ်စွာဖြင့် ပြောလိုက်၏။

“ဒါပေမယ့်လို့ ကျွန်မ သခင်လေးကို မညာခဲ့တဲ့ အကြောင်းအရာတွေလည်း ရှိပါတယ်.. ကျွန်မရဲ့မိဘတွေ ဆုံးပါးသွားခဲ့ပြီ ဆိုတာက အမှန်ပါပဲ.. ကျွန်မရဲ့အမေ က နတ်ဘုရားမျိုးနွယ်က ဖြစ်ပြီးတော့ ကျွန်မရဲ့အဖေက လူသားတစ်ယောက်ပါ.. ကျွန်မကိုယ်ထဲမှာ စီးဆင်းနေတဲ့ သွေးတစ်ဝက်က နတ်ဘုရားမျိုးနွယ်က လာတာပဲ”

သူမက တည်ငြိမ်စွာဖြင့် ရှင်းပြနေသော်လည်း အဲ့ဒီမှာ ဝမ်းနည်းပူဆွေးသော အရိပ်အရောင် တစ်စွန်းတစ်စက ရှိနေလေ၏။

“ကျွန်မရဲ့ မသန့်စင်တဲ့ မျိုးဆက်သွေးကြောင့် နတ်ဘုရားမျိုးနွယ်အတွင်းမှာ ပြင်ပမျိုးနွယ် တစ်ယောက်အဖြစ် သတ်မှတ်ခံခဲ့ရပြီးတော့ အပါယ်ခံဘဝနဲ့ နေခဲ့ရတယ်.. အဲ့ဒါကြောင့်ပဲ ကျွန်မက အဲ့ဒီ့ကနေ ထွက်ပြေးလာပြီးတော့ အပြင်ဘက်မှာ အိုးမဲ့အိမ်မဲ့ ဘဝနဲ့ ကျင်လည်ကျက်စားခဲ့တာ နောက်ဆုံး သခင်လေးနဲ့ တွေ့တဲ့ အချိန်ထိပဲ”

သူတို့ရှေ့မှ မိန်းကလေးသည် သူမမိဘများ၏ ကာကွယ်မှု မရှိခဲ့ပဲ နတ်ဘုရားမျိုးနွယ်အတွင်းမှာ ဘယ်လောက်တောင် ထိခိုက်ခံစားခဲ့ရသလဲ စဉ်းစားကြည့်ဖို့ မခက်ခဲပေ။

“အခုကပြီး အဲ့ဒါတွေ အကုန်လုံးက အတိတ်မှာ ကျန်ခဲ့ပြီ”

ဆူဇီမိုက နူးညံညင်သာသော အကြည့်ဖြင့် သူမကို နှစ်သိမ့်ပေးလိုက်၏။

“ဒီနေ့ကစပြီး မင်းမှတ်ထားဖို့လိုတာက မင်းက အဲ့ဒီ့ကို ပြန်မသွားချင်ဘူးဆိုရင် ဘယ်သူကမှ မင်းကို ဖိအားမပေးနိုင်စေရဘူး”

နန်းကြည်သည် ထိုစကားကို ကြားသောအခါ သူမ၏ နှုတ်ခမ်းကို တင်းတင်းစေ့ပြီး သူမ၏ မျက်လုံးများက နီရဲလာကာ သူမက ငိုချတော့မည် ကဲ့သို့ပင်။

ထိုသည်ကိုမြင်သောအခါ လူတိုင်းသည် ဘာလုပ်ရမလဲ နားလည်သဘောပေါက်သွားပြီး လူစုခွဲလိုက်ကြ၏။

“သူမက နတ်ဘုရားမျိုးနွယ်က လာတာဆိုတော့…”

ရွှေခြင်္သေ့သည် တုန်လှုပ်သွားပုံရပြီး လမ်းလျှောက်နေရင်း သူက တီးတိုးရေရွတ်လိုက်၏။

“နတ်ဘုရားမျိုးနွယ်က တစ်စုံတစ်ယောက်ကိုတောင် အစေခံအိမ်ဖော်အဖြစ် ထားနိုင်ခဲ့တာဆိုတော့ ငါ့တို့အကိုကြီးက အကယ့်ကို သန်မာတာပဲ”

အဲ့ဒါက ကမ္ဘာဦးမျိုးနွယ် ၉ စုထဲမှ ဖြစ်လေသည်။

လွန်ခဲ့သည့် ရက်အနည်းငယ်ကပင် ထိုမျိုးနွယ်သည် အသင်္ချေနယ်မြေ မြို့တော်ထဲမှာ ဘယ်လိုတောင် လွှမ်းမိုးခြယ်လှယ်ခဲ့ပါသလဲ..

လွန်ခဲ့သည့် နှစ်၂၀ကျော်ကပင် နတ်ဘုရားမျိုးနွယ်မှ တစ်စုံတစ်ယောက်ကို ဆူဇီမိုက သူ၏လက်အောက်တွင် ထားနိုင်ခဲ့မည်ဟု မည်သူက တွေးထင်ထားပါမည်နည်း။

All Chapters