သားရဲမျိုးနွယ်၏ ကမ္ဘာ
Vol. 53 Ch. 791
ဆူဇီမိုတို့အုပ်စုသည် ညဝိညာဥ် ၊ ရွှေခြင်္သေ့ တို့နှင့် ခွဲခွာပြီးနောက် အသင်္ချေနယ်မြေမြို့တော်ကနေ ထွက်ခွာလာခဲ့ကြ၏။
ဆူဇီမို ၊ မျောက် ၊ စိတ်ဝိညာဥ်ကျား ၊ ချင်ချင်နှင့် မြေခွေးလေးတို့သည် သူတို့၏ ခရီးစဥ်အသစ်ကို စတင်ရပေတော့မည်။
အဲ့ဒီမှာ သားရဲနယ်မြေရှစ်ခွင်ရှိပြီး သူတို့သည် ထျန်ဟွမ်ကုန်းမြေတိုက်ကြီး၏ ထိပ်သီးအဖွဲ့အစည်းများကြားထဲမှာ ရင်ပေါင်တန်းရပ်တည်နိုင်လေသည်။ ထို့ကြောင့်ပင် အင်မော်တယ် ၉ ဂိုဏ်းနှင့် သားရဲနယ်မြေ ၈ ခွင်ဟူ၍ ဆိုစမှတ်ပြုလာခဲ့ကြခြင်း ဖြစ်လေသည်။
သို့သော်လည်း သားရဲနယ်မြေ ၈ ခွင်ထဲတွင် ၃ ခုသည် သမုဒ္ဒရာ၏ အပြင်ဘက်မှာ ရှိကြလေသည်။ ထျန်ဟွမ်ကုန်းမြေတိုက်ကြီးကို ဒေသကြီး ၄ ခု ၊ သမုဒ္ဒရာ ၃ စင်းနှင့် တိုက်တစ်တိုက်ဟူ၍ ခွဲခြားသတ်မှတ်နိုင်၏။
ဒေသကြီး ၄ ခုမှာ မြောက်ပိုင်း ၊ တောင်ပိုင်း ၊ အရှေ့ပိုင်းနှင့် အနောက်ပိုင်းဒေသတို့ ဖြစ်၏။
တိုက်ကတော့ အဘယ်ပိုင်းတိုက်က််ု ရည်ညွှန်းခြင်း ဖြစ်လေသည်။
ထျန်ဟွမ်ကုန်းမြေတိုက်ကြီးကို အရှေ့ဘက် ၊ တောင်ဘက်နှင့် မြောက်ဘက်ကနေ သမုဒ္ဒရာ ၃ စင်းက ဝန်းရံထား၏။
သမုဒ္ဒရာ လောကသည် အလွန်တရာကျယ်ပြောပြီး ကုန်းမြေမျက်နှာပြင် ဧရိယာထက် အဆပေါင်းများစွာ ကြီးမားလေသည်။ သမုဒ္ဒရာ၏ အနက်ပိုင်းထဲမှာဆိုလျှင် သူတို့ ကြားတောင်မကြားဖူးသော ရှေး ဟောင်းသက်ရှိများနှင့် ကမ္ဘာဦးသက်ရှိများ မရေမတွက်နိုင်အောင် ရှိကြလေသည်။
သူတို့သည် လက်ရှိကျင့်ကြံမှုအဆင့်ထိ အမြုတေစိတ်ဝိညာဥ်များကို မကျင့်ကြံရသေးပေ။
သူတို့က သမုဒ္ဒရာပြင်သို့ ဝင်ရောက်ကြမည်ဆိုလျှင်တောင် သူတို့က အဲ့ဒီမှာ နေသားကျလိမ့်မည် မဟုတ်ပေ။
အစကတည်းက သူတို့ငါးယောက်ကို ကုန်းနေသတ္တဝါများဟု သတ်မှတ်နိုင်သည်။ သူတို့က နိုးထဝိညာဥ်အဆင့်သို့ တက်လှမ်းပြီး သူတို့၏ အမြုတေစိတ်ဝိညာဥ်များကို ကျင့်ကြံနိုင်မည် ဆိုလျှင်တောင် သမုဒ္ဒရာများ၏ အနက်ပိုင်းထဲမှာ သူတို့၏ တိုက်ခိုက်ရည်ခွန်အားက သိသိသာသာ လျော့ကျသွားပေလိမ့်မည်။
လောလောဆယ်အတွက်တော့ ထိုသားရဲနယ်မြေ ၃ ခုကို ဖယ်ထားရပေလိမ့်မည်။
သူတို့ငါးယောက်ထဲတွင် သမုဒ္ဒရာအနက်ပိုင်းထဲ၌ ရေဖိအား၏ သက်ရောက်မှုကို မခံရနိုင်သော တစ်ဦးတည်းသော သူမှာ ဆူဇီမိုသာ ဖြစ်နိုင်လေသည်။ သူတို့သည် ကြယ်တရာနဂါးခံတွင်းသို့ မဝင်ရောက်ခင်က သူတို့အုပ်စုသည် ရေကန်၏ အနက်ပိုင်းထဲသို့ ဆင်းခဲ့ကြပြီး အဲ့ဒီနေရာမှာ ကြီးမားသည့် တိုက်ပွဲတစ်ခုကို တိုက်ခိုက်ခဲ့ရ၏။
ရေအနက်ပိုင်းထဲမှာတောင် ဆူဇီမို၏ တိုက်ခိုက်ရည် ခွန်အားက လျော့ကျသွားခြင်းမရှိသည်ဟု ထင်ရလေသည်။
ထိုအချိန်တုန်းက သူသည် ထိုအကြောင်းနှင့်ပက်သက်၍ စဥ်းစားရခက်ကာ တွေဝေနေခဲ့၏။
သူသည် အသင်္ချေနယ်မြေမြို့တော်အတွင်းမှာ အနားယူခဲ့ရသည့် မကြာသေးခင် အချိန်အတွင်းမှာပင် သူသည် ထိုအဖြစ်အပျက်များကို ပြန်လည်အမှတ်ရလာပြီး အလွန်တရာ ကြောက်စရာကောင်းသည့် ခန့်မှန်းချက်တစ်ခုက ဆူဇီမို၏ စိတ်ထဲမှာ တဖြည်းဖြည်း ပေါ်လာခဲ့၏။
သူ၏ မီးပဒေသာမျက်လုံးကို နဂါးသင်္ချိုင်းတောင်ကြား အောက်ခြေမှာတုန်းက မွှေးနီတစ္ဆေက သူ့ကို သင်ကြားပေးခဲ့ခြင်း ဖြစ်လေသည်။
သို့သော်လည်း နတ်ဘုရားမျိုးနွယ်ခေါင်းဆောင်က ထိုစက္ခုနည်းစနစ်ကို မြင်သောအခါ သူက အဲ့ဒါကို မီးပဒေသာနဂါးမျက်လုံးဟု ရည်ညွှန်းပြောဆိုပြီး အဲ့ဒါက နဂါးမျိုးနွယ်၏ လျှို့ဝှက်ပညာရပ်တစ်ခုဖြစ်သည်ဟုပင် ပြောခဲ့၏။
နဂါးသင်္ချိုင်းတောင်ကြား အောက်ခြေမှာတုန်းက သူသည် ထိုစက္ခုနည်းစနစ်၏အမည်ကို မွှေးနီတစ္ဆေကို မေးသည့်အခါ ထိုသူက အိုးတိုးအမ်းတမ်းအမူအရာသာ ရှိနေပြီး မရေမရာသာ ဖြေခဲ့၏။
ဆူဇီမိုသည် နတ်ဘုရားမျိုးနွယ်ခေါင်းဆောင်၏ စကားများကို ပို၍ပင် နားယောင်လာ၏။
သို့သော်လည်း အဲ့ဒါက ထိုသို့ဆိုလျှင် သူက နဂါးမျိုးနွယ်၏ လျှို့ဝှက်ပညာရပ်တစ်ခုက်ို ဘယ်လိုကြောင့် ကျင့်ကြံနိုင်ရတာလဲ။
အဲ့ဒီမှာ ရှေးဟောင်းနဂါးအသွင်ပြောင်း ပညာရပ်ကိုလည်း ထည့်သွင်းစဥ်းစားရပေမည်။
သူသည် ယခင်က အဲ့ဒါကို ထုတ်ဖော်သည့်အခါ သူ့ဘေးတွင် အသက်ဝင်နေသကဲ့သို့ နဂါးတစ်ကောင်း၏ ပုံရိပ်ကိုသာ ဆင့်ခေါ်နိုင်ခဲ့ခြင်းဖြစ်လေသည်။
သို့သော် ဒီတစ်ခေါက်မှာတော့ သူ၏ ခန္ဓာကိုယ်သည် ကြောက်စရာကောင်းသည့် ပုံစံအဖြစ် ပြောင်းလဲသွားခဲ့၏။
နဂါးသင်္ချိုင်းတောင်ကြား အောက်ခြေမှာတုန်းကသည် ဆူဇီမိုသည် သားရဲကျင့်စဥ်ကို ကျင့်ကြံသည့်အခါ တူညီသော အတွေ့အကြုံများ ရှိခဲ့၏။ ထိုအချိန်က သူ၏ အရေပြားအောက်ကနေ တစ်စုံတစ်ရာက ထိုးထွက်လာသည့်အလား ယားယံသည့်ခံစားချက်တစ်ခုကို သူက ရရှိခဲ့၏။ သို့သော်လည်း သေချာအနီးကပ် စ်ိုက်ကြည့်သော်လည်း မည်သည့်အရာကိုမှ သူက ရှာမတွေ့ခဲ့ပေ။
ထိုအချိန်ကတော့ သူက အဲ့ဒါကို သိပ်ပြီး အာရုံမစိုက်ခဲ့ပေ။
ဒီတစ်ကြိမ်မှာတော့ သူ၏ ခန္ဓာကိုယ်ပေါ်တွင် နဂါးကြေးခွံများက တိုက်ရိုက်ပေါ်လာခဲ့လေသည်။
အဲ့ဒါသည် နဂါးအရိုးတောင်ကြားမှာတုန်းက သူသည် နဂါးဥ၏ တစ်ဝက်ကို စားသုံးခဲ့တာကြောင့်များလား။
ဆူဇီမိုက အဲ့ဒါကိုလည်း မယုံကြည်ပေ။
အဲ့ဒါက နဂါးဥတစ်ဝက်ကြောင့်ဆိုလျှင် သူသည် နဂါးသင်္ချိုင်းတောင်ကြား အောက်ခြေသို့ မဝင်ရောက်ခင်က ရှေးဟောင်းနဂါးအသွင်ပြောင်းပညာရပ်ကို ထုတ်ဖော်သည့်အခါ တူညီသော ကြောက်စရာကောင်းသည့် အသွင်ပြောင်းမှုကို ဘာ့ကြောင့် မရရှိခဲ့တာပါလဲ။
အဲ့ဒါက နဂါးဥတစ်ဝက်ကြောင့် မဟုတ်ဘူးဆိုလျှင်ရော တစ်ကယ့်အကြောင်းပြချက် အမှန်က ဘာဖြစ်မလဲ။
ဆူဇီမို၏ စိတ်အာရုံထဲတွင် ပုံရိပ်များက တစ်ခုပြီးတစ်ခု တဖျတ်ဖျတ် ပေါ်လာ၏။
သူသည် မွှေးနီတစ္ဆေအကြောင်းကိုလည်း မစဉ်းစားဘဲ မနေနိုင်ပေ။
မွှေးနီတစ္ဆေသည် လစဥ်လတိုင်း သူ့ကို စိတ်ဝိညာဥ်ရေတစ်ခွက် တိုက်ခဲ့သည့်အကြောင်းကို တွေးမိသွား၏။
"အဲ့ဒီ စိတ်ဝိညာဥ်ရေတွေက..."
ဆူဇီမိုက မျက်လုံးကိုမှေးကျဥ်းပြီး သူ့အကြည့်က တောက်ပလာ၏။
ထိုစိတ်ဝိညာဥ်ရေအတွင်းရှိ မြောက်များလှစွာသော စွမ်းအားများအကြောင်းကို သူ့ထက်ပိုပြီး ဘယ်သူမှ မသိနိုင်ပေ။
လစဥ်လတိုင်း သူသောက်ခဲ့ရသော ထိုစိတ်ဝိညာဥ်ရေတစ်ခွက်ကြောင့်သာလျှင် သူသည် အန္တိမသားရဲနတ်ဆိုးကျင့်စဥ်ကို နဂါးသင်္ချိုင်း တောင်းကြားအောက်ခြေမှာ ဆက်လက်ကျင့်ကြံနိုင်ခဲ့ပြီး သူ၏ အတွင်းအမြုတေက ၎င်း၏ မူလအခြေနေထိ ပြန်လည်ကောင်းမွန်လာခဲ့ခြင်း ဖြစ်၏။
ယခုသူသည် ထိုအကြောင်းကို သေချာတွေးကြည့်သောအခါ အဲ့ဒါက စိတ်ဝိညာဥ်ရေမဟုတ်ဘဲ သွေးဖြစ်တန်ရာ၏။ နဂါးမျိုးနွယ်၏ သွေးပင်။
သူ့ခန္ဓာကိုယ်၏ တစ်စိတ်တစ်ပိုင်းသည် နဂါးတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားခဲ့ရသည့် အကြောင်းအရင်းမှာ ထိုအနှစ် ၂၀ လုံးလုံး သူသည် နဂါးမျိုးနွယ်၏ သွေးကို သောက်ခဲ့သောကြာင့် ဖြစ်နိုင်၏။
ထိုနဂါးမျိုးနွယ်၏ မျိုးဆက်သွေးကြောင့်ပင် သူ၏ ကြေမွပျက်စီးသွားသော အတွင်းအမြုတေက မူလအခြေနေထိ ပြန်လည်ကောင်းမွန်လာခဲ့ခြင်း ဖြစ်နိုင်၏။
သူ့ကိုယ်တွင်းတွင် နဂါးမျိုးနွယ်၏ မျိုးဆက်သွေး ပါဝင်နေသောကြောင့်သာ သူက နဂါးမျိုးနွယ်၏ လျှို့ဝှက်ပညာရပ်တစ်ခုဖြစ်သော မီးပဒေသာနဂါး မျက်လုံးကို ကျင့်ကြံနိုင်ခဲ့ခြင်း ဖြစ်တန်ရာ၏။
နဂါးမျိုးနွယ်၏ မျိုးဆက်သွေးကြောင့်သာလျှင် သူ၏ တိုက်ခိုက်ရည် ခွန်အားက ရေအောက်မှာ လျော့ကျခြင်းမရှိတာ ဖြစ်တန်ရာ၏။
နဂါးများသည် တိမ်လွှာများကြားမှာ ပျံသန်းသလို ရေထဲမှာလည်း ကျင်လည်ကျက်စားကြ၏။
သူတို့က သမုဒ္ဒရာရေပြင်အောက် အနက်ဆုံးအပိုင်းမှာ ရှိနေလျှင်တောင် သူတို့၏ တိုက်ခိုက်ရည် ခွန်အားက လျော့ကျလိမ့်မည် မဟုတ်ပေ။
ထိုသို့ဖြင့် မွှေးနီတစ္ဆေ၏ သရုပ်သဏ္ဍာန်က ပို၍ပင် လျှို့ဝှက်ဆန်းကြယ်လာ၏။
"မွှေးနီတစ္ဆေက နဂါးမျိုးနွယ်က တစ်စုံတစ်ယောက်များလား...."
ရဲတင်းသော ထိုအတွေးသည် ဆူဇီမို၏ စိတ်ထဲမှာ ဖျတ်ကနဲ ပေါ်လာပြီး အဲ့ဒါက သူ့ကို ကြီးမားစွာတုန်လှုပ်သွားစေ၏။
နဂါးသင်္ချိုင်းတောင်ကြား အောက်ခြေရဲ့ နောက်ဖေးဘက်မှာ ချိန်းကြိုးတစ်ခုနဲ့ တုတ်နှောင်ထားခံရတဲ့ နဂါးတစ်ကောင်ရဲ့ နောက်ခံက ဘာများဖြစ်နေမလဲ။
ဆူဇီမိုသည် လွန်ခဲ့သည့် နှစ်တစ်သောင်းက ကပ်ဘေးအကြောင်းကို မစဥ်းစားဘဲ မနေနိုင်ပေ။
သို့သော်လည်း မွှေးနီတစ္ဆေက ထိုကပ်ဘေးကို ဖြစ်ပေါ်စေခဲ့သော နဂါးဆိုလျှင် အချို့ကိစ္စများက ယုတ္တိမတန်တော့ပြန်ပေ။
"သခင်လေးက ဘာတွေများ စဥ်းစားနေတာလဲ...."
ဆူဇီမိုက မျက်မှောင်ကြုတ်၍ အတွေးနက်နေသည်ကို မြင်သောအခါ မြေခွေးလေးက အနားသို့ချဥ်းကပ်လာပြီး မေးလိုက်၏။
"ဘာရယ်မဟုတ်ပါဘူး..."
ဆူဇီမိုသည် သူ့ခေါင်းကို ခါပြီး သူ့အတွေးများကို ယာယီအားဖြင့် ဖြတ်တောက်လ်ိုက်၏။
သူသည် ဘုန်းကြီးအိုနှင့် မွှေးနီတစ္ဆေကို ကိုယ်တိုင်တွေ့ပြီး မေးမကြည့်ရသေးသရွေ့ မည်သည့်ကောက်ချက်မဆို သူ၏ စိတ်ကူးစိတ်သန်း တစ်ခုမျှသာ ဖြစ်နေပေလိမ့်မည်။
သမုဒ္ဒရာပြင်ရှိ သားရဲနယ်မြေသုံးခုကို ပယ်ရှားလိုက်ပြီးနောက် မြောက်ပိုင်းဒေသကိုလည်း ထပ်မံပယ်ရှားရပေလိမ့်မည်။
အဲ့ဒီမှာ ဖန်သားနန်းတော်၏ ခြိမ်းခြောက်မှုအပြင် ဆူဇီမိုသည် နဂါးအရိုးတောင်ကြားကိုလည်း စိုးရိမ်ပူပန်နေ၏။
နဂါးအရိုးတောင်ကြားသည် တားမြစ်နယ်မြေ ၉ ခုထဲမှ တစ်ခုဖြစ်၏။
သူသည် သူ၏ ကိုယ်တွင်းရှိ နဂါးမျိုးနွယ်၏ မျိုးဆက်သွေးကို ထုတ်ဖော်မိလျှင် နဂါးရိုးတောင်ကြားအတွင်းရှိ တည်ရှိမှုများက သူ့ကို ပြဿနာရှာလာနိုင်၏။
အဲ့ဒီမှာ မြောက်ပိုင်းဒေသကိုပါ ပယ်ရှားပြီးနောက် ရွေးချယ်စရာ သိပ်များများစားစား မရှိတော့ပေ။
အဲ့ဒီမှာ တောင်ပိုင်း ၊ အရှေ့ပိုင်း ၊ အနောက်ပိုင်းဒေသနှင့် အလယ်ပိုင်းတိုက်တို့သာ ရှိတော့၏။
"ငါတို့က ဘယ်သားရဲနယ်မြေကိုဘဲ ရောက်ရောက် ပြဿနာမဖြစ်အောင် ငါတို့ကအရင်ဆုံး ဇာတ်မြှုပ်နေသင့်တယ်"
ပုံမှန်အားဖြင့် ဟောင်ဖွာဟောင်ဖွာနေတတ်သော စိတ်ဝိညာဥ်ကျား၏ အမူအရာက ရှားရှားပါးပါး တည်တံ့နေ၏။
"သားရဲနယ်မြေတွေမှာ တောကောင်တွေနဲ့ ငှက်တွေက ကျက်စားကြတယ် ၊ အဲ့ဒီမှာ အန္တရာယ်တွေကလည်း အပြည့်ဘဲ ငါတို့ရဲ့ အဆင့်နဲ့ဆို သူတို့ကြားထဲမှာ ငါတို့က အနိမ့်ဆုံးအဆင့်ဘဲရှိတယ်"
ငါတို့က ငါတို့ရဲ့ယင်စိတ်ဝိညာဥ်ကိုကျင့်ကြံပြီး အဆင့်နိမ့်မိစ္ဆာသားရဲတွေ ဖြစ်လာမယ်ဆိုရင်တောင် ငါတို့ကိုယ်ငါတို့ ကာကွယ်နိုင်ရုံဘဲ ရှိဦးမယ်"
စိတ်ဝိညာဥ်ကျား ပြောသော အဆင့်နိမ့်သားရဲများသည် ကျင့်ကြံရေးလောက၏ နိုးထဝိညာဥ်များနှင့် ညီမျှလေသည်။
ကန်းလန်ရိုးမလို နေရာမျိုးမှာဆိုရင် အဆင့်နိမ့်သားရဲများပင်လျှင် အထွတ်အထိပ်အဆင့်မှာ ရပ်တည်နိုင်၏။
သို့သော်လည်း သားရဲနယ်မြေရှစ်ခွင်အတွင်းမှာတော့ သူတို့သည် အသက်ရှင်ဖို့ပင် မနည်းရုန်းကန်ရပေမည်။
"သားရဲနယ်မြေတွေထဲမှာ အဖွဲ့အစည်းတွေဘာတွေရော ရှိကြလား" ချင်ချင်ကမေးလိုက်၏။
သူတို့ငါးယောက်ထဲတွင် မျောက်နှင့် စိတ်ဝိညာဥ်ကျားသည် သည့်အရင်က သားရဲနယ်မြေများမှာ နေထိုင်ခဲ့ဖူးကြပြီး သူတို့က အဲ့ဒါနဲ့ပက်သက်၍ ဗဟုသုတ အတော်အတန်ရှိလေသည်။
ချင်ချင်၏ မေးခွန်းတွင် စိတ်ဝိညာဥ်ကျားက တက်ကြွသွားပြီး အလောတကြီးပြောလိုက်၏။
"သားရဲနယ်မြေတွေထဲမှာ အဖွဲ့အစည်းတွေ အများကြီးရှိတာပေါ့ ၊ သူတို့ရဲ့ ရာထူးဂုဏ်သိမ် အဆင့်ဆင့်အလိုက် အားကြီးတဲ့သူက အားနည်းတဲ့သူတွေအပေါ်မှာ ရပ်တည်တယ် ၊ မင်းက အလယ်အလတ်အဆင့် မိစ္ဆာသားရဲတစ်ကောင်ဖြစ်အောင် ကျင့်ကြံနိုင်မယ်ဆိုရင် မင်းက သားရဲအချို့ကို စုစည်းပြီးတော့ တောင်ရိုးတစ်ခုမှာ ဘုရင်အဖြစ် အုပ်ချုပ်နိုင်တယ်"
ဘုရင်ဟူသော စကားကို ကြားရချိန်တွင် မျောက်၏ မျက်လုံးက ဝင်းလက်သွားပြီး သူ၏ နှုတ်ခမ်းကို သပ်လိုက်၏။
သူက ဘုရင်တစ်ပါး ဖြစ်လာဖို့အတွက် တောက်လောင်ပြင်းပြစွာ မက်မောတွယ်တာပုံရ၏။
"အလယ်အလတ်အဆင့် မိစ္ဆသားရဲတွေက သူတို့ကိုယ်ပိုင်နယ်မြေတစ်ခုရှိတယ် ၊ သူတို့ရဲ့ထိန်းချုပ်မှုအောက်မှာ အဆင့်နိမ့်မိစ္ဆာသားရဲတွေကိုလည်း ထားနိုင်တယ် ၊ သူတို့ကတော့ ပိုင်နက်အရှင်တွေအဖြစ် ကျော်ကြားကြတယ်"
အလယ်အလတ်အဆင့် မိစ္ဆာသားရဲများသည် ကျင့်ကြံရေးလောကရှိ မူလနတ္ထိအဆင့်နှင့် ညီမျှလေသည်။
စိတ်ဝိညာဥ်ကျားက ဆက်ပြော၏။
"မင်းက အဆင့်မြင့်မိစ္ဆာသားရဲတစ်ကောင် ဖြစ်လာမယ်ဆိုရင်တော့ တော်တော်မိုက်သွားပြီ ၊ သားရဲနယ်မြေအတွင်းမှာရှိတဲ့ အဆင်မြင့်မိစ္ဆာသားရဲတိုင်းက အရှင်သခင်တွေဘဲ ၊ သူတို့ရဲ့ အာဏာစက်အတွင်းမှာရှိတဲ့ ပိုင်နက်အရှင်တွေက သူတို့ရဲ့အမိန့်ကို ချွင်းချက်မရှိ နာခံကြရတယ်"
အဆင့်မြင့်မိစ္ဆာသားရဲများသည် ကျင့်ကြံရေးလောကရှိ ဓမ္မဝိသေသအဆင့်များနှင့် ညီမျှလေသည်။
ထိုနေရာအရောက်တွင် မျောက်ဖြစ်စေ စိတ်ဝိညာဥ်ကျားဖြစ်စေ သူတို့၏မျက်လုံးများက မျှော်လင့်ချက်များဖြင့် တောက်ပလာကြ၏။
သားရဲနယ်မြေများအတွင်းမှာ သူတို့က အရှင်သခင်များဖြစ်လာပြီး သားရဲအုပ်စုများကို အမိန့်ပေးနိုင်မည်ဆိုလျင် ဘယ်လောက်တောင် ခမ်းနားထည်ဝါလိုက်မလဲ။
ဆူဇီမိုက မေးလိုက်၏။
"အလယ်အလတ်အဆင့် မိစ္ဆာသားရဲတွေကို ပိုင်နက်အရှင်လို့ခေါ်ပြီး အဆင့်မြင့်မိစ္ဆာသားရဲတွေကို အရှင်သခင်တွေလို့ ခေါ်တယ်ဆိုရင် အဲ့ဒီနောက် ဘာထပ်လာသေးလဲ..."
"အဆင့်မြင့်မိစ္ဆာသားရဲတွေရဲ့ အထက်မှာ မဟာသားရဲတွေရှိတယ် ၊ သူတို့ကတော့ ကျင့်ကြံရေးလောကက ပေါင်းစည်းခန္ဓာအဆင့်တွေနဲ့ ညီမျှတယ် ၊ သူတို့က ဘယ်အဖွဲ့အစည်း ဘယ်နယ်မြေမှာမှ မပါဝင်ပေမယ့်လို့ မဟာသားရဲတွေက လုံးဝ အချုပ်အနှောင်ကင်းပြီးတော့ သားရဲနယ်မြေတွေမှာ လွတ်လွတ်လပ်လပ် ကျင်လည်ကျက်စားနိုင်တယ်"
စိတ်ဝိညာဥ်ကျားက အားကျစွာဖြင့် ပြောလိုက်၏။
"မဟာသားရဲတစ်ပါး ရောက်ရှိလာပြီဆိုရင် အရှင်သခင် တစ်ယောက်ကတောင် ဦးညွတ်ပြီးတော့ သူ့ရဲ့အမိန့်ကို ကျိုးနွံစွာ နာခံကြရတယ်"