ကောင်းမှန်း ဆိုးမှန်း နားမလည်ဘူးဘဲ
Vol. 53 Ch. 794
ကြွက်သည် သူတို့ကိုသတိထားဖို့ အချက်ပြနေခြင်း ဖြစ်ကြောင်း ဆူဇီမိုက သိလိုက်၏။
ခဏမျှ တိတ်ဆိတ်နေပြီးနောက် ဆူဇီမိုသည် သူ့မျက်နှာကိူ အနည်းငယ်မော့ကာ လက်သီးနှစ်ဖက်ဆုပ်၍ ပြောလိုက်၏။
"ကျုပ်တို့ ၃ ယောက်က မြောက်ပိုင်းဒေသကနေ ရောက်လာတဲ့ ညီကိုမောင်နှမတွေပါ ၊ ဒီက လူကြီးမင်း ၃ ယောက်ကို နှုတ်ဆက်ပါတယ်"
သူ၏ လေသံက ထောင်လွှားမောက်မာခြင်းမရှိသလို ရိုကျိုးခယနေခြင်းလည်း မရှိပေ။
ဆူဇီမိုဆိုသည်မှာ ရွှေအမြုတေနယ်မြေ အဆင့်သတ်မှတ်ချက်ရှိ နံပါတ်တစ် ပုဂ္ဂိုလ်ဖြစ်၏။
သူက လူသားဧကရာဇ်ပြီးလျှင် ဒုတိယလူဖြစ်ပြီး သမိုင်းတစ်လျှောက် အသန်မာဆုံး ပြန်ဝင်စား မွန်းစတားလည်း ဖြစ်၏။
အသင်္ချေနယ်မြေ မြို့တော်ထဲတွင် ကမ္ဘာဦးမျိုးနွယ် ၉ စုမှ သက်ရှိများသည် သူ၏ လက်ချက်ဖြင့် သတ်ဖြတ်ခြင်းခံခဲ့ရပြီး သူ၏ ကိုယ်ထဲတွင် နဂါးတစ်ကောင်၏ သွေးကလည်း စီးဆင်းနေ၏။
သူတို့သုံးယောက်သည် မိစ္ဆာသားရဲများဖြစ်ကြသော်လည်း သူတို့သည် အဆင့်နိမ့်မိစ္ဆာသားရဲများဖြစ်ပြီး လူသား ကျင့်ကြံသူများမှာ ဆိုလျှင် နိုးထဝိညာဥ်များနှင့် ညီမျှလေသည်။ သူတို့က ဆူဇီမိုအတွက် ဘာမှ မဟုတ်ပေ။
သူသည် လက်သီးနှစ်ဖက်ကို ယှက်၍ စိတ်လိုလက်ရ နှုတ်ဆက်လိုက်သည်ကပင် သူ၏လေးစားသမှုကို ပြသခဲ့ပြီး ဖြစ်၏။
သူတစ်ကယ်စိုးရိမ်သည်မှာ သူတို့သုံးယောက်၏ နောက်ရှိ လရောင်ငိုကြွေး ပိုင်နက်အရှင်ကိုသာလျှင် ဖြစ်၏။
ပိုင်နက်အရှင်တစ်ယောက် ဖြစ်လာဖို့ဆိုရင် ထိုသူက အလယ်အလတ်အဆင့် မိစ္ဆာသားရဲတစ်ကောင် ဖြစ်ရပေမည်။ အဲ့ဒါက မူလနတ္ထိအဆင့်နှင့် ညီမျှလေသည်။ အဲ့ဒါက ဆူဇီမို၏ အထက် အဆင့်ကြီး နှစ်ဆင့်တောင် မြင့်လေသည်။
ဒါ့အပြင် သူတို့သည် သားရဲတစ်ထောင် တောင်ကြားနှင့် အစိမ်းသက်သက်ဖြစ်နေ၏။
သူတို့သည် ဤနေရာသို့ ရောက်ရောက်ခြင်းမှာပင် အဖွဲ့အစည်းတစ်ခုခုနှင့် ပြဿနာဖြစ်ဖို့က မသင့်လျော်ပေ။
သူတို့ ၅ ယောက်အတွက် အရေးကြီးဆုံးအချက်မှာ ဤနေရာတွင် အထိုင်ချပြီး သူတို့၏ ပတ်ဝန်းကျင်နှင့် ရင်းနှီးကျွမ်းဝင်လာအောင် ပြုလုပ်ဖို့ဖြစ်၏။ အဲ့ဒီနောက် သူတို့က လုံခြုံစိတ်ချရသော နေရာတစ်ခုကို ရှာဖွေကာ သူတို့၏ အဆင့်ချိုးဖြတ် တက်လှမ်းခြင်းကို ကြိုးပမ်းရမည်ဖြစ်၏။
ဆူဇီမိုစကားပြောသည်ကို မြင်သောအခါ မျောက်က မျက်ခုံးအနည်းငယ် ပင့်လိုက်၏။ သူက အလိုက်သင့်ပါလာပြီး မည်သည့်စကားမှမပြောဘဲ သူ၏လက်သီးနှစ်ဖက်ကို နှုတ်ဆက်သည့်ပုံစံ ပြုလိုက်၏။
သူသည် မာနကြီးသော သဘာဝရှိသော်လည်း တစ်စုံ တစ်ယောက်ကို နှုတ်ဆက်ရခြင်းက ဘာမှပြောပလောက်စရာမရှိပေ။ သို့သော်လည်း သူက ကြွက်ပြုလုပ်ခဲ့သလိုမျိုး မျက်နှာချိုသွေးနိုင်စရာတော့ မရှိပေ။
သူတို့ ၅ ယောက်သည် ဆူဇီမို၏ ဦးဆောင်မှုနောက်မှာ လိုက်ပါသွားကြ၏။
စိတ်ဝိညာဥ်ကျားနှင့် ချင်ချင်သည် အကြည့်ချင်းဖလှယ်ပြီးနောက် တူညီသော ပုံစံဖြင့် နှုတ်ဆက်လိုက်ကြ၏။
"ဟမ့်......"
ဝက်ဝံသားရဲသည် ခြောက်ကပ်ကပ် ရယ်မော၍ ဆူဇီမိုကို အေးစက်စွာဖြင့်စိုက်ကြည့်လိုက်၏။
"မင်းက တော်တော်မောက်မာတဲ့ ကောင်ဘဲ"
"စိတ်ဝင်စားစရာဘဲ... စိတ်ဝင်စားစရာဘဲ"
နွားရိုင်းသားရဲသည် ကြွက်ကို စိုက်ကြည့်ပြီး လှောင်ရယ်လိုက်၏။
"မင်းခေါ်လာတဲ့ ဒီသားရဲငချွတ်တွေက ဘာစည်းမျဥ်းစည်းကမ်းကိုမှ နားမလည်ဘူးလား..."
နွားရိုင်းသားရဲက ပြုံးနေသော်လည်း သူ၏ မျက်လုံးများက အေးစက်မှုဖြင့် ပြည့်နှက်နေပြီဖြစ်၏။
ဆိတ်သားရဲသည် အမူအရာကင်းမဲ့နေပြီး ဆူဇီမိုကို အတန်ကြာ စိုက်ကြည့်နေ၏။ သူက မည်သည့်အရာကိုမှ မဖော်ထုတ်နိုင်သည့်အလား သူ၏ မျက်လုံးနှစ်ဖက်ကို မသိမသာ တွန့်ကွေးလိုက်၏။
ကြွက်က သူ၏ ချွေးများကို တိတ်တဆိတ်သုတ်ပြီး ပြောလိုက်၏။
"လူကြီးမင်းတို့ ကျေးဇူးပြုပြီး ဒေါသမထွက်ကြပါနဲ့ ၊ သူတို့က အခုမှ ရောက်ခါစမို့ ဒီက စည်းမျဥ်းစည်း ကမ်းတွေကို မသိသေးတာပါ ၊ နောက်ကျရင် သူတို့သိအောင် ကျုပ်ကသေချာပေါက် ပြောပြပေးလိုက်ပါ့မယ်"
မျောက်၏ နှုတ်ခမ်းက တွန့်ကွေးသွားပြီး စိတ်ထဲကနေ လှောင်ရယ်လိုက်၏။
‘မောက်မာတယ်ဆိုတာ ဘာကိုပြောတာလဲ.. ငါက အမြုတေဖွဲ့တည်ခြင်းအဆင့်ကို ချိုးဖြတ်ပြီး မိစ္ဆာသားရဲတစ်ကောင် ဖြစ်လာတာနဲ့ မင်းတို့ကို ငါ့ရဲ့တောင်ဝှေးနဲ့ တစ်ယောက်ပြီးတစ်ယောက် ရိုက်သတ်ပြမယ်’
ကြွက်က ဆက်ပြောလိုက်၏။
"လူကြီးမင်းတို့ ဘာမှ မပူပါနဲ့ သူတို့ငါးယောက်က အားမနည်းကြပါဘူး ၊ သူတို့က နောက်အနာဂတ်ကျရင် လရောင်ငိုကြွေး ပိုင်နက်အရှင်အတွက် သေချာပေါက် အကျ်ိုးဆောင်နိုင်လာပါလိမ့်မယ်"
"မျောက်တစ်ကောင် ၊ ကျားတစ်ကောင်နဲ့ အင်မော်တယ်ကြိုးကြာတစ်ကောင်..."
ဆိတ်သားရဲက တစ်တွတ်တွတ်ရေရွတ်ပြီး သူ၏ အေးစက်စက်အကြည့်က တဖြည်းဖြည်း ရွေ့လျားသွားကာ ဆူဇီမိုအပေါ် ကျရောက်သွား၏။
"မင်းရဲ့ အစစ်အမှန်ပုံစံက ဘာလဲ..."
မျောက်ဖြစ်စေ စိတ်ဝိညာဥ်ကျား ဖြစ်စေ သူတို့သည် လူသားအသွင်အပြင်ကို ယူထားသော်လည်း သူတို့၏ ပုံစံက ပြီးပြည့်စုံခြင်းမရှိကာ သူတို့ အစစ်အမှန်ပုံစံ၏ အရိပ်လက္ခဏာများကို ပြသနေ၏။
သို့သော်လည်း ဆူဇီမိုကတော့ ဘယ်လိုပင်ကြည့်ကြည့် လူသားတစ်ယောက်နှင့် အတိအကျ တူနေ၏။
ဆူဇီမိုထံမှ အမြုတေတစ်ခု၏ အော်ရာကို အာရုံခံမိခြင်းကြောင့်သာ မဟုတ်လျှင် ဆိတ်သားရဲသည် ဤအစိမ်းရောင်ဝတ်လူကို မိစ္ဆာသားရဲတစ်ကောင်အဖြစ် မှတ်ထင်သွားမည်ဖြစ်၏။
ဆူဇီမိုက မျက်မှောင်ကြုတ်လိုက်၏။
သူသည် သားရဲချီကို ထုတ်ဖော်နိုင်သော်လည်း သူက အစကတည်းက သားရဲတစ်ကောင် မဟုတ်ပေ။ သူ့မှာ ဘယ်လ်ိုလုပ် အစစ်အမှန်ပုံစံ ရှိပါ့မလဲ။ ဤလူသားပုံစံကပင် သူ၏ အစစ်အမှန်ပုံစံဖြစ်၏။
သူက နဂါးတစ်ပိုင်းဖြစ်သည်ဟု ပြော၍ရကောင်း ရနိုင်သော်လည်း သူ့ရှေ့မှ ဤလူသုံးယောက်က သူ့စကားကို ယုံနိုင်ပါမည်တဲ့လား။
ထိုစဥ်မှာပင် ဆိတ်သားရဲ၏ မျက်လုံးက စူးရှသွားပြီး ဆူဇီမို၏နောက်ကို စိုက်ကြည့်ကာ ငေါက်ငမ်းလိုက်၏။
"ဟိုအမျိုးသမီး ရှေ့ကို ထွက်ခဲ့..."
မျောက် ၊ စိတ်ဝိညာဥ်ကျားနှင့် အခြားသူများ၏ အမူအရာက ချက်ချင်းပင် သုန်မှုန်သွားကြ၏။
နုနုနယ်နယ် ပုံရိပ်တစ်ခုက ဖြည်းဖြည်းချင်း ပေါ်ထွက်လာ၏။ အဲ့ဒါကတော့ ဆူဇီမို၏ နောက်မှာ တိတ်တဆိတ်ဖြင့် ပုန်းကွယ်နေသော မြေခွေးလေးပင်ဖြစ်၏။
မြေခွေးလေးက ထ်ိတ်ထိတ်ပျာပျာ ဖြစ်သွား၏။ သို့သော်လည်း သူမသည် ရှေးဟောင်းတိုက်ပွဲမြေမှ သွေးချောင်စီး တိုက်ပွဲများက််ို ကျော်ဖြတ်ပြီးနောက် သူမက အတော်လေး သတ္တိရှိလာပြီဖြစ်၏။ သူမကိုယ်သူမ ဣန္ဒြေဆယ်ပြီး မိစ္ဆာသားရဲသုံးယောက်ကို ယဥ်ကျေးပျူငှာစွာဖြင့် သူမက နှုတ်ဆက်လိုက်၏။
"ဒီက လူကြီးမင်း သုံးယောက်ကို နှုတ်ဆက်ပါတယ်"
မြေခွေးလေးက အရမ်းကို လှပ၏။
သူမ၏ ခန္ဓာကိုယ်က ပျော့ပြောင်းကွေးညွတ်၍ ပင်ကိုယ်သဘာဝအားဖြင့် ဆွဲဆောင်မှုရှ်ိနေ၏။ သူမ၏ ခန္ဓာကိုယ်သည် နဖူးမှခြေဖျားထိ ညှို့ငင်ဓာတ်တစ်ခုက ဖြာထွက်နေ၏။
သူမသည် မြေခွေးမျိုးနွယ်၏ ညှို့ငင်ဖမ်းစားသည့် နည်းစနစ်များကို ထုတ်ဖော်ခြင်းမရှိလျှင်တောင် မြေခွေးလေးကို မြင်တွေ့ရသော လူအများစုသည် သူတို့၏ ရမ္မက်များက နိုးကြွလာမည်ဖြစ်၏။
"ဒီကလေးမက မဆိုးဘူးဘဲ..."
မဟူရာဝက်ဝံသားရဲက သူ၏နှုတ်ခမ်းကိုသတ်ပြီး သရော်ပြုံး ပြုံးလိုက်၏။
နွားရိုင်းသားရဲက သူ၏ နှုတ်ခမ်းကို စုဝိုင်းလိုက်၏။
"သူမရဲ့ ခန္ဓာကိုယ်က အရမ်းသေးငယ်ပြီးတော့ နုနယ်နေတာ နှမြောစရာဘဲ ၊ သူမက နည်းနည်းလေးတောင် ကြမ်းလို့မရမယ့်ပုံဘဲ"
မဟူရာဝက်ဝံသားရဲက သဘောတူစွာဖြင့် ခေါင်းညိတ်လိုက်၏။
ဆိတ်သားရဲသည် မြေခွေးလေးကို ပြောင်ပြောင်တင်းတင်း စိုက်ကြည့်ပြီး ရုတ်တရက်မေးလိုက်၏။
"မြေခွေးမျိုးနွယ်ကလား...."
မြေခွေးလေးသည် လူသားပုံစံသို့ လုံးဝပြောင်းလဲထားပြီး သူမ၏ အပြင်ဘက်ပုံပန်းသဏ္ဍာန်က မည်သည့်ဟာကွက်မှ မရှိပေ။ သို့သော်လည်း ဆိတ်သားရဲသည် သူမ၏ အစစ်အမှန်ပုံစံကို ချက်ချင်းပင် သိမြင်လိုက်၏။
မြေခွေးလေး၏ မျက်လုံးထဲတွင် ထိတ်လန့်တကြားဖြစ်သွားသည့်ပုံစံက ဖျတ်ကနဲပေါ်လာပြီးနောက် ချက်ချင်းပင် ပျောက်ကွယ်သွား၏။ သူမက သူမ၏ခေါင်းကို ခါပြီး ကြိုးစား၍ ပြုံးပြလိုက်၏။
"ဒီက လူကြီးမင်းက နောက်နေတာဘဲ.. ကျွန်မက ဘယ်လိုလုပ်မြေခွေးမျိုးနွယ်က ဖြစ်ပါ့မလဲ "
ဆိတ်သားရဲအတွက်တော့ မြေခွေးလေး၏ မုသားက အရမ်းကို သိသာထင်ရှားနေ၏။
"ဟီးဟီး..."
ဆိတ်သားရဲ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခုပေါ်လာခြင်းမှာ ပထမဆုံးပင်ဖြစ်၏။
သူ၏ အစက ပိန်ပိန်ပါးပါး မျက်နှာသည် အရေးအကြောင်းများဖြင့် တွန့်တွသွားပြီး တစ်မျိုးတစ်ဖုံအားဖြင့် ပို၍ပင် ကြောက်စရာကောင်းလာ၏။
"ဒီနေ့ကစပြီး နင်က ငါ့နောက်ကို လိုက်ခဲ့ရမယ်"
သူက မြေခွေးလေးကို လက်ညိုးထိုးပြီး ပြန်လည်မေးခွန်းမထုတ်ဝံ့သော အမိန့်ပေးလေသံဖြင့် ပြောလိုက်၏။
မျောက်၏ မျက်လုံးထဲတွင် သွေးနီရောင်တစ်စွန်း တစ်စက တဖြည်းဖြည်းပေါ်လာပြီဖြစ်၏။
စိတ်ဝိညာဥ်ကျား၏ သားမွေးများကလည်း ပွယောင်းလာ၏။
ချင်ချင်၏ အမူအရာက အေးစက်လာပြီး သူမ၏ အစစ်အမှန် ပုံစံသို့ ပြောင်းလဲ၍ အချိန်မရွေးတိုက်ခိုက်နိုင်ရန် ပြင်ဆင်လိုက်၏။
မျောက်နှင့် တခြားသူများအတွက်တော့ သူတို့က လရောင်ငိုကြွေးတောင်သို့ ဝင်ရောက်ရသည်ဖြစ်စေ မိစ္ဆာသားရဲများကို နှုတ်ဆက်ရသည်ဖြစ်စေ သူတို့အတွက် သိပ်ပြီးကိစ္စမရှိပေ။
သို့သော်လည်း မြေခွေးလေးကတော့ သူတို့၏ အောက်စည်းဖြစ်၏။ မြေခွေးလေးအပေါ် မည်သူကမှ မကောင်းသည့်စိတ်မထားရှိရပေ။
ဆိတ်သားရဲ၏အကြည့်က မြေခွေးလေးအပေါ် မမှိတ်မသုန် ကျရောက်သွားသည်အချိန်မှာပင် ဆူဇီမိုသည် သူ၏ ခေါင်းကို အနည်းငယ်ငုံ့ထားလိုက်သည်ကို မည်သူကမှ သတိမထားမိကြပေ။ ဆူဇီမို၏ အကြည့်က အေးစက်နေပြီး သိပ်သည်းပြင်းထန်သည့် သတ်ဖြတ်လိုစိတ်က ပြည့်နှက်လာပြီဖြစ်၏။
ချက်ချင်းပင် တောအုပ်အတွင်းရှိလေထုသည် တင်းကျပ်၍ ခက်ထန်ကြမ်းကြုတ်လာ၏။
နွားရိုင်းသားရဲက မျောက်နှင့်အခြားသူများကို စိုက်ကြည့်ပြီး ငေါက်ငမ်းလိုက်၏။
"မင်းတို့ကောင်တွေ ဘာတွေလုပ်နေကြတာလဲ ၊ မင်းတို့က တစ်ကယ်ဘဲ သေချင်နေတာလား"
မဟူရာဝက်ဝံသားရဲသည် သူ၏ လည်ပင်းကို တဖြောက်ဖြောက် မြည်အောင် လှုပ်ခါလိုက်ပြီး သူ၏ ဝက်ဝံလက်သည်းနှစ်ဖက်ကို ပွတ်သပ်လိုက်၏။ သူက အေးစက်စွာဖြင့် ရယ်မောလိုက်လေသည်။
"ငါက စိတ်လိုလက်ရ မသတ်ဖြတ်ရတာ တော်တော်ကြာခဲ့ပြီဘဲ"
တောအုပ်ထဲတွင် ရွှေအမြုတေအဆင့် စိတ်ဝိညာဥ်သားရဲ တစ်ရာကျော်က တဖြည်းဖြည်းစုဝေးလာကြပြီ ဖြစ်၏။ သူတို့က ရန်လိုသော အမူအရာများ ရှိနေပြီး သူတို့၏ အစွယ်များနှင့် လက်သည်းများကို ထုတ်ဖော် လိုက်ကြ၏။
"အားလုံးဘဲ စိတ်လျှော့ကြပါ... စိတ်လျှော့ကြပါ" ကြွက်က ထိတ်ထိတ်ပျာပျာဖြစ်သွားပြီး ဆူဇီမိုတို့အုပ်စုကို ဆက်တိုက်ဆိုသလို မျက်နှာရိပ်မျက်နှာကဲ ပြနေ၏။
"ဒီကလူကြီးမင်း သုံးယောက်က လရောင်ငိုကြွေးပိုင်နက်အရှင်ထံမှာ နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ လူတွေဘဲ ၊ သူတို့နောက်ကို လိုက်ရတာက မကောင်းတာတော့ မဟုတ်ပါဘူး"
ကြွက်သည် လရောင်ငိုကြွေးပိုင်နက်အရှင်ဟူသော စကားနေရာတွင် ဖိ၍ပြောလိုက်၏။
သူက စေတနာကောင်းဖြင့် သူတို့ကို သတိပေးနေခြင်း ဖြစ်၏။
သို့သော်လည်း သူတစ်ကယ်တမ်း နားမလည်သည်မှာ မြေခွေးလေးသည် ဆူဇီမိုနှင့် အခြားသူများအတွက် ဘယ်လောက်ပင် အရေးပါသည်ဆိုတာကိုပင်။
အဲ့ဒါက ပိုင်နက်အရှင်တစ်ယောက်ကို မပြောနှင့် အရှင်သခင်တစ်ပါးက မြေခွေးလေးကို ထိပါးချင်သည်ဆ်ိုလျှင်တောင် ဆူဇီမိုနှင့် အခြားသူများသည် သူတို့၏ အသက်ကို ပဓာနမထားဘဲ တိုက်ခိုက်ကြမည်သာ ဖြစ်၏။
ဆိတ်သားရဲသည် ဘေးကနေ ထိတ်ထိတ်ပြာပြာဖြစ်နေသော ကြွက်သားရဲကို စိုက်ကြည့်ပြီး အေးစက်စွာ ဖြင့်မေးလိုက်၏။
"ဒီသားရဲငချွတ်တွေက သူတို့အတွက် ဘာကကောင်းတယ်ဆိုတာကို နားမလည်ကြဘူးဘဲ ၊ မင်းကရော ဘယ်ဖက်မှာ နေမှာလဲ..."
"ကျုပ်က...."
ကြွက်သည် အလွန်တရာထိတ်လန့်သွားပြီး သူ၏ ဇာတ်ကိုပုကာ သူ၏သတ္တ်ိများက ပျောက်ဆုံးသွား၏။
သူ့ရှေ့မှ အခြေအနေသည် တစ်ကယ့်ကို သူထင်ထားသည်နှင့် တက်တက်စင်အောင် လွဲချော်လာခဲ့ပြီဖြစ်၏။
ကြွက်သည် ဆူဇီမိုနှင့် အခြားလေးယောက်၏ အစွမ်းအစများကို အထင်ကြီးလေးစား၍ လရောင်ငိုကြွေးတောင်သို့ ဝင်ရောက်ရန် ဖိတ်ခေါ်ခဲ့ခြင်းဖြစ်၏။ ယခုတော့ သူတို့ရောက်ရောက်ခြင်းမှာပင် အခြေအနေက ဒီလောက်ထိ တင်းမာလာလိမ့်မည်ဟု သူကထင်မထားပေ။
သူသည် ဆူဇီမိုနှင့်အခြားသူများကို တစ်ချက်ကြည့်ပြီးနောက် မိစ္ဆာသားရဲသုံးယောက်၏ နောက်မှာ နာခံစွာနှင့် သွားရပ်၍ အနည်းငယ် ရှက်ရွံ့နေ၏။
သူ့အတွက် အဲ့ဒါကို ရွေးချယ်ရတာက သိပ်ခက်ခက်ခဲခဲတော့ မဟုတ်ပေ။
တစ်ချက်ကြည့်ရုံမျှနှင့် ဘယ်ဘက်က ပိုသန်မာသည်ဆိုတာက သိသာထင်ရှားနေသည်။
"အဲ့တော့ ဒီလူတွေက သူတို့အတွက် ဘာကကောင်းတယ်ဆိုတာ တစ်ကယ်ဘဲ မသိတဲ့သူတွေဘဲကိုး"
ဆူဇီမိုက ညင်သာစွာ သက်ပြင်းချလိုက်၏။
သူ၏သက်ပြင်းချသံ မဆုံးသေးခင်မှာပင် သူကရုတ်တရက် တိုက်ခိုက်လိုက်ပြီ ဖြစ်၏။