ထျန်းလန် ဒေသ၏ ခံစားချက်။
Vol. 24 Ch. 323
"ဒင် - ဘုံနန်းရှင်နတ်မင်းနှောင်းပိုင်းအဆင့် (၃) ယောက်၊ နတ်မင်းငယ်အဆင့်လူ (၅) ယောက်နှင့် ပကတိနတ်မင်းအဆင့် လူ (၁၀)ယောက်၊ ကြယ် ၉ပွင့် တာအို နတ်ဘုရား အထွတ်အထိပ်အဆင့် (၁) ယောက် ကို သတ်ဖြတ်ခဲ့တဲ့ အတွက် ပိုင်ရှင်ကို ဂုဏ်ပြုပါတယ်။
ဂိုဏ်းအမှတ် (၃) ဘီလီယံ နှင့် နတ်မင်းနယ်ပယ် အခြေခံဆင့်ခေါ်ခွင့် တစ်ကြိမ် ဆုချလိုက်သည်။"
၀မ်ဖုန်း လက်တစ်ဖက်ဝေ့ယမ်းလိုက်သည့်အခါ နဂါးဧကရာဇ်တောက်ဇွင်းသည် ကမ္ဘာလောကကြီး အတွင်းမှ ထွက်ခွာသွားတော့သည်။၀မ်ဖုန်း၏ စိတ်အာရုံ အတွင်း၌ အေးစက်သော အသံ တစ်သံ ထွက်ပေါ်လာခဲ့သည်။
၀မ်ဖုန်းသည် ပျက်စီးနေသော ကမ္ဘာကြီးကိုဝေ့ဝဲကြည့်ရှုလိုက်ပြီး သက်ပြင်းဖွဖွချလိုက်သည်။သန်မာသောသူများဟာ လက်တစ်ဖက် အဝေ့ဖြင့် ကမ္ဘာလောကကြီးကို ဖျက်ဆီးနိုင်ပြီး အားနည်းသောသူများကတော့ မည်သို့မည်ပုံ သေဆုံးသွားရမှန်းကို သိလိုက်ရမှာ မဟုတ်ချေ။
"စန်ဖုန်း မင်းဒီကမ္ဘာကြီးကို ပြန်ပြင်ဆင်လိုက်ပါ။ နောက်ထပ် ရှန်ရှန့်ကျုံ့ ဂိုဏ်းရဲ့ ဂိုဏ်းသားစုဆောင်းခြင်းညီလာခံကိုကျင်းပမယ်။ အဲဒီအရာကို ချောချောမွေ့မွေ့ဖြစ်အောင်ပြုမူ ဆောင်ရွက်ပါလေ။"
၀မ်ဖုန်းသည် ကျန်းစန်ဖုန်းနှင့် အခြားသော အကြီးအကဲများကို လှည့်ကြည့်လိုက်ပြီး အမိန့်ပေးလိုက်သည်။
ဂိုဏ်းသားစုဆောင်းခြင်း ညီလာခံပြီးစီးသည့်အခါ သူ၏ ရှန်ရှန့်ကျုံ့ဂိုဏ်းလည်း ထျန်းလန်ဒေသမှ ထွက်ခွာရန် အချိန်ကျပေလိမ့်မည်။
"ကောင်းပါပြီ ဂိုဏ်းချုပ်။"
ကျန်းစန်ဖုန်း နှင့် အခြားသူများသည် အတူတကွ လက်သီးဆုပ် ဂါရ၀ ပြုလိုက်ပြီး ကျယ်လောင်စွာ ပြောလိုက်သည်။
ယင်းနောက် ရှန်ရှန့်ကျုံ့ဂိုဏ်း၏ နတ်မင်းငယ်အဆင့် ဒါဇင်ချီသော အကြီးအကဲများသည် လူစုခွဲ၍ ထွက်ခွာသွားကြသည်။မြောက်မြားစွားသော အကြီးအကဲများ၏ အမတ တာအို စည်းမျဉ်းများ၏အောက်တွင် ပြိုကွဲပျက်စီးနေသော ကမ္ဘာကြီးသည် ပကတိမျက်စိနှင့် ပြန်မြင်နိုင်သောနှုန်းထားဖြင့် ပြန်လည်ပြင်ဆင်ခြင်းခံလိုက်ရသည်။
ဒါကိုမြင်တော့ ၀မ်ဖုန်း၏ ပုံရိပ်ကလည်း လေထု အတွင်းမှဖျက်ခနဲ့ ပျောက်ကွယ်သွားတော့သည်။ရှန်ရှန့်ကျုံ့ ဂိုဏ်း၏များစွာသော တပည့်များကတော့ ၀မ်ဖုန်းထွက်ခွာသွားသည့် အရပ်ဘက်သို့ လေးစားအားကျစွာ ငေးစိုက်ကြည့်ရင်း တွေဝေ မိန်းမောစွာ ကျန်ရစ်ခဲ့သည်။
"ဒင် - ချီမိန်ချွေရွှယ် နှင့် အခြားသူများက အင်မော်တယ် ရှေးဟောင်းမျိုးနွယ်စု ၄စု ကို ဖျက်စီးခဲ့တဲ့ အတွက် ပိုင်ရှင်ကို ဂုဏ်ပြုပါတယ်။ဂိုဏ်းအမှတ် ၄ ဘီလီယံ နှင့် နတ်မင်းနယ်ပယ် အခြေခံဆင့်ခေါ်ခွင့် ၄ကြိမ်အပြင် ဂိုဏ်း၏ လက်ရွေးစင်ဂိုဏ်းသားများကို အဆင့်ကြီးတစ်ဆင့် တို့မြှင့်ပေးလိုက်ပါမယ်။ ဒီဖြစ်စဥ်မှာ ဘေးထွက်ဆိုးကျိုးမရှိပါဘူး။"
၀မ်ဖုန်းတစ်ယောက် ဂိုဏ်းချုပ်ခန်းမအတွင်းပြန်ရောက်သွားသည့်အခါ စနစ်၏ အေးစက်စက် အသံက ထွက်ပေါ်လာခဲ့သည်။
၀မ်ဖုန်း၏ မျက်၀န်းများမှာ မှေးကျဉ်းသွားသည်။ အင်မော်တယ်ရှေးဟောင်းမျိုးနွယ်စုကြီး ၄စု၏ ပျက်သုန်းခြင်းက ဂိုဏ်းတပည့်များ၏ အဆင့်များကို တိုးတက်စေလိမ့်မည်ဟု သူထင်မထားမိပေ။ ဒါက အထူးဆုလာဘ်ကြီးပေ။ ယခု သူတို့ ရှန်ရှန့်ကျုံ့ ဂိုဏ်း ချို့ယွင်းနေသည့် အရာကား ဂိုဏ်းတပည့်များ၏ ကျင့်ကြံမှုသာ ဖြစ်ပေလိမ့်မည်။
ကံကောင်းထောက်မစွာဖြင့် ရှန်ရှန့်ကျုံ့ဂိုဏ်းကို ကုချိုးပြန်ရောက်လာပြီးသည့်နောက်တွင် သူ့ကို အင်မော်တယ်အဆီအနှစ် ဆေးလုံးကို ပေးအပ်ခဲ့သည်။ ဒီလိုမှ မဟုတ်လျှင် စနစ်မှ ဆုချထားသော အရာမှာ အချဉ်းအနှီးဖြစ်သွားမှာပင်။
ယခုအချိန် စနစ်၏ ဆုလာဘ်ဖြင့်ဆိုပါက ပကတိနယ်မြေအဆင့်ကို တက်ရောက်ကာစဖြစ်သော ကုချိုးသည် နတ်မင်းငယ်အစောပိုင်းအဆင့်ကို တက်ရောက်သွားမည်ဖြစ်သည်။ ရှေးဟောင်းကမ္ဘာကြီးအတွင်းကျန်ရစ်ခဲ့သော ရှန်ရှန့်ကျုံ့ဂိုဏ်းအပြင် လက်ရှိရှန်ရှန့်ကျုံးဂိုဏ်း၌ ကုချိုး၏ ကျင့်ကြံမှုက အမြင့်မားဆုံးဖြစ်၏။
ဒါ့အပြင့် မျစွာသော ရှန်ရှန့်ကျုံ့ဂိုဏ်း၏ အကြီးအကဲများ၏ ကူညီမှုကြောင့် ကျိယိုယန်သည်လည်း သစ္စာဖောက်များကို အောင်မြင်စွာ ရှင်းလင်းသုတ်သင်နိုင်ခဲ့ပြီး ကောင်းကင်ဘုံ ခရီးနှင်ခြင်းမင်းဆက်ကို အပြည့်အ၀ ထိန်းချုပ်နိုင်ခဲ့သည်။ ကောင်းကင်ဘုံခရီးနှင်ခြင်းမင်းဆက်ကို ပြန်လည်ထိန်ချုပ်ရရှိပြီးနောက် ကျိယိုယန် ပထမဦးဆုံးပေးခဲ့သည့် အမိန့်မှာ မင်းဆက်တစ်ခုလုံးကို ရှန်ရှန့်ကျုံ့ဂိုဏ်းအား သစ္စာခံစေရန်ဖြစ်၏။
ကျိယိုယန်ဟာ ကောင်းကင်ဘုံ ခရီးနှင်ခြင်းမင်းဆက်ကို အုပ်စိုးရင်း တပြိုင်နက်ထဲမှာ ရှန်ရှန့်ကျုံဂိုဏ်း၏ လက်ရွေးစင်တပည့်အဖြစ် ဆက်လက်နေထိုင်ရန် ရွေးချယ်ခဲ့သည်။ ယင်းနောက်သူမဟာ ကျင့်ကြံမှုကို တစိုက်မတ်မတ် ကြိုးစားတော့မှာပင်။
ကျိယိုယန်၏ အမြင်တွင် ကောင်းကင်ဘုံခရီနှင်ခြင်းမင်းဆက်၏ ဧကရီဖြစ်လာခြင်းက စိတ်လှုပ်ရှားစရာ မဟုတ်တော့ပေ။ ဂိုဏ်းချုပ်၏နောက်ကို လိုက်ခြင်းကသာ အဆုံးအစမဲ့သော အောင်မြင်မှုကို ရရှိစေမှာသာ!
ရှန်ရှန့်ကျုံ့ဂိုဏ်းကို စတင်၀င်ရောက်ပြီးချိန်မှစ၍ ကျိယိုယန် သည် ၎င်းဂိုဏ်း၏ မြင့်တက်မှုကို ကိုယ်ပိုင်မျက်စိဖြင့် တွေ့မြင်ခဲ့ရသည်။ ထိုဖြစ်ရပ်ကြောင့် ကျိယိုယန်တစ်ယောက် အကြီးအကျယ်လည်း ထိတ်လန့်တုန်လှုပ်ခဲ့ရသေးသည်။
ဤအချိန်တွင် ကျိယိုယန်၌ ရှန်ရှန့်ကျုံ့ဂိုဏ်းတွင် ဆက်လက်နေထိုင်ပြီး ကြိုးကြိုးစားစားလေ့ကျင့်ကာ အဆက်မပြတ် အောင်မြင်ကြီးထွားလိုသော ရည်ရွယ်ချက်တစ်ခုသာ ကျန်ရစ်တော့သည်။
ဂိုဏ်းချုပ်ခန်းမထဲတွင် ၀မ်ဖုန်းသည် အမြင့်မာဆုံးပုလ္လင်ထက်၌ထိုင်နေခဲ့ပြီး မေးစေ့ကို ပွတ်ကာဖြင့် စဉ်းစားခန်း၀င်နေခဲ့သည်။ ယခုသူ့တွင် အန္တိမတာအို အဆင့် ကျပန်းဆင့်ခေါ်ခွင့် အကြိမ် ၄၀ နှင့် နတ်မင်းနယ်ပယ် ကျပန်းဆင့်ခေါ်ခွင့် ၁၂ကြိမ်ရှိနေခဲ့သည်။ ဤအချိန်ကား ဆင့်ခေါ်မှုများကိုပြုလုပ်ရမည့် အချိန်သာတည်း။ ယင်းနောက် ရှန်းရွှမ်ဒေသကို ၀င်ရောက်ရန်ပြင်ဆင်ရမည်!
"စနစ် - အန္တိမတာအို အဆင့် ကျပန်းဆင့်ခေါ်ခွင့် အကြိမ် ၄၀ ကို ပူးပေါင်းလိုက်ပါ။" ၀မ်ဖုန်းက လျို့ဝှက်စွာပြောလိုက်သည်။
"ဒင်- နတ်မင်းနယ်ပယ် ကျပန်းဆင့်ခေါ်ခွင့် ၄ကြိမ်အဖြစ် အောင်မြင်စွာ ပူးပေါင်းနိုင်သည့်အတွက် ပိုင်ရှင်ကို ဂုဏ်ပြုပါတယ်။"
"စနစ် - နတ်မင်းနယ်ပယ်အခြေခံဆင့်ခေါ်ခွင့် ၁၀ကြိမ်ကို အသုံးပြုပြီး ဂုဏ်သရေနယ်ပယ်အထွတ်အထိပ်အဆင့် ဆင့်ခေါ်ခွင့်အဖြစ်အသုံးပြုလိုက်ပါ။ " ၀မ်ဖုန်းက ခေါင်းငြိမ့်ကာ တုံ့ဆိုင်းခြင်းမရှိပြောလိုက်သည်။
"ဒင် - ဂုဏ်သရေနယ်ပယ်အထွတ်အထိပ်အဆင့် စွမ်းအားကြီး နတ်မင်းများကို ဆင့်ခေါ်နိုင်တဲ့ ဆင့်ခေါ်ခွင့် ၂ကြိမ်ကိုရရှိတဲ့အတွက်ပိုင်ရှင်ကို ဂုဏ်ပြုပါတယ်။ စတင်ဆင့်ခေါ်နေပါပြီ...."
၀မ်ဖုန်းဆင့်ခေါ်ချိန်စတင်လိုက်သည့်အချိန်မှာပင် ရှန်ရှန့်ကျုံ့ဂိုဏ်းက ဂိုဏ်းသားစုဆောင်းခြင်းညီလာခံ ကျင်းပတော့မည့်သတင်းသည် ထျန်းလန်ဒေသကြီးတစ်ခုလုံးကိုပျံ့နှံ့သွားခဲ့သည်။ဒါက ထျန်းလန်ဒေသတစ်ခုလုံးရှိ ကျင့်ကြံသူများအားလုံးကို လှုပ်လှုပ်ရွရွဖြစ်စေခဲ့သည်။ ရှန်ရှန့်ကျုံ့ဂိုဏ်းက လျို့ဝှက်ဆန်းကျယ်ကာ ထိတ်လန့်စရာကောင်းသော ရန်သူကြီးကို ချေမှုန်းခဲ့သည့်ဖြစ်စဉ်အား ကိုယ်တိုင်ကိုယ်ကျ တွေ့မြင်ခြင်းမရှိသော်လည်း ရှန်ရှန့်ကျုံ့ဂိုဏ်းက ဤအချိန်တွင် ဂိုဏ်းသားစုဆောင်းခြင်းညီလာခံကို ကျင်းပရဲသည်ဖြစ်ရာ ရန်သူများအားလုံးကို သုတ်သင်ပြီးပြီဖြစ်ကြောင်း သူတို့ မှန်းဆမိလိုက်သည်။
ဤကနေ့တွင် ထျန်းလန်ဒေသရှိ အနည်းငယ်သော ရှေးဟောင်းမျိုးနွယ်စုများမှလွဲ၍ ကျန်ရှေးဟောင်းမျိုးနွယ်စုအားလုံးသည် ရှန်ရှန့်ကျုံ့ဂိုဏ်း၏ ဖျက်စီးခြင်းကိုခံလိုက်ရသည်။ဒါ့အပြင် ကျန်ရစ်သော ရှေးဟောင်းမျိုးနွယ်စုများကလည်း ကောင်းကင်ဘုံခရီးနှင်ခြင်းမင်းဆက်နှင့်ပူးပေါင်း၍ ရှန်ရှန့်ကျုံ့ဂိုဏ်းကို ချက်ချင်းအညံ့ခံခဲ့ကြသည်။ သူတို့ဟာ ရှန်ရှန့်ကျုံ့ဂိုဏ်း၏ တွဲဖက်အင်အားစုများ ဖြစ်လာကြသည်။
ရှန်ရှန့်ကျုံ့ဂိုဏ်းက ဂိုဏ်းသားစုဆောင်းခြင်းညီလာခံ ကျင်းပမည့်သတင်း ပျံ့နှံ့သွားသည့်အခါ ထျန်းလန်ဒေသတစ်ခုလုံးရှိ လူငယ်ပါရမီရှင်များအားလုံးသည် အုံအုံကြွကြွဖြစ်သွားကြသည်။ သူတို့အားလုံးဟာ ရှန်ရှန့်ကျုံ့ဂိုဏ်း၏ ဂိုဏ်းသားစုဆောင်းခြင်းညီလာခံကို ပါ၀င်ဆင်နွှဲရန် အသင့်ဖြစ်နေကြသည်။
ဒါတင်မကသေးဘဲ ထျန်းလန်ဒေသ အလှနတ်မိမယ်စာရင်းတွင်ပါ၀င်ကြသော ဒါဇင်ချီသည့်အချောအလှလေးများကလည်း ကောင်းမွန်စွာ ၀တ်စား၍ ရှန်ရှန့်ကျုံ့ဂိုဏ်းရှိရာသို့ သွားလာခဲ့ကြသည်။ သူတို့က ရှန်ရှန့်ကျုံ့ဂိုဏ်း၏ ဒဏ္ဍာရီလာဂိုဏ်းချုပ်နှင့် တွေ့ဆုံပြီး ဂိုဏ်းချုပ်နှင့်လက်ဆက်ခွင့်ရရန်မျှော်လင့်နေကြ၏။
ဤသည်ကား ထျန်းလန်ဒေသ၏ သမိုင်းတွင် အလှနတ်သမီးလေးများကို တစ်စုတစ်စည်းတည်း တွေ့မြင်ရသည့် ပထမဆုံးအချိန်အခါပင်ဖြစ်တော့သည်။
ဒါဇင်ချီသော အလှနတ်သမီးလေးများ၏လုပ်ဆောင်မှုက ထျန်းလန်ဒေသရှိ ကျင့်ကြံသူမျအား ရှန်ရှန့်ကျုံ့ဂိုဏ်း၏ ဂုဏ်သတင်းအကြောင်းပိုမိုနားလည်လာစေခဲ့သည်။ အလှနတ်မိမယ်စာရင်းတွင်ပါ၀င်နိုင်ခြင်းမှာ သာမန်မဟုတ် ထူးကဲသော အလှတရားကြောင့်သာမက ပင်ကိုယ်ပါရမီစွမ်းရည်ကြောင့်လည်းဖြစ်၏။ သူမတို့မှာ ချောမောလှပရုံသာမက ကျင့်ကြံရေး၌လည်း လွန်စွာပါရမီထူးသူများဖြစ်ကြပေသည်။
သတင်းများ ပျံ့နှံ့ထွက်ပေါ်လာပြီး တစ်နာရီအတွင်းမှာပင် ရှန်ရှန့်ကျုံ့ဂိုဏ်းတည်ရှိသောနေရာ တစ်ဝိုက်၌ စွမ်းအားရှင်များဖြင့်ပြည့်နှက်သွားသည်။ ကျင့်ကြံမှုအဆင့် ဘယ်လောက်ပင်ရှိနေပါစေ ဘယ်သူကမှ အမှားအယွင်းမလုပ်ရဲကြဘဲ တိတ်ဆိတ်စွာ စောင်းဆိုင်းနေကြသည်။
"ငါတို့ ထျန်းလန်ဒေသမှာ ဒီလိုပွဲကြီးပွဲကောင်းမကြုံရတာ ဘယ်လောက်တောင်ကြာနေပြီလဲ...."
"ဟုတ်တယ်... အလှနတ်မိမယ်လေးတွေ တစ်နေရာတည်း စုစည်းနေကြတာ။ ရှန်ရှန့်ကျုံ့ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ကိုတော့ နတ်ဘုရားက ကောင်းချီး ပေးတာပဲဟေ့..."
"အလှနတ်မိမယ်လေးတွေ အကုန်လုံးကို ရှန်ရှန့်ကျုံ့ ဂိုဏ်းချုပ်က သိမ်းပိုက်လိုက်ရင်တောင် ပြဿနာမဟုတ်ဘူး..."
"ဟုတ်တာပေါ့.... သန်မာတဲ့ ပုဂ္ဂိုလ်ကသာ အလှနတ်မိမယ်လေး အားလုံးကို သိမ်းပိုက်နိုင်စွမ်းရှိမှာလေ..."
တောင်ဂိတ်တံခါးက ကျင့်ကြံသူများသည် ရှန်ရှန့်ကျုံဂိုဏ်း၏ တောင်ဂိတ်တံခါးကြီးကို စူးစိုက်ကြည့်ရင်း အသံတိုးတိုးဖြင့်ပြောလိုက်သည်။ တစ်ချိန်တည်းမှာပင် သူတို့၏မျက်လုံးများက ဒါဇင်ချီသော အလှနတ်မိမယ်လေးများကို ဝေ့ဝဲကြည့်ရှုနေ ကြသည်။သူတို့၏ မျက်လုံး အတွင်းပိုင်း၌ မနာလိုမှုများရှိနေခဲ့သည်။
ဤအချိန်တွင် ကျန်းစန်ဖုန်း၏ ပုံရိပ်ကတောင်ဂိတ်တံခါး အရှေ့၌ ထွက်ပေါ်လာသည်။ သူဟာ များစွာသော လူထုကြီးကို ကြည့်၍ ကျယ်လောင်စွာ အော်ဟစ်ပြောဆိုလိုက်သည်။ ခမ်းနားကြီးကျယ်သော သူ၏ အသံသည် ကမ္ဘလောကကြီးတစ်ခွင် ပဲ့တင်ထပ်သွားပြီး ရှိနေကြသော လူများအားလုံးကို တိတ်ဆိတ်ငြိမ်သက်သွားစေခဲ့သည်။
အသံလေးတစ်သံကတောင် သူတို့အားလုံးကို ကူကယ်ရာမရဖြစ်စေခဲ့သည်။ သူ့ရဲ့ ကျင့်ကြံမှုက ဘယ်လောက်တောင်မြင့်နေတာလဲ။ ဒါက ရှန်ရှန့်ကျုံဂိုဏ်းရဲ့ အကြီးအကဲတစ်ယောက်ပဲရှိသေးတယ်။ ဒီလိုဆိုရင် ရှန်ရှန့်ကျုံဂိုဏ်းရဲ့ ဂိုဏ်းချုပ်က ဘယ်လောက်တောင်မှ စွမ်းအားကြီးနေမှာလဲ။ ရှန်ရှန့်ကျုံ့ဂိုဏ်းရဲ့ ဒဏ္ဍာရီလာအစောင့်အရှောက်တွေကရော ဘယ်လောက်တောင် အစွမ်းထက်လိုက်ကြမလဲ?
ရှန်ရှန့်ကျုံ့ဂိုဏ်း၏ ဂိုဏ်းသားစုဆောင်းခြင်းညီလာခံကို သူတို့ရဲ့ လူငယ်မျိုးဆက်များပါ၀င် ယှဉ်ပြိုင်လာစေရန် ခေါ်လာခဲ့သော မျိုးဆက်ေဟာင်းကျင့်ကြံသူ အားလုံး၏ နှလုံးသားထဲ၌ မုန်တိုင်းထန်သွားခဲ့သည်။ သို့ပါသော်လည်း ထိပ်တန်းပါရမီရှင်များနှင့် အချောအလှလေးများကတော့ အပျော်များဖြင့်ပြည့်နှက်သွားကြသည်။ သူတို့က ရှန်ရှန့်ကျုံ့ဂိုဏ်း၏ တောင်ဂိတ်တံခါး၀ကို ပူပြင်းတောက်လောင်နေသော မျက်၀န်းများဖြင့် ငေးစိုက်ကြည့်လိုက်ကြသည်။ငါတို့ ရှန်ရှန့်ကျုံ့ဂိုဏ်းကို ၀င်ရောက်ဖို့ စိတ်ပိုင်းဖြတ်ပြီးပြီ!
လူထုကို တည်ငြိမ်အောင်ထိန်းလိုက်ပြီးနောက် ကျန်းစန်ဖုန်းသည် ရုတ်ချည်းပျောက်ကွယ်သွားခဲ့သည်။ ရှန်ရှန့်ကျုံ့ဂိုဏ်း၏ စွမ်းအားဖြင့်ဆိုပါက ဒီလူတစ်စုကို အလေးပေးဂရုစိုက်နေစရာ မလိုအပ်ပေ။
သို့ပါသော်လည်း ကျန်းစန်ဖုန်းသည် ရှန်ရှန့်ကျုံ့ဂိုဏ်း၏ တပည့်အချို့ကို စေလွှတ်၍ လူထုကို လေးစားမှုပြသခဲ့သည်။