← Chapters

ချန်းလျန်ဓားတေးသံယ

Vol. 24 Ch. 326

ချန်းလျန်ဓားတေးသံယ

Vol. 24 Ch. 326

လီပိုင်ကိုတွေ့မြင်လိုက်ရသည့်အခါ ကန္ဒကယက္ခသည် အေးခဲသွားသည်။ သူ၏သွေးနီရောင်မျက်ဝန်းများက လီပိုင်ကို စူးစူးရဲရဲစိုက်ကြည့်လိုက်သည်။ သူဟာ လီပိုင့်ထံမှ သန်မာသော ခြိမ်းခြောက်မှုတစ်မျိုးကို ခံစားလိုက်ရသည်။

လီပိုင်၏ခွန်အားကို စမ်းသပ်ရန်အတွက် ကန္ဒကယက္ခသည် ပြုံးရယ်လိုက်ပြီး သူ၏ပုံရိပ်ဟာ ရုတ်တရက်ပျောက်ကွယ်သွားလေကာ လီပိုင်၏ရှေ့၌ ထွက်ပေါ်လာလေသည်။ အရိုးဖြူလက်ချောင်းများသည် ထက်မြသောဓားတစ်ချောင်းလိုမျိုး လီပိုင်၏လည်တိုင်ရှိရာသို့ ပြေးဝင်သွားခဲ့သည်။ 

လီပိုင်က ဝမ်ဖုန်းကို သေရည်ကောင်းကောင်းပေးရန် တောင်းဆိုလိုခဲ့သည်။ သို့ပါသော်လည်း ကန္ဒကယက္ခမှာ အရမ်းကိုရန်လိုနေလိမ့်မည်ဟု သူထင်မထားခဲ့ပေ။ ထိုအရာက ဘာစကားတစ်ခွန်းမှမပြောဘဲနဲ့တောင် ချက်ချင်းတိုက်ခိုက်ခဲ့သည်။

သူ၏မျက်ဝန်းများမှာ အေးခဲသွားခဲ့သည်။ ခါး၌ချိတ်ထားသောဓားရှည်ကို ရုတ်တရက်ဆွဲထုတ်လိုက်ကာ ကန္ဒကယက္ခ၏ဖြူသွယ်သောအရိုးလက်ချောင်းများကို တားဆီးလိုက်၏။ ချွင်ကနဲမြည်သံနှင့်အတူ ထက်မြသောဓားသည် အရိုးလက်တံများနှင့် ပွတ်တိုက်မိသွားကာ မီးပွားများလွင့်စင်ထွက်လာခဲ့သည်။ စွမ်းအားကြီးမားသော အားလှိုင်းတစ်ခုသည် အရပ်မျက်နှာအသီးသီးဆီသို့ ပျံ့လွင့်သွားခဲ့သည်။

" စိတ်ဝင်စားစရာပဲ။ ထွက်ရပ်ပေါက်နတ်မင်း အထွတ်အထိပ်အဆင့်လေးတစ်ယောက်မှာ ဒီလိုခွန်အားမျိုးရှိနေတာပဲ။ ဒီအရှင်သခင်က မင်းရဲ့သွေးကို စောင့်မျှော်နေပြီ။ အဲ့ဒါက....ဘယ်လိုမျိုးအရသာရှိလိမ့်မလဲ?"

ကန္ဒကယက္ခသည် လီပိုင်ကိုစူးစိုက်ကြည့်လိုက်ပြီး ခြောက်သွေ့အက်ကွဲနေသောအသံတစ်သံက သူ၏နှုတ်ဖျားမှ ထွက်လာခဲ့ကာ လူအများကိုတုန်ယင်သွားစေခဲ့သည်။

လီပိုင်က မျက်မှောင်ကြုတ်လိုက်ပြီး ကန္ဒကယက္ခကို စက်ဆုပ်ရွံရှာစွာကြည့်လိုက်သည်။ ဒီကောင့်ကို သူတောင်မှရွံရှာစက်ဆုပ်နေမိ၏။ 

" ဓားထွက်ပေါ်လာစေ။ "

တ်ိုးညှင်းစွာရေရွတ်လိုက်ပြီး လီပိုင်ကလက်ထဲရှိဓားရှည်ကို ထိုးသွင်းလိုက်သည်။ စွမ်းအားကြီးသော အားလှိုင်းတစ်ခုသည် ဓားရှည်အတွင်းသို့ စီးဆင်းဝင်ရောက်သွားခဲ့သည်။ ဓားရှည်၏ထိပ်ဖျားမှ ထက်မြသောဓားချီများ ပေါက်ကွဲထွက်ပေါ်လာသည်။ အဆိုပါထက်မြသောဓားချီများသည် အလွန်အမင်းမြန်ဆန်သောနှုန်းထားဖြင့် ကန္ဒကယက္ခဆီ ပြေးဝင်သွားခဲ့သည်။

ထက်မြသောဓားအစွန်းသည် လေဟာနယ်ကိုပိုင်းဖြတ်သွားခဲ့ပြီး မရဏပင်လယ်ကြီးတစ်ခုလုံး၌ ပြင်းထန်သောလှိုင်းလုံးများ စတင်ရိုက်ခတ်လာခဲ့သည်။

လီပိုင်၏တိုက်ခိုက်မှုကို ကြုံတွေ့လိုက်ရသည့်အခါ ကန္ဒကယက္ခက သူ၏လက်ကိုဝှေ့ယမ်းလိုက်၏။ အဖြူရောင်ပုံရိပ်တစ်ခုထွက်ပေါ်လာခဲ့ပြီး အရိုးဖြူများဖြင့်ပြုလုပ်ထားသော ဒိုင်းကာကြီးတစ်ခုက ကန္ဒကယက္ခ၏ရှေ့၌ထွက်ပေါ်လာခဲ့ကာ လီပိုင်၏ဓားကွက်ကိုခုခံလိုက်၏။ 

" ဘုန်း ! "

နားကွဲလုမတတ် ကျယ်လောင်သောပေါက်ကွဲသံကြီးသည် မရဏပင်လယ်ကြီးတစ်ခုလုံးအတွင်း၌ ပဲ့တင်ထပ်သွားခဲ့သည်။ ထက်မြသောဓားအလင်းတန်းနှင့် အရိုးဖြူဒိုင်းကာကြီးထိတွေ့ရာမှ ထွက်ပေါ်လာသောစွမ်းအားလှိုင်းလုံးများသည် အရပ်လေးမျက်နှာသို့ပျံ့နှံ့သွားခဲ့ကာ ရှိရှိသမျှအရအားလုံးကိုဖျက်ဆီးသွားခဲ့သည်။ 

ဤစွမ်းအားဖိအား၏ရှေ့မှောက်တွင် မရဏပင်လယ်ကြီးတစ်ခုလုံးသည် ထက်ခြမ်းပိုင်းခံလိုက်ရပြီး ပင်လယ်အောက်ခြေ၌ရှိနေခဲ့သော အရိုးဖြူများကိုတောင် တဒင်္ဂကြာအောင် တွေ့မြင်လိုက်ရ၏။ 

လီပိုင်၏ဓားကွက်ကို ခုခံလိုက်ပြီးသည့်နောက် ကန္ဒကယက္ခသည် သူ၏လက်နှစ်ဖက်ကိုလှုပ်ရှားလိုက်၏။ သူ့အရှေ့မှ အရိုးဖြူဒိုင်းကာကြီးသည် အရိုးဖြူဓားတစ်ချောင်းအဖြစ်ကို ချက်ချင်းအသွင်ပြောင်းလဲသွားခဲ့သည်။ ထိုနောက်သိပ်သည်းလေးလံသောအရိုးဖြူဓားကြီးကိုကိုင်ဆောင်လိုက်ကာ လီပိုင်ထံသို့ လျှပ်စီးလိုအမြန်နှုန်းဖြင့် ခုတ်ပိုင်းလာ၏။ 

ရန်သူ့လမ်းစဉ်အတိုင်း တန်ပြန်တိုက်ခိုက်ခြင်း!

ဟား ဟား။ စာသင်သားတစ်ယောက်က ကဗျာစာဆိုတစ်ယောက်ရှေ့မှာ ကဗျာရွတ်နေသလိုမျိုး ဒီကောင်ကငါ့ရှေ့မှာ ဓားကွက်လာကစားပြနေတာလား။ 

လီပိုင်သည် လှောင်ရယ်လိုက်သည်။ သူ့ခန္ဓာကိုယ်အတွင်းရှိစွမ်းအားများကို ချုပ်ထိန်းမထားတော့ဘဲ လက်ထဲရှိဓားရှည်ထံသို့ သွတ်သွင်းလိုက်၏။ ယင်းနောက် ဓားတေးသံတစ်ခုသည် အရပ်မျက်နှာအသီးသီးတို့ ပျံ့လွှင့်သွားခဲ့သည်။ 

" ချန်းလျန်ဓားတေးသံ ။"

လီပိုင်က တိုးဖွစွာရေရွတ်လိုက်ခြင်းနှင့်အတူ သူ၏ပတ်ပတ်လည်၌ အပြာရောင်အလင်းတန်းများတောက်ပနေသော ကြာပွင့်ကြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။ အနှီကြာပွင့်ကြီးပတ်ပတ်လည်တွင် ပုံရိပ်ယောင်ဓားတစ်ချောင်းက လှည့်ပတ်နေသည်။ ၎င်းပုံရိပ်ယောင်ဓား၏ ထက်မြခြင်းအရှိန်အဝါများက ကမ္ဘာလောကကြီးတစ်ခုလုံးကိုတုန်လှုပ်စေခဲ့သည်။ 

ဤအချိန်တွင်လီပိုင်သည် တစ်လောကလုံး၏အလယ်ဗဟို၌ ရပ်တန့်နေသကဲ့သို့ ဖြစ်နေကာ ပြိုင်ဘက်ကင်းထိတ်လန့်ဖွယ်အရှိန်အဝါများကို ထုတ်လွှတ်နေခဲ့သည်။ သူ့ခန္ဓာကိုယ်ပတ်ပတ်လည်ရှိ အစိမ်းရောင်ကြာပွင့်ကြီးအတွင်း၌ စိတ်ဝိညာဉ်ကိုထိုးဖောက်နိုင်စွမ်းရှိသော စွမ်းအားတစ်ရပ် ကိန်းဝပ်နေသလိုပင်။ ၎င်းကြာပွင့်ဟာ အလွန်အမင်းသေသပ်ခမ်းနား လှပသော်လည်း စေ့စေ့စိုက်ကြည့်ခြင်းငှာ မစွမ်းလှပေ။

ယင်းနောက် ချက်ချင်းဆိုသလို လီပိုင်သည် ဓားရှည်ကိုထိုးသွင်းလိုက်သည်။ ထိတ်လန့်ခြောက်ခြားဖွယ်ကောင်းသော ဓားတေးသံကလည်း ရုတ်တရက်ထွက်ပေါ်လာခဲ့သည်။ အစိမ်းရောင်ကြာပန်းကြီး၏ ပတ်ပတ်လည်၌ရှိနေသော ပုံရိပ်ယောင်ဓားရှည်ကလည်း မုန်တိုင်းတမျှ ခက်ထန်သောအရှိန်အဝါများကိုသယ်ဆောင်လျက် လှည့်ပတ်လိုက်သည်။ ကောင်းကင်နှင့်မြေပြင်ကို ဖျက်ဆီးနိုင်သော စွမ်းအားကြီးတစ်ခုသည် ကန္ဒကယက္ခယံ တိုးဝင်သွားခဲ့လေသည်။ 

" အရိုးဖြူနဂါးနတ်ဘုရား ! "

လီပိုင်၏တိုက်ကွက်နှင့် ရင်ဆိုင်လိုက်ရသည့်အခါ ကန္ဒကယက္ခ၏ သွေးနီရောင်မျက်ဝန်းများသည် လေးနက်သွားခဲ့သည်။ သူ၏နှုတ်ဖျားမှ မယှဥ်နိုင်လောက်အောင်ခြောက်သွေ့အက်ကွဲသောအသံကြီး ထွက်ပေါ်လာခဲ့သည်။ သူဟာ အရိုးဖြူလက်ချောင်းများကို သေသပ်စွာလှုပ်ရှားလိုက်သည့်အခါ မရဏပင်လယ်ကြီးတစ်ခုလုံးသည် ရုတ်ချည်းဆိုသလို နှစ်ခြမ်းကွဲသွားခဲ့သည်။ ပင်လယ်အောက်ခြေအနက်ပိုင်း၌ရှိနေခဲ့သော အဖြူရောင်အရိုးစုကြီးများကလည်း တရစပ်တုန်ခါလာသည်။

ကန္ဒကယက္ခ၏နှုတ်ဖျားမှ လျို့ဝှက်ဆန်းကြယ်သောအသံများ တရစပ်ထွက်ပေါ်လာပြီး သူ၏လက်များကလည်း လျို့ဝှက်ဆန်းကြယ်သောသင်္ကေတများကိုပုံဖော်နေခဲ့သည်။ အံ့ဖွယ်ရာထွက်ပေါ်လာသည်နှင့်တပြိုင်နက် လောကကြီးတစ်ခုလုံး တုန်လှုပ်ရပေလိမ့်မည်!

အရိုးများဖြင့်ပြုလုပ်ထားသော နဂါးကြီးတစ်ကောင်၏ရုပ်တုကြီးသည် ရုတ်တရက်အသက်ဝင်လာပုံပေါ်၏။ ၎င်းရုပ်တုကြီးထံတွင် ကမ္ဘာလောကကြီးတစ်ခုလုံးကို တုန်လှုပ်စေနိုင်သော ခမ်းနားကြီးကျယ်သည့် နဂါးအရှိန်အဝါများလည်းကိန်းဝပ်နေခဲ့သည်။

" ဝေါင်း ! "

အရိုးဖြူများဖြင့်ပြုလုပ်ထားသော နဂါးရုပ်တုကြီးထံမှ နားကွဲလုမတတ်ကျယ်လောင်သော နဂါးဟိန်းသံကြီးတစ်သံ ထွက်ပေါ်လာသည်။ ဝမ်ဖုန်းတို့အုပ်စု၏မျက်စိရှေ့တွင် အရိုးဖြူနဂါးပုံရိပ်ကြီးသည် အစိမ်းရောင်ကြာပန်းကြီးဘက်ကို အစွယ်များနှင့်လက်သည်းများဖြတ်ကာလျှက် ဟိန်းဟောက်လိုက်သည်။ 

ထိတ်လန့်ဖွယ်ကောင်းသော တိုက်ခိုက်မှုကြီးနှစ်ခု ထိပ်တိုက်မတွေ့ဆုံခင်ကတည်းက မမြင်တွေ့နိုင်သောစွမ်းအားမုန်တိုင်းကြီးတစ်ခုသည် မိုးကောင်းကင်ထက်၌ဖြစ်ပေါ်လာခဲ့ပြီး ကောင်းကင်ယံရှိလေထုကို ပင့်ကူအိမ်များကဲ့သို့ အက်ကွဲကြောင်းများတရစပ် ထွက်ပေါ်လာစေခဲ့သည်။

" ဘုန်း !"

တိုက်ခိုက်မှုကြီးနှစ်ခုသည် ပြင်းထန်စွာထိတွေ့မိသွားပြီး မိုးကောင်းကင်ကိုအက်ကွဲစေနိုင်သော ကျယ်လောင်သည့်အသံကြီးလည်း ထွက်ပေါ်လာခဲ့သည်။ မမြင်တွေ့နိုင်သောစွမ်းအားမုန်တိုင်းသည် အရပ်လေးမျက်နှာသို့ ပျံ့နှံ့သွားခဲ့သည်။ ဝမ်ဖုန်းနှင့်အခြားသူများသည် ရုတ်တရက်ကြောင်အသွားခဲ့ကာ သူတို့ကိုယ်တွင်းရှိစွမ်းအားများကို လှည့်ပတ်လိုက်ပြီး ထိတ်လန့်ဖွယ်ကောင်းသောစွမ်းအားလှိုင်းကြီးကို ခုခံလိုက်ရသည်။

ပေါက်ကွဲမှုလှိုင်းလုံးကြီးများ၏အလယ်တွင် အလင်းတန်းနှစ်ခုသည် အားပြိုင်နေခဲ့ကြသည်။ အစိမ်းရောင်ကြာပန်းကြီးသည် အရိုးဖြူနဂါးကြီးထံသို့ ပြင်းထန်သောအရှိန်အဟုန်ဖြင့် တိုးဝင်နေခဲ့သည်။ အစိမ်းရောင်ကြာပန်းကြီးပတ်ပတ်လည်၌ လှည့်ပတ်နေခဲ့သော ပုံရိပ်ယောင်ဓားစွမ်းအင်ကလည်း အရိုးဖြူနဂါးကြီး၏ ကြီးမားသောခန္ဓာကိုယ်ကို အဆက်မပြတ်ထွင်းဖောက်နေသည်။ 

" ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ "

ကန္ဒကယက္ခက မယုံကြည်နိုင်စွာ ဟစ်ကြွေးပြောဆိုလိုက်သည်။ သူ၏သွေးနီရောင်မျက်ဝန်းများမှာ ထိတ်လန့်ခြောက်ခြားမှုများဖြင့် ပြူးကျယ်နေခဲ့သည်။ 

ဤအချိန်တွင် သူနှင့်လီပိုင်တို့သည် ကိုယ်တိုင်ကိုယ်ကျ မတိုက်ခိုက်ခဲ့သော်လည်း သူတို့၏ခွန်အားများကို အရိုးဖြူနဂါးကြီးနှင့် အစိမ်းရောင်ကြာပန်းကြီးတို့အပေါ် အစွမ်းကုန်သွတ်သွင်းထားခဲ့ကြသည်။ ဒါအပြင် ကန္ဒကယက္ခသည် သူဖန်တီးထားခဲ့သောအရိုးဖြူနဂါးကြီးက တိုက်ပွဲအတွင်း ကျရှုံးနေပြီဆိုတာကို ခံစားသိရှိနေသည်။ 

ပိုမို၍ထိတ်လန့်ဖွယ်ကောင်းသည်က အရိုးဖြူနဂါးကြီးကိုတိုက်ခိုက်နေသော အရှိန်အဝါများက သူ့ကိုတောင်ထိတ်လန့်စေခဲ့သည်။ သူဆက်ပြီးတည်ငြိမ်မနေနိုင်တော့ပေ။ 

ဤသည်က ကန္ဒကယက္ခကို ထိတ်လန့်သွားစေခဲ့သည်။ သူသည် လီပိုင်၏ကျင့်ကြံမှုအပေါ် ထွက်ရပ်ပေါက်နတ်မင်း အထွတ်အထိပ်အဆင့်၌သာရှိနေကြောင်း ခံစားနေမိသည်။ ထိုအတွက်ကြောင့်သာ သူက လီပိုင်ကို တိုက်ခိုက်နေခဲ့ခြင်းဖြစ်သည်။ သို့ပါသော်လည်း လီပိုင်၏ခွန်အားမှာ သူမျှော်လင့်ထားသည်ထက် ပိုမိုသာလွန်လိုက်မည်ဟုတော့ သူ့ထင်မထားခဲ့ပေ။ ထိုသူက ပြောင်းလဲခြင်းနတ်မင်း အစောပိုင်းအဆင့်ဖြစ်သော သူ့ထက်တောင် ပို၍ကြောက်လန့်ဖွယ်ကောင်းနေသည်။

" သေလိုက်တော့ !"

လီပိုင်က ကန္ဒကယက္ခ၏အံ့အားသင့်နေမှုကို အာရုံမထားခဲ့ပေ။ သူ၏မျက်ဝန်းများမှာကျဉ်းမြောင်းသွားပြီး တိုးညှင်းစွာဟစ်ကြွေးလိုက်သည်။ အစိမ်းရောင်ကြာပန်းကြီးသည် ရုတ်တရက်ဆိုသလို ဖူးပွင့်လာခဲ့သည်။ ယင်းနောက် အစိမ်းရောင်ကြာပန်းကြီးထံမှ ဓါးစွမ်းအင်များ ပြင်းထန်စွာပေါက်ကွဲထွက်ပေါ်လာခဲ့သည်။ အရိုးဖြူနဂါးကြီးသည် အပိုင်းပိုင်းအစအစ ဖြတ်တောက်ခံလိုက်ရာကာ အဖြူရောင်အရိုးအပိုင်းအစများအဖြစ် ကြေကွဲသွားပြီး မရဏပင်လယ်အတွင်းသို့ တစစီပြုတ်ထွက်သွားခဲ့သည်။ 

ဒါကမပြီးဆုံးသေးပေ။ အရိုးဖြူနဂါးကြီးကို ဖျက်ဆီးလိုက်ပြီးသည့်နောက် သိပ်သည်းသောအစိမ်းရောင်ကြာပန်း ဓားစွမ်းအင်များသည် အပြာရောင်မြစ်တစ်စင်းအဖြစ် အသွင်ပြောင်းလဲသွားခဲ့ပြီး အလွန်အမင်းထိတ်လန့်ဖွယ်ကောင်းသောအရှိန်နှုန်းဖြင့် ကန္ဒကယက္ခဆီ ဆက်လက်ပြေးဝင်သွားခဲ့သည်။ ဤအချိန်တွင် ၎င်းအစိမ်းရောင်ကြာပန်းကြီးသည် မြေအောက်ဘုံမှ သေမင်းတစ်ပါးအလား ဖြစ်နေခဲ့ချေသည်။ 

" မလုပ်နဲ့ ! "

ကန္ဒကယက္ခ၏ ထိပ်လန်ခြောက်ခြားဖွယ် အော်ဟစ်သံကြီး၏အောက်တွင် သိပ်သည်းသောအစိမ်းရောင်ကြာပန်း ဓါးစွမ်းအင်များသည် ကန္ဒကယက္ခ၏ခန္ဓာကိုယ်ကို ချွင်းချက်တစ်စုံတစ်ရာမရှိဘဲ ထိုးဖောက်သွားခဲ့ကာ အပေါက်များဖြစ်လာစေခဲ့သည်။ 

All Chapters