စစ်သူကြီး ၉ ဖော်
Vol. 24 Ch. 327
ဘုန်း.....
နားကွဲလုမတက် ကျယ်လောင်သော ပေါက်ကွဲသံကြီးတစ်သံ မြည်ဟီးထွက်ပေါ်လာပြီး မရဏပင်လယ်တစ်ခုလုံး၌ လှိုင်းထန်သွားခဲ့ကာ မရေမတွက်နိုင်သော အရိုးများ ကွဲကြေကုန်၏။ ပြိုင်ဘက်ကင်း အမတဓါး၏ စွမ်းအင်များသည် အရပ်လေးမျက်နှာသို့ ဖြန့်ကျက်သွားခဲ့သည်။
"ဒင်! ရှန်ရှန့်ကျုံဂိုဏ်း၏ အစောင့်အရှောက် လီပိုင်မှ ကန္ဒယက္ခကို သတ်ဖြတ်ခဲ့တဲ့အတွက် ပိုင့်ရှင့်ကို ဂုဏ်ပြုပါတယ် ၊ ဂိုဏ်းအမှတ် ၃ ဘီလီယံနှင့် နတ်မင်းနယ်ပယ် အခြေခံဆင့်ခေါ်ခွင့် ၅ ကြိမ် ဆုချလိုက်သည်"
သူ၏စိတ်အာရုံအတွင်းမှ အေးစက်သော အသံကို ကြားလိုက်ရသည့်အခါ ဝမ်ဖုန်း၏ မျက်နှာသည် ထိန်းချုပ်မရ ပြုံးရယ်သွားခဲ့သည်။ သန်မာသော ရန်သူတစ်ယောက်ကို သတ်ဖြတ်ခြင်းမှ ရရှိသော ဆုလဒ်များမှာ တစ်ကယ့်ကို ပေါကြွယ်ဝလှသည်။
ပြောရပါလျှင် လီပိုင်က သူ့အတွက် ဂိုဏ်းအမှတ် ၃ ဘီလီယံ ရှာပေးခဲ့သည်။ သူ့ကို ဆုတစ်ချို့မပေးဘူးဆိုလျှင် အကျိုးအကြောင်း မညီညွတ်ရာကျပေလိမ့်မည်။ ထိုအကြောင်းကို တွေးလိုက်ပြီးနောက် ဝမ်ဖုန်းသည် စနစ် စျေးခန်းမကို ချက်ချင်းဆင့်ခေါ်လိုက်ကာ ဂိုဏ်းအမှတ်ဆယ်သန်းကို အသုံးပြု၍ အလယ် အလတ်အဆင့် ရှန်းလန်သေရည်ကို လဲလှယ်ဝယ်ယူလိုက်သည်။
"ဂိုဏ်းချုပ်က ကျုပ်ကို တစ်ကယ်နားလည်တာပဲ..."
ဝမ်ဖုန်း၏ လက်ထဲမှ ရှန်းလန်သေရည်ကို တွေ့မြင်လိုက်ရသည့်အခါ လီပိုင်မှ ပျော်ရွှင်ဝမ်းမြောက်သွားပြီး ကျယ်လောင်စွာ ပြောလိုက်သည်။
ယမကာအင်မော်တယ် တစ်ပါးဖြစ်သည့်အလျောက် ရှန်းလန်သေရည်ကို မဖွင့်ရသေးသော်လည်း ဝမ်ဖုန်းလက်ထဲရှိ ရှန်းလန်သေရည်အိုး အတွင်းမှ သေရည်များက ယခင်တစ်ခေါက် သေရည်ထက် ပိုမိုသန့်စင်ကြောင်းကို လီပိုင်တစ်ယောက် ခံစားသိရှိနိုင်သည်။
ဝမ်ဖုန်းက ရယ်မောလိုက်ပြီး ခေါင်းကိုခါယမ်းကာ လက်ထဲရှိ ရှန်းလန်သေရည်အိုးကို လီပိုင့်အားပစ်ပေးလိုက်သည်။ လီပိုင်ကလည်း ရှန်းလန်သေရည်အိုးကို အလျှင်အမြန် ဖမ်းယူလိုက်ပြီး ဝမ်ဖုန်းကို လေးစားစွာ လှမ်းကြည့်လိုက်သည်။
ယမကာသေရည်မှာ အလွန်အမင်းလှပသော မိန်းမလှလေးတစ်ယောက်နှင့် တူညီပေသည်။ ယင်းကို သေသေချာချာ အရသာခံကြည့်လိုက်သည့်အခါ အဘယ်မျှလောက် ချိမြိန်ကြောင်းကို သိရပေလိမ့်မည်။
ဂိုဏ်းချုပ်၏ အပြုအမူများမှတစ်ဆင့် လီပိုင်က ဂိုဏ်းချုပ်မှာ အရက်သမားတစ်ယောက် မဟုတ်နိုင်ဘူးဆိုတာ သိလိုက်ရသည်။
"ငါဟာ ယမကာအင်မော်တယ်ပဲ.... သေရည်သောက် ကဗျာတွေ စပ်ဆိုပြီး ထောင်ချီသော ရန်သူတွေကို ချေမှုန်းအံ့..."
လီပိုင်၏ ကျယ်လောင်သော ရယ်မောသံကြီးနှင့်အတူ သူ၏ပုံရိပ်ကလည်း ပျောက်ကွယ်သွားလေသည်။
ဝမ်ဖုန်းက ပျောက်ကွယ်သွားသော လီပိုင်၏ ကျောပြင်ကို ငေးစိုက်ကြည့်လိုက်ပြီး လက်ကို ဝှေ့ယမ်းလိုက်ကာ ရှန်းရွှမ်ဒေသရှိရာဖက်သို့ ဆက်လက်ခရီးနှင်လိုက်သည်။
"စနစ်၊ ဂိုဏ်းအမှတ် ၁၀ ဘီလီယံ အသုံးပြုပြီး အလယ်အလတ်အဆင့် ရုပ်ခန္ဓာအခုပေါင်း တစ်သောင်းနဲ့ လဲလှယ်လိုက်ပါ ၊ အဲ့ဒီရုပ်ခန္ဓာတွေကို ရှန်ရှန့်ကျုံဂိုဏ်း၊ ဂိုဏ်းသားတွေအပေါ် ထည့်သွင်းအသုံးပြုလိုက်ပါ..."
ရှန်းရွှမ်ဒေသသို့ သွားရာလမ်းတွင် ဝမ်ဖုန်းက တိုးတိတ်စွာ ပြောလိုက်သည်။ ယခုအချိန်တွင် သူ့၌ ဂိုဏ်းအမှတ် ၁၄ ဘီလီယံကျော် ရှိနေခဲ့ကာ ငွေအမြောက်အများ အသုံးပြုရန် လုံလောက်ပေသည်။ ဒါ့အပြင် ရှေးဟောင်းကမ္ဘာရှိ ဂိုဏ်းသားများကို ထည့်မတွက်လျှင်တောင် သူထပ်မံစုဆောင်းခဲ့သော ဂိုဏ်းသားသစ် အရေအတွက်မှာ တစ်သောင်း ငါးထောင် နီးနီးမျှ ရှိနေသည်။
အလယ်အလတ်အဆင့် ရုပ်ခန္ဓာမှာ အရမ်းကြီးမသန်မာသော်လည်း ရှန်ရှန့်ကျုံဂိုဏ်း အကြီးအကဲများ၏ သင်ကြားမှုနှင့် ပေါင်းစပ်လိုက်ပါက နတ်မင်းနယ်ပယ်အထိ ရောက်အောင် ကျင့်ကြံဖို့ မခက်ခဲတော့ပေ။
"ဒင်၊ အလယ်အလတ်အဆင့် ရုပ်ခန္ဓာ အခု တစ်သောင်းကို ရရှိသည့်အတွက် ဂုဏ်ပြုပါတယ် ၊ ၎င်းတို့ကို ရှန်ရှန့်ကျုံဂိုဏ်းသားများအပေါ်၌ ထည့်သွင်းပေးပြီးပါပြီ... အနာဂတ်မှာ သင့်လျော်စွာ အသုံးချနိုင်ပါပြီ"
ငွေအမြောက်အများ အသုံးပြုလိုက်ရတာက နာကျင်စရာကောင်းသော်လည်း အနာဂတ်တွင် ရှန်ရှန့်ကျုံဂိုဏ်း၏ ဂိုဏ်းသားများက နဂါးများကဲ့သို့ ထွန်းတောက်လာတော့မည့် ဖြစ်အင်အား တွေးလိုက်မိသည့်အခါ ဝမ်ဖုန်း၏ နှလုံးသားအတွင်း၌ သက်တောင့်သက်သာ ဖြစ်လာခဲ့သည်။
.......
ရှန်းရွှမ်တောင်ပိုင်းဒေသရှိ တောင်တန်းနယ်မြေအတွင်းတွင် ရောင်စဥ်ချောက်ကမ်းပါးကြီး ရှိနေသည်။
ဤခမ်းနားသော ချောက်ကမ်းပါးကြီးသည် တောင်ပိုင်းနယ်မြေ၏ အရှည်ဆုံးအပိုင်း ဖြစ်ပြီး မရဏပင်လယ်နှင့် အနီးစပ်ဆုံးသော ဒေသလည်းဖြစ်သည်။
မတ်ဆောက်လွန်းသော ချောက်ကမ်းပါးများသည် မရဏပင်လယ်အတွင်းရှိ ပင်လယ်ရေများကို သီးခြား ခွဲထုတ်ပေးနေ၏။ ချောက်ကမ်းပါးများ၏ အောက်ဖက်တွင် အောက်ခြေကို မမြင်ရသော ရောင်စဥ်လျှိုမြောင်ကြီး ရှိနေသည်။
ဘုန်း.......
သို့ပါသော်လည်း ငြိမ်သက်တိတ်ဆိတ်နေသေးသည့် လျှိုမြောင်ကြီး အတွင်း၌ ပြင်းထန်သော တိုက်ပွဲဝင်စွမ်းအင်များ ပေါက်ကွဲထွက်လာခဲ့သည်။ ၎င်းတိုက်ပွဲဝင်စွမ်းအင်များ၏ ဖိအားက အနီးဝန်းကျင်ရှိ ချောက် ကမ်းပါးကြီးများကို အဆက်မပြတ် တုန်ခါလာစေခဲ့သည်။ ကျောက်စကျောက်နများသည် မိုးကောင်းကင်ယံထက်မှ သက်ဆင်းလာခဲ့ကာ မီးခိုးလုံးကြီးများလည်း ထနေခဲ့သည်။
ဘုန်း.....
ကျယ်လောင်သော ပေါက်ကွဲသံတစ်ခုနှင့်အတူ လူငယ်လေးတစ်ယောက်သည် မီးခိုးလုံးများကြားထဲမှ လွင့်ပျံထွက်သွားပြီး တောင်နံရံနှင့် တိုက်မိသွားသည်။ တောင်နံရံပေါ်၌ ကြီးမားသော တွင်းပေါက်ကြီးတစ်ခု ဖြစ်လာခဲ့သည်။
များမကြာမီမှာပင် ရွှေရောင်ချပ်ဝတ်တန်ဆာများကို ဝတ်ဆင်ထားသော ပုံရိပ်တစ်ခုကလည်း လေထုအတွင်းမှ ထွက်ပေါ်လာခဲ့ပြီး လူငယ်လေး၏ အရှေ့၌ သက်ဆင်းလိုက်သည်။
သူ၏ ရှည်လျားသော မဟူရာရောင် ဆံနွယ်များသည် လေယူရာ ယိမ်းနွဲ့နေခဲ့သည်။ သူဟာ လက်ပိုက်ထားပြီး လူငယ်လေးကို အေးစက်စက်မျက်ဝန်းများဖြင့် စူးစိုက်ကြည့်လိုက်ချေသည်။
"တစ်ကယ့်ကို အမှိုက်ပဲ... တိုက်ကွက်တစ်ကွက်ကိုတောင် မခုခံနိုင်ဘူး..."
အထင်အမြင်သေးသော အသံကြီးတစ်သံသည် လျှိုမြောင်အတွင်း ပဲ့တင်ထပ်သွားသည်။
ဖစ်......
လူငယ်လေးသည် အသံ၏ လှုံ့ဆော်ခြင်း ခံလိုက်ရပုံပေါ်သည်။ သူဟာ ရုတ်တရက် ပါးစပ်အပြည့် သွေးတစ်လုပ် အန်ထုတ်လိုက်သည်။ အဆိုပါ လူငယ်လေးသည် ဓါးရှည်ကို ကိုင်ဆောင်ထားပြီး လေထုအထက်ရှိ ပုံရိပ်ကို မြဲမြံစွာ စူးစိုက်ကြည့်လိုက်သည်။
"ဂုဏ်သရေကြီးမြတ်တဲ့ ရှေးဟောင်းဂိုဏ်းကြီးတစ်ဂိုဏ်းက စစ်သူကြီး ၉ ယောက်အနက် တစ်ယောက် ဖြစ်ပါလျက်နဲ့၊ ဒါ့အပြင် ဂုဏ်သရေ နတ်မင်းအဆင့် ကျင့်ကြံမှုကို ပိုင်ဆိုင်ထားပါလျက်နဲ့ ငါ့လို ဘုံနန်းရှင်နတ်မင်းအဆင့် လူတစ်ယောက်ကို တိုက်ကွက်တစ်ကွက်နဲ့ မသတ်နိုင်ဘူး ၊ ဘာကများ အရမ်းကြီးကျယ်နေတာလဲ?"
လီဟုန်၏ ဆံသားများသည် လေထဲ၌ ဝဲလွင့်နေခဲ့သည်။ သူဟာ နှုတ်ခမ်းထောင့်ရှိ သွေးများကို သုတ်လိုက်ပြီး လှောင်ပြောင်ပြောလိုက်သည်။
သူက ရုတ်တရက်လေထုအတွင်း ခုန်တက်သွားခဲ့သည်။ သူ့လက်ထဲရှိ ဓါးရှည်မှာ အနည်းငယ် တုန်ခါလာ၏။ သူ့ခန္ဓာကိုယ်တစ်ခုလုံးထံမှ ပြင်းထန်သော သတ်ဖြတ်ခြင်း အရှိန်အဝါများနှင့် တိုက်ပွဲဝင် စွမ်းရည်များ ပေါက်ကွဲထွက်လာသည်။ သူ၏ ပုံရိပ်မှာ တစ္ဆေသရဲတစ်ကောင်လိုမျိုး ရွှေရောင်ချပ်ဝတ် ဝတ်ဆင်ထားသည့် လူငယ်လေး၏ အရှေ့၌ ရုတ်ချည်းပေါ်လာခဲ့ကာ ဓါးဖြင့်ခုတ်ပိုင်းလိုက်သည်။
လူငယ်လေး၏ မျက်လုံးများသည် အေးစက်နေပြီး သူဟာ ခြေလှမ်းတစ်လှမ်း လှမ်းလိုက်ကာ လီဟုန်၏ ဓါးအလင်းတန်းကို ရုတ်ချည်းရှောင်လိုက်သည်။ယင်းနောက် တစ်ဆက်တည်းဆိုသလို သူ့လက်ကိုဝေ့ရမ်းလိုက်လေရာ အဆုံးအစမဲ့မကောင်းဆိုးဝါး ဝိညာဥ်စွမ်းအားဖြင့်ဖန်တီးထားသော ဓါးတစ်လက်ဖြစ်ပေါ်လာကာ လီဟုန်ထံ ပြင်းထန်စွာ ခုတ်ပိုင်းလိုက်သည်။
လီဟုန်၏ မျက်နှာမှာ အနည်းငယ် ပြောင်းလဲသွားခဲ့သည်။ သူ့ကိုယ်တွင်းရှိစွမ်းအားများမှာ ဓါးရှည်ပေါ်ပေါင်းစပ်သွားခဲ့ပြီး ခုခံရန် ဓါးရှည်ကို လွှဲယမ်းလိုက်လေသည်။
ဘုန်း......
ဂုဏ်သရေနတ်မင်းအဆင့်ရှိ စွမ်းအားရှင်တစ်ယောက်၏ စွမ်းအားကြီးတိုက်ကွက်သည် ဓါးရှည်က်ို ဖောက်ထွင်း၍ လီဟုန်၏ ခန္ဓာကိုယ်အပေါ် ပြင်း ပြင်းထန်ထန် ထိရိုက်သွားခဲ့ကာ သူဟာ လေထုအတွင်း လွင့်ပျံထွက်သွားခဲ့သည်။ သူ၏ ခန္ဓာကိုယ်ဟာ လျှိုမြောင်ကြီးအတွင်း တရွတ်တိုက် ဆွဲပါသွားပြီးခါမှ ကိုယ်လုံးကိုယ်ထည်ကို ပြန်လည်တည်ငြိမ်အောင် ထ်ိန်းကြောင်းနိုင်ခဲ့သည်။
"ထပ်လာခဲ့စမ်း......"
လီဟုန်က အံကို တင်းတင်းကြိတ်လိုက်သည်။ သူ၏ မျက်လုံးများ၌ သွေးဆာနေသော အရိပ်ယောင်များ ဖြစ်ပေါ်လာခဲ့သည်။ သူက လက်ဖဝါးဖြန့်လိုက်ပြီး ဆေးလုံးလေးတစ်လုံးကို ချက်ချင်းမြိုချလိုက်သည်။ ယင်းနောက် ဆေးလုံး၏ စွမ်းအားများကိုတောင် သန့်စင်ခြင်းမရှိတော့ဘဲ ဓါးကို နောက်တစ်ကြိမ်ထပ်မြောက်လိုက်ကာ ရွှေရောင်ချပ်ဝတ်နှင့်လူငယ်လေးဆီ ပြေးဝင်သွားခဲ့သည်။
ဒါကိုမြင်တော့ ရွှေရောင်ချပ်ဝတ်နှင့် လူငယ်လေး၏ မျက်နှာထက်၌ အေးစက်သော အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
"ငါ... လျိုရှရဲ့ အမဲလိုက်ခြင်းခံရတာ မင်းအတွက် ဂုဏ်ယူစရာပဲ ၊ မင်းက စိတ်ဝင်စားစရာ ကောင်းနေမှတော့ ဒီအရှင်က မင်းနဲ့ ကစားပေးရမှာပေါ့... မစိုးရိမ်ပါနဲ့ ငါမင်းကို တစ်ကြိမ်တည်း အပြီးမသတ်ပါဘူး"
စကားဆုံးသွားသည်နှင့် လျိုရှ၏ ခန္ဓာကိုယ်မှာ လှုပ်ရှားသွားခဲ့သည်။ သူက လေထုကို ဆုတ်ဖြဲ၍ လီဟုန်၏ အနောက်ကျောဖက်၌ ရုတ်ချည်းထွက်ပေါ်လာခဲ့သည်။ သူဟာ လက်ထဲရှိဓါးကို လီဟုန်ရှိရာဘက်ကို ပြင်းပြင်းထန်ထန် ခုတ်ပိုင်းလိုက်သည်။ ပြင်းထန်သော ချီစွမ်းအင်များမှာ ထက်မြသော ဓါးအစွန်းနှင့် ပူးပေါင်းသွားခဲ့ပြီး လီဟုန်၏ ခန္ဓာကိုယ်ကို ပြင်းပြင်းထန်ထန် ဖြတ်ရိုက်လိုက်ကာ လွင့်စင်သွားစေခဲ့သည်။
နတ်ဆိုးဝိညာဥ်၏ ပြင်းထန်သော ဓါးချက်ကြောင့် သူ၏ ကျောပြင်တစ်ခုလုံးမှာ စုတ်ပြဲလာခဲ့သည်။ သွေးများကလည်း အဆက်မပြတ်ကျနေပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံးကို နီးစွေးလာစေခဲ့သည်။
ပြင်းထန်သော နာကျင်မှုက သူ၏ နှလုံးသားကို လှုပ်ခတ်လိုက်ပြီး လီဟုန်၏ စိတ်ဝိညာဥ်ကို နှိုးဆွလိုက်သည်။ သူ၏မျက်လုံးများမှာ နီရဲလာသည်။ သူ့ခန္ဓာကိုယ်အတွင်းရှိ ခွန်အားများမှာ ဆထက်ထမ်းပိုး တိုးပွားလာခဲ့ကာ ကျယ်လောင်စွာဟစ်ကြွေး၍ အရှေ့သို့ ပြေးထွက်လာခဲ့ပြန်သည်။
လျိုရှ၏ မျက်နှာမှာ မဲမှောင်သွားပြီး လီဟုန်ကို ငေးစိုက်ကြည့်လိုက်သည်။ ဘုံနန်းရှင်နတ်မင်းအလယ် အလတ် အဆင့်သာရှ်ိသော ကောင်လေးတစ်ယောက်ကအရမ်းကို အသက်ပြင်းနေပြီး မသေန်ိုင်ဖြစ်နေလိမ့်မည်ဟု သူထင်မထားခဲ့ပေ။ သူ၏ တိုက်ကွက်များမှာ ပေါ့ပါးပုံပေါ်သော်လည်း အမှန်တစ်ကယ်မှာတော့ သူ၏ ခွန်အားအကုန်လုံးကို အသုံးပြုခဲ့ခြင်းဖြစ် သည်။ ဂုဏ်သရေနတ်မင်းတစ်ပါး ဖြစ်ပါလျက်နှင့် ဘုံနန်းရှင်နတ်မင်းတစ်ပါးကို သတ်ဖြတ်ဖို့ရာ ခဲယဥ်းနေသည်။ ထို့ကြောင့် လျိုရှ၏ မျက်နှာက ဆက် လက်မတည်ငြိမ်နိုင်တော့ပေ။
သူဟာ လီဟုန်ကို တဖြည်းဖြည်းချင်းသတ်မယ်ဆိုသော စကားကို ကြားကောင်းရုံသာ ပြောခဲ့ခြင်းဖြစ်သည်။ အမှန်တစ်ကယ်တော့ သူက လီဟုန်ကို တိုက်ကွက်တစ်ကွက်တည်းဖြင့် မသတ်နိုင် ဖြစ်နေရခြင်းသာ။
လီဟုန်က ဓါးချက်ကို ခုတ်ပိုင်းလိုက်သည့်အခါ လျိုရှခန္ဓာကိုယ်ပေါ်ရှိ ရွှေရောင်ချပ်ဝတ်တန်ဆာများသည် ရုတ်တရက် တောက်ပသော ရွှေရောင်အလင်းတန်းများ ကို ထုတ်လွှတ်လိုက်ပြီး လေထုအတွင်း၌ ရွှေရောင် သင်္ကေတစာလုံးများ တစ်လုံးပြီးတစ်လုံး ပေါ်ထွက်လာခဲ့ကာ လီဟုန်၏ ဓါးချက်ကို ပိတ်ပင်တားဆီးလိုက်သည်။ ယင်းနောက် သန်မာလွန်းသော ခံစစ်စွမ်းအားကြောင့် လီဟုန်ဟာ နောက်တစ်ကြိမ် လွင့်စင်ထွက်သွားပြန်သည်။ လူငယ်လေးနှစ်ယောက်ဟာ မျက်နှာခြင်းဆိုင် မတ်တပ်ရပ်နေခဲ့ကြသည်။ လူငယ်လေးတစ်ယောက်၏ အမူအရာမှာ အပြင်ပိုင်းမှာ တည်ငြိမ်နေသော်လည်း အတွင်းစိတ်ထဲ၌မူ လှိုင်းထန်နေခဲ့လေသည်။ အခြားလူငယ်လေးတစ်ယောက်ဟာ အပြင်ပိုင်းတွင် ရူးနှမ်းပုံပေါ်သော်လည်း အမှန်တစ်ကယ်မှာတော့ ထိုသူဟာ တည်ငြိမ်ပြီး ဆုံးဖြတ်ချက် ပြတ်သားသည်။
ထိုလူငယ်လေးနှစ်ယောက်ဟာ တစ်ယောက်ကိုတစ်ယောက် အလွန်အမင်း အာရုံစူးစိုက်ထားခဲ့တာကြောင့် မရဏပင်လယ်အတွင်းမှ ပုံရိပ်ပေါင်းများစွာ ထွက်ပေါ်လာကြောင်းကို မတွေ့မြင်လိုက်ပေ။ အဆိုပါပုံရိပ်များမှာ ဝမ်ဖုန်းနှင့်အခြားသောသူများ ဖြစ်ကြသည်။ ဤအချိန်တွင် သူတို့ဟာ ချောက်ကမ်းပါးထိပ်ဖျား၌ မတ်တပ်ရပ်နေပြီး ပြင်းထန်လွန်သော တိုက်ပွဲကို နတ်ဘုရားများကဲ့သို့ ငုံ့မိုးကြည့်နေခဲ့သည်။