← Chapters

မင်းလိုကောင်ကို ပါရမီရှင်တစ်ယောက်လို့ခေါ်ဖို့ ထိုက်တန်သလား။

Vol. 24 Ch. 328

မင်းလိုကောင်ကို ပါရမီရှင်တစ်ယောက်လို့ခေါ်ဖို့ ထိုက်တန်သလား။

Vol. 24 Ch. 328

"ဂိုဏ်းချုပ် ဒီကောင်‌လေးက မဆိုးဘူး။"

"?..."

မှော်ကျင့်ကြံသူ ဖောင့်ပန်းက လီဟုန်ကို လှမ်းကြည့်လိုက်ပြီး မေးမြန်းလိုက်သည်။

"အရင်ဦးဆုံး စောင့်ကြည့်ရအောင်။ဒီကလေးက ဘုံနန်းရှင်နတ်မင်းအဆင့်ကျင့်ကြံမှု စွမ်းအားနဲ့ ဂုဏ်သရေနတ်မင်း အဆင့်ကျင့်ကြံသူ တစ်ယောက်ကို ခုခံနိုင်တယ်။ သူ့ရဲ့အရည်အချင်းက မဆိုးဘူး။"

၀မ်ဖုန်းသည် မျက်၀န်းများကို မှေးကျဉ်းလိုက်ပြီး တိုးဖွစွာ ပြောလိုက်သည်။ သို့ပါသော်လည်း သူက ရှန်းရွှမ်ဒေသ အကြောင်းကို ပိုမိုသတိထားနေဆဲပင်။

လူငယ်မျိုးဆက်များမှာတောင် ဤမျှလောက် သန်မာမှု ရှိလေသည်။ အလွန်စွမ်းအားကြီးသည့် အကြီးအကဲများနှင့် သန်မာသော ကျင့်ကြံသူများဆိုပါက သူယနေ့အချိန်တွင် ခုခံနိုင်မှာ မဟုတ်ပေ။ ဤသည်ကား ၀မ်ဖုန်းကို ၀မ်ရှခန်းမကိုရှာဖွေဖို့ ပိုမို စိတ်အား ထက်သန်လာစေသည်။ ၀မ်ရှခန်းမကို ဖျက်ဆီးပြီး စနစ်ကို အဆင့်ကိုးသို့ မြှင့်တင်ပစ်ရမည်။

စနစ်ကို အဆင့်ကိုးသို့ မြှင့်တင်ပြီးမှသာ သူဟာ အလွန်အင်မတန်စွမ်းအားကြီးသော အင်အားစုများကို ခုခံနိုင်မှာဖြစ်သည်။

"စနစ် ဂိုဏ်းအမှတ် ၃ဘီလီယံကို အသုံးပြုပြီး ထီကံစမ်းလိုက်ပါ။ ရလာတဲ့ ကျင့်ကြံမှု အ‌ခြေခံတွေကို ရှန်ရှန့်ကျုံ့ဂိုဏ်း အကြီးအကဲတွေအပေါ် ကောင်းချီးပေးလိုက်။"

၀မ်ဖုန်းသည် အောက်ဘက်က တိုက်ပွဲကို စောင့်ကြည့်ရင်း လျှို့ဝှက်စွာပြောလိုက်သည်။ ဂိုဏ်းအကြီးအကဲများ၏ ကျင့်ကြံမှာကို နတ်မင်းငယ်အထွတ်အထိပ်အဆင့်ထိရောက်အောင်မြှင့်တင်ပေးပြီးသည့်နောက်တွင် သူဟာ ဆက်လက်မြှင့်တင်ပေးခြင်း မပြုခဲ့တော့ပေ။ယခု အချိန်တွင် သူဟာ ရှန်းရွှမ်ဒေသကို စတင်ခြေချလာပြီး ဖြစ်သည့်အတွက် ကျင့်ကြံမှုများကို ထပ်မံတိုးမြင့်ရမည့် အချိန်ကျလာပေသည်။ ဒါဇင်ချီသော ဂုဏ်သရေနတ်မင်းအဆင့် ကျင့်ကြံသူများ.... ယင်းကား အင်အားစုကြီးများကို မနှိုင်းယှဉ်နိုင်သေးသော်လည်း ရှန်းရွှမ်တောင်ပိုင်းဒေသတွင် အတော်လေးအားကောင်းသော အင်အားစုတစ်ခု ဖြစ်လာခဲ့လေပြီ။

"ဒင် - လန်ဖန်းယွမ့်၏ ကျင့်ကြံမှု ၁%ကို ရရှိသည့်အတွက် ပိုင်ရှင်ကို ဂုဏ်ပြုပါတယ်။...."

"ဒင် - ပိုင်ရှင်ကို ဂုဏ်ပြုပါတယ်။ ရှေးဟောင်းကမ္ဘာကြီးထဲမှာ ကျန်ရစ်ခဲ့တဲ့ အကြီးအကဲတွေ အပြင် ပိုင်ရှင်အနောက်ကို လိုက်ပါလာသော အကြီးအကဲတွေ အပေါ်ကိုပါ ကောင်းချီးပေးပြီးပါပြီ။ သူတို့အားလုံးဟာ ဂုဏ်သရေနတ်မင်း အထွတ်အထိပ်အဆင့်ကို ရောက်ရှိသွားပါပြီ။"

သူ့စိတ်အာရုံအတွင်း ထွက်ပေါ်လာသော အေးစက်သည့် အသံက ၀မ်ဖုန်းကို စိတ်ကျေနပ်အားရစွာ ခေါင်းငြိမ့်မိလိုက်စေသည်။ ယင်းနောက် သူဟာ အောက်ဘက်ရှိတိုက်ပွဲကို စိတ်ပါ၀င်စားစွာ စောင့်ကြည့်နေခဲ့လေသည်။

ရောင်စဥ်လျှိုမြောင်ကြီးထဲတွင် လီဟုန်က လျှိုရှကို ခေါင်းမာစွာ စိုက်ကြည့်နေခဲ့သည်။ လက်ရှိသူ၏ ပုံအသွင်မှာ သနားစဖွယ်ဖြစ်နေသော်လည်း ခန္ဓာကိုယ်ကတော့ မားမား မတ်မတ်ရပ်တည်နေသေးဆဲပင်။ သူ့ထံမှ ဓားဆန္ဒ အရှိန်အဝါများသည် ကောင်းကင်ယံထိတိုင် မြောက်တက်သွားခဲ့သည်။ သူဟာဓားကို လွှဲယမ်းခုတ်ပိုင်းလိုက်သည့်အခါ ခမ်းနားကြီးကျယ်သော ဓားစွမ်းရည်များသည် ပင်လယ်လှိုင်းလုံးကြီးများအလား တစ်လုံးပြီးတစ်လုံး တရစပ် ထွက်ပေါ်လာသည်။ ထက်မြလွန်းသော ဓားအစွန်းသည် လေထုကို စုတ်ဖြဲပစ်လိုက်သည်။ ဓားစွမ်းရည်ထွက်ပေါ်လာသည့်အခါ အနီးအနားရှိတောင်နံရံများအပေါ်၌ ကြီးမားသော ပြတ်ရှရာကြီးများဖြစ်ပေါ်လာခဲ့သည်။

လီဟုန်၏ မနှိုင်းယှဉ်နိုင်လောက်အောင် ပြင်းထန်သော တိုက်ခိုက်မှုကို ရင်ဆိုင်လိုက်ရသည့်အခါ လျှိုရှသည် ရှောင်တိမ်းချင်ခဲ့သော်လည်း နောက်ကျသွားလေပြီ။ သို့ပေသိ သူဟာ စိုးရိမ်မနေခဲ့ပေ။ သူက သူ့ကိုယ်အတွင်းရှိ မကောင်းဆိုးဝါး ဝိညာဉ်ကို နှိုးဆွရန် ကမ္ဘာမြေအက်ကွဲခြင်းမှော်အစွမ်းကို အသုံးပြုလိုက်သည့်အခါ သူ့ခန္ဓကာိုယ်ပေါ်ရှိ‌ ရွှေရောင်ချပ်၀တ်တန်ဆာကြီးကိုတောင် ဖုံုးလွှမ်းသွားသည့် မကောင်းဆိုးဝါး ဝိညာဉ် ချပ်၀တ်တန်ဆာကြီး ဖွဲ့တည်ပြီးစီးသွား၏။

ဒါတင်မကသေးဘဲ ရွှေရောင်ချပ်၀တ်တန်ဆာကြီးကလည်း သိပ်သည်းသော ရွှေရောင်အလင်းတန်းများအဖြစ်ပေါက်ကွဲထွက်သွားပြီး ရွှေရောင်အလင်းတန်းဒိုင်းကာကြီးကိုဖွဲ့တည်လိုက်ကာ လီဟုန်၏ ထိပ်လန့်ဖွယ်ကောင်းသော ဓားစွမ်းရည်ကို ပိတ်ဆို့ကာကွယ်လိုက်သည်။

ဤအချိန်တွင် လျှိုရှ၏ မျက်နှာက ပြိုတော့မည့် မိုးကဲ့သို့ မဲမှောင်နေခဲ့သည်။ ဘုံနန်းရှင် နတ်မင်းအဆင့် စွမ်းအားရှင် တစ်ယောက်က သူ့လို ဂုဏ်သရေနတ်မင်းအဆင့်စွမ်းအားရှင်တစ်ယောက်ကို ခုခံနိုင်လိမ့်မည်ဟု သူလုံး၀ထင်မထားခဲ့ချေ။ သူပိုပို တိုက်ခိုက်လေလေ လီဟုန်က ပိုမို သန်မာလာလေလေဖြစ်သည်။ ဒါကြောင့်သူက ထိတ်လန့်လာမိသည်။

ကံကောင်းထောက်မစွာဖြင့် ဒီတစ်ကြိမ်အမဲလိုက်ပွဲတော်ကို တစ်ယောက်နှင့်တစ်ယောက် သီးခြားစီခွဲ၍ ကျင်းပခဲ့သည်။ ဒီလိုမှ မဟုတ်ပါက ဘုံနန်းရှင်နတ်မင်းအဆင့်ကျင့်ကြံသူလေး တစ်ယောက်ကို သူတစ်ယောက် ခက်ခက်ခဲခဲတိုက်ခိုက် သတ်​ဖြတ်နေရသည်ကို အခြားသူများတွေ့မြင်သွားပါက လူအများ၏လှောင်ပြောင်ခြင်းကို ခံရလိမ့်မည်။

ဒါကိုတွေးမိသွားတော့ လျှိုရှ၏ မျက်၀န်းများအတွင်း၌ သတ်ဖြတ်ခြင်းအရှိန်အဝါများမှာ ပို၍တောင် ပြင်းထန်လာခဲ့သည်။ သို့ပါသော်လည်း လီဟုန်၏ ဓားစွမ်းရည်မှာ ခမ်းနားကြီးကျယ်လှပြီး လှိုင်းလုံးကြီးများကဲ့သို့ တစ်လုံးပြီးတစ်လုံး ထွက်ပေါ်လာသည်။ ထို့အတွက်ကြောင့် သူသည် လက်ရှိအချိန်တွင် ခုခံနိုင်ရုံသာ တတ်နိုင်သည်။ လီဟုန်၏ စွမ်းအားများ ပျက်ပြယ်သွားပါက သူ့အတွက် တန်ပြန်တိုက်ခိုက်ရန် အချိန်ကျလာပေလိမ့်မည်။

"ဘုန်း!..."

နားကွဲလုမတတ် ကျယ်လောင်သော ပေါက်ကွဲသံကြီးသည် အရပ်မျက်နှာအသီးသီသို့ ပျံ့နှံ့ထွက်ပေါ်လာခဲ့သည်။ ပေါက်ကွဲထွက်လာသော ဓားစွမ်းအင် လှိုင်းလုံးများ ခြေကုန်လက်ပန်းကျခါနီးတွင် လီဟုန်က ဓားတစ်ချောင်းနှင့်အတူ ပြေး၀င်လာခဲ့သည်။ ပြင်းထန် သိပ်သည်းသော ဓားချီစွမ်းအင်များက သူ့ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးအုပ်ထားပြီး လူနဲ့ဓားတစ်သားတည်း ဖြစ်နေခဲ့ကာ ပြိုင်ဘက်ကင်း ဓားစွမ်းအင်ကို သယ်ဆောင်လျက်ပြေး၀င်လာခဲ့ခြင်းဖြစ်ပေ၏။ လျှိုရှ၏ မျက်၀န်းများမှာ ကျဉ်းမြောင်းသွားပြီး သူဟာလက်ကို ထပ်ဖန်ထပ်ခါ ဝေ့ရမ်းလိုက်သည်။ မကောင်းဆိုးဝါး စွမ်းရည်များဖြင့်ဖွဲ့စည်းထားသော ရှည်လျားသော ရေခဲဓားကြီးတစ်ချောင်းသည် ရုတ်တရက်ပြေးထွက်သွားခဲ့ပြီး လီဟုန်၏ ခန္ဓာကိုယ်ဆီ ပြေးဝင်သွား ခဲ့သည်။ သို့ပါသော်လည်း လီဟုန်က စကားတစ်ခွန်းတောင် မပြောခဲ့ဘဲ ရေခဲဓားကြီးကို ခုခံလိုက်သည်။သူဟာ လျှိုရှ၏ အရှေ့၌ မြန်ဆန်သော အရှိန်ဖြင့်ထွက်ပေါ်လာခဲ့ကာ ထက်မြသောဓားကို ပင့်မြှောက်လျက် ခုတ်ပိုင်းလိုက်သည်။ ထိတ်လန့်ဖွယ်ကောင်းသော ဓားစွမ်းရည်သည် လေထုကိုတောင် ကြီးမားစွာ အက်ကွဲသွားစေသည်။

အဆိုပါဓားချက်သည် လျှိုရှ၏ ပုခုံးပေါ်သို ချွင်းချက်မရှိ သက်ဆင်းသွားခဲ့ကာ လျှိုရှ၏ခန္ဓာကိုယ်ကြီးကို မြေကြီးအောက်နစ်ဆင်းသွားစေခဲ့သည်။ ထက်မြသော ဓားချက်သည် ရွှေရောင်သင်္ကေတစာလုံးများကိုသာမက ချပ်၀တ်တန်ဆာကိုပါ ချိုးဖောက်သွားခဲ့သည်။ ချပ်၀တ်တန်ဆာဟာ ရုပ်တရက် အက်ကွဲပျက်စီးသွားသည်။ ဓားရှည်၏ ထိပ်ဖျားသည် လျှိုရှ၏ ပုခုံးကို နစ်၀င်သွားခဲ့ကာ သွေးစက်များ ထွက်ပေါ်လာစေခဲ့ပြီး ရွှေရောင် ချပ်၀တ်တန်ဆာကြီးကို နီစွေးသွားစေခဲ့သည်။

ပုခုံးပေါ်က နာကျင်မှုကြောင့် လျှိုရှက ရုတ်တရက် မျက်မှောင်ကျုံ့လိုက်ပြီး သူ့နှလုံးသားအောက်ခြေမှနေ၍ ပြင်းထန်သော အမျက်ဒေါသများ ထွက်လာသည်။ သူတကယ်ပဲ ဒဏ်ရာရသွားတာလား?! သူ့လိုမြင့်မြတ်တဲ့ပါရမီရှင်တစ်ယောက်က ဘုံနန်းရှင်နတ်မင်း ပုရွတ်ဆိတ်လေးတစ်ကောင်ကြောင့် တကယ်ကြီးဒဏ်ရာရသွားသတဲ့လား!?

အရှက်တရားနှင့် အမျက်ဒေါသများသည် လျှိုရှ၏ မျက်၀န်းအိမ်အတွင်း ပြည့်နှက်သွားခဲ့ပြီး အော်ဟစ်ပြောဆိုလိုက်သည်။

"ထွက်သွားစမ်း...."

သန်မာသော စွမ်းအားအရှိန်အဝါများသည် သူ့ခန္ဓာကိုယ်ထဲမှ ပေါက်ကွဲထွက်ပေါ်လာခဲ့ပြီး လေထုအတွင်း၌ ထက်မြသော ဓားတစ်ချောင်းကို ဖန်ဆင်းလိုက်သည်။ ၎င်းထက်မြသောဓားက လီဟုန်၏ ခန္ဓာကိုယ်ကို ထွင်းဖောက်သွားကာ ပြင်းထန်သော ခွန်အားကြောင့် လီဟုန်ဟာ လေထုအတွင်းလွင့်ပျံထွက်သွားကာ မြေ​ပြင်ပေါ်သို့ ပြန်ပြုတ်ကျသွားခဲ့ပြီး မြေပြင်ထက်၌ ကြီးမားသော တွင်းပေါက်ကြီးတစ်ခုဖြစ်တည်လာသည်။

လျှိုရှသည် သွေးများစွန်းထင်းနေသော သူ၏ပုခုံးကို စူးစိုက်ကြည့်လိုက်ပြီး သူ့မျက်၀န်းများမှာ အေးစက်နေခဲ့သည်။ သူ၏ ခန္ဓကိုယ်တစ်ခုလုံး၌ ထိပ်လန့်ခြောက်ခြားဖွယ်ကောင်းသော အရှိန်အဝါများနှင့်ပြည့်နှက်နေခဲ့ကာ တွေ့မြင်မိသူတိုင်းကို တုန်ရင်သွားစေခဲ့သည်။

မြေပြင်ပေါ်မှာတော့ လီဟုန်က တုန်တုန်ရင်ရင်ဖြင့် ဓားရှည်ကို ထောက်ကန်လျက် မတ်တပ်ပြန်ရပ်လာခဲ့သည်။ သူဟာ သွား​ဖြီးရယ်လိုက်ပြီး မော့ကြည့်ကာ ပြောဆိုလိုက်သည်။

"ဒီဓားချက်ကဘယ်လိုလဲ?... မင်းက ငါနဲ့ အခြားသော လေလွင့်ကျင့်ကြံသူ တွေကို ပုရွက်ဆိတ်တွေလို ဆက်ဆံခဲ့တယ်။ ငါတို့မှာသာ တူညီတဲ့ ကျင့်ကြံမှု အရင်းအမြစ်တွေ ရှိနေခဲ့မယ်ဆိုလျှင် မင်းဒီလိုတောင် ပြောနိုင်မှာ မဟုတ်ဘူး။ ဘာတဲ့... ကောင်းကင်ဘုံက မျက်နှာသာပေးခံရတဲ့ ပါရမီရှင်ဟုတ်လား!... ဘယ်လေလွင့်ကျင့်ကြံသူမှ ရင်မဆိုင်နိုင်တဲ့ ပါရမီရှင်ကြီးပေါ့လေ!..."

"ငါက ဘုံနန်းရှင်နတ်မင်း အလယ်အလတ်အဆင့်မှာပဲ ရှိနေသေးပေမယ့် မင်းလို ဂုဏ်သရေနတ်မင်းကျင့်ကြံသူတစ်ယောက်ကို ဓားတစ်ချောင်းနဲ့ပိုင်းဖြတ်နိုင်ခဲ့တယ်။ မင်းကိုယ်မင်း လူငယ်ပါရမီရှင်အဖြစ်ခေါ်ဆိုဖို့ ထိုက်တန်သေးရဲ့လား။ သိပ်ကို ရယ်စရာပဲ!။"

အသက်ရှင်ရန် လမ်းစမရှိတော့ကြောင်း သိရှိထားပြီး၍ထင်၏။ ဤအချိန်တွင် လီဟုန်က လျှိုရှကို ထိန်းချုပ်ထားခြင်းမရှိဘဲ လှောင်ပြောင်လိုက်သည်။ သူ၏သွေးများစွန်းထင်းနေသော မျက်နှာ ထက်၌ အထင်အမြင်သေးမှုများရှိနေသေးသည်။

"ဒီဓားချက်ပြီးရင် မင်းလည်းသေရမယ်။"

လျှိုရှ၏အသံမှာ ရေခဲတမျှ‌ အေးစက်နေခဲ့ပြီး သူ၏မျက်၀န်းများက လီဟုန်ကို စူးစိုက်ကြည့်နေသည်။ သူ၏သတ်ဖြတ်မှု အရှိန်အဝါများမှာ အလွန်အင်မတန်မှ ပြင်းထန်လာခဲ့သည်။

"ရှေးအချိန်ထဲက မသေဆုံးတဲ့ သူဆိုလို ဘယ်သူရှိလို့လဲ။ ငါကမင်းကို ဓားတစ်ချောင်းနှင့် ထိခိုက်အောင်လုပ်နိုင်ခဲ့ပြီဆိုတော့ မင်းလိုကောင်က ပါရမီရှင်ဆိုတဲ့ ဂုဏ်ထူးနဲ့ မထိုက်တန်ဘူးဆိုတာ ကမ္ဘာကြီးကို သိစေခဲ့​​ပြီ! ငါကသာ ထိုက်တန်တဲ့လူပဲ!။ " လီဟုန်က သွေးတစ်လုတ်အန်ထုတ်လိုက်ပြီး လျှိုရှကို ရွှတ်နောက်နောက်စိုက်ကြည့်လျက် ကျယ်လောင်စွာ အော်ဟစ်ပြောဆိုလိုက်သည်။

လီဟုန်၏ စကားဆုံးသွားသောအခါ လျှိုရှသည် သတ်ဖြတ်လိုသော စိတ်ဆန္ဒများကို ချုပ်မထားနိုင်တော့ဘဲ အော်ဟစ်လိုက်သည်။

"မင်းရဲ့ဘ၀ကို သေတာထက် ပိုဆိုးအောင် ငါလုပ်ပစ်မယ်။ မင်းကို ဓားပေါင်း တစ်သောင်းနှင့် မထိုးစိုက်ရမခြင်း သေခွင့်မပြုနိုင်ဘူး။ "

"မင်းအလျင်လိုနေပါ့လား....? မင်း ကြောက်ရွံ့နေတာပဲ။ ဟား..ဟား..ဟား.. "

လီဟုန်က ပြုံးရယ်လိုက်ပြီး ကျယ်လောင်စွာ အော်ဟစ်ပြောဆိုလိုက်သည်။ သူဟာ သွေးများစွန်းထင်းနေသော ခန္ဓာကိုယ်ကို သယ်ဆောင်လျက် ‌ဓားကို ကိုင်ဆောင်ကာ လျှိုရှကို ဆက်လက်တိုက်ခိုက်ရင် ပြင်ဆင်လိုက်သည်။

လျှိုရှ၏ ခန္ဓကိုယ်မှာ သက်တန့်ကြီးတစ်ခုအလားလျင်မြန်စွာ ပျောက်ကွယ်သွားပြီး ဂုဏ်သရေနတ်မင်းအဆင့် ကျင့်ကြံသူတစ်ယောက်၏ စွမ်းအားများသည် ကြိုတင်အသိပေးထားခြင်းမရှိဘဲ ပေါက်ကွဲထွက်လာသည်။ ပြင်းထန်သော ဖိအားကြီးတစ်ခုသည် ရောင်စဥ်လျှိုမြောင်ကြီး တစ်ခုလုံးကို ဖိနှိမ်ထားခဲ့သည်။ ထက်မြသော ဓားသွားနှင့်ပေါင်းစည်းထားသော ပြင်းထန်လွန်းသည့် စွမ်းအင် အရှိန်အဟုန်များက လီဟုန်ကို အလွန်အင်မတန် မသက်မသာဖြစ်လာစေခဲ့သည်။

ပထမဆုံး....

လီဟုန်၏လက်များဟာ အရိုင်းဆန်စွာ တုန်လှုပ်လာခဲ့သည်။

ဒုတိယ...

ရှည်လျားသော ဓားရှည်ကြီးသည် လေထုကို တိုက်ရိုက်အက်ကွဲစေလိုက်သည်။

တတိယ....

 ဓားချက်သည် လီဟုန်၏ ကျောကုန်းကို တိုက်ရိုက်ခုတ်ပိုင်းလိုက်ပြီး သွေးများဟာ ရေတံခွန်ပြိုစီးသကဲ့သို လေထုထဲတွင် ရုတ်ချည်းလွင့်စင်ထွက်လာခဲ့သည်။

လီဟုန်က နာကျင်စွာ အော်လိုက်သည်။သူဟာ နောက်ဆုံးလက်ကျန်ခွန်အားကို အသုံးပြု၍ တန်ပြန်တိုက်ခိုက်ရန် ပြင်ဆင်လိုက်သည်။

လီဟုန်၏ ပြင်းထန်သော စိတ်ဓာတ်ခွန်အားကို တွေ့မြင်လိုက်ရသည့်အခါမှာ လျှိုရှ၏ မျက်နှာမှာ ပိုမိုမဲမှောင်လာခဲ့သည်။ သူဟာ လီဟုန်၏ နာနာကျင်ကျင်အော်ဟစ် ငိုကျွေးသံကို ကြားချင်တာဖြစ်သည်။ ဒီလိုမျိုး တွေ့မြင်ချင်တာ မဟုတ်ပေ။ နောက်ထပ်သွေးစွန်းနေသော ဓားဒဏ်ရာသည် လီဟုန်၏ ခန္ဓာကိုယ်ပေါ်၌ ထွက်ပေါ်လာပြန်သည်။

"အော်ဟစ်မညည်းတွား သေးဘူးပဲ။ မင်းဘယ်လောက်ခုခံန်ိုင်မလဲ ငါကြည့်မယ်! "

မဲမှောင်နေသော မျက်နှာအမူအရာဖြင့် လျှိုရှသည် အေးစက်စွာပြောဆိုလိုက်သည်။ သူ၏ခန္ဓာကိုယ်မှာ ရုတ်တရက်ပျောက်ကွယ်သွားခဲ့ကာ လီဟုန်၏နောက်ကျောဘက်၌ ထွက်ပေါ်လာခဲ့သည်။ ယင်းနောက် နောက်ထပ်ဓားချက်တစ်ချက်သည် လီဟုန်၏ ပုခုံးကို ဖြတ်ပိုင်းသွားခဲ့သည်။

သူဟာ လီဟုန်ကို သတ်ဖြတ်ပစ်ချင်ရုံသာမက သူ့ကို ထိတ်လန့်သွားစေသော လီဟုန်၏ စိတ်ဓာတ်ခွန်အားကို ပြိုပျက်အောင်လုပ်ချင်နေသည်။

သူ့လို ရှေးဟောင်းဂိုဏ်းကြီးတစ်ဂိုဏ်း၏ စစ်သူကြီးကိုး‌ယောက်အနက် တစ်ယောက်အပါအ၀င်ဖြစ်သော ထိပ်တန်းပါရမီရှင်မှာတောင် ထိုမျှလောက်ကောင်းမွန်သော စိတ်ဓာတ်ခွန်အားမျိုး မရှိပါပေ။ သာမန်လေလွင့်ကျင့်ကြံသူမှာ ယခုလို အားကောင်းသော စိတ်ဓာတ်ခွန်အား ဘာလို့ ရှိနေရတာလဲ။

"တော်သင့်ပြီ။"

လီဟုန်က အံကိုတင်းတင်ကြိတ်ပြီးနာကျင်မှုကို လက်ခံလိုက်သည့်အချိန်မှာပင် ကျယ်လောင်သောအသံတစ်သံသည် ရောင်စဥ်လျှိုမြောင်ကြီးအတွင်း ပေါ်ထွက်လာခဲ့သည်။

All Chapters