အစောင့်အရှောက်
Vol. 24 Ch. 330
လျိုရှတစ်ယောက် ထိတ်လန့်နေစဥ်တွင် လေထုထဲ၌ လက်နှစ်ဖက်ကို နောက်ပစ်ကာ မတ်တပ်ရပ်နေသော ဖောင့်ပန်းသည် မျက်မှောင်ကြုတ်လိုက်သည်။ သူဟာ သူ့ခွန်အားရဲ့ ၅၀ ရာခိုင်နှုန်းကိုတောင် အသုံးမပြုခဲ့သော်လည်း သူ့ရဲ့တိုက်ကွက်နဲ့ ပက်သက်ပြီး အတော်လေး စိတ်ပျက်နေမိသည်။
သူ၏ ကျင့်ကြံမှုမှာ ဂုဏ်သရေနတ်မင်းအထွတ် အထိပ် အဆင့်မှာ ရှိနေပြီး ဒီလူကတော့ ဂုဏ်သရေနတ်မင်း အစောပိုင်းအဆင့်၌ ရှိနေသည်။ ရှန်းရွှမ်တောင်ပိုင်းနယ်မြေရဲ့ ထိပ်တန်းပါရမီရှင်တစ်ယောက်ဖြစ်လာနိုင်တာ အံ့ဩစရာ မဟုတ်တော့ပါဘူး။ သူ့မှာ တစ်ခုခု ထူးခြားတာ ရှိနေတာပဲ...။
ကံမကောင်းတာက ဒီကောင်က အရူးသာ...။
ဖောင့်ပန်းက မျက်နှာအမူအရာ ဆက်တိုက်ပြောင်းလဲနေသော လျိုရှကို စိုက်ကြည့်လိုက်ပြီး ခေါင်းခါယမ်းကာ အတွေးများကို ခါထုတ်လိုက်သည်။
တိုက်ကွက်တစ်ကွက် ကျရှုံးသွားရင် နောက်တစ်ခါ တိုက်ခိုက်လိုက်ရုံပေါ့။ ဒီကောင့်မှာ အသက်ရှင်သန်ခွင့် မရှိနိုင်ဘူး။
ဤအချိန်တွင် လျိုရှ၏ နှလုံးသားဟာ ပျက်စီးနေခဲ့သည်။ သူက ရှေးဟောင်းဂိုဏ်းကြီးတစ်ဂိုဏ်းရဲ့ ဂုဏ်ယူရသော သားတော် တစ်ယောက်ဖြစ်ချေသည်။ တောင်ပိုင်းနယ်မြေတစ်ခုလုံးတွင် သူဟာ အကောင်းဆုံးထဲကမှ အကောင်းဆုံးပါရမီရှင်တစ်ယောက်ဖြစ်၏။ ဒါပေမယ့် လက်ချောင်းတစ်ချောင်းတည်းနဲ့ ထုတ်လွတ်လိုက်တဲ့ တိုက်ခိုက်မှုကိုတောင် သူမခုခံနိုင်လိုက်ဘူးလား?။
သူဟာ ဘယ်နေရာကို သွားသွား လူအများရဲ့ လေး စားအားကျမှုကို ခံယူရသည့် တည်ရှိမှုကြီးပင် ဖြစ်ချေ၏။ သူရဲ့နာမည်ကို တောင်ပိုင်းနယ်မြေတစ်ခုလုံးတွင် ကြားလိုက်ရသည့်မည်သူမဆို အသည်းအသန် ကြောက်လန့်နေမှာ အမှန်ပင်။
ဖောင့်ပန်းက လျိုရှကို လျစ်လျူရှူထားလိုက်ပြီး လက်ချောင်းကို နောက်တစ်ကြိမ် ညွှန်ပြလိုက်သည်။ ထိတ်လန့်ဖွယ်ကောင်းသော စွမ်းအားများသည် အလင်းတန်းတစ်ခုအဖြစ် စုစည်းသွားပြီး လျိုရှထံ နောက်တစ်ကြိမ် ပစ်လွှတ်လိုက်သည်။ လျိုရှ၏ လက်ရှိအခြေအနေဖြစ် ဆိုပါက သူအကောင်းဆုံး ကြိုးစားလျှင်တောင်မှ ဖောင့်ပန်း၏ ဤတိုက်ကွက်ကို ခုခံနိုင်မှာ မဟုတ်ပေ။
ဤတိုက်ကွက်တွင် ဖောင့်ပန်းသည် သူ့ခွန်အား၏ ၅၀ ရာခိုင်းနှုန်းကိုသာ အသုံးပြုထားခြင်းဖြစ်သည်။ လျိုရှက ဂုဏ်သရေနတ်မင်းအလယ်အလတ်အဆင့်တွင် ရှိနေမည်ဆိုလျှင်တောင် တားဆီးနိုင်မှာ မဟုတ်ပေ။
တစ်ချိန်က အလယ်ပိုင်းလွင်ပြင်တစ်ခုလုံးကို အံ့ဩတုန်လှုပ်စေခဲ့ပြီး သိုင်းပညာရပ်များစွာကို သင်ယူခဲ့သည်နှင့်အညီ မှော်ကျင့်ကြံသူ ဖောင့်ပန်းက သာမန်လူသားတစ်ယောက် မဟုတ်ပါပေ။ သူ၏ ပါရမီမှာ လျိုရှထက် မြောက်များစွာ သာလွန်နေခဲ့သည်။ သူတို့နှစ်ယောက်ဟာ အဆင့်တူတွင်း တည်ရှိနေလျှင်တောင် လျိုရှဟာ ဖောင့်ပန်း၏ ပြိုင်ဘက် ကျိန်းသေပေါက် မဖြစ်နိုင်ပေ။
အားနည်းသူကို အနိုင်ကျင့်ပြီး အနိုင်ကျင့်ရတာကိုလည်း ပျော်ရွှင်နေတဲ့လူတစ်ယောက်... သူက ဘယ်
လိုလုပ် ဖောင့်ပန်းနဲ့ နှိုင်းယှဥ်နိုင်မှာလဲ?။
ဝမ်ဖုန်း၏ အမိန့်ကြောင့်သာ မဟုတ်ပါက ဖောင့်ပန်းဟာ လျိုရှနဲ့တောင် တိုက်ခိုက်လိုစိတ် မရှိပေ။ သူသာ ဒီကောင့်ကို တစ်ခုခု ပြုလုပ်လိုက်လျှင် သူရဲ့လက်ဟာလည်း ညစ်ပတ်ပေရည် သွားမှာ ဖြစ်လေသည်။
သေမင်း၏ အငွေ့အသက်များက လျိုရှကို သတိပြန်လည်လာစေသည်။ သူ၏ အသားအရည်ဟာ လုံးဝပြောင်းလဲသွားပြီး သူဟာ ကိုယ်တွင်းရှိ စွမ်းအားများကို အရူးအမူးလှည့်ပတ်လိုက်ပြီး ဖောင့်ပန်း၏ တိုက်ခိုက်မှုကို ခုခံရန် ကြိုးစားလိုက်သည်။ သို့ပါသော်လည်း သူရဲ့စွမ်းအားများ လှည့်ပတ်မပြီးသေးခင်မှာ အလင်းတန်းဟာ သူ့ရှေ့၌ ထွက်ပေါ်လာလေသည်။
လျိုရှတစ်ယောက် စိတ်ပျက် အားလျော့နေစဥ်မှာ အဖိုးအိုတစ်ယောက်၏ ပုံရိပ်သည် ရုတ်တရက်ထွက်ပေါ်လာခဲ့ကာ လျိုရှကို စိတ်သက်သာရာရစွာ သက်ပြင်းချမိလိုက်စေသည်။
ဘုန်း......
စွမ်းအားကြီး အရှိန်အဝါများသည် ရောင်စဥ်တောင်တန်းအတွင်း၌ ပေါက်ကွဲ ထွက်ပေါ်လာသည်။ သို့ပါသော်လည်း ဖောင့်ပန်းက လုံးဝကိုပျော်ရွှင်မနေခဲ့ပေ။ ထိုအစား သူဟာ မျက်မှောင်ကြုတ်လိုက်ပြီး ဖုန်မှုန့်များနှင့် မြူခိုးမြူငွေ့များ ဝေ့သီဆိုင်းနေသော နေရာဆီသို့ စူးစိုက်ကြည့်လိုက်သည်။ ဤအချိန်တွင် ဝမ်ဖုန်းနှင့် အခြားလူများကတောင် အဆိုပါနေရာကို စူစူးရဲရဲ စိုက်ကြည့်နေကြပြီး သူတို့၏ အတွင်းစိတ်များက လေးလံနေခဲ့သည်။
ထိုနေရာတွင် မြူခိုးမြူငွေ့များနှင့် ဖုန်မှုန့်များ ရစ်သိုင်းလွှမ်းခြုံနေသော်လည်း ၎င်းဖုန်မှုန့်များအတွင်း၌ သူတို့အားလုံးကို ထ်ိတ်လန့်တုန်လှုပ်သွားစေနိုင်သော အရှိန်အဝါကြီးတစ်ခုရှိနေခဲ့သည်။
ဝမ်ဖုန်းနှင့် အခြားသူများ၏ အကြည့်များအောက်တွင် မိုးကောင်းကင်အောက်ရှိ ဖုန်မှုန့်များနှင့် မြူခိုးမြူငွေ့များသည် ဆန်းကြယ်သော စွမ်းအားတစ်ခု၏ တိုက်ခတ်ခြင်းကို ခံလိုက်ရကာ ရောင်စဥ်လျှိုမြောင်ကြီးအတွင်းရှိ မြင်ကွင်းကို ရှင်းလင်းစွာ ပုံဖော်လိုက်သည်။
သူတို့အားလူံးဟာ အကြောက်တရားဖြင့် တုန်လှုပ်နေသော လျိုရှကိုတွေ့မြင်လိုက်ရသည်။ လျိုရှ၏ အရှေ့မှာတော့ အဖြူရောင်ဝတ်ဆုံကို ဝတ်ဆင်ထားသော အသက်ကြီးကြီး အဖိုးအိုတစ်ယောက် မတ်တပ်ရပ်နေသည်။
အဖိုးအိုဟာ ခေါင်းမော့လိုက်ပြီး ဝမ်ဖုန်းနှင့်အခြားသူများကို တည်ငြိမ်စွာ စိုက်ကြည့်လိုက်သည်။ သို့ပါသော်လည်း အဖိုးအို၏ အကြည့်က ဝမ်ဖုန်းနှင့် အခြားသူများအပေါ် ကြီးမားသော ဖိအားများ သက်ရောက်စေခဲ့ကာ သူတို့အားလုံး၏ နဖူးကို ချွေးအေးများဖြင့် စိုစွတ်လာစေသည်။ သူတို့ဟာ ထိတ်လန့်ဖွယ်ကောင်းသော တည်ရှိမှုကြီးတစ်ခု၏ စောင့်ကြည့်ခြင်းကို ခံလိုက်ရသည့်အလား ခံစားလိုက်ကြရကာ ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းသွားသည်။
"စနစ်၊ ဒီလူအိုကြီးက ဘယ်သူလည်းဆိုတာ ရှာဖွေလိုက်စမ်း"
ဝမ်ဖုန်းသည် တုန်ယင်နေသော စိတ်ကို တည်ငြိမ်အောင် အတင်းအကြပ် လုပ်ယူလိုက်ပြီး လျှို့ဝှက်စွာ ပြောလိုက်သည်။
"ဒင်... ဒီလူအိုကြီးက လျိုရှရဲ့ အစောင့်အရှောက် လျို့ယိပါ... သူ့ရဲ့ ကျင့်ကြံမှုက နတ်ဘုရင် အစောပိုင်းအဆင့်ကို ရောက်နေပါပြီ"
ဝမ်ဖုန်း၏ စိတ်အာရုံအတွင်း ထွက်ပေါ်လာသော အေးစက်သည့်အသံက သူ၏ မျက်စိသူငယ်အိမ်မျာကို တုန်လှုပ်သွားစေခဲ့သည်။ သူ၏ နှလုံးသားဟာ အဆုံးစွန်ထိတိုင် ခုန်လှုပ်လာသည်။ ဤသို့ဖြစ်ရခြင်းမှာ လျိုယိ၏ ကျင့်ကြံဆင့်ကြောင့်သာမက အစောင့်အရှောက်တည်းဟူသော ဂုဏ်ပုဒ်ကြောင့်လည်း ဖြစ်ချေသည်။
တာအိုအစောင့်အရှောက်များဟာ အထူးအင်အားစုများ၏ ထိပ်တန်းပါရမီရှင်များကို စောင့်ရှောက်ပေးနေသော ပုဂ္ဂိုလ်များ ဖြစ်သည်။ အထူးအင်အားစုကြီးများကသာ ထိပ်တန်းပါရမီရှင်များကို စောင့်ရှောက်ရန် တာအိုအစောင့်အရှောက်များကို စေလွှတ်နိုင်သော နက်နဲသည့် နောက်ခံရှိကြသည်။
ဥပမာအားဖြင့် ထျန်းလန်ဒေသအတွင်းရှိ အင်အားစုများမှာ စွမ်းအားကြီးမားကြသော်လည်း သူတို့ဟာ ပါရမီရှင်တိုင်းကို လိုက်ပါစောင့်ရှောက်ပေးနိုင်မည့် အစောင့်အရှောက်များ စေလွှတ်ရလောက်သည်ထိတော့ အဆင့်မမှီကြပေ။
တာအိုအစောင့်အရှောက်များဟာ သူတို့ရဲ့ အသက်ကို သူတို့ကိုယ်တိုင် မပိုင်ဆိုင်ကြပေ။ သူတို့က ထိပ်တန်းပါရမီရှင်တစ်ယောက်နှင့် ဆက်နွယ်သွားပြီဆိုပါက ၎င်းထိပ်တန်းပါရမီရှင်နှင့် သေအတူရှင်မကွာ ဖြစ်သွားလေပြီ။ ထိပ်တန်းပါရမီရှင်သေဆုံးပါက အစောင့်အရှောက်များကလည်း သေဆုံးလိမ့်မည်။ ထိပ် တန်းပါရမီရှင် ရှင်သန်ပါက အစောင့်အရှောက်များကလည်း ရှင်သန်နိုင်ကြသည်။
ဒါက တာအိုအစောင့်အရှောက်များအတွက် အလွန်အမင်း မတရားရာကျသည်။ နတ်ဘုရင်အဆင့်ကို ရောက်ရှိပြီးသော တည်ရှိမှု ဖြစ်သည်နှင့်အညီ ဘယ်သူကများ လူငယ်မျိုးဆက်များအပေါ် သူတို့ရဲ့ ကံကြမ္မာကို ပုံအပ်ချင်ပါမည်နည်း။ လူငယ်မျိုးဆက်များရဲ့ ပါရမီက အလွန်အမင်း ကောင်းမွန်နေလျှင်တောင်မှပေါ့။
ဤအချိန်တွင် ဝမ်ဖုန်းဟာ.အထူးအင်အားစုများဟု ခေါ်သော အဖွဲ့အစည်းကြီးများအကြောင်း နားလည်မှုအသစ်တစ်ခု ရရှိလိုက်သည်။ သူတို့ဟာ ထ်ိပ်တန်းပါရမီရှင်တိုင်းအတွက် တာအိုအစောင့်အရှောက်များကိုတောင် စီစဥ်ပေးနိုင်သည်။ ဒါ့အပြင် အဆိုပါ အထူးအင်အားစုများ၏ အခြေခံအုတ်မြစ်မှာ ဝမ်ဖုန်းတွေးထင်ထားသည်ထက် များစွာ သာလွန်နေပေသည်။
"အကြီးအကဲလျို သူတို့ကို သတ်လိုက်... ၊ သူတို့ကို သေတာထက်ပိုဆိုးတဲ့ ဘဝကို ရစေရမယ်"
အဖိုးအိုလျို၏ ထွက်ပေါ်လာမှုက လျိုရှကို အ ကြောက်တရားများ ဖုံးအုပ်နေရာမှ ယုံကြည်မှုရှိသော ပုံစံဖြစ် ပြန်ပြောင်းသွားစေသည်။ သူဟာ ဝမ်ဖုန်းနှင့် အခြားသူများကို စူစူးရဲရဲ စိုက်ကြည့်လိုက်သည်။
အဖိုးအိုလျို ထွက်ပေါ်လာ၍သာမဟုတ်ပါက လျိုရှဟာ လက်ရှိတွင် သေဆုံးနေမှာ ဖြစ်သည်။ ဒါ့ကြောင့်ပဲ လျိုရှ၏ ဝမ်ဖုန်းနှင့် အခြားသူများအပေါ် သတ် ဖြတ်လိုစိတ်က မနှိုင်းယှဥ်နိုင်သော အဆင့်ထိအောင် သန်မာအားကောင်းလာခဲ့သည်။ ပိုမို၍ အရေးကြီးသည်က သူဟာ ဤအရှက်ရစရာကောင်းသော တိုက်ပွဲကို ဝမ်ဖုန်းတို့နှင့်အတူ မြေမြှုပ်ပစ်ချင်နေသည်။
ဤတိုက်ပွဲ၏ သတင်းကို ပြင်ပကမ္ဘာအား မပြန့်နှံ့စေချင်ပါက ဝမ်ဖုန်းတို့အုပ်စုကို သတ်ဖြတ်ပစ်ရမှာပင်။
ဒီလိုမှမဟုတ်ရင် ရှေးဟောင်းဂိုဏ်းကြီးတစ်ဂိုဏ်းရဲ့ ထိပ်တန်းပါရမီရှင် သူက... အခြားသူတစ်ယောက်ရဲ့ လက်ချောင်းတစ်ချောင်းနဲ့ အနိုင်ယူခြင်းကို ခံခဲ့ရသည့် သတင်း ပျံနှံ့သွားပြီး သူ့ရဲ့ ဂုဏ်သတင်းလည်း ပျက်စီးရလိမ့်မည်။ သူ့ရဲ့ ဂုဏ်သတင်းပျက်စီး ဆုံးရှုံးရရုံသာမက အားရှရှေးဟောင်းဂိုဏ်းကြီးကလည်း သူ့အပေါ် စိတ်ပျက်သွားလိမ့်မည်။
လျိုရှဟာ သူ့ရဲ့ဂုဏ်သတင်းပျက်စီးခြင်းကို သည်းခံနိုင်သော်လည်း အားရှဂိုဏ်းအတွင်းရှိ သူ၏ အဆင့်အတန်း လှုပ်ရှားခံလိုက်ရမှာကိုတော့ လုံးဝသည်းမခံနိုင်ပေ။ သူ့ရဲ့ အထူးပါရမီရှင် စွမ်းအားကြောင့်သာ အားရှဂိုဏ်းက သူ့ကို မြှောက်စားနေခြင်းဖြစ်ကြောင်း လျိုရှတစ်ယောက် ရှင်းရှင်းလင်းလင်း သိပေသည်။ ထိုအတွက်ကြောင့် အားရှဂိုဏ်းကို စိတ်ပျက်အောင် ပြုလုပ်၍ မရပေ။
"ဟုတ်ကဲ့!"
အဖိုးအိုလျိုဟာ ခေါင်းငြိမ့်လိုက်ပြီး ဝမ်ဖုန်းနှင့် အခြားသူများကို ထူးမခြားနားစွာ စိုက်ကြည့်လိုက်သည်။ သူဟာ ဝမ်ဖုန်းနှင့်အခြားသူများကို သတ်ဖြတ်ရန် အလျှင်မလိုခဲ့ဘဲ လျိုရှကို လှည့်ကြည့်ကာ ပြောလိုက်သည်။
"သခင်လေး... အရမ်းကြီး ဒေါသထွက်မနေပါနဲ့ ၊ ဒီ့လူ့မှာ ဂုဏ်သရေနတ်မင်း အထွတ်အထိပ် အဆင့် ကျင့်ကြံမှုရှိပြီး သန်မာတဲ့ အခြေခံအုတ်မြစ်လည်း ရှိတယ် ၊ သူ့ရဲ့လက်ချောင်းတစ်ချောင်းနဲ့ အနိုင်ယူခံလိုက်ရတာက အရှက်ရစရာတစ်ခု မဟုတ်ပါဘူး"
လျိုယိဟာ သူ၏စကားလုံးများက လျိုရှကို နှစ်သိမ့်နိုင်လိမ့်မည်ဟု ထင်ခဲ့သည်။ သို့ပါသော်လည်း သူဟာ အနာပေါ် ဆားပက်လိုက်ခြင်း ဖြစ်ကြောင်းကိုတော့ မသိရှိခဲ့ပေ။
ဂုဏ်သရေနတ်မင်း အထွတ်အထိပ်အဆင့်က ဘာဖြစ်လို့လဲ? ၊ ရှေးဟောင်းဂိုဏ်းတွေရဲ့ ထိပ်တန်းပါရမီရှင်တွေက အဆင့်ငယ်အနည်းငယ် ဖြတ်ကျော်ပြီး ရန်သူတွေကို တိုက်ခိုက်နိုင်တာ ပုံမှန်မဟုတ်ဘူးလား?။
အခုချိန်မှာ သူဟာ အဆင့်တူဖြစ်တဲ့ ဖောင့်ပန်းရဲ့ အန်ိုင်ယူခြင်းကို ခံလိုက်ရတယ်။ အဲ့ဒါကို လူအိုကြီးလျိုက အရှက်ရစရာမဟုတ်ဘူးလို့ တစ်ကယ်ကြီး ပြောထွက်တာလား?။
သူက လျိုယိကို အနိုင်မတိုက်နိုင်၍၊ သူ့အသက်ရှင်ရန် လျိုယိပေါ် မှီခိုနေရ၍၊ ဒါ့အပြင် လျိုယိဟာ သူ့ရဲ့အစောင့်အရှောက်ဖြစ်နေ၍သာ မဟုတ်လျှင် လျိုရှဟာ လျိုယိကို သေသည်ထိ သတ်ပစ်ချင်နေသည်။ ဒီမျက်စိ ဆံပင်မွှေး စူးစရာကောင်ကို သူ့မျက်စိရှေ့မှ ပျောက်ကွယ်သွားစေချင်လေသည်။
"ဒီအရှင်သခင်က ဒီနေရာမှာ မတ်တပ်ရပ်နေတယ် ၊ မင်းတို့ထပ်ပြီး တိုက်ခိုက်ချင်သေးလား?... မင်းသာ ဒီအရှင်သခင်ရဲ့ ဆံပင်တစ်ချောင်းကို ထိခိုက်အောင် လုပ်နိုင်ရင် ဒီအရှင်သခင်ရဲ့ နာမည်ကို ပြောင်းပြန်လှန်ရေးပစ်လိုက်မယ်"
လျိုယိ၏ ရန်စခြင်းကို ခံလိုက်ရသော လျိုရှဟာ လျိုယိကို အန်ိုင်မတိုက်ခိုက်နိုင်တာကြောင့် သူ့ရဲ့ဒေါသများကို ဝမ်ဖုန်းနဲ့ အခြားသူများအပေါ် ပုံချလိုက်သည်။ သူဟာ လျိုယိ၏နောက်တွင် စိတ်အေးသက်သာစွာ မတ်တပ်ရပ်လိုက်ပြီး ကောင်းကင်ကို နဖူးနှင့် တိုက်တော့မတက် ခေါင်းမော့နေကာ ဝမ်ဖုန်းတို့အုပ်စုကို ညွှန်ပြလိုက်ပြီး အထင်အမြင်သေးစွာ အော်ဟစ်ပြောလိုက်သည်။