အမည်မဲ့ဓားသမား သတ်ဖြတ်ရန်သိုင်းတစ်ကွက်။
Vol. 24 Ch. 331
"ဒီပိုင်ရှင်နဲ့ ရှန်ရှန့်ကျုံဂိုဏ်းမှာ လက်ရှိကံတရား ဘယ်လောက်များများရှိလဲ စနစ်?"ဝမ်ဖုန်းသည် လျိုရှ၏ အော်ဟစ်ပြောဆိုမှုကို လျစ်လျှူရှုလိုက်ပြီး..တိုးတိတ်စွာမေးမြန်းလိုက်သည်။
ဤအဖိုးအိုလျိုယီမှာ..နတ်ဘုရင်အစောပိုင်းအဆင့်ကို ရောက်ရှိနေခဲ့ပြီးဖြစ်သည်။ လီပိုင်၏ လက်ရှိကျင့်ကြံဆင့်အရ..အဖိုးအိုလျိုယီ၏ ပြိုင်ဘက်မဖြစ်နိုင်ပေ။ လီပိုင်၏ တိုက်ပွဲဝင်စွမ်းအားက..သန်မာသော်လည်း...ဂုဏ်သရေနတ်မင်း အထွဋ်အထိပ်အဆင့် ကျင့်ကြံဆင့်မျှဖြင့်...နတ်ဘုရင်အစောပိုင်းအဆင့်..ပုဂ္ဂိုလ်တစ်ယောက်ကို..မတိုက်ခိုက်နိုင်ပါ။
"ဒင်..ပိုင်ရှင်မှာလက်ရှိ ကံတရား သန်း(၁၅၀) နဲ့ ရှန်ရှန်ကျုံဂိုဏ်းမှာ.. လက်ရှိကံတရား တစ်ဘီလီလျံ ရှိပါတယ်။"
သူ၏ စိတ်အာရုံအတွင်း ထွက်ပေါ်လာသောအေးစက်သည့်အသံကြောင့် ဝါဖုန်းဟာ အနည်းငယ်စိတ်သက်သာရာရရှိသွားသည်။ ထျန်းလန် ဒေသကို..အုပ်စိုးလိုက်ပြီးနောက်..သူ၏ကံတရားနဲ့ ရှန်ရှန်ကျုံ
ဂိုဏ်း၏..ကံတရားမှာ ကောင်းကင်ယံထိတိုင်နောက်တစ်ကြိမ်.. ထပ်မံမြင့်တက်သွားခဲ့သည်။
ဒီလိုဆိုပါက သူဟာ အထူးကပ်ဘေး..ကံတရားဆင့်ခေါ်ခြင်းကို.. ယုံကြည်မှုရှိစွာဖြင့် အသုံးပြုနိုင်လေပြီ။
"စနစ် ..အထူးကပ်ဘေးကံတရားဆင့်ခေါ်ခွင့် အသုံးပြုဖို့အတွက်..ကံတရားသန်း(၅၀၀)ကို အသုံးပြု
လိုက်ပါ"။ ဝမ်ဖုန်းသည် အံကိုတင်းတင်းကြိတ်လျက်လျို့ဝှက်စွာပြောလိုက်သည်။
"ဒင်.. အထူးကပ်ဘေး ကံတရားဆင့်ခေါ်မှုအသုံးပြုရန်..ကံတရားအမှတ် သန်း(၅၀၀)ကို အသုံးပြုလိုက်
သည့်အတွက်..ပိုင်ရှင်ကိုဂုဏ်ပြုပါတယ်။"
"ကောင်းကင်ဘုံရဲ့ အမည်မဲ့ဓားသမားကို..ဆင့်ခေါ်မိသည့်အတွက် ပိုင်ရှင်ကိုဂုဏ်ပြုပါတယ်။ သူရဲ့စွမ်းအင်ဇယားကို စစ်ဆေးကြည့်ပါမည်လား။" စနစ်
၏အသံကို ကြားလိုက်ရသည့်အခါ ဝမ်ဖုန်း၏မျက်နှာ
၌အပျော်များဖြင့် ပြည့်နှက်သွားကာ လျင်မြန်စွာပြောလိုက်သည်။
"စစ်ဆေးမယ်!"
" ကောင်းကင်ဘုံရဲ့ အမည်မဲ့ဓားသမားမှာ..နာမည် မရှိပါဘူး။ ဒါပေမဲ့သူဟာ မိုးကောင်းကင်ကိုဓားတစ်ချောင်းနဲ့ အုပ်စိုးနိုင်တယ်!''
အဲ့ဒီပုဂ္ဂိုလ်က ကမ္ဘာလောကကြီးတစ်ခုလုံးအတွင်းရှိ.. သိုင်းပညာကျင့်ကြံသူများအားလုံး..ရိုသေလေးစားရသော စိတ်ဝိညဥ်ကျင့်ကြံရေး ဆရာတစ်ပါးဖြစ်၏။ သူ၏ ခွန်အားမှာသာမန်မဟုတ်ထူးကဲပြီး.. မြင့်မြတ်သန့်စင်လှသည်။
သူ၏ဓားကျင့်ကြံမှုမှာ ကောင်းကင်ဘုံဓားအဆင့်ကို ရောက်ရှိခဲ့ပြီး..သူ့ကိုဒဏ္ဍာရီလာဓားဝိဇ္ဇာအဖြစ် လူသိများကျော်ကြားလေသည်။" ဝမ်ဖုန်းဟာများစွာ
မျှော်လင့်ထားမိသည်။ ဒီဒဏ္ဍာရီလာသိုင်းဝိဇ္ဇာက ဘယ်လောက်များသန်မာလိမ့်မတုန်း?
"ဒင်... အမည်မဲ့ဓားသမားရဲ့ စွမ်းအင်ဇယားမှာ အောက်ပါအတိုင်းဖြစ်သည်။
အမည် _ အမည်မဲ့ဓားသမား
ဘွဲ့ _ ကောင်းကင်ဘုံဓားသမား
ကျင့်ကြံမှု _ နတ်ဝိဇ္ဇာအထွဋ်အထိပ်
ရုပ်ခန္ဓာ _ ဓားကမ္ဘာမြင့်မြတ်ရုပ်ခန္ဓာ ( အသုံးပြုလိုက်ပါက ရုပ်ခန္ဓာကိုယ်ဟာ ဓားတစ်ချောင်းဖြစ်ပြီး ၎င်း၏ ကိုယ်ပိုင်ကမ္ဘာကိုဖွဲ့တည်လိမ့်မည်။ ဓားစွမ်းအင်ဟာ အဆုံးမဲ့စွမ်းအားကြီးမားပြီး ယင်းဓားစွမ်းရည်ဟာ ကမ္ဘာကြီးကို ပျံ့နှံ့ထင်ရှားလိမ့်မည်)
သွေးမျိုးဆက်_ ကောင်းကင်ဘုံဓား သွေးမျိုးဆက် ( အသုံးပြုလိုက်ပါကခန္ဓာကိုယ်တစ်ခုလုံးရှိသွေးများမှာ.. ကောင်းကင်ဘုံဓားတစ်ချောင်းအဖြစ်ပြောင်းလဲသွားပြီး ကမ္ဘာလောကြီးနဲ့ မိုးကောင်းကင်အောက်တွင် ထွက်ပေါ်လာလိမ့်မည်။ အဆိုပါဓား၏
ထက်မြက်မှုမှာ အဆုံးအစမဲ့ပြီး တိုက်ခိုက်မှုစွမ်းအားကို (100)ရာခိုင်နှုန်း တိုးမြင့်လိုက်မည်။)
နတ်မင်းသွေးကြော _ ဓားလမ်းစဥ် အမတသွေးကြော
နတ်မင်းသိုင်းကွက်များ _ နားမလည်နိုင်သောဓားလမ်းစဥ်
နတ်မင်းအဆင့်အထူးစွမ်းအားများ _ ထူးကဲမြင့်မြတ်ခြင်းဓားပညာ၊ ဓားတစ်သောင်း၏ အိမ်ပြန်ခရီး ၊
မိုးကောင်းကင်မဲ့ ဓားနယ်မြေ၊ လေလွင့်ဘဝ၏ သွေးစက်ဓား ၊ကောင်းကင်ကိုးဘုံဓားကြီး။
နတ်မင်းလက်နက် _ သူရဲကောင်းဓား''
"မှတ်ချက်_ အမည်မဲ့ဓားသမားကို အထူးကပ်ဘေးကံတရားဆင့်ခေါ်မှုဖြင့် ဆင့်ခေါ်လိုက်တာကြောင့် သူဟာထီကံစမ်းခွင့်တွင် အကျုံးဝင်မည်မဟုတ်ပါ"
" မှတ်ချက် _ အမည်မဲ့ဓားသမားက သူရဲ့ရုပ်ခန္ဓာနဲ့သွေးအမျိုးအစပ်ကို တချိန်တည်းအသုံးပြုပြီး လေလွင့်ဘဝ၏ သွေးစပ်ဓားသိုင်းကွက်ကို အသုံးပြုလိုက်ပါက သူ့ထက်တစ်ဆင့်မြင့်တဲ့ စွမ်းအားရှင်တစ်
ယောက်ကို သတ်ဖြတ်နိုင်စွမ်းရှိပါတယ်။"
သူ့အရှေ့တွင်ပေါ်လာသောအတုအယောင်ဖန်သားပြင်ကို တွေ့မြင်လိုက်ရသည့်အခါ ဝမ်ဖုန်းကတောင် အနည်းငယ်ထိတ်လန့်သွားသည်။ အမည်မဲ့ဓားဟာ အရမ်းကိုသန်မာလွန်းပြီး သူမျှော်လင့်ထားသည်ထက် ကျော်လွန်နေလေသည်။ သူဟာအမည်မဲ့ဓားသမား၏ ကျင့်ကြံမှုကိုရည်ညွှန်းပြောဆိုခြင်းမဟုတ်ဘဲ သူ၏တိုက်ပွဲဝင် စွမ်းအားကို ပြောဆိုခြင်းဖြစ်သည်။
နတ်မင်းနယ်ပယ်တွင် ဖောင့်ပန်းနဲ့ မန်ချီရှင်း အပါအဝင် အခြားသူများအားလုံးဟာ အဆင့်ကြီးတစ်ဆင့်ကိုဖြတ်ကျော်ပြီး ရန်သူများကို မသတ်ဖြတ်နိုင်ကြပေ။
သူတို့ဟာ အစောပိုင်းအဆင့်၊ အလယ်အလတ်အဆင့်မျှဖြင့် အထွဋ်အထိပ်စွမ်းအားရှင်များကို ဖြတ်ကျော်တိုက်ခိုက်နိုင်သော်လည်း အဆင့်ကြီးတစ်ဆင့်လုံးကိုတော့ ဖြတ်ကျော်တိုက်ခိုက်နိုင်ခြင်းမရှိပေ။
ဤသည်မှာ နတ်မင်းနယ်ပယ်ဖြစ်၏။ တစ်ဆင့်နှင့် တဆင့်ကြား ကွာခြားမှုသည် ကောင်းကင်နှင့် မြေပြင်တမျှ နက်ရှိုင်းလှလေသည်။ သို့ပါသော်လည်း အမည်မဲ့ဓားသမားဟာ အဆင့်ကြီးတစ်ဆင့် ကျော်လွန်ပြီး ရန်သူ့ကို သတ်ဖြတ်နိုင်သည်။ ဆိုလိုတာက အမည်မဲ့ဓားသမား၏ကျင့်ကြံမှုမှာ နတ်ဝိဇ္ဇာအထွဋ်အထိပ်အဆင့် ဖြစ်သော်လည်း သူဟာကိုးကွယ်ခံနတ်မင်း အထွဋ်အထိပ်အဆင့် ပုဂ္ဂိုလ်တစ်ယောက်ကို သတ်ဖြတ်နိုင်လေ၏။
သတ်ဖြတ်နိုင်ခြင်းနဲ့ ခုခံကာကွယ်နိုင်ခြင်းဟာမတူညီတာနှစ်ခုဖြစ်သည်။ ဖောင့်ပန်းနဲ့အခြားသူများဟာ သူတို့ထက် တစ်ဆင့်မြင့်သောရန်သူကိုခုခံတိုက်ခိုက်နိုင်ကောင်း တိုက်ခိုက်နိုင်သော်လည်း ရန်သူကိုတော့ ကျိန်းသေပေါက်သတ်ဖြတ်နိုင်မှာမဟုတ်ချေ။
ဟုတ်ပါပေသည်။ ဝမ်ဖုန်းကတော့ထိုသို့ လုပ်နိုင်စွမ်းရှိ၏။ ဝမ်ဖုန်းဟာအဆင့်ကြီးတစ်ဆင့်ဖြတ်ကျော်ပြီး အကျော်ဇေယျနတ်မင်းအထွဋ်အထိပ်အဆင့် စွမ်းအားရှင်ကို သတ်ဖြတ်နိုင်လေသည်။ ဒါကသူ့အတွက်မခက်ခဲပေ။ သူ့တွင် အသန်မာဆုံး ရုပ်ခန္ဓာပိုင်ဆိုင်ထားပြီး မြောက်များစွာသော မှော်စွမ်းအင်များကိုလည်း တတ်မြောက်ထားကာ ထိတ်လန့်ဖွယ်ကောင်းသော မှော်လက်နက်များကိုလည်းပိုင်ဆိုင်ထားသည်။ ဒါတောင်မှ အဆင့်ကြီးတစ်ဆင့်မြင့်သောရန်သူကို မသတ်ဖြတ်နိုင်ဘူးဆိုလျှင် သူ့လောက်အသုံးမကျတဲ့လူရှိမှာ မဟုတ်တော့ပေ။
" အကြီးအကဲလျို သူတို့ကို
ဖိနှိပ်လိုက်ပါ! ကျုပ်သူတို့ကိုသွားပြီးသတ်ဖြတ်မယ်။"
ဝမ်ဖုန်းနဲ့အခြားသူများ၏ တိတ်ဆိတ်မှုကိုတွေ့မြင်လိုက်ရသည့်အခါ လျိုရှဟာ ဝမ်ဖုန်းနဲ့အခြားသူများက ထိတ်လန့်သွားပြီဟု တွေးတောလိုက်ပြီး စစ်မှန်သော အပြုံးတစ်ခုပြုံးလိုက်ကာ ကျယ်လောင်စွာ
ပြောလိုက်သည်။
"ကောင်းပါပြီ သခင်လေး"
အဖိုးအိုလျိုယိက ခပ်သာသာခေါင်းညိတ်လိုက်ပြီး ဝမ်ဖုန်းနှင့်အခြားသူများကို မျက်ဝန်းများမှေးကျဥ်းပြီးစိုက်ကြည့်လိုက်သည်။ သူ၏ ထိုကဲ့သို့အပြုအမူလေးကတောင် ကမ္ဘာကြီးတစ်ခုလုံးက ဝမ်ဖုန်းနှင့်အခြားသူ များကိုပစ်မှတ်ထားနေသလိုမျိုး ထိတ်လန့်ဖွယ်ဖြစ်ရပ်ကြီးတစ်ခုကို ဖြစ်တည်စေခဲ့သည်။ သူတို့၏ ခန္ဓာကိုယ်များမှာ ထိန်းချုပ်မရတုန်ခါ လာကြရသည်။
နတ်ဘုရင်အဆင့်မှာထိတ်လန့်ဖွယ်ကောင်းလောက်အောင်သန်မာပေ၏။ ၎င်းထိတ်လန့်ဖွယ်ဖိအားကြီးဟာ ဝါဖုန်းနှင့်အခြားသူများ၏နဖူးများကို ချွေးအေး
များဖြင့်ပြည့်နှက်လာစေခဲ့သော်လည်း ဝမ်ဖုန်းတို့တတွေကတော့ကြောက်လန့်နေခြင်းမရှိဘဲ လျိုယိကို အေးတိအေးစက် လှမ်းကြည့်လိုက်သည်။
" ဟက်..''
ဝမ်ဖုန်းနဲ့အခြားသူများ၏ အကြောက်အလန့်ကင်းမဲ့သောအမူအရာကို တွေ့မြင်လိုက်ရသည့်အခါ လျိုယိဟာ ဆက်လက်သည်းခံနိုင်စွမ်းမရှိတော့ပေ။
သူကဘယ်သူလဲ? သူဟာနတ်ဘုရင်အဆင့် စွမ်းအားရှင်ဖြစ်၏။ တောင်ပိုင်းနယ်မြေတစ်ခုလုံးမှာတောင် သူ၏တည်ရှိမှုကို လျစ်လျူရှူ၍မရပေ။ သူနှင့်ဘယ်သူကမှ ဖက်ပြိုင်မပြောဆို ဝံ့ကြပေ။ အခုအချိန်မှာတော့ ဂုဏ်သရေနတ်မင်းအထွဋ်အထိပ်အဆင့်ရှိတဲ့ ပုရွက်ဆိတ်လေးတွေက သူ့ကိုမကြောက်ဘူးတဲ့လား.?
လျိုယိ၏ အေးစက်စက်အသံပြုလိုက်မှုက ဝမ်ဖုန်းနှင့်အခြားသူများ၏ နားစည်အတွင်းသို့ မိုးခြိမ်းသံကြီးအလားကျယ်လောင်စွာထွက်ပေါ်လာခဲ့သည်။ သူတို့၏ စိတ်ဝိညဥ်များမှာ တုန်လှုပ်သွားကြပြီး သူတို့၏မျက်နှာများမှာ ပိုမိုဖြူဖျော့သွားကြသည်။ အသံလေးတစ်သံပြုရုံမျှဖြင့် သူတို့ဟာနောက်ကိုခြေလှမ်းအနည်းငယ် ဆုတ်ခွာလိုက်ရလေ၏။ ဤသည်မှာလျိုယိ၏ သာမန်ဆန်သော အသံလေးတစ်သံဖြစ်သော်လည်း ၎င်းထံတွင်အဆုံးစွန်သောထိတ်လန့်ဖွယ်ကောင်းသောစွမ်းအားများပါလေသည်။ ဤသည်မှာဝမ်ဖုန်းတို့လက်ရှိရင်ဆိုင်နိုင်သည့်အရာမဟုတ်ပါချေ။
"ဘုန်း"
လျိုယိက ဝမ်ဖုန်းနှင့်အခြားသူများကိုသတ် ဖြတ်တော့မယ့်အချိန်တွင် ထိတ်လန့်ဖွယ်ကောင်းသောဖိအားကြီးက ရုတ်တရက် သူ့ကို ဖိနှိပ်ချလိုက်တယ်။ သူ၏နှလုံးခုန်သံမှာ ရုတ်ချည်း စည်းချက်လွဲသွားခဲ့ပြီး ခန္ဓာကိုယ်တစ်ခုလုံးမှာ ခဲတောင့်သွားကာ လုံးဝမလှုပ်ရှားနိုင်တော့ပေ။ ဘယ်အရာမှ မဖြစ်ခဲ့သလိုမျိုး ရုတ်တရက်ဆန်သည့် အပြောင်းအလဲကြီးတစ်ခု ဖြစ်တည်လာခဲ့သည်။ အလွန့်အလွန် စွမ်းအားကြီးသော အရာကြီးတစ်ခု ရောက်ရှိလာနေကြောင်း လျိုယိသိလိုက်ရသည်။
၎င်းထိတ်လန့်ဖွယ်ကောင်းသောအရှိန်
အဝါမှာ သူ့ကိုတင်းကြပ်စွာချုပ်လှောင်ထားပြီး ခွန်အားအနည်းငယ်တောင် ထုတ်သုံးခွင့်မပြုပေ။ သူ၏ မုတ်ဆိတ်မွှေးများကသာ တိုက်ခတ်သောလေကြောင့် ဝဲလွင့်နေသည်။ ပြောမပြနိုင်လောက်သောအကြောက်တရားတစ်ခုဟာ သူ့နှလုံးသား အောက်ခြေမှထွက်ပေါ်လာသည်။
သူဟာနတ်ဘုရင်တစ်ပါးဖြစ်သည်။ သူ့ကိုအသက်တောင်ဖြောင့်ဖြောင့် မရှုနိုင်အောင်ဖိနှိပ်နိုင်ရလောက်တဲ့ ပုဂ္ဂိုလ်ဟာ ဘယ်လောက်
တောင်သန်မာနေလိမ့်မလဲ?
" အကြီးအကဲလျို..ဘာဖြစ်လို့စပြီးမတိုက်သေးတာလဲ" လျိုယိက အချိန်အတော်လေးကြာသည့်တိုင်အောင် ဝမ်ဖုန်းနှင့်အခြားသူများအပေါ် ဖိနှိပ်မှုမရှိသည်ကို တွေ့မြင်လိုက်ရသည့်အခါ ဘေးဖက်မှာ ရှိနေသောလျိုရှ၏ မျက်ခုံးများသည် စုကျဥ်းသွားသည်။ သူဟာ ဝမ်ဖုန်းနှင့်အခြားသူများကိုသတ်ဖြတ်ရန် အလော်ဆော်လိုက်သည်။ လျိုယိ၏အဖြေကို ပြန်လည်မကြားရသည့်အခါ လျိုရှ၏မျက်ခုံးများမှာ ပို၍ပို၍ကျဥ်းစုသွားခဲ့သည်။ သူ့မျက်ဝန်းအနက်ပိုင်း၌ ဒေါ်သအရိပ်အယောင်တစ်ခုဖြစ်တည်လာသည်..။
တာအိုအစောင့်အရှောက်များဟာ မိုးကောင်းကင်၏ ထိပ်တန်းပါရမီရှင်များကို စောင့်ရှောက်ကာကွယ်ရန်မွေးဖွား လာကြခြင်းဖြစ်သည်။ အဖိုးအိုလျိုယိက သူ့ရဲ့အမိန့်ကိုတောင်နားမထောင်တော့ဘူးလား..ဒါကဘယ်လိုတာအို အစောင့်အရှောက်လဲ။..
လျိုရှဟာအရှေ့ကိုတက်လှမ်းသွားပြီး လျိုယိကိုတွန်းရန် ပြုလုပ်လိုက်သည်။ သို့ပါသော်လည်း သူဟာလျိုယိကို တွန်းနိုင်ခြင်းမရှိကြောင်း ရှာတွေ့သွားသည်။ သူ၏အမူအရာများမှာ ပြောင်းလဲသွားပြီး ထူးဆန်းနေသော အခြေအနေကို သတိပြုမိသွားသည်။
သူဟာလျိုယိ၏အရှေ့တွင် လျှင်မြန်စွာ မတ်တပ်ရပ်လိုက်ပြီး မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်ပြနေသော လျိုယိကို စိုက်ကြည့်ကာ သံသယဖြစ်စွာမေးလိုက်သည်..
"အကြီးအကဲလျို..ခင်များဘာဖြစ်နေတာလဲ"
"သူသေတော့မှာ!"
လျိုရှတစ်ယောက်တစ်ယောက် ပဟေဠိဖြစ်နေစဥ်မှာဘဲ ခမ်းနားကြီးကျယ်သောအသံတစ်ခုဟာ လျိုရှ၏ နားစည်အတွင်းပဲ့တင်ထပ် ထွက်ပေါ်လာခဲ့ကာ သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို ခဲတောင့်သွားစေခဲ့သည်။ သူဟာ ခေါင်းကိုအလျင်အမြန် လှည့်ကြည့်လိုက်သည်။ သူတွေ့မြင်လိုက်ရသည်မှာ အညိုရောင်ဝတ်စုံဝတ်ထားသော ခမ်းနားသည့် ဆံပင်ရှည်များရှိနေသည့်အဖိုးအိုတစ်ယောက်ပင်။
ထိုသူဟာအိုမင်းပုံပေါ်သော်လည်းသူ၏အသားအရည်မှာ ကလေးငယ်တစ်ယောက်အလား နုနယ်နေသည်။သူ၏ခန္ဓာကိုယ်တစ်ခုလုံး၌ ဖော်မပြနိုင်သောဆန်းပြားသည့် အရှိန်အဝါများ ကိန်းဝပ်နေသည်။ သူ၏အနောက်မှာတော့ဝမ်ဖုန်းနဲ့အခြားသူများဟာ တိတ်ဆိတ်စွာ မတ်တပ်ရပ်နေခဲ့ပြီး လျိုရှကိုအေးစက်သောမျက်ဝန်းများဖြင့် စိုက်ကြည့်နေခဲ့သည်။
လျိုရှတစ်ယောက်ထိတ်လန့်နေစဥ်မှာပင် အဖိုးအိုဟာ လက်တစ်ဖက်အား အသာအယာပင့်မြှင့်လိုက်တာကို သူတွေ့လိုက်ရသည်။ အဖိုးအိုလက်ညှိးညွှန်လိုက်သည့်အခါ ရေခဲတမျှအေးစက်သောအလင်းတန်းလေးတစ်ခုသည် အလွန်မြန်ဆန်သော နှုန်းထားဖြင့်ထွက်ပေါ်လာခဲ့
သည်။ ၎င်း၏အမြန်နှုန်းမှာ အရမ်းမြန်ဆန်နေတာကြောင့် ပုံရိပ်ယောင်တစ်ခုလို့တောင် တွေးထင်သွားမိစေ၏။
"ဘုန်း...."
ပေါက်ကွဲသံတွေက လျိုရှကိုပြန်
လည်သတိလည်လာစေသည်။ သူဟာမြေပြင်ပေါ်ပြိုလဲကျသွားသည့် လျိုယိကိုလှည့်ကြည့်လိုက်သည်..။လျိုယိ၏မျက်ခုံးမွှေးနှစ်ခုအကြားတွင် သေးငယ်သော အနီရောင်အစက်ကလေးတစ်စက်ကို တွေ့မြင်လိုက်၏။ အဆိုပါအနီရောင်အစက်ကလေးမှ သွေးများ အဆက်မပြတ် ယိုစီးထွက်ပေါ်လာကာ လျိုယိ၏အသက်ရှူသံမှာ ပို၍ပို၍အားဖျော့လာကာ အဆုံး၌ လုံးဝရပ်တန့်သွားချေသည်။
သူဟာ ကြောင်အ ထိတ်လန့်သွားသည်။ ကမ္ဘာလောကကြီးတစ်ခုလုံး မိုက်မှောင်သွားသလိုမျိုး လျိုရှခံစားလိုက်ရသည်.. ။သူ့ခြေထောက်နှစ်ဖက်ကြားမှ အဝါရောင်အရည်များ စီးဆင်းထွက်ပေါ်လာပြီး လေထုတစ်ခုလုံး၌ ပြင်းထန်သောညှီစို့စို့အနံ့တစ်ခုထွက်လာသည်။ယင်းနောက်သူ့၏ခန္ဓာတစ်ခုလုံး ကွေးညွှတ်သွားချေသည်။