← Chapters

အမဲလိုက်ပွဲတော်ဟာ ရှန်ရှန့်ကျုံ့ဂိုဏ်းနဲ့ သက်ဆိုင်သွားပြီ။

Vol. 24 Ch. 332

အမဲလိုက်ပွဲတော်ဟာ ရှန်ရှန့်ကျုံ့ဂိုဏ်းနဲ့ သက်ဆိုင်သွားပြီ။

Vol. 24 Ch. 332

အမှန်အတိုင်းပြောရလျှင် သူ့ဘ၀တစ်လျောက်လုံးတွင် ဤမျှလောက် တစ်ခါမှ မကြောက်လန့်ဖူးပေ။ ရှန်းရွှမ်းတောင်ပိုင်းနယ်မြေ ထိပ်တန်းပါရမီရှင်ဆိုသောဂုဏ်ပုဒ်ဖြင့်ဆိုပါက အရာရာတိုင်း၌ ပြေလည်ခဲ့သည်။ ယခုဆိုလျှင် သူဟာ ကြောက်လွန်း၍ အပေါ့တောင် ထွက်ကျခဲ့သည်။ သူဘယ်လောက်ထိ ထိတ်လန့်နေမလဲ တွေးကြည့်ပါလေ။ ၀မ်ဖုန်းနှင့်အခြားသူများသည် ဒီလူက အရမ်းကို စိတ်ဓာတ်ပျော့ညံ့လိမ့်မည်ဟု ထင်မထားခဲ့ပေ။ ပြင်းထန်သော ရနံ ထွက်ပေါ်လာသည့်အခါ ၀မ်ဖုန်းတို့အုပ်စုက နောက်သို့ဆုတ်သွားကြပြီး လျှိုရှကို စက်ဆုပ်စွာ လှမ်းကြည့်လိုက်သည်။

ဒါက အထူးထိပ်တန်းအင်းအားစုကြီး ၃ခုရဲ့ ထိပ်တန်းပါရမီရှင်တဲ့လား။ ရယ်ရလွန်းလို့ သေတော့မယ်ကွ!

"ဒီတစ်ကြိမ် ပါရမီရှင် ဘယ်လောက်များများရှိနေတာလဲ။"

၀မ်ဖုန်းသည် လျှိုရှကို အထင်အမြင်သေးစွာ စိုက်ကြည့်လိုက်ပြီး ထူးမခြားနားစွာပြောလိုက်သည်။ ‌‌

ခြေတစ်လှမ်းလှမ်းလျှင်လည်း လှုပ်ရှားသည်မည်သလို ‌ခြေ ‌‌လှမ်းတစ်ရာလှမ်းလျှင်လည်း လှုပ်ရှားသည် မည်ပေ၏။ကမ္ဘာလောကကြီးတစ်ခုလုံးက သူ၏ရှန်ရှန့်ကျုံ့ဂိုဏ်းကို မုန်းတီးနေပါက သူဟာလည်း ကမ္ဘာလောကကြီးတစ်ခုလုံး၏ရန်သူ အဘယ့်ကြောင့် မလုပ်နိုင်ရမည်နည်း။

လျှိုရှဟာ အလွန်အမင်း မောက်မာပြီးကောင်းမွန်စွာ လေ့ကျင့်ထားသူဖြစ်သည်။ ရန်သူကသာ အလွန်အမင်းမသန်မာနေလျှင် သူဒီလို အလုပ်မျိုး လုပ်မိမှာ မဟုတ်ပေ။ သူ၏တာအိုအစောင့်အရှောက်မှာ နတ်ဘုရင်တစ်ပါးဖြစ်သော်လည်း လက်ချောင်းလေးတစ်ချောင်းဖြင့် သတ်ဖြတ်ခြင်းခံလိုက်ရသည်။ သူညှာတာသနားရန် မတောင်းပန်ဘူးဆိုရင် သေတဲ့အချိန်ကိုထိုင်စောင့်နေရမှာလား?

သူဟာပါရမီရှင်တစ်ယောက်ဆိုတာမှန်ကန်ပေသည်။သို့သော်လည်း သူဟာ လူသားတစ်ယောက်ပင်ဖြစ်ပေသည်။သူဟာလည်းကြောက်လန့်တက်၏။ပါရမီရှင်တယောက်က သံမဏိလူသားတစ်ယောက် မဟုတ်ပါချေ။

၀မ်ဖုန်း နဲ့အခြားသူများ၏ မျက်ဝန်းထဲ၌ရှိနေသော အထင်အမြင်သေးမှုများမှာ ပိုမိုနက်ရှိုင်းလာသည်။

"ဒီတစ်ကြိမ်ပါရမီရှင်အမဲလိုက်ပွဲကျင်းပဖို့အတွက် အားရှရှေးဟောင်းဂိုဏ်းက နဝမမြောက်ရေးစစ်သူကြီးဖြစ်တဲ့ ကျွန်​တော်နဲ့ အဌမ စစ်သူကြီး၊သတ္တမ စစ်သူကြီးအ​​ပြင် ထျန်းဟွမ်အင်ပါယာမျိုးနွယ်ကြီးက ဧကရာဇ်၁၂ပါးထဲက နောက်ဆုံးသုံးပါးနဲ့ ချုံရှူရှေးဟောင်းဂိုဏ်းက သူတော်စင်၁၀ပါးထဲက သုံးပါးလာရောက်ကြပါတယ်။"

ထိုသို့ပြောလိုက်ပြီးနောက် လျှိုရှက ၀မ်ဖုန်းကို ခေါင်းမော့ကြည့်လိုက်ပြီး စကားပြောဆိုခြင်းကို ရပ်တန့်လိုက်သည်။ သူ၏ မျက်ဝန်းများအတွင်း၌ အကြောက်တရားများရှိနေခဲ့သည်။ သူနောက်ထပ်စကားပြောဆိုလိုက်ပါက ၀မ်ဖုန်းနှင့်အခြားသူများကို ဒေါသထွက်စေပြီး သူ့အသက်ကလေးဆုံးရှုံးရမှာကို ကြောက်လန့်နေမိသည်။

"ဆက်ပြောစမ်း"

၀မ်ဖုန်းဟာ မျက်ဝန်းများကို မှေးကျဥ်းလိုက်ပြီး နက်ရှိုင်းသော အသံဖြင့်အော်ပြောလိုက်သည်။

"ရှန်ရှန့်ကျုံ့ဂိုဏ်းရဲ့ပါရမီရှင် တပည့်တွေကို ထိပ်တန်းဆုလာဘ်အဖြစ် ယူဆပြီးတော့ ဝူဝမ်တောင်တန်းနယ်မြေထဲက အခြားအင်အားစုတွေရဲ့ပါရမီရှင်တွေကိုတော့ အပိုဆုအဖြစ် ယူဆထားကြတာပါ။ အမှတ်အများဆုံးရရှိတဲ့သူက နောက်ဆုံးအနိုင်ရသူဖြစ်လာမှာပါ။"

"ရှန်ရှန့်ကျုံ့ဂိုဏ်းရဲ့တပည့်တစ်ယောက်ချင်းဆီက အမှတ်တစ်ရာတန်ပြီး ဝူဝမ်တောင်တန်းနယ်မြေက တပည့်တစ်ယောက်ချင်းဆီကတော့ အမှတ်၅၀တန်ပါတယ်။"

လျှိုရှက ၀မ်ဖုန်းကိုသေသေချာချာစိုက်ကြည့်လိုက်ပြီး အံကိုကြိတ်၍ ပြောလိုက်သည်။

လျှိုရှ၏စကားဆုံးသွားသည့်အခါ ၀မ်ဖုန်း၏ မျက်နှာမှာ မဲမှောင်သွားသည်။

ဒါကအထူးအင်အားစုတွေလား။အခြားသူတွေကိုလူတွေလို့တောင်မဆက်ဆံဘူးပေါ့လေ။

၀မ်ဖုန်းဟာ လူကောင်းတစ်ယောက်မဟုတ်သလို မရေမတွက်နိုင်သောသူများကိုသတ်ဖြတ်ခဲ့သော်လည်း သူဟာလူသတ်ရခြင်းကိုတော့ နှစ်မြို့ခြင်းမရှိပါပေ။

"သူတို့ရဲ့ကျင့်ကြံအဆင့်က ဘယ်အဆင့်တွေလဲ။" ၀မ်ဖုန်းက သူ၏မျက်ဝန်းကိုအနည်းငယ်မှေးကျဥ်းလိုက်ပြီး လျှိုရှကို အေးတိအေးစက်ကြည့်ကာ မေးမြန်းလိုက်၏။

"ပုံမှန်အားဖြင့်တော့ ဂုဏ်သရေနတ်မင်းအဆင့်ပါ။အသန်မာဆုံး သူကတော့ ဂုဏ်သရေနတ်မင်းအလယ်အလတ်အဆင့်ပါ။" လျှိုရှက လျှင်မြန်စွာပြောလိုက်သည်။ သူ၏အသက်ကိုကယ်တင်ရန်အတွက် သူ့မိတ်ဆွေများကို တုန့်ဆိုင်းခြင်းမရှိ ရောင်းစားလိုက်လေပြီ။ မျှော်လင့်ချက်အနည်းငယ်ကျန်ရှိနေရင်တောင်မှ စွန့်စားရန်ထိုက်တန်သည် မဟုတ်ပါလော။

သေဆုံးနေသော တာအိုမိတ်ဆွေများမှာတန်ဖိုးမရှိတော့လေပြီ။

သူအသက်ရှင်နေ‌ေသးသရွေ့‌ မြောက်များစွာသောဂိုဏ်းတူအစ်ကိုကြီးများနှင့် မြောက်များစွာသော မိတ်ဆွေအပေါင်းသင်းများ၏ အသက်....အန္တရာယ်ရှိနေလျှင်တောင်မှ သူနှင့်ဘာဆိုင်သေးတုန်း?

၀မ်ဖုန်းက ခေါင်းငြိမ့်လိုက်ပြီး သတိမေ့နေသော လီဟုန်ဘက်ကို လမ်းလျှောက်သွားလိုက်သည်။ အမည်မဲ့ဓားသမားနှင့်အခြားသူများက ၀မ်ဖုန်းအနောက်ကိုလိုက်သွားကြပြီး လျှိုရှကို နည်းနည်းလေးတောင် လှည့်မကြည့်ခဲ့ပေ။

၀မ်ဖုန်းနဲ့အခြားသူများ၏အပြုအမူကိုတွေ့မြင်လိုက်ရသည့်အခါ လျှိုရှသည်အလွန်ဝမ်းသာသွား၏။ သူဟာအလျင်စလို ထရပ်လိုက်ပြီး အရိုင်းဆန်စွာ ထွက်ပြေးသွားလိုက်သည်။ သူ့တွင်ခြေထောက်အပိုနှစ်ချောင်းရှိနေဖို့‌ တောင် တောင်းဆု‌ခြွေနေမိ၏။

မီတာတစ်ရာလောက်ပြေးပြီးသည့်အနောက်တွင် အလင်းတန်းတစ်ခုဟာ သူ၏မျက်ခုံးနှစ်ဖက်အကြားကို တိုက်ရိုက်ထွင်းဖောက်သွားခဲ့သည်။ အလင်းတန်းတွင်ပါဝင်သော ထိတ်လန့်ဖွယ်စွမ်းအား တစ်ခုက သူ၏ စိဝိညာဉ်ကိုသာမက ခန္ဓာကိုယ်ကိုပါ အပိုင်းပိုင်းပြတ်တောက် သွားစေခဲ့သည်။

"ဘုန်း"

လျှိုရှ၏ ခန္ဓာကိုယ်ဟာ မြေပြင်ပေါ်ကိုပြိုကျသွားခဲ့သည်။ သူသေဆုံးသည့်တိုင်အောင် သူ၏မျက်နှာထက်၌ အပြုံးတစ်ပွင့်ရှိနေခဲ့ပြီး လွန်စွာဝမ်းမြောက်နေပုံပေါ်လေသည်။

၀မ်ဖုန်းသည် သေဆုံးသွားသော လျှိုရှကို လျစ်လျှူရှုထားခဲ့ပြီး လီဟုန်၏ ဘေးကို ရောက်ရှိလာခဲ့သည်။ သူဟာ လီဟုန်၏ဒဏ်ရာများကို စစ်ဆေးကြည့်လိုက်သောအခါ ကယ်တင်၍ရသေးကြောင်းရှာတွေ့သွားသည်။ စနစ်စျေးတန်းမှ ကုသရေးဆေးလုံးကို လဲလှယ်ယူလိုက်ကာ လီဟုန်ကို တိုက်ကျွေးလိုက်၏။ 

ကုသရေးဆေးလုံးဟာ ပါးစပ်ထဲသို့ရောက်ရှိသည်နှင့်တစ်ပြိုင်နက် ပျော်ဝင်သွားပြီး ခမ်းနားကြီးကျယ်သော စွမ်းအားတစ်ခုအဖြစ်ပြောင်းလဲသွားသည်။ ၎င်းစွမ်းအားဟာ လီဟုန်၏ခန္ဓာကိုယ်အတွင်း လှည့်ပတ်လိုက်ပြီး ဒဏ်ရာများကို ကုသလိုက်သည်။ 

လီဟုန်ကို ၀မ်ဖုန်းက အရမ်းကို လေးစားနေမိသည်။ သူ၏အရည်အသွေးက မည်သို့ပင်ဖြစ်နေစေကာမူ ပြင်းပြလွန်းသော စိတ်ဓာတ်ခွန်အားရှိနေလေကာ ရှန်ရှန့်ကျုံ့ဂိုဏ်းကို ဝင်ရောက်ဖို့အဆင့်မီလေသည်။ ထိုကဲ့သို့စိတ်ဓာတ်ခွန်အားမြင့်မားသူကလည်း လူကောင်းတစ်ယောက်ဖြစ်ရပေလိမ့်မည်။

ကုသရေးဆေးလုံးကိုတိုက်ကျွေးပြီးလေရာ လီဟုန်မှာ အချိန်တစ်ခုကြာလျှင်နိုးထလာလိမ့်မည်။ ခဏတာတွေးတောပြီးနောက် ၀မ်ဖုန်းဟာ အမည်မဲ့ဓားသမားနှင့်အခြားသူများကို အနားယူရန်အချက်ပြလိုက်သည်။ သူဟာ ရှန်ရှန့်ကျုံ့ဂိုဏ်းကို ရန်စရဲသော ၀မ်ရှခန်းမနှင့် ရင်မဆိုင်ခင် လီဟုန် နိုးထလာမှာကို စောင့်ဆိုင်းရန်ဆုံးဖြတ်ချက်ချလိုက်သည်။

ဝမ်ဖုန်းဟာ ဘေးဖက်တွင် တင်ပုလ္လင်ချိတ် ထိုင်ချလိုက်ပြီး တွေးတောဆင်ခြင်လိုက်သည်။ သူကအထူးအင်အားစုများ၏ ပါရမီရှင်များနှင့်ရင်ဆိုင်ရန် ဖောင့်ပန်းတို့ကို မစေလွှတ်ချင်ပေ။

သာမန်ပါရမီရှင်လေးတွေအတွက်နဲ့ ဖောင့်ပန်းတို့ကို လှုပ်ရှားခိုင်းရတာ ဘယ်လိုလုပ် တန်ပါ့မလဲ?

ဤအကြောင်းတွေးလိုက်ပြီးသည့်အခါ ၀မ်ဖုန်းဟာ စနစ်ထံမှ ထီကံစမ်းမှု အများအပြားပြုလုပ်ပြီး ရလာသော ကျင့်ကြံမှုများကို လက်ရွေးစင်တပည့်များအပေါ်၌ အသုံးပြုရန် ဆုံးဖြတ်ချက်ချလိုက်သည်။ ယင်းနောက်မှာ လက်ရွေးစင်တပည့်များကို ၎င်းထိတ်တန်းပါရမီရှင်များနှင့် ရင်ဆိုင်ခိုင်းရမည်။ 

သူတို့ကပါရမီရှင်တွေကို အမဲလိုက်ရတာကြိုက်နှစ်သက်တယ် မဟုတ်လား။ဒါဆိုရင် ရှန်ရှန့်ကျုံ့ဂိုဏ်းက ပါရမီရှင်တွေရဲ့အမဲလိုက်ခြင်းခံရတဲ့ အရသာကို ခံစားခိုင်းလိုက်တာပေါ့။

အတိတ်တွင် ၀မ်ဖုန်းဟာ တပည့်တွေအပေါ် ထီကံစမ်းမှုမှရရှိလာသော ကျင့်ကြံခြင်းအခြေခံများဖြင့် ကောင်းချီးမပေးခဲ့‌‌ ပေ။ အဘယ်ကြောင့်ဆိုသော် တပည့်များဟာ ငယ်ရွယ်သေးပြီး အလားအလာကောင်းလှပေသည်။ ထိုအတွက်ကြောင့် သူတို့အပေါ်၌ကောင်းချီးပေးရန် မလိုအပ်ချေ။

စနစ်၏ ကောင်းချီးပေးမှုမှာ ဘေးထွက်ဆိုးကျိုးမရှိသည်မှာ မှန်ကန်သော်လည်း ကိုယ်တိုင်လေ့ကျင့်ခိုင်းမှသာလျှင် ကျင့်ကြံခြင်း၏ မလွယ်ကူမှုကို သတိပြုမိမှာဖြစ်သည်။ ကျင့်ကြံရတာဟာ ပျင်းရိစရာကောင်းသည်မှာ မှန်သော်လည်း တစ်စုံတစ်ယောက်၏စိတ်ဓာတ်ကို ပိုမိုခိုင်မာလာစေရန် ပြုလုပ်နိုင်သည့် နည်းလမ်းလည်းဖြစ်၏။

သူဆင့်ခေါ်ခဲ့တဲ့ ဂိုဏ်းအကြီးအကဲတွေထဲမှာ ဘယ်သူကများ သေခြင်းရှင်ချင်းတိုက်ပွဲကို ရင်မဆိုင်ခဲ့ရတာရှိလို့လဲ။ ဘယ်သူကများ သွေး ပင်လယ်နဲ့ အလောင်းသမုဒ္ဒရာကို မဖြတ်ကျော်ခဲ့ရလို့လဲ?

သူတို့၏ တာအို လမ်းစဉ်အပေါ် နားလည်သဘောပေါက်မှုပင်ဖြစ်စေ၊ အတွေ့အကြုံအရပင်ဖြစ်စေ သူတို့ဟာ လူငယ်မျိုးဆက်များ လက်လှမ်းမမှီနိုင်သော နေရာသို့ရောက်ရှိနေခဲ့လေပြီ!

ကျင့်ကြံမှုရုတ်တရက်တိုးမြင့်လာခြင်းက လူငယ်ပါရမီရှင်များကို ကြိုးစားအားထုတ်မှု ယုတ်လျော့လာ‌ေစမှာ ဖြစ်သည်။ ဒါကြောင့် ဝမ်ဖုန်းဟာ မြောက်များလှစွာသော တိုက်ပွဲများကို တွေ့ကြုံပြီးသည့်အခါမှသာ သူတို့ကို မိုးလောက်မြင့်သော ကျင့်ကြံမှုအခြေခံများကို ချီးမြှင့်ပေးရန် စဉ်းစားထားခဲ့သည်။

သို့ပါသော်လည်း ယခုအချိန်တွင် ခြေနင်းကျောက်တုံးအဖြစ်ခံမည့် ထိပ်တန်းပါရမီရှင်များစွာရှိနေပြီဖြစ်ရာ သူတို့ကို ကျင့်ကြံမှုအခြေခံများချီးမြှင့်ပေးပြီး ၎င်းထိပ်တန်းပါရမီရှင်များနှင့် တိုက်ခိုက်ခိုင်းသင့်သည်။

ဤနည်းဖြင့်ဆိုပါက ရှန်ရှန့်ကျုံ့ဂိုဏ်း၏ ဂုဏ်သိက္ခာမှာ များစွာတိုးမြင့်လာလိမ့်မည်။ ထိုနောက်မှသူဟာအကြီးအကဲများစွာကိုခေါ်ဆောင်ပြီး ဝမ်ရှခန်းမကိုသွားရောက်ဖျက်ဆီးရမည်။ 

တွေးတောဆင်ခြင်လိုက်ပြီးသည့်နောက် ဝမ်းဖုန်း က လက်ရွေးစင် တပည့်၄ယောက်ဖြစ်သော ယန်န်ရှန်း၊ ကျုံးကျီ၊ ပိုင်ဟုန် နှင့် ကျိယိုယန်တို့ကိုသာ လှုပ်ရှားခိုင်းရန် ဆုံးဖြတ်ချက်ချလိုက်သည်။ ဓားပြညီနောင်ကိုတော့ ပိတ်လှောင်ထားတာကသာ ကောင်းလိမ့်မည်။

သူတို့၏ လုယက်လိုသော စိတ်ဆန္ဒဖြင့်ဆိုပါက ဂုဏ်သရေနတ်မင်းအဆင့် ကျင့်ကြံမှုကို တိုးမြင့်လိုက်မည်ဆိုပါက ပြဿနာ တစ်သီတစ်တန်းကြီး ရှာဖွေလာခဲ့မှာပင်။ ယခုတောင်ပိုင်းနယ်မြေတွင် သူ၏ ရှန်ရှန်ကျုံဂိုဏ်းဟာ လုံလောက်အောင် ခွန်အားမကြီးသေးပေ။ ထိုအတွက်ကြောင့် လုံခြုံစွာနေထိုင်သည်ကသာ ကောင်းမွန်ပေသည်။

"စနစ် - ကျုံးကျီ၊ ယန်ရှန်း၊ ပိုင်ဟုန်နဲ့ ကျိယိုယန် တို့ကို ဂုဏ်သရေနတ်မင်း အလယ်အလတ်အဆင့်ထိ တိုးမြှင့်ဖို့ဆိုရင် ဂိုဏ်းအမှတ်ဘယ်လောက်များများလိုအပ်မလဲ။"

၀မ်ဖုန်းက လျှို့ဝှက်စွာမေးလိုက်သည်။

"ဒင် - ယခုအချိန်မှာ ယန်ရှန်းတို့ လေးယောက်က ကြယ်တစ်ပွင့် နတ်မင်းအဆင့်မှာပါ။ ဂုဏ်သရေနတ်မင်းအဆင့်ကို တိုးမြှင့်ဖို့ဆိုရင် ဂိုဏ်းအမှတ် သန်း၄၀၀ ကုန်ကျပါလိမ့်မယ်။"

သူစိတ်အာရုံ၌ ထွက်ပေါ်လာသော အေးစက်စက်အသံကြောင့် ၀မ်ဖုန်းဟာ စိတ်သက်သာရာ ရသွားခဲ့သည်။ ဂိုဏ်းအမှတ် သန်း၄၀၀မှာ သူအသုံးပြုနိုင်သည့် ပမာဏအတွင်း ရှိနေ သေးပေသည်။ဂိုဏ်းအမှတ်များကို မြောက်များစွာ အသုံးချပြီးနောက် သူ့တွင် ဂိုဏ်းအမှတ် ၁ဘီလီယံကျော်သာ ကျန်ရစ်တော့သည်။ ဒါကတန်ပါတယ်လေ။ သူက ကျုံးကျီနှင့် အခြားသူများ၏ ကျင့်ကြံမှုကို လုံလောက်စွာ တိုးမြှင့်မပေးနိုင်မှာကို စိုးရိမ်နေခဲ့တာဖြစ်သည်။

"ဒါပေမဲ့ သူတို့ကို ကျင့်ကြံပေးဖို့ တာအိုစည်းမျဉ်းတွေကို အရင် ၀ယ်ယူဖို့ အကြံပေးချင်ပါတယ်။ ဒီလိုဆိုရင် သူတို့ ကြယ်ကိုးပွင့် တာအိုနတ်ဘုရား အထွတ်အထိပ်ကို ရောက်ရှိနိုင်မှာပါ။ အဲ့ဒီနောက်မှာ တာအို လမ်းစဉ် ၁၀ခုကို ပူးပေါင်းပြီး အံဖွယ်ရာ တစ်ခုကို ပြုလုပ်နိုင်မှာပါ။ ဒီလိုနဲ့ ဆက်လက်ကျင့်ကြံမယ်ဆိုရင် သူတို့က အ‌ခြေခံခိုင်မာပါလိမ့်မယ်။"

All Chapters