← Chapters

ကောင်းကင်နှင့်မြေပြင်အကြားတွင် ငါကသာအမှီအခိုကင်း၏။

Vol. 24 Ch. 333

ကောင်းကင်နှင့်မြေပြင်အကြားတွင် ငါကသာအမှီအခိုကင်း၏။

Vol. 24 Ch. 333

" စနစ် ၊ ယန်ရှန်းတို့လေးယောက်အပေါ် လမ်းစဉ်ဆယ်ခုပေါင်းထည့်ဖို့ဆိုရင် ဂိုဏ်းအမှတ်ဘယ်လောက်ကုန်မလဲ။ " စနစ်၏အကြံပေးသံကို ကြားလိုက်ရသည့်အခါ ဝမ်ဖုန်းက တုံ့ဆိုင်းခြင်းမရှိဘဲ လျှို့ဝှက်စွာ မေးလိုက်သည်။

ယန်ရှန်းတို့လေးယောက်၏ ပါရမီနှင့်အရည်အချင်းများမှာ သာမန်မဟုတ် ထူးကဲလှလေသည်။ သူတို့သာ လမ်းစဉ်ငယ် ဆယ်ခုကို ပေါင်းစပ်နိုင်လျှင် မြင့်မားသောအဆင့်တစ်ခုကို ရောက်ရှိနိုင်ပေလိမ့်မည်။

" ဒင် ၊ ယန်ရှန်းတို့လေးယောက်အပေါ် လမ်းစဉ်ငယ်ဆယ်ခုကို ပေါင်းထည့်ဖို့ဆိုရင် ဂိုဏ်းအမှတ် သန်းငါးရာ ကုန်ကျပါမယ်။ "

သူ၏စိတ်အာရုံအတွင်း ထွက်ပေါ်လာသော အေးစက်သည့်အသံက ဝမ်ဖုန်း၏မျက်နှာကြီးကို မဲမှောင်သွားစေသည်။

ကောင်းပေစွ။ ဒီသောက်ကျိုးနည်းစနစ်က သူ့ကို အရည်ညှစ်ဖို့ ကြိုးစားနေတာပဲ။

သို့ပါသော်လည်း သူ့မှာ ရွေးချယ်စရာမရှိပေ။

" စနစ်၊ ယန်ရှန်းတို့လေးယောက် လမ်းစဉ်ငယ်ဆယ်ခု ပေါင်းစပ်ခြင်းအဆင့်ထိရောက်ရှိအောင် တာအိုလမ်းစဥ်များကို လဲလှယ်ဝယ်ယူလိုက်ပါ။ ပြီးတော့ဂိုဏ်းအမှတ်သန်းလေးရာ အသုံးပြုပြီးတော့ ထီကံစမ်းမှုတွေပြုလုပ်မယ်။ ရရှိလာတဲ့ကျင့်ကြံမှုတွေကို ယန်ရှန်းတို့လေးယောက်အပေါ် ကောင်းချီးပေးလိုက်ပါ။ "

ဝမ်ဖုန်းသည် အံကိုတင်းတင်းကျိတ်လိုက်ပြီး လျှို့ဝှက်စွာပြောလိုက်သည်။

အသွားမရှိပါက အပြန်ရှိမည်မဟုတ်ပေ။ သူကဂိုဏ်းမှတ်များကိုအသုံးပြုပြီး နောက်မှသာ အမှတ်များပြန်လည်ရရှိအောင်ကြိုးစားရမည်။

ယန်ရှန်းတို့လေးယောက်သည် လမ်းစဉ်ငယ်ဆယ်ခုကို ပေါင်းမထည့်နိုင်လျှင်တောင်မှ သူတို့၏ပါရမီနှင့် အရည်အချင်းအားဖြင့်ဆိုပါက ကြီးကျယ်သောအောင်မြင်မှုများကို ရရှိနိုင်လေပေသည်။ သို့ပါသော်လည်း သူတို့ဟာ အမြင့်မားဆုံးအထွတ်အထိပ်ကိုတော့ ရောက်ရှိနိုင်မည်မဟုတ်ပေ။

ဒါ့အပြင် ဒီရှန်းရွှမ်ဒေသကြီးသည် အလယ်အလတ်ဘုံလောကတစ်ခုသာ ဖြစ်သေးသည်။ ဤနေရာတွင် ယန်ရှန်း၊ ကုချိုးနှင့် အခြားသူများကဲ့သို့ မကောင်းဆိုးဝါးဆန်သည့် ကျင့်ကြံရေးပါရမီရှင် မြောက်များစွာမရှိပေ။ သို့ပါသော်လည်း အဆင့်မြင့်ဘုံလောကနှင့် ပိုမိုသန်မာသောကမ္ဘာကြီးများတွင် ယန်ရှန်းနှင့်အခြားသူများထက် ပို၍ထိတ်လန့်ဖွယ်ကောင်းသော လူငယ်ပါရမီရှင်များ ရှိနေနိုင်သည်။

ယန်ရှန်းတို့ကသာ အခြေခံအုတ်မြစ်ကို ကောင်းမွန်စွာမတည်ဆောက်ခဲ့ပါက ပိုမိုသန်မာသောကမ္ဘာများရှိ မကောင်းဆိုးဝါးဆန်သည့် ကျင့်ကြံရေးပါရမီရှင်များနှင့် အဘယ်သို့ ယှဉ်ပြိုင်နိုင်တော့မည်နည်း။

ဝမ်ဖုန်းဟာ ရှန်ရှန့်ကျုံ့ဂိုဏ်းကို ကောင်းကင်နှင့်မြေပြင်တစ်ခွင်၌ အမြင့်မြတ်ဆုံးထိပ်သီးဂိုဏ်းတစ်ခုဖြစ်စေချင်သည်။ ဂိုဏ်းအတွင်းရှိတပည့်များကိုလည်း သူတို့၏ခေတ်တွင် အထွန်းပြောင်ဆုံးသော လူငယ်ပါရမီရှင်များဖြစ်လာကာ စကြာဝဠာကြီးတစ်ခုလုံး၌ ထွန်းလင်းတောက်ပစေလိုသည်။

" ဒင် ၊ တာအိုနိယာမများကိုလဲလှယ်ပြီး ယန်ရှန်းနှင့်အခြားသူများအပေါ် ကောင်းချီးပေးပြီးပါပြီ။ "

စနစ်၏အေးစက်သောအသံ ထွက်ပေါ်လာခြင်းနှင့်အတူ ကမ္ဘာလုံးလေးအတွင်းရှိ ယန်ရှန်းနှင့်အခြားသူများ ရှိနေရာနေရာ၌ စွမ်းအားကြီးအရှိန်အဝါများပေါက်ကွဲထွက်လာခဲ့သည်။ လမ်းစဉ်နိယာမဆယ်ခုစလုံးသည် ယန်ရှန်းနှင့်အခြားသူများအပေါ် ကောင်းချီးပေးလိုက်ပြီး သူတို့ကို ဉာဏ်အလင်းပွင့်ခြင်းအခြေအနေအတွင်းသို့ ဆွဲခေါ်သွားခဲ့သည်။ သူတို့၏အရှိန်အဝါများမှာ တဖြည်းဖြည်းချင်း မြင့်တက်လာခဲ့သည်။

ဤကဲ့သို့သောဖြစ်တည်မှုက ကျန်းစန်ဖုန်းနှင့်အခြားရှန်ရှန့်ကျုံ့ဂိုဏ်းအကြီးအကဲများကို သတိထားမိစေခဲ့သည်။ သူတို့ဟာ တခဏတာသာ စုံစမ်းကြည့်ရှုလိုက်ပြီး ထိုအကြောင်းကိုလစ်လျူရှုလိုက်ကာ ဂိုဏ်းတပည့်များကို ဆက်လက်သင်ကြားနေခဲ့သည်။သို့ပါသော်လည်း သူတို့ဟာ သူတို့၏စိတ်အာရုံများကို ယန်ရှန်းနှင့်အခြားသူများအပေါ် စူးစိုက်ထားရှိကာ မတော်တဆမှုများ ဖြစ်မလားအောင် ကာကွယ်ပေးနေလေသည်။

" ဒင်၊ ပိုင်ရှင်ကိုဂုဏ်ပြုပါတယ်။ ယန်ရှန်းတို့တပည့်လေးယောက်ဟာ ကြယ်ကိုးပွင့်တာအိုနတ်ဘုရား ပြီးပြည့်စုံခြင်းအဆင့်တို့ ရောက်ရှိသွားပါပြီ။ "

တစ်နာရီ၏လေးပုံတစ်ပုံခန့် ကြာမြင့်သည့်အခါ စနစ်၏အေးစက်သောအသံသည် ဝမ်ဖုန်း၏စိတ်အာရုံအတွင်း၌ ထွက်ပေါ်လာသည်။ သူ၏မျက်ဝန်းများမှာ အနည်းငယ်‌မှေးကျဉ်းသွားပြီး တည်ငြိမ်စွာပြောလိုက်သည်။ " ထီလက်မှတ်တွေကံစမ်းပြီး ကျင့်ကြံရေးအခြေခံတွေကို သူတို့အပေါ်အသုံးပြုလိုက်ပါ။ "

" ဒင် ၊ ထီလက်မှတ်တွေကံစမ်းပြီးပါပြီ။ ရရှိလာတဲ့ကျင့်ကြံရေးအခြေခံတွေကို ယန်ရှန်းတို့လေးယောက်အပေါ် ကောင်းချီးပေးလိုက်ပါပြီ။ "

ကောင်းတယ်!

စနစ်၏အသံထွက်ပေါ်လာသည့်အခါ ဝမ်ဖုန်းကတိုးဖွစွာ ရေရွတ်လိုက်သည်။ သူဟာ စနစ်မှထွက်လိုက်ပြီး မျက်ဝန်းများကိုဖွင့်လိုက်သည့်အခါ လီဟုန်သတိပြန်လည်လာတာကို တွေ့ရှိလိုက်ရသည်။ လီဟုန်၏အသွင်အပြင်က သနားစဖွယ်ကောင်းနေသေးသော်လည်း သူ၏ဒဏ်ရာများကိုတော့ ပြီးပြည့်စုံစွာ ကုသပြီးလေပြီ။ ဒါ့အပြင် သူ၏အရှိန်အဝါများကလည်း အနည်းငယ်ပိုမိုသန်မာလာခဲ့သည်။

" ခင်ဗျားကဘယ်သူလဲ။ လျိုရှရော ဘယ်မလဲ။ "

နိုးထလာသောလီဟုန်သည် တစ်စုံတစ်ခုကိုတွေးမိသွားပုံပေါ်ပြီး သတိထားနေသောအမူအရာဖြင့် ရုတ်တရက် မတ်တပ်ရပ်လိုက်သည်။ သို့ပါသော်လည်း သူဟာ သူ၏ရန်သူကို တွေ့မြင်ရမည့်အစား ဝမ်ဖုန်းတို့လို လူစိမ်းတစ်စုကိုသာ တွေ့မြင် လိုက်ရသည်။ သူက စိတ်ရှုပ်ထွေးစွာမေးမြန်းလိုက်သည်။

" သေသွားပြီ ။ "

ဝမ်ဖုန်းက အဝေးတစ်နေရာရှိ အလောင်းနှစ်လောင်းကို ညွှန်ပြလိုက်ပြီး ရယ်ကာမောကာပြောလိုက်သည်။

" ဟူး ! "

လျိုရှနှင့် သူ့အေစာင့်အရှောက်၏ အလောင်းများကိုတွေ့မြင်လ်ုက်ရသည့်အခါ လီဟုန်က အသက်ကိုပြင်းပြင်းရှုလိုက်ပြီး သူ၏မျက်နှာတစ်ခုလုံး၌ ထိတ်လန့်မှုအရိပ်‌အငွေ့များ ဖြစ်တည်လာခဲ့သည်။

" ဒါက... ဘာတွေဖြစ်သွားတာလဲ။ "

လျိုရှ၏ အနိုင်ကျင့်နှိပ်စက်ခြင်းကို ခံလိုက်ရတာကြောင့် လီဟုန်က လျိုရှကိုမုန်းတီးနေခဲ့ပြီး အလွန်အမင်းသတ်ဖြတ်ချင်နေခဲ့သည်။ သို့ပါသော်လည်း သူ၏အရှေ့တွင်သေဆုံးနေသည့် လျိုရှကိုတွေ့မြင်လိုက်ရသည့်အခါ သူဟာအစစ်အမှန်မဟုတ်သည့်အိပ်မက်တစ်ခုအလား ခံစားလိုက်ရသည်။

လျိုရှသည် အားရှရှေးဟောင်းဂိုဏ်းကြီးမှ စစ်သူကြီးကိုးယောက်အနက် တစ်ယောက်ဖြစ်၏။ သူကနောက်ဆုံးအဆင့်စစ်သူကြီးဆိုရင်တောင်မှ ထိပ်တန်းပါရမီရှင်တစ်ယောက် ဖြစ်နေဆဲပင်။ ဒါ့အပြင် သူ့ကို အလွန်အမင်းအစွမ်းထက်သည့် တာအိုအစောင့်ရှောက်တစ်ယောက်ကလည်း စောင့်ကြပ်ပေးနေသည်။ ဤကဲ့သို့သော တည်ရှိမှုမျိုးကို အခြားသောအထူးအင်အားစုနှစ်စုမှလူများကတောင် မသတ်ဖြတ်ရဲကြပေ။

ထိပ်တန်းပါရမီရှင်တိုင်းသည် အထူးအင်အားစုကြီးများ၏ ကောင်းကင်သားတော်များဖြစ်ကြသည်။ ထိုကဲ့သို့သောပါရမီရှင်တစ်ယောက်သေဆုံးသွားခြင်းက အထူးအင်အားစုကြီးများကို ရူးခါသွားစေရန်လုံလောက်၏။ အထူးအင်အားစုကြီးသုံးစုသည် တစ်လှေတည်းစီးနင်းနေကြသူများဖြစ်လေရာ သူတို့ထဲမှလူက လျိုရှကိုသတ်ဖြတ်ရန်မဖြစ်နိုင်ပေ။ သို့ပါသော်လည်း တောင်ပိုင်းနယ်မြေတစ်ခုလုံးတွင် အထူးအင်အားစုနှစ်စုမှလွဲ၍ မည်သူက လျှိုရှကိုသတ်ဖြတ်ရဲလိမ့်ဦးမလဲ?

" မဟုတ်မှလွဲရော ခင်ဗျားများ လုပ်လိုက်တာလား။ "

လီဟုန်သည် တစ်စုံတစ်ခုကိုတွေးမိသွားပုံပေါ်ပြီး ဝမ်ဖုန်းတို့အုပ်စုကို ရုတ်တရက်လှည့်ကြည့်လိုက်ကာ တုန်ယင်နေသောလေသံဖြင့်မေးလိုက်သည်။

" ဖြတ်သွားဖြတ်လာလမ်းကြုံလို့ ဝင်လုပ်လိုက်တာပါ။ "

ဝမ်ဖုန်း၏နှုတ်ခမ်းသည် တွန့်ကွေးသွားပြီး ခပ်ဖွဖွပြုံးကာပြောလိုက်သည်။ ထိုကဲ့သို့သော ထူးမခြားနားသည့်အမူအရာက လီဟုန်၏နှလုံးသားကို တုန်ယင်သွားစေသည်။

အစ်ကိုကြီးရေ! ဒါက အထူးအင်အားစုကြီးတစ်စုရဲ့ ထိပ်တန်းပါရမီရှင်တစ်ယောက်လေ။

ဒီလိုပဲလက်လွတ်စပယ်ပြောလိုက်ရလား? အရမ်းကြီး ကြီးကျယ်မောက်မာလွန်းမနေဘူးလား။

လျှိုရှနှင့် သူအစောင့်အရှောက်တို့ သေဆုံးသွားသည့်သတင်းက တောင်ပိုင်းနယ်မြေတစ်ခုလုံးကို ဘယ်လောက်ထိထိတ်လန့်သွားစေမလဲဆိုတာ လီဟုန်တစ်ယောက် တွေးတောနေမိ၏။ ရှေးဟောင်းအားရှာဂ်ိုဏ်းကြီးက ဘယ်လိုမျိုးရူးနှမ်းတဲ့လက်စားချေမှုမျိုးကို ပြုလုပ်လာမလဲ။

" ကျွန်တော့်ရဲ့အသက်ကို ကယ်တင်ခဲ့တဲ့အတွက် အစ်ကိုကြီးတို့ကိုကျေးဇူးတင်ပါတယ်။ "

လီဟုန်သည် နှလုံးသားအတွင်းရှိ ထိတ်လန့်နေမှုကို ဖိနှိပ်လိုက်ကာ ဝမ်ဖုန်းနှင့်အခြားသူများထံ နက်ရှိုင်းစွာဂါဝရပြုလိုက်ပြီး ကျယ်လောင်စွာပြောလိုက်သည်။

ဝမ်ဖုန်းတို့အုပ်စုအတွက်တော့ ၎င်းကသာမန်လုပ်ရပ်သာဖြစ်သော်လည်း သူ့အတွက်တော့ အသက်ကိုကယ်တင်ခြင်းနှင့် လက်စားချေပေးခြင်းဖြစ်လေသည်။

လီဟုန်၏စိတ်နေစိတ်ထားကို တွေ့မြင်လာရသည့်အခါ ဝမ်ဖုန်း၊ ဖောင်ပန်းနှင့်အခြားသူများက အနည်းငယ်ပြုံးရောင်သန်းသွားကြသည်။ သူတို့ တကယ်ပဲ လူကဲခတ် မမှားခဲ့ဘူး။

" အစ်ကိုကြီးတို့ ၊ နောက်ဘဝဆိုတာသာရှိသေးရင် အစ်ကိုကြီးတို့ရဲ့ကျေးဇူးကို ကျွန်တော်က ကျွဲလို့နွားလိုရုန်းပြီး ကျေးဇူးဆပ်ပါ့မယ်။ ဒါပေမယ့်အခုချိန်မှာတော့ အစ်ကိုကြီးတို့အမြန်ဆုံး ထွက်ခွာသွားသင့်ပြီ။ "

ဂါရဝပြုလိုက်ပြီနောက် လီဟုန်ကခါးမတ်လိုက်ပြီး ဝမ်ဖုန်းနှင့်အခြားသူများထံစိုက်ကြည့်ကာ လေးနက်စွာပြောလိုက်သည်။

" အို ၊ ဘာကြောင့်များလဲ။ "

ဝမ်ဖုန်း၏မျက်နှာပေါ်၌ အံ့အားသင့်နေသောအမူအရာ ဖြစ်ပေါ်လာပြီး လီဟုန်ကိုစိုက်ကြည့်ကာမေးမြန်းလိုက်သည်။ ဖောင့်ပန်းနှင့်အခြားသူများကလည်း အံ့ဩသွားကြသည်။

" အဲဒီလျှိုရှက အားရှရှေးဟောင်းဂိုဏ်းကြီးရဲ့ ထိပ်တန်းပါရမီရှင်တစ်ယောက်ပဲ။ အားရှရှေးဟောင်းဂိုဏ်းကြီးဆိုတာက တောင်ပိုင်းနယ်မြေရဲ့ အထူးအင်အားစုကြီးသုံးစုထဲက တစ်စု‌ဗျ။ သူ့ကိုသတ်လိုက်တာက အားရှရှေ့ဟောင်းဂိုဏ်းကြီးကို လက်စားချေလာစေလိမ့်မယ်။ အစ်ကိုကြီးတို့ကသန်မာပေမယ့် အဲ့ဒီအထူးအင်အားစုကြီးနဲ့ ဘယ်လိုလုပ်ယှင်ပြိုင်နိုင်ပါ့မလဲ။ "

" အစ်ကိုကြီးတို့က ဒီညီငယ်လေးအတွက် လက်စားချေပေးပြီးပါပြီ။ ဒီညီငယ်လေးရဲ့ဆန္ဒတွေကိုလည်း ပြီးပြည့်စုံအောင် ဖြည့်ဆည်းပေးပြီးပါပြီ။ ဒီညီငယ်လေးတစ်ယောက်ထဲကသာ ဒီကိစ္စကိုတာဝန်ယူပါ့မယ်။ "

" အစ်ကိုကြီးတို့ရဲ့​ကြင်နာမှုကို ပြန်မပေးဆပ်နိုင်တာကတော့ ဝမ်းနည်းစရာပါပဲ။ နောက်ဘဝမှသာ ပြန်လည်ပေးဆပ်ပါတော့မယ်။ အစ်ကိုကြီးတို့ထွက်သွားပါတော့။ "

လီဟုန်၏မျက်နှာပေါ်တွင် အကြောက်တရားစိုးစင်းမျှမရှိဘဲ လေးနက်စွာပြောဆိုလိုက်သည်။ သူက ဝမ်ဖုန်းနှင့်အခြားသူများကို အလျင်အမြန်ထွက်ခွာသွားရန် အလောဆော်လိုက်သည်။

ဝမ်းဖုန်းနှင့်အခြားသူများက လျိုရှနှင့် သူ၏စွမ်းအားကြီးအစောင့်အရှောက်ကို သတ်ဖြတ်ခဲ့သည့်အတွက် လီဟုန်တစ်ယောက်ထိတ်လန့်သွားသည် ။ ဝမ်ဖုန်းတို့အုပ်စုက ရှေးဟောင်းအားရှဂိုဏ်းကြီးနှင့် ရင်ဆိုင်နိုင်လိမ့်မည်ဟုတော့ သူထင်မထားပေ။

၎င်းမှာ အထူးအင်အားစုကြီးတစ်စုဖြစ်ပြီး နောက်ခံမှာ နားမလည်နိုင်လောက်အောင် နက်ရှိုင်းလှသည်။ အဆိုပါဂိုဏ်းတွင် တာအိုအစောင့်အရှောက် ဒါဇင်ချီရှိနေပြီး ဂိုဏ်းအစောင့်အရှောက်အကြီးအကဲများလည်း ဒါဇင်နှင့်ချီရှိနေသည်။ ပိုမိုထိတ်လန့်ဖွယ်ကောင်းသည့် ဂိုဏ်းချုပ်နှင့်အခြားအကြီးများကိုတော့ ဖော်ညွှန်း စရာမလိုတော့ပေ။ ထိုကဲ့သို့ ခမ်းနားကြီးကျယ်သည့်အင်အားစုကြီးကို သာမန်လူများက ရင်ဆိုင်နိုင်လိမ့်မည်မဟုတ်ပေ။

" ဟား ဟား ဟား ။ "

လီဟုန်၏စကားက ဝမ်ဖုန်းနှင့်အခြားသူများကို ရယ်မောလိုက်မိစေသည်။ သူတို့က လီဟုန်ကိုနက်နက်ရှိုင်းရှိုင်းစိုက်ကြည့်လိုက်ပြီး တညီတညွတ်တည်း ရယ်မောလိုက်သည် ။ သူတို့က ပို၍ပို၍ ကျယ်လောင်စွာရယ်မောနေခဲ့သည်။

" မင်းက လူကောင်းတစ်ယောက်ပဲ ။ "

ရယ်မောလိုက်ပြီးသည့်နောက် ဝမ်ဖုန်းက လီဟုန်ကိုစိုက်ကြည့်ပြီး ချီးမွမ်းလိုက်သည်။

" အစ်ကိုကြီးတို့ရဲ့ ချီးမွမ်းမှုအတွက်ကျေးဇူးတင်ပါတယ်။ ဒီညီငယ်လေးက အရှက်ရမိပါတယ်။ အစ်ကိုကြီးတို့ကို ပြဿနာတက်စေခဲ့တာ ဒီညီငယ်လေးပါပဲ။ အစ်ကိုကြီးတို့ အမြန်ဆုံးထွက်ခွာသွားပါတော့။ "

လီဟုန်က လေးနက်စွာဂါရဝပြုလိုက်ပြီး စိတ်ရင်းခံဖြင့်ပြောလိုက်သည်။

" ဒီလောကကြီးထဲက ဘယ်သူကမှ ငါ့ရဲ့စိတ်နှလုံးကို မပြောင်းလဲနိုင်ဘူး။ မိုးကောင်းကင်အောက်မှာ ငါကသာလျှင် အမှီအခိုကင်းတယ်။ အဲ့ဒါက အထူးအင်အားစုလေး တစ်စုပဲလေ။ ဘာကိစ္စကြောက်ရွံ့နေရမှာလဲ။ "

ဝမ်ဖုန်းက လီဟုန်ကိုစိုက်ကြည့်လိုက်ပြီး ပြုံးလျက် တိုးဖွစွာရေရွတ်လိုက်သည်။

၃၃၃ပြောတာ။ မှားနိုင်လွန်းတယ်ဦးနှောက်တွေလည်း

Show quoted text

All Chapters